Ariya Yoga

Ariya Yoga Certificates holder of
200 Hours IYTTC (US Alliance)
Yoga Teacher & Evaluator (Yoga Certification Board, Ayush Ministry, India)

04/01/2026

လွတ်လပ်ရေးနေ့မှာ ကိုယ့်မြို့၊ ကိုယ့်ပြည် လွမ်းမိပါကြောင်း🥹

Merry Christmas to you all ⛄ 🎁 🎄
25/12/2025

Merry Christmas to you all ⛄ 🎁 🎄

🧘‍♀️World Meditation Day 🧘‍♀️သက်မှတ်ပေါ်ပေါက်လာမှု အကြောင်းအရာ.....၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်‌နေ့တွင် ကုလသမဂ္ဂအထွေထွေညီလ...
21/12/2025

🧘‍♀️World Meditation Day 🧘‍♀️သက်မှတ်ပေါ်ပေါက်လာမှု အကြောင်းအရာ.....

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်‌နေ့တွင် ကုလသမဂ္ဂအထွေထွေညီလာခံ(UNGA)နှင့် အိန္ဒိယနိုင်ငံ၏ အဓိက ပူးတွဲပံ့ပိုးပါဝင်မှုဖြင့် 21st December ကို World Meditation Day အဖြစ်ကြေငြာခဲ့ပါသည်။

❓ဘာလို့ ဒီဇင်ဘာ ၂၁ ရက် ကို ရွေးသက်မှတ်တာလဲ?

🌞ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် शीतकालीन अयनांत (winter solstice) ဖြစ်ပြီး ၎င်း၏ သင်္ကေတ အတွင်းဖက်သို့လှည့်ခြင်း (Turning Inward) ကြောင့် မိမိတို့၏ ပျံ့လွင့်နေတဲ့စိတ်ကို အတွင်းအာရုံဘက်သို့လှည့်ယူကာ တည်ငြိမ်မှုရရှိစေရန် ရည်ရွယ်ချက်ကြောင့်ပါ။

❓ဘယ်အကြောင်းအရင်းကြောင့် ကျင်းပရသလဲ?

ကျင်းပရခြင်းမှာ အဓိက အချက် ၃ ချက် ရှိပါတယ် -

☘️Awareness (အသိပညာပေးခြင်း): တရားထိုင်ခြင်းဟာ ဘာသာရေးသက်သက်မဟုတ်ဘဲ စိတ်ဖိစီးမှု လျှော့ချဖို့ သိပ္ပံနည်းကျ နည်းလမ်းတစ်ခုဖြစ်ကြောင်း သိစေရန်။

☘️Accessibility (လက်လှမ်းမီစေခြင်း): လူတိုင်း၊ နေရာတိုင်းမှာ ပိုက်ဆံကုန်စရာမလိုဘဲ မိနစ်ပိုင်းအတွင်း ငြိမ်းချမ်းမှုကို ရှာဖွေနိုင်ကြောင်း တိုက်တွန်းရန်။

☘️Collective Energy (စုပေါင်းစွမ်းအား): တစ်ကမ္ဘာလုံးက လူတွေ တစ်ချိန်တည်းမှာ ငြိမ်းချမ်းတဲ့စိတ် ထားရှိခြင်းက ကမ္ဘာ့စွမ်းအင်ကို အကောင်းဘက်သို့ ပြောင်းလဲနိုင်တယ်လို့ ယုံကြည်ခြင်း။

"Meditation for Global Peace and Harmony" ဆောင်ပုဒ်ကို ဖော်ဆောင်ရန် တစ်ဦးတစ်ယောက်ချင်းစီရဲ့ အတွင်းစိတ်တည်ငြိမ်အေးခြမ်းမှုမှ တစ်ကမ္ဘာလုံး တည်ငြိမ်အေးခြမ်းမှုဆီသို့ ရောက်ရှိရန် ဦးတည်မှုဖြင့်။

❓World Meditation Day သက်မှတ်ရသည့် ရည်ရွယ်ချက်က ဘာလဲ?

✨တရားထိုင်ခြင်း၏ အကျိုးကျေးဇူးများ ဖြစ်တဲ့
~ စိတ်ဖိစီးမှုလျှော့ချခြင်း၊(stress reduction)
~ စိတ်ပိုင်းဆိုင်ရာ ရှင်းလင်းပြတ်သားမှု၊(mental clarity)
~ စိတ်ခံစားမှု တည်ငြိမ်မှု ( emotional stability)နှင့် အလုံးစုံကျန်းမာရေးအတွက် အကျိုးပြုကြောင်း အသိပညာပေးရန် ဖြစ်ပါသည်။
World Meditation Day မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျမ်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း Ariya Yoga မှ ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
Namaste 🙏...



I am grateful for having Yoga Teacher & Evaluator Certificate in my hand.😇I am thankful to Sir Vijay Madhekar (Founder o...
13/11/2025

I am grateful for having Yoga Teacher & Evaluator Certificate in my hand.😇
I am thankful to Sir Vijay Madhekar (Founder of Thane School of Yoga) who guided me through out my preparation to crack the exam well and my each and every Guru🙏
စာလေ့လာသင်ယူချိန် ၈ လကျော်မှ စာမေးပွဲဖြေဆိုခွင့်ရခဲ့
ဖြေဆိုပြီး ၂ လကျော်မှ အောင်စာရင်းထွက်ပါတယ်
အောင်ပြီး ၂ လကျော်မှ လက်မှတ်ရရှိတာပါ
မထင်မှတ်ထားပဲ အချိန်အများကြီးပေးခဲ့ရပါတယ်
(ကိုယ့်အလှည့်ကျမှ Ayush Ministry က Examination policy ပြောင်းလို့ အချိန်ကြာနေခဲ့တာဆိုပြီး ဆရာပြောတာပါ)😒


04/11/2025

Sutra about "Chitta Prasadanam" regarding to mind harmonization explained on the topic of stress management...

Q❓: တီချယ် shavasana မှာ အိပ်ရတာလား?"ကျွန်မ သင်တန်းသူနှစ်ယောက် အိပ်ရတာလို့ အတင်းငြင်းပြောနေကြလို့" ယိုဂဆရာမ အစ်မ တစ်ယောက...
01/11/2025

Q❓: တီချယ် shavasana မှာ အိပ်ရတာလား?
"ကျွန်မ သင်တန်းသူနှစ်ယောက် အိပ်ရတာလို့ အတင်းငြင်းပြောနေကြလို့" ယိုဂဆရာမ အစ်မ တစ်ယောက် မေးတာထက် ဆွေးနွေးလာလေသည်။
Ans 📩: Shavasana Pose က relaxation pose series ထဲမှာပါတာ မှန်ပါတယ်။
"𝙍𝙚𝙡𝙖𝙭𝙖𝙩𝙞𝙤𝙣 𝙙𝙤𝙚𝙨 𝙣𝙤𝙩 𝙢𝙚𝙖𝙣 𝙩𝙤 𝙨𝙡𝙚𝙚𝙥, 𝙍𝙚𝙡𝙖𝙭𝙖𝙩𝙞𝙤𝙣 𝙢𝙚𝙖𝙣𝙨 𝙩𝙤 𝙗𝙚 𝙗𝙡𝙞𝙨𝙨𝙛𝙪𝙡𝙡𝙮 𝙝𝙖𝙥𝙥𝙮 "
_ 𝙎𝙬𝙖𝙢𝙞 𝙎𝙖𝙩𝙮𝙖𝙣𝙖𝙣𝙙𝙖 𝙎𝙖𝙧𝙨𝙬𝙖𝙩𝙞
အမှန်တော့ Shavasana ကို ယောဂကျင့်စဉ်တွေထဲမှာ အခက်ခဲဆုံးလို့ ဖော်ပြတာကိုလည်း ကြားဖူးပါတယ်။ ခန္ဓာကိုယ်တွေ လုံးဝငြိမ်သက်နေတဲ့ ကိုယ်ဟန်အနေအထားမှာ စိတ်ကို အာရုံစိုက်ထားဖို့ စိန်ခေါ်ခံရပါတယ်။ "Co**se Pose" လို့ အမည်ပေးထားတာ အကြောင်းပြချက်ရှိပါတယ်။ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်ပျောက်ကွယ်သွားသလိုမျိုး - သေပြီးသားလို ပြုမူရမှာပါ။

ဒီလိုလေ့ကျင့်တဲ့အခါ Shavasana ဟာ powerful tool တစ်ခုလိုပဲ ခဏတာအတွင်းမှာ ကျွန်မတို့ရဲ့ ခန္ဓာကိုယ်တွေနဲ့ ဆက်စပ်မှုနည်းလာပြီး ဘဝရဲ့ ရှုပ်ထွေးမှုတွေကို တွယ်တာမှုနည်းလာစေပါတယ်။ အတန်းရဲ့ နောက်ဆုံးမိနစ်တွေမှာ ကျွန်မတို့ တစ်ဦးချင်းစီရဲ့ အတွင်းမှာရှိတဲ့ သန့်စင်ပြီး ပြီးပြည့်စုံတဲ့ အနှစ်သာရကို ပြန်လည်ချိတ်ဆက်နိုင်‌စေပါတယ်။

Challenge တစ်ခု ပေးချင်ပါတယ်။ နောက်တစ်ခါ shavasana လုပ်တဲ့အခါကျရင် အိပ်ပျော်မသွားပါစေနဲ့။ အဲဒီအစား တရားမှတ်ခြင်းတစ်မျိုးမှာ ကိုယ့်ရဲ့ ခန္ဓာနှင့် စိတ်ကို ရှူမှတ်ရင်းနဲ့ အမှန်တကယ်နိုးနေပါ။ လုံးဝတိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းပြီး သင့်ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုတွေနဲ့ ထိတွေ့ခံစားကာ သင့်စိတ်ရဲ့ ကျပန်းအတွေးတွေကို အပြည့်အဝ သတိပြုကြည့်ပါ။

လွယ်ကူမှာ‌တော့ မဟုတ်ပါဘူး။ ဒါပေမယ့် သင့်အတွင်းက တိတ်ဆိတ်ငြိမ်သက်တဲ့နေရာကို ရှာတွေ့တာက ကြိုးစားအားထုတ်ရကျိုးနပ်ပါလိမ့်မယ်။
Note: : Shavasana (Co**se Pose) ကို အဓိပ္ပာယ်တူသော် စကားလုံး Mritasana (Dead man pose)ဟုလည်း ခေါ်ပါသည်။
Namaste 🙏

Wishing you and your family a very Happy Diwali ✨🪔🙏
19/10/2025

Wishing you and your family a very Happy Diwali ✨🪔🙏

အားလုံး စိတ်ချမ်းသာ ကိုယ် ကျန်းမာ ကြပါစေရှင်…🙏🏻⭐️🙏🏻
06/10/2025

အားလုံး စိတ်ချမ်းသာ ကိုယ် ကျန်းမာ ကြပါစေရှင်…🙏🏻⭐️🙏🏻

3 Days Stress-free yoga classes အပြီးမှာ တက်တဲ့သူ​တွေက ဘယ်လို​နေလဲမသိ……သိချင်ရင် video စောင့်ကြည့်ပါ မကြာမီတင်ပါမယ်ရှင့်...
05/10/2025

3 Days Stress-free yoga classes အပြီးမှာ တက်တဲ့သူ​တွေက ဘယ်လို​နေလဲမသိ……
သိချင်ရင် video စောင့်ကြည့်ပါ မကြာမီတင်ပါမယ်ရှင့်

ကျွန်မကတော့​ အောက်ပါအဆိုအတိုင်း…

"Happiness doesn't result from what we get, but from what we give" ~ Ben Carson

ပျော်ရွှင်မှုက ရရှိမှုခြင်း / ရယူခြင်းကနေ မဟုတ်ပဲ၊ ပေးကမ်း မျှဝေခြင်းကနေ ရတယ်ဆိုတာ သိရှိနားလည်မှု ရရှိပါတယ်ရှင့်😊




🍃3 days Free Yoga class for Stress-free🍃 Stress လျော့ကျစေရန် focus ထားပြီး☘️First Day ~ Body ခန္ဓာကိုယ်မှ တင်းမာမှုတွေကိ...
29/09/2025

🍃3 days Free Yoga class for Stress-free🍃
Stress လျော့ကျစေရန် focus ထားပြီး
☘️First Day ~ Body
ခန္ဓာကိုယ်မှ တင်းမာမှုတွေကို လျော့ကျစေဖို့ Yogic Joints Movements တွေပါမယ်

☘️Second Day ~ Mind
Pranayama နှင့် စိတ်တည်ငြိမ်မှု ရစေဖို့ စိတ်ခွန်အားဖြစ် စကားလုံး (Affirmations)တွေ အပါ mindfulness

☘️Third Day ~ Soul
စိတ်ရော ကိုယ်ပါလွှတ်ချပြီး အပြည့်အဝအနားယူနိုင်ဖို့ Deep relaxation techniques တွေ နဲ့ stress management tips အပါ

၃ရက် ဆက်တိုက် မနက်6:30 နာရီ မှ 7:30 နာရီအထိ Online Zoom မှ တစ်ဆင့် သင်ကြားလေ့ကျင့်ပေးပါမည်။

✅မည်သူမဆို ပါဝင်လေ့ကျင့်နိုင်သည်ဖြစ်ရာ official page ရဲ့post အောက်မှာ Stress free yoga ဟုမန့်၍ Zoom Link ရယူပါ။

Bowing down to all my Gurus...
नमस्ते 🙏





ကျွန်ုပ်တို့၏ လက်ချောင်းများရှိ ပဉ္စတတ္တ (ခေါ်) ဓာတ်ကြီးငါးပါး​ယောဂကျင့်စဉ်နှင့် Ayurveda အာယုဗေဒဆေးပညာတို့တွင် စကြဝဠာနှ...
12/09/2025

ကျွန်ုပ်တို့၏ လက်ချောင်းများရှိ ပဉ္စတတ္တ (ခေါ်) ဓာတ်ကြီးငါးပါး
​ယောဂကျင့်စဉ်နှင့် Ayurveda အာယုဗေဒဆေးပညာတို့တွင် စကြဝဠာနှင့် သက်ရှိအားလုံးသည် ဓာတ်ကြီးငါးပါး (Pancha tattva)(ပဉ္စတတ္တ) ဖြင့် ဖွဲ့စည်းထားသည်ဟု ဖော်ပြသည်။ ထိုငါးမျိုးမှာ ရေ၊ လေ၊ မြေ၊ မီးနှင့် အာကာသ (သို့မဟုတ်) ပလာနယ်တို့ ဖြစ်သည်။ *အာကာသနှင့် လေကို တစ်ခုတည်းဟုသတ်မှတ်၍ ဓာတ်ကြီးလေးပါးဟုလည်း ဆိုလေ့ရှိကြသည်။

​လက်ချောင်းတစ်ခုစီနှင့် သက်ဆိုင်သော Elements မှာ အောက်ပါအတိုင်း ဖြစ်သည်။

​လက်မ -Fire အဂ္ဂိ (မီး) 🔥: လက်မသည် မီးဓာတ်ကို ကိုယ်စားပြုသည်။ ၎င်းသည် ခန္ဓာကိုယ်၏ ဇီဝကမ္မဖြစ်စဉ်၊ အစာချေစနစ်နှင့် စိတ်ဆန္ဒတို့ကို ထိန်းချုပ်သည်။ လက်မသည် ကျန်လက်ချောင်းအားလုံးနှင့် ထိတွေ့နိုင်သောကြောင့် အခြားသဘာဝဓာတ်များကို ထိန်းညှိပေးနိုင်သော စွမ်းအားရှိသည်။

​လက်ညှိုး - Air ဝါယော(လေ) 🌬️: လက်ညှိုးသည် လေဓာတ်ကို ကိုယ်စားပြုသည်။ လေဓာတ်သည် ကိုယ်ခန္ဓာအတွင်း လှုပ်ရှားမှုများ၊ သွေးလည်ပတ်မှုနှင့် အာရုံကြောစနစ်တို့ကို ထိန်းချုပ်သည်။ စိတ်ပူပန်မှု၊ စိတ်မတည်ငြိမ်မှုနှင့် အာရုံစူးစိုက်မှု အားနည်းခြင်းတို့သည် လေဓာတ် မညီမျှခြင်းကြောင့် ဖြစ်နိုင်သည်။

​လက်ခလယ် - Ether အာကာသ (ပလာနယ်) 🌌: လက်ခလယ်သည် အာကာသ (သို့မဟုတ်) ပလာနယ်ဓာတ်နှင့် သက်ဆိုင်သည်။ ၎င်းသည် အာရုံခံစားမှု၊ အသိဉာဏ်နှင့် ကိုယ်ခန္ဓာအတွင်းရှိ လွတ်နေသော နေရာလွတ်များကို ကိုယ်စားပြုသည်။ အာကာသဓာတ် မညီမျှပါက စိတ်ရှုပ်ထွေးခြင်း၊ အာရုံလွတ်နေခြင်းတို့ ဖြစ်နိုင်သည်။

​လက်သူကြွယ် - Earth ပထဝီ (မြေ) ⛰️: လက်သူကြွယ်သည် မြေဓာတ်ကို ကိုယ်စားပြုသည်။ ၎င်းသည် ခန္ဓာကိုယ်၏ တည်ငြိမ်မှု၊ အားအင်နှင့် အခြေခံဖွဲ့စည်းပုံ (အရိုး၊ ကြွက်သား၊ အရေပြား) တို့ကို ထိန်းချုပ်သည်။ မြေဓာတ်ကောင်းမွန်မှသာ ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းပြီး စိတ်တည်ငြိမ်မှုရှိမည်။

​လက်သန်း - Water ဇလ (ရေ) 💧: လက်သန်းသည် ရေဓာတ်ကို ကိုယ်စားပြုသည်။ ၎င်းသည် ခန္ဓာကိုယ်အတွင်းရှိ အရည်များ (သွေး၊ သလိပ်၊ ချွေး) နှင့် ခံစားချက်တို့ကို ထိန်းချုပ်သည်။ ရေဓာတ်မညီမျှပါက ရေဓာတ်ခန်းခြောက်ခြင်း၊ အရေပြားခြောက်သွေ့ခြင်းနှင့် စိတ်ခံစားမှု မတည်မငြိမ်ဖြစ်ခြင်းတို့ ဖြစ်စေနိုင်သည်။

​ဤလက်ချောင်းများနှင့် သက်ဆိုင်သော Mudra (မုဒြာ) များကို ကျင့်ခြင်းအားဖြင့် ကိုယ်ခန္ဓာအတွင်းရှိ ဓာတ်ငါးမျိုးကို ညီညွတ်မျှတအောင် ထိန်းသိမ်းနိုင်ပေသည်။ မည်သည့်ဓာတ်မျှရန် မည်သည့် mudra ကျင့်ရမည်ကို မကြာမီရှေ့ဆက် မျှဝေပေးပါမည်ရှင့်
Namaste 🙏🏼
_Geeta Arya




Address

No. 822, Aung Thapyae 9th Street (7 Ward), Thaketa Township, Yangon
Yangon

Opening Hours

Monday 09:00 - 17:00

Telephone

+959970639325

Alerts

Be the first to know and let us send you an email when Ariya Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ariya Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram