Shwe La Won Pharmacy

Shwe La Won Pharmacy Good service

💊 ရွှေလဝန်းဆေးဆိုင် (လက်ကား) 💊အရည်အသွေးကောင်းတဲ့ ဆေးဝါးအစုံအလင်ကို လက်ကားဈေးနဲ့ ဖြန့်ချိပေးနေပါတယ်နော် 🤝📦 ပစ္စည်းစုံစုံလ...
13/02/2026

💊 ရွှေလဝန်းဆေးဆိုင် (လက်ကား) 💊
အရည်အသွေးကောင်းတဲ့ ဆေးဝါးအစုံအလင်ကို လက်ကားဈေးနဲ့ ဖြန့်ချိပေးနေပါတယ်နော် 🤝

📦 ပစ္စည်းစုံစုံလင်လင်
💰 ဈေးနှုန်းသက်သာ
💙 ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှု

ဆေးဆိုင်များ၊ ဆေးခန်းများအတွက် မိတ်ဖက်ကောင်းတစ်ယောက်လို လက်တွဲလုပ်နိုင်ပါတယ် 😊

🏪 အမှတ် (393)
ဗိုလ်ချုပ်စျေးသစ်
📞 09-5154211

လိုချင်တဲ့ပစ္စည်းများကို စိတ်ချလက်ချ ဆက်သွယ်မေးမြန်းနိုင်ပါတယ်နော် ✨

Azinam 500Date- 5.26ဘူး 30 ရမည်စျေး-13000
04/02/2026

Azinam 500
Date- 5.26
ဘူး 30 ရမည်
စျေး-13000

23/01/2026

🔴 နီပါဗိုင်းရပ်စ် (Nipah Virus)၏ ရှေ့ပြေး
လက္ခဏာများနှင့် စစ်ဆေးအတည်ပြုခြင်း

အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်အတွင်း နီပါးဗိုင်းရပ်စ် ပြန်လည်ခေါင်းထောင်လာခြင်းကြောင့် လူထုအတွင်း စိုးရိမ်ပူပန်မှုများ ရှိနေပါသည်။ ကာကွယ်ဆေးမရှိသေးသော ဗိုင်းရပ်စ်အကြောင်း ကြားရသည့်အခါ ကြောက်ရွံ့ခြင်းမှာ သဘာဝဖြစ်သော်လည်း၊ ကြိုတင်သိရှိနားလည်
ထားခြင်းဖြင့် ဤအန္တရာယ်ကို ကာကွယ်နိုင်မည်
ဖြစ်သည်။

⚠️ အဓိကမှတ်သားရန်အချက်များ

▫️ နီပါးဗိုင်းရပ်စ်၏ ရှေ့ပြေးလက္ခဏာများသည် သာမန်တုပ်ကွေးနှင့် ဆင်တူသော်လည်း လျင်မြန်စွာပင် ပြင်းထန်သော ဦးနှောက်ရောင်ခြင်း (Encephalitis) အဆင့်သို့ ရောက်ရှိသွားနိုင်သည်။

▫️ ရောဂါပိုးကို စစ်ဆေးရာတွင် သာမန်သွေးစစ်ချက်ဖြင့် မရနိုင်ဘဲ အထူးပြုလုပ်ထားသော RT-PCR စစ်ဆေးမှုများ လိုအပ်သည်။

▫️လက်ရှိတွင် သီးသန့်ကုသဆေး မရှိသေးသဖြင့် ရောဂါလက္ခဏာပြသည်နှင့် ချက်ချင်းသီးသန့်ခွဲထားပြီး လိုအပ်သော ထောက်ပံ့ကုသမှုများ (Supportive Care) ကို ပေးရမည်ဖြစ်သည်။

⚠️ ရောဂါဖြစ်စဉ် အဆင့်ဆင့်ကို နားလည်ခြင်း

▫️နီပါဗိုင်းရပ်စ်သည် ခန္ဓာကိုယ်ထဲသို့ ရောက်ရှိပြီးနောက် ချက်ချင်းလက္ခဏာမပြတတ်ပါ။ ရောဂါပျိုးချိန် (Incubation Period) မှာ ပုံမှန်အားဖြင့် ၄ ရက်မှ ၁၄ ရက် အတွင်း ဖြစ်သော်လည်း၊ အချို့ဖြစ်ရပ်များတွင် ၄၅ ရက် အထိ ကြာမြင့်နိုင်သည်။

▪️အဆင့် (၁) - တုပ်ကွေးကဲ့သို့ လက္ခဏာပြခြင်း (Flu-like Stage)
ကနဦးတွင် သာမန်ဖျားနာခြင်းနှင့် မှားယွင်းနိုင်သဖြင့် အောက်ပါလက္ခဏာများကို ဂရုပြုပါ:
- ရုတ်တရက် အပြင်းဖျားခြင်း၊
- ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊
- လည်ချောင်းနာခြင်းနှင့် ပျို့အန်ခြင်း၊

▪️ အဆင့် (၂) - အန္တရာယ်ရှိ အာရုံကြောလက္ခဏာများ (Neurological Signs)
ဤအဆင့်တွင် ဗိုင်းရပ်စ်သည် ဦးနှောက်ကို စတင်တိုက်ခိုက်လာသည်။
- မူးဝေခြင်းနှင့် အလွန်အမင်း အိပ်ငိုက်ခြင်း၊
- သတိလစ်ခြင်း သို့မဟုတ် လူ၊ နေရာ၊ အချိန်တို့ကို ဝေခွဲမရဘဲ စိတ်ရှုပ်ထွေးခြင်း၊
- အသက်ရှူရ ခက်ခဲလာခြင်း၊
- အကြောဆွဲခြင်း သို့မဟုတ် အတက်ရောဂါကဲ့သို့ ဖြစ်ခြင်း၊
- ပြင်းထန်ပါက ၂၄ နာရီမှ ၄၈ နာရီအတွင်း သတိမေ့မြောခြင်း (Coma) ဖြစ်သွားနိုင်သည်။

⚠️ ရောဂါပိုးကို မည်သို့ စစ်ဆေးသနည်း?

နီပါဗိုင်းရပ်စ်ကို -
အိမ်သုံးစစ်ဆေးကိရိယာ သို့မဟုတ် သာမန်သွေးစစ်
ချက်ဖြင့် မသိနိုင်ပါ။

• ရောဂါဖြစ်ပွားနေစဉ်
နှာခေါင်း၊ လည်ချောင်း သို့မဟုတ် ဆီးနှင့် သွေးနမူ
နာများကိုယူ၍ RT-PCR နည်းဖြင့် စစ်ဆေးသည်။

• ပြန်လည်ကျန်းမာလာချိန်
ခန္ဓာကိုယ်အတွင်းရှိ ခုခံအား (Antibodies) ကို
ELISA နည်းဖြင့် စစ်ဆေး၍ ယခင်က ကူးစက်ခံ
ခဲ့ရခြင်း ရှိ၊ မရှိ အတည်ပြုသည်။

🩺 ကာကွယ်ရေးလမ်းညွှန်ချက်များ (Do's and Don'ts)
ကုသဆေးမရှိသေးသဖြင့် ကာကွယ်ခြင်းသည်
အကောင်းဆုံးဖြစ်သည်။

• ထန်းရည်အစိမ်း မသောက်ပါနှင့်
လင်းနို့များ ကိုယ်တွင်းအရည်များဖြင့် ညစ်ညမ်း
နေနိုင်သဖြင့် မသောက်မီ သေချာကျိုချက်ပါ။

• သစ်သီးများကို သေချာဆေးပါ
လင်းနို့ကိုက်ရာပါသော အသီးများကို လုံးဝမစား
ပါနှင့်။ အသီးများကို အခွံနွှာစားပါ။

• တိရစ္ဆာန်များနှင့် ကင်းကင်းနေပါ
အထူးသဖြင့် လင်းနို့နှင့် ဝက်များကို တိုက်ရိုက်ထိ
တွေ့ခြင်း ရှောင်ပါ။

• လူနာပြုစုသူများ သတိထားပါ
Mask တပ်ပါ၊ လက်ကို မကြာခဏဆေးပါ။ လူအ
ချင်းချင်း ခန္ဓာကိုယ်ထွက်ရည်များမှတဆင့် ကူးစက်
နိုင်သည်။

အနောက်ဘင်္ဂလားပြည်နယ် နောက်ဆုံးရသတင်း
၂၀၂၆ ဇန်နဝါရီ အစီရင်ခံစာအရ မြောက်ပိုင်း (North 24 Parganas) အပါအဝင် နယ်စပ်ခရိုင်များတွင် သံသယဖြစ်ဖွယ် ကူးစက်မှုများရှိနေသဖြင့် ကျန်းမာရေးဌာနများက အမြင့်ဆုံး သတိပေးချက် ထုတ်ပြန်ထားသည်။

ပြင်းထန်သော တုပ်ကွေးလက္ခဏာနှင့်အတူ စိတ်ရှုပ်ထွေးခြင်း သို့မဟုတ် အသက်ရှူရခက်ခဲခြင်းတို့ တွဲဖြစ်လာပါက လုံးဝမပေါ့ဆပါနှင့်။ အချိန်မီ ဆေးရုံတက်ရောက် ကုသခြင်းဖြင့် အသက်အန္တရာယ်မှ ကယ်တင်နိုင်ပါသည်။

🇲🇲 မြန်မာနိုင်ငံသားများအတွက် အကြံပြုချက်

အကယ်၍ အိန္ဒိယနိုင်ငံ (အထူးသဖြင့် ကာလကတ္တားနှင့် အနီးတဝိုက်) သို့ သွားရောက်ရန်ရှိပါက အထက်ပါအချက်များကို အထူးဂရုပြု လိုက်နာကြပါရန် တိုက်တွန်းအပ်ပါသည်။

🌿 AI Info Team 🌿
23 JAN 2026 | NIPAH VIRUS

19/03/2025

အထူးသတိပေးချက်

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit to # # #

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit ;

16/03/2025

ကလေးငယ်နှင့် အပူရှပ်ခြင်း

မေမေတို့ရေ… နွေရာသီရောက်တော့မယ်နော် …. အခုလိုစတင်ပူပြင်းလာတဲ့ ရာသီဥတုအနေအထားမျိုးမှာ အပူရှပ်တယ်ဆိုတာ ပေါ့ဆလို့မရတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။

ပုံမှန် လူသားတွေရဲ့ ခန္တာကိုယ်ဟာ ပူလွန်းခြင်း၊ အေးလွန်းခြင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းညှိနိုင်ပါတယ်။ ပူလွန်းရင် ချွေးထွက်လာတယ်၊ အေးလွန်းရင် ချမ်းတုန်လာတယ်ဆိုတာ Body Temperature ကို ခန္တာကိုယ်က အလိုအလျောက် Regulate လုပ်တဲ့ နည်းတွေပါပဲ။ အပူရှပ်ခြင်းဆိုတာ အပေါ်ကလို နည်းတွေနဲ့ အပူချိန်ကို ထိန်းချုပ်လို့မရတော့ပဲ ရုတ်တရက် အပူချိန်ထိုးတက်တဲ့ အရေးပေါ်အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ကလေးတွေက လူကြီးတွေရဲ့ ခန္တာကိုယ်လို အပူကို ထိန်းညှိနိုင်စွမ်းမရှိသေးတဲ့အတွက် ရာသီအကူးအပြောင်းဒဏ်ကို ပိုခံရလို့ အပူမရှပ်စေရန်အထူးဂရုစိုက်ကြရပါမယ်။

အပူရှပ်ပြီဆိုလျှင်
☀️ ကိုယ်အပူချိန် အရမ်းမြင့်နေမယ်။ ( > 103•F )
☀️ချွေးမထွက်ပဲ ခန္တာကိုယ်နီရဲပြီး အသားတွေပူနေမယ်။ အသားခြောက်မယ်။
☀️ အသက်ရှူနှုန်းတွေ၊ နှလုံးခုန်သံတွေမြန်နေမယ်။
☀️ ဂျီကျမယ်၊ အလိုမကျဖြစ်မယ်၊ မောပန်းနွမ်းနယ်မယ်။
☀️ အန်တာ၊ စိတ်ရှုပ်ထွေးတာဖြစ်နိုင်တယ်
☀️ အခြေအနေဆိုးပါက တက်တာ၊ သတိလစ်တာမျိုးတွေထိပါ ဖြစ်နိုင်တယ်။

ဒါကြောင့် နွေရာသီမှာ ရာသီအကူးအပြောင်းဒဏ် မခံရအောင်နှင့် အပူရှပ်ခြင်း မဖြစ်ပေါ်စေရန်

💧ကလေးကို ရေဓာတ်ပြည့်ဝအောင်ထားပါ။
⁃ (၆) လအောက်ဆို နို့ ၊ Formula သေချာဝင်အောင်တိုက်ပြီး
⁃ (၆) လအထက် ကလေးများကို ရေများများဝင်အောင်တိုက်ပါ။ ချွေးထွက်များသော ကလေးကြီးများကို ရေနှင့် ဓာတ်ဆား များများတိုက်ပါ။ အရည်ရွှမ်းတဲ့ သစ်သီးဝလံများ ကျွေးပါ။

💧ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားတွေဝတ်ဆင်ပါ။
⁃ ချည်သား၊ စပန့်သား ပွပွချောင်ချောင်လေးတွေ၊ အရောင်နုတာလေးတွေဆင်ပေးပါ။

💧နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကိုရှောင်ပါ။
⁃ နေ့လယ်နေ့ခင်း အရိပ်ရတဲ့နေရာမှာနေပါ။
⁃ အပြင်သွားရင် ထီး၊ ဦးထုပ်ဆောင်းပေးပါ။
⁃ ကလေးကို ကားထဲမှာ အဲကွန်းမဖွင့်ပဲ တံခါးပိတ်လျက် ပိတ်ထားခဲ့တာမျိုးလုံးဝမလုပ်ရပါ။ တစ်ယောက်တည်းမထားခဲ့ရပါ။

💧 အိမ်ခန်းတွင်းမှာ အေးနေအောင်ထားပါ။
⁃ ယပ်တောင်၊ ပန်ကာ၊ အဲကွန်းတို့ ဖွင့်ထားပါ။ ( ကလေးကို လေတိုက်ရိုက်လာသောနေရာတွင်မထားရ။)

💧 Outdoor Activity များ၊ အဲကွန်းမရှိပဲ သွပ်မိုးအောက်တွင်သာ ဆော့ရသော အားကစားများရှောင်ပါ။

☀️ ကလေးအပူရှပ်တယ်လို့ သံသယရှိလျှင်

💧 ကလေးငယ်ကို ရေပတ်ဝတ်ဖြင့် ရေသပတ်တိုက်ပြီး ကိုယ်အပူချိန်ကို လျှော့ချပေးပါ။ ချိုင်းကြား၊ ပေါင်ကြား၊ လည်ပင်း၊ ဂုတ်တို့ကို Cooling Gel Pad များကပ်ထားပေးပါ။
💧 အဝတ်အစား ပါးပါးလျလျဝတ်ပေးပါ။
💧 အရည်များများဝင်အောင်တိုက်ပါ။
💧 ကလေးထားတဲ့အခန်းထဲကို အေးအေးလူလူဖြစ်ပါစေ။
💧 အပူရှပ်ခြင်းဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိ ဖြစ်နိုင်လို့ လိုအပ်ရင် ဆေးရုံ၊ ဆေးခန်း အမြန်ဆုံးသွားပါ။

အခုဆို ရာသီဥတုတော်တော်ပူလာပြီမို့ လုံးအယ်လေးကိုလဲ အေးအေးလူလူထားနေရပါတယ်။ အရင်က တက်ဖူးတဲ့ အခြေအနေလဲရှိတော့ ဖျားတာ၊ အပူရှပ်တာ ဖြစ်မှာ အကြောက်ကြီးကြောက်နေပါတယ်။ အင်္ကျီဆို အိမ်ထဲမှာ လက်ပြတ် ချိုင်းပွပွလေးတွေနဲ့ ချည်သားလေးတွေ အများဆုံးဝတ်ပေးဖြစ်တယ်။ ဘေးက စပန့်တွေ ဆင်ရတာ မကြိုက်တော့ Baby & Me Myanmar က ဝါးသား လက်ပြတ်လေးတွေနဲ့ နေ့လည်နေ့ခင်းဆို သားသားက အဆင်ပြေနေတယ်။ ရေလဲပိုတိုက်ဖြစ်ပြီး အသီးလေးတွေ၊ စွပ်ပြုတ်လေးတွေလဲ ပိုကျွေးဖြစ်နေတယ်။ အပြင်တို့ အလုပ်တို့ကို တော့ ကျောင်းတက်တာက လွဲပြီး သိပ်မခေါ်ဖြစ်တော့သလို အဲကွန်းရှိတဲ့ Public Areas တွေလဲ Infection ကူးမှာ၊ အပူအအေးမမျှမှာဆိုးလို့ တော်တော်လေး သွားတာလျှော့လိုက်ပါတယ်။ ဒါကြောင့် ခုလို အရမ်းပူလာတဲ့ နွေကာလမှာ ကလေးလေးတွေ နေကောင်းကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်သန်းနိုင်ဖို့ တောင်းဆုပြုရင်း …

Dr Bayy
M.B,B.S ( Ygn)
Diploma in American Association of Aesthetic Medicine( AAAM, USA)
Executive Diploma in Child Psychology ( EDTA, Lincoln )

❌ စာများကို ကူးယူဖော်ပြခွင့်မရှိပါ။ လွတ်လပ်စွာ Share နိုင်ပါသည်။

#အပူရှပ်ခြင်း

04/03/2025

အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ

Southeast Asia နိုင်ငံအကုန်ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖစ်မယ်တဲ့။

အပူချိန် 35C - 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1

37C ကနေ upper 40C ထိတိုးလာရင် Level 2 danger ပါ ။

ကလေးငယ်ငယ်လေးတွေ၊ အသက်ကြီးတဲ့သူတွေ၊ Pet တွေအထူးအထူးဂရုစိုက်ပါ။ နွေရာသီ ပူနေကြလိုမဟုတ်ပါဖူးနော်၊ ထပ်ပြောပါမယ်။ အခုတောင်လူတိုင်း Heat stroke ဖြစ်နေကြတယ်။ (လည်ပင်းနာ၊ အသံဝင်၊ ချောင်းဆိုး၊ နှာချေ၊ နှာစီး အဆက်မပြတ်၊ မျက်စိပူ ) အခုဒီမှာမီးပြတ်နေတော့ပိုတောင်ဆိုးမှာပါ။ ရုတ်တရက် ဦးနှောက်သွေးကြောပြတ်တာမျိုး အခန့်မသင့်ရင်လူငယ်၊ လူကြီးအရွယ်စုံဖြစ်တတ်တယ် မပေါ့ပါနဲ့နော်။

ဘာလုပ်သင့်လဲဆို ရေဘူးဆောင်ပါ။အေးစက်နေတဲ့ ရေခဲရေထက် ရိုးရိုးရေပိုကောင်းပါတယ်။ အရမ်းပူလာရင်တောင် ရေခပ်နွေးနွေး body pressure balance ဖစ်အောင် သောက်ပေးသင့်တယ်။ ရေခဏခဏသတိရတိုင်းသောက်ပါ။

အိမ်ကို လိုက်ကာကာပါ။ အဝတ်အစားချွေးစုပ်တာ ပေါ့ပါးတာ။
လေဝင်လေထွက်ရှိ အပူထွက်လွယ်တာဝတ်ပါ။
အသောက်အစားလေးခဏလျှော့ပါ။
Gym အပြင်းအထန်လုပ်တာလျှော့။
Sunglasses, sun cream 2-3 hours နေတခါ ထပ် on, ထီး၊ ဦးထုပ်မဖြစ်မနေဆောင်။
Aircon, fan directly အေးစက်အောင်မထားပါနဲ့။ အပြင်ရုတ်တရက်ထွက်မိရင် shock ရှိ။

အကောင်းဆုံးကတော့ မဖြစ်မနေကိစ္စကလွဲပြီး အိမ်ပြင်ထွက်ခြင်း၊ အပြင်ထွက်ခြင်းမျိုးရှောင်ကြနော် ။

ချစ်တဲ့သူတွေကို share ပေးပြီး ဂရုတစိုက်သတိပေးပါ
Card
ွက်ဖျန်းမြေသြဇာဖြန့်ချီရေး
Transform Myanmar Yangon
Via -

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ မနက်၃နာရီဝန်းကျင်မှာ ကွယ်လွန်ကြတာ တွေ့ရတယ်၃နာရီ မှ ၈နာရီ ကြားမှာ ရေသောက် အနဲဆုံးဖြစ်ပြီး သွေ...
24/01/2025

ခုရက်ပိုင်း ကွယ်လွန်သူတွေဟာ
မနက်၃နာရီဝန်းကျင်မှာ
ကွယ်လွန်ကြတာ တွေ့ရတယ်

၃နာရီ မှ ၈နာရီ ကြားမှာ
ရေသောက် အနဲဆုံးဖြစ်ပြီး
သွေးအပြစ်ဆုံးအချိန်မို့
နှလုံးတိုက်ခိုက်ခံရနိုင်ခြေပိုများတဲ့အချိန်ပါ

အိပ်ရေးပျက်မှာစိုးလို့
ညဖက်ရေ
မသောက်တဲ့ အကျိုးဆက်ပါ

နှလုံးဆရာဝန်ကြီးတွေပြောပါတယ်
၊နှလုံးအားနည်းလို့ နှလုံးရပ်သွားတာထင်ပါတယ်
သွေးမပျစ်အောင်
ရေကိုသတိရတိုင်း သောက်ပေးကြပါ

ညအိပ်ခါနီးမှာ ရေသောက်ရင် အိပ်ရေးပျက်မယ်။
ညသန်းခေါင်ကျော် အချိန်ကြီးမှာ ဆီးထသွားရမယ်။
ဒါကြောင့် အိပ်ခါနီးရင် ရေမသောက်ကြနှင့်
လူတိုင်း ဒီလိုပဲ ထင်ပြီး ဒီလိုပဲ ပြောဆိုလေ့ ရှိကြပါတယ်။
မမှန်ဘူးခင်ဗျား ။

နှလုံးနာတဲ့ ဝေဒနာ အဲ (Heart Attack) နှင့် ရေဆိုတာ
ဒွန်တွဲနေပါတယ်။
လူတွေ ညဘက်မှာ နေ့ဘက်အချိန်တွေထက် ဘာကြောင့်
ဆီးပိုသွားတတ်သလဲ
နေ့ဘက်မှာ လူတွေက မတ်တပ်ရပ်နေကြတယ်။
ကမ္ဘာ့ဆွဲအား(gravity)ကြောင့် ခန္ဓာကိုယ်ထဲမှာ ရှိတဲ့
ရေတွေက ပေါင်နဲ့ခြေထောက်မှာ သွားစုနေတယ်။
ညဘက်ရောက်တော့ ဒီလိုမဟုတ်တော့ဘူး။ လှဲနေ
အိပ်နေကြတဲ့အတွက် ခန္ဓာကိုယ်က ဆန့်နေတယ်။

ခန္ဓာကိုယ်ထဲမှာရှိတဲ့ ရေတွေက ကျောက်ကပ် (Kidney)နှင့်
တပြေးတည်း ရှိနေတယ်။ ဒီတော့ ခန္ဓာကိုယ် အောက်ပိုင်းမှာ
ရှိတဲ့ ရေတွေက ကျောက်ကပ်ထဲကို စီး၀င်ဖို့
ပိုလွယ်ကူသွားတာပေါ့ ခင်ဗျား။
ကျောက်ကပ်နှင့် ရေက ဘယ်လို ဆက်စပ်နေကြလဲ။
ခန္ဓာကိုယ်အထဲမှာ ရှိတဲ့ အဆိပ်တွေကို ဆီးအဖြစ်
ခန္ဓာကိုယ် အပြင်ကို ရောက်ရှိအောင် ပြုလုပ်ပေးတာပေါ့ ။

ရေပိုသောက်ပေးသင့်တဲ့အချိန်

မနက် အိပ်ရာနိုးနိုးချင်း ရေ(၂)ခွက် သောက်ပါ။ သင့်ခန္ဓာ
အတွင်းမှ ကလီစာတွေ ပိုပြီး အလုပ်လုပ်ကြ ပါလိမ့်မည်။
နံနက်စာ မစားခင် မိနစ်(၃၀)အလိုမှာ ရေ (၁)ခွက် သောက်ပါ။
အစာကြေ လွယ်တာကို ခံစားရပါမယ်။

ရေမချိုးခင် ရေ (၁)ခွက် သောက်ပါ။ သွေးတိုး (blood pressure) ကျစေပါလိမ့်မည်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ပါ။ လေဖြတ်ရောဂါနှင့်
နှလုံးနာရောဂါမှ ကင်းဝေးပါလိမ့်မယ်။

အဲ ပြောရအုံးမယ်။
အိပ်ရာမ၀င်ခင် ရေ (၁)ခွက် သောက်ခြင်းဟာ အထက်ပါ
ရောဂါ (၂)မျိုးမှသာ ကင်းဝေးစေတာ မဟုတ်ပါဘူး။
ညဘက် ခြေထောက် ကြွက်တက်တဲ့ ဒုက္ခ Leg Cramp
မှလည်း ကင်းဝေးစေပါတယ်။

ဘာကြောင့်လဲ။
ညဘက် ခြေထောက်ကြွက်သားတွေ တင်းလာတယ်ဆိုတာ
ရေငတ်လာကြတဲ့အတွက်ပါ။ ဒီအကြောင်းတွေကို အကျယ်
သိချင်လျှင် (၂၉.၇.၂၀၀၉) ခုနှစ်ထုတ် (The Journal of
American College of Cardiology)မှာ ဖတ်ကြည့်ပါ။
နှလုံးနာတဲ့ရောဂါ heart attack ဆိုတာဟာ နေ့ဘက်မှာပဲ
ဖြစ်လေ့ ပိုရှိပါတယ်။ နံနက် (၆)နာရီနှင့် မွန်းတည့်အချိန်
အတွင်းမှာ ဖြစ်တတ်ပါတယ်။ ညဘက် မဖြစ်ဘူးလား။
အဖြစ် နည်းပါတယ်။

နှလုံးရောဂါသည်တွေကို လေဖြတ်မှာ စိုးရိမ်တဲ့အတွက်
(baby asipirin) ဆေးပြားကို တနေ့(၁)ပြား သောက်ခိုင်းပါတယ်။ ညအိပ်ရာ မ၀င်ခင် သောက်ပါ။ ဘာကြောင့်လဲ နေ့ဘက်မှ
ပိုပြီး ဆေးစွမ်းပြစေချင်တဲ့ အတွက်ပါ။ (baby aspirin)
တပြားဟာ (၂၄)နာရီ အာနိသင် ရှိပါတယ်။ လေဖြတ်နိုင်တဲ့
အခွင့်အလမ်း အများဆုံး က မနက် စောစောပိုင်း အချိန်တွေပါ။
(အက်စပလင်) ဆေးပြားတွေက အချိန်ကြာကြာ သိမ်းထားရင်
ရှာလကာရည် (Vineger) အနံ့ထွက်လာလေ့ ရှိပါတယ်။

ဒီ(အက်စပလင်)ကို အသက်ကယ်ဆေးတမျိုးလို့လဲ
မှတ်ယူနိုင်ပါတယ်။ မှန်ပါတယ်။ လေဖြတ်ပြီး ဘ၀ပျက်ရမဲ့
ဒုက္ခကို ဒီဆေးပြားက ကယ်နိုင်တယ် မဟုတ်လား။
ဒါကြောင့် ဒီဆေးပြားကို မိမိ အိပ်ရာနှင့် မလှမ်းမကမ်းမှာ
အမြဲ ဆောင်ထားသင့်ပါတယ်။ မိမိ လျှာအပေါ် တင်လိုက်
တာနှင့် သွေးကြောထဲ အလွယ်တကူ ပျော်၀င်သွားနိုင်တဲ့
(အက်စပလင်)အမျိုးအစားကို ရှာဖွေပြီး သုံးသင့်ပါတယ်။
Heart attack အဲ နှလုံးနာရောဂါ ဖြစ်တော့မယ် ဆိုတာနှင့်
ကြိုတင်သတိပေးတဲ့ ရောဂါလက္ခဏာတွေ အများကြီး ရှိပါတယ်။
ဘယ်လက်မောင်းရင်းမှာ ကိုက်လာမယ်။

မေးစေ့အောက်မှာ မခံမရပ်နိုင်အောင် နာလာမယ်။ မူးမယ်။
ချွေးစေးတွေ ရုတ်တရက် ခန္ဓာကိုယ်မှာ ထွက်လာမယ်။
အဲ ဒါပေမဲ့ တခါတရံ နှလုံးနာဝေဒနာ စဖြစ်နေပြီ ဖြစ်ပေမဲ့
ဒီလက္ခဏာတွေ မပေါ်တာလဲ ရှိတတ်ပါတယ်။
နှလုံးရှိတဲ့ ရင်ဘတ်နေရာမှာတောင် မနာဘူး။ မကိုက်ဘူးတဲ့။
မှန်ပါတယ်။

အိပ်ပျော်နေတဲ့ ဝေဒနာသည် ၆၀% ရာခိုင်နှုန်းက နှလုံးနာ
ဝေဒနာ စတင် ဖိစီးနေကြပေမဲ့ သူတို့ အိပ်ပျော်နေကြရာမှတောင် မနိုးဘူးတဲ့။
မြန်မာတွေ ပြောလေ့ရှိတဲ့ အိပ်ပျော်နေရင်းနှင့် အသက်ထွက်သွားတယ်ဗျာ ဆိုတာ ဒီလို သေတာမျိုးတွေပေါ့ ခင်ဗျား။
ဒါပေမဲ့ နိုးသွားကြတဲ့ လူတွေက များပါတယ်။
အဲ အိပ်ရာက နိုးနိုးချင်း ဘာလုပ်သင့်ပါသလဲ။
(အက်စပလင်) ဆေး (၂)ပြားကို ပါးစပ်ထဲ ပစ်ထည့်ပြီး ရေသောက်ချလိုက်ပေါ့ ခင်ဗျား။

အဲ ဒီမှာ ရေက အရေးကြီးလာပြီ။
ရေကို မိမိ အိပ်ရာဘေးတွင် အဆင့်သင့် မဆောင်ထားလျှင် ဒုက္ခမရောက်ပေဘူးလား။ ဒါကြောင့် လူတိုင်းဟာ မိမိတို့ အိပ်ရာဘေးရှိ စားပွဲပေါ်တွင် ရေပုလင်း အဲ ရေဗူးကို အမြဲ အဆင်သင့် ဆောင်ထားပြီး အိပ်သင့်ကြပါတယ်။

နောက် ဘာဆက်လုပ်သင့်ပါသလဲ။
အိပ်ရာပေါ်တွင် ဆက်ပြီး လှဲမနေသင့်ပါဘူး။
အိပ်ရာမှ ဖြည်းဖြည်း ထထိုင်ပြီး အနီးဆုံး ကုလားထိုင် တလုံးပေါ်မှာ သက်သက်သာသာ ငြိမ်ပြီး ထိုင်နေပါ။
အနီးပတ်၀န်းကျင်မှ လူတွေကို နှိုးပြီး အကူအညီ တောင်းပါ။ ဆေးရုံကို အမြန်ဆုံး ရောက်အောင် ပို့ခိုင်းပါ။
အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားတဲ့ (Heart attack and water)ဆိုတဲ့ ဆောင်းပါးက ဒီလောက်ပါပဲ။
တိုတိုလေးပါ။

ဒါပေမဲ့ ဆောင်းပါးရှင်က ပြောထားပါတယ်။ ဒီဆောင်းပါးကို သင် လူ (၁၀)ယောက်ထံကို မျှဝေပို့ပေးပါ။ လူတယောက်ရဲ့ အသက်ကို သင်ကယ်ကောင်း ကယ်နိုင်ပါလိမ့်မယ်။
မှန်ပါတယ်။
ကျွန်တော်လည်း ဒီအတိုင်းပင် ယုံကြည်ပါတယ်။

စာရှုသူ ။
ဒီနေ့ ကမ္ဘာကြီးမှာ နှစ်စဉ် နှလုံးရောဂါဖြင့် သေသူ လူဦးရေ ဘယ်လောက် ရှိတယ်လို့ သင် ထင်ပါသလဲ။
(၂၀၁၇) ခုနှစ်မှာ (၁၇)ဒဿမ (၃)သန်း ရှိပါတယ်။
(၂၀၃၀)ခုနှစ်မှာ (၂၃)ဒဿမ (၆)သန်းအထိ တိုးလာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

(၂၀၀၈)ခုနှစ်အတွင်း ကမ္ဘာပေါ်မှာ သေတဲ့လူ ၃၀ (သုံးဆယ်) ရာခိုင်နှုန်းက နှလုံးရောဂါဖြင့် သေကြပါတယ်။ ဒီသေတဲ့ လူတွေအထဲက (၈၀)ရာခိုင်နှုန်း ဦးရေက ဆင်းရဲတဲ့ တိုင်းပြည်က သေကြတဲ့ လူတွေပါ။

အမေရိကန်ပြည်ထောင်စု တခုထဲမှာ ဒီရောဂါဖြင့် သေတဲ့ဦးရေက ၈ (ရှစ်)သိန်းနီးပါး ရှိပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တရက်ကို နှလုံးရောဂါဖြင့် သေတဲ့ ပျှမ်းမျှ ဦးရေက ၂၁၅၀ (နှစ်ထောင့် တစ်ရာ့ငါးဆယ်) ရှိပါတယ်။
စက္ကန့် (၄၀)မှာ (၁)ယောက်နှုန်း သေနေကြတယ်ပေါ့ ခင်ဗျား။

(ကင်ဆာ) ရောဂါကို ဒီနေ့ လူတိုင်း အလွန်ကြောက်လန့်ကြပါတယ်။ အဲ ဒါပေမဲ့ ဒီကင်ဆာရောဂါ ကြောင့် ဒီနေ့ သေနေတဲ့ ဦးရေက နှလုံးရောဂါကြောင့် သေကြရတဲ့ ဦးရေလောက် မများပါဘူး။
အမေရိကန်ပြည်ထောင်စုမှာ နှလုံးနှင့် နွယ်တဲ့ ရောဂါတမျိုးမျိုးကို ခံစားနေကြတဲ့ လူဦးရေက ၈၅ ဒဿမ ၆သန်းကျော် ရှိပါတယ်။
မှန်ပါတယ်။

ဒါကြောင့်လည်း ဒီနှလုံးရောဂါသည်တွေအတွက် အသုံးပြုနေရတဲ့ ဆေးကုသစရိတ်က အမေရိကန် ဒေါ်လာ (ဗေလီယံ)ပေါင်း ၃၂၀ (သုံးရာ့နှစ်ဆယ်) ကျော် ရှိပါတယ်။


ထိုင်းပါရဂူဆရာဝန်ထုတ်လုပ်ပေးထားတဲ့SODအင်ဇိုင်း‌သောက်သုံးချင်သောမိတ်ဆွေများလည်းနိုင်ငံအနှံ့ပို့ဆောင်ပေးပါသည်ခင်ဗျာ
https://www.facebook.com/share/p/1HZCN7dtBH/

အမျိုးသမီးရောဂါများအတွက်အကောင်းဆုံးသောClick plus
https://www.facebook.com/share/p/1BxGQtwG4J/

မျက်လုံးအားနည်းသူများအတွက်အကောင်းဆုံးသောtargetမျက်လုံးအားဆေး
https://www.facebook.com/share/p/1AdvrBc3Yi/

Date-2026
17/01/2025

Date-2026

06/07/2024

🚨 🚨 🚨 အရေးပေါ်သတိပေးချက်

ရန်ကုန်တိုင်းဒေသကြီးမှာ ကာလဝမ်းရောဂါ (Cholera) ပျံ့နှံ့မှု စတင်နေတာကို တွေ့ရပါတယ်။

အဲ့အတွက်

* လက်ကို ဆပ်ပြာဖြင့် မကြာခဏ ဆေးပါ။
* တကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။
* ရေကိုကြိုချက်သောက်ပါ။
* အခုရက်အတွင်း အပြင်စာစားသောက်မှုကို တတ်နိုင်သမျှရှောင်ပါ။
* အသီးအရွက်များကို သေချာစွာဆေးကြောပါ။ အစိမ်းစားခြင်းရှောင်ပါ။
* အစားအစာများကို သေချာစွာကျက်အောင်ချက်ပါ။ ပူပူနွေးနွေးစားပါ။
* ယင်နားစာများမစားပါနှင့်။
* ဆန်ဆေးရေကဲ့သို့ဝမ်းများသွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ပြသ၍ ချက်ချင်းကုသမှုခံယူပါ။

ယူတို့ရဲ့အချစ်တော် မနန်းစုရဲ့ product လေးတွေဆိုင်မှာရပီနော်
14/05/2024

ယူတို့ရဲ့အချစ်တော် မနန်းစုရဲ့ product လေးတွေဆိုင်မှာရပီနော်

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Shwe La Won Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share