Health ShieldPro by Dr MO

Health ShieldPro by Dr MO PREVENTION is better than CURE!

🍄 ကြိုတင်ကာကွယ် အဆိပ်ရှိမှိုအန္တရာယ် 🍄 👩‍⚕️ ဒီနေ့တော့ အခုလိုမိုးရာသီ မှိုတွေလှိုင်လှိုင်ပေါနေတဲ့အချိန်တွေမှာ အဖြစ်များတဲ...
26/06/2023

🍄 ကြိုတင်ကာကွယ် အဆိပ်ရှိမှိုအန္တရာယ် 🍄

👩‍⚕️ ဒီနေ့တော့ အခုလိုမိုးရာသီ မှိုတွေလှိုင်လှိုင်ပေါနေတဲ့အချိန်တွေမှာ အဖြစ်များတဲ့ အဆိပ်ရှိမှိုအန္တရာယ် အကြောင်းဆွေးနွေးပါမယ်........

🍄 မှိုအမျိုးအစားအများကြီးရှိသည့်အနက် စားနိုင်သောမှိုအမျိုးအစားနှင့် စားရန်မသင့်သောအဆိပ်ရှိမှို အမျိုးအစားများကို ကွဲပြားစွာသိသင့်ပါတယ်။

🍄 အဆိပ်ရှိမှိုမျိုးများစားသုံးမိပါက မှိုဆိပ်သင့်ခြင်း လက္ခဏာများခံစားရကာ အသက်အန္တရာယ်ဆုံးရှုံးရတတ်ပါတယ်။

🍄 စာဖတ်သူတို့အနေနဲ့ မှိုတွေရဲ့ ပြင်ပအသွင် အပြင်ကို ကြည့်ခြင်းအားဖြင့် စားနိုင်သောမှိုမျိုးနှင့် စားရန်မသင့်သောအဆိပ်ရှိမှိုမျိုးတို့ကို အကြမ်းဖျဥ်းခွဲခြားသိနိုင်ပါလိမ့်မယ်။

❌ အကယ်၍ စာဖတ်သူတို့တွေ့သောမှိုလေးတွေ သည်
☠ ထူးခြားသောအရောင်အသွေးတောက်ပနေတတ်ခြင်း၊
☠ မှိုပွင့်ပေါ်တွင် အကြေးများပြန့်ကျဲနေတတ်ခြင်း၊
☠ မှိုရိုးတံတွင် ခြေကျင်းကဲ့သို့ပါရှိခြင်း၊
☠ မှိုပွင့်အခြေတွင် အခွက်လေးဖြစ်နေတတ်ခြင်း၊
☠ အစိမ်းရောင် မှိုမျိုးမှုန်များထုတ်လွှတ်တတ်ခြင်း၊
☠ မှိုပွင့်အောက်ပါးဟပ်များဖြူနေခြင်း စသဖြင့် ပုံသဏ္ဍာန်ထူးခြားနေပါက အဆိုပါမှိုသည် စားရန်မသင့်သော အဆိပ်ရှိမှိုမျိုးဖြစ်နေနိုင်တယ်လို့ သတိပြု သင့်ပါတယ်။

✅ ဒါ့အပြင် မှိုအမျိုးအစားကို ကောင်းစွာနားမလည်၊ မသိရှိပါက မစားခြင်းသည် မှိုဆိပ်သင့်ခြင်းကို ကာကွယ်နိုင်သော အကောင်းဆုံး ကာကွယ်ရေးနည်းလမ်းတစ်ခုဖြစ်ပါတယ်။

🍄 မှိုဆိပ်သင့်သောလက္ခဏာများမှာ
🤢 မှိုစားပြီး၁၅မိနစ်မှ ၄၀မိနစ်အတွင်းခေါင်းမူးခြင်း၊
🤢 အော့အန်ခြင်း၊
🤢 ဗိုက်နာခြင်း၊
🤢ဝမ်းလျှောခြင်း၊
🤢 စိတ်ခြောက်ခြားကာ ကယောင်ကတမ်းပြောခြင်း၊
🤢အလွန်အမင်းစိတ်တက်ကြွလာခြင်း စသည်တို့ဖြစ်ပါတယ်။

☠ ☠ ☠ မှိုဆိပ်သင့်ခြင်းလက္ခဏာများသည် ပြင်းထန်ပါက အသက်အန္တရာယ် ထိခိုက်နိုင်ပါတယ်။

🍄 မှိုဆိပ်သင့်ခြင်း လက္ခဏာပြင်းထန်မှု အတိုင်းအတာသည် စားမိသော မှိုအမျိုးအစားနှင့် ပမာဏ၊ ပါဝင်သော အဆိပ်ဓာတ်အမျိုးအစားနှင့် ပမာဏ၊ စားသုံးမိသူ၏ အသက်အရွယ် နှင့် ကိုယ်ခံအား တို့အပေါ်မူတည်ပါတယ်။

🚑 မှိုဆိပ်သင့်လက္ခဏာခံစားနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ဆေးရုံ / ဆေးခန်းများသို့ အမြန်ဆုံးသွားရောက် ကုသမှုခံယူသင့်ပါတယ်။

👉 ဗဟုသုတရစေရန်အလို့ငှာ စားရန်မသင့်သော အဆိပ်ရှိမှိုအမျိုးအစားတချို့၏ ပုံများကိုဖော်ပြပေးလိုက်ရင်းနှုတ်ဆက်လိုက်ပါတယ်။

Dr. MO
11pm, 26.6.2023

#မှို

Photo -

🌴"အုန်းရည် နှင့် ကျန်းမာရေး"🌴❓ဆီးချိုသမားတွေ အုန်းရည်သောက်လို့ရလား❓ကိုယ်ဝန်ဆောင်တွေ အုန်းရည်သောက်လို့ရလား❓ကလေးငယ်တွေ အုန...
25/06/2023

🌴"အုန်းရည် နှင့် ကျန်းမာရေး"🌴

❓ဆီးချိုသမားတွေ အုန်းရည်သောက်လို့ရလား
❓ကိုယ်ဝန်ဆောင်တွေ အုန်းရည်သောက်လို့ရလား
❓ကလေးငယ်တွေ အုန်းရည်သောက်လို့ရလား

👩‍⚕️ ဟုတ်ပါပြီ….. အပေါ်ကမေးခွန်းတွေကတော့ အုန်းရည်နဲ့ပတ်သတ်ပြီး မကြာခဏအမေးခံရတဲ့ မေးခွန်းလေးတွေဖြစ်ပါတယ်။ စာဖတ်သူတွေထဲမှာ ဒီလိုသံသယလေးတွေရှိနေရင်တော့ ကျွန်မနဲ့အတူ အုန်းရည်အကြောင်း သေချာလေ့လာလိုက်ကြရ အောင်.....

🌴အုန်းရည် >>> အုန်းသီးထဲကရတဲ့အရည်ကြည်ပေါ့။ အရသာနဲနဲချိုသလိုလေးရှိပြီး nutty smell လေးရမယ်။ မြန်မာနိုင်ငံလို Tropical country မှာ အလွယ်တကူရနေတဲ့ အသီးရဲ့ natural drink မှာပါဝင်တဲ့ ကျန်းမာရေး အထောက်အကူပြုအကျိုး ကျေးဇူးတွေအကြောင်း သေချာသိသွားရင် စာဖတ်သူတို့ တော်တော်အံ့အောသွားပါလိမ့်မယ်။

🌴 အာဟာရတန်ဖိုးအရ အုန်းရည် တစ်ခွက် (245 ml)မှာ အကြမ်းအားဖြင့် Fat -0.5 gram၊ Cholesterol - 0g ၊ Calories 9 g- ၊ Dietary fibre- 2.6g ၊ Protein – 1.7 g ၊ Potassium -600mg ခန့်ပါဝင်ပါတယ်။ ဒါပေမဲ့ အုန်းပင်ပေါက် ရောက်ရာဒေသရဲ့မြေဆီလွှာအနေအထား၊ အုန်းသီးရဲ့ သက်တမ်းအနုအရင့်နှင့် အလုံးအရွယ်စား အကြီးအသေးပေါ်မူတည်ပြီး အနည်းငယ်ကွာဟချက်တွေရှိနိုင်ပါတယ်။

📌 အကျိုးကျေးဇူးတွေအနေနဲ့
✅ အုန်းရည်ဟာ အရသာအနည်းငယ်ချိုသလိုရှိပေမဲ့ Gycemic Index နိမ့်တာကြောင့် ဆီးချိုသမားတွေ သောက်ရင် သွေးတွင်းအချိုဓာတ် ထိုးတက်တာမျိုးမဖြစ်စေနိုင်ပါဘူး။

✅ အုန်းရည်မှာ electrolytes ဓာတ်တွေကြွယ်ဝစွာပါဝင်ပြီး အထူးသဖြင့် Potassium ဓာတ် အလွန်ကြွယ်ဝတာမို့လို့ ခန္ဓာကိုယ်မှဆုံးရှုံးသွားသော Electrolytes ဓာတ်တွေကို အမြန်ဆုံးပြန်လည်
ဖြည့်တင်းပေးနိုင်သော အာနိသင်ရှိပါတယ်။

✅ ဒါတွေအပြင် အုန်းရည်ဟာ ရောဂါတခုခုကြောင့် ခန္ဓာကိုယ်မှ ရေဓာတ်ဆုံရှုံးနေချိန်တွေနဲ့ Work out လုပ်ပြီးချိန်များမှာသောက်နိုင်သော ခန္ဓာကိုယ်ကို လန်းဆန်းစေနိုင်တဲ့ re-energizer တမျိုးလည်းဖြစ်ပါတယ်။

✅ တချို့သော သုတေသနလေ့လာချက်တွေအရ အုန်းရည်ဟာ သွေးဖိအား (Blood pressure)နှင့် သွေး တွင်း Cholesterol ပမာဏကိုလည်း အတိုင်း အတာတစ်ခုအထိ ထိန်းညှိပေးနိုင်သည့်အပြင် အုန်း ရည်မှာ Cytocines တွေ ပါဝင်လို့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါသေးတယ်လို့သိရပါတယ်။

✅ အုန်းရည် မှာ Calories နဲ့ Fat ပါဝင်နှုန်းဟာ တခြားသောဖျော်ရည်/အချိုရည်များထက် လွန်စွာလျော့နည်း တာကြောင့် “weight တော့လျှော့နေတယ်... အချိုရည်တခုလောက်တော့ သောက်ချင်တယ်” ဆိုတဲ့ ခန္ဓာကိုယ်အလေးချိန်ထိန်းနေသူတွေ အနေနဲ့ စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

✅ အပေါ်မှာဖော်ပြခဲ့တဲ့အာနိသင်တွေကြောင့် အုန်း ရည်ကို ကိုယ်ဝန်ဆောင်မိခင်တွေသောက်သုံးပေးလျှင် ကိုယ်ဝန်ဆောင်ချိန် ပထမ ၃ လအတွင်းမှာဖြစ်တတ်တဲ့ ဝေဒနာများကို သိသာစွာလျော့ပါးစေနိုင်ပါ တယ်။

✅ ထို့အတူ The American Academy of Pediatrics ရဲ့လေ့လာအကြံပေးချက်များအရ ကလေးငယ်များ အသက် ၁ နှစ်ပြည့်ပြီးချိန်မှစ၍ အုန်းရည်ကို အနည်းငယ်စီ စတင်စမ်းသပ်တိုက် ကြည့်လို့ရပါတယ်လို့သိရပါတယ်။ ကလေးများ ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်းနှင့် ဖျားနာ ခြင်းများတွင် ဓာတ်ဆားရည်တိုက်မရချိန် အုန်းရည် အစားထိုးတိုက်ပေးပါက ခန္ဓာကိုယ်မှဆုံးရှုံးသွား သော ရေဓာတ်နှင့် electrolytes ဓာတ်များကို အမြန်ပြန်လည်ပြည့်စေနိုင်ပါတယ်။

✅ ဒါ့အပြင် အုန်းရည်ဟာ သဘာဝ anti-aging drink တမျိုးလည်းဖြစ်တာကြောင့် ခန္ဓာကိုယ်မှ Collagen ထုတ်ခြင်းကို ပံ့ပိုးပေးကာ အသားအရည်ကိုတင်းရင်းစိုပြေစေပါတယ်။ အုန်းရည်ကို သောက်လို့လည်း ရသလို တချို့သော မျက်နှာပေါင်းတင် Powered mask များကို ဖျော်စပ်ရာမှာ အသုံးပြုရင်လည်း အာနိသင် ပိုကောင်းစေပါသေးတယ်။ ( အသုံးပြုမည့်အုန်းရည် သန့်ရှင်းဖို့တော့လိုပါတယ်)

ကဲ…ဒီလောက်ဆိုရင်တော့ အုန်းရည်ရဲ့အကျိုးကျေးဇူးတွေကို နားလည်သွားပြီလို့ယူဆပါတယ်။
❌❌ စာဖတ်သူများကို အထူးသတိထားစေလိုတာကတော့ အုန်းရည်က ကျန်းမာရေးအတွက်အ ထောက်အကူပြုတယ်ဆိုပေမဲ့ အုန်းသီးကိုခွဲတဲ့နေရာနှင့် အသုံးပြုတဲ့ဓားတွေ၊ ထည့်မည့်ခွက်/အိတ်တွေမသန့်ရှင်းရင်တော့ ဘတ်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ဝမ်းပျက်ဝမ်းလျှောခြင်း၊ အော့အန်ခြင်း၊ ခေါင်းမူးခြင်းစသော အစာအဆိပ်သင့်လက္ခဏာများဖြစ်ပေါ်စေတတ်ပါတယ်။ အုန်းသီးကိုခွဲပြီးစအချိန် အုန်းရည်လတ်ဆတ်နေစဥ်မှာပင် မြန်မြန်ကုန်အောင်သောက်သုံးသင့်ပါတယ်။ ကျောက်ကပ်ရောဂါ ဝေဒနာရှင်များနှင့် ဓာတ်မတည့်ရောဂါ ရှိသူများအနေနဲ့တော့ သတိဖြင့်သာ သောက်သုံးသင့်ပါတယ်။ ကျန်သူများအားလုံးလည်း “တန်ဆေး၊ လွန်ဘေး” ဆိုတဲ့စကားအတိုင်း အလွန်အကျွံသောက်သုံးခြင်းတော့မပြုသင့်ပါဘူးလို့အကြံပြုရင်း “အုန်းရည်နှင့်ကျန်းမာ ရေး” အကြောင်းကို နိဂုံးချုပ်လိုက်ပါတယ်။
နောက်ရက်တွေမှာ ဘယ်လိုကျန်းမာရေးအသိပညာပေးအကြောင်းအရာလေးတွေ ဖော်ပြပေးမလဲသိရှိနိုင်စေဖို့ Page ကို like and follow လေးနှိပ်ထားပေးပါ။


Dr. MO 👩‍⚕️
6pm, 25.6.2023

#အုန်းရည် #ကျန်းမာရေး #ကိုယ်ဝန်ဆောင် #ဆီးချို #ကလေး

🚨 Oxygen concentrator တွေကို    positive လူနာ တစ်ယောက် သုံးထားပြီးတဲ့အခါ နောက်ထပ် လူနာတစ်ယောက် အတွက်ထပ်သုံးချင်ရင် ပိုးသ...
03/08/2021

🚨 Oxygen concentrator တွေကို positive လူနာ တစ်ယောက် သုံးထားပြီးတဲ့အခါ နောက်ထပ် လူနာတစ်ယောက် အတွက်ထပ်သုံးချင်ရင် ပိုးသတ်ပြီးမှ အသုံးပြုရပါမယ် ။
စက်ကိုပိုးသတ်ရန် နည်းလမ်းကို ကူးယူဖော်ပြပေးလိုက်ပါတယ်။ လမ်းညွှန်​ရေးသားပေးသော ဆရာ ကိုကျေးဇူးတင်ပါတယ်။
စာဖတ်သူ များဖတ်ရပိုလွယ်ကူစေရန် ဝါကျ ပုဒ်ဖြတ်၊ပုဒ်ရပ်များ အနည်းငယ် ပြင်ဆင်ထားပါတယ်။
Dr MO👩‍⚕️
~~~~~~~~~~~~~~~~~~~~~~~~

📍 မှာ ပိုးသန့်စင်ရန်စဉ်းစားဖို့
(၁) စက်အပြင်ပိုင်း၊
(၂) လေစစ်ဇကာ filters များ၊
(၃) mask နဲ့ လေရှုပြွန် cannula and tubing
(၄) ရေအိုး water trap humidifiers
(၅) စက်အတွင်းပိုင်း ဆိုပြီး ၅ ပိုင်းခွဲစဉ်းစားပါမယ်။

ပထမတစ်ယောက်သုံးပြီး နောက်တစ်ယောက်မသုံးခင်မှာဖြစ်စေ၊ အခြားနေရာကသယ်ယူလာတာဖြစ်စေ #ပိုးသတ်ပြီးမှသုံးစွဲသင့်ပါတယ်။ ပိုးသန့်စင်မယ့်သူဟာ #လူနဲ့ဝေးရာမှာ mask နဲ့လက်အိတ်သေချာဝတ်ပြီးမှ ပိုးသန့်စင်သင့်ပါတယ်။

✔(၁) စက်အပြင်ပိုင်းကို အစွန်းချွတ်ဆေးမပါတဲ့ဆပ်ပြာရည်စိမ်ထားတဲ့အဝတ်နဲ့သုတ်နိုင်ပါတယ်။
ပြီးတာနဲ့ kitchen tower စက္ကူလိပ်နဲ့ရေပြန်သုတ်နိုင်ပါတယ်။စက်ကိုအသုံးပြုနေစဉ်မှာ ရေစိုအဝတ်နဲ့သန့်စင်ခြင်း #မပြုလုပ်ပါနဲ့။အဓိကကလက်ကိုင်တွေ၊ setting ချိန်တဲ့နေရာတွေ လက်နဲ့ထိတွေ့နိုင်တဲ့နေရာတွေမှာ ပိုးသန့်စင်ပစ်ရမှာဖြစ်ပါတယ်။

✔(၂) Filters လေစစ်စကာတွေကို ဖြုတ်ထုတ်ပါ။ ဖုန်ခါသန့်စင်ပြီး ချွတ်ဆေးမပါတဲ့ဆပ်ပြာရည်ထဲမှာ
၂ မိနစ်ခန့်စိမ်ပါ။ ပြီးရင်ပိုက်ခေါင်းအောက်ကရေနဲ့ပြန်ဆေးပစ်ပါ။ တတ်နိုင်ရင် UV light ခရမ်းလွန်ရောင်ခြည်ဖြစ်ဖြစ်၊ နေရောင်ထဲမှာ မိနစ် ၂၀ လောက်ထားပြီးဖြစ်ဖြစ် ပိုးသတ်ပါ။ လေသလပ်ခံကာ #လုံးဝခြောက်သွေ့သွားမှပြန်လည်တပ်ဆင်သုံးစွဲပါ။ မခြောက်သွေ့လို့ စက်အတွင်းသို့ရေမှုန်ရေမွှားပါသွားတာ မကောင်းပါ။ဆေးရုံလိုနေရာများမှာသုံးဖို့ filter အပိုဝယ်ထားသင့်ပါတယ်။
အထဲမှာ HEPA လို့ခေါ်တဲ့ လေစစ်ဇကာပါပါတယ်။
အဲ့ဒါကိုသေချာဖြုတ်ပြီး ဘရက်ရှ် လေး နဲ့သန့်စင်ရပါတယ်။ဖုန်ထဲမှာလူနာကရှုထုတ်ထားတဲ့
#ဗိုင်းရပ်စ်ပိုးတွေကပ်နေနိုင်တာကြောင့် mask နဲ့ goggles တပ်ပြီးမှဖုန်သန့်စင်သင့်ပါတယ်။

✔(၃) လေရှုပြွန် cannula and tubing နဲ့ mask ကို နောက်တစ်ယောက်ပြန်သုံးရန် သန့်စင်ဖို့က #လက်တွေ့မကျပါဘူး။ နောက်တစ်ယောက်သုံးရင် #အသစ်လဲပါ။Cannula ထိပ်နဲ့ mask ကို
တစ်ယောက်တည်းသုံးရင်တောင်မှ ကြမ်းပြင်၊ စားပွဲခုံ၊ အိပ်ရာပေါ်စသည်တို့အပေါ်မှာမချမိဖို့ ဂရုစိုက်ပါ။
အဲ့လိုချမိရင် ရောဂါပိုးကိုတိုက် ရိုက်ရှုမိသလိုဖြစ်စေပါတယ်။မျက်နှာပြင်တစ်ခုခုပေါ် ချမိတယ်ဆိုရင်
ဆပ်ပြာရည်ပါတဲ့ရေနွေးထဲမှာစိမ်ပါ။ ပြီးရင်ရေနဲ့ဆေးပါ။ ပြီးရင် (white vinegar ၁ ဆ - ရေ ၃ ဆ) ပါတဲ့ရေနွေးထဲ မိနစ် ၂၀ စိမ်ပြီးခြောက်အောင်သုတ်ပြီးမှ သုံးပါ။ အကယ်လို့ antiseptic solution
ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
UV အလင်းရောင် (သို့မဟုတ်)နေရောင်ထဲထားပြီးလည်း ပိုးသတ်နိုင်ပါတယ်။ဒါက cannula ထိပ်နဲ့ mask ကိုသာဆေးကြောသန့်စင်ဖို့ပြောတာဖြစ်ပြီး
tubing ပြွန်ရှည်ကိုလုံးဝရေမစိမ်ရပါ။ ပြွန်ထဲရေဝင်သွားရင် လူနာတစ်ယောက်တည်းသုံးတာတောင်မှ
ခြောက်သွေ့အောင်လုပ်ရတာအရမ်းခက်ပါတယ်။
လူနာကနေမကောင်းဖျားနာမှုရှိခဲ့ရင် cannula နဲ့ mask ကိုအသစ်လဲလှယ်သင့်ပါတယ်။

✔(၄) ရေအိုး water trap humidifiers ကိုလည်း အပေါ်ကနည်းအတိုင်းဆေးကြောနိုင်ပါတယ်။
လူနာပြောင်းရင် ကျိန်းသေပိုးသတ်ဖို့လိုပါတယ်။
လူနာမပြောင်းရင်တောင် ၅ ရက်တစ်ခါလောက်ဆေးပေးပါ။အကယ်လို့ antiseptic solution
ပိုးသတ်ဆေးရည်ရှိရင် အဲ့ဒီအထဲမှာမိနစ် ၃၀ စိမ်ပါ။
အဲ့ဒီ humidifier ပလတ်စတစ်ဘူးလေးထဲထည့်တဲ့ရေဟာ ရေသန့်ဖြစ်ရပါမယ်။ ကျို ချက်ထားတဲ့ရေသန့်ဖြစ်ရင်ပိုကောင်းပါတယ်။ အဲ့ဒီရေကို ထပ်ထပ်ဖြည့်တာထက် #နေ့စဉ်အသစ်လဲလှယ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။ရေမသန့်ခဲ့ရင်၊ ဘူးမသန့်ခဲ့ရင်
mucormycosis လို့ခေါ်တဲ့ Covid လူနာမှာနောက်ဆက်တွဲမှိုနက်ရောဂါဖြစ်တတ်ပါတယ်။
ဟုတ်ပြီ။

အပေါ်က အဆင့် (၄) ဆင့်နဲ့
စက်အပြင်လည်းသန့်ပြီ။
လေစစ်ဇကာတွေလည်းသန့်ပြီ။
လေရှုပြွန်ကလည်းအသစ်သုံးထားပြီးပြီ။
ရေဘူးကိုလည်းသေချာဆေးပြီးရေအသစ်လဲလှယ်ပြီးပြီ။

ဒါဆိုရင် လူနာတစ်ယောက်နဲ့တစ်ယောက်မကူးစက်ဘူးလို့ ၁၀၀ % သေချာပြီလား။Filter ဘယ်လောက်ကောင်းသလဲပေါ်မှာမူတည်ပါတယ်။

ကျနော့်အယူအဆကိုပြောပါမယ်။အရင်လူနာရှုထုတ်သမျှလေဟာ စက်ပတ်ဝန်းကျင်ကိုရောက်သွားမှာပါ။
စက်ကအဲ့ဒီလေကိုစုပ်ယူပြီး နိုင်ထရိုဂျင်ဖယ်ထုတ်ကာအောက်ဆီဂျင်ကိုစုစည်းပေးလိုက်တာပါ။

အဲ့ဒီတော့ စက်ရဲ့ Filter တွေက ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားကိုမစစ်ထုတ်ပေးနိုင်ဘူးဆိုရင် စုပ်ယူတဲ့လေနဲ့အတူအထဲကိုဝင်သွားမှာဖြစ်ပါတယ်။ စက်ထဲက ဇီယိုလိုက်ဇကာနဲ့ပိုက်ထဲမှာ အချိန်အတိုင်းအတာတစ်ခုအထိရှိကောင်းရှိနေနိုင်ပါတယ်။

စက်အထဲပိုင်းကိုသန့်စင်ဖို့မဖြစ်နိုင်ပါ။အဲ့လိုပါသွားခဲ့ရင်တော့ အနည်းဆုံး (၅) ရက်ခန့်ထားပြီးမှသုံးသင့်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ===========♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများMODERNAModerna ကာကွယ်ဆေး...
27/07/2021

ကိုဗစ်ကာကွယ်ဆေးများနှင့်ပတ်သက်၍ သိသင့်သောအချက်များ
===========

♣ အမေရီကန်နိုင်ငံထုတ် ကာကွယ်ဆေးများ

MODERNA
Moderna ကာကွယ်ဆေးဟာ Vanderbilt University က ၉၄.၁ ရာခိုင်နှုန်းအထိကာကွယ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီဆေးက လောလောဆယ် ကမ္ဘာမှာ အကောင်းဆုံး ကာကွယ်ဆေး ဆိုပြီး သတ်မှတ်ထားပါတယ်
PFIZER
Moderna ထက်တစ်ပတ်စောကာ ကြေညာခဲ့တဲ့ ပထမဆုံး COVID ကာကွယ်ဆေး ဖြစ်ပါတယ်။ Pfizer ကာကွယ်ဆေးကတော့ Modernaထက် ရာခိုင်နှုန်းအနည်းငယ်လျော့ ကာကွယ်နိုင်စွမ်းရှိပါတယ် ( ၈၁.၈ - ၉၅ ရာခိုင်နှုန်း)
ဆေးထိုးပြီးရင် ဘာတွေ ခံစားရလေ့ရှိလဲ?
Pfizer နဲ့ Moderna က ဒုတိယ အလုံးထိုးပြီးရင်ပိုဖြစ်တယ်လို့တွေ့ရှိရပါတယ် ။ ထိုးတဲ့နေရာမှာ နာတာ နုံးတာ ခေါင်းကိုက် ကြွက်သားနာတာတွေက အဖြစ်များပါတယ် ။ ရှားရှားပါပါး နှလုံးကြွက်သားရောင်တာ နှလုံးအမြှေးရောင်တာကို Pfizer နဲ့ Moderna မှာတွေ့ရပါတယ်

♣ အိန္ဒိယနိုင်ငံထုတ် ကာကွယ်ဆေးများ

COVISHIELD
ဗြိတိန် နည်းပညာကို အိန္ဒိယ မှာ ထုတ်ခွင့်ပေးတာပါ ။ ဗြိတိန် မှာထုတ်တာကိုတော့ AstraZeneca နာမည်ပေးထားပါတယ် ။ ဒီနိုင်ငံမှာ ဇန်နဝါရီလကတည်းက Covishield ကာကွယ်ဆေးကို စတင်ထိုးနှံပေးခဲ့ပါတယ်။ တစ်ဦးကို နှစ်ကြိမ်နှုန်းနဲ့ လူဦးရေတစ်သန်းခွဲစာကို သက်တမ်းကုန်ဆုံးရက် မတိုင်ခင် ဇွန်လအထိ ထိုးပေးနိုင်ခဲ့ပါတယ်။ (ဒီ Covishield ကာကွယ်ဆေးဟာ သက်တမ်းခြောက်လသာ ရှိပါတယ်)
ဒီဆေးကို ပထမတစ်ကြိမ်ထိုးထားရင် ရောဂါမဖြစ်အောင် ၇၀.၄ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ဒုတိယအကြိမ် ထိုးပြီးချိန်မှာတော့ ၈၂.၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။ ရောဂါကြောင့် သေဆုံးနှုန်းကို အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ ၉၄ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်တယ်လို့ သိရပါတယ်။
ဒီဆေးထိုးထားသူတွေက မိမိမှတစ်ဆင့် တခြားသူကို ရောဂါပြန်ဖြန့်နိုင်နှုန်း ၆၇ ရာခိုင်နှုန်း လျော့ကျသွားနိုင်ပါတယ်။
COVAXIN
အခုလက်ရှိ အပြင်ဆေးခန်းတချို့မှာ ထိုးပေးနေတဲ့ ကာကွယ်ဆေးက အိန္ဒိယနိုင်ငံထုတ် Covaxin အမျိုးအစား ဖြစ်ပါတယ်။ ဒီဆေးကိုတော့ BBV152 လို့လည်း သိကြပြီး သေဆုံးနေတဲ့ဗိုင်းရပ်စ်ကို ပြုပြင်ကာ ပြုလုပ်ထားတဲ့ကာကွယ်ဆေးဖြစ်ပါတယ်။ သူက ခန္ဓာကိုယ်ထဲကိုရောက်ရင် antibody တွေ ထွက်လာပြီး ခုခံအားစနစ်ကို လှုံ့ဆော်ကာ ရောဂါကို တိုက်ထုတ်ပစ်နိုင် ပါတယ်။ ဒီဆေးက အိန္ဒိယ နိုင်ငံအပြင် အီရန်၊ မက္ကဆီကို၊ နီပေါ၊ ဖိလစ်ပိုင်၊ ပါရာဂွေး၊ ဇင်ဘာဘွေနဲ့ မောရစ်ရှားနိုင် ငံတွေမှာပါ အသုံးပြုနေပြီဖြစ်ပါတယ်။ ဒီဆေးကို တစ်ကြိမ်နဲ့ တစ်ကြိမ် ၄-၆ ပတ်ခြားပြီး နှစ်ကြိမ် ထိုးရမှာဖြစ်ပါတယ်။ ဆေးကို နှစ်ကြိမ်ထိုး ပြီးရင် ရောဂါကို ကာကွယ်နိုင်စွမ်း ၇၈ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဖျား ရှိတာ၊ ခေါင်းကိုက်တာ၊ စိတ်တိုတာ၊ ဆေးထိုးတဲ့နေရာမှာ ရောင်ရမ်းပြီး နာကျင်တာတွေဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးထိုးအပြီး ပါရာစီတမောလို မျိုး အကိုက်အခဲပျောက်ဆေးကို သောက်ထားသင့်ပါတယ်။
ဆေးနဲ့ ပြင်းထန်ဓာတ်မတည့်မှု ဖြစ်တာကတော့ အလွန်ရှားပါတယ်။ ဓာတ်မတည့်မှုဖြစ်ရင် လည်ချောင်းရောင်ရမ်းပြီး အသက်ရှူမ၀တာ၊ ပျို့တာ၊ အန်တာ၊ အဖုအပိမ့်ပေါက်တာ၊ အဖျားရှိတာ၊ ခေါင်းကိုက်တာ၊ ခန်္ဓာကိုယ်အနှံ့ကိုက်ခဲတာနဲ့ ဆေးထိုးထားတဲ့လက်တစ်ဖက် တောင့်တင်းနေတာတွေဖြစ်တတ်ပါတယ်။
သွေးယိုစီးမှုပြဿနာရှိသူတွေ၊ ကိုယ်၀န်ဆောင်မိခင်တွေ ဒါမှမဟုတ် နို့တိုက်မိခင်တွေက ဒီကာကွယ်ဆေးကို မထိုးသင့်ပါဘူး။

♣ တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများ

တရုတ်နိုင်ငံထုတ်ကာကွယ်ဆေး တွေဖြစ်တဲ့ Sinopharm ကို WHOက ယခုနှစ် မေလအတွင်း အရေးပေါ်အသုံး ပြုခွင့်ပေးထားခဲ့ပြီး Sinovac ကို ဇွန်လမှာ ခွင့်ပြုထားခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆေးတွေကို လက်ရှိမှာ နိုင်ငံပေါင်း ၈၀ ကျော် အသုံးပြုနေကြပြီလို့ သိရပါတယ်။
ဒီကာကွယ်ဆေးနှစ်မျိုးစလုံး ကြောင့် ရရှိနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ က တခြားကာကွယ်ဆေးတွေလောက် အဖြစ်မများဘူးလို့ သိရပါတယ်။ ဆေး ထိုးတဲ့နေရာမှာ နာကျင်တာ၊ ပင်ပန်းနွမ်း နယ်တာ၊ ၀မ်းပျက်တာနဲ့ ကြွက်သားနာ ကျင်တာလောက်သာဖြစ်ပြီး နှစ်ရက်အ တွင်း ပြန်လည်ပျောက်ကင်းသွားတတ်ပါ တယ်။
SINOPHARM
ဒီကာကွယ်ဆေးက တရုတ်နိုင်ငံက ဒီနိုင်ငံကို လှူဒါန်းခဲ့တဲ့ကာကွယ် ဆေးဖြစ်ပါတယ်။ တရုတ်ကုန်သည် များအသင်းချုပ်ကလည်း အသင်း၀င် တွေကို ဒီဆေးထိုးပေးဖို့ စီစဉ်နေတယ်လို့ ကြားသိရပါတယ်။ ဒီကာကွယ်ဆေးက SARS-CoV-2 ကို Beta-propiolactone ခေါ်တဲ့ ဓာတုပစ္စည်းနဲ့ ကုသမှုပြုလုပ်ထား တာဖြစ်ပါတယ်။ ဒီဓာတုပစ္စည်းက ကိုဗစ်ဗိုင်းရပ်စ်နဲ့ပေါင်းပြီး COVID-19 ဖြစ် စေတဲ့ ဗိုင်းရပ်စ်ပွားများမှုကို ရပ်တန့်ပေးလိုက်တာဖြစ်ပါတယ်။ ဒါ့ပြင် သူ့မှာ ပါ၀င်တဲ့ အလူမီနီယမ်ဟိုက်ဒရော ဆိုက်ကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ပိုမိုမြင့်တက်လာပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးဖို့သတ်မှတ်ပေးထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ်ကြား သုံးပတ်ကနေ လေးပတ် ခြားကာ နှစ်ကြိမ်စီ ထိုးပေးရမှာဖြစ်ကာ ရောဂါကာကွယ်နိုင်စွမ်းမှာ ၇၉.၃ ရာ ခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။ ဒီဆေး ကို ကိုယ်၀န်ဆောင်မိခင်နဲ့ နို့တိုက်မိခင် တွေအတွက် ထိုးပေးနိုင်ပါတယ်။
ဒီကာကွယ်ဆေးမှာပါတဲ့ ပါ၀င် ပစ္စည်းတွေနဲ့ ဓာတ်မတည့်မှုဖြစ်ဖူးသူ၊ အပူချိန် ၃၈.၅ ဒီဂရီထက် မြင့်မားသူ တွေက ဒီဆေးကို မထိုးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးအနေနဲ့ ကာ ကွယ်ဆေးထိုးတဲ့နေရာမှာ နာကျင်တာ၊ အဖျားရှိတာတွေအပြင် ခေါင်းကိုက်တာ နဲ့ ပင်ပန်းနွမ်းနယ်တာတွေဖြစ်တတ်ပါ တယ်။
SINOVAC
ဒီကာကွယ်ဆေးက ယခုလအတွင်း တစ်သန်းရောက်ရှိမှာဖြစ်ပြီး အသက် ကြီးသူ၊ ရောဂါအခံရှိသူ၊ ကာကွယ်ဆေး မထိုးရသေးတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ ပုဂ္ဂလိက ကျန်းမရေးစောင့်ရှောက်မှုပေး နေသူတွေကို ဦးစားပေးထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
ဒီဆေးက ဓာတ်ခွဲခန်းကနေ ထုတ် လုပ်ထားတဲ့ ဗိုင်းရပ်စ်အမျိုးအစားနဲ့ ပြု လုပ်ထားတဲ့ Inactivated Virus Vaccine အမျိုးအစားဖြစ်ပါတယ်။ ကာကွယ်ဆေးမှာ ပါ၀င်တဲ့ များစွာသော ပရိုတင်းတွေကို ခုခံအားနစ်က တုံ့ပြန်ပြီး ကိုဗစ်ရောဂါကို တိုက်ထုတ်မယ့် Antibody တွေထွက်လာအောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်အထက်ရှိ သူ၊ နို့တိုက်မိခင်၊ ကိုဗစ်ဖြစ်နိုင်ခြေ မြင့် မားတဲ့ အ၀လွန်သူ၊ နှလုံးသွေးကြောရောဂါရှိသူနဲ့ အဆုတ်ရောဂါရှိသူတွေထိုးဖို့ သတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ကြား ၂-၄ ပတ်ခြားပြီး နှစ်ကြိမ်ထိုးရမှာ ဖြစ်ပါတယ်။
ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအ ပေါ်လိုက်ပြီး ၄၉.၆ - ၅၀.၇ % ရှိကာ ကိုဗစ် ဆိုး ဆိုးရွားရွား အခြေအနေမရောက်အောင် ၈၅-၁၀၀ %၊ ကိုဗစ်ကြောင့် ဆေးရုံတက် ရတာမျိုးမဖြစ်အောင် ၈၀-၁၀၀ % ကာကွယ်နိုင်ပါတယ်။

♣ ရုရှားနိုင်ငံထုတ်ကာကွယ်ဆေးများ

ရုရှားနိုင်ငံကထုတ်တဲ့ ကာကွယ် ဆေး နှစ်မျိုးဖြစ်တဲ့ Sputnik V နဲ့ Sputnik Light တွေကို မြန်မာနိုင်ငံအ တွက် ခုနစ်သန်း၀ယ်ဖို့ မှာယူထားကာ မကြာမီ အလုံးရေ နှစ်သန်းရောက်ရှိမယ်လို့ သိရပါတယ်။
SPUTNIK V
ဒီကာကွယ်ဆေးက တုပ် ကွေးရောဂါဖြစ်စေတဲ့ Adenovirus အမျိုးအစားနှစ်မျိုးကို ရောဂါသယ်ဆောင် တဲ့အနေနဲ့ ထည့်သွင်းအသုံးပြုထားတာ ဖြစ်ပါတယ်။ ရောဂါသယ်ဆောင်တဲ့ဗိုင်း ရပ်စ်တွေက ပြုပြင်ထားတာကြောင့် ခန်္ဓာ ကိုယ်ထဲမှာ ပိုးထပ်မံပွားများတာ၊ ရောဂါ ဖြစ်တာတွေ မရှိတော့ပါဘူး။
ဒီဆေးကို အိန်္ဒိယ၊ အာဂျင်တီးနား၊ မွန်တီနီဂရိုး၊ ရုရှား၊ ဗင်နီဇွဲလား၊ ဘီလာ ရုစ်၊ ဆားဗီးယား၊ ယူအေအီးနဲ့ Europe တိုင်းပြည်ထဲက ဟန်ဂေရီအပါအ၀င် နိုင်ငံပေါင်း ၆၄ နိုင်ငံမှာ အသုံးပြုနေကြ ပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အထက်ရှိသူတွေ ထိုးနိုင်ပြီး ရောဂါကာကွယ်နိုင်စွမ်းက ၉၁.၆ ရာခိုင်နှုန်းရှိကာ ကာကွယ် ပထမအကြိမ်ထိုးပြီး သုံးပတ်အကြာမှာ ဒုတိယအကြိမ် ထပ်မံထိုးရမှာဖြစ်ပါ တယ်။
ဘေးထွက်ဆိုးကျိုးအနေနဲ့ -
◘ ပင်ပန်း နွမ်းနယ်တာ ၇၀ %
◘ အဆစ်နာတာ ၄၆.၄ %
◘ ခေါင်းကိုက်တာ ၆၄.၇ %
◘ ကြွက်သားနာကျင်တာ ၆၁.၅ %
◘ ချမ်းတုန်တာ ၄၅.၄ %
◘ အဖျားရှိတာ ၁၅.၅ %
◘ ပျို့အန်တာ ၂၃ % ရှိပါတယ်။
SPUTNIK LIGHT
ဒီကာကွယ်ဆေးက COVID-19 ရောဂါကိုဖြစ်စေတဲ့ SARS-CoV-2 ဗိုင်းရပ်စ်ကို ခုခံအားတည်ဆောက် ပေးတာဖြစ်ပြီး ကာကွယ်နိုင်စွမ်း ၇၉.၄ ရာခိုင် နှုန်းရှိတယ်လို့ သိရပါတယ်။ သူရဲ့ အား သာချက်က ဆေးတစ်ကြိမ်သာ ထိုးရမှာဖြစ်ပြီး ဆေးထိုးအပြီး လေးပတ်အကြာမှာ ဗိုင်းရပ်စ်ပိုးကို အားပျော့စေတဲ့ anti-body ထွက်လာနိုင်နှုန်း ၉၁.၆၇ ရာခိုင် နှုန်းအထိ ရှိတယ်လို့ သိရပါတယ်။
ရုရှားနိုင်ငံမှာ ယခုနှစ် မေလအတွင်း က အရေးပေါ်အသုံးပြုခွင့်ရရှိထားတာ ဖြစ်ပါတယ်။ ဒီဆေးကို ရုရှား၊ ဗင်နီဇွဲလား၊ အင်ဂိုရာ၊ ဘာရိန်း၊ နီကာရဂူး၊ မောလစ်ရှ၊ ပါလက်စတိုင်း၊ အာဂျင်တီးနား၊ ဘီလာ ရုစ်၊ ကွန်ဂို၊ မွန်ဂိုလီးယား တောင်ကိုရီး ယားအပါအ၀င် နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ ရရှိနိုင်ပြီဖြစ်ပါတယ်။



""  စိတ်ကျန်းမာဖို့  သတိထားလုပ်ဆောင်စို့ ""~~~~~~~~~~~~~~~~~~~~~~~  ကျွန်မတို့ မြန်မာနိုင်ငံသားတွေ အခု ကြုံတွေ့နေရတဲ့ အမ...
10/07/2021

"" စိတ်ကျန်းမာဖို့ သတိထားလုပ်ဆောင်စို့ ""
~~~~~~~~~~~~~~~~~~~~~~~

ကျွန်မတို့ မြန်မာနိုင်ငံသားတွေ အခု ကြုံတွေ့နေရတဲ့ အမျိုးမျိုးသော အရေးအရာ တွေကြောင့် လူတိုင်းဟာ #စိတ်ဖိစီးမှုတွေ ခံစားနေကြရမှာပါ။ မိမိရဲ့ စိတ်ဖိစီးမှုတွေကို မလျှော့ချနိုင်ရင် စိတ်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး ဆေးကုသမှု ခံယူရနိုင်ပါတယ်။ တခါတလေကျတော့ တချို့လူတွေဆိုရင် ကိုယ့်ကိုယ်ကို စိတ်ကျန်းမာရေး ထိခိုက်နေမှန်းတောင် သတိမပြုမိဘဲ ***de လုပ်မိတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့်.... ဆေးဝါးတွေ သောက်စရာ မလိုဘဲ နေ့စဥ်ဘဝမှာ ပုံမှန်လုပ်ဆောင်ရုံမျှဖြင့်
စိတ်ဖိစီးမှုတွေ လျော့ကျပြီး စိတ်ကျန်းမာရေးအတွက် အထောက်အကူ ပြုတဲ့ အပြုအမူလေးတွေကို လိုက်လုပ်ကြည့်ဖို့တိုက်တွန်းလိုပါတယ်။

👉 တက်ကြွ လန်းဆန်းနေပါစေ။ #ကိုယ်လက်လှုပ်ရှားအားကစား တခုခု ကို တနေ့ 15 မိနစ် ဝန်းကျင်လောက် အနည်းဆုံး လုပ်ပေးပါ။

👉 #လမ်းလျှောက်ပါ။ လမ်းလျှောက်ခြင်းဟာ လည်း ကိုယ်လက်လှုပ်ရှားမှုတခုပါပဲ။ သွေးလည်ပတ်မှုကို ကောင်းစေခြင်း၊ သွေးတိုး နှင့် ဆီးချိုရောဂါ များကို တည်ငြိမ်အောင်ထိန်းပေးနိုင်ခြင်း၊ သွေးတွင်း cholesterol များကိုလျော့ကျစေခြင်း၊ နှလုံးကျန်းမာရေး ကိုအထောက်အကူပြုခြင်း၊ လေဖြတ်ခြင်းကို အတိုင်းတာတခုထိကာကွယ်နိုင်ခြင်း စတဲ့အကျိုး ကျေးဇူးတွေ အများကြီးရပါတယ်။ ဒါ့အပြင် မိသားစုတွေ မိတ်ဆွေ တွေ နဲ့တူတူ လမ်းလျှောက်တဲ့အခါ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတဲ့ ဟော်မုန်းဓာတ်တွေ ထွက်စေလို့ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်။ တနေ့ကို 30မိနစ် ခန့် လမ်းလျှောက်ရင် လုံလောက်ပါပြီ။

👉 ညဘက် #အိပ်ရေးဝဝအိပ်ပါ။ အရွယ်ရောက်ပြီးသူ တယောက်အနေနဲ့ (8) နာရီ ခန့်အိပ်စက်ပေးပါ။

👉 #ရင်ထဲမှာမွန်းကျပ်နေတဲ့ခံစားချက်တွေကိုတယောက်တည်းကြိတ်မခံစားပါနဲ့။ မိမိ ယုံကြည်ရသူ တစ်ဦးဥွီး ကို ဖွင့်ပြော၊တိုင်ပင်ခြင်း ဟာ အလွန်အကျိုးရှိပါတယ်။ အဲ့လိုလူမျိုး မရှိဘူး ဆိုရင်လည်း နှစ်သိမ့်ဆွေးနွေးပေးတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ကို ဆက်သွယ်ပြီး နှစ်သိမ့်ဆွေးနွေးမှု ခံယူလို့ရပါတယ်။

👉 မိမိ ကိုယ်စွမ်းဉာဏ်စွမ်း ရှိတာထက်ကျော်လွန်တဲ့ အခက်အခဲတွေ ဒုက္ခ တွေရင်ဆိုင် နေရရင် #နားလည်တတ်ကျွမ်းသူများကိုအကူအညီတောင်းပါ။ ဆွေးနွေးတိုင်ပင် လုပ်ဆောင်ပါ။

👉 သန့်ရှင်း လတ်ဆတ်တဲ့ အစားအစာတွေကို ညီညွတ်မျှတာအောင် စားပါ။ #အာဟာရပြည့်ဝအောင်စားသုံးပါ။

ဒါလေးကို နေ့စဥ်ဘဝမှာ အလွယ်တကူ သတိထားလုပ်ဆောင်ခြင်းဖြင့် စိတ်ကျန်းမာရေးအတွက် အထောက်အကူ ပြု​စေမှာပါ။

Dr.MO 👩‍⚕️
10.7.2021 , 12 noon

Photo credit >>> WHO

ရန်ကုန်မှာ Oxygen လိုအပ်ရင် ဆက်သွယ်လို့ရနိုင်မည့်နေရာတွေကို ထပ်ဆင့်ပြန်လည်ဝေမျှပါတယ်။   #ကိုဗစ်    #အောက်ဆီဂျင်
05/07/2021

ရန်ကုန်မှာ Oxygen လိုအပ်ရင် ဆက်သွယ်လို့ရနိုင်မည့်နေရာတွေကို ထပ်ဆင့်ပြန်လည်ဝေမျှပါတယ်။

#ကိုဗစ် #အောက်ဆီဂျင်

အခုနောက်ပိုင်း ကိုဗစ် - ၁၉ ကို ကာကွယ်ရန် mask နှစ်ထပ်တပ်ဖို့ recommend လုပ်လာတာတွေ့ရပါတယ်။ဒီလို နှစ်ထပ် တပ်တဲ့အခါ အတွင်း...
05/07/2021

အခုနောက်ပိုင်း ကိုဗစ် - ၁၉ ကို ကာကွယ်ရန် mask နှစ်ထပ်တပ်ဖို့ recommend လုပ်လာတာတွေ့ရပါတယ်။

ဒီလို နှစ်ထပ် တပ်တဲ့အခါ အတွင်းက disposable face mask လို့ သိကြတဲ့ mask အမျိုးအစားကို ကြိုးချည်၍တပ်ပြီး အပေါ်ကနေ ပိတ်စ mask ကို ထပ်တပ်ရပါမယ်။

အပြင်ကနေထပ်တပ်တဲ့ ပိတ်စmask မှာ ပြင်ပကနေ ပိုးမွှားများနှင့် တခြားမှုန်၊ဖုန်များ ကပ်ညှိမှုပိုများတာကြောင့် အဲ့ဒီ ပိတ်စmask ကို ချွတ်တဲ့အခါ စနစ်တကျ နည်းလမ်းမှန်စွာချွတ်ဖို့ လိုအပ်သလို ပြန်လည်လျှော်ဖွတ်ပြီး ပြန်သိမ်းထားမယ် ဆိုရင်လည်း နည်းလမ်းမှန်စွာ လျှော်ဖွတ်၊ ထိန်းသိမ်း မှသာ ကိုဗစ် -၁၉ ရောဂါ ကူးစက်၊ပြန့်ပွားခြင်းကိုကာကွယ်တားဆီးနိုင်ပါမယ်။

🚨🚨🚨 ဒါကြောင့် အောက်ပါ အချက် (၅)ချက် ကို မမေ့လျော့ဘဲသတိပြုစေချင်ပါတယ်....

၁။ ပိတ်စ mask သုံးတဲ့အခါ အလဲအဖယ်အနေနဲ့သုံးနိုင်အောင် mask အရေအတွက် တစ်ခုထပ် ပို၍ဆောင်ထားပါ။ အပြင်သွားရင်လည်း အပိုတစ်ခု ၊နှစ်ခုလောက် သယ်သွားပါ။ ဒါမှသာ မိမိ တပ်ထားတဲ့ ပိတ်စ mask ညစ်ပတ်သွားရင် (သို့) ချွေးစို၊ အရည်တခုခုစို သွားရင် အသစ် ချက်ချင်းလဲလို့ရမှာပါ။

၂။ ပိတ်စ mask ကို မလျှော်နိုင်ခင်အချိန်ထိ သေချာ သိမ်းဆည်းထားဖို့လိုပါတယ်။
✔ညစ်ပတ်၊ချွေးစို၊အရည်စိုနေသော mask >>> ပလပ်စတစ်အိတ်ထဲထည့်ကာ လေလုံအောင် ခေတ္တ ပိတ်သိမ်းပါ။ ( တတ်နိုင်သ၍ မြန်မြန်လျှော်ပါ။ မှိုများပေါက်ဖွားလာပါက ပိုးကူးစက်ခြင်းမှ မကာကွယ်နိုင်သည့် အပြင် ကျန်းမာရေးကို ပါ ထိခိုက်စေပါလိမ့်မယ်)
✔ခြောက်သွေ့သော mask >>> စက္ကူအိတ် (သို့) breathable bag တစ်ခုထဲတွင် ထည့်နိုင်ပါတယ်။

၃။ အသုံးပြုပြီးသည့် ပိတ်စ mask ကို လျှောဖွတ်ရပါမယ်။ ပိတ်စ mask လေး ညစ်ပတ်သွားသည့်အချိန်တိုင်း နှင့် (အနည်းဆုံး) နေ့စဥ် တနေ့တကြိမ် လျှော်သင့်ပါတယ်။
✔အဝတ်လျှော်စက်နဲ့လျှော်မယ် ဆိုရင်...
- mask မှာသုံးထားတဲ့ ပိတ်စအမျိုးအစားပေါ်မူတည်ပြီး အဝတ်လျှော်စက်ရဲ့ setting ကိုချိန်ကာ ပုံမှန်သုံးနေကျ ဆပ်ပြာမှုန့် နဲ့လျှော်လို့ရပါတယ်။ ရေကို အနွေးဆုံးအနေအထားရအောင် setting ချိန်လို့ရရင်ချိန်ပါ။ မရရင် ရေနွေးသုံးနိုင်ပါတယ်။
✔ လက်နဲ့ လျှော်မယ်ဆိုရင်...
- mask ကို ပုံမှန် သုံးနေကျ ဆပ်ပြာမှုန့်၊ ဆပ်ပြာတုံး၊ ရေနွေး တို့နဲ့ လျှော်ရပါမယ်။
ပြီးရင်တော့ ဆပ်ပြာ တွေစင်အောင် သေချာ ရေပြန်ဆေးဖို့ သတိပြုပါ။

၄။ လျှော်ပြီးသား ပိတ်စ mask ကို ဒီလိုအခြောက်ခံရပါမယ်...
✔ အခြောက်ခံစက်ရှိရင် စက်ထဲမှာ အခြောက်ခံလို့ရပါတယ်။
✔ သဘာဝအတိုင်း လေသလပ်အခြောက်ခံမယ်ဆိုရင် ပိတ်စ mask ကို နေရောင်ခြည် တိုက်ရိုက်ရသော နေရာတွင် ချိတ်ဆွဲ လှန်းရပါမယ်။

၅။ သန့်စင်ပြီးသော ပိတ်စ mask ကို စက္ကူအိတ် (သို့)breathable bag တစ်ခု ထဲ ထည့်ကာ ထိန်းသိမ်းနိုင်ပါတယ်။ အပြင်သွားလို့ mask အပို ဆောင်သွားမယ်ဆိုရင်လည်း အဲ့လို အိတ်လေး နဲ့ပဲ ထည့်သွားပါ။

❌❌❌အရေးကြီးတာကတော့ disposable mask တွေကို သုံးပြီးသားပြန်သုံး​ခြင်း၊ လျှော်ပြီးပြန်သုံး​ခြင်း ၊ အများနဲ့ဝေမျှသုံးခြင်း တွေ မလုပ်သင့်ပါဘူး။ ပိတ်စ mask ကိုလည်း မိမိ တကိုယ်တည်း ကိုယ်ပိုင် mask ကိုသာစနစ်တကျသုံးပါ။ တခြား သူများနှင့် ဝေမျှ သုံးစွဲခြင်း လုံးဝ မလုပ်သင့်ပါဘူး။ ပိတ်စ mask လေး ညစ်ပတ်၊ စိုစွတ်သွားရင် ချက်ချင်း အသစ်လဲပါ။ ❌❌❌

အားလုံးပဲ ကိုဗစ် -၁၉ ရောဂါ အန္တရာယ်မှကင်းဝေးကြပါစေ....
(သင့်မိသားစု၊ မိတ်ဆွေ များကို သတင်းဝေမျှပေး ခြင်းဖြင့် ကူညီပါ)

Dr. MO👩‍⚕️
3:30pm, 5.7.2021

References: US CDC

#ကိုဗစ်

"ဆံပင်ကျွတ်ခြင်း"~~~~~~~~~       ကျွန်မတို့ လူသားတွေ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြောင်းရင်းတွေ ထဲမှာ " ဆံပင်ကျွတ်ခြင်း ...
14/05/2021

"ဆံပင်ကျွတ်ခြင်း"
~~~~~~~~~
ကျွန်မတို့ လူသားတွေ စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ အကြောင်းရင်းတွေ ထဲမှာ " ဆံပင်ကျွတ်ခြင်း " လည်း တစ်ခု အပါဝင်ပါပဲ။
လူတွေဟာ အကြောင်းအမျိုးမျိုးကြောင့် ဆံပင်ကျွတ်တတ်ကြပါတယ်။
📌 ဆံပင်ကျွတ်စေသော အကြောင်းရင်းတွေကတော့
- မျိုးရိုးလိုက်ခြင်း
- ဟော်မုန်းဓာတ်ပြောင်းလဲလာခြင်း
- ရောဂါ အခြေအနေ တစ်ခုခုနှင့် ဆက်စပ်နေခြင်း
- စိတ်ဖိစီးမှုများခြင်း
- အာဟာရဓာတ်ချို့တဲ့ခြင်း
- အသက်အရွယ်အိုမင်းရင့်ရော်လာခြင်း
- တချို့သော ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများ ( ကင်ဆာရောဂါကုသဆေးများ၊ စိတ်ရောဂါကုသဆေးများ အစရှိသဖြင့်.... )
- ဦးခေါင်းကို ဓာတ်ရောင်ခြည် ကုသမှု ခံယူရခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
- ဆံပင်ကို တင်းတင်း ဆွဲစည်းထားသော ဆံပင်စတိုင်များ ၊ တချို့သော ဆံပင်အလှပ ပြင်ဆင်ခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

📌 " ဆံပင်ကျွတ်ခြင်း" ဟာ မည်သူ့တွင်မဆို ဖြစ်နိုင်ပေမဲ့ အမျိုးသားတွေမှာ ပိုဖြစ်လေ့ရှိတယ် လို့ သုတေသနများက ဖော်ပြကြပါတယ်။

📌 " ဆံပင်ကျွတ်ခြင်း " ကိုကာကွယ်နိုင်သောနည်းလမ်းများ
- ဆံပင်နှင့် ဦးရေပြားကို နေရောင်ခြည်၊ ခရမ်းလွန်ရောင်ခြည်များမှ တိုက်ရိုက်မထိတွေ့စေရန် ကာကွယ်ပါ
- ခေါင်းဖြီးခြင်း၊ ခေါင်းလျှော်ခြင်းများတွင် ဆံပင်ကို ညင်သာစွာ ကိုင်တွယ်ပါ။ ဆံသားနှင့် ဦးရေပြားကို ထိခိုက် စေသော ဓာတုပစ္စည်းများအလွန်အကျွံသုံးခြင်း၊ အပူချောင်းများသုံး၍ အလှပြင်ဆင်ခြင်းများကိုသတိပြု ပါ။ ဆံပင်ကို တင်းတင်းဆွဲစည်းထားသော ဆံပင်စတိုင် ပြင်ဆင်ခြင်းများကို ရှောင်ပါ။
- မိမိ သောက်သုံးနေသော ဆေးဝါးများကြောင့် ဆံပင်ကျွတ် သည်ဟုသံသယရှိလျှင် ဆရာဝန် ဖြင့် တိုင်ပင်ဆွေးနွေးပါ။
- ဆေးလိပ်သောက်ခြင်းကို ရှောင်ပါ။
- အာဟာရ ဓာတ်ပြည့်စုံအောင် စားသုံးပါ။

📌 "ဆံပင်ကျွတ်ခြင်း" ကို ကုသခြင်းနည်းလမ်းများ
- ဆံပင် ကျွတ်တာ နှေးစေသောဆေးများ၊ ဆံပင်ပြန်ပေါက်စေသော ဆေးများကို လိမ်းဆေး၊ သောက်ဆေးများ အဖြစ် ဆရာဝန် ညွှန်ကြားသည့်အတိုင်း လိုက်နာခြင်း
-ဆံပင် အလွန်ကျွတ်၍ ကွက်ပြီးကျန်ခဲ့သော ဦးရေပြားတွင် ဆံပင် အစားထိုး ပြန်စိုက်ခြင်း
- လေဆာ ကုသမှု ခံယူခြင်း စသည်တို့ဖြစ်ပါတယ်။

အားလုံးပဲ ကျန်းမာလှပသော ဆံကေသာကို ပိုင်ဆိုင်နိုင်ကြပါစေ။

Dr.MO👩‍⚕️
8:30pm, 14.5.2021

#ဆံပင်ကျွတ်ခြင်း
#ထိပ်ပြောင်ခြင်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Health ShieldPro by Dr MO posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category