Taw Win Thitsar clinic

Taw Win Thitsar clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taw Win Thitsar clinic, Hospital, No(267/273), ShweBonThar Street, Pabaden Township, Yangon.

🌷ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့🌷 ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့်နေ့၊  ၃၀.၄.၂၀၂၆ နေ့တွင် ကျရောက်သော ကဆု...
30/04/2026

🌷ကဆုန်လပြည့် ညောင်ရေသွန်းပွဲတော်နေ့🌷
ဒီကနေ့ မြန်မာသက္ကရာဇ် ၁၃၈၇ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၃၀.၄.၂၀၂၆ နေ့တွင် ကျရောက်သော ကဆုန်လပြည့် နေ့တွင် မြန်မာပြည်သူပြည်သားများအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း "Taw Win Thitsar Clinic" မှ ဆုတောင်းမေတ္တာပိုသအပ်ပါသည်...🙏

🏃‍♂️ May လမှာ ကျင်းပမယ့် အပြေးပွဲတွေဝင်မယ့် Runner တွေအတွက် သိထားသင့်တဲ့ injury အကြောင်းရာများနှင့်ကြိုတင်ပြင်ဆင်သင့်သည်...
27/04/2026

🏃‍♂️ May လမှာ ကျင်းပမယ့် အပြေးပွဲတွေဝင်မယ့် Runner တွေအတွက် သိထားသင့်တဲ့ injury အကြောင်းရာများနှင့်ကြိုတင်ပြင်ဆင်သင့်သည့်အရာများ

နောက်လမှာကျင်းပမယ့် Cherry Trail 🍒 / တို့လို 🌃 Yangon Heritage Night Run တို့လို ပွဲတွေမလာခင်
Training လုပ်နေရင်း ဒူးနာ၊ ဖနောင့်နာ၊ ခြေသလုံးနာ တွေဖြစ်နေပြီလား?

ပြေးခြင်းဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်ပေမယ့်
စနစ်တကျ မဟုတ်ရင် အရိုးအကြောဒဏ်ရာတွေဖြစ်နိုင်ပါတယ်။

⚠️ Runner တွေမှာ အဖြစ်များတဲ့ ဒဏ်ရာများ

1. ဒူးနာခြင်း (Runner’s Knee)
ဒူးဆစ်အရိုးနု ပွန်းစားခြင်းကြောင့်
ပြေးတဲ့အချိန်၊ လှေကားတက်တဲ့အချိန် နာကျင်တတ်ပါတယ်။

2. ခြေသလုံးရိုးနာခြင်း (Shin Splints)
Training ကို ရုတ်တရက် တိုးမြှင့်လိုက်ရင်
ခြေသလုံးတလျှောက် နာကျင်မှုဖြစ်တတ်ပါတယ်။

3. ဖနောင့်နာခြင်း (Plantar Fasciitis)
မနက်အိပ်ရာထတဲ့အချိန်
ခြေလှမ်းစလှမ်းတာနဲ့ စူးပြီးနာတာ—runner တွေမှာ အဖြစ်များပါတယ်။

4. ဖနောင့်ကြောရောင်ခြင်း (Achilles Tendinitis)
ဖနောင့်အထက် အကြောမကြီးရောင်ပြီး
ပြေးတဲ့အချိန် နာကျင်တတ်ပါတယ်။

✅ ဒဏ်ရာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

✔️ မပြေးခင် warm-up / ပြေးပြီး cool-down မမေ့ပါနဲ့
✔️ မိမိခြေထောက်နဲ့ကိုက်ညီတဲ့ Running Shoes ကိုရွေးချယ်ပါ
✔️ Distance & Pace ကို တဖြည်းဖြည်းတိုးပါ (sudden jump မလုပ်ပါနဲ့)
✔️ Pain signal ကို ignore မလုပ်ဘဲ လုံလောက်စွာ rest ယူပါ

🚨 IMPORTANT

နာကျင်မှု ၂ ရက်ကျော် မသက်သာဘူးဆိုရင်—
Race နားမတိုင်ခင်
ဒဏ်ရာပိုဆိုးမသွားခင် စစ်ဆေးတာ အရေးကြီးပါတယ်။

🏥 Runner Pre-Race Check Available

May running Raceတွေ မတိုင်ခင်
✔️ Joint & Muscle Check
✔️ Injury Risk Assessment
✔️ Recovery & Running Advice တွေကိုတောင်၀င်သစ္စာအရိုးအကြောနှင့်အထွေထွေဆေးကုခန်းမှာလာရောင်စစ်ဆေးဆွေးနွေးလိုက်ရအောင်ဖိတ်ခေါ်လိုက်ပါတယ်။

📍 တော်ဝင်သစ္စာ ဆေးခန်း

🏥 အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်

☎️ ၀၁-၃၈၄၇၆၆ / ၀၁-၃၈၉၅၆၄
📞 09-988242684 / 09-750075214 / 095089529
#ပြန်လည်သန်စွမ်းရေးဆေးခန်း #တော်ဝင်သစ္စာဆေးခန်း #အရိုးအကြောအထူးကုဆေးခန်း
#အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

🌞🔆နွေရာသီမှာသတိပြုဖွယ် (Heat Stroke ) အန္တရာယ်🌞🔆အခုလို ပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ မိမိနဲ့ မိမိပတ်ဝန်းကျင်က ချစ်ခင်ရသူ...
19/04/2026

🌞🔆နွေရာသီမှာသတိပြုဖွယ် (Heat Stroke ) အန္တရာယ်🌞🔆

အခုလို ပူပြင်းလွန်းတဲ့ နွေရာသီကာလမှာ မိမိနဲ့ မိမိပတ်ဝန်းကျင်က ချစ်ခင်ရသူတွေအတွက် အထူးသတိထားရမယ့် ကျန်းမာရေးပြဿနာကတော့ Heatstroke (အပူလျှပ်ခြင်း) ပဲ ဖြစ်ပါတယ်။

​Heatstroke ဆိုတာဟာ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိန်းညှိပေးတဲ့စနစ် ပျက်စီးသွားပြီး ခန္ဓာကိုယ်အပူချိန်ဟာ ရုတ်တရက် မြင့်တက်လာခြင်းဖြစ်ပါတယ်။ ဒါဟာ
အရေးပေါ်အခြေအနေဖြစ်ပြီး အချိန်မီ မကုသနိုင်ရင် အသက်အန္တရာယ်အထိ စိုးရိမ်ရပါတယ်။

​Heatstroke ဖြစ်တော့မယ်ဆိုရင် ဘယ်လိုလက္ခဏာတွေ ပြမလဲ?

1.​ကိုယ်အပူချိန် အလွန်အမင်း တက်လာခြင်း။

2.​ချွေးထွက်ခြင်း လုံးဝမရှိတော့ဘဲ အရေပြားများ ပူပြီး ခြောက်သွေ့လာခြင်း။

3.​ခေါင်းမူး၊ ခေါင်းကိုက်ပြီး အော့အန်ခြင်း။

4.​နှလုံးခုန်မြန်ခြင်း၊ အသက်ရှူမြန်ခြင်း။

5.​စိတ်ဂယောင်ခြောက်ခြားဖြစ်ခြင်း၊ စကားပြောသံများ ဗလုံးဗထွေးဖြစ်လာခြင်း။

6.​သတိလစ်ခြင်းနှင့် တက်ခြင်း။

Heatstroke မဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

1.​ရေများများသောက်ပါ။
ရေငတ်သည်ဖြစ်စေ၊ မငတ်သည်ဖြစ်စေ တစ်နေ့တာလုံး ရေကို ခဏခဏ သောက်ပေးပါ။

2.​နေရောင်ခြည်ကို ရှောင်ပါ။
နေပူအပြင်းဆုံးအချိန် (မနက် ၁၀ နာရီမှ ညနေ ၄ နာရီအတွင်း) အပြင်ထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

3.​အဝတ်အစား ရွေးချယ်ဝတ်ဆင်ပါ။
ပေါ့ပါးပြီး ချောင်ချိတဲ့ ချည်သားအဝတ်အထည်
(အရောင်ဖျော့ဖျော့) များကို ဝတ်ဆင်ပါ။

4.​နေကာပစ္စည်းများ သုံးပါ။
အပြင်ထွက်လျှင် ထီး၊ ဦးထုပ် နှင့် နေကာမျက်မှန်များ အသုံးပြုပါ။

5.​အရက်နှင့် ကဖိန်းဓာတ် ရှောင်ပါ။
အရက်၊ ဘီယာနှင့် ကဖိန်းဓာတ်ပါသော သောက်စရာများသည် ခန္ဓာကိုယ်မှ ရေဓာတ်ကို ပိုမိုခမ်းခြောက်စေပါတယ်။ဒါကြောင့် တတ်နိုင်သမျှရှောင်ပါ။

တကယ်လို့ ကိုယ့်ပတ်ဝန်းကျင်​အနီးနားမှာ တစ်စုံတစ်ယောက် အပူလျှပ်ပြီလို့ သံသယရှိရင် ချက်ချင်း ဆေးရုံ/ဆေးခန်းသို့ ပို့ဆောင်ပေးရပါမယ်။
Heatstroke သည် အသက်အန္တရာယ်ရှိနိုင်သောကြောင့် အိမ်တွင်သာ ပြုစုမနေဘဲ အမြန်ဆုံး နီးစပ်ရာ ဆေးခန်းသို့ ပြသရန် လိုအပ်ပါတယ်။
ဒါကြောင့် ​မိမိတို့ရဲ့ မိသားစုဝင်များ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များကို အထူးဂရုစိုက်ပေးကြပါရန် သတိပေးချင်ပါတယ်။
#ပြန်လည်သန်စွမ်းရေးဆေးခန်း #အရိုးအကြောအထူးကုဆေးခန်း #တော်ဝင်သစ္စာဆေးခန်း #အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ဆုတောင်း🙏🌻🌺🌷🌿🌾🌹 ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောနှစ်သစ်အ...
17/04/2026

မြန်မာနှစ်သစ်ကူးနှစ်ဆန်းတစ်ရက်နေ့ဆုတောင်း🙏🌻🌺🌷
🌿🌾🌹 ၁၃၈၇ ခုနှစ်မှ ၁၃၈၈ ခုနှစ် နှစ်ဟောင်းမှ နှစ်သစ်သို့ကူးပြောင်းသောနှစ်သစ်အခါသမယမှာ
မြန်မာနိုင်ငံသူ နိုင်ငံသား၊ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ နှစ်ဟောင်းမှ.မကောင်းသော.စိတ်အညစ်အကြေးနှင့် စိတ်ပူပင်သောကမှန်သမျှအားလုံး ၊ စိတ်ဆင်းရဲချင်း ကိုယ်ဆင်းရဲချင်းမှကင်းဝေးကြပါစေ။ 🙏🙏🙏
#ပြန်လည်သန်စွမ်းရေးဆေးခန်း #အရိုးအကြောအထူးကုဆေးခန်း #တော်ဝင်သစ္စာဆေးခန်း #အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

🍀"သကြင်္န်ဆုမွန်ကောင်းပို့သခြင်း နှင့်ပိတ်ရက်ကြေညာခြင်း"🍀🍀အတာကြူးတဲ့လတန်ခူး သကြင်္န်အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့...
13/04/2026

🍀"သကြင်္န်ဆုမွန်ကောင်းပို့သခြင်း နှင့်ပိတ်ရက်ကြေညာခြင်း"🍀

🍀အတာကြူးတဲ့လတန်ခူး သကြင်္န်အခါသမယမှာ ကမ္ဘာသူကမ္ဘာသားအပေါင်းတို့ ဘေးရန်ကင်းကွာကောင်းကျိုးဖြာပြီး လိုအင်ဆန္ဒမှန်သမျှပြည့်၀ကြပါစေကြောင်း"တော်၀င်သစ္စာဆေးခန်း မိသားစု"မှဆုမွန်ကောင်းပို့သအပ်ပါသည်။🍃

🍃တော်၀င်သစ္စာဆေးကုခန်းကို (12-4-2026) တနင်္လာနေ့မှ (17-4-2026) သောကြာနေ့ (နှစ်ဆန်းတရက်နေ့ထိ) သက်ြန်ပိတ်ရက်အဖြစ်သတ်မှတ်ထားပြီး (18) ရက်နေ့တွင်ပုံမှန်အတိုင်း
ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းတစ်ပါတည်းအသိပေးကြေညာအပ်ပါသည်။

#ပြန်လည်သန်စွမ်းရေးဆေးခန်း #အရိုးအကြောအထူးကုဆေးခန်း #တော်ဝင်သစ္စာဆေးခန်း #အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု

💉⛑Vaccines are one of the Safest,Most Effective Ways to prevent Disease⛑💉✏️ ပြင်းထန် ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့်...
11/04/2026

💉⛑Vaccines are one of the Safest,Most Effective Ways to prevent Disease⛑💉

✏️ ပြင်းထန် ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့် COVID 19 ရောဂါ လဏ္ခာများ မှာ အနည်းငယ်ဆင်တူခြင်း၊ အသက်ရှူလမ်းကြောင်း မှကူးစက်ခြင်း စသော အချက်များကြောင့် နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များကို ကြိုတင်ကာကွယ် နိုင်သော ပြင်းထန် ရာသီတုတ်ကွေး seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။

🗞️(၁) မေး- ရာသီတုပ်ကွေးကာကွယ်ဆေးဆိုတာဘာလဲ?

📑. ဖြေ - နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) က ဒေသဆိုင်ရာ အသီးသီးတွင် ဖြစ်ပွားလေ့ရှိသော ဖြစ်ပွားနိုင်တဲ့ H1 N1 Inflenza virus strain ကို ကာကွယ်ဆေးတီထွင်စေကာ ထိုးနှံပေးသော ကာကွယ်ဆေးဖြစ်ပါတယ်၊၊

🗞️(၂) မေး-ထိုးနှံထား လျှင်ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ ?

📑. ဖြေ - မြန်မာနိုင်ငံတွင် မုတ်သုံမိုးဦးကျ ကာလတွင် ရာသီတုပ်ကွေးအဖြစ်များပြီး၊တုပ်ကွေးကြောင့် ပြင်းထန်သောအဆုပ်ရောင်ရော ဂါဖြစ်ပွားခြင်း၊ အသက်သေဆုံးခြင်း များဖြစ်ပွားနိုင်ပါတယ်၊၊ကာကွယ်ဆေး ကိုမုတ်သုံရာသီမဝင် ခင် (၁၄) ရက်ကြိုတင်ထိုးထားခြင်းသည် အကောင်းဆုံးဖြစ်ကာ၊ထိုးနှံထားသူ များအနေဖြင့် အသက်သေဆုံးခြင်း၊နောက်ဆက်တွဲရောဂါများဖြစ်ပွားခြင်းမှ ၈၅% ကာကွယ်ပေးနိုင်ပါတယ်၊၊

🗞️(၃)မေး - ဘယ်လိုလူများထိုးနှံသင့်ပြီး၊ဘယ်လိုလူများမထိုးနှံသင့်ပါ သလဲ၊၊

📑. ဖြေ -လူတိုင်းထိုးသင့်ပါတယ်။ မဖြစ်မနေထိုးသင့်သူများက
(၁) အသက် (၆၅)နှစ်အထက် လူကြီးများ
(၂) ကိုယ်ဝန်ဆောင် မိခင်များနှင့် အသက် (၆)လ အထက် ကလေးသူငယ်များ
(၃) နာတာရှည်ရောဂါ အခံရှိသူများ။
(၄) covid ရောဂါဖြစ်ပွားထား၍ အဆုတ် ထိခိုက် ဖူးသူများ။
(၅)ကျောက်ကပ်ရောဂါဖြစ်နေသူများ၊သွေးတိုးဆီးချို ရောဂါဖြစ်နေသူများ၊

WHO ကျန်းမာရေးအဖွဲ့ကြီး ကထုတ်ပြန်ချက်အရ အရင်နှစ် ထိုးခြင်းတွင် severe allergic reaction ဖြစ်ဖူးသူများမှ လွဲ၍ ကျန်သူများအားလုံးထိုးသင့်ပါတယ် ၊၊

🗞️(၄)မေး-ဒီနှစ်အတွက် အသိအမှတ်ပြု ကာကွယ်ဆေးတံဆိပ်တွေ နှင့် ပါဝင်မယ့် strain က?

📑 ဖြေ - WHO က မြန်မာနိုင်ငံကို southern Hemisphere နယ်မြေအဖြစ် သတ်မှတ်ကာ မုတ်သုန်ရာသီအတွင်း ဖြစ်ပွားနိုင်မည့် Virus strain များအဖြစ် သတ်မှတ်ထားပါတယ်။

💉မြန်မာနိုင်ငံတွင် လက်ရှိ
⛑MM FDA approved - Skycell Flu Vaccine (2026) Southern Hemisphere Strains နှင့် Influvac Tetra (2026) Southern Hemisphere Strains ကို စာရင်းပေး ကာထိုးနှံနိုင် ပါတယ် ။

🚨MM Registered ဖြစ်တဲ့အတွက် cold chain system နှင့် ဆေးသိုလှောင်မှု စနစ်တကျဖြင့် ထိုးနှံပေးပါတယ်။

📌ရာသီတုပ်ကွေး၊ရိုးရိုးတုပ်ကွေး နှင့် COVID 19 ရောဂါ လဏ္ခာများ မှာ အနည်းငယ်ဆင်တူခြင်း၊ အသက်ရှူလမ်းကြောင်း မှကူးစက်ခြင်း စသော အချက်များကြောင့် နာတာရှည်ရောဂါအခံရှိသူများ၊ ကလေးသူငယ် များကို ကြိုတင်ကာကွယ် နိုင်သော seasonal flu vaccine 💉 ကိုတနှစ်တခါ ပုံမှန်ထိုးထားသင့်ပါသည်။

🚨WHO ကျန်းမာရေးအဖွဲ့ကြီး ကထုတ်ပြန်ချက်အရ အရင်နှစ် ထိုးခြင်းတွင် severe allergic reaction ဖြစ်ဖူးသူများမှ လွဲ၍ ကျန်သူများအားလုံးထိုးသင့်ပါတယ် ၊၊

🌟ထို့ပြင်
- SkyCell flu မိုးရာသီလေးမျိုးစပ်ရာသီတုပ်ကွေးကာကွယ်ဆေး ဟာဆိုရင်မြန်မာ FDA အသိအမှတ်ပြုလက်မှတ်ရရှိထားတာကြောင့်
- ✅ သုံးစွဲသူတွေဘေးကင်းမှု(Safety)
- ✅ ဆေးအရည်အသွေးပြည့်မီမှု(Efficacy)
- ✅ ဆေးအာမခံချက်ရှိမှု (Security)
တို့ကို အပြည့်အဝ ပေးနိုင်စွမ်းရှိပါတယ်။

-ကာကွယ်ဆေးထိုးနှံ လိုသူများ အနေနှင့်

📲 🏨တော်ဝင်သစ္စာ အရိုးအကြောနှင့်အထွေထွေရောဂါ အထူးကုဆေးခန်း
အမှတ်(၂၆၇/၂၇၃)၊ပထမထပ်၊ရွှေဘုံသာလမ်း (အလယ်ဘလောက်)၊ပန်းဘဲတန်းမြို့နယ်
၊ရန်ကုန်။
📲hotline 01384766, 01389564,09988242684,09750075214, သို့ကြိုတင်စာရင်းပေး ထိုးနှံနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ် ခင်ဗျာ။

#အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှု
#တော်ဝင်သစ္စာဆေးခန်း


#ရာသီတုတ်ကွေးကာကွယ်ဆေး



🚨✅နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease – IHD) ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် သတိပြုစရာများ ✅🚨🫀နှလုံးသွ...
26/03/2026

🚨✅နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease – IHD) ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် သတိပြုစရာများ ✅🚨

🫀နှလုံးသွေးကြောကျဉ်းရောဂါ (Ischemic Heart Disease) သည် နှလုံးကြွက်သား (Myocardium) သို့ သွေးနှင့် အောက်ဆီဂျင် ပို့ဆောင်ပေးနေသည့် Coronary arteries များအတွင်း Atherosclerotic plaque(အဆီများ) စုပုံလာပြီး သွေးလမ်းကြောင်း ကျဉ်းမြောင်းသွားခြင်းကြောင့် ဖြစ်ပေါ်လာသော ရောဂါဖြစ်ပြီး၊ သွေးစီးဆင်းမှု လျော့နည်းလာသောအခါ နှလုံးကြွက်သားအတွင်း ischemia (သွေးကြောကျဉ်း) ဖြစ်ပေါ်ပြီး ရင်ဘတ်အောင့်ခြင်း (Angina)၊ မောပန်းလွယ်ခြင်း၊ အချိန်ကြာလာပါက Myocardial infarction (Heart Attack) အထိ ဖြစ်ပွားနိုင်ပါသည်။

✅အဓိက ဖြစ်ပွားရသည့် အကြောင်းရင်းများ (Etiological Factors)များမှာ ..

၁။ သွေးတိုးရောဂါ (Hypertension) 🩸

သွေးဖိအား တာရှည်မြင့်မားနေခြင်းကြောင့် သွေးကြောနံရံအတွင်းရှိ Endothelial lining ပျက်စီးလွယ်လာပါသည်။
ဤသို့ ပျက်စီးသည့်နေရာများတွင် LDL cholesterol များ စုပုံလွယ်ကူလာပြီး Atherosclerosis ဖြစ်ပေါ်လာစေပါသည်။
ထို့ကြောင့် သွေးတိုးရောဂါရှိသူများတွင် Ischemic Heart Disease ဖြစ်နိုင်ခြေ သိသိသာသာ မြင့်မားပါသည်။

၂။ သွေးတွင်းအဆီများခြင်း (Dyslipidemia)

သွေးတွင်းရှိ Low-density lipoprotein (LDL cholesterol) မြင့်မားနေခြင်းသည် Plaque ဖွဲ့စည်းမှု၏ အဓိက အကြောင်းရင်းဖြစ်ပါသည်။
LDL cholesterol များသည် သွေးကြောနံရံအတွင်း စုပုံကာ Coronary arteries ကို တဖြည်းဖြည်း ကျဉ်းမြောင်းစေပြီး နှလုံးသို့ သွေးပို့ဆောင်မှု လျော့နည်းစေပါသည်။

၃။ ဆေးလိပ်သောက်ခြင်း (Smoking) 🚬❌

ဆေးလိပ်တွင် ပါဝင်သည့် Ni****ne နှင့် Carbon monoxide တို့သည်

* သွေးကြောရောင်ရမ်းစေခြင်း၊
* သွေးခဲဖွဲ့စည်းနိုင်ခြေ မြင့်တက်ခြင်း၊
* HDL (ကောင်းသောအဆီ) လျော့နည်းခြင်းတို့ကို ဖြစ်စေပါသည်။

🚨ထို့ကြောင့် ဆေးလိပ်သောက်သူများတွင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေ တခြားသူများထက် လွန်စွာ မြင့်မားပါသည်။

၄။ ဆီးချိုရောဂါ (Diabetes Mellitus)

သွေးတွင်းသကြားဓာတ်ကို ကောင်းစွာ မထိန်းချုပ်နိုင်ပါက

✅သွေးကြောလေးများ ပျက်စီးခြင်း၊

✅Atherosclerosis ဖြစ်ပွားမှု မြန်ဆန်လာခြင်း၊
တို့ကို ဖြစ်စေပါသည်။

🚨ဆီးချိုရောဂါရှိသူများတွင် Ischemic Heart Disease ဖြစ်ပွားနိုင်ခြေသည် လူပုံမှန်များထက် များစွာ ပိုမိုမြင့်မားပါသည်။

၅။ ကိုယ်အလေးချိန်များခြင်းနှင့် လေ့ကျင့်ခန်းမလုပ်ခြင်း (Obesity & Physical Inactivity) 🏃‍♂️

အထိုင်များသော လူနေမှုပုံစံနှင့် ကိုယ်အလေးချိန်များခြင်းသည်

* သွေးတိုး
* ဆီးချို
* သွေးတွင်းအဆီမြင့်ခြင်း
တို့ကို ဖြစ်စေပြီး အားလုံးပေါင်းစပ်ကာ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို တိုးမြှင့်စေပါသည်။

၆။ အသက်အရွယ်ကြီးရင့်ခြင်း နှင့် ယောကျာ်းလေးများ၊ (Advancing Age and male factors) 👴👵

အသက်ကြီးလာသည်နှင့်အမျှ

✅သွေးကြောများ ပိုမိုမာတင်းလာခြင်း၊
✅Elasticity လျော့နည်းလာခြင်း၊ ကြောင့် Coronary artery disease ဖြစ်နိုင်ခြေ များသလို

🚨အမျိုးသား များသည် အမျိုးသမီးများထက် IHD ရနိုင်ခြေပိုမိုများပေသည်။

၇။ မျိုးရိုးဗီဇ (Genetic Predisposition)

မိသားစုအတွင်း အသက်ငယ်ငယ်နဲ့ နှလုံးရောဂါဖြစ်ဖူးသူများရှိပါက
မျိုးရိုးဗီဇဆိုင်ရာ အချက်များကြောင့် ကိုယ့်တွင်လည်း Ischemic Heart Disease ဖြစ်နိုင်ခြေ ပိုမိုများပြားပါသည်။

🫀🚨ရင်ဘတ်အောင့်ခြင်း၊ မောပန်းလွယ်ခြင်း၊ အလုပ်လုပ်ရာတွင် အမောမခံနိုင်ခြင်း စသည့် လက္ခဏာများ ဖြစ်ပေါ်လာပါက နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေကို မပေါ့ဆသင့်ဘဲ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်စစ်ဆေးသင့်ပါသည်။

👨‍⚕️🏥
အန္တရာယ်ဖြစ်စေသော အချက်များရှိသူများအနေဖြင့် ကြိုတင်စစ်ဆေးခြင်းနှင့် လူနေမှုပုံစံ ပြောင်းလဲခြင်းတို့သည် ရောဂါကို ကာကွယ်နိုင်သည့် အရေးကြီးသော အချက်များဖြစ်ပါသည်။

✅ကျန်းမာတဲ့နှလုံးအတွက် ကြိုတင်စစ်ဆေးပါ ❤️🩺

ကိုယ့်မှာ အထက်ပါ အန္တရာယ်ဖြစ်စေတဲ့ အချက်တွေ ရှိတယ်ဆိုရင်
ရောဂါမဖြစ်ခင် ကြိုတင်စစ်ဆေးခြင်းက အရေးအကြီးဆုံးပါ ✨

လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး

1)ECG

2)Echocardiography

3)Blood Test (Troponin/ Cholesterol / Sugar) level များပုံမှန်စစ်ဆေးသင့်ပါသည်။

✅🚨ကျန်းမာနေတဲ့သူများတွေအတွက်လည်း နှလုံးကျန်းမာရေးစစ်ဆေးမှုက မရှိမဖြစ်လိုအပ်ပါတယ်"

​🍀🤗သင့်ရဲ့ ကျန်းမာရေး သစ္စာရှိဖော်အဖြစ် ကျွန်တော်တို့ တော်ဝင်သစ္စာ က အမြဲရှိနေမှာပါ။

ဒါ့ကြောင့် နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည်အားထားကြပါစို့။🤝❤️

​📍 လိပ်စာ: အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
​☎️ ဖုန်း: ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄၊
Hot Line - ၀၉-၇၅၀၀၇၅၂၁၄

References (ESC / ACC / WHO Guidelines) 📚

European Society of Cardiology (ESC)
ESC Guidelines on Cardiovascular Disease Prevention in Clinical Practice.
European Heart Journal.

American College of Cardiology / American Heart Association (ACC/AHA)
ACC/AHA Guideline for the Management of Patients with Chronic Coronary Disease.

World Health Organization (WHO)
Cardiovascular Diseases (CVDs) – Fact Sheets & Prevention Guidelines.

Libby P, et al.
Atherosclerosis.
Nature Reviews Disease Primers.
#ပြန်လည်သန်စွမ်းရေးဆေးခန်း #အရိုးအကြောအထူးကုဆေးခန်း #တော်ဝင်သစ္စာဆေးခန်း #ရွှေဘုံသာလမ်း #တော်ဝင်သစ္စာဆေးခန်း #အထွေထွေရောဂါ

မဂ်လာရှိသော အစ္စလာမ်သာသနာဝင်များ၏ "အိဒ်နေ့အချိန်အခါသမယ" မှာ မြန်မာပြည်သူ၊ပြည်သား အပေါင်း၊ လူမျိုးမရွေး ဘာသာမရွေး စိတ်၏ချ...
21/03/2026

မဂ်လာရှိသော အစ္စလာမ်သာသနာဝင်များ၏
"အိဒ်နေ့အချိန်အခါသမယ" မှာ မြန်မာပြည်သူ၊ပြည်သား အပေါင်း၊ လူမျိုးမရွေး ဘာသာမရွေး စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်း
များ ပြည့်စုံပါစေကြောင်း 'တော်ဝင်သစ္စာဆေးခန်း' မိသားစုမှဆုမွန်ကောင်းပို့သလိုက်ပါတယ်။

#တော်ဝင်သစ္စာဆေးခန်း #ရွှေဘုံသာလမ်း #အထွေထွေရောဂါ

(Medical Check up) ကိုယ်ခန္ဒာ နှင့် သွေးစစ်လိုလျှင် တော်ဝင်သစ္စာ ဆေးခန်းကို သတိရလိုက်ပါ။ 🩸✨❤️​လူအများစုက နေမကောင်းဖြစ်မှ...
19/03/2026

(Medical Check up) ကိုယ်ခန္ဒာ နှင့် သွေးစစ်လိုလျှင် တော်ဝင်သစ္စာ ဆေးခန်းကို သတိရလိုက်ပါ။ 🩸✨

❤️​လူအများစုက နေမကောင်းဖြစ်မှ ဆေးခန်းပြကြတာများပါတယ်။ ဒါပေမဲ့ တကယ့် "ကျန်းမာရေး" ဆိုတာ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း (primary Prevention)ကနေ စတင်တာပါ။ 🛡️
​သင်ကိုယ်တိုင် ကျန်းမာတယ်လို့ ခံစားနေရရင်တောင် သင့်ခန္ဓာကိုယ်အတွင်းပိုင်းရဲ့ အခြေအနေကို (6) လတကြိမ် (သို့) (1) နှစ်တကြိမ် ပုံမှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။ 🔍

​လူတစ်ယောက်ဟာ ဘာကြောင့် ပုံမှန်ကျန်းမာရေးစစ်ဆေးမှု (Annual Check-up) လုပ်သင့်တာလဲ? 🤔

​✅ ရောဂါများကို ကြိုတင်သိရှိနိုင်ခြင်း၊
အချို့သောရောဂါများက လက္ခဏာမပြဘဲ ငုပ်လျှိုးနေတတ်ပါတယ်။ ဒါကြောင့် ကြိုတင်စစ်ဆေးထားမယ်ဆိုလျှင် အမြန်ဆုံး ကုသနိုင်မှာ ဖြစ်ပါတယ်။ 🩺

​✅ စိတ်အေးချမ်းမှု ရရှိခြင်း၊
မိမိခန္ဓာကိုယ်ရဲ့ လက်ရှိအခြေအနေကို တိတိကျကျ သိရတဲ့အတွက် စိုးရိမ်ပူပန်မှုတွေ ကင်းဝေးစေပါတယ်။ 😌

​✅ နေထိုင်မှုပုံစံကို ပြုပြင်နိုင်ခြင်း၊
စစ်ဆေးချက်ရလဒ်ပေါ်မူတည်ပြီး မိမိရဲ့ အစားအသောက်နဲ့ နေထိုင်မှုကို ပြုပြင်ထိန်းသိမ်းနိုင်မှာပဲ ဖြစ်ပါတယ်။ 🥗🏃‍♂️

​ကျွန်တော်တို့ရဲ့ တော်ဝင်သစ္စာဆေးခန်း မှာ -
🔹Elders (လူကြီးမိဘများအတွက်) နှစ်စဉ်စစ်ဆေးသင့်သော package

🔹 Diabetes (ဆီးချိုရောဂါဝေဒနာရှင်များအတွက် ) (၃)-(၆) လစစ်ဆေးသင့်သော package

🔹Pre- Martial Package(လက်မထပ်မီဆေးစစ်လိုသူများအတွက် package)လက်ထပ်မယ့်နေ့မတိုင်မီ ၃ လ မှ ၆ လအတွင်း စစ်တာအကောင်းဆုံးpackage။

🔹Basic Medical Package(အခြေခံကျန်းမာရေးစစ်ဆေးမှုpackage) ၆ လ (သို့မဟုတ်) ၁ နှစ်တစ်ကြိမ်စစ်ဆေးသင့်သောpackage။
များကို စုံလင်စွာ ရရှိနိုင်မှာဖြစ်ပါတယ်။
🏥📋
​"ကျန်းမာနေတဲ့သူတွေအတွက်လည်း ကျန်းမာရေးစစ်ဆေးမှုက မရှိမဖြစ်လိုအပ်ပါတယ်" 💡

​သင့်ရဲ့ ကျန်းမာရေး သစ္စာရှိဖော်အဖြစ် ကျွန်တော်တို့ တော်ဝင်သစ္စာ က အမြဲရှိနေမှာပါ။ ဒါ့ကြောင့် နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည်အားထားကြပါစို့။🤝❤️
​📍 လိပ်စာ: အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
​☎️ ဖုန်း: ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄

Q: အချိုမှုန့်ကို အစားများခြင်းက သင့်အရိုးအဆစ်တွေကို တကယ်ပဲ ထိခိုက်စေနိုင်သလား? 🤔🦴​အချိုမှုန့် (MSG) စားရင် အရိုးပွတတ်တယ...
04/03/2026

Q: အချိုမှုန့်ကို အစားများခြင်းက သင့်အရိုးအဆစ်တွေကို တကယ်ပဲ ထိခိုက်စေနိုင်သလား? 🤔🦴

​အချိုမှုန့် (MSG) စားရင် အရိုးပွတတ်တယ်၊ အရိုးကျွတ်တတ်တယ်ဆိုတဲ့ စကားကို ကြားဖူးကြမှာပါ။
ဒါဟာ တကယ်ပဲလား?
ဒါမှမဟုတ် အယူအဆအမှား (Myth) လား?

ဒါဆိုတိကျမှန်ကန်တဲ့ အချက်အလက်တွေနဲ့ အတူတူ လေ့လာကြည့်ရအောင်။

​✨ အချိုမှုန့်နဲ့ အရိုးအဆစ်ပြဿနာ (Myth vs Fact) 🧪
လက်ရှိအချိန်အထိ ခိုင်လုံတဲ့ ဆေးသုတေသန အချက်အလက်တွေအရ အချိုမှုန့်စားသုံးခြင်းက အရိုးတွေကို ဆုတ်ယုတ်စေတယ်၊ အရိုးပွစေတယ်ဆိုတဲ့ အထောက်အထား မတွေ့ရသေးပါဘူး။
အချိုမှုန့်မှာ ပါဝင်တဲ့ ဆိုဒီယမ် (Sodium) ဟာ ဆား (Salt) ထက်တောင် ပမာဏ ပိုနည်းပါတယ်။
​သတိထားရမယ့်အချက်မှာ "ဆိုဒီယမ်" (Sodium) ဖြစ်ပါတယ်။🧂

✔️အချိုမှုန့်ကြောင့်ထက် အစားအသောက်တွေမှာ ပါဝင်တဲ့ "ဆိုဒီယမ်" ပမာဏ လွန်ကဲခြင်းကသာ ဆီးထဲကနေ ကယ်လ်စီယမ် (Calcium) စွန့်ထုတ်မှုကို များစေပြီး ရေရှည်မှာ အရိုးသိပ်သည်းဆကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။

✔️ ဒါကြောင့် အချိုမှုန့်တင်မကဘဲ ငံပြာရည်၊ ဆားနဲ့ တာရှည်ခံအစားအစာတွေကို အလွန်အကျွံ စားသုံးခြင်းကိုသာ ဆင်ခြင်သင့်ပါတယ်။

​ Healthy Lifestyle နဲ့ အရိုးကျန်းမာရေးအတွက် အကြံပြုချက် ✅
အရိုးအဆစ်တွေ သန်စွမ်းဖို့အတွက် -
​ကယ်လ်စီယမ်နဲ့ ဗီတာမင် ဒီ (Vitamin D) ကြွယ်ဝတဲ့ အစားအစာများ စားသုံးပါ။

✔️​ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ဆောင်ပါ။

✔️​အငန်ဓာတ် (Sodium) လွန်ကဲသော အစားအစာများကို လျှော့ချပါ။

​ ✔️ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ 👨‍⚕️🍎

✔️မိမိရဲ့ နေ့စဉ် စားသောက်မှုပုံစံ (Diet) က ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတာကို သိရှိဖို့အတွက် ကျွန်တော်တို့ တော်ဝင်သစ္စာဆေးခန်း မှာ ကျွမ်းကျင်တဲ့ အထွေထွေမိသားစု
ဆရာဝန်များ နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။

​ကျွန်တော်တို့ ဆေးခန်းဟာ မှန်ကန်တိကျတဲ့ ကျန်းမာရေးဗဟုသုတတွေကို ဖြန့်ဝေပေးရင်း လူကြီးမင်းတို့ရဲ့ ကျန်းမာရေးအတွက် အစဉ်အမြဲ အသင့်ရှိနေမှာပါ။ 🤝✨

​📍 လိပ်စာ: အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့။
​☎️ ဖုန်း: ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄

📌 လက်ကောက်ဝတ် နာကျင်ပြီး လက်ချောင်းလေးတွေ ခဏခဏ ထုံကျင်နေပြီလား။❓🚨ဒါဆိုရင် Carpal Tunnel Syndrome (CTS) ကို သတိထားပါ။​📌ကွ...
24/02/2026

📌 လက်ကောက်ဝတ် နာကျင်ပြီး လက်ချောင်းလေးတွေ ခဏခဏ ထုံကျင်နေပြီလား။❓

🚨ဒါဆိုရင် Carpal Tunnel Syndrome (CTS) ကို သတိထားပါ။

​📌ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီးထိုင်ပြီး အလုပ်လုပ်နေရတဲ့ Office Workers တွေ၊ စာရိုက်များတဲ့ Typists တွေနဲ့ ဖုန်း/ကွန်ပျူတာ အသုံးများသူတွေမှာ အဖြစ်များတဲ့ ဝေဒနာတစ်ခုရှိပါတယ်။
အဲဒါကတော့ လက်ကောက်ဝတ်မှာရှိတဲ့ အာရုံကြောအိမ် ကျဉ်းသွားပြီး အာရုံကြောကို ဖိမိရာကနေ ဖြစ်ပေါ်လာတဲ့
Carpal Tunnel Syndrome (CTS) ပဲ ဖြစ်ပါတယ်။

အဆိုပါရောဂါက ​ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?

​🚨(Numbness and Tingling sensation)လက်မ၊ လက်ညှိုးနဲ့ လက်ခလယ်တို့မှာ ထုံကျဉ်ခြင်း။

​🚨(night pain) ညဘက်တွေမှာ လက်ကောက်ဝတ် နှင့် လက်ချောင်းများ ကျဉ်တက်လာလို့ နိုးလာတတ်ခြင်း။လက် အသုံးပြုတာများပြီးနောက် နာကျင်ခြင်း။

🚨(pins and needle sensation)လက်ချောင်းများကို အပ်နဲ့ထိုးထားသလို နာကျင်ခြင်း။

🚨(weakness and clumsiness) ပစ္စည်းကိုင်တဲ့အခါ အားမရှိသလို ခံစားရပြီး လွတ်ကျ ခြင်း တို့ဘဲဖြစ်တတ်သလို၊ လက်ချောင်းကြွက်သားများ အားနည်းလာခြင်းများဖြစ်နိုင်ပါတယ်။

အဲ့ဒီလို symptoms များခံစားနေရပြီး ဆို
လျှင် ထိရောက်တဲ့ ကုသမှုနဲ့ စစ်ဆေးမှုတွေ လိုအပ်ပါတယ်နော်။

​🚨ဒီဝေဒနာကို လျစ်လျူရှုထားရင် ရေရှည်မှာ လက်ကြွက်သားတွေ သိမ်သွားတဲ့အထိ အန္တရာယ် နှင့် အာရုံကြောပျက်စီးပြီး နာတာရှည်ထုံကျဉ်ခြင်းများဖြစ်နိုင်ပါတယ်။

ဒါကြောင့် စောစီးစွာ သိရှိဖို့နဲ့ ကုသဖို့အတွက် နှင့် လိုအပ်သော ကုသမှုများအတွက်….
​
​❤️သင့်လက်ချောင်းလေးတွေရဲ့ ကျန်းမာရေးအတွက် အခုပဲ ကျွန်တော်တို့ရဲ့ တော်ဝင်သစ္စာဆေးခန်းဆီမှာ တိုင်ပင်ဆွေးနွေးလိုက်ပါ။

နာကျင်မှုတွေ သက်သာစေဖို့ တော်ဝင်သစ္စာ ဆေးခန်းကို ယုံကြည် အားထားကြပါစို့’

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။

☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊၀၉-၉၈၈၂၄၂၆၈၄

🩸 ဆီးချိုရှိသူများ 🕌 Ramadan လတွင် ရိုဇာဥပုဒ် ဆောက်တည်ခြင်းအတွက် သိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန်များအချက်များ..🌙ရမ်ဇာန...
19/02/2026

🩸 ဆီးချိုရှိသူများ 🕌 Ramadan လတွင် ရိုဇာဥပုဒ် ဆောက်တည်ခြင်းအတွက် သိထားသင့်သည့် ဆောင်ရန်၊ ရှောင်ရန်များအချက်များ..

🌙ရမ်ဇာန်လအတွင်း ရိုဇာဥပုဒ် ဆောက်တည်ခြင်းသည် ဘာသာရေးအရ အလွန်အရေးကြီးသော အခန်းကဏ္ဍတစ်ရပ်ဖြစ်သကဲ့သို့ ဆီးချိုရောဂါရှိသူများအတွက်တော့ သွေးတွင်းသကြားဓာတ် မတည်ငြိမ်နိုင်သော အန္တရာယ်များကိုလည်း သတိထားဆင်ခြင်ဖို့ လိုအပ်ပါသည်။⚠️🩸

🌙ထို့ကြောင့် ဆီးချိုရောဂါရှိသူများသည်
သောက်သုံးနေသော ဆေးဝါးများကို ညီမျှစွာ ချိန်ညှိကာ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှ ရိုဇာဥပုဒ် ဆောက်တည်ရန် အထူးအရေးကြီးပါသည်။

ထို့ကြောင့် ဆောင်ရန်၊ ရှောင်ရန်နှင့် အကြံပေးချက်များကို ဖော်ပြလိုက်ပါသည်။

(၁) Ramadan မတိုင်မီ ကြိုတင် မိမိပြနေသော ဆရာဝန်နှင့် သေချာတိုင်ပင်ဆွေးနွေးရန်။🧑‍⚕️📋

🌙ရမ်ဇာန်မရောက်မီ မိမိ၏ ဆီးချိုရောဂါအခြေအနေ၊ သွေးတွင်းသကြားဓာတ် ထိန်းချုပ်နိုင်မှု၊
HbA1c အခြေအနေ၊ နောက်ဆက်တွဲရောဂါများ ရှိ/မရှိကို ဆရာဝန်နှင့် ကြိုတင်စစ်ဆေး ဆွေးနွေးခြင်းသည် အလွန်အရေးကြီးပါသည်။

အထူးသဖြင့် အောက်ပါလူနာများသည် အန္တရာယ်မြင့် (High Risk) အုပ်စုတွင် ပါဝင်နိုင်ပါသည် —

👉 Hypoglycemia မကြာခဏဖြစ်ဖူးသူများ၊
👉 Insulin ထိုးဆေးသုံးနေရသူများ၊
👉 ဆီးချိုသောက်ဆေး (၃) ကြိမ်ထက်မနည်းသောက်သုံးနေရသူများ၊
👉 Diabetes Ketoacidosis (DKA) ဖြစ်ဖူးသူများ၊
👉 ကျောက်ကပ် / နှလုံး နောက်ဆက်တွဲရောဂါရှိသူ
👉 ကိုယ်ဝန်ရှိပြီး ဆီးချိုရှိသူများ၊

ထိုအခြေအနေများရှိပါက (သို့မဟုတ်) သံသယရှိပါက မိမိပြနေကျ အထူးကုဆရာဝန်၊မိသားစုဆရာဝန်များ၏ အကြံပြုချက်များအပေါ်သေချာလိုက်နာစွာကျင့်သုံးရပါမည်။🩺⚖️

(၂) ဆေးဝါးများ ပြန်လည်စစ်ဆေးခြင်း၊ နှင့် သောက်ရမည့်အချိန် ချိန်ညှိခြင်း။ 💊🕒

🌙ရိုဇာဥပုဒ် ဆောက်တည်နေစဉ် အစာစားချိန်များ ပြောင်းလဲသွားခြင်းကြောင့် ဆီးချိုသောက်ဆေးများ သို့မဟုတ် အင်ဆူလင်၏ အချိန်နှင့် ပမာဏကို မနက်ပိုင်း ဥပုဒ်စောင့်တည်ချိန် (Suhoor) မတိုင်မှီသောက်ရမည့်ဆေးဝါးများ၊ ညနေ ဥပုဒ်ဖြေချိန် (Iftar) သောက်ရမည့်ဆေးဝါး၊ ထိုးဆေးများကို စနစ်တကျဖြစ်စေရန် အရေးကြီးပါသည်။

အထူးသဖြင့် —

👉 Sulphonylurea အုပ်စု (Gliclazide, Glimepiride) – သောက်သုံးနေသူများ နှင့်
👉 Insulin (Long/Short acting) – Dose ပြန်ညှိရန်လိုအပ်နိုင်ပါသည်။

ထို့ကြောင့်
Suhoor နှင့် Iftar အချိန်များအပေါ် မူတည်၍
ဆရာဝန်နှင့် ပြန်လည်ညှိနှိုင်းခြင်း မဖြစ်မနေ လိုအပ်ပါသည်။

(၃) သွေးချိုတိုင်းတာခြင်း(random blood sugar) စစ်ဆေးခြင်းကို ပြုလုပ်ပါ။🩸

ရိုဇာထားနေသောကာလအတွင်း —

👉 Suhoor မတိုင်မီ
👉 နေ့လယ်ပိုင်း
👉 Iftar မတိုင်မီ
👉 မူးဝေ / လက္ခဏာရှိလျှင် ချက်ချင်း

Finger prick ဖြင့် သွေးချိုတိုင်းတာနိုင်ပါသည်။

(၄) အရေးပေါ်အခြေအနေများကို သိရှိထားရန် 🚨

အောက်ပါအခြေအနေများတွင်
ရိုဇာကို ချက်ချင်း ရပ်နားပြီး ဆေးကုသမှု ခံယူသင့်ပါသည် —

🔻 သွေးချို < 70 mg/dL၊
🔺 သွေးချို > 300 mg/dL၊
🔻 ပြင်းထန်စွာ မူးဝေခြင်း / သတိလစ်ခြင်း၊
🔺 ပြင်းထန် ရေဓာတ်ချို့တဲ့မှု၊

(၅) အစားအသောက်နှင့် ရေဓာတ် ထိန်းချုပ်မှု 🥗💧

Suhoor (ဥပုဒ်စောင့်တည်ချိန်) တွင်

✔️ Whole grains
✔️ Protein-rich food (အသားဓာတ်များ)
✔️ Fiber-rich food (အမျှင်ဓာတ်ကြွယ်ဝသော အသီးအရွက်) စသော အစာခံနိုင်သော အစာစားများ စားသုံးသင့်ပါသည်။

Iftar (ဥပုဒ်ဖြေချိန်) တွင်

❌ ချိုလွန်ကဲသော အစားအစာများ
❌ အဆီများလွန်ကဲသော အစာများ
❌ တစ်ကြိမ်တည်း များပြားစွာ စားသုံးခြင်းများကိုရှောင်ရှားသင့်ပါတယ်။

🌙Iftar မှ Suhoor အတွင်း
ရေဓာတ် လုံလောက်စွာ သောက်သုံးသင့်ပါသည်။

🏥 လိပ်စာ- အမှတ် (၂၆၇၊၂၇၃)၊ ရွှေဘုံသာလမ်း (အလယ်)၊ ပထမထပ် ၊ အမှတ်(၄)ရပ်ကွက်၊ ပန်းဘဲတန်းမြို့နယ် ၊ရန်ကုန် မြို့။
☎️ ဖုန်း - ၀၁-၃၈၄၇၆၆၊ ၀၁-၃၈၉၅၆၄၊ ၀၉-၉၈၈၂၄၂၆၈၄

Address

No(267/273), ShweBonThar Street, Pabaden Township
Yangon
PO11131

Opening Hours

Monday 08:00 - 21:00
Tuesday 08:00 - 21:00
Wednesday 08:00 - 21:00
Thursday 08:00 - 21:00
Friday 08:00 - 21:00
Saturday 08:00 - 21:00
Sunday 08:00 - 21:00

Telephone

+959750075214

Alerts

Be the first to know and let us send you an email when Taw Win Thitsar clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Taw Win Thitsar clinic:

Share

Category