Eco Asia Company Limited

  • Home
  • Eco Asia Company Limited

Eco Asia Company Limited Improves Quality of life High quality product of Multivitamin and Minerals with affordable price

❣️ဆံကေသာများအတွက်  ပြန်လည်အားဖြည့်ပေးတဲ့ VELLOFOLIC ဆံသားအားဖြည့်ဆေးအကြောင်းသိပြီးကြပြီးလား ❓❓✅နေ့ရက်တိုင်းတွင် ဆံသားကို...
07/11/2025

❣️ဆံကေသာများအတွက် ပြန်လည်အားဖြည့်ပေးတဲ့ VELLOFOLIC ဆံသားအားဖြည့်ဆေးအကြောင်းသိပြီးကြပြီးလား ❓❓

✅နေ့ရက်တိုင်းတွင် ဆံသားကိုကျန်းမာသန်စွမ်းစေခြင်း

✅ဆံကေသာကိုအရင်းမှအဖျားထိအာဟာရပြည့်ဝစေခြင်း

✅ဆံသားကျန်းမာရေးအတွက် all in one formula
ဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်း

✅လက်ဘက်စိမ်းအဆီအနှစ်(Green tea extract) , -စပျစ်သီးစေ့ အဆီအနှစ်(Grape seed extract)

✅ဗီတာမင်များ သတ္တုဓာတ်များနှင့် အမိုင်နိုအက်စစ်များကို ပေါင်းစပ်ကာအဆင့်မြင့်နည်းပညာနှင့် အကောင်းမွန်ဆုံးထုတ်လုပ်ထားခြင်း
အစရှိတဲ့ အကျိုးအာနိသင်အမြန်ဆုံးရရှိတဲ့ အပြင်

💯Antioxidants ကြွယ်ဝစွာပါဝင်သော Vellofolic ဆံသားအားဖြည့်ဆေးလေးကို ဝယ်ယူသောက်သုံးနိုင်ပါပြီနော်........💛

💯ဆံကေသာကို အရင်းမှ အဖျားထိ အာဟာရပြည့်ဝစေရန် Vellofolic ဆံသားဖြည့်စွက် အားဆေးကို နေ့စဥ်မှီဝဲကျပါစို့ ❣️

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

ဝယ်ယူလိုပါက Hot Line No.09-944043060 တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင် ။
အခြားဝယ်ယူလိုသော ဆေးဝါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလည်း chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

ဗီတာမင် ဆိုတာဘာလဲ❓➡ဗီတာမင်ဆိုသည်မှာ ခန္ဓာကိုယ်ကိုကျန်းမာသန်စွမ်းစေပြီး ဇီ၀ကမ္မဖြစ်စဥ်များကို အကောင်းဆုံးလည်ပတ်နိုင်စေရန်...
22/10/2025

ဗီတာမင် ဆိုတာဘာလဲ❓
➡ဗီတာမင်ဆိုသည်မှာ ခန္ဓာကိုယ်ကိုကျန်းမာသန်စွမ်းစေပြီး ဇီ၀ကမ္မဖြစ်စဥ်များကို အကောင်းဆုံးလည်ပတ်နိုင်စေရန်အတွက် လိုအပ်သော အာဟာရဓာတ်များဖြစ်ပါတယ်။
➡အပင်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် နေရောင်ခြည်ကဲ့သို့သော သဘာဝအရင်းအမြစ်များမှ လိုအပ်သောအာဟာရဓာတ်အားလုံးကို ပုံမှန်အားဖြင့် ရရှိနိုင်ပါတယ်။
ဗီတာမင်အရင်းအမြစ်များကို ဘယ်အစားအသောက်တွေကတစ်ဆင့်ရနိုင်မလဲ❓
🥦🍎အရောင်စုံသောအသီးအနှံများနှင့် ဟင်းသီးဟင်းရွက်များ၊
🥩🍗အသားများ၊
🥛အဆီနည်းသောနို့ထွက်ပစ္စည်းများနှင့်
🫘🥜အစေ့အဆန်များ စသောအစားအစာများသည် အကောင်းဆုံးဗီတာမင်အရင်းအမြစ်များဖြစ်ပါတယ်။
ဗီတာမင်ဖြည့်စွက်အားဆေးများ သောက်သုံးဖို့ လိုအပ်လား❓
စားသောက်‌သော အစားအစာတွေကနေ လုံလောက်တဲ့ အာဟာရ ဓာတ် မရရှိတဲ့အခါ ဒါမှမဟုတ် မိမိရဲ့ခန္ဓာကိုယ်က ဗီတာမင်ဓာတ်ကို စုပ်ယူမှုအားနည်းတဲ့အခါ ဗီတာမင်တွေပါ၀င်တဲ့ ဖြည့်စွက်အားဆေးတွေ သောက်သုံးပေးဖို့လိုအပ်ပါတယ်။
ဘာလို့လဲဆိုတော့အချို့သော ဗီတာမင်ချို့တဲ့မှုတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတိုင်းအတာအထိ ဖြစ်လာနိုင်ပါတယ်🔴
ဒါတွေအပြင် ဗီတာမင်များက ကင်ဆာရောဂါ၊ နှလုံးရောဂါနှင့် စောစီးစွာ သေဆုံးနိုင်ခြေများကို ကာကွယ်ပေးနိုင်စွမ်းမြင့်မားကြပါတယ်✅
ဒါတွေကြောင့် ဗီတာမင်ပြည့်၀စွာစားသုံးနိုင်ဖို့ အမြဲဂရုစိုက်သင့်သလို ဗီတာမင်ဓာတ်များ ချို့တဲ့လာသော အခြေအနေများမှာလည်း ဗီတာမင် ဖြည့်စွက်အားဆေးများသောက်သုံးပေးဖို့ လိုအပ်ပါတယ်👩🏻‍⚕️

👩‍⚕️ဆီးချို(သွေးချို)ရောဂါကြောင်း♦️လူတိုင်းဟာ ဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။“ ဆီးချိုရောဂါ “ ရှိသူဦးရေဟာ လွန်ခဲ့တဲ့ (၁၀)န...
08/10/2025

👩‍⚕️ဆီးချို(သွေးချို)ရောဂါကြောင်း

♦️လူတိုင်းဟာ ဆီးချို ရောဂါ ဖြစ်နိုင်ပါတယ်။“ ဆီးချိုရောဂါ “ ရှိသူဦးရေဟာ လွန်ခဲ့တဲ့ (၁၀)နှစ်ကာလတုန်းကနဲ့ယှဉ်ရင် နှစ်ဆ မြင့်တက်လာခဲ့ပါတယ်။ သွေးထဲမှာ သကြားဓာတ် ပါဝင်မှု ကို လျော့ချ နိုင်တဲ့ လုပ်ငန်းစဉ် တခု အားနည်း သွားပြီ ဆိုတာနဲ့ ဆီးချို ရောဂါ စဖြစ်တော့တာပါပဲ။ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်ပြီး အချိန်တစ်ခုတွင် အရေးကြီးအင်္ဂါများဖြစ်သော ဦးနှောက်၊ နှလုံး၊ ခြေလက်တို့ရှိအာရုံကြောများ၊ မျက်လုံးနှင့်ကျောက်ကပ်တို့ကို ထိခိုက်လာနိုင်သည်။ သေချာကုသမှုမယူသူများတွင် မျက်စိကွယ်ခြင်းအပါအဝင် ဆိုးရွားသော ကိုယ်ခန္ဓာမသန်စွမ်းမှုများ ဖြစ်စေနိုင်ပါတယ်။

♦️ဆီးချိုရောဂါရဲ့ အဓိကအကြောင်းအရင်းကတော့ မိဘတွေဆီကနေ မျိုးရိုးလိုက်ပြီး ပါလာတတ်တာပဲဖြစ်ပါတယ်။ ကိန်းဂဏန်းအချက်အလက်များအရ ဆီးချိုရောဂါရှိသူ တစ်ဝက်လောက်ဟာ မိသားစုမှာလည်း မျိုးရိုးဗီဇအရဖြစ်တဲ့ ဆီးချိုရောဂါကို ခံစားရတယ်လို့ဆိုပါတယ်။မိခင်နဲ့ ဖခင် နှစ်ယောက်စလုံးမှာ ဆီးချိုရောဂါရှိတယ်ဆိုရင်တော့ မွေးလာတဲ့သားသမီးမှာ ဆီးချိုရောဂါဖြစ်နိုင်ခြေဟာ နှစ်ဆ အထိ မြင့်တက်နိုင်ပါတယ်။ ဆီးချိုအမျိုးအစား (၂) မျိုးရှိပါသည်။ အမျိုးအစား ၁ (Type 1 diabetes) ဆီးချိုတွင် ခန္ဓာကိုယ်မှ အင်ဆူလင် (သကြားဓါတ်ကို ခန္ဓာကိုယ်အား အသုံးပြုစေသောဟော်မုန်း) မထွက်တော့ပေ။ ဆီးချိုအမျိုးအစား ၂(Type 2 diabetes) သည် ထွက်သောအင်ဆူလင်ကို ခန္ဓာကိုယ်မှကောင်းစွာ မတုန့်ပြန်ခြင်းဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းတွင် အမျိုးအစား ၂(Type 2 diabetes) သည် ပိုအဖြစ်များပြီး ဆီးချိုဝေဒနာရှင်များ၏ ၉၀-၉၅% ခန့်ရှိသည်။

♦️ဆီးချို ရောဂါ ဖြစ်နေပြီ ဆိုတာနဲ့ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့
- ပင်ပန်းနွမ်းလျခြင်း
-ဆီးခဏခဏသွားခြင်းနဲ့ ပုံမှန်ထက်ရေပိုငတ်ခြင်း
-အကြောင်းအရင်း မရှိဘဲ ကိုယ်အလေးချိန် ကျဆင်းနေခြင်း
-အမြင်အာရုံဝေဝါးခြင်း
-အနာကျက်နှေးခြင်းစတဲ့ ကိစ္စတွေက ဆီးချို ရောဂါ လက္ခဏာ တွေပဲ ဖြစ်ပါတယ်။

♦️ဆီးချိုးကိုကာကွယ်နိုင်တဲ့နည်းလမ်ကတော့
-လေ့ကျင့်ခန်း
လေ့ကျင့်ခန်းမလုပ်ပဲ ကြာရှည်စွာမလှုပ်မရှားနေခြင်းသည် ရောဂါကို အားပေးသည်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါက ကြွက်သားများ၏ အင်ဆူလင်အသုံးပြုခြင်းနှင့် သကြားဓါတ်စုပ်ယူခြင်းစွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။အဝလွန်ခြင်းကြောင့် ဆီးချိုဖြစ်နိုင်ချေသည် သာမန်အလေးချိန်ရှိသောသူနှင့်စာလျှင် အဆ ၂၀ မှ ၄၀ ခန့်ပိုများသည်။မျှတသော အာဟာရပါသည့် ကျန်းမာသောအစားအစာ စားသုံးခြင်းနှင့် လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ဆီးချိုကိုလုံးဝထိန်းချုပ်ရုံမက ကာကွယ်ရန်ပင် ဖြစ်နိုင်ချေရှိပါတယ်။
-ကျန်းမာသောအစားအစာ
ကျန်းမာသောအစားအစာသည်လည်း ဆီးချိုကာကွယ်၊ ထိန်းသိမ်းရန် အရေးကြီးပါတယ်။ ဟင်းသီးဟင်းရွက်နှင့် အစေ့အဆံများမှရသည့် ကောင်းသောအဆီများသည် ကြွက်သားများထဲရှိ အင်ဆူလင်လက်ခံဆဲလ်များမှ သကြားဓါတ်အားလက်ခံမှုကို တိုးပွားစေခြင်းအားဖြင့် အမျိုးအစား ၂( Type 2 diabetes) ဆီချိုကာကွယ်ရေးတွင် ကူညီနိုင်တယ်။နီမြန်းသောအသားများစားသုံးခြင်းကို ကန့်သတ်ပြီး ကြက်ဘဲ သို့မဟုတ် ငါးတို့မှရသော ကျန်းမာသည့်ပရိုတင်းအသားဓါတ်ကို များများစားပါ။အချိုရည်သောက်ခြင်းကိုလဲလျောသောက်သငိ့ပါတယ်။
-ဆေးလိပ်ရှောင်ခြင်း
နှလုံးနှင့်ကျောက်ကပ်ရောဂါ၊ ခြေထောက်နှင့်ခြေချောင်းများတွင် သွေးလျှောက်နည်းခြင်း၊ ဆီးချိုကြောင့် မျက်စိမှုန်ခြင်း၊ ခြေလက်ထုံကျင်ခြင်းတို့သည် ဆီးချိုသမားဆေးလိပ်သောက်သောကြောင့် ဖြစ်သည်။ဆေးလိပ်နှင့်ဆီးချိုသည် တိုက်ရိုက်ဆက်သွယ်မှုရှိပြီး အခြားမကောင်းသော ကျန်းမာရေးအခြေအနေများလည်း ကြုံရနိုင်သည်။
-ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်း
ဆီးချိုရောဂါရှိသူများအနေနဲ့ သွေးတွင်းသကြားဓာတ်ကို ကိုယ့်အိမ်မှာပဲ ဂရုတစိုက် တိုင်းတာစစ်ဆေးလို့ရသည့်တိုင်အောင် (၄)လတစ်ခါ - (၆)လတစ်ခါ ဆရာဝန်နဲ့ ပြသ ဆွေးနွေးသင့်ပါတယ်။

♦️ကျွန်တော်တို့အနေနဲ့ အသက်ရှည်စွာ နေထိုင်မယ်ဆိုရင် ခန္ဓာကိုယ်ယိုယွင်းမှုအရ ဆီးချိုရောဂါဖြစ်လာနိုင်ခြေရှိတာကို လည်း လက်ခံနိုင်ရပါမယ်။တကယ်တမ်းမှာ ဆီးချိုရောဂါဟာ ထင်သလောက် ကြောက်စရာမကောင်းပါဘူး။ ဆီးချိုရဲ့ သဘောသဘာဝကို ကောင်းစွာနားလည်သဘောပေါက်တယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ ဘဝကို ပြီးပြည့်စုံအောင် နေထိုင်ဖြတ်သန်းနိုင်ပါသေးတယ်။ ❣️

👩‍⚕️သွေးတိုးရောဂါအကြောင်းသိကောင်းစရာကျွန်ုပ်တို့အများစုကသွေးတိုး (သွေးပေါင်တက်) ခြင်းကိုခံစားနေရပြီးသတိမမူတက်ကြပါဘူး၊သွေ...
23/09/2025

👩‍⚕️သွေးတိုးရောဂါအကြောင်းသိကောင်းစရာ
ကျွန်ုပ်တို့အများစုကသွေးတိုး (သွေးပေါင်တက်) ခြင်းကိုခံစားနေရပြီးသတိမမူတက်ကြပါဘူး၊သွေးတိုးရောဂါအား “တိတ်တဆိတ်လူသတ်သမား” ဟုခေါ်ဆိုကြပါတယ်။သွေးတိုးသည် နှလုံးနှင့်သွေးကြောဆိုင်ရာရောဂါများ၏ အဓိကတရားခံလည်းဖြစ်နိုင်ပါတယ်။

♦️သွေးတိုးဖြစ်စေနိုင်သော အကြောင်းအရင်းမျိုးစုံမှာ
-သွေးတိုးမျိုးရိုးရှိခြင်း၊
-အဝလွန်ခြင်းနှင့် အထိုင်များခြင်း၊
-ဆေးလိပ်၊အရက်အလွန်အကျွံသောက်ခြင်း ၊
-စိတ်ဖိစီးမှုအလွန်များခြင်း၊
-နာတာရှည်ရောဂါများရှိခြင်း၊
-အငံဓါတ်(ဆိုဒီယမ်)များသောအစားစာ စားချင်အပြင် တခြားကြောင်း‌ကြောင့်လဲဖြစ်နိုင်ပါတယ်‌။

♦️သွေးတိုးနေတဲ့လူနာတချို့လက္ခဏာမှာ
- နှလုံးတုန်ခြင်း ၊
-မောပန်းနွမ်းနယ်ပြီး နုံးချိခြင်း ၊
-အမြင်အာရုံဝေဝါးခြင်း ၊
- နှာခေါင်းသွေးလျှံခြင်းတို့ခံစားရနိုင်ပါတယ်။ ဒါပေမယ့် အသက်အန္တရာယ်အထိဖြစ်စေနိုင်တဲ့အဆင့် (သို့) ပြင်းထန်တဲ့ အဆင့် မရောက်ခင်အထိ ဒီလို လက္ခဏာတွေကို မတွေ့ရပါဘူး။တချို့ကိုယ်ဝန်ဆောင်ချိန်မှာသွေပေါင်းတက်ခြင်းဖြစ်နိုင်ပါတယ်။

♦️သွေးတိုးခြင်းကို ကာကွယ်ရန်
-အာဟာရပြည့်ဝစွာစားပါ။
-အသင့်စား အစားအစာ(သို့) ဆော့စ်နှင့်ဟင်းခတ်အမွှေးအကြိုင်အတော်များများတွင်တွေ့ရသည့် ဆိုဒီယမ်ဓါတ်အများအပြားပါဝင်သော ဟင်းလျာများ၊ ဆားများစွာအသုံးပြုထားတဲ့ အစားအစာ များကို ရှောင်ကျဥ်ပါ။
-အရက်နဲ့ ဆေးလိပ်ကို ရှောင်ကျဥ်ပါ။
-ပုံမှန်လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အတိုင်းအတာတစ်ခုမှာ ထိန်းသိမ်းပါ။
-စိတ်ကိုတည်ငြိမ်အောင်ထားပြီး စိုးရိမ်မှုနဲ့ စိတ်ဖိစီးမှုများကိုလျှော့ချပါ။
-ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ညွှန်ကြားထားတဲ့ဆေးဝါးများကိုသောက်ပါ။

♦️သွေးတိုးလက္ခဏာများ သိသိသာပေါ်လာပြီး အဓိကရောဂါကြီးတစ်ခုဖြစ်မလာခင် သွေးတိုးကိုကာကွယ်တိုက်ဖျက်ခြင်းက ပိုမိုအကျိုးရှိပါတယ်။ သွေးတိုး(သွေးပေါင်တက်)ခြင်း အသက်အရွယ်မရွေး လူတိုင်း ဖြစ်နိုင် ပါတယ်။ ဒါကြောင့် သွေးပေါင်ကို အမြဲချိန်ပြီး ခန္ဓာကိုယ်တွင်း သွေးပေါင် အပြောင်း အလဲကို အမြဲ ဂရုစိုက်ရမှာဖြစ်ပါတယ်။ ပုံမှန်မဟုတ်တဲ့ လက္ခဏာတစ်ခုခုပြတယ်ဆိုရင် ထိရောက်တဲ့ ရောဂါရှာဖွေမှုနဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ ချက်ချင်း ပြသတိုင်ပင်သင့်ပါတယ်။ 💕

Pantoprazole (40mg) 🛡 🔺 အစာအိမ်ရောင်ရောဂါရှိသူများ နှင့် အစာမကြေ၍ မအီမလည်ဖြစ်လေ့ရှိသူများ ၊ ပိုးသတ်‌ဆေးနှင့် အကိုက်အခဲပျ...
16/09/2025

Pantoprazole (40mg) 🛡
🔺 အစာအိမ်ရောင်ရောဂါရှိသူများ နှင့် အစာမကြေ၍ မအီမလည်ဖြစ်လေ့ရှိသူများ ၊ ပိုးသတ်‌ဆေးနှင့် အကိုက်အခဲပျောက်ဆေး သောက်ရလေ့ရှိသူများ အတွက် သောက်သုံးရန်အထူးသင့်လျော်ပါတယ်။

🔺 Pantoprazoleသည်အစာအိမ်ထဲမှအက်စစ်ထုတ်လျော့မှုကိုလျော့ချခြင်းနှင့် အစာအိမ်နာကျင်မှုကိုကုသရာတွင်အသုံးပြုပါနိုင်ပါတယ်။

🔺 PPI တွင် Second Generation ဖြစ်တဲ့အတွက် side effect အလွန်နည်းသည့်အတွက် လုံခြုံစိတ်ချစွာ သောက်သုံးနိုင်ပါတယ် ။

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

♦️ဆေးကိုဆရာဝန်ညွန်ကြားချက်ဖြင့်သာသောက်သုံးရန်ဖြစ်သည်။♦️

မှာ၀ယ်ယူလိုပါက hotline 📞☎️ 09-944043060 📞☎️တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင် ။
🛑အခြား၀ယ်ယူလိုသော ဆေးဝါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလဲ chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည် ။🛑

📌Cetray 10mg ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေ ကြားထဲမှာ မလွဲမသေ ကြုံတွေ့ရမဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ ဓာတ်မတည...
11/09/2025

📌Cetray 10mg

ကျွန်တော်တို့ နေ့စဉ် လှုပ်ရှားသွားလာမှုတွေ ကြားထဲမှာ မလွဲမသေ ကြုံတွေ့ရမဲ့ အရာတစ်ခုရှိပါတယ်။ ဒါကတော့ ဓာတ်မတည့်မှု ပဲ ဖြစ်ပါတယ်။

♦️ဓာတ်မတည့်ခြင်း ဖြစ်စေတဲ့ အကြောင်းအရင်းများမှာ ယေဘုယျ အားဖြင့်
-အစားအသောက်ကြောင့် ဖြစ်ခြင်း
-တိရစ္ဆာန်လေးတွေရဲ့ အမွှေးမျှင် ကြောင့် ဖြစ်ခြင်း
-ပန်းဝတ်မှုန် ကြောင့် ဖြစ်ခြင်း တို့သည် ဓာတ်မတည့်ခြင်း / ယားယံခြင်း များအဖြစ်ပြီး အခြားအကြောင်းအရင်းများကြောင့်လဲ ဓာတ်မတည့်ခြင်း ဖြစ်နိုင်ပါတယ်

♦️ဓာတ်မတည့်ခြင်း ကို ခံစားရပြီ ဆိုတာနဲ့ ခန္ဓာကိုယ်ကအရင်ဆုံးတုံံ့ပြန်တဲ့ လက္ခဏာ ကတော့ အရေပြားယားယံခြင်း နဲ့ နှာချေခြင်း ပါ ဒီဝေဒနာတွေ အမြန်ဆုံးပျောက်ကင်းဖို့ဆိုရင် Cetrizine 10mg ပါဝင်တဲ့ Cetray ( စီထရေး ) ကိုသောက်ပြီး ကာကွယ်နိုင်ပါတယ်❣️

💯Cetray ( စီထရေး ) ဟာ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်မှု မဖြစ်စေဘဲ ဓာတ်မတည့်မှုကြောင့် ဖြစ်ပေါ်လာတဲ့ Allergy ( ယားယံမှု ) တွေအတွက် အထိရောက်ဆုံး ဆေးတလက်လဲ ဖြစ်ပါတယ်✅

ကြောင့် စိတ်မညစ်ရအောင် Cetray အမြဲဆောင်

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

🛑မှာဝယ်ယူလိုပါက hotline 09-944043060 တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင် ။
အခြားဝယ်ယူလိုသော ဆေးဝါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလဲ chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည် ။🛑

ဆံပင်အရမ်းကျွတ်နေပြီးလား❓ မကျွတ်အောင်ဘယ်လိုကာကွယ်မလဲ❓♦️ဆံပင်တွေတနေ့တခြားပါးလာတာသတိထားမိကြမှပေါ့။လူတိုင်းသည်တစ်နေ့ကိုပုံမ...
04/09/2025

ဆံပင်အရမ်းကျွတ်နေပြီးလား❓ မကျွတ်အောင်ဘယ်လိုကာကွယ်မလဲ❓

♦️ဆံပင်တွေတနေ့တခြားပါးလာတာသတိထားမိကြမှပေါ့။လူတိုင်းသည်တစ်နေ့ကိုပုံမှန်ဆံပင် ၅၀ မှ ၁၀၀ ကျွတ်လေ့ရှိပါတယ်။ဒါပေမယ့် တစ်ချို့အခြေအနေတွေမှာတော့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။အသက်အရွယ်ရလာတာနဲ့အမျှဆံပင်တွေနည်းလာတာပုံမှန်ပါပဲ။ဆံသားနဲ့ပတ်သတ်တဲ့ပြဿနာတွေကတစ်ဦးချင်းစီးအလိုက်ကွဲပြားမှုရှိပါတယ်။

♦️ဘာကြောင့်ဆံပင်ကျွတ်သလဲ❓
-မျိူးရိုးဗီဇရှိခြင်း(ယောကျာ်းလေးမှာထိပ်ပြောင်မျိူးရိုးရှိလျှင်ကိုယ့်မှာပါဖြစ်နိုင်ချေပိုများပါတယ်)
-ဟော်မုန်းပြောင်းလဲခြင်ကြောင့်လဲဖြစ်နိုင်သလို၊ရောဂါကြောင့်ဆေးဝါးသောက်သုံးခြင်းဖြင့်ဘေးထွက်ဆိုးကျိူးအနေနဲ့လဲဆံပင်ကျွတ်နိုင်ပါတယ်။
-စိတ်ဖိစီးမှုကြောင့်လဲဆံပင်ကျွတ်လွယ်တတ်ပါတယ်။
-ဆံပင်တွက်အာဟာရချို့တဲ့မှု (ဗီတာမင်၊ သံဓာတ်၊ သတ္တုဓာတ်)စသည့် အားနည်းခြင်းကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။
-ဆံပင်အခြောက်ခံခြင်း၊ဖြောင့်ခြင်း၊ကောက်ခြင်းတို့သုံးသည့်အပြင်ဆိုးဆေးချွတ်ဆေးသုံးခြင်းတို့ကလဲဆံပင်ကျွတ်စေပါတယ်။

♦️ကာကွယ်နည်းများက‌တော့
-ဆံသားကျန်မာရေးကိုထောက်အကူပြုတဲ့သံဓာတ်နဲ့ပရိုတိန်းများစွာပါဝင်ပြီးသင့်တင့်မျှတတဲ့စားသောက်မှုပုံစံအတိုင်းစားသောက်ပါ။
-ဆံပင်တင်းကျပ်ကျပ်စီးတဲ့အပြင်ဆံပင်ကိုကြမ်းကြမ်းတမ်းတမ်းသုတ်ခြင်းကိုလဲရှောင်ပါ။
-ဆံပင်နှင့်ဦးရေပြားကိုသန့်ရှင်းစွာထိန်းသိမ်းရန်။
-စိတ်ဖိစီးမှု လျော့ချရန် လေ့ကျင့်ခန်း၊ meditationစသည့် ပြုလုပ်ရန်။
-မိမိဦးရေပြားခြေအနေနဲ့ကိုက်ညီတဲ့ခေါင်လျှော်ရည်ကိုရွေးချယ်ပါ။
ဆံပင်ကျွတ်ခြင်းက လူအများအတွက် ယုံကြည်မှုနဲ့ အလှအပကို သက်ရောက်စေမယ့် အရေးကြီးအကြောင်းအရာတစ်ခုပါ။

💯Vellofolic သည်ဆံပင်ကိုသန်စွမ်းစေရုံသာမကဆံပင်ကျွတ်ခြင်းကိုလဲသက်သာစေပါတယ်နော်❣️
💯Vellofolic Tabletsသည် လက်ဘက်စိမ်းအဆီအနှစ်၊စပျစ်သီးစေ့ အဆီအနှစ်၊ဗီတာမင်များ၊သတ္တုဓာတ်များနှင့် အမိုင်နိုအက်စစ်များကို ပေါင်းစပ်ကာအဆင့်မြင့်နည်းပညာနှင့် အကောင်းမွန်ဆုံးထုတ်လုပ်ထားပါတယ်။🛑Antioxidants ကြွယ်ဝစွာပါဝင်သော Vellofolic ဆံသားအားဖြည့်ဆေးလေးကို ဝယ်ယူသောက်သုံးနိုင်ပါပြီနော်........💛

🔰Vellofolic သည် မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

#ဆံသားအလှတွက် အချိန်မှီပြန်ကုစားလိုက်ကြပါတော့လို့
#ဆံပင်ကျွတ်ခြင်း Asia

ဆီးချိုဝေဒနာရှင်များဟာ အာရုံကြောပျက်စီးမှုကြောင့်  ထုံကျဉ်နာကျင်ခြင်း‌‌တွေ ခံစားရတတ်ပါတယ် အထူးသဖြင့် ⚡ ခြေဖဝါး၊ လက်ဖဝါးမ...
27/08/2025

ဆီးချိုဝေဒနာရှင်များဟာ အာရုံကြောပျက်စီးမှုကြောင့် ထုံကျဉ်နာကျင်ခြင်း‌‌တွေ ခံစားရတတ်ပါတယ် အထူးသဖြင့်
⚡ ခြေဖဝါး၊ လက်ဖဝါးမှာ အပ်ထိုးသလို စူးနာနေသလား?
⚡ ခြေလက်ထုံကျဉ်၊ အထိအတွေ့မခံစားနိုင်တာတွေ ရှိနေသလား?
ဒီလက္ခဏာတွေက ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ အာရုံကြော ပျက်စီးမှု ဖြစ်နိုင်ပါတယ်
🧠 ဒီလို အခြေအနေမှာ အာရုံကြောလုပ်ငန်းဆောင်တာတွေ ပြန်လည်ကောင်းမွန်ဖို့ ဖြည့်စွက်စာအားဆေး ကောင်းကောင်း မှီဝဲဖို့ လိုအပ်နေပါပြီ

🌟AM Vit D မှာ
✅အာရုံကြောအတွက် မရှိမဖြစ် Vitamin B Complex ( B1, B2, B6, B12 ) ပါဝင်လို့ ပျက်စီးသွားတဲ့ အာရုံကြောတွေကို ပြန်လည်ဖွဲ့စည်း အားဖြည့်ပေးမှာဖြစ်ပါတယ်ဆက်တွဲဖြစ်လာတဲ့ အမြင်အာရုံချို့ယွင်းခြင်း ကိုလဲ ကာကွယ်နိုင်ပါတယ်
✅ALA (Alpha Lipoic Acid) ဟာ အစွမ်းထက် Antioxidant ဖြစ်လို့ ခန္ဓာကိုယ်ရှိ အဆိပ်အတောက်ဖြစ်စေသော ဓာတ်များကို လျော့ချပေးသည့် အပြင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲဖြစ်လာတဲ့ အမြင်အာရုံချို့ယွင်းခြင်း ကိုလဲ ကာကွယ်နိုင်ပါတယ်
✅ဒါ့အပြင် အခြားသော Energy , Carbohydrates, protein တို့အပြင် minerals သတ္တုဓါတ်များစွာ ပါဝင်လို့ လူကြီးမိဘများအနေဖြင့် ဆောင်ထားသင့်တဲ့ အားဆေးတလက်လဲ ဖြစ်ပါတယ်

💯AM Vit D ကို တစ်နေ့ 1လုံး ပုံမှန်သောက်ပြီး လန်းဆန်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။❣️

#အာရုံကြောဝေဒနာကင်းဖို့ရာAM Vit Dနဲ့အဖြေရှာ

🔰 Am Vit D သည် မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

🛑 တစ်ဗူးဝယ် တစ်ဗူးလက်ဆောင်ပေးနေပါတယ်နော်🛑

မှာဝယ်ယူလိုပါက hotline 📞☎️ 09-944043060 📞☎️တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင့်။အခြားဝယ်ယူလိုသော ဆေးဝါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလဲ chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည် ။

Ursoray Ursodeoxycholic Acid – 300mgအသည်းအောက်ခြေရှိ သည်းခြေအိတ်တွင် အဆီများကိုခြေဖျက်ရာတွင် ကူညီပေးသည့် သည်းခြေရည်များအ...
14/08/2025

Ursoray
Ursodeoxycholic Acid – 300mg
အသည်းအောက်ခြေရှိ သည်းခြေအိတ်တွင် အဆီများကိုခြေဖျက်ရာတွင် ကူညီပေးသည့် သည်းခြေရည်များအနည်ထိုင်ရာမှ သည်းခြေကျောက်များ ဖြစ်ပေါ်လာသည်။

💊Ursodeoxycholic Acid (Ursoray) သည် သည်းခြေကျောက်ပျော်ဆေး အမျိုးအစားဖြစ်ပြီး သည်းခြေပြွန် ကျဉ်းခြင်းကြောင့် အသည်းခြောက်ခြင်းနှင့်သည်းခြေကျောက် အရွယ်အစား ၂ စင်တီမီတာ‌အောက် ရှိတဲ့ သည်းခြေကျောက်ရှိတဲ့ လူနာများတွင် အသုံးပြုကြသည်။

⛔️သည်းခြေပြွန်ပိတ်ဆို့မှုအထိ ဖြစ်စေသော သည်းခြေကျောက်အကြီးများတွင် ခွဲစိပ်ဖယ်ရှားမှသာ သက်သာပျောက်ကင်းမှာဖြစ်ပါသည်။

💊ထို့ပြင် Ursodeoxycholic Acid (Ursoray) သည် သည်းခြေရည်နှင့် ဆက်စပ်၍ အသည်းကျန်းမာရေး ထိခိုက်စေခြင်းကိုလဲ ကာကွယ်ပေးသည်။

👨‍⚕️အသည်းကျန်းမာရေးအတွက် သောက်သင့်တဲ့ ပမာဏကို အသည်းအထူးကုဆရာဝန်များနှင့် တိုင်ပင်သင့်ပါသည်။

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

#သည်းခြေကျောက်တည်ခြင်း
(Ursodeoxycholic Acid)

📌PULMOFLOX Tablet(Levofloxacin 500mg Tablet)(Prescription only Medicine)Quinolone Antibiotic အုပ်စုဝင် ပိုးသတ်ဆေး⭕✔Pulmo...
11/08/2025

📌PULMOFLOX Tablet
(Levofloxacin 500mg Tablet)
(Prescription only Medicine)

Quinolone Antibiotic အုပ်စုဝင် ပိုးသတ်ဆေး⭕
✔Pulmoflox သည် နှာစီး / ချောင်းဆိုး / နားအတွင်းကိုက်ခဲခြင်း နှင့် ပိုးဝင်ခြင်း / အဆုတ်အအေးပတ်ခြင်း များကို အလွယ်တကူ ပျောက်ကင်း သက်သာစေသည့်အပြင်
✔ဆီးလမ်းကြောင်းပိုး/ဝမ်းပျက်ဝမ်းလျှောဘက်တီးရီးယား/အရေပြားပိုး များကိုလည်း အလွယ်တကူပျောက်ကင်းသက်သာစေပါသည်။
✔Levofloxacin သည် ပိုးသတ်ဆေးများထဲတွင် နိုင်ငံတကာဆရာဝန်များအသုံးများသော ပိုးသတ်‌ဆေးတစ်မျိုးဖြစ်ပါသည်။

💊သောက်ဆေး အနေနဲ့ levofloxacin 500mg ပါ၀င်သော Pulmoflox tabletအဖြစ် ထုတ်လုပ်ထားပါသည်။

👌သင့်တင့်သောစျေးနှုန်းနှင့်အရည်အသွေးအာနိသင်ကောင်းမွန်၍ ဆေးသောက်ပြီးအချိန်တိုအတွင်းမှာပင် သိသာသောပျောက်ကင်းသက်သာမှုကို ရရှိစေနိုင်ပါသည်။

ဆေးကိုဆရာ၀န်၏ညွှန်ကြားချက်အတိုင်း ရက်အပြည့်နှင့် အချိန်အတိအကျ သောက်သုံးသင့်ပါသည်။

🔰မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

ဝယ်ယူလိုပါက Hot Line No.09-944043060တွင် စုံစမ်းမှာယူနိုင်ပါသည်ရှင် ။အခြားဝယ်ယူလိုသော ဆေးဝါးများ နှင့် စျေးနှုန်းများ အကြောင်းသိရှိလိုပါကလည်း chat box တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

Dolium Tablets 🔰 Domperidone အကြောင်း တစ်စေ့တစ်စောင်း🔰Domperidoneသည် dopamine receptor blocking agent ဖြစ်ပါတယ်။အစာအိမ်ထ...
07/08/2025

Dolium Tablets
🔰 Domperidone အကြောင်း တစ်စေ့တစ်စောင်း🔰
Domperidoneသည် dopamine receptor blocking agent ဖြစ်ပါတယ်။အစာအိမ်ထဲမှအစာများ အူသိမ်သို့ပို့ဆောင်ခြင်းကို မြန်ဆန်အောင်လှုံ့ဆော်ပေးသည့်အပြင် အစာရေမျိုကြွက်သားများကိုလည်း ရှုံ့စေသောအာနိသင်ရှိခြင်းကြောင့် အန်ခြင်းကို သက်သာစေသောဆေးဖြစ်သည်။

အစာအိမ် နဲ့ အူလမ်းကြောင်း တစ်လျှောက်ရှိ ကြွက်သားလှုပ်ရှားမှု ပုံမှန်မဟုတ်ခြင်းကြောင့်
➡️မအီမသာဖြစ်ခြင်း
➡️အစာမကြေ ရင်ပြည့်ခြင်း
➡️မူးဝေခြင်း
➡️အန်ခြင်း
➡️စားချဉ့်ပြန်ခြင်း စသည့် လက္ခဏာများကိုသက်သာစေသည်။

ထို့ပြင် ကင်ဆာဝေဒနာရှင်များသည် ဆေးသွင်းကုသမှု နှင့် ဓာတ်ရောင်ခြည်ကုသမှုတို့၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ပျို့အန်ခြင်း၊ မအီမသာဖြစ်ခြင်းများကိုလည်း သက်သာစေသည်။

ထို့ကြောင့် Domperidone ကို အအန်ပျောက်ဆေးအဖြစ် လူသိများသည်။

💯Domperidone 10mg ပါဝင်တဲ့ Dolium ကို အစာမကြေ၊ ရင်ပြည့်ရင်ကယ်၊ ပျို့အန်ခြင်းများအတွက် အစားမစားခင် တစ်နေ့ ၃ ကြိမ် သောက်သုံးနိုင်သည် (သို့) ဆရာဝန်ညွှန်ကြားသည့် အတိုင်းသောက်သုံးနိုင်သည်။

🔰 မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

မင်္ဂလာပါရှင့် 🤗ဒီတစ်ခေါက်ပြောပြပေးမှာကတော့ မြန်မာလူမျိုးတွေကြားမှာ အဖြစ်များတဲ့ စားချဉ့်ပြန်ရောဂါ (သို့မဟုတ်) အစာအိမ်အတ...
05/08/2025

မင်္ဂလာပါရှင့် 🤗
ဒီတစ်ခေါက်ပြောပြပေးမှာကတော့ မြန်မာလူမျိုးတွေကြားမှာ အဖြစ်များတဲ့ စားချဉ့်ပြန်ရောဂါ (သို့မဟုတ်) အစာအိမ်အတွင်းအက်စစ်များနေသောရောဂါ အကြောင်းပဲဖြစ်ပါတယ် 👩🏻‍⚕️

♦️စားချဉ့်ပြန်ရောဂါသည် နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး Gastroesophageal reflux disease (GERD) လို့လည်းခေါ်ပါတယ်။

➡ စားချဉ့်ပြန်ရောဂါ ဖြစ်လာစေတဲ့အကြောင်းအရင်းကတော့ အစာအိမ်အတွင်းမှာရှိတဲ့ကြွက်သားတွေလျော့ရဲလာပြီး အလုပ်မလုပ်တော့တဲ့အခါ အစာခြေအရည် (သို့မဟုတ်) အစာအိမ် အက်စစ်တွေက အစာရေမြိုကို ပြန်ဆန်တက်လာပြီး စားချဉ့်ပြန်ရောဂါကိုဖြစ်ပေါ်စေပါတယ်။

➡စားချဉ့်ပြန်ရောဂါ ဖြစ်ပေါ်ပြီဆိုလျှင် ခံတွင်းချဉ်တာ ရင်ပူတာ လည်ချောင်းပူတာတွေအပြင် ရင်ဘတ်အောင့်တာ အစာမြိုချရခက်တာတွေ ချောင်းခြောက်ဆိုးတာနဲ့ အခြား လက္ခဏာ များကိုခံစားလာရပါတယ်။ဒီဝေဒနာခံစားနေရပြီဆိုရင် မအီမသာမျက်နှာကြီးဖြစ်နေပြီးနေ့စဉ်ဓူဝလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ရာမှာလဲကသိကအောက်ဖြစ်စေပါတယ်။

➡ရောဂါအခြေအနေပြင်းထန်လာရင်တော့ အစာရေမျိုနဲ့အစာအိမ်ထိခိုက်တာတွေပါဖြစ်လာနိုင်ပါတယ်။

➡️စားချဉ့်ပြန်ရောဂါက လူတော်တော်များများမှာ အဖြစ်များသလိုကိုယ်ဝန်ဆောင်မိခင်များမှာပါ ဖြစ်တတ်ကြပါတယ်။

♦️ဂရုစိုက်နေထိုင်ခြင်းဖြင့်စားချည့်ပြန်ရောဂါဖြစ်ပွားနိုင်ခြေကိုလျော့ချနိုင်ပါတယ်။♦️

✅စားချဉ့်ပြန်အတွက် S-Omipin 20 mg ကို တစ်နေ့တစ်ကြိမ်ဖြင့် တစ်လ (သို့) ဆရာဝန်ညွှန်ကြားချက်အတိုင်းသောက်သုံးပေးခြင်းဖြင့် အမြန်ဆုံး ကုသပေးနိုင်ပါတယ်နော်။

🔰 မြန်မာ FDA ၏ ထောက်ခံချက်ရရှိထားသောကြောင့် စိတ်ချယုံကြည်စွာ သုံးစွဲနိုင်ပါသည်။🔰

#စားချဉ့်ပြန်ရောဂါကိုSOmipinနဲ့အမြန်ဆုံးအနိုင်ယူလိုက်ပါ

Address

75/77 Thein Phyu Road Botahtaung Township

1111

Telephone

+951385518

Website

Alerts

Be the first to know and let us send you an email when Eco Asia Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Eco Asia Company Limited:

  • Want your practice to be the top-listed Clinic?

Share