ဆေးဝါးကျွမ်းကျင် online class - LINN Education

  • Home
  • Myanmar
  • Yangon
  • ဆေးဝါးကျွမ်းကျင် online class - LINN Education

ဆေးဝါးကျွမ်းကျင် online class - LINN Education ဆေးဝါးဘာသာရပ်ကို အချိန်မရွေး နေရာမရွေး လေ့လာနိုင်တဲ့ သင်တန်း
(3)

06/12/2025

တစ်နေ့တစ်ထောင် မရဘူးဟ😂

တန်းခွဲသစ်များအတွက် စုံစမ်းနိုင်ရန်

LINN Education..........................
https://m.me/pharmacyonlineclass
09268272117 / 09763838074
No.204, Kyeik Kasan Road, Tamwe Township, Yangon


#အလုပ်အကိုင်အခမဲ့

04/12/2025

ဆရာ၀န်များနှင့် သူနာပြုဆရာမ ၏
အသေးစိတ် သင်ကြားပေးမှုများ 🤩

Dec လထဲ တန်းခွဲသစ်လေးတွေ ရှိနေပြီ ဖြစ်လို့
Discount လေးမှီ သွားအောင် အမြန်ဆုံး အပ်နှံထားလိုက်တော့နော်♥️

တန်းခွဲသစ်များအတွက် စုံစမ်းနိုင်ရန်

LINN Education..........................
https://m.me/pharmacyonlineclass
09268272117 / 09763838074
No.204, Kyeik Kasan Road, Tamwe Township, Yangon


#အလုပ်အကိုင်အခမဲ့

တခုလိုချင်ရင် တခုကိုတော့ ပေးဆပ်ရတယ် 💯တကယ်အဖိုးတန်တဲ့ ပညာကို လိုချင်ရင် ငွေကြေးနဲ့ အချိန် ရင်းနှီးမှု လုပ်ရတယ် အသက်မွေးဝမ...
26/11/2025

တခုလိုချင်ရင် တခုကိုတော့ ပေးဆပ်ရတယ် 💯
တကယ်အဖိုးတန်တဲ့ ပညာကို လိုချင်ရင် ငွေကြေးနဲ့ အချိန် ရင်းနှီးမှု လုပ်ရတယ်
အသက်မွေးဝမ်းကျောင်းပညာရပ်ဖြစ်ရင် တကယ်တတ်မြောက်သင်ယူဖို့ အချိန် တခုပေးရတယ် ✅

❌ သင်ခန်းစာပြီးရင် ပြီးရော တကယ် သိရဲ့ လား နားလည်ရဲ့ လား ကို ဂရုမစိုက်တာမျိုး LINN မှာ လုံးဝ မလုပ်ပါ
သင်တန်းကြေးက သင်တန်းပြီးသွားလို့ အလုပ်ဝင်တဲ့ အခါ ရတဲ့ လုပ်ခလစာ (၁)လစာလောက်ပဲ ရှိပေယ့် အကောင်းဆုံး ဖြစ်အောင် သင်ကြားပေးတာ LINN Education ပါ 👌

ဒါကြောင့် သင်တန်းတက်ချင်ရင် အချိန် ဈေးမဆစ်ပါနဲ့
သင်တန်းကြေး ဈေးမဆစ်ပါနဲ့
သေချာတွက်ကြည့်ရင် ဒီထက်တန်တာ မရှိတော့ဘူးဆိုတာ တက်ပြီးမှ နားလည်ပါလိမ့်မယ် 🙏🏻

အမြဲတမ်းအကောင်းဆုံးတွေ ပေးနိုင်အောင် ကြိုးစားနေတဲ့ LINN Education ဖြစ်ပါတယ် 🤩

✨တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

23/11/2025

ဆေးဝါးကျွမ်းကျင် zoom online class တက်ရောက်ပြီး စာမေးပွဲဖြေဆိုအောင်မြင်သွားတဲ့ Naw Eh May Htoo

Online ဆိုပေမယ့် သေချာကျေညက်အောင် သင်ကြားပေးတဲ့ အပြင် သင်တန်းသားများရဲ့ တစိုက်မတ်မတ် လုပ်ဆောင် မှုကြောင့် အပြင် သင်တန်းတက်ရသလို လေ့လာခဲ့ရတာကြောင့် လုပ်ငန်းခွင် ဝင်မယ် ပြန်လည် အသုံးချမယ်ဆိုရင်လည်း အဆင့်သင့်ဖြစ်နေတာပါ

အဆင့်မြင့် ဆေးဝါးကျွမ်းကျင် zoom online class လေးကို လူမပြည့်ခင် အပ်နှံလိုက်ပါ

တန်းခွဲသစ်များအတွက် စုံစမ်းနိုင်ရန်

LINN Education..........................
https://m.me/pharmacyonlineclass
09268272117 / 09763838074
No.204, Kyeik Kasan Road, Tamwe Township, Yangon


#အလုပ်အကိုင်အခမဲ့

(11) ကြိမ်ကြိမ်မြောက်သင်တန်းဆင်းပွဲကြီး🎉မနေ့က 11.11.2025 မှာ LINN Education ရဲ့  (11)ကြိမ်မြောက် သင်တန်းဆင်းပွဲကြီးကို R...
13/11/2025

(11) ကြိမ်ကြိမ်မြောက်သင်တန်းဆင်းပွဲကြီး🎉

မနေ့က 11.11.2025 မှာ LINN Education ရဲ့ (11)ကြိမ်မြောက် သင်တန်းဆင်းပွဲကြီးကို Royal Green River Cruise Prince သင်္ဘော ကြီးမှာ တခမ်းတနား ကျင်းပခဲ့ကြပါတယ်

သင်တန်းဆင်း ကျောင်းသားကျောင်းသူများနဲ့ ဧည့်သည်တော်ကြီးများ အားလုံး စုံစုံလင်လင် တက်ရောက်ပေးကြတဲ့ အတွက် အမှတ်တရ ဖြစ်ခဲ့ရပါတယ် 🎈

သင်တန်းဆင်းပွဲ မကျင်းပခင်တည်းက အလုပ်ရရှိသွားတဲ့ ‌သင်တန်းသားများနဲ့ ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုက်ကြပြီ ဖြစ်တဲ့ သင်တန်းသားများ အားလုံး မအားလပ်တဲ့ကြားက တက်‌ရောက်ပေးကြတဲ့အတွက်လည်း LINN Education မှ အထူးပဲကျေးဇူးတင်ရှိရပါတယ်ရှင် ❤️

သင်တန်းသားအားလုံး ကိုယ်လိုချင်တဲ့ အိပ်မက်‌တွေကိုအကောင်အထည်ဖော်ပြီး ဘဝမှတ်တိုင်တခု စိုက်ထူနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်း‌လိုက်ပါတယ်ရှင် ✨

ပညာပြည့်ဝ အနာဂတ်လှစေဖို့ LINN Education မှာ သင်တန်း တက်ရောက်လိုက်ပါ⭐️

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

12/11/2025
🩺 ဂေါက်ရောဂါကို ထိန်းချုပ်ဖို့ Febuxostat အကြောင်း သိကောင်းစရာများ!ဂေါက်ရောဂါ (Gout) ကြောင့် အဆစ်တွေ နာကျင်ရောင်ရမ်းနေရသ...
09/11/2025

🩺 ဂေါက်ရောဂါကို ထိန်းချုပ်ဖို့ Febuxostat အကြောင်း သိကောင်းစရာများ!
ဂေါက်ရောဂါ (Gout) ကြောင့် အဆစ်တွေ နာကျင်ရောင်ရမ်းနေရသူတွေအတွက် သွေးထဲက ယူရစ်အက်ဆစ် (Uric Acid) ပမာဏကို လျှော့ချပေးတဲ့ ဆေးဝါးတွေဟာ အရေးကြီးပါတယ်။

✨ Febuxostat ဆိုတာ ဘာလဲ?
Febuxostat ဟာ ယူရစ်အက်ဆစ် ထုတ်လုပ်မှုကို လျှော့ချပေးတဲ့ ဆေးတစ်မျိုး ဖြစ်ပါတယ်။
* လုပ်ဆောင်ပုံ: ခန္ဓာကိုယ်ထဲမှာ ယူရစ်အက်ဆစ် ထုတ်လုပ်တဲ့ Xanthine Oxidase လို့ခေါ်တဲ့ အင်ဇိုင်းကို ပိတ်ဆို့တားဆီးပေးပါတယ်။
* အကျိုးကျေးဇူး: ယူရစ်အက်ဆစ် ပမာဏကို ထိန်းချုပ်ပေးတဲ့အတွက် အဆစ်တွေထဲမှာ ယူရစ်အက်ဆစ် ပုံဆောင်ခဲတွေ စုပုံတာကို ကာကွယ်ပေးပြီး ဂေါက်ရောဂါ ထဖောက်တာကိုပါ လျှော့ချပေးနိုင်ပါတယ်။

💡 ဘယ်လို အသုံးပြုသင့်လဲ?
Febuxostat ကို ဂေါက်ရောဂါသည်တွေမှာ ရေရှည်အတွက် ယူရစ်အက်ဆစ် ပမာဏကို ထိန်းချုပ်ဖို့ အဓိက သုံးပါတယ်။
* ဆေးညွှန်း: ဆရာဝန်ညွှန်ကြားတဲ့ ပမာဏ (များသောအားဖြင့် 40mg ဒါမှမဟုတ် 80mg ကို တစ်နေ့တစ်ကြိမ်) ကို ပုံမှန်သောက်သုံးရပါမယ်။
* သတိပြုရန်: ဆေးစသောက်တဲ့အခါ (သို့) ဆေးပမာဏ ပြောင်းတဲ့အခါ ဂေါက်ရောဂါ အနည်းငယ် ပိုထလာတတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ ဆရာဝန်က အကိုက်အခဲပျောက်ဆေး (သို့) Colchicine လိုမျိုး ဆေးတွေကို တွဲပြီး ညွှန်ပေးနိုင်ပါတယ်။
* အရေးကြီးဆုံး: ရောဂါလက္ခဏာတွေ သက်သာသွားပြီဆိုရင်တောင် ဆရာဝန်နဲ့ မတိုင်ပင်ဘဲ ဆေးကို လုံးဝရပ်လိုက်တာမျိုး မလုပ်ပါနဲ့။ ရပ်လိုက်ရင် ဂေါက်ရောဂါ ထဖောက်ဖို့ အန္တရာယ် ပိုများလာနိုင်ပါတယ်။
⚠️ ဘေးထွက်ဆိုးကျိုးများ (ဖြစ်တတ်သောအရာများ)
Febuxostat ဟာ ယေဘုယျအားဖြင့် ဘေးကင်းပေမယ့် လူအချို့မှာ အောက်ပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်နိုင်ပါတယ်။
* ခေါင်းကိုက်ခြင်း
* အသည်းအင်ဇိုင်း ပမာဏ အနည်းငယ် မြင့်တက်လာခြင်း
* ပျို့အန်ခြင်း
* အဆစ်အမြစ် နာကျင်ခြင်း
* အဖုအပိမ့် ထွက်ခြင်း
> 🚨 အရေးကြီးသတိပေးချက်: ဆေးသောက်နေစဉ်အတွင်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း (သို့) အသည်းရောင်အသားဝါ လက္ခဏာများ (မျက်လုံးဝါခြင်း၊ ဆီးအရောင် ရင့်လာခြင်း) တို့ ဖြစ်ပေါ်လာရင် ဆရာဝန်ကို ချက်ချင်း ပြသရပါမယ်။
>
📌 သတိပြုရန်! Febuxostat ကို ဆေးညွှန်းမပါဘဲ မိမိသဘောနဲ့ သောက်သုံးခြင်း မပြုရပါ။ ဆေးသောက်သုံးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ၊ စိုးရိမ်ပူပန်မှုတွေ ရှိရင် သက်ဆိုင်ရာ ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်သူ နဲ့သာ တိုင်ပင်ဆွေးနွေးပါ။

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

#ယူရစ်အက်ဆစ် #ဂေါက်ရောဂါကုထုံး #ကျန်းမာရေးဗဟုသုတ

💖 ကိုယ်ဝန်တားဆေးသောက်ဖို့ စဉ်းစားနေလား? (Estrogen ပါတဲ့ဆေးများအတွက်)ကိုယ်ဝန်တားဆေး (Estrogen နဲ့ Progestin နှစ်မျိုးပါတဲ...
06/11/2025

💖 ကိုယ်ဝန်တားဆေးသောက်ဖို့ စဉ်းစားနေလား? (Estrogen ပါတဲ့ဆေးများအတွက်)

ကိုယ်ဝန်တားဆေး (Estrogen နဲ့ Progestin နှစ်မျိုးပါတဲ့ Combined Pill) ဟာ ကိုယ်ဝန်မရအောင် ကာကွယ်ပေးတဲ့နေရာမှာ အရမ်းအသုံးဝင်ပေမယ့်၊ လူတိုင်းနဲ့တော့ အမြဲတမ်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဘယ်သူတွေက ပိုပြီးသတိထားရမယ်၊ ဘယ်သူတွေက လုံးဝမသောက်သင့်ဘူးဆိုတာ ကြိုသိထားဖို့ အရမ်းအရေးကြီးပါတယ် ✅

💊Estrogen ပါတဲ့ ကိုယ်ဝန်တားဆေးတွေက ဈေးကွက်ထဲ မှာ brand ပေါင်းများစွာ ရှိပါတယ်
Microgynon, OK, Sure, Marvelon 28, Femine 30, Drosperin စတဲ့ ကိုယ်ဝန်တားဆေးတွေဟာ Estrogen ပါဝင်တဲ့ ဆေးတွေ ဖြစ်ပါတယ်။

Estrogen ပါဝင်တဲ့ ကိုယ်ဝန်တားဆေးတွေဟာ သွေးခဲနိုင်ခြေကို နည်းနည်း မြှင့်တင်ပေးနိုင်တဲ့အတွက် အောက်ပါ ကျန်းမာရေးပြဿနာတွေ ရှိဖူးသူတွေ ဒါမှမဟုတ် လက်ရှိ ခံစားနေရသူတွေဟာ လုံးဝ ရှောင်ရှားသင့်ပါတယ် (မသောက်ခင် ဆရာဝန်နဲ့ အသေးစိတ် တိုင်ပင်ပါ!)။

🔺သွေးခဲဖူးတဲ့ ရာဇဝင်ရှိသူများ: ခြေထောက်၊ အဆုတ်၊ မျက်လုံး စတဲ့ နေရာတွေမှာ သွေးခဲဖူးတာ (DVT/Pulmonary Embolism)။
🔺လေဖြတ်တာ ဒါမှမဟုတ် နှလုံးရောဂါရှိဖူးသူများ: နှလုံးရောဂါ၊ လေဖြတ်တာ (Stroke)၊ နှလုံးသွေးကြောကျဉ်းတာတွေ ရှိဖူးရင်။
🔺 ပြင်းထန်တဲ့ သွေးတိုးရှိသူများ: သွေးတိုးကို လုံးဝမထိန်းချုပ်နိုင်သေးတဲ့သူတွေ။
🔺ကင်ဆာရောဂါရှိသူများ: ရင်သားကင်ဆာ ဒါမှမဟုတ် သားအိမ်/သားအိမ်ခေါင်းကင်ဆာ (တစ်ချို့အမျိုးအစားများ) ရှိနေသူတွေ။
🔺အသည်းရောဂါ ပြင်းထန်သူများ: ပြင်းထန်တဲ့ အသည်းခြောက်တာ၊ အသည်းအကျိတ် (Liver Tumors) ရှိတာတွေ။
🔺Aura ပါတဲ့ မိုက်ဂရိန်းရှိသူများ: ခေါင်းမကိုက်ခင် အမြင်အာရုံပြောင်းလဲတာ (Aura) ပါတဲ့ မိုက်ဂရိန်း (Migraine) အမျိုးအစားရှိသူတွေ။
🔺အသက် ၃၅ နှစ်ကျော်ပြီး ဆေးလိပ်သောက်သူများ: ဒီအချက်နှစ်ခု ပေါင်းသွားရင် သွေးခဲနိုင်ခြေနဲ့ နှလုံးပြဿနာ ဖြစ်နိုင်ခြေ အဆပေါင်းများစွာ မြင့်တက်လာပါတယ်။
🔺ဆီးချိုရောဂါကြောင့် နောက်ဆက်တွဲ ပြဿနာတွေ (ကျောက်ကပ်၊ အာရုံကြော၊ မျက်လုံး) ရှိနေသူများ။
🔺သားဖွားပြီး မကြာသေးသူများ: ကလေးမွေးပြီး ၄ ပတ်ကနေ ၆ ပတ်အတွင်း (အထူးသဖြင့် သွေးခဲနိုင်ခြေများတဲ့သူတွေ) အနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ သောက်သင့်ပါတယ်။

🙋‍♀️ ကိုယ်နဲ့ အဆင်ပြေမယ့် တားနည်းကို ဘယ်လိုရွေးမလဲ?

ကိုယ်ဝန်တားဆေးသောက်ခြင်းက ကိုယ်ဝန်မရအောင် ထိရောက်စွာ ကာကွယ်ပေးသလို၊ ရာသီသွေးမှန်စေတာ၊ ရာသီနာကျင်တာ သက်သာစေတာ စတဲ့ အကျိုးကျေးဇူးတွေလည်း ရှိပါတယ်။ ဒါပေမဲ့...
✨သင့်ရဲ့ကျန်းမာရေးရာဇဝင် (Medical History) အားလုံးကို ဆရာဝန်ကို အတိအကျ ပြောပြပါ။
✨သွေးခဲနိုင်ခြေများတဲ့ အခြေအနေတွေ (ဥပမာ- ဆေးလိပ်သောက်တာ၊ အဝလွန်တာ) ရှိရင် Estrogen မပါတဲ့ တခြားတားဆေး (ဥပမာ- Progestin-only pill / ထိုးဆေး / လက်မောင်းအရေပြားအောက်ထည့်တဲ့ တားဆေး) တွေအကြောင်း ဆွေးနွေးပါ။

📌 အဓိကပြောချင်တာက ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး ကိုယ့်ဘာသာ ဆုံးဖြတ်တာမျိုး လုံးဝမလုပ်ဘဲ၊ ကိုယ့်အတွက် အန္တရာယ်ကင်းပြီး အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်အထူးကု နဲ့ သေချာတိုင်ပင်ပြီးမှ ရွေးချယ်ပါနော်။

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

cy #သွေးဖောက် #အလုပ်အကိုင်အခမဲ့

#ဆေးဝါး

မင်္ဂလာဈေးကြီးမှာ လက္ကားဆိုင် ဖွင့်ထားတဲ့ LINN က သင်တန်းသား ကိုရဲရင့်နိုင် 👏LINN က သင်တန်းသား သင်တန်းသူတွေထဲ မှာ လက္ကားဆ...
22/10/2025

မင်္ဂလာဈေးကြီးမှာ လက္ကားဆိုင် ဖွင့်ထားတဲ့ LINN က သင်တန်းသား ကိုရဲရင့်နိုင် 👏

LINN က သင်တန်းသား သင်တန်းသူတွေထဲ မှာ လက္ကားဆိုင်ဖွင့်ထားတဲ့ သင်တန်းသားတွေလည်း အများကြီး ရှိလာကြပြီ ဖြစ်ပါတယ်
အခုလည်း LINN Education မှာ အဆင့်မြင့် ဆေးဝါးကျွမ်းကျင် သင်တန်းတက်ရောက်ပြီး မင်္ဂလာဈေးကြီးထဲမှာ ဦးခင်မောင်အေး အမည်နဲ့ ဆိုင်ကြီး ဖွင့်လှစ်လိုက်ပြီပဲ ဖြစ်ပါတယ် 😃

💊ဆေးဝါးများကို ဈေးနှုန်းမှန်ကန်ပြီး စုံစုံလင်လင်လိုအပ်တယ်ဆိုရင် ဆိုင် အမှတ် - 193 ၊ မင်္ဂလာဈေးကြီးထဲမှာ ဖွင့်လှစ်ထားတဲ့ ဦးခင်မောင်အေး လက္ကားဆိုင်ကြီးမှာ ဝယ်ယူရရှိနိုင်ပါတယ် ရှင် 😍

သင်တန်းသား ကိုရဲရင့်နိုင် ရဲ့ ဆေးဆိုင်ကြီး ရောင်းအားကောင်းပြီး ကြီးပွားတိုးတက်ပါစေလို့ LINN Education မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင် 🎉✨

ကိုယ်ပိုင်ဆေးဆိုင်ဖွင့်လိုသူများအတွက် အဆင့်မြင့် ဆေးဝါးကျွမ်းကျင် သင်တန်း ကို (30.10.25)မှာ စတင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်✅

✨တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

🤰 ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တဲ့ ပိုးသတ်ဆေးးများ (Antibiotics Contraindicated in Pregnancy) ❌ကိုယ်ဝန်ဆောင်မိခင်တွေဟ...
22/10/2025

🤰 ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်သင့်တဲ့ ပိုးသတ်ဆေးးများ (Antibiotics Contraindicated in Pregnancy) ❌
ကိုယ်ဝန်ဆောင်မိခင်တွေဟာ ရောဂါပိုးဝင်တဲ့အခါ ဆေးသောက်ဖို့ လိုအပ်လာတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ကလေးအတွက်ပါ ဘေးကင်းဖို့ဆိုတာ အရေးအကြီးဆုံးပါပဲ။ ပဋိဇီဝဆေးအချို့ဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အန္တရာယ်ရှိနိုင်တာကြောင့် သတိပြုရှောင်ကြဉ်သင့်ပါတယ်။

💊 ကိုယ်ဝန်ဆောင်ချိန်မှာ ရှောင်ကြဉ်သင့်တဲ့ ပိုးသတ်ဆေးအချို့
ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အောက်ပါ ပိုးသတ်ဆေးအမျိုးအစားတွေကို ဆရာဝန်ရဲ့ တိကျတဲ့ ညွှန်ကြားချက်မရှိဘဲ လုံးဝမသောက်သင့်ပါဘူး။
Tetracyclines (ဥပမာ- Doxycycline, Minocycline)
အန္တရာယ်: ကလေးရဲ့ သွားတွေနဲ့ အရိုးကြီးထွားမှုကို ထိခိုက်စေနိုင်ပြီး သွားတွေကို အရောင်ပြောင်းစေနိုင်ပါတယ်။ ကိုယ်ဝန်ဒုတိယသုံးလပတ်ကနေစပြီး ရှောင်ကြဉ်သင့်ပါတယ်။
Quinolones / Fluoroquinolones (ဥပမာ- Ciprofloxacin, Levofloxacin)
အန္တရာယ်: မွေးကင်းစကလေးရဲ့ အဆစ်အမြစ်နဲ့ အရိုးနုတွေကို ထိခိုက်စေနိုင်တယ်လို့ သီအိုရီအရ ယူဆရပါတယ်။ တိကျတဲ့ လူသားအချက်အလက်တွေ နည်းနေသေးပေမယ့် ဘေးကင်းမှုအတွက် ရှောင်ကြဉ်သင့်ပါတယ်။
Sulfonamides (ဥပမာ- Co-trimoxazole - Bactrim/Septra)
အန္တရာယ်: ကိုယ်ဝန်ဆောင်နောက်ဆုံးသုံးလပတ် (အထူးသဖြင့် မွေးခါနီး) မှာ သောက်ရင် မွေးကင်းစကလေးငယ်တွေမှာ Jaundice (အသားဝါခြင်း) ဖြစ်စေနိုင်ခြေရှိပါတယ်။ ကိုယ်ဝန်ဆောင်ချိန် အစောပိုင်းမှာတော့ အချို့အခြေအနေတွေမှာ အသုံးပြုနိုင်ပေမယ့် ဆရာဝန်ရဲ့ ညွှန်ကြားမှုနဲ့သာ ဖြစ်ပါတယ်။
Aminoglycosides (ဥပမာ- Gentamicin, Amikacin)
အန္တရာယ်: ကလေးရဲ့ နားအကြားအာရုံကို ထိခိုက်စေနိုင်တဲ့ ဘေးထွက်ဆိုးကျိုး (ototoxicity) ရှိနိုင်တာကြောင့် လိုအပ်မှသာ အလွန်သတိထားပြီး အသုံးပြုသင့်ပါတယ်။
✅ ဘေးကင်းသော ရွေးချယ်မှုများ
ဆရာဝန်တွေဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ဘေးအကင်းဆုံးဖြစ်တဲ့ ပိုးသတ်ဆေးတွေကို ရွေးချယ်ပေးပါလိမ့်မယ်။ အများအားဖြင့် ဘေးကင်းတယ်လို့ ယူဆရတဲ့ ပိုးသတ်ဆေးတွေကတော့-
Penicillin (ဥပမာ- Amoxicillin, Ampicillin)
Cephalosporins (ဥပမာ- Cephalexin, Cefuroxime)
Erythromycin (အချို့အမျိုးအစားများ)

🤰 ကိုယ်ဝန်ဆောင်မိခင်များအတွက် အရေးကြီးအချက်များ
ဆရာဝန်နှင့် အမြဲတိုင်ပင်ပါ: ကိုယ်ဝန်ဆောင်ချိန်မှာ မည်သည့်ဆေးဝါးကိုမဆို မသောက်သုံးမီ ဆရာဝန်နှင့် ဦးစွာတိုင်ပင်ဆွေးနွေးပါ။
မိမိကိုယ်ဝန်အခြေအနေကို အသိပေးပါ: ဆေးခန်းပြတိုင်း၊ ဆေးဝါးဝယ်ယူတိုင်း မိမိကိုယ်ဝန်ရှိနေကြောင်း အမြဲတမ်းပြောပြပါ။
မိမိဘာသာ ဆေးဝယ်သောက်ခြင်း လုံးဝရှောင်ပါ: အန္တရာယ်ရှိနိုင်တဲ့ ဆေးတွေကို မိမိဘာသာ မှန်းဆပြီး ဝယ်မသောက်ပါနဲ့။
ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်ရော ကလေးအတွက်ပါ အထူးဂရုစိုက်ရမယ့် အချိန်ဖြစ်တာကြောင့် ဆေးဝါးသုံးစွဲမှုနဲ့ ပတ်သက်ပြီး အသိပညာ ကြွယ်ဝဖို့ အလွန်အရေးကြီးပါတယ်။ ကျန်းမာပျော်ရွှင်သော မိခင်နှင့် ကလေးဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🙏

တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/nursinglinn

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့
#ကိုယ်ဝန်ဆောင် #ပဋိဇီဝဆေး #ကိုယ်ဝန်ဆောင်ကျန်းမာရေး #ဆေးဝါးသုံးစွဲမှု #မိခင်နှင့်ကလေး #ကျန်းမာရေးဗဟုသုတ

"ပိန်ဆေးထိုးဆေး" SemaglutideSemaglutide ဆိုတာဘာလဲ❓Semaglutide ဟာ အစကနဦးမှာ ဆီးချိုသွေးချို အမျိုးအစား (၂) ကို ကုသဖို့အတွ...
15/10/2025

"ပိန်ဆေးထိုးဆေး" Semaglutide

Semaglutide ဆိုတာဘာလဲ❓

Semaglutide ဟာ အစကနဦးမှာ ဆီးချိုသွေးချို အမျိုးအစား (၂) ကို ကုသဖို့အတွက် ဖန်တီးခဲ့တဲ့ ဆေးဝါးတစ်မျိုး ဖြစ်ပါတယ်။ ဒီဆေးဟာ ခန္ဓာကိုယ်ထဲက "glucagon-like peptide-1 (GLP-1)" ဆိုတဲ့ ဟော်မုန်းရဲ့ လုပ်ဆောင်ချက်ကို တုပပြီး အလုပ်လုပ်ပါတယ်။

💊အဓိက လုပ်ဆောင်ချက်များ

♦️အစာစားချင်စိတ် လျော့နည်းစေခြင်း: ဦးနှောက်ကို သက်ရောက်မှုရှိပြီး ဗိုက်ပြည့်တင်းနေတယ်လို့ ခံစားရစေကာ အစာစားချင်စိတ်ကို လျော့နည်းစေပါတယ်။
♦️အစာအိမ်ထဲမှာ အစာကြာကြာရှိနေစေခြင်း: အစာအိမ် အစာချေဖျက်နှုန်းကို နှေးကွေးစေတဲ့အတွက် ဗိုက်ပြည့်နေတဲ့ ခံစားချက်ကို ပိုကြာရှည်စေပါတယ်။
♦️သွေးတွင်းသကြားဓာတ်ကို ထိန်းညှိခြင်း: အင်ဆူလင်ထုတ်လုပ်မှုကို မြှင့်တင်ပေးပြီး သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးပါတယ်။

ဒီလုပ်ဆောင်ချက်တွေကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ သိသာတဲ့ ရလဒ်တွေ ရရှိလာတာကို တွေ့ရှိရပြီးနောက်ပိုင်းမှာ ဆေးဝါးကုမ္ပဏီတွေဟာ ကိုယ်အလေးချိန် ထိန်းချုပ်ရေးအတွက် အသုံးပြုဖို့အတွက် အထူးထုတ်ကုန်တွေကို ဖန်တီးခဲ့ကြပါတယ်။

ကမ္ဘာပေါ်မှာရော မြန်မာနိုင်ငံမှာပါ Semaglutide ဆေးကို ပိန်ဆေးအဖြစ် အလွန်အကျွံ အသုံးပြုလာနေတာကို တွေ့ရပါတယ်။ အချို့သူတွေက ဆရာဝန် ညွှန်ကြားချက်မပါဘဲ (သို့မဟုတ်) ဆေးဆိုင်တွေကနေ အလွယ်တကူ ဝယ်ယူထိုးနှံနေကြတာမျိုးတွေ ရှိပါတယ်

Semaglutide ဟာ အစပိုင်းမှာ ဆီးချိုအတွက် ထုတ်လုပ်ခဲ့တဲ့ဆေး (ဥပမာ- Ozempic) ဖြစ်ပြီး နောက်ပိုင်းမှာ ကိုယ်အလေးချိန် ထိန်းချုပ်ဖို့အတွက် သီးသန့် ထိုးဆေး (ဥပမာ- Wegovy) တွေလည်း ထွက်ရှိလာပါတယ်။

❗️သတိပြုရန်❗️
ကိုယ်အလေးချိန် လျှော့ချဖို့အတွက် Semaglutide ကို အသုံးပြုသင့်/မသုံးသင့်ဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ဆုံးဖြတ်သင့်ပါတယ်။

❗️ဖြစ်နိုင်သော ဘေးထွက်ဆိုးကျိုးများ (Side Effects)❗️

Semaglutide ဟာ ထိရောက်မှုရှိပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ရှိပါတယ်။ အများဆုံး တွေ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့-
* ပျို့အန်ခြင်း (Nausea and Vomiting)
* ဝမ်းလျှောခြင်း (Diarrhea) သို့မဟုတ် ဝမ်းချုပ်ခြင်း (Constipation)
* ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း (Abdominal Pain)
ပိုမိုပြင်းထန်တဲ့ ဘေးထွက်ဆိုးကျိုးများ (ရှားပါးသော်လည်း ဖြစ်နိုင်):
* သရက်ရွက်ရောင်ရမ်းခြင်း (Pancreatitis)
* သည်းခြေအိတ် ပြဿနာများ (Gallbladder problems)
* သွေးတွင်းသကြားဓာတ် လွန်ကဲစွာ ကျဆင်းခြင်း (Hypoglycemia)
* ကျောက်ကပ် ထိခိုက်မှု (Kidney injury)
* သိုင်းရွိုက်ကင်ဆာ (Thyroid C-cell tumors) ဖြစ်နိုင်ခြေ တိုးလာနိုင်မှု (အချို့သော တိရစ္ဆာန်လေ့လာမှုများတွင် တွေ့ရသည်)
ဘယ်သူတွေ မထိုးသင့်ဘူးလဲ။
အောက်ပါအခြေအနေရှိသူများသည် Semaglutide ကို အသုံးမပြုသင့်ပါ သို့မဟုတ် ဆရာဝန်၏ အထူးကြီးကြပ်မှု လိုအပ်ပါသည်-
* မိသားစု ရာဇဝင်အရ Medullary Thyroid Carcinoma (MTC) သိုင်းရွိုက်ကင်ဆာ ရှိသူများ
* Multiple Endocrine Neoplasia syndrome type 2 (MEN 2) ရောဂါရှိသူများ
* သရက်ရွက် ရောင်ရမ်းဖူးသူများ (Pancreatitis History)
* ကိုယ်ဝန်ဆောင် သို့မဟုတ် နို့တိုက်မိခင်များ
* ပြင်းထန်သော ကျောက်ကပ်ပြဿနာ ရှိသူများ

Semaglutide ဟာ သိပ္ပံနည်းကျ အထောက်အထားများအရ ကိုယ်အလေးချိန် လျှော့ချရာမှာ အကျိုးပြုနိုင်တဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုဆေးဝါးကိုမဆို ဆရာဝန် ဒါမှမဟုတ် ကျန်းမာရေး ပညာရှင်ရဲ့ ကြီးကြပ်မှုနဲ့ ညွှန်ကြားမှုအောက်မှာသာ စနစ်တကျ အသုံးပြုသင့်ပါတယ်။

ကိုယ်အလေးချိန် လျှော့ချဖို့အတွက် အကောင်းဆုံးနဲ့ ရေရှည်အတွက် ခိုင်မာတဲ့ နည်းလမ်းတွေကတော့-
* ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်ပုံစံ ကို စားသုံးခြင်း။
* ပုံမှန် ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ခြင်း။
* လုံလောက်စွာ အနားယူ အိပ်စက်ခြင်း။
ဆေးဝါးသုံးစွဲမှုဟာ အမြဲတမ်း နောက်ဆုံးနည်းလမ်းဖြစ်ပြီး၊ အခြေခံဘဝနေထိုင်မှုပုံစံ ပြောင်းလဲခြင်း (Lifestyle Changes) ကသာ ရေရှည်ကျန်းမာရေးအတွက် အာမခံချက် အရှိဆုံး ဖြစ်ပါတယ်။

‼️ကိုယ်ပိုင်ဆေးဆိုင်ဖွင့်မယ့်သူများအတွက် အဆင့်မြင့် ဆေးဝါးကျွမ်းကျင် သင်တန်း ကို (23.10.25) မှာ စတင်ဖွင့်လှစ်တော့မှာဖြစ်ပါတယ် ‼️

✨တန်းခွဲ သစ်များအတွက် စုံစမ်း အပ်နှံရန်

𝐋𝐈𝐍𝐍 𝐄𝐝𝐮𝐜𝐚𝐭𝐢𝐨𝐧..........................
https://m.me/linnedu2

𝟎𝟗𝟐𝟔𝟖𝟐𝟕𝟐𝟏𝟏𝟕 / 𝟎𝟗𝟕𝟔𝟑𝟖𝟑𝟖𝟎𝟕𝟒
𝐍𝐨.𝟐𝟎𝟒, 𝐊𝐲𝐞𝐢𝐤 𝐊𝐚𝐬𝐚𝐧 𝐑𝐨𝐚𝐝, 𝐓𝐚𝐦𝐰𝐞 𝐓𝐨𝐰𝐧𝐬𝐡𝐢𝐩, 𝐘𝐚𝐧𝐠𝐨𝐧

#သွေးဖောက် #အလုပ်အကိုင်အခမဲ့

Address

Kyike Kansan Road
Yangon
11211

Telephone

+959268272117

Website

Alerts

Be the first to know and let us send you an email when ဆေးဝါးကျွမ်းကျင် online class - LINN Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram