ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့

  • Home
  • Myanmar
  • Yangon
  • ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့

ဆန္ဒမွန်  အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့ +95 9420745814 + 95 9428208038

28/11/2024
နှလုံးသွေးကြော ရောဂါနှင့် ပတ်သက်ပြီး ဗဟုသုတ ရစေရန် နှင့် အရေးပေါ် ဖြစ်ခဲ့လျှင် အချိန်ဟာအရမ်းအရေးကြီးတာကြောင့် ဆေးရုံ ရွေ...
17/11/2022

နှလုံးသွေးကြော ရောဂါနှင့် ပတ်သက်ပြီး ဗဟုသုတ ရစေရန် နှင့် အရေးပေါ် ဖြစ်ခဲ့လျှင် အချိန်ဟာ
အရမ်းအရေးကြီးတာကြောင့် ဆေးရုံ ရွေးချယ်မှု့ဟာလဲ အရေးကြီးပါတယ်။
နှလုံးသွေးကြော အရေးပေါ်ပိတ် သွားခဲ့သည် ရှိသော် အမြန်ဆုံး ထိရောက်တဲ့ ကုသမှု့ဟာ အသက်ရှင်ဖို့ အတွက် အရေးကြီးဆုံးဖြစ်ပါတယ်။ အချိန်ကြာလာတာနဲ့ အမျှ နှလုံးကြွက်သားထိခိုက်မှု့ဟာပိုပိုဆိုးလာမှာဖြစ်တဲ့ အတွက် မှန်မှန်ကန်ကန် ဆေးရုံ ရွေးချယ်ရပါမယ်။
နှလုံးသွေးကြော နှင့် ပတ်သက်သော အကူအညီများ ရယူလိုပါက
အခမဲ့ မေးမြန်းပါ။
Life is very precious.
0942 0745 814

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများကူးစက်ခံရပြီ...
15/07/2022

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

နောက်ဆုံးပေါ် အိုမီခရွန် ဘီအေ ၄ နဲ့ ဘီအေ ၅ ရောဂါလက္ခဏာများ

ကူးစက်ခံရပြီး (၁) ရက်မှ (၃) ရက်

၁။ သာမန်အအေးမိအဖျားနှင့်ဆင်တူသည်။
၂။ လည်ချောင်းအနည်းငယ်နာသည်။
၃။ ဖျားနာကိုက်ခဲ ပင်ပန်းနွမ်းနယ်ခြင်းမရှိ။
၄။ ပုံမှန်အတိုင်း အစားအသောက်မပျက်။

(၄) ရက်မြောက်နေ့

၁။ အာသီးအနည်းငယ်ရောင်သည်။
၂။ စကားပြောလျှင် လည်ချောင်း နာလာသည်။
၃။ ကိုယ်အပူအချိန်မှာ ပုံမှန်အပူချိန် 36.5C ဖြစ်သည်။
သို့သော် အစားအသောက်မြိုချရာတွင် အခက်အခဲရှိသည်။ ခေါင်းအနည်းငယ်ကိုက်မည်။
၄။ light belly အစာအိမ်လေထမည်။ အရက်မူးသကဲ့သို့ အနည်းငယ် မူးဝေနေမည်။

(၅) ရက်မြောက်နေ့

၁။ လည်ချောင်းနာနေမည်။ ပင်ပန်းနွမ်းနယ်နေမည်။
၂။ ကိုယ်အပူချိန် 36.5-36.7C တွင်ရှိမည်။
၃။ အဆစ်အမြစ် ကိုက်ခဲနာကျင်မည်။

(၆) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37 C+ အထက်ရောက်လာသည်။
၂။ သလိပ်မထွက်သည့် ချောင်းခြောက်ဆိုးသည်။
၃။ စကားပြောတိုင်း အစာစားတိုင်း လည်ချောင်းနာကျင်နေမည်။
၄။ အားအင်ကုန်ခမ်းပြီး မောပန်းနွမ်းနယ်နေမည်။
၅။ ရံဖန်ရံခါတွင် အသက်ရှူရန် အခက်အခဲဖြစ်လာမည်။
၆။ ခြေချောင်းများ နာကျင်လာမည်။
၇။ ဝမ်းလျှော၍ အော့အန်မည်။

(၇) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 37.4-37.8C ရှိလာသည်။
၂။ ချောင်းအဆက်မပြတ်ဆိုးပြီး သလိပ်ပျစ်ပျစ်များထွက်နေမည်။
၃။ ခေါင်းကိုက်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကိုက်ခဲ နာကျင်နေမည်။
၄။ အပြင်းအထန် ဝမ်းလျှောမည်။
၅။ အော့အန်မည်။

(၈) ရက်မြောက်နေ့

၁။ ကိုယ်အပူချိန် 38C +အထက်ထိရောက်လာပြီး အပြင်းအထန်ဖျားလာမည်။
၂။ အသက်ရှူရန် အခက်အခဲဖြစ်လာသည်။
၃။ ချောင်းအဆက်မပြတ်ဆိုးမည်။
၄။ ခေါင်းကိုက်ပြီး အဆစ်အမြစ်နှင့် ကြွက်သားများနာကျင်မည်။
၅။ ခြေထောက်နှင့် ခန္ဓာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုက်ခဲနာကျင်မည်။

(၉) ရက်မြောက်နေ့

၁။ ရောဂါအခြေအနေ အတိုးအလျော့မရှိပါ။
၂။ အပြင်းအထန် အဖျားတက်လာမည်။
၃။ အချို့ရောဂါလက္ခဏာများသက်သာလာမည်။
၄။ သို့သော် အသက်ရှူရန်အတွက် အပြင်းအထန် ကြိုးစားလာရမည်ဖြစ်သည်။ ထိုအနေအထားသို့ရောက်လာလျှင် သွေးစစ်ပြီး ရင်ခေါင်းဓာတ်မှန်ရိုက်ရန် လိုအပ်လာပြီဖြစ်သည်။

ထိုင်းနိုင်ငံ ချူလာလောင်ကောင်ဆေးရုံမှ ထုတ်ပြန်သည်။

14/07/2022

ထိုင်းမှာ ကိုဗစ်ကြောင့် သေဆုံးသူ ၂၈ ဦးအထိမြင့်တက်၊ စင်ကာပူမှာလည်း ၃ ဦးသေဆုံးပြီးတစ်ရက်တည်း ကူးစက်သူတစ်သောင်းခွဲကျော်ထိရှိ
=======================================

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်ကြောင့်သေဆုံးသူ ၂၈ ဦးအထိ မြင့်လာပြီး အာဆီယံမှာဆိုရင်တော့ စင်ကာပူနိုင်ငံမှာ သေဆုံးသူ ၃ ဦးရှိခဲ့ပါတယ်။

ထိုင်းမှာ အရင်နေ့က သေဆုံးသူ ၂၅ ဦးပဲ ရှိရာကနေ ဒီနေ့ ဇူလိုင်လ ၁၄ ရက်မှာ သေဆုံးသူ ၂၈ ဦးအထိ မြင့်တက်သွားတာဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ထိုင်းနိုင်ငံရော၊ စင်ကာပူနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးတွေ့ အတည်ပြုလူနာဟာ နေ့စဥ် ထောင်ချီရှိနေဆဲဖြစ်ပါတယ်။

ဗိုင်းရပ်စ်ကူးစက်မှုဟာ ပြီးခဲ့တဲ့ရက်တွေတုန်းကထက်စာရင် နှစ်နိုင်ငံစလုံးမှာ ကူးစက်နှုန်း သိသိသာသာ မြင့်တက်လာတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာသစ် ၁၃ ဦးရှိတယ်လို့ ကျန်းမာရေး၀န်ကြီးဌာနကကြေညာပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရက်စ် မျိုးကွဲ အိုမီခရွန်ရဲ့ မျိုးဇီဗကွဲဖြစ်တဲ့ BA.4 နဲ့ BA.5 တို့ကို ပြည်ပက ပြန်လာသူတွေမှာတွေ့ရှိထားတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ သံသယပိုးတွေ့လူနာတွေကို ရောဂါပိုးရှိ မရှိ စစ်ဆေးတာကို ဇွန်လကုန်ပိုင်းအတည်းက ပြုလုပ်ခဲ့ပြီး ပိုးတွေ့ရှိခဲ့တာဖြစ်ပေမဲ့ သီတင်းတစ်ပတ်ကျော်ကြာမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်=======================...
14/07/2022

မြန်မာနိုင်ငံ၌ အိုမီခရွန် BA.4 တစ်ဦးနှင့် BA.5 ၅ ဦးစစ်ဆေးတွေ့ရှိဟု ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်
========================================

ကျန်းမာရေးဝန်ကြီးဌာနမှ ဇွန် ၃၀ ရက်တွင် ကိုဗစ်(၁၉)ရောဂါပိုးတွေ့ရှိသူများအနက် ကိုဗစ်(၁၉) မျိုးရိုးဗီဇပြောင်းရောဂါပိုးတွေ့ရှိနိုင်သည့် သံသ ယဓာတ်ခွဲနမူနာ ၁၆ ခုအား ဆေးသုတေသနဦးစီး ဌာန(Department of Medical Research)တွင် စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ရောဂါကူးစက်ခံထားရသူ တစ်ဦးနှင့် BA.5 ရောဂါကူးစက်ခံထားရသူ ၅ ဦးတို့အား တွေ့ရှိခဲ့ရသည်ဟု ဇူလိုင် ၁၁ ရက်ကထုတ်ပြန်ခဲ့သည်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူများသည် ပြည်ပနိုင်ငံများမှ မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာသည့် မြန်မာနိုင်ငံသားများဖြစ်ကာ ကိုဗစ်(၁၉)ရောဂါပိုး ဓာတ်ခွဲအတည်ပြုစဉ်ကပင် သတ်မှတ်ရက်အ တိုင်းသီးခြားထားရှိကုသမှုပေးခဲ့ပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ (အိုမီခရွန်)မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ် (၁၉)ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေ ဆုံးမှုလျော့နည်းကြောင်း တွေ့ရှိရသည်ဟု ကျန်း မာရေးဝန်ကြီးဌာနမှထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုးရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းနှင့်ကိုဗစ်(၁၉)ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသခြင်းလုပ်ငန်းများအား ပိုမိုအရှိန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

အလားတူ ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါမျိုး ရိုးဗီဇပြောင်းရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများအား မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှနိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ် (Commercial Fight)နှင့်ကယ်ဆယ်ရေးလေယာဉ် (Relief Flight)များ၊နယ်စပ်ဝင်ထွက်ဂိတ်များမှတစ်ဆင့်ဝင်ရောက်လာသူများထံမှ ဓာတ်ခွဲနမူနာရယူ၍ ဓာတ်ခွဲစစ်ဆေးလျက်ရှိသည်။

မိုးရာသီ အကြိုတုပ်ကွေး ကာကွယ်ဆေးများထိုးနိုင်ပါပြီ ခင်ဗျ။ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု့ပေးပါမည်။စျေးနှုန်း  စုံစမ်းပါရန်။...
21/04/2022

မိုးရာသီ အကြိုတုပ်ကွေး ကာကွယ်ဆေးများထိုးနိုင်ပါပြီ ခင်ဗျ။ အိမ်တိုင်ရာရောက်ဝန်ဆောင်မှု့ပေးပါမည်။စျေးနှုန်း စုံစမ်းပါရန်။
0942 0745 814

Address

Yangon

Telephone

+959420745814

Website

Alerts

Be the first to know and let us send you an email when ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆန္ဒမွန် အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု့:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram