Dr.Ye Htut Little Clinic

Dr.Ye Htut Little Clinic . Working & Learning so hard...not to earn. so that my "One Mentor" might accept me
back again.

02/12/2025
နောက်တစ်ခါလဲ လုပ်လာဦးမှာပဲ... ကိုယ့်လူနာတွေ နဲ့ မိမိဂုဏ်သိက္ခာ မနစ်နာဖို့၊ဒီလိုထပ်မဖြစ်ဖို့ထိထိရောက်ရောက် ဆောင်ရွက်ထားပါ...
03/11/2025

နောက်တစ်ခါလဲ လုပ်လာဦးမှာပဲ...

ကိုယ့်လူနာတွေ နဲ့ မိမိဂုဏ်သိက္ခာ
မနစ်နာဖို့၊
ဒီလိုထပ်မဖြစ်ဖို့
ထိထိရောက်ရောက် ဆောင်ရွက်ထားပါပြီ။

31/10/2025

စစ်မှုထမ်းဥပ‌ဒေ ကင်းလွတ်ခွင့်အခွန်ဥပဒေကြမ်း တင်ပြထားဟု ပြော

CNI News

၂၀၂၅ခုနှစ်၊ အောက်တိုဘာ ၃၁

မြန်မာနိုင်ငံအတွင်းရှိ ပြည်သူများအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် စစ်မှုမထမ်းဆောင်လိုပါက စစ်မှုထမ်း ဥပဒေ ကင်းလွတ်ခွင့် အခွန်တော်ဥပဒေကြမ်း ရေးဆွဲ၍ သက်ဆိုင်ရာသို့ တင်ပြထားသည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဒေါက်တာအောင်မျိုးမှ CNI သတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် ထမ်းဆောင်နိုင်ရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်တွင် စတင်အာဏာတည်စေခဲ့ပြီး လက်ရှိအချိန်၌ ပြည်သူ့စစ်မှုထမ်း သင်တန်း အပတ်စဥ် ၁၇ အထိ ရှိပြီဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်အခွန်တော်ဆိုသည့် ဥပဒေကြမ်းတစ်ခု ရေးဆွဲထားပြီးဖြစ်ကြောင်း၊ ထိုဥပဒေကြမ်းအား နိုင်ငံတော်မှ အတည်ပြုခဲ့မည်ဆိုလျှင် လက်ရှိ ဖြစ်ပေါ်နေသည့် ကိစ္စရပ်များအား အဖက်ဆယ် နိုင်လိမ့်မည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးမှ CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ကျနော့် Idea သပ်သပ်ပါ၊ ကျနော်ကတော့ (Military service exemption tax) လို့ခေါ်တဲ့ စစ်မှုထမ်း ဆောင်ခြင်းမှ ပြည်သူ့စစ်မှု ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့် အခွန်တော်ဆိုပြီးတော့ အဲ့ဥပဒေကြမ်းတစ်ခုကို ကျနော်က ရေးထားပါတယ်။ ရေးထားပြီးတော့ ကျနော် စစ်မှုထမ်းဟောင်းအဖွဲ့က ကျနော်တို့ ဗိုလ်ကြီး ခင်မောင်ဆင့်‌ပေါ့၊ သူကတဆင့် ကိုယ်က စစ်မှုထမ်းဟောင်း ခံစားချက်ကို တင်ပြပေးပါဆိုပြီးတော့ နိုင်ငံတော်ကို ဆက်ပြီး တင်ပြပေးပါဆိုပြီး ကျနော်က အကူအညီတောင်းခဲ့ပါတယ်။ ဒါပေမယ့် အခုထက်ထိတော့ ဒါက ထွက် မလာသေးပါဘူး။ ကျနော့် အဲ့ဥပဒေကြမ်းကို ပုံနှိပ်ပါ ရေးထားတာပေါ့၊ အတည်ပြု ခဲ့မယ်ဆိုရင်တော့ အခု အကြောင်း အမျိုးမျိုးကြောင့် စစ်မှု မထမ်းဆောင်လိုတဲ့ ပြည်သူတွေက အခွန်ပေးဆောင်တာနဲ့ ကင်းလွတ်ခွင့် ရမယ်ဆိုရင်တော့ နိုင်ငံတော်ထဲကို အဲ့အပြင်ကို ထွက်သွားတဲ့ လူငယ်တွေ၊ နောက်ပြီးတော့ (resources person) တွေ ကျွမ်းကျင်လုပ်သားတွေ‌၊ ပညာရှင်တွေ ပြန်ဝင်လာတဲ့အခါမှာ တိုင်းပြည်စီးပွားရေးက ပြန်မြင့်လာမယ်။ လူဦးရေလည်း ပြန်တက်လာမယ်။ ဆိုတော့ အစစအရာရာပေါ့နော် (GDP)အကုန် ပါသွားမှာပေါ့။ အဲ့ဒီ အချက် ကတော့ လိုပါတယ်။ အဲ့တာကတော့ အဓိက နိုင်ငံရေး ထွက်ပေါက်နဲ့ အဲ့ဥပဒေ ထုတ်ပြန်လိုက်ပြီးတော့ ကျနော်တို့ ထိန်းသိမ်းရမယ့် သဘောပါပဲ” ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စစ်မှုထမ်း ဥပဒေကြောင့် မြန်မာနိုင်ငံအတွင်းရှိ လူငယ်လူရွယ်များ ပြည်ပနိုင်ငံများသို့ ထွက်ခွာသွားကြသလို စစ်မှုထမ်းဆောင်ရန် ခေါ်‌ဆောင်ခံရခြင်းများကြောင့် အလုပ်လုပ်နိုင်သော လူငယ်လူရွယ် ဦးရေမှာ လျော့ကျလာနေကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

ထို့နောက် လူဦးရေ လျော့ကျလာခြင်းနှင့်အတူ အလုပ်သမား ရှာပါးခြင်း၊ ကုန်ထုတ်လုပ်ငန်းများ နှေးကွေးလာခြင်း၊ လူဦးရေ လျော့ကျခြင်း ဘေးအန္တရာယ်များကြုံတွေ့လာရခြင်း စသည့် အခြေအနေများကိုလည်း ရင်ဆိုင်လာနေရ ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လက်ရှိ မြန်မာနိုင်ငံတွင် မြန်မာ့တပ်မတော်နှင့် လက်နက်ကိုင် အင်အားစုများကြား တိုက်ပွဲများ အပြင်းအထန် ဖြစ် ပွားနေခြင်းကြောင့် နှစ်ဖက်စလုံးက စစ်မှုထမ်းရန်အတွက် လူငယ်လူရွယ်များအား ခေါ်ဆောင်ခြင်း၊ ဖမ်းဆီးခြင်း များ အရှိန်မြှင့် လုပ်ဆောင်နေကြသည်။

ထို့ကြောင့် လက်နက်ကိုင်ထားကြသော အဖွဲ့အစည်းများ၏ စစ်မှုထမ်း ခေါ်ဆောင်ခြင်းများ ရပ်တန့်နိုင်ရေး အတွက် နိုင်ငံရေးပါတီများနှင့် နိုင်ငံရေးအကဲခတ်များက နည်းလမ်းပေါင်းစုံဖြင့် ကြိုးပမ်းလျက်ရှိနေကြသည်။

#သတင်းအပြည့်အစုံကို Comment Link တွင် ဖတ်ရန်

ပုံ - ပြည်သူ့စစ်မှုထမ်းများကို တွေ့ရစဉ်

💭
26/10/2025

💭

https://youtu.be/KZIgtcB4a_I?si=Z_iGUqudQobXx3rZ
18/10/2025

https://youtu.be/KZIgtcB4a_I?si=Z_iGUqudQobXx3rZ

ချစ်သောကမ္ဘာမြေ (Lyric Video) တေးရေး - မောင်မောင်ဇော်လတ်၊ အယ်ဖြူ၊ ညီထွဋ်၊ ရွှေဂျော်ဂျော်တေးဆို - BIG V (မျိုးကျော့မြိုင်.....

Address

47, Hninze Gone
Yangon
11121

Opening Hours

Monday 08:30 - 10:30
16:00 - 19:30
Tuesday 08:30 - 10:30
16:00 - 19:30
Thursday 08:30 - 10:30
16:00 - 19:30
Friday 08:30 - 10:30
16:00 - 19:30
Saturday 08:30 - 10:30
16:00 - 19:30

Telephone

+959697590780

Alerts

Be the first to know and let us send you an email when Dr.Ye Htut Little Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Ye Htut Little Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category