30/11/2025
Birthday Date 3,6,7,13,16,26,27 ရက်မွေးသောသူများ
ကိုယ်ပိုင်ဟန်၊ ကိုယ်ပိုင်စတိုင်ရှိပြီးသဘာဝအလှတရားကိုပိုနှစ်သက်ကြတယ်။ ဆံပင်နဲ့အဝတ်အစားဖက်ရှင်ပိုင်းကိုအမြဲဂရုတစိုက်ပြင်ဆင်လေ့ရှိတယ်။ အချစ်ရေးမှာတစ်ယောက်ထဲကိုသာစွဲစွဲလမ်းလမ်းချစ်ကြပြီး လွယ်လွယ်နဲ့မစွန့်လွှတ်တတ်ကြပါဘူး။ အများစုကအိမ်ထောင်ရေးမှာတည်ငြိမ်ကြပြီးခိုင်မြဲကြပါတယ်။ အများအမြင်မှာ မာနကြီးသယောင်ထင်ခံရပေ့မဲ့ တကယ်တမ်းကကြင်နာတတ်သူတွေပါ။
စိတ်ထဲရှိတာကို ထုတ်မပြောတတ်ကြလို့ သူတို့ခံစားချက်ကိုနားလည်ဖို့တော့နည်းနည်းခက်လိမ့်မယ်။ သူငယ်ချင်းတွေအတွက် အချိန်ပေးနားထောင်တတ်ပြီး အကြံပေးတတ်ကြတယ်။ပံုမှန်ဆိုချက်ပြုတ်ရတာပျင်းကြပေ့မဲ့ ချစ်တဲ့သူတွေအတွက်ဆို ဟင်းချက်ကျွေးရတာ၊ မုန်လုပ်ကျွေးရတာနှစ်သက်ကြတဲ့သူတွေပါ။
လူမှုဆက်ဆံရေးကောင်းမွန်ကြတယ်။ ကိုယ်ပိုင်စီးပွါးရေးလုပ်ဖို့စွမ်းရည်ရှိတယ်။ အောင်မြင်ကျော်ကြားတဲ့စီးပွါးရေးသမားတွေဖြစ်နိုင်ပါတယ်။ ရံဖန်ရံခါအတွေးများပြီးစိတ်အားငယ်တတ်ကြတယ်။ စာဖတ်ရတာကြိုက်ကြပြီးကိုယ်သိသမျှကိုလည်းဝေမျှလိုစိတ်ရှိပါတယ်။ ကိုယ့်ကိုကိုယ်တိုးတက်ဖို့ အမြဲကြိုးစားနေတတ်ကြတယ်။ အနုပညာ၊ ပညာရေး၊ စီးပွါးရေးနယ်ပယ်တွေမှာအောင်မြင်မှုရရှိနိုင်သူတွေလို့ပြောလို့ရပါတယ်။
Tarot Card Readings by Mariya