White Star Physiotherapy Clinic

White Star Physiotherapy Clinic ဒူးနာခါးနာ အကြောအဆစ် နာကျင်နေပါသလား ခွဲစိတ်ရမှာကြောက်နေတာ မလိုအပ်ပဲ မခွဲစိတ်ချင်ဘူးလား။ ကြယ်ဖြူဆေးခန်းသို့သာ ကြွလှမ်းခဲ့ပါ။
(332)

ဘာပဲလုပ်လုပ် ဆောင့်ကြောင့် ထိုင်တက်ခြင်းရဲ့ နောက်ကွယ်က အဓိက ဆိုးကျိုး ⚠️📢အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခြင်းကရေရှည်မှ...
28/02/2026

ဘာပဲလုပ်လုပ် ဆောင့်ကြောင့် ထိုင်တက်ခြင်းရဲ့ နောက်ကွယ်က အဓိက ဆိုးကျိုး ⚠️📢

အချိန်အကြာကြီး ဆောင့်ကြောင့်ထိုင်ခြင်းက
ရေရှည်မှာ သင့်ခါးကို တိတ်တိတ်လေး ဒုက္ခပေးနေတယ်ဆိုတာသိပါသလား။⁉️

ဘာပဲလုပ်လုပ် ဆောင့်ကြောင့်ထိုင်တတ်တဲ့ အလေ့အကျင့်ဟာ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတော်တော်များများမှာ ပုံမှန်လိုဖြစ်နေသလို

✔️တော်တော်များများအနေနဲ့
အဝတ်လျှော်တဲ့အချိန်၊ မီးဖိုချောင်အလုပ်တွေ
လုပ်တဲ့အချိန်၊အိမ်သာအသုံးပြုချိန် နဲ့
“ပန်းရံအလုပ်၊စိုက်ပျိုးရေးအလုပ်” တို့လို့
လုပ်ငန်းချိန်တွေမှာ အချိန်အကြာကြီး
ဆောင့်ကြောင့်ထိုင်ပြီး လုပ်တတ်ကြပါတယ်။

✔️တကယ်တော့ ဆောင့်ကြောင့်ထိုင်ခြင်းဟာ ခြေထောက်ကြွက်သားတွေအတွက် လေ့ကျင့်ခန်းအဖြစ် ကောင်းမွန်နိုင်ပေမဲ့၊ ပုံစံမမှန်ဘဲ အချိန်ကြာမြင့်စွာ ထိုင်မိခြင်းကတော့ သင့်ရဲ့ "ခါးရိုးဆစ်တွေအပေါ်" တိုက်ရိုက်ဆိုးကျိုး သက်ရောက်စေပါတယ်။


ဘာကြောင့်လဲဆိုတော့

✔️ဆောင့်ကြောင့်ထိုင်နေတဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ ဟန်ချက်ကို ထိန်းညှိနိုင်ဖို့အတွက် ခါးအောက်ပိုင်းက ကြွက်သားတွေဟာ အမြဲတမ်း တင်းခံထားရလို့ပါပဲ။

🔺အကျိုးဆက်အနေနဲ့ ကြွက်သားတွေဆီကို သွေးလှည့်ပတ်မှု လျော့နည်းသွားပြီး အောက်ဆီဂျင် ရောက်ရှိမှု နည်းပါးသွားတဲ့အတွက် အချိန်ကြာလာတာနဲ့အမျှ "နာတာရှည် ခါးနာခြင်း" ဝေဒနာကို ခံစားလာရတော့တာဖြစ်ပါတယ်။

ဒါဆို ♻️ ကြာရှည်ဆောင့်ကြောင့်ထိုင်ခြင်းကြောင့် ခါးနာခြင်းမဖြစ်ရအောင် ဘယ်လိုကြိုတင် ကာကွယ်မလဲ။❓

🔰 ခုံအနိမ့်လေးတစ်လုံး အမြဲဆောင်ထားပါ။
ဒါဟာ အရိုးရှင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းပါပဲ ဖြစ်မနေဆောင့်ကြောင့်ထိုင်ပြီး အလုပ်လုပ်ဖို့ လိုလာတဲ့အခါ ခြေဖဝါးပေါ်အားပြုမထိုင်ဘဲ ခုံအနိမ့်လေးပေါ်မှာ ထိုင်လိုက်ခြင်းဟာ ခါးနဲ့ ဒူးပေါ်ကျရောက်တဲ့ ဖိအားကို (၈၀%) မက လျှော့ချပေးစေပါတယ်။

🔰 ခါးကို တတ်နိုင်သမျှ မတ်ထားပါ။

အလုပ်တစ်ခုခုကြောင့် ဆောင့်ကြောင့်ထိုင်ရတော့မယ်ဆိုရင် ခါးကို ကုန်းမချပဲနဲ့ ခါးရိုးကို မတ်မတ်ထားပြီး

ရင်ဘတ်ကို အနည်းငယ်ရှေ့ထုတ်ထားခြင်းက ခါးရိုးဆစ်တွေကြားက အရိုးပြားလေးတွေကို ဖိအားဒဏ်ကနေ အကာအကွယ်ပေးပါတယ်။

🔰 ခြေဖနောင့်ကို မြေကြီးနဲ့ ထိကပ်ထားပါ။

ခြေဖျားလေးနဲ့ပဲ ထောက်ပြီး ထိုင်ခြင်းက ခန္ဓာကိုယ်ဟန်ချက်ကို ပျက်စေပြီး ခါးကြွက်သားတွေကို ပိုပြီး အလုပ်လုပ်စေပါတယ်။
ဒါကြောင့် ခြေဖဝါးအပြည့်ကို မြေကြီးပေါ် ချထားခြင်းက ပိုပြီး ဘေးကင်းပါတယ်။

🔰 ၁၅ မိနစ်ထက် ပိုမထိုင်ပါနဲ့။

ဘယ်လောက်ပဲ အလုပ်များနေပါစေ၊ (၁၅) မိနစ်ထက် ပိုပြီး တစ်ဆက်တည်း ဆောင့်ကြောင့်မထိုင်ပါနဲ့။ ကြားထဲမှာ ခဏမတ်တပ်ရပ်ပြီး လမ်းလျှောက်တာ၊ ခါးကို ဟိုဘက်ဒီဘက် လှည့်ပေးတာမျိုးကို (၁) မိနစ်လောက်ဖြစ်ဖြစ် ပြုလုပ်ပေးပါနော်။

****************

လက်ရှိမှာ ကြာရှည်‌ဆောင့်ကြောင့်ထိုင်ပြီး
အလုပ်လုပ်မိခဲ့ခြင်းကြောင့် ခံစားနေရတဲ့
ခါးနာဝေဒနာကို ဆေးအမျိုးမျိုးနဲ့
ကုသနေပေမဲ့ မသက်သာပဲ ပိုပိုဆိုးလာလို့
နေ့ရက်တိုင်း စိတ်မချမ်းမသာ ဖြစ်နေရတယ်ဆိုရင်တော့
အချိန်မီ ကုသဖို့အတွက် “ကြယ်ဖြူ”ဆေးခန်းကို
လာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်‼️

******************

ကြယ်ဖြူဆေးခန်းမှာ ကုသမှုခံယူဖို့ဖြစ်စေ၊ အသေးစိတ် စုံစမ်းဖို့ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

⭐ ( ကြယ်ဖြူဆေးခန်း ၁ )
၅၉၊ သြဘာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
☎️ 09 260555537, 09 796555537

⭐ ( ကြယ်ဖြူဆေးခန်း ၂ )
၈၃၆၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်။
☎️ 09 796555576, 09 796555586

⭐ ( ကြယ်ဖြူဆေးခန်း ၃ )
၁၅၂၃၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ် (ထူပါရုံ ၁ ရပ်ကွက်)။
☎️ 09 785537000

⭐ ( ကြယ်ဖြူဆေးခန်း ၄ )
၂၂ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်။
☎️ 09 795537000 နဲ့

💬 သိလိုသည်များကို Messenger မှတစ်ဆင့် မေးမြန်းရန်:
m.me/whitestarphysiotherapy
ကို ဆက်သွယ်နိုင်ပါတယ်ရှင် 🩺

#ခါးနာ #အရိုးအကြော #ကြွက်သားနှင့်အရွတ်

ရုတ်တရက် မျက်နှာတစ်ခြမ်း လှုပ်ရှားမရတော့ဘူးဆို ဒီ အမှား တွေ လုံးဝ မလုပ်မိပါစေနဲ့။🙅မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တဲ့အခါ ပါ...
27/02/2026

ရုတ်တရက် မျက်နှာတစ်ခြမ်း လှုပ်ရှားမရတော့ဘူးဆို ဒီ အမှား တွေ လုံးဝ မလုပ်မိပါစေနဲ့။🙅

မနက်အိပ်ရာနိုးလို့ မျက်နှာသစ်တဲ့အခါ ပါးစပ်ထဲကရေတွေ ပြန်ထွက်ကျလာတာ၊
မှန်ကြည့်လိုက်တဲ့အခါ မျက်နှာတစ်ခြမ်းက လှုပ်မရတော့တာမျိုး ကြုံဖူးပါသလား။❓

ဒါမှမဟုတ်

ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရော ဒီလိုဖြစ်တာ မြင်ဖူးပါသလားရှင်။❓

ဒါက 𝐅𝐚𝐜𝐢𝐚𝐥 𝐏𝐚𝐥𝐬𝐲 လို့ခေါ်တဲ့ မျက်နှာ‌ လေတစ်ခြမ်း ဖြန်းခြင်းဖြစ်ပြီး
မျက်နှာမှာရှိတဲ့ အာရုံကြော‌တွေရောင်ရမ်းလာတာကြောင့် ဖြစ်နိုင်ပါတယ်။.🥰

လေဖြတ်တာနဲ့ ဆင်တူလို့ အထင်မှားကြပေမဲ့ တကယ်တော့ သူက အာရုံကြော အအေးမိတာ ဒါမှမဟုတ် ဗိုင်းရပ်စ်ကြောင့် ဖြစ်တတ်တဲ့ ရောဂါတစ်မျိုးပါပဲ။

ဒီလိုဖြစ်လာတဲ့အခါ အမျိုးမှာ

👉မျက်နှာတစ်ခြမ်း လေးလံလာမယ်၊ လှုပ်ရှားမရတာမျိုး ဖြစ်လာမယ်။
👉မျက်လုံး ကောင်းကောင်း ပိတ်မရတာ
👉ပြုံးလိုက်ရင် ပါးစပ်တစ်ဖက် ရွဲ့သွားတာ
👉ရေသောက်ရင် ပါးစပ်ထောင့်မှ ရေစီးကျတာ
👉နားနောက်ဘက်မှာ နာကျင်လာတဲ့ လက္ခဏာတွေ ကြုံရလာနိုင်ပါတယ်။

ဒီလက္ခဏာတွေ ကြုံလာရရင် အဓိကကတော့ မကြောက်ပါနဲ့ရှင်......🥰

ဒါက စနစ်တကျ ကုသတဲ့အခါ အမြန်ဆုံး ပြန်ကောင်းနိုင်လာပါတယ်။

ဒါပေမဲ့ "မြန်မြန်သက်သာချင်ဇော" နဲ့ ကုသမှုအမှားတွေ လုပ်မိရင်တော့
နဂိုအတိုင်း ပြန်ဖြစ်ဖို့ ခဲယဉ်းသွားနိုင်ပါတယ်။😓

~~~~~~~~~~~~~~~~~~~~~~~
ဒါကြောင့် မဖြစ်မနေ သိထားသင့်တဲ့
𝐃𝐨'𝐬 & 𝐃𝐨𝐧'𝐭𝐬 လေးတွေကို ပြောပြပေးပါမယ်နော်.....🤗

ဒီအချက် ( 3 ) ချက်ကိုတော့ လုံးဝ (လုံးဝ) မလုပ်ပါနဲ့.....🙅

1️⃣ဆေးမြီးတိုတွေနဲ့ လုံးဝ မကုသပါနဲ့
အပူလွန်ကဲတဲ့ ကြပ်ထုပ်ထိုးတာ၊ ပွတ်တိုက်တာတွေက ရောင်နေတဲ့ အာရုံကြောကို ပိုထိခိုက်စေပါတယ်။

2️⃣မျက်နှာကြွက်သားတွေကို ပြင်းထန်စွာ နှိပ်နယ်တာနဲ့ တင်းဖိနှိပ်တာမျိုးမလုပ်နဲ့။

3️⃣ မျက်နှာကို ပန်ကာလေ၊ ကားလေအေးပေးစက်လေတွေနဲ့ တိုက်ရိုက် ထိတွေ့ခြင်းမှ ရှောင်ကြဉ်ရပါမယ်။

✅ ဒီအချက် (3)ချက်ကတော့ လိုက်နာဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

1️⃣( ၇၂)နာရီအတွင်း ချက်ချင်းဆရာဝန်ပြပြီး ဆေးကုသမှု ခံယူပါ။

2️⃣မိမိမျက်လုံးကို ဂရုစိုက်ပါ။
မျက်လုံး ပိတ်မရတဲ့အတွက် မျက်ကြည်လွှာ မခြောက်အောင် မျက်စဉ်းခတ်ပေးပါ။
အိပ်တဲ့အခါ မျက်လုံးကို ပိတ်စ (Eye Patch) နဲ့ အုပ်ပြီး အိပ်ပါ။

3️⃣စနစ်တကျ လေ့ကျင့်ခန်းလုပ်ပါ။

ဆရာဝန်ညွှန်ကြားချက်နဲ့အညီ မျက်နှာကြွက်သား လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးပါ။

4️⃣စိတ်ဖိစီးမှု လျှော့ချ‌ပြီး ကောင်းစွာ အိပ်စက် အနားယူလိုက်ပါ။

~~~~~~~~~~~~~~~~~~~~~~
Facial Palsy နဲ့ လေဖြတ်တာက (Stroke) ရောဂါခြင်း မတူပေမဲ့လည်း ရောဂါလက္ခဏာတွေ တူညီနိုင်တာကြောင့်

📌ဖြစ်ဖြစ်ချင်း ၇၂ နာရီအတွင်း နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အမြန်ဆုံး စစ်ဆေးဖို့ လိုအပ်ပါတယ်။

အကယ်၍ ၇၂ နာရီအတွင်း လက္ခဏာတွေ မသက်သာဘူး ဒါမှမဟုတ် ပိုမိုထိရောက်တဲ့ ဆေးကုသမှုနဲ့ လမ်းညွှန်မှုတွေ လိုအပ်တယ်ဆိုရင်တော့ ကြယ်ဖြူဆေးခန်းရှိပါတယ်။

🌟ကြယ်ဖြူ ဆေးခန်းမှာဆိုရင် ဝါရင့်အထူးကု ဆရာဝန်ကြီးတွေကိုယ်တိုင် ရင်းနှီးပျူငှာတဲ့ဆက်ဆံရေးများဖြင့် အတတ်နိုင်ဆုံး မခွဲမစိတ်ရအောင် သေချာကုသစောင့်ရှောက်ပေးနေတာကြောင့် အရိုးအကြောဆိုင်ရာ ရောဂါဝေဒနာတွေအတွက်ဆို ကြယ်ဖြူကိုသာ ဆက်သွယ်လိုက်ပါရှင်...📞
~~~~~~~~~~~~~~~~~~~~~
ကြယ်ဖြူဆေးခန်းတွေ လာရောက်ကုသ ဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000
( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

ခါးနာတိုင်း ခါးကြောတ‌စ်လျှောက်ကိုနှိပ်နယ်လိုက်တာနဲ့ ခါးနာဝေဒနာတွေ ပျောက်ကင်းသွားမယ်လို့ ထင်နေတုန်းလား? 🩺 “ကြယ်ဖြူ” ဆေးခန...
25/02/2026

ခါးနာတိုင်း ခါးကြောတ‌စ်လျှောက်ကို
နှိပ်နယ်လိုက်တာနဲ့ ခါးနာဝေဒနာတွေ ပျောက်ကင်းသွားမယ်လို့ ထင်နေတုန်းလား? 🩺

“ကြယ်ဖြူ” ဆေးခန်းကို ခါးနာလို့ လာပြကြတဲ့ လူနာတော်တော်များများဆီက အမြဲကြားရလေ့ရှိတဲ့ စကားတစ်ခွန်းရှိပါတယ် 📢

အဲ့ဒါကတော့ “ခါးနာလို့ သက်သာအောင် နှိပ်ခိုင်းမိရာကနေ အခုမှ ပိုဆိုးလာလို့ပါ ဆရာမရယ်” ဆိုတဲ့ စကားလေးပါပဲ။
ခါးနာပြီဆိုတာနဲ့ အနှိပ်ခံလိုက်ရင် သက်သာသွားမယ်လို့ ထင်တတ်ကြတာ သဘာဝပါပဲ။

⚜️ဒါပေမဲ့ အကြောင်းရင်းကို သေချာမသိဘဲ ဇွတ်အတင်း နှိပ်နယ်တာက ခဏတာ ပျောက်ကင်းသွားသလို ခံစားရပေမဲ့ ရေရှည်မှာတော့ ဝေဒနာကို ပိုဆိုးသွားစေနိုင်တယ်ဆိုတာ သတိထားဖို့ လိုပါတယ်ရှင်။

များ‌သောအားဖြင့် ခါးနာခြင်းဝေဒနာဟာ
🔶 ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန် များသူတွေ၊ အသက်အရွယ်ရလာသူတွေ၊အလေးအပင် မ ရတဲ့သူတွေနဲ့... တစ်နေကုန် အထိုင်များပြီး
အလုပ်လုပ်ရသူတွေမှာ ဖြစ်လေ့ရှိပြီး…

ပိုပိုဆိုးလာရတဲ့ အကြောင်းရင်းကတော့
🔶ခါးနာနေစဉ်မှာ အနားမပေးဘဲ ဆက်တိုက်လှုပ်ရှားတာ၊
ကိုယ်ဟန်မမှန်ပဲ အလုပ်လုပ်တာ၊
ကိုယ်အလေးချိန် ပိုတိုးလာတာတွေကြောင့်အပြင်
မှန်ကန်တဲ့ကုသနည်းကိုမရှာဖွေပဲ လတ်တလော သက်သာဖို့ နှိပ်နယ်မိတာတွေကြောင့် ပါပဲရှင်။

🚫ခါးနာတဲ့အခါ ခံစားရပုံချင်း တူနေရင်တောင်
နာရတဲ့အကြောင်းရင်းမတူတာမို့
သေချာမသိပဲ အတင်း နှိပ်နယ်တာမျိုးမလုပ်သင့်ပါဘူးနော်။

ဒါ့အပြင်
🔶ခါးနာတာ တစ်လထက်ကျော်လာတာကို
မကုသဘဲ ထားမယ်ဆိုရင်နောက်ဆက်တွဲအနေနဲ့
ခါးနဲ့ ခြေထောက် ကြွက်သားတွေ အားနည်းပြီး သိမ်လာနိုင်တာ၊ လမ်းလျှောက်ရင် ခြေထောက်ကို တရွတ်တိုက် ဆွဲလာရတာနဲ့ နောက်ဆုံး ဆီးမထိန်းနိုင်တာမျိုးအထိ ဖြစ်လာနိုင်တာမို့
အစောကတည်းက ဂရုစိုက်ဖို့
အရမ်းအရေးကြီးပါတယ်နော်။

****************************************************

ဒီလိုမျိုး ဝေဒနာတွေထိ မဖြစ်လာအောင်
အချိန်မီ ကုသဖို့အတွက် စိတ်ချရတဲ့ဆေးခန်း
ရှာနေတယ်ဆိုရင်တော့ 'ကြယ်ဖြူ' ရှိပါတယ်ရှင်။

🌟 “ကြယ်ဖြူဆေးခန်း” မှာဆိုရင်တော့...
မလိုအပ်ဘဲ ခွဲစိတ်စရာမလိုသလို၊ ဆေးတွေအများကြီး ထိုးတာ၊ သောက်တာမျိုး မလုပ်ရလေအောင် ကျွမ်းကျင်ဝါရင့် ဆရာဝန်ကြီးများကိုယ်တိုင် ရင်းနှီးပျူငှါစွာနဲ့ စနစ်တကျ ကုသပေးနေတဲ့အပြင်
🔰physiotherapy နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း၊
🔰လေဆာရောင်ခြည်ကုထုံး (laser therapy)၊ 🔰အသံလှိုင်းကုထုံး (ultrasound therapy)၊ 🔰လျှပ်စစ်သံလိုက်လှိုင်းကုထုံး (SWD) တို့ဖြင့်လည်း သက်သာအောင် ကုသပေးနေပါတယ်။

နာကျင်မှုတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတဲ့ နေ့ရက်တွေကို အဆုံးသတ်ပြီး ပေါ့ပါးလန်းဆန်းတဲ့ နေ့ရက်သစ်တွေကို ပိုင်ဆိုင်ချင်တယ်ဆို “ကြယ်ဖြူ” မှာ လာပြီးကုသဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်🌟

********************************************************

ကြယ်ဖြူဆေးခန်းမှာ ကုသမှုခံယူဖို့ဖြစ်စေ၊ အသေးစိတ် စုံစမ်းဖို့ဖြစ်စေ အောက်ပါလိပ်စာနဲ့ ဖုန်းနံပါတ်တွေကနေ ဆက်သွယ်နိုင်ပါတယ်ရှင်။

⭐ ( ကြယ်ဖြူဆေးခန်း ၁ )
၅၉၊ သြဘာလမ်း၊ ကျောက်မြောင်း၊ တာမွေမြို့နယ်။
☎️ 09 260555537, 09 796555537

⭐ ( ကြယ်ဖြူဆေးခန်း ၂ )
၈၃၆၊ မဟာဗန္ဓုလလမ်း၊ လမ်းမတော်မြို့နယ်။
☎️ 09 796555576, 09 796555586

⭐ ( ကြယ်ဖြူဆေးခန်း ၃ )
၁၅၂၃၊ မြင်တော်သာလမ်း၊ သာကေတမြို့နယ် (ထူပါရုံ ၁ ရပ်ကွက်)။
☎️ 09 785537000

⭐ ( ကြယ်ဖြူဆေးခန်း ၄ )
၂၂ လမ်းသစ်လမ်း၊ အင်းစိန်ပန်းခြံမှတ်တိုင်အနီး၊ အင်းစိန်မြို့နယ်။
☎️ 09 795537000 နဲ့

💬 သိလိုသည်များကို Messenger မှတစ်ဆင့် မေးမြန်းရန်:
m.me/whitestarphysiotherapy
ကို ဆက်သွယ်နိုင်ပါတယ်ရှင် 🩺

#ခါးနာ #အရိုးအကြော #ကြွက်သားနှင့်အရွတ်

ကြယ်ဖြူဆေးခန်းကို ယုံကြည်စွာ လာရောက်ကုသပေးသူ ကျေးဇူးရှင်များကို ဝေဒနာလျင်မြန်စွာပျောက်ကင်းပါစေကြောင်း ကြယ်ဖြူမိသားစုအားလ...
23/02/2026

ကြယ်ဖြူဆေးခန်းကို ယုံကြည်စွာ လာရောက်ကုသပေးသူ ကျေးဇူးရှင်များကို ဝေဒနာလျင်မြန်စွာပျောက်ကင်းပါစေကြောင်း ကြယ်ဖြူမိသားစုအားလုံးမှ ဆုတောင်းမေတ္တာပိူ့သအပ်ပါသည်။
#ကြယ်ဖြူဆေးခန်း

အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ ရုံးဝန်ထမ်းတွေရဲ့ တောင့်တင်းနေတဲ့အကြောတွေကို ဖြေလျော့ပေးမဲ့ လေ့ကျင့်ခန်း (၃) ခုကွန်ပျ...
20/02/2026

အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့ ရုံးဝန်ထမ်းတွေရဲ့ တောင့်တင်းနေတဲ့အကြောတွေကို ဖြေလျော့ပေးမဲ့ လေ့ကျင့်ခန်း (၃) ခု

ကွန်ပျူတာရှေ့မှာ တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်ရင်း ပခုံးတွေညောင်းညာ၊ ဇက်တွေတောင့်တင်းပြီး မကြည်မလင် ခံစားနေရပါသလား။❓❓

✅ဒီလို လက္ခဏာ တွေက ရုံးဝန်ထမ်းတိုင်းလိုလို ကြုံတွေ့နေရတဲ့ "Office Syndrome" တွေပါ။

✅အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့အခါ ကြွက်သားေတွ ကို တောင့်တင်းစေပြီး သွေးလည်ပတ်မှုကို အားနည်းစေပါတယ်။

✅ဒီအတွက် ဆေးသောက်ဖို့ထိ မလိုအပ်ဘဲ လုပ်ငန်းခွင်မှာတင် သက်သာအောင် လုပ်လို့ရတဲ့ လွယ်ကူတဲ့ လေ့ကျင့်ခန်း (၃) ခုကို မျှဝေပေးချင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေကို အလေ့အကျင့်တစ်ခုအနေနဲ့ နေ့စဉ်သာ လုပ်ပေးသွားမယ်ဆိုရင်..

🔺တောင့်တင်းနေတဲ့ အကြောတွေ ဖြေလျော့လာမယ်။
🔺ရုံးချိန်အတွင်း ညောင်းညာမှုတွေကို လျော့ကျစေမယ်။
🔺အလုပ်လုပ်တဲ့အခါ ပိုပြီး စိတ်ကြည်လင်လန်းဆန်းစေမှာပါ။
—-------------------------------------------------------------------------------------------------------------------
🔰အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်း (၃) ခု
1️⃣လည်ပင်းဘေးဘက်ကြွက်သားများ ဆန့်ထုတ်ခြင်း

❗ဒီလေ့ကျင့်ခန်းက လည်ပင်းတောင့်တင်းမှုကို လျော့ပါးစေပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်-

✅ကျောပြင်ကို မတ်မတ်ထားပြီး ထိုင်ပါ။
✅ညာဘက်လက်ကို ဘယ်ဘက်နားရွက်အပေါ်နားတွင် တင်ထားပါ။
✅ခေါင်းကို ညာဘက်ပုခုံးဆီသို့ ညင်သာစွာ ဆွဲချပါ။
✅မျက်လုံးကို ဘယ်ဘက်ဒူးခေါင်းကိုမြင်ရတဲ့ အနေအထား စောင်းစောင်းလေး နဲ့ အနည်းငယ်ငုံ့ကြည့်ပါ။
✅လည်ပင်းကြွက်သားများ တင်းသွားသည်အထိ ၁၀စက္ကန့် ဆွဲထားပေးရပါမယ်။
✅ထို့နောက် ဘက် ပြောင်းလုပ်ပေးရပါမယ်။
——————————————
2️⃣ပုခုံးနဲ့ ကျောအပေါ်ပိုင်း ဆန့်ထုတ်ခြင်း

❗ဒီလေ့ကျင့်ခန်းက ပုခုံးနှစ်ဖက် တောင့်တင်းမှုကို ပြေလျော့စေပြီး ကျောပြင်ကို ပိုမိုပေါ့ပါးစေပါတယ်။

ပြုလုပ်ပုံ အဆင့်ဆင့်-
✅လက်နှစ်ဖက်စလုံးကို ရှေ့သို့ ဆန့်ထုတ်ပြီး လက်ချောင်းများကို ကျစ်ကျစ်ပါအောင် ချိတ်ထားပါ။
✅ထို့နောက် လက်ဖဝါးများကို အပြင်ဘက်သို့ လှည့်လိုက်ပါ။
✅ပုခုံးနောက်ဘက်များ ပွင့်ထွက်သွားသည်အထိ လက်နှစ်ဖက်ကို အရှေ့သို့ အတတ်နိုင်ဆုံး အားစိုက်ပြီး ဆန့်ထုတ်ပါ။
✅ထိုအနေအထားအတိုင်း ခပ်မှန်မှန် အသက်ရှူရင်း ၁၀ စက္ကန့်မှ ၁၅ စက္ကန့် အထိ ထိန်းထားရပါမယ်။
————————————————-
3️⃣လက်ဖျံကြောဆန့်ခြင်း

❗ဒီလေ့ကျင့်ခန်းက ကွန်ပျူတာစာရိုက်ရတာတို့ကြောင့် ဖြစ်တတ်တဲ့ လက်ကောက်ဝတ်နဲ့ လက်ဖျံကြွက်သား တောင့်တင်းမှုတွေကို လျော့ပါးစေပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့် -

✅ညာဘက်လက်ကို ရှေ့သို့ တည့်တည့်ဆန့်ထုတ်ပါ။ လက်ဖဝါးကို ရှေ့သို့လှည့်ထားပါ။
✅ဘယ်ဘက်လက်ကိုသုံးပြီး ညာဘက်လက်ချောင်းများကို ကိုင်ကာ မိမိခန္ဓာကိုယ်ဘက်သို့ ညင်သာစွာ ဆွဲယူပါ။
✅လက်ဖျံတွင် တင်းကျပ်မှုရှိတဲ့အထိ (၁၀) စက္ကန့် ဆွဲထားပါ။
✅ ဘယ်ဘက်လက်ကို ပြောင်းပြီး လေ့ကျင့်ပေးပါ။

❗️❗️လေ့ကျင့်ခန်းတစ်ခုစီကို (၁၀)စက္ကန့်စီ (၃) ကြိမ် ပြုလုပ်ပေးနိုင်မယ်ဆိုရင် လည်ပင်းကြွက်သားတောင့်တင်းမှုအတွက် အကောင်းဆုံးပဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း လူတစ်ယောက်နဲ့ တစ်ယောက်က ခံစားရတဲ့ပုံစံ၊ ဖြစ်တဲ့ ရောဂါလက္ခဏာခြင်း မတူတာကြောင့် လေ့ကျင့်ခန်းလိုက်လုပ်ပြီး နာကျင်မှု ပိုမိုဆိုရွားလာတဲ့အခါ ဆက်မလုပ်သင့်ပါဘူး။ ❌

ကျွမ်းကျင်သိနားလည်တဲ့ ဆရာဝန်များနဲ့ အမြန်ဆုံး ကုသမှုကို ခံယူသင့်ပါတယ်။🥰

🌟ကြယ်ဖြူဆေးခန်းမှာဆိုရင်
အရိုးအကြောအဆစ် ဝေဒနာများကို မလိုအပ်ဘဲ ဆေးထိုးဆေးသောက်နဲ့ ခွဲစိတ်စရာမလိုအောင် ခေတ်မှီစက်ကိရိယာများဖြင့် ဝါရင့်ဆရာဝန်ကြီးများ ကိုယ်တိုင် နွေးထွေးရင်းနှီးပျူငှါစွာနဲ့ ကုသပေးလျက် ရှိပါတယ်။🤗

ကြယ်ဖြူဆေးခန်းတွေ လာရောက်ကုသ ဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000
( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

ကြယ်ဖြူဆေးခန်းသို့ လာရောက်ကုသမှုခံယူမှု ပုံရိပ်များစွာ🩷🩷🩷 ....ယုံကြည်‌စွာ လာရောက်ခဲ့ကြလို့ ကျေးဇူးများစွာ အထူးတင်ရှိပါသည...
19/02/2026

ကြယ်ဖြူဆေးခန်းသို့ လာရောက်ကုသမှုခံယူမှု ပုံရိပ်များစွာ🩷🩷🩷 ....ယုံကြည်‌စွာ လာရောက်ခဲ့ကြလို့ ကျေးဇူးများစွာ အထူးတင်ရှိပါသည်။ လာရောက်ကုသသူ လူနာများစွာ ကျန်းမာချမ်းသာ လာဘ်လာဘများ တိုးပွားကြပါစေ။🙏🙏🙏

အပြုံးချိုချိုလေးတွေနဲ့ နွေးထွေး ပျူငှာပြီး အထိရောက်ဆုံးဖြစ်အောင် ကုသပေးနေတဲ့ "ကြယ်ဖြူ""ကြယ်ဖြူ"အရိုးအကြောအဆစ်ဆေးခန်း ထဲ...
17/02/2026

အပြုံးချိုချိုလေးတွေနဲ့ နွေးထွေး ပျူငှာပြီး အထိရောက်ဆုံးဖြစ်အောင် ကုသပေးနေတဲ့ "ကြယ်ဖြူ"

"ကြယ်ဖြူ"အရိုးအကြောအဆစ်ဆေးခန်း ထဲကို ခြေလှမ်းစလှမ်းလိုက်တာနဲ့
အပြုံးချိုပြီး နွေးထွေးပျူငှာတဲ့ ဂရုစိုက်မှုတွေနဲ့အတူ လူနာတွေကို

👉မလိုအပ်ဘဲ ဆေးထိုး၊ဆေးစွဲသောက် နဲ့ ခွဲစိတ်ခြင်းတွေ မလုပ်ရအောင်

👉လူနာရဲ့ ခံစားနေရတဲ့ ဝေဒနာ‌တွေ အမြန်ဆုံး သက်သာပျောက်ကင်းအောင်

အထိရောက်ဆုံးဖြစ်မယ့် ကုသမှုတွေကို စနစ်တကျ ပြုလုပ်ပေးပြီး ခေတ်မှီစက်ကိရိယာကြီးတွေနဲ့ ကုသပေးနေတာပဲ ဖြစ်ပါတယ် ရှင်။🥰

တကယ်တော့ အရိုးအကြောအဆစ် ဝေဒနာခံစားနေရပြီဆို

◽️ချစ်ရတဲ့ မိသားစုနဲ့အတူ လမ်းလျှောက်ထွက်နိုင်တဲ့ အကြိမ်တွေ နည်းလာတယ်။

◽️အရင်လို မြေးလေးတွေကို ချီပိုးဆော့ မကစား နိုင်တော့ဘူး။😓

◽️သွားချင်တဲ့ နေရာတိုင်းကို မသွားနိုင်တော့ဘူး။

◽️အိပ်စက်အနားယူချိန်မှာတောင် ကိုက်ခဲနာကျင်မှုကို ခံစားနေရတယ်။

ဒါတွေကြောင့်

လက်တွေ့ဘဝရဲ့ ပျော်ရွှင်မှုလေးတွေ တဖြည်းဖြည်း ဆုံးရှုံးလာပြီး စိတ်ဖိစီးမှုတွေပါ ခံစားနေရကြတာပဲ ဖြစ်ပါတယ်။😓

ဒါကြောင့်လည်း "ကြယ်ဖြူ" က

အခုလို လူနာတွေအတွက် စိတ်သွားတိုင်း ကိုယ်ပါပြီး နာကျင်မှုဝေဒနာတွေ သက်သာအောင်

စေတနာရှေ့ထား ကုသပေးနေတာ ခုဆို (13) နှစ်တောင် ရောက်ရှိလာပါပြီ။

"ကြယ်ဖြူ" မှာဆို လိုအပ်တဲ့ကုသမှုတွေကို ခံယူပြီးတဲ့နောက် လူနာတွေဆီက

◽️"သက်သာသွားပြီ"၊ "ပြန်လမ်းလျှောက်နိုင်ပြီ"
◽️“မနက်အိပ်ယာထလည်း အသာအယာပဲ”
◽️“ညဘက်တွေလည်း အေးဆေး အိပ်နိုင်ပြီ” ဆိုတဲ့
ဝမ်းသာပီတိ စကားသံလေးတွေ ကြားရတဲ့ အချိန်တိုင်းက ကြယ်ဖြူဆေးခန်းအတွက် တန်ဖိုးမဖြတ်နိုင်ဆုံး အခိုက်အတန့်တွေပါပဲ။ 🥰🥰

အခုလိုမျိုး အရိုးအကြောအဆစ်‌ ဝေဒနာပတ်သက်ရင် "ကြယ်ဖြူ" ကို ယုံယုံကြည်ကြည်နဲ့ ရွေးချယ်ပေးခဲ့တဲ့ လူနာတစ်ယောက်ချင်းစီတိုင်းကိုလဲ အထူးပင် ကျေးဇူးတင်ရှိပါတယ်။ 🙏

ဒါကြောင့်
အရိုးအကြောအဆစ်တွေ ပြန်လည် ကျန်းမာလာပြီး အရာရာတိုင်းကို
စိတ်အေးလက်အေး၊နာကျင်မှု ကင်းဝေးစွာ
လုပ်ကိုင်နိုင်ဖို့ဆိုရင်

"ကြယ်ဖြူ" ဆေးခန်းက အမြဲ အသင့်ရှိနေပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ရှင်။🤗

ကြယ်ဖြူဆေးခန်းတွေ လာရောက်ကုသ ဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000
( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

လှုပ်ရှားလိုက်တိုင်း ဖျစ်ခနဲ မြည်နေတဲ့ ဒူးနာဝေဒနာကို သက်သာစေမဲ့ ခြေဆန့် (Quad Sets)လေ့ကျင့်ခန်း❗❗❗အသက်အရွယ်လေး ရလာတာနဲ့အ...
16/02/2026

လှုပ်ရှားလိုက်တိုင်း ဖျစ်ခနဲ မြည်နေတဲ့ ဒူးနာဝေဒနာကို သက်သာစေမဲ့ ခြေဆန့် (Quad Sets)လေ့ကျင့်ခန်း❗❗❗

အသက်အရွယ်လေး ရလာတာနဲ့အမျှ
💁ထိုင်ထလုပ်ရင်ပဲဖြစ်ဖြစ်
💁လမ်းလျှောက်ရင်ပဲဖြစ်ဖြစ်
ဒူးခေါင်းထဲက အသံမြည်ပြီး နာကျင်တာမျိုး ခံစားနေရပြီလား။❓❓

ဒူးနာဝေဒနာဆိုတာ ဆေးထိုးရုံ၊ ဆေးသောက်ရုံနဲ့ မပြီးပါဘူးနော်။🙅

မှန်ကန်ပြီး ဝေဒနာနဲ့ ကိုက်ညီတဲ့ ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ပေးမှသာ ရေရှည်မှာ သက်သာနိုင်မှာပါရှင်။🥰

ဒါကြောင့် အိမ်မှာတင် အလွယ်တကူလေ့ကျင်လို့ရမယ့် Quad Sets (ခြေဆန့်) လေ့ကျင့်ခန်း လေးကို "ကြယ်ဖြူ" မှ မျှဝေပေးလိုက်ပါတယ်။🤗

လေ့ကျင့်ခန်း ပြုလုပ်နည်း အဆင့်ဆင့်

◽️ဖျာတစ်ချပ် (သို့မဟုတ်) ကြမ်းပြင်ပေါ်တွင် ခြေဆန့်ပြီး ထိုင်လိုက်ပါ။
ပုဝါတစ်ထည်ကို လိပ်ပြီး နာကျင်နေတဲ့ဒူးအာက်မှာ ထားပေးပါ။

◽️ကျန်ဒူးတစ်ဖက်ကိုကွေးကာ ဒူး ထောင်ထားပြီး ခြေဖဝါးကိုကြမ်းပြင်ပေါ်ချထားလိုက်ပါ။

◽️နာနေတဲ့ ဒူးရဲ့ ခြေဖနောင့်ကို ကြမ်းပြင်နဲ့ ထိထားပြီး ပေါင်ရှေ့ကြွက်သားကို အားစိုက်ပြီး ညှစ်လိုက်ပါ။

အဲဒီလို ညှစ်လိုက်တဲ့အခါ လူကြီးမင်းတို့ရဲ့ ဒူးအောက်ပိုင်းနဲ့ ပုဝါလိပ်ကို ဖိချလိုက်သလို ခံစားချက်ရရှိရပါမယ်။

◽️(၅) စက္ကန့်ကနေ (၁၀) စက္ကန့်အထိ စိတ်ထဲက ရေတွက်ရင်း ညှစ်ထားရပါမယ်။
အသက်ကို ပုံမှန်အတိုင်း ရှူသွင်းရှူထုတ် လုပ်ပေးရပါမယ်။

◽️ပြီးရင်တော့ အားကို ဖြည်းဖြည်းချင်းလျှော့ပြီး အနားပေးပါ။

👉တစ်ခါလုပ်လျှင် ၁၀ ကြိမ်နှုန်းနဲ့ ၂ ကျော့ ပြုလုပ်ပေးရပါမယ်။

👉တစ်ရက်ကို ၂ ကြိမ်၊
တစ်ပတ်မှာ ၅ ရက် ပုံမှန်လုပ်ပေးတာနဲ့ ထူးခြားသော သက်သာမှုကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

ဒူးလေ့ကျင့်ခန်း Video လေးကို ကြည့်ပြီး စနစ်တကျ လိုက်လုပ်ကြည့်ချင်တဲ့ သူများအတွက်

Exercises Videoလေးကို စိတ်ဝင်စားလို့ရယူလိုပါက

#𝐖𝐡𝐢𝐭𝐞𝐒𝐭𝐚𝐫

လို့ Comment မန့်ပြီး Messager မှ တဆင့် ရယူနိုင်ပါတယ်နော်.....🤗

ကြယ်ဖြူဆေးခန်းတွင် လာရောက်ကုသဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****************************
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...
Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...
Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....
Ph No,
☎️ 09785537000

#ကြယ်ဖြူ
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

နေ့စဉ် (၂) မိနစ်အချိန်ပေးရုံနဲ့ အသက်အပိုင်းခြားတစ်ခုမှာ ခံစားနေရတဲ့ ပုခုံးတောင့်တင်းပြီးမြှောက်မရတဲ့ ပုခုံးခဲဝေဒနာကို နှ...
14/02/2026

နေ့စဉ် (၂) မိနစ်အချိန်ပေးရုံနဲ့ အသက်အပိုင်းခြားတစ်ခုမှာ ခံစားနေရတဲ့ ပုခုံးတောင့်တင်းပြီးမြှောက်မရတဲ့ ပုခုံးခဲဝေဒနာကို နှုတ်ဆက်လိုက်ကြရအောင်။🥰

လူကြီးမင်းတို့ ရဲ့ တစ်နေ့တာမှာ လှုပ်ရှားရင်း ရုတ်တရက်
💁“လက် အပေါ်မြှောက်ရင် စူးကနဲနာတာ..."
💁"အဝတ်လဲရင်၊ ဆံပင်စည်းရင် လက်မြှောက်ရာမှာ အခက်တွေ့လာတာ..."
💁“လက်က အကောင်းကြီးကနေ ပစ္စည်းယူလို့ ဆန့်တန်းလိုက်တဲ့အချိန် နာသွားတယ်”
💁“အမျိုးသမီးတွေဆို လက်နောက်ပြန်မရလို့ ဂျိတ် ချိတ်ရခက်တယ်”
💁"အိပ်ရင် ပုခုံးနာလို့ အိပ်ရေးပျက်တယ်..."
စတဲ့ ဝေဒနာတွေကို ခံစားနေရပြီလား။⁉️

ဒါဟာ နေ့စဉ် Screen Time များလာတဲ့ ဒီနေ့လိုခေတ်ကြီးထဲမှာ “ပုခုံးခဲဝေဒနာ" က အသက် ၅၀ ကျော်တင်မကဘဲ အသက် ၃၀ ကျော် လူလတ်ပိုင်းတွေမှာပါ ပိုမိုစောစီးစွာ ကြုံတွေ့လာနေပြီ မလို့ပဲဖြစ်ပါတယ်။

ပုခုံးခဲဝေဒနာဆိုတာ ဆေးသောက်၊ ဆေးထိုးရုံနဲ့ သက်သာနိုင်တဲ့ ဝေဒနာမဟုတ်ပါဘူး။ ❌

အသက်ကြီးလာတဲ့အခါ ကြွက်သားတွေမာတောင့်လာတာမလို့ ပျော့ပျောင်းအောင် ပြုလုပ်ပေးမှသာ ဝေဒနာသက်သာမှာ ဖြစ်ပါတယ်။✅

ဒါကို လျစ်လျူရှုထားရင် လူမှုရေးနဲ့ လှုပ်ရှားသွားလာမှုတွေမှာပါ အခက်အခဲတွေ
တဖြည်းဖြည်း ကြုံလာနိုင်တာကြောင့်ပါ။🤔

ဒါကြောင့်... နေ့စဉ် (၂) မိနစ်အချိန်ပေးရုံနဲ့ ပုခုံးပြန်ပေါ့ပါးသွားစေမယ့် လေ့ကျင့်ခန်း (၂) မျိုးကို "ကြည်ဖြူ" မှမျှဝေပေးလိုက်ပါတယ်။🤗

လေ့ကျင့်ခန်း မလုပ်ခင် ကြွက်သားများ သွေးလည်ပတ်မှု ကောင်းစေရန် ရေနွေးအိတ် ၁၅ မိနစ်ခန့် ကပ်ပေးတာ ပိုထိရောက်စေပါတယ်။❗❗❗

1️⃣ 𝐂𝐫𝐨𝐬𝐬-𝐁𝐨𝐝𝐲 𝐒𝐡𝐨𝐮𝐥𝐝𝐞𝐫 𝐒𝐭𝐫𝐞𝐭𝐜𝐡

ဒီလေ့ကျင့်ခန်းက ပုခုံးနောက်ကျောက ကြွက်သားတွေကို ပြေလျော့စေပြီး လက်မြှောက်ရတာ ပိုမိုလွယ်ကူလာစေမှာပါ။

◽️ညာဘက်လက်ကို ဖြောင့်တန်းစွာ ရှေ့ထုတ်ပေးပါ။
◽️ဘယ်ဘက်လက်ကောက်ဝတ်နဲ့ ညာဘက်တံတောင်ဆစ်အောက်ကနေ ထိန်းပေးပါ။
◽️တံတောင်ဆစ်ကို မကွေးဘဲ ညာဘက်လက်ကို ဘယ်ဘက်ရင်ဘတ်ဆီသို့ ဖြည်းဖြည်းချင်း ဆွဲပါ။
◽️ ပုခုံးနောက်ဘက်က တင်းခနဲ ဖြစ်သွားတဲ့အထိ ရသလောက် ဆွဲပြီး ၅ စက္ကန့် တောင့်ထားပါ။
◽️ဖြည်းဖြည်းချင်း ပြန်လျှော့ပေးပါ။
◽️ပြီးရင် လက်ပြောင်းပြီး ပြုလုပ်ပေးပါ။
👉တစ်ဖက်လျှင် (၂၀) ကြိမ် ပြုလုပ်ပေးခြင်းဖြင့် ကြွက်သားတွေကို ပြေလျော့လာစေပါတယ်ရှင်။

2️⃣ 𝐓𝐨𝐰𝐞𝐥 𝐒𝐭𝐫𝐞𝐭𝐜𝐡

ဒီလေ့ကျင့်ခန်းက လက်နောက်ပြန်လှည့်တဲ့အခါ နာကျင်မှုကို သက်သာစေပါတယ်။

◽️လက်ဆွဲလို့အဆင်ပြေမယ့် အရှည် (သို့) ၂ပေ ခန့် တဘက် ယူပါ။
◽️နာကျင်နေတဲ့ ပုခုံးဘက်က လက်ကို နောက်ပစ်ပြီး အောက်မှာထား၍ တဘက်ရဲ့အောက်ဖျားကို ကိုင်ပါ။
◽️ကောင်းတဲ့လက်က တဘက်ရဲ့အပေါ်ဖျားကို ကိုင်ကာ အပေါ်သို့ ဆွဲတင်ပါ။
◽️စစချင်းမှာ ခါးလယ်လောက်ပဲ ရနိုင်ပါတယ်။ ကြွက်သားတွေ ပြေလျော့လာတာနဲ့အမျှ ပိုပြီးအပေါ်ထိ ဆွဲနိုင်လာပါလိမ့်မယ်။
👉(၂၀) ကြိမ် ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် သတိထားရမှာက
လုပ်နည်းမမှန်တဲ့ လေ့ကျင့်ခန်းတွေ၊
ကိုယ့်ဝေဒနာအခြေအနေနဲ့ မကိုက်ညီတဲ့ လေ့ကျင့်ခန်းတွေက
ဝေဒနာကို မသက်သာဘဲ ပိုမိုဆိုးရွားစေနိုင်ပါတယ်။❗❗❗

🌟ကြယ်ဖြူမှာဆိုရင်တော့ …
မလိုအပ်ဘဲ ဆေးထိုး၊ဆေးသောက်နဲ့ ခွဲစိတ်တာတွေမလုပ်ရအောင် ကျွမ်းကျင်တဲ့ ဆရာဝန်ကြီးများကိုယ်တိုင် လိုအပ်တဲ့ စစ်ဆေးမှုတွေကို ပြုလုပ်ပေးနေတဲ့အပြင်
🔰physiotherapy နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်း
🔰လေဆာရောင်ခြည်ကုထုံး (laser therapy)၊ 🔰အသံလှိုင်းကုထုံး (ultrasound therapy)၊ 🔰လျှပ်စစ်သံလိုက်လှိုင်းကုထုံး (SWD) တို့ဖြင့်လည်း သက်သာအောင် ကုသပေးနေပါတယ်။

ဒါကြောင့် ဝေဒနာနဲ့ ဆေးတွေ့ကာ
လျင်မြန်စွာ သက်သာလာပြီး နေ့စဥ်ဘဝကို နာကျင်မှုမရှိဘဲ ဖြတ်သန်းနိုင်စေရန် ကြယ်ဖြူကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ် ရှင်။🤗

m.me/whitestarphysiotherapy?mibextid=2JQ9oc
****
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...

Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...

Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....

Ph No,
☎️ 09785537000
( ကြယ်ဖြူဆေးခန်း ၄ )
လိပ်စာ- 22 လမ်းသစ်လမ်း အင်းစိန်ပန်းခြံမှတ်တိုင်အနီး အင်းစိန်မြို့နယ်.....
Ph No,
☎️ 09795537000


#လည်ပင်းကျီးပေါင်း
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

🇲🇲 “ပြည်ထောင်စုနေ့ ဒို့မမေ့” 🇲🇲ပြည်ထောင်စုနေ့ ဆိုတာကတော့တစ်ပြည်ထောင်လုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့ သွေးစည်းညီညွ...
11/02/2026

🇲🇲 “ပြည်ထောင်စုနေ့ ဒို့မမေ့” 🇲🇲

ပြည်ထောင်စုနေ့ ဆိုတာကတော့
တစ်ပြည်ထောင်လုံးမှာရှိတဲ့ တိုင်းရင်းသားပေါင်းစုံရဲ့
သွေးစည်းညီညွတ်မှုကို ပြသနိုင်ခဲ့တဲ့နေ့တစ်နေ့ဖြစ်ပါတယ်။🤝

ဒါကြောင့် ဒီနေ့မှာကျရောက်လာတဲ့
ဖေဖော်ဝါရီလ (၁၂) ရက်နေ့ (၇၉) ကြိမ်မြောက်
"ပြည်ထောင်စုနေ့" အခမ်းအနားကို
"ကြယ်ဖြူ ဆေးခန်း" မှ လေးစားစွာနဲ့ ဂုဏ်ပြုကြိုဆိုလိုက်ပါတယ်။👏


#ကြယ်ဖြူဆေးခန်း
#ပြည်ထောင်စုနေ့

နံနက်ခင်းတိုင်း ခံစားနေရတဲ့ ခါးနာခြင်းဝေဒနာကနေ လွတ်မြောက်ဖို့ ဆောင်ရန်/ရှောင်ရန် အချက်များ အိပ်ရာထလိုက်တာနဲ့ ခါး တစ်လျှေ...
09/02/2026

နံနက်ခင်းတိုင်း ခံစားနေရတဲ့ ခါးနာခြင်းဝေဒနာကနေ လွတ်မြောက်ဖို့ ဆောင်ရန်/ရှောင်ရန် အချက်များ

အိပ်ရာထလိုက်တာနဲ့ ခါး တစ်လျှောက်လုံး တောင့်တင်းပြီး အပ်နဲ့ထိုးသလို ခံစားနေရလို့ မနက်ခင်းတိုင်း စိတ်ညစ်နေရတဲ့ ခါးနာဝေဒနာရှင်တွေရှိလား။⁉️

ဒီဝေဒနာက ပေါ်လိုက်၊ပျောက်လိုက် နဲ့ အရေးမကြီးဘူးလို့ ထင်တိုင်းလည်း လွှတ်ထားလို့ မရပါဘူး။ ❌

အချိန်ကြာလာတဲ့အခါ သာမန်ညောင်းညာမှုကနေ အာရုံကြောပိတဲ့အဆင့်အထိ ဆိုးဝါးသွားနိုင်ပါတယ်။✅

ဒါကြောင့် White Starက ခါးနာဝေဒနာရှင်တွေ ခံစားနေရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေမယ့် ဆောင်ရန်/ရှောင်ရန် အချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။ 🤗

🔴ခါးကိုပိုဆိုးစေတဲ့ ရှောင်ကြဉ်ရန်အချက်များ

1️⃣ အလွန်ပျော့တဲ့ မွေ့ရာ
ခါးရိုးကို ထောက်ပံ့မပေးနိုင်တဲ့ အရမ်းပျော့တဲ့ မွေ့ရာတွေက ခါးနာတာကို ပိုဆိုးစေပါတယ်။

2️⃣ Position တစ်ခုထဲမှာ မပြောင်းဘဲ နေမိခြင်း
အချိန်အကြာကြီး ထိုင်ရသူဆိုရင် တစ်နာရီခြားတစ်ခါ ထပြီး အနေအထား (Position) ချိန်းပေးပါ။

3️⃣ ခါးကုန်းပြီး ပစ္စည်းမခြင်း
အလေးအပင် ပစ္စည်းတွေကို ခါးကုန်းပြီးမတာက ခါးရိုးဆစ်တွေကို အဓိက ပျက်စီးစေပါတယ်။

🟢ခါးကိုကာကွယ်ပေးမယ့် ဆောင်ရန်အချက်များ

1️⃣ မှန်ကန်သော အိပ်စက်ခြင်းပုံစံ
ဘေးစောင်းအိပ်ပါ၊။ဒူးနှစ်ခုကြားမှာ ခေါင်းအုံးခံပြီးအိပ်တာက ခါးရိုးကို သက်သာစေပါတယ်။

2️⃣ အကြောလျှော့ခြင်း
မနက်တိုင်း အိပ်ယာမထခင် ခါးအကြောလျှော့ပေးတဲ့ အလေ့အကျင့်လုပ်ပါ။

3️⃣ အချိန်မီ ကုသခြင်း
နာကျင်မှုက ၂ ပတ်ထက် ပိုကြာလာရင် မပေါ့ဆသင့်ဘဲ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်နိုင်မယ့် ကျွမ်းကျင်ဆရာဝန်နဲ့ ချက်ချင်းပြသရပါမယ်။
***************
ဒါပေမယ့်လည်း
ခါးနာတာရဲ့ အဓိက အချက်ကိုသိချင်တဲ့အပြင်
လေ့ကျင့်ခန်းနဲ့ နေထိုင်မှုပုံစံတွေကို သိရှိထားချင်သူများအတွက်
အိပ်ယာပေါ်မှာတင် ကိုယ်တိုင်လုပ်နိုင်တဲ့ ခါးအကြောလျော့ လေ့ကျင့်ခန်း Video လေးကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်ရှင်။ 👇

✅ခါးနာ ဝေဒနာရှင်များအတွက် လေ့ကျင့်ခန်း
https://www.facebook.com/share/v/1F7KeBqUjB/?mibextid=wwXIfr

🔺ခါးနာဝေဒနာရှင်တွေက ခံစားရတဲ့ ဝေဒနာလက္ခဏာ တူညီပေမယ့်လည်း ရောဂါ ဖြစ်ပုံ မတူတာကြောင့်
လုပ်ဆောင်ရမယ့် ကုသမှုလေ့ကျင့်ခန်းလည်း မတူညီနိုင်ပါဘူး။

ဒါကြောင့်
🔺လေ့ကျင့်ခန်းလုပ်နေရင်း
ပိုမို နာကျင်ကိုက်ခဲလာတယ်ဆိုရင်
ဆက်မလုပ်သင့်ဘဲ သက်ဆိုင်ရာ Physiotherapists ပညာရှင်တွေနဲ့ တိုင်ပင်ရပါမယ်။

ကြယ်ဖြူဆေးခန်းမှာဆိုရင်တော့ မလိုအပ်ဘဲ ခွဲစိတ်စရာမလိုအောင်၊ ဆေးထိုး၊ဆေးသောက် အများကြီး မလုပ်ရအောင် ကျွမ်းကျင်ဆရာဝန်ကြီးများက လိုအပ်တဲ့ ကုသမှူများကို ရင်းနှီးပျူငှါစွာနဲ့ စနစ်တကျ ခေတ်မှီစက် ကိရိယာကြီးနဲ့ ကုသပေးနေပါတယ် ရှင့် 🤗

ကြယ်ဖြူဆေးခန်းတွင် လာရောက်ကုသဖို့အတွက် ဆက်သွယ်လိုပါက
m.me/whitestarphysiotherapy?mibextid=2JQ9oc
****************************
ဆေးခန်းလိပ်စာနှင့် ဖုန်းနံပါတ်ကတော့....
( ကြယ်ဖြူဆေးခန်း ၁ )
လိပ်စာ - ၅၉ သြဘာလမ်း ကျောက်မြောင်းတာမွေမြို့နယ်...
Ph No,
☎️ 09260555537
☎️ 09796555537
( ကြယ်ဖြူဆေးခန်း ၂ )
လိပ်စာ - ၈၃၆ မဟာဗန္ဓုလလမ်း လမ်းမတော်မြို့နယ်...
Ph No,
☎️ 09796555576
☎️ 09796555586
( ကြယ်ဖြူဆေးခန်း ၃ )
လိပ်စာ - ၁၅၂၃ မြင်တော်သာလမ်း သာကေတမြို့နယ် ထူပါရုံ၁ ရပ်ကွက်....
Ph No,
☎️ 09785537000


#ကြယ်ဖြူ
#အရိုးအကြော #ကြွက်သားနှင့်အရွတ်

06/02/2026

အသက်ကြီးသူများနှင့် အရိုးပွရောဂါ သတိပြုစရာ

ကြယ်ဖြူဆေးခန်း နှင့်တိုင်ပင်ပါ

#ကြယ်ဖြူဆေးခန်း ၁
၅၉ သြဘာလမ်း ကျောက်မြောင်း တာမွေမြို့နယ်။
ဖုနး် ၀၉၂၆၀၅၅၅၅၃၇ ,09796555537

#ကြယ်ဖြူဆေးခန်း ၂
၈၃၆ မဟာဗန္ဓုလလမ်း (၉လမ်းထိပ်)
လမ်းမတော်မြို့နယ်
ဖုန်း ၀၉၇၉၆၅၅၅၅၇၆ ,09796555586

ကြယ်ဖြူဆေးခန်း ၃ သာကေတ
၀၉၇၈၅၅၃၇၀၀၀

ကြယ်ဖြူဆေးခန်း ၄ အင်းစိန်
၀၉၇၉၅၅၃၇၀၀၀

Address

59 Awba St, Tamwe Township.
Yangon

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Telephone

09260555537

Alerts

Be the first to know and let us send you an email when White Star Physiotherapy Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category