Alliance Myanmar

Alliance Myanmar လူငယ်မျိုးဆက်ပွားကျန်းမာရေး နှင့် HIV/AIDS ဆိုင်ရာ ဗဟုသုတများကို ဝင်ရောက်လေ့လာနိုင်ပါသည်။

“Transgender” ဆိုတာ ဘာလဲ???📣LGBT ကိုတော့အားလုံးကြားဖူးကြတယ်ဟုတ်...L- Le***anG- GayB- Bisexual T- Transgender ဆိုတာတော့ တ...
18/03/2025

“Transgender” ဆိုတာ ဘာလဲ???📣

LGBT ကိုတော့အားလုံးကြားဖူးကြတယ်ဟုတ်...
L- Le***an
G- Gay
B- Bisexual
T- Transgender ဆိုတာတော့ တော်တော်များလည်းသိပြီးကြပြီဖြစ်မှာပါ။

ဒီနေ့ပြောပြမှာကတော့ အဲဒီထဲကမှ Transgender အကြောင်းပဲဖြစ်ပါတယ်.

📌Transgender ဆိုတာ မိမိတို့ မွေးရာပါ လိင်အင်္ဂါကို ခွဲစိတ်ပြုပြင်ခြင်းမပြုလုပ်ထားပေမဲ့ ဆန့်ကျင်ဘက် လိင်ကဲ့သို့ ခံယူကာ၀တ်စားဆင်ယင် ပြုမူနေထိုင်သွားလာရတဲ့အပေါ် ပျော်ရွှင်အားရကျေနပ် နှစ်ခြိုက်တဲ့သူတွေကို ခေါ်တာဖြစ်ပါတယ်။ (ခွဲစိတ်ပြုပြင်ထားတဲ့သူတွေကို Tr*******al လို့ခေါ်ပါတယ်)

✅မွေးရာပါယောက်ျားလေးလိင်အင်္ဂါပါပြီး မိန်းကလေးလို ခံယူပြုမူနေထိုင်ရင် - Transgender Women (TGW) နဲ့
✅မွေးရာပါမိန်းကလေးလိင်အင်္ဂါပါပြီး ယောက်ျားလေး လို ခံယူပြုမူနေထိုင်ရတာ ကျေနပ်နှစ်ခြိုက်ရင် - Transgender Men (TGM) ဆိုပြီး ခွဲခြားခေါ်ဆိုလို့ရပါတယ်.

ဟော်မုန်းနှင့် ဦးနှောက်ဖွံ့ဖြိုးမှုပုံစံမတူညီရာက သာမန်ကျား-မ မဟုတ်နိုင်သော သဘောထားတွေကို ဖြစ်ပေါ်လာစေတာပဲဖြစ်ပါတယ်.
ဒါကြောင့် Transgender ဆိုတာ စိတ်ပိုင်းဆိုင်ရာ ရောဂါခံစားနေရတဲ့သူတွေမဟုတ်ပါဘူး၊ လူထဲကလူတွေပဲဖြစ်ကြပါတယ်.
Transgender ဖြစ်ကြောင်း သိရှိလာတဲ့ သူငယ်ချင်းတို့အနေနဲ့လည်း မိမိကိုယ်တိုင်လက်ခံနိုင်ဖို့ အရေးကြီးသလို မိသားစုနှင့် မိတ်ဆွေများထံမှ နားလည်မှုနှင့် အားထားမှုတွေဟာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အရေးပါပါတယ်.

Transgender ဖြစ်ခြင်းဟာ သဘာဝကျတဲ့ အရာဖြစ်တာမို့ Transgender တွေကို ခွဲခြားဆက်ဆံတာတွေ မလုပ်ဘဲ လက်ခံလေးစားမှု တွေပေးပြီး သာယာတဲ့ လူမှုဘဝပတ်ဝန်းကျင်လေး ဖန်တီးလိုက်ရအောင်လားဗျာ………



သူငယ်ချင်းတို့ရေ ....IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...📣ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိ...
20/02/2025

သူငယ်ချင်းတို့ရေ ....

IBBS စစ်တမ်းမှာ အွန်လိုင်းက တဆင့် ပါဝင်ကြစို့လား...📣

ဒီစစ်တမ်းက အမျိုးသားချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသမီးကဲ့သို့ လိင်ဝိသေသခံယူထားသူနဲ့ လိင်အလုပ်သမ (MSM, TGW, FSW) များအကြား ခေတ်ကာလအရ ပြောင်းလဲလာတဲ့ လိင်မှုကိစ္စဆိုင်ရာအမူအကျင့်များနဲ့ လိုက်လျောညီထွေဖြစ်စေမယ့် HIV ကာကွယ်ရေးနှင့်ကုသရေး ဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုတွေကို နိုင်ငံအဝှမ်း ပိုပြီး ထိထိရောက်ရောက် ဆက်လက်လုပ်ဆောင်သွားနိုင်ဖို့ National AIDS Programme မှ ဦးဆောင်ပြုလုပ်တဲ့ အရေးပါတဲ့စစ်တမ်း ဖြစ်ပါတယ်။

📌စစ်တမ်းကောက်ယူမယ့်ကာလ - မတ်လ မှ ဇွန်လ အထိ

သတ်မှတ်မြို့နယ် - ရန်ကုန်၊ မန္တလေး၊ မိတ္ထီလာ၊ ပုသိမ်၊ ပြည်၊ ပဲခူး၊ မကွေး၊ မော်လမြိုင်၊ တာချီလိတ်၊ တောင်ကြီး၊ ထားဝယ်၊ ပျဉ်းမနား။ (အဆိုပါမြို့နယ် အတွင်းနေထိုင်သူများသာ ဖြေဆိုရပါမယ်) ဒီအွန်လိုင်းစစ်တမ်းကိုဖြေမယ်ဆိုရင်....
• အမည်နဲ့ လိပ်စာ ဖော်ပြစရာမလိုဘဲ လုံခြုံစိတ်ချစွာ ပွင့်ပွင့်လင်းလင်း ပြောဆိုခွင့်ရမယ်
• မိမိတို့အသိုင်းအဝန်းအတွင်း ကြုံတွေ့နေရတဲ့ ကျန်းမာရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ဖော်ပြနိုင်မယ်
• အဆင်ပြေတဲ့အချိန် အွန်လိုင်းကနေ ဖြေဆိုနိုင်ပြီး သတ်မှတ်ထားတဲ့ နီးစပ်ရာနေရာမှာ အခမဲ့ သွေးစစ်ဆေးနိုင်မယ်
• ဖြေဆို သွေးစစ်ပြီးရင် ဖုန်းဘေလ်နှင့် ခရီးစားရိတ် ဆုလက်ဆောင်ရရှိပြီး သူငယ်ချင်းတွေကိုလည်း ဖိတ်ခေါ်ဖြေဆိုနိုင်ရန် ကူပွန်များရပါမယ်

ကိုယ့်သူငယ်ချင်းတွေဆီက ကူပွန်ရပြီဆိုရင် စစ်တမ်းကို ဖြေဆိုလိုက်ကြရအောင်နော်.....

✅အွန်လိုင်းဖြေဆိုပြီးပါက သွေးစစ်ဆေးခြင်းကိုပြုလုပ်မှသာ စစ်တမ်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်များ ရရှိမှာဖြစ်ပါတယ်။

#စစ်တမ်း

21/08/2023

Alliance Myanmar မှ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသော HIV ကာကွယ်ရေးလုပ်ငန်းများတွင် ဘဝတူ ပညာပေးသူများအဖြစ် ပါဝင်လုပ်ဆောင်ပေးနေသည့် လက်ရှိ PrEP ဆေး သောက်သုံးနေသူများ ၏ အတွေ့အကြုံများကို မျှဝေပေးလိုက်ပါတယ်..

(Alliance Myanmar မှလည်း ရန်ကုန်, မန္တလေး နှင့် မော်လမြိုင် မြို့များတွင် ဦးတည်အုပ်စုဝင်များအတွက် PrEP ဆေး ရရှိရန် စတင်ဝန်ဆောင်မှုပေးနေပါသည်)

မဟာမိတ်မြန်မာ (Alliance Myanmar) သည် Review and Re-planning (R & R) meeting ကို နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ၊ အစည်းအဝေး ပြ...
11/05/2023

မဟာမိတ်မြန်မာ (Alliance Myanmar) သည် Review and Re-planning (R & R) meeting ကို နှစ်စဉ် ပြုလုပ်လေ့ရှိပြီး ၊ အစည်းအဝေး ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ

၁) မြန်မာနိုင်ငံ နေရာအနှံအပြားရှိ မဟာမိတ်မြန်မာ၏ ဝန်ထမ်းများ အချင်းချင်း တနေရာတည်းတွင် တွေ့ဆုံနိုင်ပြီး ရှေ့လာမည့်နှစ် အတွက် လုပ်ငန်းလုပ်ဆောင်ချက်များကိုဆွေးနွေးနိုင်စေရန်

၂) Program, Finance, HR & Admin Teams များမှ အဖွဲ့၏ ဦးတည်ချက် လုပ်ငန်းများ အတွက် အရေးကြီးသည်ဟု ခံယူထားသည့် အချက်များကို ဆွေးနွေးတင်ပြနိုင်စေရန်

၃) ထို့အပြင် စိတ်ဝင်စားဖွယ် ပျော်ရွှင်စရာ ကောင်းသော ကစားနည်း မျိူးစုံ ကို အဖွဲ့လိုက်ကစားခြင်းဖြင့် ဝန်ထမ်းများ အချင်းချင်း စည်းလုံးညီညွတ်စေရန် ဖြစ်ပါသည်။

မဟာမိတ်မြန်မာ ၏ ၂၀၂၃ ခုနှစ်အတွက် နှစ်ပတ်လည် အစည်းအဝေးကို ငွေဆောင်ကမ်းခြေ ရှိ Sunny Paradise Hotel တွင် ဧပြီလ ၂၇ နှင့် ၂၈ ရက်တွင် ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မဟာမိတ်မြန်မာ၏ project များရှိသော မြို့နယ်များမှ ဝန်ထမ်းများနှင့် ရန်ကုန်ရုံးချုပ်မှ ဝန်ထမ်းများ ပူးပေါင်းပါဝင်ခဲ့ပြီး လိုအပ်သော သင်တန်းများပေးခြင်း၊ သက်ဆိုင်ရာ Program များအလိုက် လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများ၊ 2022 ခုနှစ်အတွင်း အောင်မြင်စွာ လုပ်ဆောင်နိုင်မှုများ၊ ကြုံတွေ့ခဲ့ရသော အခက်အခဲအတားအဆီးများကို အသီးသီး တင်ပြဆွေးနွေးခဲ့ပါသည်။

ထို့နောက် ဝန်ထမ်းများမှ အပြုသဘောဆောင်သော အကြံပြုချက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။

08/05/2023

လက်ရှိတွင် မဟာမိတ်မြန်မာ (Alliance Myanmar) သည် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်တွင် လူထုအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု (Primary Health Care) ပေးနေသော အခမဲ့ဆေးခန်းတစ်ခုကို ဖွင့်လှစ်ထားပါသည်။

မဟာမိတ်ဆေးခန်းတွင် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ကိုယ်ဝန်ဆောင်နေစဉ် နှင့် မီးဖွားပြီးနောက်ကျန်းမာရေးစောင့်ရှောက်မှု၊ မကူးစက်တတ်သောရောဂါများ (ဥပမာ- သွေးတိုး၊ ဆီးချိုရောဂါများ) ကို စမ်းသပ်စစ်ဆေးပေးခြင်း နှင့် ကုသပေးခြင်းများ၊ လိုအပ်ပါက သက်ဆိုင်ရာနေရာများသို့ ညွှန်းပို့ပေးခြင်း၊ နှစ်သိမ့်ဆွေးနွေးပေးခြင်း နှင့် လူထုအတွက် ကျန်းမာရေးအသိပညာပေးခြင်းများကို လုပ်ဆောင်ပေးလျက်ရှိပါသည်။

ဆေးခန်းလိပ်စာ ➡➡ 158/D, သဗ္ဘူလလမ်း, ထီးလှိုင်ရှင်အိမ်ယာ, အမှတ် (၈) ရပ်ကွက်, လှိုင်သာယာမြို့နယ်

အိတ်ချ်အိုင်ဗီပိုးရဲ့ ‘Window Period’ ဆိုတာဘာလဲ........‘Window Period’ ဆိုတာ ခန္တာကိုယ်ထဲတွင် အိတ်ချ်အိုင်ဗီပိုးစတင်ဝင်ရ...
07/03/2023

အိတ်ချ်အိုင်ဗီပိုးရဲ့ ‘Window Period’ ဆိုတာဘာလဲ........
‘Window Period’ ဆိုတာ ခန္တာကိုယ်ထဲတွင် အိတ်ချ်အိုင်ဗီပိုးစတင်ဝင်ရောက်ချိန်မှစ၍ ပုံမှန်အသုံးပြုနေသော စစ်ဆေးမှုများဖြင့် ပိုးစတင်တွေ့ရှိနိုင်သောအချိန်ထိ အချိန်ကာလတစ်ခုကို ဆိုလိုခြင်းဖြစ်သည်။

‘Window Period’ သည်အသုံးပြုသောစစ်ဆေးမှုပေါ်မူတည်ပြီး ကွဲပြားနိုင်ပါသည်။

1️⃣ပဋိပစ္စည်းကိုစစ်ဆေးသော test (HIV antibody test) သည် ထိတွေ့မှုဖြစ်ပြီး ၂၃ရက် မှ ရက်၉၀ အတွင်း HIV ပိုးကိုရှာဖွေတွေ့ရှိနိုင်သည်။ (ကိုယ်တိုင်စစ်ဆေးနိုင်သော test များ နှင့် လွယ်ကူလျှင်မြန်စွာ အဖြေရသော test များဖြစ်သည်)

2️⃣ Rapid antigen/antibody test (လက်ချောင်းထိပ်မှသွေးကိုယူ၍စစ်ဆေးခြင်း) သည် ၁၈ရက် မှ ရက်၉၀ အတွင်း
3️⃣ Antigen/antibody lab test (သွေးပြန်ကြောထဲမှသွေးကိုယူ၍စစ်ဆေးခြင်း) သည် ၁၈ရက် မှ ၄၅ရက် အတွင်း
4️⃣ Nucleic acid test (HIVပိုးကောင်ကိုရှာဖွေစစ်ဆေးခြင်း) သည် ၁၀ရက် မှ ၃၃ရက် အတွင်း ရှာဖွေတွေ့ရှိနိုင်ပါသည်။

အကယ်လို့ သင်ဟာ ‘Window Period’ ထဲရှိနေမယ်ဆိုရင် သွေးစစ်ဆေးတဲ့အခါမှာ negative (သို့) non-reactive ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့်မို့ ကိုယ်စစ်ဆေးတဲ့ test ပေါ်မူတည်ပြီး ‘Window Period’ ကျော်သွားရင် ထပ်မံစစ်ဆေးခြင်းဖြင့် HIVပိုး ရှိ/မရှိကို အတည်ပြုနိုင်ပါပြီ။



14/02/2023

U=U ဆိုတဲ့ ဝေါဟာရလေးအကြောင်း သိပြီးပြီလား.....
U=U (Undetectable=Untransmissible) ဆိုတာ ART ဆေးသောက်ပြီး HIV ပိုးကောင်ရေကို တိုင်းတာစစ်ဆေးလို့မရတော့တဲ့အထိ ထိန်းချုပ်နိုင်ပါသည်။ ဒီလိုထိန်းချုပ်နိုင်ရင် တခြားလူဆီကို လိင်ကတစ်ဆင့် HIV မကူးစက်နိုင်တော့တဲ့ အခြေအနေကို ဆိုလိုတာပါ။

ဒါကြောင့် မိမိမှာ HIV ပိုးရှိနေပြီဆိုသော်လည်း စိတ်အားငယ်စရာ၊ စိတ်ဓာတ်ကျစရာမလိုပါဘူး.....💪💪

HIV ပိုးရှိနေသည်ဟု သိလျှင် သိသိချင်း သက်ဆိုင်ရာဆရာဝန် နှင့် ပြသကာ အေအာတီ (ART) ဆေးကို နေ့စဉ်ပုံမှန် စွဲစွဲမြဲမြဲသောက်သုံးမယ်ဆိုလျှင် ခန္ဓာကိုယ်တွင်းရှိ ပိုးကောင်ရေအရေအတွက် (Viral Load) ကို ပုံမှန်စစ်ဆေးနိုင်သည့် test များဖြင့် ရှာဖွေမတွေ့ရှိ (Undetectable) သည် အထိလျော့ချနိုင်ပါသည်။

ART ဆေးကို နေ့စဉ်ပုံမှန်‌စသောက်ပြီး တစ်လမှ ခြောက်လအတွင်းမှာ ကိုယ်ရဲ့ ပိုးကောင်ရေအရေအတွက်အဖြေဟာ ‘Undetectable” သို့ ‌ရောက်ရှိနိုင်ပါတယ်။

HIV ပိုးနှင့်ရှင်သန်နေထိုင်သူများသည် မိမိ၏ Viral Load ကို “Undetectable” ဖြစ်အောင်ထိန်းထားရန်ဆေးကိုဆက်လက်သောက်သုံးရမည်ဖြစ်ပါသည်။ ပထမအကြိမ်စစ်ဆေးပြီးအနည်းဆုံး ခြောက်လအကြာတွင်ထပ်မံစစ်ဆေးရာ၌ “Undetectable Viral Load” ဖြစ်လျှင် ပိုမိုစိတ်ချရသော အခြေအနေတစ်ခု (durably Undetectable) ကိုရရှိနိုင်ပါသည်။

ဒီလို အခြေအနေကိုရောက်ရှိသွားရင် ဘာအကျိုးကျေးဇူးတွေရှိနိုင်သလဲ......👏👏
မိမိကနေပြီး ကိုယ်ရဲ့ပါတနာဆီကို လိင်မှတစ်ဆင့် ရောဂါပိုးကူးစက်နိုင်ခြေမရှိသ‌လောက်နည်းပါးသွားပြီး သာမာန်လူများကဲ့သို့ ကျန်းမာစွာ အသက်ရှည်ရှည်နေနိုင်ခြင်း စသည့် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။🤩🤩

ဒါကြောင့် HIV ပိုးကို စောစောစစ်ဆေး၊ စောစောသိ၊ စောစောဆေးသောက်ခြင်းဖြင့် ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ပါပြီ။......

U=U အကြောင်းကို အသေးစိတ်သိရှိချင်တယ်ဆို ဒီလင့်လေး (https://uequalsumyanmar.com/)မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်.....

သိချင်တာလေးတွေရှိရင် Messenger မှာလည်းမေးမြန်းနိုင်ပါသည်။

ဒီအပတ်မှာတော့ HIV ပိုးနှင့်ရှင်သန်နေထိုင်သူများအတွက် COVID-19 နှင့်ပတ်သက်သော ကျန်းမာ‌ရေးဗဟုသုတများကို Q&A ပုံစံလေးဖြင့် ...
16/01/2023

ဒီအပတ်မှာတော့ HIV ပိုးနှင့်ရှင်သန်နေထိုင်သူများအတွက် COVID-19 နှင့်ပတ်သက်သော ကျန်းမာ‌ရေးဗဟုသုတများကို Q&A ပုံစံလေးဖြင့် မျှဝေပေးချင်ပါတယ်။👇👇

Q: HIV ပိုးနှင့်ရှင်သန်နေထိုင်သူတွေဟာ COVID-19 ရောဂါကူးစက်နိုင်ခြေ (သို့) ရောဂါပိုပြီးဆိုးရွားနိုင်ခြေ ပိုများနိုင်သလား?
A: HIV ပိုးနှင့်ရှင်သန်နေထိုင်သူတွေသည် သာမာန်သူတွေနဲ့ ယှဥ်လျှင် COVID-19 ရောဂါကူးစက်နိုင်ခြေပိုများသည်ဟု တိကျသောအထောက်အထားမရှိသေးပါ။ သို့သော် ယေဘုယျအားဖြင့် ကိုယ်ခံအားဆဲလ် (CD4 count) နည်းသောသူများ၊ ပိုးကောင်အရေအတွက်များသောသူများနှင့် ART ဆေးမသောက်သောသူများတွင် COVID-19 ကြောင့်ဖြစ်သောနောက်ဆွဲတွဲကျန်းမာရေးဆိုးကျိုးများကို ပိုမိုခံစားရနိုင်ပါသည်။.................................................................................
Q: COVID-19 ကာကွယ်ကုသရေးနည်းလမ်းတွေဟာ HIV ပိုးနှင့်ရှင်သန်နေထိုင်သူတွေအတွက် ကွဲပြားခြားနားပါသလား?
A: ကွဲပြားခြားနားမှုမရှိပါ။ HIV ပိုးရှိသောသူများသည်လည်း သာမာန်သူများကဲ့သို့ COVID-19 ကာကွယ်ရေးနည်းလမ်းများကို လိုက်နာရပါမည်။ ထို့အတူ HIV ပိုးရှိသောသူများသည် COVID-19 ရောဂါဖြစ်ခဲ့လျှင် ART ဆေးကို ပုံမှန်ဆက်လက်သောက်သုံးရပါမည်။ ဆေးပြောင်းခြင်း၊ ဆေးညှိခြင်းများမပြုလုပ်သင့်ပါ။.................................................................................
Q: COVID-19 ရောဂါကုသရန်နှင့် ကာကွယ်ရန် ART ဆေးများကို အသုံးပြုသင့်ပါသလား?
A: လက်ရှိတွင် COVID-19 ရောဂါကုသရန်နှင့် ကာကွယ်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ သတ်မှတ်ထားသော ART ဆေးများမရှိသေးပါ။.................................................................................
Q: COVID-19 ကာကွယ်ဆေးတွေဟာ HIV ပိုးနှင့်ရှင်သန်နေထိုင်သူများအတွက် ဘေးကင်းစိတ်ချရပါသလား?
A: လက်ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း မှ အကြံပြုထားသော COVID-19 ကာကွယ်ဆေးများသည် HIV ပိုးနှင့်ရှင်သန်နေထိုင်နေသူများအတွက် ဘေးကင်းစိတ်ချရပါသည်။ ထို့အတူ COVID-19 ကာကွယ်ဆေးများနှင့် ART ဆေးများအကြား ဓာတ်ပြုမှုများမရှိကြောင်း တင်ပြထားသည်။ ကာကွယ်ဆေးထိုးပြီးနောက်တွင်လည်း ကျန်းမာနေစေရန် ART ဆေးကိုပုံမှန်သောက်သုံးရပါမည်။
.................................................................................
Q: COVID-19 ကာကွယ်ဆေးသည် HIV ပိုးနှင့်ရှင်သန်နေထိုင်သူများအတွက် ရောဂါကာကွယ်မှုပေးနိုင်သလား?
A: လက်ရှိခွင့်ပြုထားသော COVID-19 ကာကွယ်ဆေးများသည် CD4 ဆဲလ် အရေအတွက်များပြီး ART ဆေးပုံမှန်သောက်နေသော HIV ပိုးရှိသူများအတွက် ရောဂါကာကွယ်မှု ကောင်းစွာပေးနိုင်ပါသည်။
CD4 ဆဲလ်အရေအတွက် 200 အောက်နည်းသောသူများ (သို့) HIV ပိုးကောင်ရေများသောသူများတွင် COVID-19 ကာကွယ်‌ဆေးကို ကိုယ်ခံအားစနစ်မှတုန့်ပြန်မှုအားနည်းကြောင်းတွေ့ရသည်။ CD4 ဆဲလ်များသောသူများနှင့် ယှဥ်လျှင် ထိုသူများတွင် ကာကွယ်‌ဆေးထိုးပြီးနောက် antibodies အရေအတွက်လျှင်မြန်စွာကျဆင်းနိုင်သည်။.................................................................................
Q: HIV ပိုးနှင့်ရှင်သန်နေထိုင်သူများသည် COVID-19 ထပ်ဆောင်းကာကွယ်ဆေး ထိုးသင့်ပါသလား
A: ပထမအဆင့် ကာကွယ်ဆေးနှစ်ကြိမ် ထိုးပြီး လေးလမှ ခြောက်လအတွင်း COVID-19 ထပ်ဆောင်းကာကွယ်ဆေး ထိုးသင့်ပါသည်။.................................................................................
Messenger မှာလည်း သိချင်တာလေးတွေဆက်သွယ်မေးမြန်းနိုင်ပါသည်။

Reference: https://www.who.int/news-room/questions-and-answers/item/coronavirus-disease-(covid-19)-covid-19-and-people-living-with-hiv


03/01/2023

ဒီနေ့တော့ HIV ပိုးကူးစက်မှုကိုကာကွယ်ရာမှာ အရေးကြီးတဲ့နည်းလမ်းတစ်ခုဖြစ်တဲ့ Post Exposure Prophylaxis (PEP) အကြောင်းကို မျှဝေပေးချင်ပါတယ်။

❓Post Exposure Prophylaxis (PEP) ဆိုတာဘာလဲ

✅PEP ဆိုတာ HIV ပိုးကူးစက်နိုင်ခြေရှိတဲ့ထိတွေ့ဆက်ဆံမှုများနှင့် ကြုံတွေ့ပြီးတဲ့နောက်မှာ ရောဂါပိုးကူးစက်နိုင်ခြေကိုလျှော့ချ နိုင်ဖို့ အချိန်တိုသောက်သုံးရတဲ့ အေအာတီဆေးတစ်မျိုးဖြစ်ပါတယ်။

❓HIV ပိုးကူးစက်နိုင်ခြေရှိတဲ့ထိတွေ့ဆက်ဆံမှုတွေဆိုတာဘယ်လိုတွေလဲ

✅အလုပ်ခွင်ထဲမှာဆိုရင် ရောဂါပိုးရှိသူအသုံးပြုထားတဲ့ဆေးထိုးအပ်ဆူးမိတာ၊ လိင်တူ၊လိင်ကွဲဆက်ဆံရာတွင် ကွန်ဒုံးပေါက်ပြဲသွားခြင်း၊ ဆေးထိုးအပ်/ပြွန်များမျှဝေသုံးစွဲခြင်းများ၊ လိင်ပိုင်းဆိုင်ရာကိုယ်ထိလက်ရောက်စော်ကားခံရခြင်း စသည်တို့ဖြစ်ပါတယ်။

❓ဒါဆိုရင် PEP ကိုဘယ်လိုစသောက်ရမလဲ

✅မိမိကိုယ်ကိုသံသယရှိပြီဆိုတာနဲ့ ကိုယ့်ရဲ့ကျန်းမာရေးစောင့်‌ရှောက်သူ (သို့) ဆရာဝန်နှင့်တိုင်ပင်ဆွေး‌နွေးကာ ထိတွေ့ဆက်ဆံမှုဖြစ်ပြီး ၇၂ နာရီတွင်း ဆေးစသောက်ပါက HIV ပိုးကူးစက်မှုကို ထိထိရောက်ရောက်ကာကွယ်နိုင်ပါသည်။ (စောစောဆေးစသောက်လေလေ ပိုကောင်းလေလေပေါ့)
တကယ်လို့ဆေးသောက်ရပြီဆိုလျှင် ဆေးကို ၂၈ ရက်ပြည့်အောင်နေ့စဥ်သောက်ပေးဖို့အရေးကြီးပါတယ်။

❓PEP သောက်နေစဥ် ဘာတွေသိထားရမလဲ

✅ကိုယ်ရဲ့ပါတနာနှင့်လိင်ဆက်ဆံစဥ်တွင် ကွန်ဒုံးအသုံးပြုရပါမယ်။ ဆေးထိုးရာတွင် ဆေးထိုးအပ်၊ ဆေးထိုးပြွန်များမျှဝေမသုံးရပါ။

❓PEP ဆေး၏ဘေးထွက်ဆိုးကျိုးတွေရှိလား

✅PEP ဆေးသည်လုံခြုံစိတ်ချမှုရှိပြီး အချို့လူများတွင် ပျို့အန်ခြင်းသာဖြစ်စေတတ်ပါသည်။
တော်တော်များများတွင် ကုသလို့ရနိုင်၍ အသက်အန္တရာယ်မရှိနိုင်ပါ။

✅PEP ဆေးသောက်နေစဥ် HIV ပိုးရှိ/မရှိစစ်ဆေးရမည့်အချိန်များရှိပါတယ်။
Day 0 (စတင်ထိတွေ့ချိန်) တွင် တစ်ခါ
Day 0 တွင် စစ်လိုက်လို့ negative ဆိုရင်နောက် ၃လ နှင့် ၆လတွင် ထပ်မံစစ်ဆေးသင့်ပါတယ်။

messenger မှာလည်းသိချင်တာလေးတွေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။



ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့ဒီဇင်ဘာလ ၁ရက်နေ့ ကို ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့အဖြစ် ၁၉၈၈ခုနှစ်တွ...
01/12/2022

ကမ္ဘာ့အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့

ဒီဇင်ဘာလ ၁ရက်နေ့ ကို ကမ္ဘာလုံးဆိုင်ရာ အေအိုင်ဒီအက်စ်တိုက်ဖျက်ရေးနေ့အဖြစ် ၁၉၈၈ခုနှစ်တွင်စတင်အသိအမှတ်ပြုကျင်းပလာရာ အခုဆို နှစ်ပေါင်း၂၅ နှစ်တိတိရှိလာခဲ့ပါပြီ။
ယနေ့သည် ကမ္ဘာတစ်ဝှမ်းရှိလူများကို HIV/AIDS ရောဂါကိုအမြစ်ဖြတ်ချေမှုန်းနိုင်ရန် အတူတကွပေါင်းစည်းကြရန် နှင့် AIDS ကြောင့်အသက်ဆုံးရှုံးသွားသောသူများကိုပြန်လည်အမှတ်ရစေရန် နှိုးဆော်ပေးသောနေ့တစ်နေ့ဖြစ်ပါသည်။

ဒီနှစ်ရဲ့ ဆောင်ပုဒ်လေးကတော့ "အေအိုင်ဒီအက်စ် ပပျောက်ဖို့ မညီမျှမှုများလျှော့ချလို့၊ အားလုံးပူးပေါင်းဆောင်ရွက်စို့"

ဆိုလိုရင်းကတေ့ HIV ဆိုင်ရာ ကာကွယ်စောင့်‌ရှောက်မှုများကို ဟန့်တားနေသော ကွဲပြားခြားနားမှုများ၊ မညီမျှမှုများကို အဆုံးသတ်နိုင်မှသာ ဤရောဂါကိုအမြစ်ဖြတ်နိုင်မည်ဖြစ်သည်။
ဒါကြောင့် ကျွနိုပ်တို့သည် HIV/AIDS ကိုတိုက်ဖျက်ဖို့ HIV ပိုးရှိသူများအတွက် တန်းတူညီမျှမှုရအောင် တညီတညွတ်တည်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။

“အိတ်ချ်အိုင်ဗွီရောဂါဆိုတာ ကျန်းမာရေး နှင့် တန်းတူညီမျှမှု အတွက် အဟန့်အတားမဟုတ်ပါ”


Alliance Myanmar သည် Global Fund (GF) ၏ ရံပုံငွေဖြင့် ၂၀၂၃ ခုနှစ်အတွက် HIV ကာကွယ်ရေး၊ သွေးစစ်ဆေးခြင်းဆိုင်ရာဝန်ဆောင်မှုမ...
21/11/2022

Alliance Myanmar သည် Global Fund (GF) ၏ ရံပုံငွေဖြင့် ၂၀၂၃ ခုနှစ်အတွက် HIV ကာကွယ်ရေး၊ သွေးစစ်ဆေးခြင်းဆိုင်ရာဝန်ဆောင်မှုများ၊ ပြုစုစောင့်ရှောက်ရေးနှင့် တီဘီဝန်ဆောင်မှုများနှင့် သက်ဆိုင်သော လုပ်ငန်းများကို ထိခိုက်လွယ်သောဦးတည်အုပ်စုများဖြစ်သည့် (MSMs, SWs, PWIDs နှင့် OVPs) အတွက် သက်ဆိုင်ရာ မြို့နယ်များတွင် ဒေသခံရပ်ရွာလူထုအခြေပြုအဖွဲ့များ (Local Community Based Organizations) များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရန်ရှိပါသည်။

ထိုလုပ်ငန်းများအား Alliance Myanmar သည် ရပ်ရွာလူထုအ‌ခြေပြုအဖွဲ့များနှင့် ချိတ်ဆက်၍ ဆောင်ရွက်မည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ စိတ်ပါဝင်စားသောအဖွဲ့သစ်များ (သို့) လက်ရှိ Alliance Myanmar နှင့် မိတ်ဖက်လုပ်ဆောင်နေသော အဖွဲ့များအား လုပ်ငန်းများလုပ်ဆောင်ရန် အဆိုပြုလျှောက်လွှာများကို ပေးပို့ပေးပါရန် ဖိတ်ခေါ်အပ်ပါသည်။

လိုအပ်သော အသေးစိတ်အချက်အလက်များကို အောက်ဖော်ပြပါပုံများတွင်လေ့လာကြည့်ရှုနိုင်ပါသည်။

Address

No 24, 2nd Street, Hlaing Yandanamon Housing, Hlaing Township
Yangon
11011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Alliance Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share