19/11/2025
ကင်ဆာ အလုံးအကျိတ်ကုသမှုများအတွက်
M : BLATOR (Microwave Ablation) မြန်မာပြည်ကို ပထမဆုံးရောက်ရှိလာပါပြီ
(*** THE FIRST IN MYANMAR)
Now at FAMILY GENERAL HOSPITAL
✅Q.Mi BLATOR Microwave Ablation (လျှပ်စစ်သံလိုက်လှိုင်း မိုက်ခရိုဝေ့ဖ်ဖြင့် ချေဖျက်ခြင်းဆိုတာ ဘာလဲ?
လျှပ်စစ်သံလိုက်လှိုင်း မိုက်ခရိုဝေ့ဖ့်ဖြင့် ချေဖျက်ခြင်းဆိုသည်မှာ လူနာကို ခွဲစိတ်စရာမလိုဘဲ အရေပြားတွင် သေးငယ်သော အပေါက်ကလေးဖြင့် ကင်ဆာနှင့် အလုံးအကျိတ်များကို ဖယ်ရှားခြင်းဖြစ်ကာ မိုက်ခရိုဝေ့ဖ် Probe မှ ထွက်လာသောအပူဖြင့် ကင်ဆာနှင့် အလုံးအကျိတ်များကို ဖျက်ဆီးခြင်းဖြစ်ပါသည်။
ဤနည်းပညာသည် ကုသမှုအချိန်တိုခြင်း၊ ပိုကြီးသောစက်ဝိုင်းပုံချေဖျက်မှုဧရိယာကို ဖန်တီးနိုင်ခြင်းနှင့် ကင်ဆာ/အလုံးအကျိတ် ပတ်ဝန်းကျင်တစ်သျှူးများ ထိခိုက်မှုနည်းခြင်း တို့ကြောင့် နာမည်ကြီးပါသည်။ နိုင်ငံတကာတွင် တွင်ကျယ်စွာ အသုံးပြုနေသော နောက်ဆုံးပေါ် နည်းပညာဖြစ်ပါသည်။
✅Q. Mi BLATOR Microwave Ablation ကို ဘယ်လိုလူနာတွေအတွက် အသုံးပြုနိုင်သလဲ?
‼️ခွဲစိတ်ကုသမှုဖြင့် ကင်ဆာအကျိတ်ကို ဖယ်ရှားရန်
📍ကင်ဆာအကျိတ်၏ အရွယ်အစားကြောင့် သော်လည်းကောင်း
📍ကင်ဆာအကျိတ်၏ တည်နေရာကြောင့် သော်လည်းကောင်း
📍ကင်ဆာဝေဒနာခံစားနေရသော လူနာ၏ အသက်/ရောဂါ အခြေအနေ၊ ကျန်းမာရေးအရ သော်လည်းကောင်း ခွဲစိတ်ကုသရန် အခက်အခဲရှိသော လူနာများတွင် အဓိက အသုံးပြုနိုင်ပါသည်။
✅Q. Mi BLATOR Microwave Ablation သည် ကင်ဆာအကျိတ်ကိုပဲ ကုသလို့ရတာလား?
Mi BLATOR သည် ကင်ဆာအလုံးအကျိတ်အပြင် ရိုးရိုး အလုံးအကျိတ်များကိုလည်း ကုသနိုင်ပါသည်။ အဓိကအားဖြင့် အသည်း၊ ကျောက်ကပ်၊ အဆုတ်နှင့် သိုင်းရွိုက် အကျိတ်များကို ကုသရာတွင် အသုံးပြုပါသည်။
အမျိုးသမီးများ ဖြစ်ပွားမှုများသော သားအိမ်အသားလုံးများကို ခွဲစိတ်စရာမလိုဘဲ ကုသရာတွင်လည်း အသုံးပြုနိုင်သည်။
✅Q. Mi BLATOR Microwave Ablation ၏ အားသာချက်ကဘာတွေလဲ?
အထက်တွင်ဖော်ပြခဲ့သော အားသာချက်များအပြင်
📌အသည်းကင်ဆာများကို ကုသရာတွင် ထိရောက်မှုများခြင်း
📌ဘေးထွက်ဆိုးကျိုးထိခိုက်မှုနည်းခြင်း
📌ယခု မြန်မာပြည်တွင် အသုံးပြုနေသော RFA လျှပ်စစ်သံလိုက်လှိုင်းသုံး ချေဖျက်ခြင်း နည်းပညာနှင့်နှိုင်းယှဉ်လျှင် အပူမြန်မြန်ထွက်ကာ ကင်ဆာ အကျိတ်ကို ချေဖျက်နိုင်ခြင်း၊ ပိုကြီးသော ကုသမှုဧရိယာကို ပေးနိုင်ခြင်းနှင့် အပူပျံ့နှံ့မှုနှုန်းညီခြင်းကြောင့် သွေးစီးဆင်းမှု များသော အင်္ဂါများ (ဥပမာ အသည်း)ကို ကုသမှုတွင် ပိုကောင်းခြင်း စသည့် အားသာချက်များလည်း ရှိပါသည်။
✅အဆိုပါနည်းပညာဖြင့် မိသားစု အထွေထွေ ရောဂါကု ဆေးရုံတွင် ကျွမ်းကျင်သော ခွဲစိတ်ဆရာဝန်ကြီးများနှင့် ဓာတ်မှန် ဆရာဝန်ကြီးများမှ တာဝန်ယူ၍ ဆောင်ရွက်ပေးနေပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
🏥လိပ်စာ- အမှတ်(၁၁၉၇)၊ပင်လုံလမ်းမကြီး၊(၃၇)ရပ်ကွက်၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ရန်ကုန်။
☎️ဖုန်း- ၀၉-၅၀၄၈၈၅၃၊ ၀၉-၇၉၉၅၈၀၃၂၉၊ ၀၉-၉၇၄၀၄၁၁၁၅
📥Email - familymedicalcenter2020@gmail.com