03/03/2026
🌍 World Obesity Day 2026 🌍
မတ်လ (၄) ရက်နေ့ဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ World Obesity Day အဖြစ် အထိမ်းအမှတ်ပြုကျင်းပတဲ့နေ့ဖြစ်ပါတယ်။ ဒီနေ့ရဲ့ ရည်ရွယ်ချက်ကတော့ လူနေမှုပတ်ဝန်းကျင်မှာ အဝလွန်ခြင်း (Obesity) ပြဿနာကို သတိပြုမိစေရန်၊ ကာကွယ်ရေးနဲ့ ကုသရေးဆိုင်ရာ အသိပညာများကို တိုးမြှင့်ပေးဖို့ ဖြစ်ပါတယ်။
📊 ဘာကြောင့် အရေးကြီးတာလဲ?
Obesity ဟာ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ အပြင်(Obstructive sleep Apnea Canncer)အိပ်ပျော်နေဆဲ ရုတ်တရက်အသက်ရှူရပ်တတ်သောရောဂါ၊ ကင်ဆာရောဂါစတဲ့ များစွာသော မကူးစက်ရောဂါများရဲ့ အခြေခံအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ လူကြီးတွေမှာသာမက ကလေးတွေမှာပါနောက်ဆက်တွဲ ကျန်းမာရေးပြဿနာများစွာဖြစ်လာတာတွေကိုတွေ့ရတဲ့အတွက် မိသားစု၊ ကျောင်း၊ လုပ်ငန်းခွင်အဆင့်မှ စတင်ပြီး ကျန်းမာရေးအလေ့အထကောင်းများကို တည်ဆောက်ကြဖို့ လိုအပ်ပါတယ်။
💡 ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ?
✅ အာဟာရမျှတသော အစားအစာများကို ပမာဏလုံလောက်အောင်စားသုံးပါ။
✅ တနေ့လျှင်ပုံမှန်လေ့ကျင့်ခန်း မိနစ်၃၀ခန့် ပြုလုပ်ပါ။
✅ အချိုရည်၊ Fast Food များ စားသုံးခြင်းကိုလျှော့ချပါ။
✅ စိတ်ဖိစီးမှု လျှော့ချခြင်း(ဥပမာ-ယောဂလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားကိုအာရုံပြုခြင်း)တို့ပြုလုပ်ပါ။
✅ လ်ိုအပ်ပါက ကျန်းမာရေးစစ်ဆေးမှုများ ပုံမှန်ပြုလုပ်၍ မိမိကျန်းမာရေးနှင့်ကိုက်ညီသော နေထိုင်စားသောက်မှုပုံစံကိုပြုပြင်ပြောင်းလဲ၍ ကိုယ်အလေးချိန်ထိန်းညှိပေးပါ။
🌱 2026 ခုနှစ်မှာ “Healthy Lifestyle, Healthy Future” ဆိုတဲ့ စိတ်ကူးနဲ့ ကိုယ့်ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်ကြပါစို့။
အဝလွန်ခြင်းဟာ လူတစ်ဦးချင်းတစ်ယောက်ရဲ့ ပြဿနာသာမက လူမှုအသိုင်းအဝိုင်းတစ်ခုလုံးရဲ့ အရေးကြီးပြဿနာတစ်ရပ်ဖြစ်ပါတယ်။အဝလွန်နေသောသူများကို (body shaming) ပျက်ရယ်ပြုချင်းများပြုလုပ်ပြီး သိမ်ငယ်စေသောအပြုအမူများကို ရှောင်ကြဉ်၍ တစ်ဉီးကိုတစ်ဉီး ကူညီဖေးမကြဖို့လည်း လိုအပ်ပါတယ်။အတူတကွ အသိပညာမျှဝေပြီး ကျန်းမာသော လူ့အသိုင်းအဝိုင်းတစ်ခု တည်ဆောက်ကြရအောင် 💚