ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre
  • Home
  • ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre
22/10/2025
၁။ ကျောက်ကပ် အားကောင်းအောင်
ခြေဖျားထောက် လမ်းလျှောက်ပါ
၂ ။အသည်း အားကောင်းအောင်
ချိုင်း အောက်ကို
လက်ခုပ် နဲ့ ပုတ်ပေးပါ။
၃။ နှလုံး အားကောင်းအောင်
တံတောင်ဆစ် အကွေးချိုင့် ထဲကို
လက်ခုပ်ဖြင့် ပွတ်ပေးပါ။
၄ ။အစာအိမ် အားကောင်းအောင်
ချက် ဘေးပတ်ပတ်လည်
လက်ဖြင့် ပွတ်ပေးပါ။
၅။ကျော မာဆက်လုပ်ဖို့
အိပ်ယာထ
ဒူးနှစ်ဖက်ပိုက်ပြီး ထပြီးရင်
နောက်ကိုဖြေးဖြေး လှန်ပေးပါ။
၆။ ဦးဏှောက်
အာရုံကြောလန်းဆန်းပြီး
သွေးလှည့်ပတ်မူ့ အားကောင်းစေဖို့
ငယ်ထိပ် ကို လက်ခုပ် နဲ့
ဖြေးဖြေးပုတ်ပေးပါ။
တမျိုး ၅၀စီ လုပ်ပါ။
#ကျန်းမာရေးဗဟုသုတရကြပါ​စေ
ေးပါတယ်
 #ရိုးရိုးခါးနာတာနဲ့  #ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ  #ခါးနာနေတာ  #ကျောက်ကပ်လားလို့မေးနေတဲ့သူတွေအတွက်✅ခါးအော...
21/10/2025
#ရိုးရိုးခါးနာတာနဲ့ #ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ #ခါးနာနေတာ #ကျောက်ကပ်လားလို့မေးနေတဲ့သူတွေအတွက်
✅ခါးအောက်ပိုင်းနာနေတာကြာပြီ။ ဟာ ဒါဆို ကျောက်ကပ်ဖြစ်နိုင်တယ်ဆိုတဲ့ စကားလေးတွေ ကြားဖူးကြမှာပါ။
✅ဒါက မှားနေတာတော့မဟုတ်ပါဘူး။ ကျောက်ကပ်ပြဿနာရဲ့ လက္ခဏာတွေထဲမှာ ခါးနာတာပါတတ်ပေမယ့် အခြား ကျောက်ကပ်မဟုတ်ဘဲခါးကိုယ်တိုင်ဒဏ်ရာရနေလို့ ခါးနာတာတွေလည်း ရှိပါသေးတယ်။
✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။
✅ရိုးရိုးခါးနာတာနဲ့ ကျောက်ကပ်ကြောင့်ခါးနာတာကို ဘယ်လိုခွဲကြမလဲ။
✅ဒီနှစ်ခုက မှားလည်း မှားချင်စရာပါပဲ။ ကျောက်ကပ် နှစ်လုံးကလည်း ခါးအောက်ပိုင်းပတ်လည်မှာပဲ ရှိနေတာမလား။
✅ဒီတော့ နှစ်ခုလုံးက ရောချင်စရာပဲပေါ့ ။ ဒါပေမယ့် ခုပြောပြမယ့် နည်းလေးတွေနဲ့ ခွဲလို့ရပါတယ်။ အကြမ်းအားဖြင့်ပေါ့။
✅ဘာကြောင့် ဖြစ်ရတာလဲ ✅
✅ကျောက်ကပ်မှာ ကျောက်တည်တာတွေ၊ ကျောက်ကပ်ပိုးဝင်တာတွေကြောင့် ကျောက်ကပ်အောင့်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။
✅ခါးနာတာကျတော့ ခါးပတ်လည်မှာရှိတဲ့ အရိုး၊ ကြွက်သား နဲ့ အကြောတစ်ခုခု ဒဏ်ရာရသွားတာကြောင့် ခါးနာခြင်းဖြစ်ရတာပါ။
#နာကျင်မှုပုံစံ။
✅ကျောက်ကပ်ထဲ ကျောက်တည်ရင် စူးကနဲ နာတာမျိုးခံစားရပြီး ကျောက်ကပ် ပိုးဝင်နေတာဆိုရင်တော့ ခါးအောက်ပိုင်း အောင့်တောင့်တောင့် ဝေဒနာကို ခံစားရမှာပါ။
✅လှုပ်ရှားမှုကြောင့် ခါးပိုနာတာမျိုး မရှိသလို သူ့ဘာသာသူလည်း သက်သာမသွားတတ်ပါဘူး။ ဒါပေမယ့် အထဲက ကျောက်ကလေး နေရာရာရွေ့သွားတဲ့အချိန်မျိုးမှာတော့ နာကျင်မှု ပြင်းထန်တတ်ပါတယ်။
✅ခါးနာတာမှာကျတော့ ကြွက်သားဒဏ်ဖြစ်နေတာဆိုရင် အောင့်တောင့်တောင့် ဝေဒနာခံစားရတတ်ပြီး အာရုံကြောထိတဲ့ ခါးနာခြင်းမှာကျတော့ တင်ပါးပတ်လည် ခြေထောက်အောက်ပိုင်းနဲ့ ခြေဖဝါးတို့မှာပါ စူးကနဲ ကျင်ခနဲ နာကျင်တဲ့ခံစားမှုမျိုး ခံစားရတတ်ပါတယ်။
✅ကြွက်သားထိလို့ နာတာဆိုရင် ခါး ၂ ဘက်လုံးနာတတ်ပေမယ့် အကြောထိလို့ နာတာဆိုရင်တော့ ခါးတစ်ဘက်တည်းက နာနေတတ်ပါတယ်။
#နာကျင်မှု ပျံ့နှံ့ခြင်း။
✅ကျောက်ကပ်ကြောင့်ဖြစ်တဲ ခါးနာခြင်းဟာ ပေါင်အတွင်းပိုင်းနဲ့ ဗိုက်အောက်ပိုင်းတွေကို ပျံ့သွားပြီး အဲဒီနေရာတွေမှာပါ နာနေတတ်ပါတယ်။
✅အာရုံကြောထိလို့ နာတဲ့ခါးနာခြင်းမှာတော့ နာကျင်မှုဟာ ခြေထောက် အောက်ပိုင်းအထိ ပျံ့သွားတတ်ပြီး ကြွက်သားထိလို့ နာတဲ့ခါးနာခြင်းကတော့ ခါးပတ်လည်မှာပဲ နာကျင်မှု ဝေဒနာ ရှိနေတတ်ပါတယ်။
✅သက်သာသွားတာ ပိုးဆိုးသွားတာ။
ကျောက်ကပ် ကြောင့်ဖြစ်တဲ့ ခါးနာခြင်းက ဆေးကုသမှု မခံယူမချင်း သက်သာသွားမယ့် နာကျင်မှု မျိုး မဟုတ်ပါဘူး။
✅ကိုယ့်ခန္ဓာပုံစံအမှန်လေး ပြင်လိုက်ရုံနဲ့ သက်သာသွားမှာမဟုတ်သလို လှုပ်လှုပ်ရှားရှား လုပ်လွန်းလို့ ပိုဆိုးသွားတာမျိုးလည်း မရှိပါဘူး။
✅ရိုးရိုးခါးနာတာကျတော့ တစ်ချိန်လုံး ခါးကိုအားပြုထိုင်နေတာ၊ မတ်တပ်ရပ်တာ ကြာတဲ့ အခါမျိုးတွေမှာ ပိုဆိုးတတ်ပြီး ကိုယ်အနေအထားကို ပြင်လိုက်တဲ့အချိန် လေ့ကျင့်ခန်းလေး လုပ်ပေးတဲ့အချိန်မှာ သက်သာသွားတတ်ပါတယ်။
#ခါးနာတာနဲ့အတူ ရှိနေတတ်တဲ့ အခြားလက္ခဏာတွေ
✅ကျောက်ကပ် ကျောက်တည်တာ၊ ပိုးဝင်တာမျိုးတွေမှာ – ချမ်းတုန်ပြီး ဖျားတာ၊ ပျို့အန်တာ၊ ဆီးသွားရင်နာတာ၊ ဆီးအနည်ထိုင်တာ၊ ဆီးထဲ သွေးပါတာ၊ ဆီးမထိန်းနိုင်တာမျိုးတွေ ရှိတတ်ပါတယ်။
✅ကျောက်တည်တဲ့ ပြဿနာ၊ ကျောက်ကပ် ပိုးဝင်တဲ့ ပြဿနာတွေဟာ ဆေးစား၊ ဆေးသောက်၊ ခွဲစိတ်မှုတွေ လုပ်မှ ပျောက်တဲ့ ပြဿနာတွေဖြစ်တာကြောင့် ဆရာဝန်ဆီ သွားပြီး ကုသဖို့လိုပါတယ်။
✅ရိုးရိုး ခါးနာတာမှာကျတော့ နာနေတဲ့ ခါးနေရာက ရောင်နေတာ၊ ထိလိုက်ရင် ပိုနာတာ၊ ကြွက်သားကြီးတွေ တင်းနေတာနဲ့ ခါးအောက်ပိုင်း အားမရှိတာ စတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာ ဖြစ်ပါတယ်။
✅ခါးနာတာနဲ့အတူ ဆီးတွေ၊ ဝမ်းတွေ မထိန်းနိုင်တာတွေပါရှိနေတယ်ဆိုရင်တော့ ခါးဆစ်ရိုးထဲက အကြောတွေ ထိနေတဲ့ ပြဿနာဖြစ်နိုင်တာကြောင့် ဆရာဝန်ဆီ မြန်မြန်သွားဖို့လိုပါတယ်။
ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏
သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။
ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။
#ကျန်းမာရေး
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည
အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ် ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပ...
06/10/2025
အထူးဂရုစိုက်ကြပါ ဒီနေ့ လိုင်းပေါ်မှာအဲ့အကောင်သောင်းကျန်းလို့ တော်တော်ဆိုးဆိုးဖြစ်နေပါတယ်
ဆောင်းရာသီမှာ အဖြစ်များတဲ့ မီးပိုးကောင်အန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ
လတ်တလော ကာလအတွင်းမှာ မီးပိုးကောင် အကိုက်ခံရပြီး ဝေဒနာခံစားရသူများ ရှိလာခဲ့ပါတယ်။
ဒါကြောင့် မီးပိုးကောင် ကိုက်ခံရရင် ဘာတွေပြုလုပ်သင့်သလဲ ဘယ်လိုကာကွယ်ရမလည်း တင်ပြပေးလိုက်ပါတယ်ရှင်။
စကိုက်ခံရတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ?
စကိုက်ခံရပြီး ၁၂နာရီကနေ ၃၆ နာရီအတွင်းမှာ-
၁။ နီလာမယ်
၂။ မီးလောင်ထားသလို ရေကြည်ဖု ထလာမယ်
၃။ အမာရွတ်လို အဖတ်ဖတ်တွေ တက်လာနိုင်ပါတယ်
၄။ အနာကကိုက်လာမယ်
၅။ပြည်တည်မယ် စတဲ့ဝေဒနာတွေ ခံစားရနိုင်ပါတယ်။
သက်သာဖို့ အတွက်ရော ဘာတွေလုပ်ရမလဲ?
၁။ အကောင်နဲ့ ထိတွေ့တဲ့နေရာကို ချက်ချင်းရေကို အသုံးပြုပြီး စင်ကြယ်အောင်ဆေးပါ
၂။ ကိုက်ခံရတဲ့ နေရာကို ရေခဲရေဝတ်နဲ့ အရောင်ကျစေဖို့ ကပ်ပါ
၃။မပွတ်မိအောင်သတိထားပါ။ အနာပြဲပြီး အမာရွတ်ကျန်တတ်ပါတယ်။
၄။ဆရာဝန်ညွှန်ကြားချက်အတိုင်း ကိုက်ခံရတဲ့ အရေပြား ပတ်ချာလည်ကို Steroid ပါတဲ့ လိမ်းဆေး လိမ်းပါ။ သောက်ဆေး အနေနဲ့ Antihistamine တွေ သောက်သုံးနိုင်ပါတယ်။
ပျောက်ဖို့ကြာမြင့်ချိန်ကတော့ ၁ပတ်ကနေ ၃ပတ် ကြာနိုင်ပြီး အမာရွတ်လို အဖတ်ဖတ်တွေ တက်လာပြီးမှ ပျောက်သွားပါတယ်။
ဆောင်းရာသီမှာ မီးပိုးကောင်အန္တရာယ်ကို အားလုံး ဂရုစိုက်နိုင်ကြပါစေ။ ပြန်လည်မျှဝေသွားဖို့လည်း တောင်းဆိုပါရစေ ရှင်
မီးပိုးကောင်၏အဆိပ်ကြောင့်ဖြစ်သော အရေပြားနီရဲရောင်ရမ်းနာ
ပုံမှာပြထားသလိုမျိုး ဘာကြောင့်မှန်းမသိလိုက်ဘဲ အရေပြားပေါ်မှာ ပေါ်လာတာမျိုးပါ။
ထူးဆန်းတာက တံတောင်ဆစ်လို၊ ဒကောက်ကွေးလို နေရာမျိုးဆိုရင် Mirror image လိုမျိုး ၂ဖက်ဆင်တူဖြစ်တာပါ။ Kissing lesion လို့လဲ ခေါ်ပါတယ်။
တချို့က အရေကြည်ဖုလေးတွေ တန်းစီနေလို့ ရေယုန်လို့ ထင်တတ်ကြတယ်။
တချို့ကတော့ မီးပိုးကောင်ကိုက်တာလို့ပြောလေ့ရှိကြတယ်။
တကယ်တော့ ပုံမှာပြထားတဲ့ အင်းဆက် ပိုးကောင် ကြောင့်ဖြစ်တာပါ။
ဒါပေမယ့် ပုရွက်ဆိတ်တို့ ပျားကောင်တို့လို ကိုက်လို့ တုပ်လို့ဖြစ်တာတော့မဟုတ်ပါဘူး။ သူ့ခန္ဓာကိုယ်က ထွက်တဲ့အဆိပ်တမျိုးနဲ့ ထိမိလို့ဖြစ်တာပါ။
အဲဒီ insect ပိုးကောင်ကို Rove Beetle လို့ခေါ်ပါတယ်။ Paederin ဆိုတဲ့ Toxin (အဆိပ်) ကို ထုတ်လို့ Paederus Beetle လို့လဲခေါ်ပါတယ်။
အဲဒီ Toxin ထိမိတဲ့နေရာတွေမှာ ရေကြည်ဖု (Blister) တွေနဲ့ အရေပြားနီရဲရောင်ရမ်းတာ (Dermatitis) ကိုဖြစ်စေတာပါ။
မီးရောင်က အဲဒီပိုးကောင်တွေကို ဆွဲဆောင်နိုင်ပါတယ်။ ဆောင်းတွင်းမှာတော့ အအေးဓာတ်ကြောင့် ထွက်လာတတ်ကြတာပါ။
ပိုးကောင်အကြီးရဲ့ အရွယ်အစားက အရှည် 7-10 mm ဗျက် 0.5-1 mm ရှိပါတယ်။ ဦးခေါင်းက အမဲရောင်၊ ခန္ဓာကိုယ်က အနီနဲ့အနက်ကြားရောင်ပါ။
အဲဒီပိုးကောင်ကို ဖိခြေ (Crush) လိုက်တဲ့အခါ သူ့ခန္ဓာကိုယ်က Paederin toxin အဆိပ်ရည် ထွက်လာပြီးအရေပြားကို ထိမိတဲ့ခါ ပုံမှာပြထားသလို ဖြစ်လာတတ်ပါတယ်။
ထိပြီး ၁ရက်လောက်ကြာမှ နီရဲပြီး အရည်ကြည်ဖုတွေ ဖြစ်လာတာပါ။
အဆိပ်အနဲအများပေါ် မူတည်ပြီး နီရဲရုံကနေ အရည်ကြည်ဖုကြီးတွေ အနီစင်းကြောင်းတစ်လျောက်လုံးပေါ်တာမျိုးထိဖြစ်ပါတယ်။
ပိုးကောင်အဆိပ် ပေနေတဲ့လက်နဲ့ မျက်စိနဲ့ တခြားနေရာတွေကို ပွတ်မိကိုင်မိရင်လဲ မျက်စိရောင်တာ ထိမိတဲ့နေရာတွေပါ ရောင်ကိုင်းတာ ဖြစ်နိုင်ပါတယ်။
မော်တော်ဆိုင်ကယ်စီးတဲ့သူတွေ မျက်နှာ၊ မျက်လုံးတို့နဲ့ ပိုးကောင်ရိုက်မိရင် တော်တော်ဆိုးဝါးနိုင်ပါတယ်။
တကယ်လို့ ပိုးကောင် ခန္ဓာကိုယ်ပေါ် တက်နေတာတွေ့ရင် လက်နဲ့သွားမကိုင်ပါနဲ့။ ဖိပြီးခြေမပစ်ပါနဲ့။ အမှတ်တမဲ့ ဖိခြေမိသွားရင် ထိတဲ့နေရာနဲ့ လက်ကို ဆပ်ပြာနဲ့ ရေများများနဲ့ ဆေးပစ်ပါ။
အဝတ်အစားတွေလဲ ချွတ်ပြီးလျှော်ပစ်ပါ။ အဆိပ်တွေပါသွားအောင်ပါ။
နီရဲပြီး ရောင်လာခဲ့ရင် Antihistamines, Topical steroid ဆေးတို့ကို ပေးလို့ရပါတယ်။
Creditဒေါက်တာလှမြတ်နွယ်(ရန်ကုန်ကလေးဆေးရုံကြီး)
ကျန်းမာရေး ဗဟုသုတများ မျှဝေပေးခြင်းဖြင့် လူတိုင်း အကျိုးရှိစွာ အသုံးချနိုင်ပါစေ 😊
 #ရေ (လုံး၀)မသောက်သင့်ဆုံးအချိန်.?(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပ...
17/07/2025
#ရေ (လုံး၀)မသောက်သင့်ဆုံးအချိန်.?
(၁) တညတာလုံးငြိမ်သက်နေတဲ့ ခန္ဒာကိုယ်တွင်း ကလီစာများကို ပြန်လည်တက်ကြွလာအောင် လှုံ့ဆော်ပေးဖို့ နံနက်အိပ်ယာ ထတာနဲ့ သောက်ရေ ၂-ခွက် သောက်ပေးရပါမယ်။
(၂) အစာကြေညက်စေဖို့ ထမင်းမစားခင် နာရီ၀က်ကြိုတင်၍ ရေ ၁- ခွက် သောက်ပေးရပါမယ်။
(၃) သွေးခုန်နှုန်းမှန်စေရန်နဲ့ သွေးကျစေဖို့ ရေမချိုးခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၄) လေဖြတ်/နှလုံးရောဂါတွေ မဖြစ်အောင် ညမအိပ်ခင် ရေ ၁-ခွက် သောက်ပေးရပါမယ်။
(၅)အိပ်ပျော်နေစဉ် ခြေသလုံးကြွက်သားတှေ ကြွက်တက်ခြင်း မဖြစ်ရလေအောင် ညဘက်တရေးနိုးတဲ့အခါ ရေထသောက်ပေးပါ။
- ရေ(လုံး၀) မသောက်သင့်ဆုံးအချိန်က ဘယ်အချိန်ဖြစ်ပါသလဲ. ?
#အမေရိကန် ကျန်းမာရေးသုတေသီတွေရဲ့ စစ်တမ်းများအရ ကမ္ဘာပေါ်မှာ တရုပ်နဲ့ဂျပန်လူမျိုးတွေမှာ အူကင်ဆာရောဂါဖိစီးခံရမှု အနည်းဆုံးဖြစ်ကြပါတယ်တဲ့။ အကြောင်းရင်းကတော့ ထိုလူမျိုးတွေက ထမင်းစားနေစဉ်မှာ ရေခဲရေ/ ရိုးရိုးရေအေးမသောက်ကြဘဲ၊ ရေနွေးဖြူ(သို့မဟုတ်)လ္ဘက်ရည်ကြမ်း ပူပူကိုသာ သောက်သုံးလေ့ရှိလို့ပါဘဲ။
အထူးသဖြင့် ထမင်းစားရင်း ရေခဲရေ အေးအေးသောက်တဲ့အခါ ဟင်းလျာထဲမှာပါရှိတဲ့ အဆီအနှစ်တွေက(ဥပမာပြရရင် ရေခဲရေနဲ့ တွေ့တဲ့အခါ ဟင်းအဆီတွေက) အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ရွံ့စေးအနယ်အနှစ်များသဖွယ် ခဲပျစ်သွားတတ်ကြပြီး၊ အစာကောင်းစွာ မချက်ပြုတ်နိုင်တော့ဘဲ အူကင်ဆာဖြစ်လာစေပါတယ်။
ဒါ့ပြင် ထမင်းဟင်း ပူပူစားရင်း ရေခဲရေအေးအေးသောက်လိုက်တဲ့ အခါများမှာလည်း၊ အပူအအေး တပြိုင်နက်တည်း တွေ့လိုက်တာကြောင့် အစာအိမ်ကို ကသိကအောက်ဖြစ်စေပါတယ်။ အပူအအေး တန်ပြန်သက်ရောက်မှုက အစာအိမ် အက်ဆစ်ထွက်ရှိမှုကို ကမောက်ကမ ဖြစ်လာပြီး ဗိုက်နာဗိုက်အောင့်စေပါတော့တယ်။
ဒါကြောင့် ထမင်းစားနေစဉ်မှာ ရေခဲရေ/သောက်ရေအေးတို့ဖြင့် မျှောမချဘဲ ဟင်းချိုပူပူ(သို့မဟုတ်)ရေနွေးဖြူ(သို့မဟုတ်)ရေနွေးကြမ်းတို့ဖြင့်သာ ထမင်းလုပ် မနင်အောင်မျှောချကြပါရန်နှင့် ထမင်းစားပြီး အနည်းဆုံး နာရီ၀က်ကျော်ကြာမှသာ သောက်ရေအေးသောက်ကြပါရန် အမေရိကန်ရှိ ကျမ္မာရေးသုတေသီများက Daily Health Tips (ခေါ်) အင်တာနက်သတင်းမှာ အကြံပေးဖော်ပြသွားခဲ့ပါတယ်။
credit/coppy@
ကျမ္မာ ပျော်ရွှင် ကြပါစေ
🙏ဝါဆိုလပြည့် 🙏🙏ဓမ္မစကြာအခါတော်နေ့ 🙏ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည် ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်အမြတ်ထားရာ နေ...
09/07/2025
🙏ဝါဆိုလပြည့် 🙏
🙏ဓမ္မစကြာအခါတော်နေ့ 🙏
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ သည်
ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အထွဋ်
အမြတ်ထားရာ နေ့ထူးနေ့မြတ်အခါသမယ၌
မြန်မာပြည်သူပြည်သားများ၊ နိုင်ငံသူနိုင်ငံသား
များအားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍
ဘေးအန္တရာယ်ကင်းဝေးပြီး လိုအင်ဆန္ဒများ
ပြည့်ဝပါစေကြောင်း ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း မိသားစု မှဆုတောင်းမေတ္တာ
ပို့သအပ်ပါသည်🙏
#ဝါဆိုလပြည့်
07/07/2025
🍀Happy 14th years Anniversary 🍀
17/04/2025
🍀နှစ်သစ်ဆုတောင်း🍀
နှစ်သစ်မင်္ဂလာ အခါသမယမှစ၍ မြန်မာပြည်သူ၊ပြည်သားအားလုံး ဘေးခပ်သိမ်း ရန်ခပ်သိမ်း အန္တရာယ်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။
ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းများဖြင့် ပြည့်စုံကြ၍ လောကီ၊လောကုတ္တရာ အကျိုးနှစ်ဖြာကို သယ်ပိုးနိုင်ကြသော ပြည်သူ၊ပြည်သားများ ဖြစ်ကြပါစေလို့ ဆုမွှန်ကောင်း တောင်းအပ်ပါတယ်ရှင်🙏🙏🙏
ရွှေဘုံစံဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)ကို င်္သကြန်ပိတ်ရက် April 12 ရက်နေ့မှApril 17ထိပ်ိတ်ပြီး ဧပြီ 18ရက်နေ့ (သောကြာနေ့)နှစ်...
10/04/2025
ရွှေဘုံစံဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)ကို င်္သကြန်ပိတ်ရက် April 12 ရက်နေ့မှApril 17ထိပ်ိတ်ပြီး ဧပြီ 18ရက်နေ့ (သောကြာနေ့)နှစ်ဆန်း၂ရက်နေ့ မှာ ပြန်လည်ဖွင့်လှစ်မှာဖြစ်ပါတယ််ရှင့်။
မြန်မာတနိုင်ငံလုံးမှာ မှီတင်း နေထိုင်ကြတဲ့ (၇) ရက် သားသမီးများ အားလုံးနဲ့ပြည်ပရောက် မြန်မာနိုင်ငံသားများပါမကျန်လာမည့်မြန်မာနှစ်သစ်ကစပြီး ဒီလို ရောဂါဆိုး ကပ်ဆိုးကြီး တွေကနေ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဖြတ်သန်းနိုင်ဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏
မန္တလေးတိုင်းမှာ ရှိတဲ့ နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။*** CHINESE MEDICAL Team လမ်း ၃၀ / ၇...
04/04/2025
မန္တလေးတိုင်းမှာ ရှိတဲ့
နိုင်ငံတကာမှ MEDICAL Team များနှင့် အခမဲ့ဆေးခန်း လိပ်စာများ။
*** CHINESE MEDICAL Team
လမ်း ၃၀ / ၇၂လမ်းနှင့်၇၃လမ်းကြား၊ မန္တလေး
*** India Medical team
ချမ်းမြသာစည် လေယာဉ်ကွင်းအဟောင်း၊ မန္တလေး
*** Bhutan Medical Team
ပေါင်းလောင်းအားကစားကွင်း၊ ပျဉ်းမနား
*** RUSSIA MEDICAL Team
၆၈လမ်းနှင့်၁၀၇ လမ်းထောင့်၊ မန္တလာသီရိဘောလုံးကွင်း၊ မန္တလေး
*** အခမဲ့ဆေးကုသိုလ်မန္တလေး
လမ်း80, 39လမ်း ၊ အလက(၂)မှာ အထွေထွေရောဂါကုဆရာဝန်များအဖွဲ့မှ ဆေးအခမဲ့ကုသပေးလျက်ရှိနေပါတယ်။ လိုအပ်သည့် နေရာများကိုလည်း အုပ်စုခွဲကာ ကုသပေးလျက်ရှိပါတယ်။
နေ့၁၂:၀၀~ ၅:၀၀နာရီထိ April 1-10ထိ
ဆက်သွယ်ရန်
Aye kyi
-09755799893
Aanandar
09755549360
Thidar Naywin
09799203437
ThanThanswe
0975242879
Dr Aung Htet ko
Dr Sai Thiha zaw
လက်ရှိအချိန်ထိ သိရတဲ့ information များဖြစ်ပြီး တော်ရုံ Operation တွေထိ ကုသနိုင်လို့ ပြောကြပါတယ်။ လိုအပ်တဲ့ ကိုယ့်မိတ်ဆွေ အသိတွေကိုလမ်းညွှန်လို့ရအောင်ပါ။
Crd #
KO Soe Moe
ငလျင်ဘေးသင့် ပြည်သူများ အတွက်ရွှေဘုံစံရောဂါ‌ရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)၊ရွှေဘုံစံပရင့်ဇက်စ် စိန်ရွှေရတနာဆိုင် မိသ...
02/04/2025
ငလျင်ဘေးသင့် ပြည်သူများ အတွက်
ရွှေဘုံစံရောဂါ‌ရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)၊ရွှေဘုံစံပရင့်ဇက်စ် စိန်ရွှေရတနာဆိုင် မိသားစုတို့နှင့် (၇)ရက်သားသမီး အလှူရှင်များ၏ စုပေါင်းအလှူ‌ လေးပါရှင့်🙏🙏🙏
ပျက်စီးဆုံးရှုံးမှုတွေနဲ့ အားလုံးပူဆွေးဒုက္ခရောက်နေကြတဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် တစ်ဖက်တစ်လမ်းကနေ မင်မင်တို့နဲ့အတူ ဝိုင်း၀န်းကူညီပံ့ပိုးပေးကြတဲ့ အလှူရှင်များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင့်🙏🙏🙏
လိုအပ်တဲ့နေရာတွေမှာ မင်မင်တို့ကိုယ်တိုင် သွားရောက်ပံ့ပိုးပေးမှာမို့ အလှူဒါနထပ်တူရရှိကြပါစေရှင့်🙏🙏🙏
(၇)ရက်သားသမီး အလှူရှင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ ၊ကပ်ကြီး(၃)ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ကြပါစေ၊လိုရာဆန္ဒတွေအားလုံးပြည့်စုံကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့်🙏🙏🙏
ငလျင်ဘေးသင့်ပြည်သူများလည်း ကပ်ကြီး(၃)ပါးမှ အမြန်ဆုံးကျော်လွှားနိုင်ပြီး အရာအားလုံးကို အကောင်းဆုံး ပြန်လည်တည်ဆောက်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်ရှင့်🙏🙏🙏
ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း(ဗဟန်း+မြောက်ဒဂုံ)မိသားစုမှ မတည်အလှူငွေ-သိန်း100ကျပ်တိတိ
Edited
(၇)ရက်သားသမီးများ၏စုပေါင်းအလှူငွေ-13,364,000ကျပ်တိတိ
အလှူငွေစုစုပေါင်း-23,364,000ကျပ်တိတိ ရရှိပါတယ်ရှင့်🙏🙏🙏
ကင်ဆာရောဂါဟာ lifestyleကြောင့်90%ဖြစ်ပြီး မျိူးဗီဇကြောင့်10%ဒီနေ့ ကင်ဆာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ ကင်ဆာအထူးကုဆရာဝ...
15/02/2025
ကင်ဆာရောဂါဟာ lifestyleကြောင့်90%ဖြစ်ပြီး မျိူးဗီဇကြောင့်10%
ဒီနေ့ ကင်ဆာဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ခုမှာ ကင်ဆာအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာမီနူဝယ်လီယာက အရေးကြီးတဲ့အချက်တစ်ခုကို ပြောကြားခဲ့ပါတယ်။ ကင်ဆာဖြစ်ပွားရခြင်းရဲ့ ၉၀% က ကျွန်တော်တို့ရဲ့ မှားယွင်းနေတဲ့ နေထိုင်မှုပုံစံ (Lifestyle) ကြောင့်ဖြစ်ပြီး ၁၀% သာ မျိုးရိုးဗီဇကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေထိုင်မှုပုံစံကို ပြောင်းလဲပြီး ကင်ဆာကို ကာကွယ်ဖို့ အရေးကြီးပါတယ်။
ကင်ဆာ (၈) မျိုးကို ကာကွယ်ပေးနိုင်သော အစားအစာများ
ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တဲ့ အစားအစာ (၈) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။ ဒီအစားအစာ (၈) မျိုးကို စားသုံးရင် ဒီကင်ဆာတွေ ပျောက်ကင်းတယ်လို့ မဆိုလိုပါဘူး။ ကင်ဆာဖြစ်စေမယ့် အရာတွေကို ကာကွယ်ပေးနိုင်တယ်ဆိုတာကို မျှဝေအသိပေးခြင်း ဖြစ်ပါတယ်။
ထိုင်ဝမ်မြန်မာစာရေးဆရာမ Jin Li Chao ရေးသားထားတဲ့ "ကင်ဆာမနှစ်သက်သောအစားအစာများ" ကို မိတ်ဆွေတို့အတွက်၊ လူသားအားလုံးအတွက် ပြန်လည်မျှဝေပေးခြင်းသာ ဖြစ်ပါတယ်။
၁။ အစာအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ကြက်သွန်ဖြူ ဖြစ်ပါတယ်။
၂။ ရင်သားကင်ဆာဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တာက ပင်လယ်ရေမှော် ဖြစ်ပါတယ်။
၃။ အသည်းကင်ဆာကို ကာကွယ်ပေးနိုင်တာက မှို ဖြစ်ပါတယ်။
၄။ ပန်ကရိယကင်ဆာကို ကာကွယ်ပေးနိုင်တာက ပန်းဂေါ်ဖီစိမ်း ဖြစ်ပါတယ်။
၅။ အူကင်ဆာတို့ကို ကာကွယ်ပေးနိုင်တာက ရေမျှစ် (သို့) ရေပြောင်းဖူး ဖြစ်ပါတယ်။
၆။ အရေပြားကင်ဆာကို ကာကွယ်ပေးနိုင်တာက ကညွတ်ဖူး ဖြစ်ပါတယ်။
၇။ သားအိမ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ပဲပိစပ် ဖြစ်ပါတယ်။
၈။ အဆုတ်ကင်ဆာကို ကာကွယ်ပေးနိုင်တာက ဟင်းနုနယ်ရွက် ဖြစ်ပါတယ်။
လူသားအားလုံး ရောဂါဘယကင်းဝေးပြီး ကျန်းမာစွာ အသက်ရှည်နိုင်ကြပါစေ။
#ကင်ဆာ #ကျန်းမာရေးဗဟုသုတ #ကာကွယ်ခြင်း
Credit
RoyalA အာရုံကြောဆေး
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
01/02/2025
Celebrating my 10th year on Facebook. Thank you for your continuing support. I could never have made it without you. 🙏🤗🎉
Address
No.151,Between Tint San Street & West Baho Street ,On U Chit Maung Road, Bahan, Yangon,Myanmar.
Opening Hours
Monday 06:00 - 18:00
Tuesday 06:00 - 18:00
Wednesday 06:00 - 18:00
Thursday 06:00 - 18:00
Friday 06:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00
Telephone
+959422244667
Alerts
Be the first to know and let us send you an email when ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to ရွှေဘုံစံရောဂါရှာဖွေရေးဆေးခန်း Shwe Bon San Medical Centre:
  • Want your practice to be the top-listed Clinic?
Share