BASF Agricultural Solutions

BASF Agricultural Solutions BASFသည်တောင်သူများ၏သီးနှံအထွက်နှုန်းများတိုးတက်ရေးအတွက်ကြိုးစားပံ့ပိုးပေးလျက်ရှိပါသည်။

 #စတန်းဒပ်တော့ပ် #နည်းပညာမြှင့် သုံးမျိုးစပ်မျိုးစေ့လူးနယ်ဆေး။ #အပင်ပေါက်အားကောင်း ညီညာပြီးအပင်သန်၊ အပင်စိမ်း၊ အမြစ်ဆင်း...
07/04/2025

#စတန်းဒပ်တော့ပ်

#နည်းပညာမြှင့် သုံးမျိုးစပ်မျိုးစေ့လူးနယ်ဆေး။

#အပင်ပေါက်အားကောင်း ညီညာပြီး
အပင်သန်၊ အပင်စိမ်း၊ အမြစ်ဆင်းအားနှင့်မြစ်မွှားဖွဲ့စည်းပုံကောင်းမွန်စေသည့် အက်စီးလန့် အာနိသင်။

#စေ့တွင်းစာထဲ စိမ့်ဝင်သွားသော ပိုး၊မှိုသတ်ဆေးတို့သည် နည်းပညာကြောင့် အပင်နှင့်အမြစ်တို့တွင် ရက်သုံးဆယ် တာရှည်ခံသဖြင့် ထိုဆေးတို့ကာကွယ်နှိမ်နင်းနိုင်သော ပိုးမွှားရောဂါတို့သည် ကျရောက်ဖျက်ဆီးမှု့ သိသာစွာ နည်းပါးခြင်း။

#အကာကွယ်လက်အိတ် ဝတ်ဆင်ပြီးမှသာ လူးနယ်စိုက်ပျိုးကြပါရန် နှိုးဆော်တိုက်တွန်းအပ်ပါသည်။

စပါးစိုက်တောင်သူတွေကို စိတ်ဒုက္ခအပေးနိုင်ဆုံး ပိုးကို ပြောပါဆိုရင် လှေးပိုးက ထိပ်ဆုံးပဲပေါ့ဗျာ။ လှေးပိုးကျရောက်မှုဟာ စို...
03/02/2025

စပါးစိုက်တောင်သူတွေကို စိတ်ဒုက္ခအပေးနိုင်ဆုံး ပိုးကို ပြောပါဆိုရင် လှေးပိုးက ထိပ်ဆုံးပဲပေါ့ဗျာ။

လှေးပိုးကျရောက်မှုဟာ စိုက်ခင်းရဲ့ သီးနှံအထွက်နှုန်းကို ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်လို့ ဂရုတစိုက်နဲ့ ကာကွယ်နိုင်ဖို့က အရေးကြီးတာပေါ့။

လှေးပိုးကျရောက်မှုကို ကာကွယ်ဖို့ကတော့ စိုက်ခင်းပတ်လည်မှာ လှေးပိုး ရှင်သန်နိုင်တဲ့ ပေါင်းပင်နဲ့ အမှိုက်တွေကို ရှင်းလင်းပေးတာ၊ မစိုက်ခင် ထည်ထိုး၊ ထွန်မွှေပေးတာတွေ လုပ်ပေးလို့ရသလို အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းကတော့ အရွက်ထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ထိသေစားသေပိုးသတ်ဆေး ရီးဂျင့် ၃ ဂျီအာနဲ့ နှိမ်နင်းနိုင်တာပါပဲဗျာ။

လှေးပိုးသာမကဘဲ ဆစ်ပိုးနဲ့ တခြားသော စုပ်စားပိုးတွေရန်ကနေ လည်း ကာကွယ်ပေးနိုင်တဲ့ ရီးဂျင့်နဲ့သာဆိုရင်တော့ လှေးပိုးတွေ ဝေးဝေးပြေးပြီပေါ့။
#ရီးဂျင့်၃ဂျီအာ

 #ပြာသိုလ ကုန်လွန်သောအခါ တပို့တွဲလနှင့်အတူ နေ့အပူချိန်သည် တဖြေးဖြေး မြင့်တက်လာလေ့ရှိပါသည်။ #ဥတုရာသီနှင့် ယှဥ်တွဲ၍ ဖျက်ပိ...
16/01/2025

#ပြာသိုလ ကုန်လွန်သောအခါ တပို့တွဲလနှင့်အတူ နေ့အပူချိန်သည် တဖြေးဖြေး မြင့်တက်လာလေ့ရှိပါသည်။

#ဥတုရာသီနှင့် ယှဥ်တွဲ၍ ဖျက်ပိုးရောဂါ ကျရောက်မှု့မှာ တောင်သူဦးကြီးတို့ နှစ်စဥ်ကြုံတွေ့ ဖြေရှင်းနေရသော အဓိက စိုက်ခင်းပြသနာ ဖြစ်ပါသည်။

#ဆောင်းသီးနှံတို့ ဖူးပွင့်ချိန်နှင့်အတူ လှေးပိုး ပြသနာ သည်လည်း အထွက်နှုန်းအတွက် စိန်ခေါ်မှု့ တစ်ခုဖြစ်ပါသည်။

#ပါလစ် ပိုးသတ်ဆေးသည် လှေးပိုးကို နှိမ်နင်းရန် အထူးထုပ်လုပ်ထားသော ဘီအေအက်(စ်)အက်(ဖ်) ၏ ထုပ်ကုန်ဖြစ်ပါသည်။

#အာမို မှဖြန့်ချီပေးနေပါသည်။

 #ဘယ်အချိန်ထမေးမေး စိတ်အညစ်ရဆုံးထဲမှာ ကြက်သွန်နဲ့ ငရုတ်လှေးပိုးကလည်း ထိပ်ဆုံးကပါတယ်မဟုတ်လားဗျ။  #အထွက်နှုန်းကျစေရုံသာမကဘ...
17/12/2024

#ဘယ်အချိန်ထမေးမေး စိတ်အညစ်ရဆုံးထဲမှာ ကြက်သွန်နဲ့ ငရုတ်လှေးပိုးကလည်း ထိပ်ဆုံးကပါတယ်မဟုတ်လားဗျ။
#အထွက်နှုန်းကျစေရုံသာမကဘဲ သီးနှံအရည်အသွေးကိုပါ ထိခိုက်စေတဲ့ လှေးပိုးကို နိုင်နင်းတဲ့ဆေး ရှာနေတယ်ဆိုရင်တော့ အဖြေက နီးနီးလေးမှာ ရှိပါတယ်။

# ဟုတ်ပါတယ်.. ပါလစ် ၁၀ အက်စ်စီပါပဲ။

# ပါလစ်ရဲ့ ထူးခြားချက်တွေကတော့ အရွက်မျက်နှာပြင်ပေါ်ကို ဖျန်းပေးရုံနဲ့ အရွက်အောက်မှာရှိတဲ့ ပိုးကို နှိမ်နင်းပေးနိုင်ပြီး ပိုးသတ်ဆေးဒဏ်ခံနိုင်ရည်ရှိနေတဲ့ ပိုးတွေကိုပါ ထိထိရောက်ရောက် ရှင်းလင်းပေးနိုင်တာပါပဲဗျာ။

#ကဲ.. ကြက်သွန်နဲ့ ငရုတ်ခင်းတွေထဲက လှေးပိုးရှင်းလင်းဖို့ ပါလစ်ကို ဆောင်ထားကြပါစို့။

#အာမိုကိုယ်စားလှယ်များဆိုင်တွင် မေးဝယ်ပါ။

5 Golden Rules (ရွှေရောင်စည်းမျဉ်း ၅ ချက်)  သည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသော တောင်သူဦးကြီးများအား မိမိတို့စိုက...
02/12/2024

5 Golden Rules (ရွှေရောင်စည်းမျဉ်း ၅ ချက်)

သည် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသော တောင်သူဦးကြီးများအား မိမိတို့စိုက်ပျိုးထားသော သီးနှံပင်များ ပိုးမွှားရောဂါအန္တရာယ်ဖြေရှင်းရန် အဆင့်မြင့် စိုက်ပျိုးရေးပိုးသတ်ဆေးများ သာမက တောင်သူဦးကြီးများ ဓာတုပိုးသတ်ဆေးများ ကိုင်တွယ်အသုံးပြုနေစဉ် ပိုးသတ်ဆေးအန္တရာယ်ဘေးကင်းရန် အလေးထားဆောင်ရွက်နေပါသည်။

ဓာတုပိုးသတ်ဆေးများ ကိုင်တွယ်အသုံးပြုနေစဉ် ပိုးသတ်ဆေးအန္တရာယ်ဘေးကင်းရန် မှ ရွှေရောင် စည်းမျဉ်း (၅) ချက်အား ( ) လိုက်နာဆောင်ရွက်ကြပါစို့။



!



🌍ပျော်ရွင်စရာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (Happy World Food Day)!BASF သည် လူတိုင်းအတွက် စားနပ်ရိက္ခာဖူလုံပြီး ကျန်းမာရေးနှင့် ...
15/10/2024

🌍ပျော်ရွင်စရာ ကမ္ဘာ့စားနပ်ရိက္ခာနေ့ (Happy World Food Day)!

BASF သည် လူတိုင်းအတွက် စားနပ်ရိက္ခာဖူလုံပြီး ကျန်းမာရေးနှင့် ညီညွတ်သော အစားအသောက်များ ရရှိနိုင်ရေးအတွက် ကျွန်ုပ်တို့၏ သဘောထားမျာကို ထပ်လောင်းအတည်ပြုပါသည်။ BASF အနေဖြင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးနှင့် အနာဂတ် စားနပ်ရိက္ခာ ဖူလုံရေးအတွက် စိုက်ပျိုးရေးဆိုင်ရာ စိန်ခေါ်မှုများအား ကိုင်တွယ်ဖြေရှင်းရန်နှင့် တောင်သူများ စိုက်ပျိုးရေးပိုးသတ်ဆေးများအား စနစ်တကျ အန္တရာယ်ကင်းစွာကိုင်တွယ်နိုင်ရန် တောင်သူများနှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားပါမည်။

အားလုံးအတွက် အာဟာပြည့်ဝသော အစားအစာများ ရရှိနိုင်သော ကမ္ဘာကြီးအား အတူအကွဖန်းတီးကြပါစို့။

🌱✨

Learn more about responsible use of crop protection products here: https://basf.link/ag-stewardship

ပိုးသတ်ဆေးကိုအန္တရာယ်ကင်းစွာကိုင်တွယ်နည်းလမ်းညွန်  ပိုးသတ်ဆေးဖျန်းစဥ် အကာအကွယ်ဝတ်စုံ ( PPE Kit ) ကိုဝတ်ဆင်ပါ။  စိုက်ပျို...
29/07/2024

ပိုးသတ်ဆေးကိုအန္တရာယ်ကင်းစွာကိုင်တွယ်နည်းလမ်းညွန်
ပိုးသတ်ဆေးဖျန်းစဥ် အကာအကွယ်ဝတ်စုံ ( PPE Kit ) ကိုဝတ်ဆင်ပါ။
စိုက်ပျိုးထားသောသီးနှံများကို ပိုးသတ်ဆေးဖျန်းနေစဥ် အကာအကွယ်ဝတ်စုံ(PPE Kit) ကိုဝတ်ဆင်ပါ။
အခြားသောတောင်သူများ နှင့် ဆေးဖျန်းသူများ ပိုမိုသိရှိပြီး ဆေးဖျန်းစဥ်အန္တရာယ်ကင်းစေဖို့ ဒီပို့စ်ကို ပြန်ပြီး ရှယ်ပေးပါ။
စတီးဝပ်ရှစ် အစီအစဉ် အကြောင်းကို ပိုမိုသိရှိလိုပါက https://cutt.ly/bhFdCNi တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

"မျိုးစေ့လူးနယ်ဆေး" လူးနယ်ရာတွင် တောင်သူဦးကြီးတို့သည် ပိုသတ်ဆေးဖျော်ရည်များနှင့် တိုက်ရိုက်ထိတွေ့လူးနယ်ကြရပါသည်။နား၊ နှာ...
17/07/2024

"မျိုးစေ့လူးနယ်ဆေး" လူးနယ်ရာတွင် တောင်သူဦးကြီးတို့သည် ပိုသတ်ဆေးဖျော်ရည်များနှင့် တိုက်ရိုက်ထိတွေ့လူးနယ်ကြရပါသည်။

နား၊ နှာခေါင်း၊ မျက်စိ နှင့် ပါးစပ်တို့အပြင် လူ့အရေပြားရှိ ချွေးညှင်းပေါက်ငယ်များမှလည်း ပိုးသတ်ဆေးအာနိသင်များ ကိုယ်ခန္ဓာအတွင်းသို့ စိမ့်ဝင်ပါသည်။

ထို့ကြောင့် လူးနယ်ဆေးဖျော်စပ်သူ အကူနှင့် လူးနယ်မည့်ဦးကြီးတို့သည် လက်အိတ်ရှည်၊ နှာခေါင်းစွပ်နှင့် မျက်မှန်စသော အကာကွယ်ပစ္စည်းများကို စနစ်တကျ ဝတ်ဆင်ပြီးမှသာ လူးနယ်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

#စတန်းဒပ်တော့ပ်_လူးနယ်ဆေး


 #ဂျာမနီနိုင်ငံ BASF မှထုပ်လုပ်ထားသော ဆွိပါ မြေပဲရွေးချယ်ပေါင်းသတ်ဆေးတွင် အာနိသင်စွမ်းအင်နှစ်မျိုး ပါဝင်ပြီး ရက်သတ္တပတ်ပ...
30/06/2024

#ဂျာမနီနိုင်ငံ BASF မှထုပ်လုပ်ထားသော ဆွိပါ မြေပဲရွေးချယ်ပေါင်းသတ်ဆေးတွင် အာနိသင်စွမ်းအင်နှစ်မျိုး ပါဝင်ပြီး ရက်သတ္တပတ်ပေါင်းများစွာ ပေါင်းနှိမ်နင်းနိုင်စွမ်းရှိပါသည်။

#မြေပဲစိုက်ပြီး ရက်အနည်းငယ်အတွင်းတွင် တောင်သူဦးကြီးတို့သည့် အစုန့်ထွန်လိုက်လေ့ရှိပါသည်။ ထို့နောက် ဆွိပါ ပေါင်းသတ်ဆေးကို ဖျန်းပက်ရပါသည်။

#အောက်ဖော်ပြပါပုံအတိုင်း တာရှည်ခံပေါင်းသတ်စွမ်းအားကို မြင်တွေ့ရမည်ဖြစ်ပါသည်။

#ဒေသအသီးသီးရှိ ဖန့်လင့် ကိုယ်စားလှယ်များတွင် မေးမြန်းဝယ်ယူရရှိနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ပြောင်းခင်းမှာ ကျတဲ့ ဖော ငမြှောင်တောင်ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ???တစ်ညတည်းနှင့် အခင်းလုံးကျွတ် ဖျက်ဆီးနိုင်ပြီး ဖလံအဖ...
25/06/2024

ပြောင်းခင်းမှာ ကျတဲ့ ဖော ငမြှောင်တောင်ကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ???

တစ်ညတည်းနှင့် အခင်းလုံးကျွတ် ဖျက်ဆီးနိုင်ပြီး ဖလံအဖိုနှင့်အမသည် တစ်ညကိုမိုင် ခြောက်ဆယ်ထိ ပျံသန်းရွေ့ရှားနိုင်တဲ့ ပိုးကို နိုင်နှင်းရန်......

#အဖြေက ရိုးရိုးလေးပါ။

ဂျာမနီက ဖော ငမြှာင်တောင်ကို အထူးနှိမ်နှင်းနိုင်တဲ့ ပါလစ် ၁၀ အက်စ်စီ ပိုးသတ်ဆေးကို ထုတ်ပေးထားပါတယ်။

တစ်ကြိမ် ဖျန်းပြီးရင် (၁၀-၁၄) ရက်ထိ ကာကွယ်နိုင်တဲ့ #ပါလစ် ၁၀ အက်စ်စီ က ဖော ငမြောင်တောင်အပြင် လှေးပိုးကိုလည်း နှိမ်နင်းနိုင်သေးလို့ ဆေးတစ်ကြိမ်တည်း ဖျန်းရုံနဲ့ ဖော ငမြှာင်တောင်ကိုရော လှေးပိုးကိုပါ တစ်ပြိုင်တည်း နှိမ်နှင်းပြီးသားဖြစ်သွားတာပေါ့။

#ဆေးတစ်ပုံးကို ၃၀-၅၀ စီစီ ထည့်သွင်းပက်ဖျန်းနိုင်ပါသည်။

#ပါလစ် ပိုးသတ်ဆေးကို အာမိုကုမ္ပဏီမှ တစ်နိုင်ငံလုံးဖြန့်ချီပေးနေပါသည်။

Address

Yangon

Alerts

Be the first to know and let us send you an email when BASF Agricultural Solutions posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to BASF Agricultural Solutions:

Share

ကျွန်ုပ်တို့အကြောင်း

BASF ကုမ္ပဏီဧ။်သီးနှံကာကွယ်ရေးဌာနသည် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက် အားထားရသော မိတ်ဖက်ဖြစ်ပြီး တောင်သူလယ်သမားများအတွက် ခေတ်မီဆန်းသစ်သော အရည်အသွေးမြင့် မှိုသတ်ဆေး၊ ပိုးသတ်ဆေးနှင့် ပေါင်းသတ်ဆေးများကို ကောင်းမွန်စွာ ထုတ်လုပ်ပံ့ပိုးလျက်ရှိပါသည်။

တောင်သူလယ်သမားများသည် ကောက်ပဲသီးနှံများအထွက်တိုးရေးနှင့် အရည်အသွေးမြင့်မား ရေးတို့အတွက် BASF ၏ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသုံးပြုကြသည်။ BASF ထုတ်ကုန်များကို ပြည်သူ့ကျန်းမာရေးကဏ္ဍ၊ ဥယျာဉ်ခြံနှင့် လယ်ယာသီးနှံဖျက်ပိုးများ ကာကွယ်နှိမ်နင်းရေးကဏ္ဍ၊ သစ်ပင်ပန်းမာန်နှင့် ဟင်းသီးဟင်းရွက်များ အတွက်သာမက သစ်တောနှင့် လယ်ယာကဏ္ဍများ၌ပါ အသုံးပြုနိုင်သည်။

BASFက တီထွင်ဆန်းသစ်သောနည်းပညာအသစ်များကိုအသုံးချခြင်းဖြင့် တောင်သူများအတွက် အောင်မြင်သောစိုက်ပျိုးထုတ်လုပ်မှုကို ဖန်တီးပေးနိုင်ရန်ရည်ရွယ်ပါသည်။

BASF သီးနှံကာကွယ်ရေးဌာန၏ မျှော်မှန်းချက်မှာ ကမ္ဘာတွင် ဦးဆောင် တီထွင်ဆန်းသစ်သူ အဖြစ်ရပ်တည်လျက် လယ်ယာစိုက်ပျိုးရေး ထုတ်ကုန်ကဏ္ဍတိုးတက်စေရေး၊အာဟာရဓာတ် ပြည့်ဝစေရေးတို့ကိုဦးဆောင်ပြီး တိုးပွားလာသော ကမ္ဘာ့လူဦးရေ၏ လူနေမှုဘဝ ကို မြှင့်တင်ပေးရန်ဖြစ်ပါသည်။(Zawgyi)