03/04/2026
👩⚕️ အပူကန်ခြင်းအကြောင်း
"အပူကန်တယ်" ဆိုတာ ခန္ဓာကိုယ်ထဲမှာ ရှိသင့်တာထက် အတွင်းအပူတွေ ပိုများလာပြီး အပြင်ကို ပြန်ထွက်ဖို့ ကြိုးစားတဲ့ အခြေအနေကို ခေါ်တာ ဖြစ်ပါတယ်။ ဒါဟာ အဖျားတက်တာမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေ မမျှတတာကြောင့် ဖြစ်တတ်ပါတယ်....
👩⚕️ ဘယ်လို လက္ခဏာတွေ ပြတတ်သလဲ?
အပူကန်တဲ့အခါ ခန္ဓာကိုယ်က အောက်ပါအတိုင်း တုံ့ပြန်တတ်ပါတယ်
✅ ခံတွင်းပျက်ခြင်း - လျှာမှာ အဖြူဖတ်တွေ တက်တာ၊ ခံတွင်းနံတာ၊ သွားဖုံးရောင်တာ ဒါမှမဟုတ် ပါးစပ်ထဲမှာ အပူဖုတွေ ပေါက်ခြင်း
✅ မျက်နှာနဲ့ ကျောပြင်မှာ ဝက်ခြံ ဒါမှမဟုတ် အပူဖုလေးတွေ ထွက်လာခြင်း၊ မျက်စိပူ၊ မျက်စိနီခြင်း၊ ဆီးသွားလျှင်ပူခြင်း ၊ ဆီးအရောင်ရင့်ခြင်း
✅အစာခြေစနစ်တွင် ဝမ်းချုပ်ခြင်း ဗိုက်အတွင်းထဲက ပူလောင်လောင် ဖြစ်ခြင်း။
ဘာကြောင့် အပူကန်ရတာလဲ?
✅ အစားအသောက်
အပူအစပ် အကြော်အလှော်များ၊ အသား (အထူးသဖြင့် အမဲသား၊ ကြက်သား)၊ ဒူးရင်းသီး ဒါမှမဟုတ် ကဖိန်းဓာတ် (ကော်ဖီ) တွေ အလွန်အကျွံ စားသုံးခြင်း။
✅ ရာသီဥတု
နွေရာသီလို အပြင်အပူချိန် အရမ်းပြင်းတဲ့အခါ ခန္ဓာကိုယ်က အပူကို ကောင်းကောင်း မစွန့်ထုတ်နိုင်ခြင်း။
✅ နေထိုင်မှုပုံစံ
အိပ်ရေးပျက်ခြင်း၊ ရေဝအောင်မသောက်ခြင်း နဲ့ စိတ်ဖိစီးမှုများတာတွေကြောင့် ဖြစ်တတ်ပါတယ်
👩⚕️ အပူကန်တာကို ဘယ်လို ဖြေဖျောက်မလဲ?
👉 ဖရဲသီး၊ သခွားသီး၊ ကျောက်ဖရုံသီး၊ ကန်စွန်းရွက် စတဲ့ အအေးစာတွေကို စားပေးပါ။
👉 ခန္ဓာကိုယ်ထဲက အပူတွေကို ဆီးကနေတစ်ဆင့် စွန့်ထုတ်နိုင်ဖို့ ရေများများ သောက်ပါ။
👉 အပူကန်နေစဉ်မှာ ငရုတ်သီး၊ ချင်း (ဂျင်း)၊ ကြက်သွန်ဖြူနဲ့ ဆီကြော်တွေကို ခေတ္တရှောင်ပါ။
👉 အုန်းရည် သို့မဟုတ် သံပရာရည်က ခန္ဓာကိုယ်ကို ချက်ချင်း အေးမြစေတဲ့ သဘာဝအချိုရည်တွေ ဖြစ်ပါတယ်။
👉 အပူကန်တာက သာမန်အားဖြင့် အစားအသောက်နဲ့ နေထိုင်မှု ပြောင်းလဲလိုက်ရင် ပျောက်ကင်းနိုင်ပေမယ့် ရက်ရှည်လည်ချောင်းနာတာ (သို့) တခြားရောဂါလက္ခဏာများ ခံစားရပါက ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်နော်
#မေတ္တာထူးဆေးဆိုင်
#မေတ္တာထူးမှာဆေးဝယ်ပါ