Cosmic Tarot & Oracle

Cosmic Tarot & Oracle ✨ Guiding souls through Oracle wisdom. Here to help you heal, grow & find clarity — You’re not alone. DM me for personal reading to find solution 💌

2 Year Anniversary Gratitude Post - featuringSpecial 20% Discount💜 ဒီနေ့ဟာဆိုရင် Cosmic Tarot & Oracle page ရဲ့ ၂ နှစ်မြ...
01/12/2025

2 Year Anniversary Gratitude Post - featuring
Special 20% Discount

💜 ဒီနေ့ဟာဆိုရင် Cosmic Tarot & Oracle page ရဲ့
၂ နှစ်မြောက် နေ့ရက်လေးပဲဖြစ်ပါတယ်။
၂ နှစ်ဆိုပေမယ့် ကျွန်မအနေနဲ့ ကျွန်မဆရာမ ဒေါ်မေနီနီဦး ဆီမှာ Intuitive Approved Oracle Reader ဖြစ်ဖို့ Intuitive Oracle Appraisal camp ဝင်တဲ့အချိန်မှ page မှာ ပို active ဖြစ်လာခဲ့တယ်ပဲ ပြောရပါမယ်။ Page စဖွင့်တုန်းကထက် Approved Reader mission တွေရဲ့ force ကတော့ အဓိက အကြောင်းရင်းပေါ့လေ။

💜 ဒီလိုနဲ့ ကျွန်မကို ဒီခရီး ဒီအထိရောက်အောင် ဆွဲခေါ် သင်ကြားပေးခဲ့တဲ့ ကျွန်မဆရာမ ဒေါ်မေနီနီဦး၊ ဒီ ၂ နှစ်အတွင်း ကျွန်မဆီ ယုံယုံကြည်ကြည်နဲ့ အမြဲလာမေးခဲ့ကြတဲ့ မိတ်ဟောင်း မိတ်သစ် client တွေ၊ ကျွန်မ page စ run ကတည်းက support လုပ်ပေးခဲ့တဲ့ ကျွန်မရဲ့ corporate field က seniors တွေ၊ ကျွန်မရဲ့soul family အားလုံးကို ကျေးဇူးတင်ပါတယ်။

💜 Oracle နဲ့ ကျွန်မရေစက်ကလည်း သိပ်ကို ဆန်းကြယ်ပါတယ်။ Oracle ဆိုတာကို စသိခဲ့တာလည်း ကျွန်မဆရာမဆီ client ဘဝနဲ့ စရောက်ပြီး discussion တွေဝင်ရင်းနဲ့ ဆရာမဆီကနေ Oracle ဆိုတာကို စ ကြားဖူးခဲ့တယ်။ ဆရာမရဲ့ client ကနေ student ဖြစ်လာပြီးနောက် သင်ယူခဲ့သမျှ ဘာသာရပ်တိုင်းမှာ Oracle သည် မရိုးနိုင်ဆုံးသောပဲ။
အမှန်တိုင်းပြောရရင် ဒီ divination ပညာရပ်တွေကို စပြီး သင်ယူနေတဲ့ ကာလတွေတုန်းက နောင်တစ်ချိန် အခုလိုသူများတွေကို service ပေး reading အဟောတွေဖတ်ပေးဖို့ဆိုတဲ့ အတွေး လုံးဝကို မရှိခဲ့တာရယ်။ တစ်ဖြည်းဖြည်းနဲ့မှ ဒါတွေဟာ ကျွန်မရှောင်လွှဲမရတဲ့ Soul Mission တွေပါလားလို့ နားလည်လာခဲ့ရတယ်။

⏳ ကျွန်မရဲ့ Oracle Journey ကိုတော့ ဒီ link လေးမှာ sharing လုပ်ပေးထားဖူးပါတယ်။
(For your pleasure reading)
https://www.facebook.com/share/p/18xkrVuvU3/?mibextid=wwXIfr

၂ နှစ်သားအရွယ် Cosmic Tarot & Oracle ဖြစ်လာဖို့ ဒီ ၂ နှစ်မတိုင်ခင် အစောပိုင်း ပညာသင်ယူနေတဲ့ ကာလတွေမှာ invest လုပ်ခဲ့ရတဲ့ Time, Money & Energy ကတော့ မနည်းမနောရယ်။

💞 ဆိုတော့ အခုတစ်ခါမှာတော့ 2 Year Anniversary အမှတ်တရအနေနဲ့ ကျွန်မ Old Client ဖြစ်ပါစေ New Client ဖြစ်ပါစေ အားလုံးအတွက်

✨ 20% Discount on all packages (except RS Energy) ✨promotion လေးရှိပါတယ်။

💖 Old client တွေအတွက်ကိုတော့ 20% Discount အပြင် အပိုထပ်ဆောင်း 1 Question ကိုပါ Free မေးခွင့် ပေးမှာ ဖြစ်ပါတယ်။ ဒါကတော့ ၂ နှစ်လုံး Authentic Reach နဲ့ ရပ်တည်လာခဲ့တဲ့တစ်လျှောက် ကျွန်မနဲ့ ရေစက်ပါခဲဲ့တဲ့ Cosmic Souls လေးတွေအတွက် special treat လေးမို့ new client လေးတွေက စိတ်မကောက်ကြနဲ့နော့်။

🔔 Promotion ကာလလေးကတော့ 5th December 2025 အထိဖြစ်ပြီး limited head count ဖြစ်ပါတယ်။

Promotion အမှီ reading မေးနိုင်ဖို့ Page messenger မှာ မိမိမေးချင်တဲ့ reading package (or) မေးခွန်းအတိအကျနဲ့အတူ အမည်၊ မွေးသက္ကရာဇ်၊ မိမိမျက်နှာသေချာမြင်ရသည့် ဓာတ်ပုံတစ်ပုံပါ ပို့ပေးဖို့ လိုပါတယ်ရှင်။

မေးခွန်းမစဉ်းစားတတ်တာ၊ မမေးတတ်တာမျိုးဆိုရင် ကျွန်မနဲ့အရင် ဘယ်လိုမေးချင်တယ်ဆိုတာမျိုးလေး ပြောပြီး မေးလို့ရပါတယ်နော်။

⬇️ Package လေးတွေထဲလည်း အဆင်ပြေသလို ရွေးချယ် မေးမြန်းနိုင်ပါတယ်။

https://www.facebook.com/share/1MusfhpoCR/?mibextid=wwXIfr

သိကြတဲ့အတိုင်းပဲ အခုချိန်က နှစ်ကုန်ခါနီးမို့ အလုပ်တွေမတအား များနေပေမယ့် Page 2 နှစ်ပြည့်မို့ လိုအပ်သူတွေ fees သက်သက်သာသာနဲ့ မေးလို့ရအောင် စီစဉ်ပေးလိုက်တာပါ။

So, feel free to reach out if you need help finding solutions for your problems. I’m here to help! 💛

With Love & Gratitude,
Zune Wint Hte
Cosmic Tarot & Oracle 🔮

✨✨✨ Bookings Available Now! ✨✨✨▪️Reading Booking တွေပြန်လက်ခံနေပြီလား တစ်ချို့ old client တွေ လာလာမေးနေကြလို့ ပြန်လက်ခံန...
20/11/2025

✨✨✨ Bookings Available Now! ✨✨✨

▪️Reading Booking တွေပြန်လက်ခံနေပြီလား တစ်ချို့ old client တွေ လာလာမေးနေကြလို့ ပြန်လက်ခံနေပါပြီနော်။

▪️ဒီကြားထဲအလုပ်များနေလို့ရယ် Personally သိတဲ့ မိတ်ဆွေတွေရဲ့ အဟောတွေ ကြည့်ပေးနေရတာနဲ့မို့ Page မှာ booking available ဖြစ်ကြောင်း မတင်ပေးဖြစ်တာပါ။

▪️လောလောဆယ် မေးချင်တဲ့သူတွေ November last week နဲ့ December လလယ်လောက်အထိ reading booking ယူလို့ရပါမယ်ရှင့်

▪️Oracle Reading ဆိုတာကလည်း energy consumption များတဲ့ အဟောမို့ First come first serve ပဲ ကြည့်ပေးနိုင်တာရယ်။ မေးနေကြသူတွေကတော့ ကျွန်မအကြောင်း သိပြီးသားပေမယ့် Client အသစ်တွေက မသိမှာစိုးလို့ပါရှင့်။

So, this post is just FYI!

❣️ အခက်ခဲများအတွက် ဆွေးနွေးတိုင်ပင်လိုပါက

https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🔮 11:11 Special Collective Reading via Oracle💌 ယခုနိမိတ်အဟောအသည် Oracle သီးသန့်ဖြင့် Collective Reading ဖတ်ပေးထားခြင်း ဖ...
11/11/2025

🔮 11:11 Special Collective Reading via Oracle

💌 ယခုနိမိတ်အဟောအသည် Oracle သီးသန့်ဖြင့် Collective Reading ဖတ်ပေးထားခြင်း ဖြစ်ပြီး Cosmic Tarot & Oracle နဲ့ ကံစပ်သော audience များသာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

⚡️အခုချိန်ဟာ planetary transit တွေအရမ်းကြမ်းနေတဲ့ အချိန်ကာလလည်းဖြစ်လို့ တစ်ခုခုဆို အလျင်စလို မလုပ်သင့်ပေမယ့် မိမိအနေနဲ့ လက်ရှိ ပုံစံအတိုင်း ပိုနေမြဲကျားနေမြဲ နေလို့လည်း မရတော့ပါဘူး။
သင်ရောက်နေတဲ့ လမ်းခုလတ်သည် သေချာချင့်ချိန်ပြီး ရှေ့ဆက်နိုင်ရင် upgrade ဖြစ်မယ်။ ဒီတိုင်းဘာမှမလုပ်ပဲ ရပ်နေရင် အောက်ကိုပြန်ပြုတ်ကျပါလိမ့်မယ်။ ဒီတော့ အပေါ်ကိုပဲ တက်နိုင်မလား၊ Down grade ပဲ ပြန်ဖြစ်မလားဆိုတာ ကိုယ့်အပေါ် အများကြီး မူတည်ပါတယ်။ ဘယ်ကိစ္စမှာမဆို သေချာစဉ်းစားသုံးသပ်ပြီးမှ action ယူပါ။

⚡️တစ်ချို့တွေ ကိုယ့်မှာ လုပ်စရာတွေအများကြီး ရှိနေပေမယ့် ဘယ်ကစလုပ်ရမလဲ Priority မခွဲခြားတတ်ဘူး ဖြစ်နေတယ်။ အဓိကနဲ့ သာမည မကွဲရင် အရေးမကြီးတာတွေ အရင်လုပ်မိတတ်ပြီး အချိန်ကုန် အကျိုးမရှိဖြစ်တတ်တာ သတိထားပါ။ The clock is ticking! 🕰

⚡️Every ending is a new beginning ဆိုသလိုပဲ Transformation ဖြစ်နိုင်ဖို့ အဟောင်းတွေကို စွန့်လွှတ်ရမယ်၊ စိတ်ဒဏ်ရာတွေကိုလည်း အကုန်ခွါချ ကုစားနိုင်ဖို့ ကြိုးစားသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် အောက်ဆုံးထိ ပြုတ်ကျသွားပြီလို့ ထင်မိချိန် ကမ်းမယ့်လက်တစ်စုံ ရောက်လာပါလိမ့်မယ်။ ဒါကြောင့်မို့ ပင်ပန်းခက်ခဲတဲ့ နေ့ရက်တွေကို ပိုကောင်းတဲ့ အရွေ့တွေ ဖြစ်လာဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ ရင်ဆိုင် ကျော်ဖြတ်ပါ။

💫 အခုချိန်မှာ မိမိရွေးချယ်ပြုလုပ်မယ့် ဒါမှမဟုတ် စတင်မယ့် အရာတွေရဲ့ အကျိုးဆက် အသီးအပွင့် သည် နောက်နှစ် 11:11 မတိုင်ခင်မှာ အဖြေပေါ်ပါလိမ့်မယ်။ Trust me. Some things are worth the effort.

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🔔 Ding D**g 🔔 ✨11:11 is here! ✨ ဒီလိုနေ့ကို အများစုက Manifestations တွေ လုပ်ကြတဲ့နေ့ တစ်နည်းအားဖြင့် ကိုယ့် ဆန္ဒတွေ ပြည်...
11/11/2025

🔔 Ding D**g 🔔 ✨11:11 is here! ✨

ဒီလိုနေ့ကို အများစုက Manifestations တွေ လုပ်ကြတဲ့နေ့ တစ်နည်းအားဖြင့် ကိုယ့် ဆန္ဒတွေ ပြည့်ဖို့ အကောင်းဆုံးသောအချိန်လို့ ဆိုကြပေမယ့် ကျွန်မကတော့ Goal Setting တွေ ပြန်ချသင့်တဲ့နေ့လို့ သတ်မှတ်ပါတယ်။

⌛️ Year end ကလည်း နီးလာပြီ ဖြစ်တဲ့အတွက်
ဒီတစ်နှစ်အတွင်း ကျွန်မတို့တွေဘာတွေလုပ်ခဲ့ပြီးပြီလဲ၊ ဘယ်လို Ups and Downs တွေ ကြုံတွေခဲ့ရပြီးပြီလဲ ဒါတွေကို ကိုယ်တိုင်သိမြင်နိုင်ဖို့ လိုပါတယ်။
Corporate life မှာဆိုရင် တစ်နှစ်လုံးစာ အလုပ်မှာ ကိုယ့် performance ဘယ်လောက်ကောင်းခဲ့သလဲ? ဘယ်နေရာလေးတွေတော့ အားနည်းခဲ့သလဲ? စသဖြင့် Performance Appraisal ဆိုတာကို ကိုယ့်အထက်လူကြီးဆီ တင်ပြဆွေးနွေးရပါတယ်။ ထိုနည်းတူစွာပဲ ကျွန်မတို့တွေရဲ့ personal life မှာလည်း ကိုယ့်ဘာသာ ကိုယ့်ရဲ့ တစ်နှစ်တာလုပ်ဆောင်ခဲ့သမျှကို Performance Appraisal လုပ်လို့ရပါတယ်။

⏳ 11:11 သည် ဒီလို ကိုယ့်ရဲ့ individual performance တွေက်ို ပိုကောင်းလာအောင်၊ ကိုယ်လိုချင်တဲ့ Life goal တွေဆီ အရောက်လှမ်းနိုင်အောင် setting ပြန်ချသင့်တဲ့ နေ့ရက်ဆို မမှားပါဘူး။ Goal setting တွေ reset လုပ်ဖို့ဆိုတာ ကိုယ့်အားနည်းချက်၊ အားသာချက်တွေကို ကိုယ့်ကိုယ်ကိုယ် မညာစတမ်း Clarity ရှိဖို့လည်း လိုပါတယ်။ ဒါမှ လက်ရှိရောက်နေတဲ့ နေရာကနေ level up ဖြစ်ဖို့ လုပ်ဆောင်ရမှာတွေ ရုပ်လုံးပေါ်လာမှာပါ။

ဒါဖြင့် Basic Manifestation အတွက် လုပ်သင့်တာလေးတွေကိုတော့ စာရှည်မှာစိုးလို့ အကျယ်ချဲ့ ထည့်မရေးတော့ပါဘူး။ သိချင်သူများကတော့ Manifestations အတွက် အလွယ်ဆုံးနဲ့ အခြေခံအကျဆုံး steps တွေကို ကျွန်မ ရေးပေးခဲ့ဖူးတဲ့ 8:8 Lion Gate Portal တုန်းက post မှာ ဖတ်ကြည့်နိုင်ပါတယ်။

📍 https://www.facebook.com/share/p/1CtpQQD7AG/?mibextid=wwXIfr

အဲဒိတော့ ဒီနေ့မှာ ဘာလုပ်လို့ရကြမလဲဆိုရင်

(1) Declutter လုပ်ပါ Cleansing လုပ်ပါ

(2) တရားထိုင်ပါ (optional but recommended)

(3) ကိုယ်ဘာလိုချင်လဲ ဘယ်ကိုသွားချင်တာလဲ ဘယ်လိုသွားမှာလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိပါစေ။
ဒီနေရာမှာ တစ်ချို့တွေက မိမိနှစ်သက်ရာ manifestation method နဲ့ Universe ထံ တောင်းဆိုကြတယ်ဆိုပေမယ့် ကျွန်မကတော့ ဘုရားရှိခိုး ဆုတောင်းတာကိုပဲ အားသန်ပါတယ်။ ကျွန်မအတွက်ကတော့ ဘုရားရှင်သည် Universe ပဲ။ Which means I put things in God’s hand.
ဒါကတော့ တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်စွာ အယူအဆ ကွဲလွဲနိုင်ပါတယ်။

(4) ဆန္ဒတွေအတွက် မိမိဘက်က လိုအပ်သော ကြိုးစားအားထုတ်မှုများ ပြုလုပ်ပါ။ ဖြစ်မလာရင် ဘယ်လိုလုပ်မလဲ ဆိုတာမျိုး မတွေးပါနဲ့။

If there’s a will, there will be a way!

မှတ်မိအလွယ်ဆုံးနည်းနဲ့ပြောရရင်

⚡️ ဖြစ်ချင်တာတွေကို စိတ်ထဲမှာ ရှင်းရှင်းလင်းလင်းသိပြီး ဆုတောင်း (Manifest)

⚡️ ကိုယ့်ဘက်က လုပ်ဖို့လိုအပ်တာတွေ စတင်လုပ်ဆောင် (Take Action)

⚡️ ဖြစ်လာမယ်ဆိုတာကို ယုံကြည်ထား (Believe)

ဒါတွေသည် key points ပါပဲ။

အားလုံးပဲ Growth and New Beginnings ကို အားပေးတဲ့ 11:11 လိုနေ့ရက်မှာ ရည်မှန်းချက်ပန်းတိုင် အတွက် Goal setting အသစ်တွေ ချမှတ်နိုင်ကြပါစေ။

🌻 May all of your 11:11 be a good start for another abundant year!

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

💟 ဒီနေ့တော့ reading တွေကြည့်ပေးနေရင်း Zodiac sign တွေရဲ့ significant feature တွေကို sharing လုပ်ပေးချင်မိတယ်ရယ်။ Divinat...
09/11/2025

💟 ဒီနေ့တော့ reading တွေကြည့်ပေးနေရင်း Zodiac sign တွေရဲ့ significant feature တွေကို sharing လုပ်ပေးချင်မိတယ်ရယ်။ Divination ပညာရပ်တွေကလည်း ရှာဖွေလေ တွေ့ရှိလေ သဘောလိုပါပဲ။

💟 ကျွန်မက Energy reading တွေဖတ်တဲ့သူမို့ ဒီနောက်ပိုင်း ကိုယ်နဲ့ interaction ရှိဖူးတဲ့သူတွေရဲ့ အပြုအမူတွေကနေ သူတို့ရဲ့ energy ကို auto interpret လုပ်နေမိတတ်ပါတယ်။ ဒါကြောင့်လည်း အခါခွင့်သင့်လို့ reading တွေ ဖတ်ပေးဖြစ်တိုင်း “ဒါကြောင့် ဒီလို energy ရှိတာကိုး” ဆိုတဲ့ Based on the true identity lessons တွေ မှတ်သားမိပြန်ပါတယ်။

ဒီတော့ အဲ့လို Significant ဖြစ်တဲ့ Features တွေက ဘာတွေများ ဖြစ်မလဲ ???

♈️ Aries
Aries အမျိုးသမီးများဟာဆို Masculine energy များပါတယ်။ ကျားကျားလျားလျား မိန်းမသားပေါ့ကွယ်။
ဒါပေမယ့် Aries အမျိုးသားများမှာ ဆိုရင်တော့ဖြင့် အံံ့ဩဖို့ ကောင်းလောက်အောင် Aries အမျိုးသမီးတွေထက် soft ဖြစ်နေတာတွေ့ရပါတယ်။ Aries အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ တူညီတာ တစ်ခုကတော့ မိသားစုမှာ ကိုယ်က ဦးဆောင်လမ်းဖောက်ရတာ၊ မိသားစုထဲမှာ မလုပ်ဖူး တာတွေကို တစ်မိပေါက် တစ်ယောက်ထွန်း လုပ်ရတာပဲ။ Pioneer ဇာတာပိုင်ရှင်တွေပေါ့။ အလစ်တဲလေးတော့ ပိုပင်ပန်းရတတ်ပါတယ်။

♉️ Ta**us
ဆက်ဆံရေးတစ်ခုရဲ့ Initiator, giver side မှာ ရှိတဲ့သူတွေပေါ့။ သူတို့ဘက်ကအရင် ဂရုစိုက်ပေး၊ ချစ်ပေးတတ်သူတွေပါပဲ။ Ta**us တွေနဲ့ ရည်းစားတော်မယ်ဆိုရင် သူတို့ ကိုယ့်ကိုယ်ဘယ်လို treat လုပ်လဲဆိုတာ သေချာလေ့လာပေတော့ပဲ။ Coz they are showing you they way how they want to be treated. ဒါကိုမှ ချက်ဆိုရင် နားခွက်မီးမတောက်ရင်တော့ brace yourself ပါ ယူတို့ရေ

♊️ Gemini
သူတို့ကတော့ ပလီပလာထိပ်ခေါင်အဖွဲ့ပါ။
စကားပြောကောင်းတာကို ပြောတာနော်။ ဘယ်နေရာ ရောက်ရောက် လေပေးတည့်အောင် ပြောတတ်တယ်။
စွံတဲ့နေရာမှာလည်း Sagi တွေနဲ့ အပြိုင်ရယ်။ Gemini တွေ ဘုဘောက်ပြောနေရင်တော့ သူတို့ စိတ်ကြိုက် အရင်ပြောချင်တာပြောစေပြီးမှ ထုချေလွှာတင်နိုင်ဖို့ ကြိုးစားပါ။ Ear plug လေးတော့ ဆောင်ထားပေါ့ (just kidding)

♋️ Cancer
ဘယ်ကိုသွားရမလဲဆိုတဲ့ သီချင်းစာသားလိုပဲ လမ်းပျောက်တတ်သူများပေါ့။ Cancer တွေမှာ Scor တွေနဲ့ ဆင်တဲ့တစ်ချက်က တစ်ခုခုဆို မျိုသိပ်ထားတတ်ကြတယ်။ Family oriented သမားတွေမို့ Family Vs Others အခြေနေတွေ ရွေးချယ်ရတတ်တယ်။ အချစ်ကြီးကြပြီး ဂဏန်းပီပီ မထင်ရင်မထင်သလို ကန့်လန့်တော့ သွားတတ်တယ်ရယ်။

♌️ Leo
12 zodiacs ထဲမှာ ကျွန်မသတိအထားမိဆုံး energy တွေက Leo နဲ့ Virgo ပဲ။ Leo တွေမှာ Inner circle က သူတွေဆီက continuous attention နဲ့ support က အရေးကြီးပါတယ်။ ဒါသည် သူတို့ ego ကို boost လုပ်ပေးဖို့ အရေးကြီးဆုံးသော လောင်စာပဲ။ ဒီကနေမှ သူတို့ရဲ့ right path ကိုရှာတွေ့နိုင်ကြမှာပါ။ မည်သို့ပင်ဆိုစေ Top list ထဲဝင်တဲ့သူတွေထဲမှာတော့ Leo တွေလည်း အပါဝင်ပါပဲ။

♍️ Virgo
Virgo တွေရဲ့ တူညီတဲ့ energy ကတော့ ဘယ် career မှာမဆို ပေါက်ရောက်ကြတာပဲ။ ဒီလိုပြောလို့ ကျွန်မကို Virgo လို့ ထင်ရင်တော့ နိုးပါနော်။ Virgo energy ကလေ Something you can’t fake it ပဲ။
တော်သလောက်လည်း လုပ်နိုင်ကြတယ်။ Virgo တစ်ယောက်ရဲ့ အနားမှာနေမယ်ဆိုရင်တော့ သူတို့နဲ့အပြိုင်လိုက်နိုင်မှရမှာမို့ ကိုယ့်ကိုယ်ကိုယ် speed up လုပ်ထားဖို့ လိုပါမယ်။

♎️ Libra
သူတို့ကတော့ ဥာဏ်ကောင်းတဲ့ top list ထဲ ပါတဲ့ team ပေါ့။ Venus ruling လုပ်တဲ့ zodiacs ပီပီ Libra ရော Ta**us တွေရောမှာ ရုပ်ချောရင်ချော၊ အချောကြီးမဟုတ်တောင် Charming ဖြစ်တဲ့ vibe ရှိကြပါတယ်။ ကောင်းတဲ့ဥာဏ်ကို ဘယ်ဘက်မှာ အသုံးချသလဲဆိုတာကတော့ တစ်ယောက်ချင်းစီရဲ့ Sun, Moon, Mercury က ဘယ် house တွေမှာ ကျရောက်သလဲပေါ် မူတည်ပြီး ကွဲသွားပြန်ပါတယ်။
ဒီကနေမှ Life ရဲ့ privilege တွေ၊ outcome တွေမတူ ဖြစ်လာကြတာပါ။

♏️ Scorpio
ဒီအဖွဲ့ကတော့ unpredictable team ကပါ။
Scor တစ်ယောက်ရဲ့ စကားနဲ့ မျက်နှာအပြောင်းလဲ facial expressions ကို တစ်ထပ်တည်း မှတ်လို့မရပါဘူး။
ဒါပေမယ့် သူတို့အပေါ်ကောင်းရင် ပြန်ကောင်းပေးတတ်ပြီး မကောင်းရင် 🦂 အဆိပ်မိဖို့သာ ပြင်ထားပါ။ သွားမစမ်းသင့်တဲ့အထဲ Scor လည်း အပါဝင်ပါပဲ။

♐️ Sagittarius
ရောက်လေရာစန်းပွင့်၊ မျက်နှာမြင်ချစ်ခင် ဆိုသူများပေါ့။ Gemini တွေလိုပဲ လေပေးဖြောင့်တယ်။ ပိုသာသွားတာက Gemini တွေထက် negotiation skill ပိုသာကြတာပဲ။ Diplomacy ကောင်းလို့ လူချစ်လူခင် ပေါတာလည်း ဆန်းတော့မဆန်းဘူးရယ်။ Sagi တစ်ယောက်ရဲ့ စိတ်ကို အမြဲဆုပ်ကိုင်ထားနိုင်ချင်ရင်တော့ အသစ်သစ်တွေ ဖန်တီးနိုင်ဖို့ လိုတယ်နော့်။

♑️ Capricorn
သူတို့ကတော့ Workaholic and Money hunter team ကဖြစ်ပါတယ်။ အလုပ်လုပ်ရဖို့ တစ်နည်းအားဖြင့် ငွေရမယ့်အလုပ်ဆို overtime ဘယ်လောက် ဆင်းရဆင်းရ လုပ်နိုင်ကြတယ်။ Libra တွေလိုပဲ ဥာဏ်လည်းကောင်းကြတယ်။ ပြန်မပြော နားမထောင် အချက်ကလေးတော့ ပိုတယ်ရယ်။ ကိုယ့်မိသားစုထဲမှာ Capi တစ်ယောက်ပါရင် သူတို့တွေသည် Financially main supporter ပဲ။ ရှာနိုင်သလောက် ပစ္စည်းအကောင်းလည်း ကြိုက်ကြပါတယ်။ Materialistic ဖြစ်တယ် ဆိုရမှာပါပဲ။

♒️ Aquarius
Aqua တွေကတော့ လေနှင်ရာရွက်လွှင့်တဲ့ team ပါပဲ။ လိုက်ဖမ်းလို့ မမိနိုင်ဆုံးသောသူတွေလို့လည်း ပြောလို့ရပါတယ်။ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပုံမှာတော့ Aqua တွေကိုသာ judge လုပ်ခိုင်းရင် contestant တွေ ထိုင်ငိုသွားလောက်လေရဲ့။ အများအမြင်မှာ တုတ်ထိုးအိုးပေါက် ပြောတတ်ပုံ ထင်ရပေမယ့် မိသားစုအတွက်ဆို ရှေ့ထွက်ပေးတတ်သူများပါပဲ။

♓️ Pisces
၁၂ ရာသီခွင်မှာ အသည်းငယ်တတ်ဆုံးသူများပါပဲ။
သူတို့ကသာ ဗြူးဗြဲလုပ်ရင်လုပ်မယ် သူတို့ကိုများ ငြိုငြင်တဲ့လေသံလေးပါကြည့် emotional damage ဖြစ်သွားတတ်ပါတယ်ရှင်။ အသည်းငယ်သလောက် ကလေးဆိုးလည်း ဆိုးတတ်ပါသေးတယ်။ သူတို့မလုပ်ချင်တဲ့အရာဆို သိကြားမင်း ဆင်းလာတောင် အမိန့်ပေးလို့ မရပါဘူးနော်။ ဒါပေမယ့် ပိစိတို့ကို ရည်းစားတော်ထားရင်တော့ တုန်နေအောင်ကို အချစ်ခံရမှာပါ။

So, that’s all for now.

📌 All zodiac facts are sourced from the real life person.

⚡️ Sun sign တစ်ခုတည်းတင်မဟုတ်ပဲ Moon sign, Venus sign, Rising (Ascendent) sign တို့နဲ့ လည်း ကြည့်လို့ရပါတယ်။

နောက်ထပ် post အသစ်တွေမှာ ပြန်ဆုံကြပါစို့ရှင်

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🌙 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗳𝗼𝗿 𝗙𝘂𝗹𝗹 𝗠𝗼𝗼𝗻 𝗘𝗻𝗲𝗿𝗴𝘆 𝗮𝗻𝗱 𝗠𝗼𝗼𝗻𝗼𝗹𝗼𝗴𝘆အားလုံးပဲမင်္ဂလာပါ✨ Knowledge sharing post လေးတွေလည်း အချိန်မပေး န...
04/11/2025

🌙 𝗞𝗻𝗼𝘄𝗹𝗲𝗱𝗴𝗲 𝗦𝗵𝗮𝗿𝗶𝗻𝗴 𝗳𝗼𝗿 𝗙𝘂𝗹𝗹 𝗠𝗼𝗼𝗻 𝗘𝗻𝗲𝗿𝗴𝘆 𝗮𝗻𝗱 𝗠𝗼𝗼𝗻𝗼𝗹𝗼𝗴𝘆

အားလုံးပဲမင်္ဂလာပါ

✨ Knowledge sharing post လေးတွေလည်း အချိန်မပေး နိုင်တာနဲ့ မရေးဖြစ်တာ ကြာပြီမို့ ဒီနေ့တော့ Full Moon နဲ့ ပက်သက်တဲ့ အကြောင်းရာလေးတစ်ချို့ sharing လုပ်ပေးချင်ပါတယ်။

🏮 ကျွန်မတို့ငယ်ငယ်တုန်းကဆို သီတင်းကျွတ်တို့ တန်ဆောင်တိုင်တို့ဆိုတာ ပွဲစျေးတွေ သူ့နေရာဒေသ အလိုက် ကျင်းပတာတွေ၊ မီးပုန်းပျံလွှတ်တဲ့ပွဲတွေ ရှိတယ်။ ဒိထက်လည်း ဘာမှထူးထူးခြားခြား ပိုမသိသလို တွေးလည်း မတွေးမိခဲ့ဘူးရယ်။
Spiritual field ထဲကို ရောက်လာတဲ့အခါမှသာ Full Moon ဆိုတာ လပြည့် လကွယ် သာမန်ရိုးကျ နေ-လ-ကမ္ဘာ လည်ပတ်ရာက ဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ထက် စိတ်ဝင်စားစရာတွေ အများကြီး ရှိနေသေးမှန်း သိလာရပါတယ်။

အခုခေတ်မှာတော့ spiritual field နဲ့ မစိမ်းတဲ့သူတွေဆို Spell jar တွေ Crystal တွေကို လပြည့်နေ့မှာ လရောင်ခံတာ၊ Moon Water ခံတာ၊ ဒါ့အပြင် အစီရင်တွေ၊ Manifestation တွေလုပ်ကြတာ စသဖြင့် ကြားဖူးနားဝ ရှိကြမှာပါ။

🌕 ဆိုတော့ လပြည့် (Full Moon) ဖြစ်တဲ့အချိန်မှာပဲ ဒါတွေကို ဘာလို့လုပ်ကြသလဲ?

ဒါကိုရှင်းပြရရင် လပြည့်အချိန်ကာလတွေမှာ လရဲ့ဆွဲငင်အားကြောင့် ဒီရေအတက်ကျ ဖြစ်တာကို သိကြတယ်ဟုတ်? တကယ်တော့ ဒီရေအတက်ကျတင် မဟုတ်ပဲ Full Moon တစ်ခုခြင်းစီတိုင်းဟာ Good Energy / Bad Energy အကုန်လုံးကို Powerful ဖြစ်ဖြစ် ဆွဲငင်နိုင်ပါတယ်။ ဒါကြောင့်လည်း Spell jar, Crystals, Moon Water တွေကို လရောင်ခံသင့်တဲ့ Full Moon နဲ့ လရောင် မခံသင့်တဲ့ Full Moon ဆိုပြီး သီးသန့်စီ ရှိကြတာပါ။

Full Moon ရဲ့ Energy သည် ဒီလို Spiritual related stuff တွေမှာတင် အသုံးပြုလို့ရတာမဟုတ်ပဲ ကျွန်မတို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ Emotional status မှာလည်း influence ဖြစ်ပါတယ်။ အထူးသဖြင့် Water sign zodiac သမားတွေ (Cancer, Pisces, Scorpio) တို့မှာဆို လပြည့်ကာလစက်ဝန်း တွေမှာ ups and downs တွေကြုံရတတ်ပါတယ်။ ဒီလိုအချိန်မှာ Full Moon နီးလာလို့ ကိုယ့်ဆီမှာ Roller Coaster စီးနေရသလို ကိစ္စတွေ၊ စိတ်ခံစားချက်တွေ ဖြစ်နေတာဆိုတဲ့ သတိလေးတစ်ချက်ကပ်ပြီး ဖြေရှင်းလိုက်နိုင်ရင်တော့ နည်းနည်းအသက်ရှူချောင်စေမှာပါ။
မိမိ Birth chart ရဲ့ Big Three နေရာတွေဖြစ်တဲ့ Sun, Moon, Rising တို့မှာ Water sign ကျရောက်တဲ့ သူတွေဆိုရင် Full Moon ကာလတွေမှာ သတိထားကြည့်နိုင်ပါတယ်။

🌙 နောက်ထပ် Moon cycle နဲ့ပက်သက်ပြီး ပြောပြရရင် များသောအားဖြင့် တစ်နှစ်မှာ Full Moon (လပြည့်) နဲ့ New Moon (လကွယ်) ၁၂ ခါ စီ individual cycle count ဖြစ်ပေါ်ပါတယ်။ ဒါပေမယ့် occasionally တစ်ချို့သော နှစ်တွေမှာတော့ တစ်နှစ်တည်းမှာတင် 13 ကြိမ်မြောက် cycle count ကျရောက်တဲ့ နှစ်တွေလည်း ရှိပါတယ်။ ဒီလိုမျိုး တစ်လတည်းမှာ Full Moon နှစ်ခါဖြစ်ရင် ဒုတိယမြောက် Full Moon ကို Blue Moon လို့ ခေါ်ပါတယ်။ Blue Moon ကာလမှာဆိုရင် lesson learned လုပ်စရာကိစ္စတွေကြုံရလေ့ ရှိတတ်တာမို့ Letting go and Surrender ရဲ့ သဘောတရားကို ထိုကာလတွေမှာ နှလုံးသွင်းထားသင့်ပါတယ်။

✨ ကောင်းတာပင်ဖြစ်စေ၊ ဆိုးတာပင်ဖြစ်စေ Full Moon သည် အကောင်းအဆိုးအကုန် attract လုပ်နိုင်တာမို့ Moon ritual တိုင်းကလည်း 100% safe ဖြစ်တယ်လို့ ပြောဖို့ခက်ပါတယ်။ သို့ပေသိ ဘယ်နေရာမှာပဲဖြစ်ဖြစ် mindfulness ရှိရင်တော့ သဘာဝတရားရဲ့လက်ဆောင်တွေကို မိမိလိုအပ်သလို ချင့်ချိန် အသုံးပြုနိုင်ကြမှာပါ။

ယခု knowledge sharing post သည် ကျွန်မဆရာမ ဒေါ်မေနီနီဦး သင်ကြားပေးခဲ့တဲ့ lecture များထဲမှ တစ်ချို့ကိုပါ စာဖတ်သူတို့အတွက် ဗဟုသုတအနေနဲ့ ထည့်သွင်းဖော်ပြပေးထားတာဖြစ်ပါတယ်။

အားလုံးပဲ Full Moon ရဲ့ လှပတဲ့ Energy ကို အကောင်းဆုံး ခံစားရရှိကြပါစေ 💛💛💛

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

𝗔𝗿𝗲 𝗬𝗼𝘂 𝗢𝗻 𝗧𝗵𝗲 𝗥𝗶𝗴𝗵 𝗣𝗮𝘁𝗵 ? Pick a pile reading via Oracle▪️ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းက မှန်ရဲ့လား? ကိုယ်နဲ့ ကိုက်ည...
16/10/2025

𝗔𝗿𝗲 𝗬𝗼𝘂 𝗢𝗻 𝗧𝗵𝗲 𝗥𝗶𝗴𝗵 𝗣𝗮𝘁𝗵 ?
Pick a pile reading via Oracle

▪️ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းက မှန်ရဲ့လား? ကိုယ်နဲ့ ကိုက်ညီမှု ရှိပြီး သင့်တော်ရဲ့လား?
အလုပ်ကိုင် / ပညာရေး / စီးပွါးရေး ထဲမှ မိမိနှစ်သက်ရာ category တစ်ခုကို intention ထားပြီး ရွေးချယ်နိုင်ပါတယ်။

▪️ PAP reading မရေးပေးဖြစ်တာကြာလို့ သေချာလေး ကြည့်ပေးထားပါတယ်နော်။

▪️ ကိုယ်နဲ့ energy ကိုက်ညီမှုရှိတဲ့ reading အဖြေကို ရွေးချယ်နိုင်ဖို့ အချိန် ၃ စက္ကန့်ခန့် အသက်ရှုထုတ်လုပ်ပြီး အနှစ်သက်ဆုံး တစ်ပုံကို ရွေးချယ်လိုက်ပါ။

▪️ Take what resonate and leave the rest.

❣️ အခက်ခဲများအတွက် Personal reading မေးလိုပါက

https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle🔮

▪️ ပြီးခဲ့တဲ့လ ခရီးသွားပြီး ပြန်လာကတည်းက အိမ်မှာ မိဘတွေနေမကောင်းလို့ရယ်၊ ကျွန်မကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့ အလုပ်တွေကလည်း...
12/10/2025

▪️ ပြီးခဲ့တဲ့လ ခရီးသွားပြီး ပြန်လာကတည်းက အိမ်မှာ မိဘတွေနေမကောင်းလို့ရယ်၊ ကျွန်မကိုယ်တိုင်ရဲ့ ကျန်းမာရေးနဲ့ အလုပ်တွေကလည်းအရမ်းများတာကြောင့် page မှာ reading booking တွေ ပြန်လက်မခံနိုင်ခဲ့ဘူးရယ်။ Oracle ဆိုတာကလည်း Mind, Soul & Body align ဖြစ်မှ နိမိတ်အဟော ဖတ်လို့ အဆင်ပြေတာမို့ စိတ်ပင်ပန်း လူပင်ပန်းဖြစ်နေတဲ့အချိန်ဆို ကျွန်မတော်ရုံ reading ကြည့်ပေးခဲတာပါ။

▪️ စာလည်းမရေးဖြစ်တာ နည်းနည်းကြာပြီမို့ ဒီနေ့တော့ မိသားစုနဲ့ မနက်စာစားရင်း mindset နဲ့ပက်သက်တဲ့ awareness လေး reminder post ရေးပေးချင်စိတ် ဖြစ်မိတယ်ရယ်။

▪️ ကျွန်မတို့တွေဟာ စျေးကြီပေးရတဲ့ပစ္စည်းတွေ ဒါမှမဟုတ် အစားသောက်ကောင်းတွေကို ဝယ်ယူသုံးစွဲကြတဲ့အခါ ပိုက်ဆံရှင်းတဲ့အချိန်မှာတော့ စျေးကြီးလိုက်တာ အဲ့လောက်တောင်ကျသွားတာလား ဆိုတဲ့ အတွေး လူတော်တော်များမှာ ဖြစ်မိကြမယ် ထင်ပါတယ်။
အထူးသဖြင့် ကျွန်မတ်ို့ အဖေအမေအရွယ် late 50 or 60 နောက်ပိုင်း လူကြီးတွေဆို ပိုပြီး နှမြောတတ်ကြပါတယ်။ ကျွန်မအဖေဆိုလည်း ထိုနည်း၎င်းပါပဲ။ သူတ်ို့ မကျန်းမာတော့တဲ့ အနေထားမှာ ကျွန်မကပဲ အစစအရာရာ support လုပ်နေတော့ ကြုံကြိုက်လို့ စျေးကြီးတာလေးများ ဝယ်ပေး၊ ဝယ်ကျွေးမိရင် နှမြောလေ့ ရှိတယ်ရယ်။ အဲ့လိုအချိန်တိုင်း ကျွန်မကတော့ အဖေရယ် လူဆိုတာ ကောင်းမွန်တဲ့ပစ္စည်းတွေ၊ ကောင်းမွန်တဲ့ အစားသောက်တွေကို သုံးစွဲခွင့် ရရင် ဒါဟာကိုယ်နဲ့ deserve enough ဖြစ်တယ်ဆိုတဲ့ စိတ်ကလေးနဲ့ gratitude ထားပြီး သုံးစွဲရတယ်။
ပိုက်ဆံဆိုတာ ပြန်ရှာလို့ရတယ်၊ ပိုက်ဆံကုန်တာထက် မိသားစုနဲ့ quality time လေး ကုန်ဆုံးခွင့် ရတာက ပိုတန်ဖိုးရှိတယ်လို့ အမြဲပြောပြဖြစ်ပါတယ်။ ကျွန်မ စိတ်ရင်းကတော့ မိဘတွေ ကျန်းမာတုန်း၊ သွားလာ စားသောက် နိုင်တုန်းမှာ ကောင်းတာလေးတွေပဲ ဖြည့်ဆည်းပေးချင်ရုံပါ။

▪️ ကျွန်မအဖေက zero ကနေ ရုန်းတက်ခဲ့ရသူမို့ ကျွန်မတ်ို့ ညီအစ်မတွေ ပိုက်ဆံသုံးတိုင်း အသုံးစွဲ မကြီးဖို့ အမြဲသတိပေးလေ့လည်းရှိတယ်ရယ်။
ဒီနေရာမှာ Money mindset ကလည်း အရေးကြီးပါတယ်။ ပိုက်ဆံဆိုတာ တစ်နေရာတည်းမှာ stuck ဖြစ်နေရင်လည်း growth ဖြစ်ဖို့ မလွယ်ပါဘူး။ Stuck ဖြစ်တယ်ဆိုတာ ခြစ်ကုတ် တစ်ပြားကိုနှစ်ပြားခွါပြီး ကိုယ့်အတွက်ကိုယ် တောင် မသဒ္ဒါပဲ စုထားတာမျိုးကို ပြောတာပါ။ ပိုက်ဆံဆိုတာ အဝင်ရှိရင် အထွက်ရှိမယ်၊ အထွက်ရှိရင် နောက်တစ်ဖက်က ပြန်ဝင်လာလိမ့်မယ်။ ဒါမှသာ Money flow ဖြစ်မှာပါ။ ကောင်းမွန်တဲ့ဘယ်အရာမဆို သူ့တန်ရာတန်ကြေးကတော့ ရှိစမြဲပါပဲ။ ကိုယ်ကဒါလိုချင်ရင် ဒါကို afford ဖြစ်နိုင်တဲ့ income ဖြစ်အောင်ကြိုးစားဖို့၊ အသုံးနဲ့ အဖြုန်း ကွဲဖ်ို့တော့ အရေးကြီးပါတယ်။

▪️ တကယ်တော့ ငွေကုန်ကြေးကျများတဲ့ အရာတွေမှ မဟုတ်ပါဘူး။ ကောင်းမွန်တဲ့ ဘယ်အရာမဆို ကိုယ့်ဆီရောက်လာတဲ့အခါတိုင်း ကိုယ်ရရှိတဲ့ ဒီ blessings တွေအတွက် ကျေးဇူးတင်စိတ်နဲ့ ကြိုဆို လက်ခံသင့်ပါတယ်။
ဒီလိုပဲ ကိုယ်ကလည်း ဘယ်နေရာမှာဖြစ်ဖြစ် ချစ်ခြင်းမေတ္တာအခြေခံပြီး မျှဝေတတ်တဲ့ စိတ်ကလေးထားပါ။
သင့်ဆီကိုလည်း ကောင်းမွန်တဲ့ အရာလေးတွေက သင်မထင်ထားတဲ့ ပုံစံနဲ့ ပြန်လည်ရောက်ရှိလာပါလိမ့်မယ်။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

🌿 ဒီလပိုင်းမှာ ကျွန်မကျန်းမာရေးက တော်တော်လေး တစ်ခုပြီးတစ်ခုဖြစ်နေတော့ တစ်ရက်က ကျွန်မကို ကျွန်မအစ်မက ကျန်းမာရေးအဆောင်လေးဘ...
23/09/2025

🌿 ဒီလပိုင်းမှာ ကျွန်မကျန်းမာရေးက တော်တော်လေး တစ်ခုပြီးတစ်ခုဖြစ်နေတော့ တစ်ရက်က ကျွန်မကို ကျွန်မအစ်မက ကျန်းမာရေးအဆောင်လေးဘာလေး လုပ်ချင်လုပ်ထားပါလားတဲ့။ ကျွန်မက ကျွန်မအနေနဲ့ ဒီလောကီအလုပ်တွေကို လေ့လာလိုက်စားပေမယ့် ကျွန်မရဲ့ physical health က ဘာလုပ်ဖို့လိုမှန်း နားလည်လို့ အဲ့လောက်ကြီးထိတော့ အယူမသီးဘူးရယ်လို့ ပြောလိုက်ပါတယ်။
ကျွန်မအစ်မကလည်း စကားအဖြစ်သာပြောတာမို့ ညီမဖြစ်သူ ကျွန်မရဲ့ အဖြေကို သဘောကျသွားပါလေရဲ့။

🍃 တကယ်ကိုလည်းပဲ ကျွန်မတို့ လူသားတွေဟာ လောကီရေးရာလိုင်းနဲ့ technically စဉ်းစား လုပ်ဆောင်ရတဲ့ အပိုင်းတွေကို မရောထွေးမိဖို့ လိုပါတယ်။ ဘယ်ကိစ္စမှာမဆို ဖြစ်နေတဲ့ အကြောင်းရာပေါ် မူတည်ပြီး အဓိကနဲ့ သာမည ခွဲနိုင်ဖို့ အရေးကြီးတယ်ရယ်။

☘️ နားလည်လွယ်အောင် ရှင်းပြရရင် နေမကောင်း ဖြစ်တဲ့အခါ လိုအပ်တဲ့ ဆေးဝါး ကုသမှု မခံယူပဲ ယတြာတွေချေတာမျိုးပဲ ဇွတ်လုပ်နေလို့မရပါဘူး။ လိုအပ်တဲ့ ဆေးကုသမှု ခံယူခြင်းသည် အဓိက ဦးစားပေးလုပ်ရမယ့် အချက်ဖြစ်ပါတယ်။ ဒါပြီးမှသာ ဗေဒင်မေးတာ၊ ယတြာချေတာမျိုးတွေကို additional အနေနဲ့ပဲ မိမိဆန္ဒရှိရင် လုပ်သင့်ပါတယ်။
ဗေဒင် ယတြာတွေမှာလည်း သူ့ advantage နဲ့သူ ရှိပေမယ့် ဒီတစ်ဖက်တည်းကိုပဲ obsess ဖြစ်မနေဖို့ လိုတာကို ဆိုလ်ိုတာပါ။ နေ့လား ညလား အသက်လုနေရတဲ့သူတွေအတွက် မှန်ကန်ထိရောက်တဲ့ ဆေးကုသမှုသည် First priority ဖြစ်ရမှာ ဖြစ်သလို အစီရင် ယတြာလို ကိစ္စတွေသည် ဒုတိယ ဦးစားပေးအနေနဲ့သာ ရှိသင့်ပါတယ်။ လူအများစုအတွက်ကတော့ ဒီ ဒုတိယပေးအရာသည် ကောက်ရိုးတစ်မျှင်လောက်သော မျှော်လင့်ချက်ပင် ဖြစ်ပါစေ အရေးပါနေပြန်ပါတယ်။

🪴 နောက်ထပ် ပြောပြချင်တာကတော့ ဘာသာရေးဆိုင်ရာ ယုံကြည်ကိုးကွယ်မှုပေါ့။ ဒီနောက်ပိုင်းမှာဆို အထက်လမ်း အောက်လမ်း (လမ်းပေါင်းစုံ) နဲ့ အစီရင် လုပ်ကြတာတွေလည်း မြင်ရတာ များလာပါတယ်။ ဒီနေရာမှာ သိထားဖို့က ဘယ်အစီရင် ဘယ်လောက်ပဲ စွမ်းပါစေ ဒါဟာ ကိုယ့်ရဲ့ မတော်လောဘစိတ် တစ်ခုတည်းကို အခြေခံပြီး လုပ်ထားတဲ့ အရာဆိုရင် Lifetime လည်း မမြဲသလို ကိုယ်ပြန်ပေးဆပ်ရတဲ့ အလှည့်ကျ မခံသာလှပါဘူး။

If something isn't meant to happen for you, it won’t last. And remember, nothing in this world comes for free.

🌿 ကျွန်မအနေနဲ့ Oracle Reader ဖြစ်နေသည့်တိုင် ဘယ်အရာမဆို ဘုရားအလိုတော် ရှိတဲ့အတိုင်း ဖြစ်လာလိမ့်မယ်၊ ဘုရားအလိုတော်မရှိရင် ဘာကြီးပဲဖြစ်နေနေ မရနိုင်ဘူးလို့ပဲ နှလုံးသွင်းထားပါတယ်။
That might sounds strange for you, but yeah that’s how I see things.

✨ ဆိုတော့ကာ အကျဉ်းချုံးပြောရရင်
သင်ဟာ reading တွေမေးရတာ ဝါသနာပါတယ်၊ spiritual field ကိုလည်း စိတ်ဝင်စားတယ်ဆိုရင် ဒါတွေကို လေ့လာလိုက်စားလို့ရပါတယ်။ ဒါပေမယ့် မိမိရဲ့ belief system မှာတော့ ဒါမှဒါ ယုံကြည်မှု လွန်ကဲတာမျိုး မဖြစ်ဖို့ သတိလေးထားစေချင်ပါတယ်။

✨ဘယ်အရာမဆို တန်ဆေး လွန်ဘေး မဖြစ်ဖို့ လိုပါတယ်။ ဒီအထဲမှာ ကျွန်မတို့တွေရဲ့ စိတ် နဲ့ belief system သည်လည်း တစ်ခုအပါအဝင်ပဲ ဆိုတာကို ဒီ post လေးနဲ့ အတူ friendly reminder လေး လုပ်ပေးလိုက်ပါတယ်။

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

✨ Divine Messages for the Month of “𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 2025”Pick a Pile reading through Oracle Guidance ခါတိုင်းဆို လဆန်းမှတင်ပေး...
31/08/2025

✨ Divine Messages for the Month of “𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 2025”

Pick a Pile reading through Oracle Guidance

ခါတိုင်းဆို လဆန်းမှတင်ပေးဖြစ်ပေမယ့် ဒီတစ်ခါတော့ လကုန်အမှီလေး ကြည့်ပေးထားပါတယ်။

အရင်ဦးဆုံး စိတ်ငြိမ်အောင်လို့ အချိန် ၃ စက္ကန့်ခန့် အသက်ရှူထုတ် လုပ်ပြီး မိမိနှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ကာ September လအတွက် Divine Message ကို ရယူလိုက်ပါ။

General reading ဖြစ်တဲ့အတွက် သိပ် serious မဖြစ်ပါနဲ့။

Take what resonate and leave the rest.

❣️Personal reading မေးလိုပါက
https://www.facebook.com/share/p/1NkPPdQUrf/?mibextid=wwXIfr

With Love,
Zune Wint Hte
Cosmic Tarot & Oracle 🔮

ဒီလကုန် နောက်တစ်ပတ်ထဲ Oversea Business Trip သွားမှာမို့ booking ၂ ပတ်ခန့် ပိတ်ပါမယ်။လက်ခံပြီးသား reading တွေကိုလည်း ဒီရက...
28/08/2025

ဒီလကုန် နောက်တစ်ပတ်ထဲ Oversea Business Trip သွားမှာမို့ booking ၂ ပတ်ခန့် ပိတ်ပါမယ်။

လက်ခံပြီးသား reading တွေကိုလည်း ဒီရက်ထဲ ဖြတ်ပေးနေပါတယ်နော်။

Reading အသစ်မေးလိုသူများ 30 August အထိပဲ ထပ်လက်ခံပေးပါမယ်။ မဟုတ်ရင် နောက်၂ ပတ်နေမှ booking ပြန်လက်ခံနိုင်မှာမို့ပါရှင်။

Thank you!

Zune Wint Hte
Cosmic Tarot & Oracle 🔮

💌 Reading Inquiry တွေဝင်နေမှန်းသိပေမယ့် သွေးတော်တော် တိုးနေလို့ စာမဖြေပေးနိုင်သေး​လို့ပါနော်Will get back to you once I’...
15/08/2025

💌 Reading Inquiry တွေဝင်နေမှန်းသိပေမယ့် သွေးတော်တော် တိုးနေလို့ စာမဖြေပေးနိုင်သေး​လို့ပါနော်

Will get back to you once I’m feeling better.
Thanks!

Zune Wint Hte,
Cosmic Tarot & Oracle 🔮

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Cosmic Tarot & Oracle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram