11/12/2025
သကြားဖြတ်တာ ကျန်းမာရေးနဲ့ရုပ်ရင့်တာအတွက်သက်ဆိုင်လား? သက်ဆိုင်တာပေါ့။ သကြားမှာ Natural Sugar နဲ့ Added Sugar ဆိုပြီးနှစ်မျိုးရှိတဲ့ထဲမှာအလွယ်တကူနဲ့နေ့စဉ် စားမိနေတာကတော့ Added Sugar ပေါ့။ Natural Sugar ကတော့သဘာဝအတိုင်း အသီးနှံနဲ့ပျားရည်တို့ကနေရတာကိုပြောတာပါ။ ဘယ်လိုပဲဖြစ်ဖြစ် NS ကလည်းတစ်ချို့ဆီးချိုသမားတွေလုံးဝစားလို့မရဘူး။ သကြားထဲမှာကယ်လိုရီတွေအများကြီးပါတာမို့လို့အချိုစားတာများရင် အသဲနဲ့နှလုံးကိုထိခိုက်နိုင်သလို အသားရည်နဲ့collagen ထုတ်နှုန်းကိုတော်တော်လေးထိခိုက်တယ်။ သတိထားကြည့်ပါသကြားဖြတ်ပြီးရေများများသောက်ရင်အသားရည်ရဲ့ Skin barrier ကသိသိသာသာကိုတိုးတက်လာလိမ့်မယ်။
📌သကြားကိုဘယ်လိုလျှော့စားလို့ရမလဲ?
• Soft drink, milk tea, cake, snack တွေကနေသကြားတွေကို ပထမဆုံးလျှော့
• Coffee/tea တွေမှာ sugar-zero သောက်
• Soft Drink တွေထက် Fruit juices နဲ့ whole fruit စား
📌နေ့စဉ်စားသင့်တဲ့ သကြားပမာဏအကြံပြုချက်?
Soft drink, milk tea, cake, candy, bread, coffee sugar… စတာတွေမှာဘယ်လိုတွက်ချက်ရမလဲဆိုရင်
• Recommended:
✨တစ်နေ့ 25g (6 teaspoons)
လက်ဖက်ရည်ဇွန်းနဲ့ (၆)ဇွန်းစားလို့ရပြီး
• Maximum:
✨50g (12 teaspoons)
လက်ဖက်ရည်ဇွန်းနဲ့ (၁၂)ဇွန်းထက်မကျော်သင့်ပါ။
25g ဆိုတာ milk tea တစ်ခွက်တွေမှာ ပုံမှန်ပါတဲ့သကြားပမာဏဖြစ်ပြီးတော့ Cola 330ml မှာဆို35gပါပါတယ်။ ဆိုတော့ အအေးဘူးတွေနေ့တိုင်းသောက်နေတယ်ဆိုရင်တော့သေချာပေါက်ကိုကျန်းမာရေးအတွက်မကောင်းပါဘူး :(:
Natural Suagr ကတော့ Vitamins , Fiber နဲ့ Minerals တွေများစွာပါလို့ Added Sugar ထက်စာရင်ကျန်းမာရေးနဲ့အသားရည်အတွက်ပိုအဆင်ပြေပါတယ်။ သို့ပေမဲ့လည်းဘယ်အရာမဆိုတန်ဆေးလွန်ဘေးနော်။
သကြားနဲ့ပတ်သက်တဲ့Content လေးတင်ဖို့သတိိရသွားတာမို့လို့ Sharing လုပ်လိုက်တာဖြစ်ကြောင်း။