Ask her

Ask her Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ask her, Yangon.

👗 အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင် ရွေးချယ်နည်းလေးများအသက် ၃၀ ကျော်ပြီးတဲ့အရွယ်မှာတော့ ဖက်ရှင်ရွေးချယ်ရာမှာ "ငါနဲ့မသင့်‌‌...
29/07/2025

👗 အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဖက်ရှင် ရွေးချယ်နည်းလေးများ

အသက် ၃၀ ကျော်ပြီးတဲ့အရွယ်မှာတော့ ဖက်ရှင်ရွေးချယ်ရာမှာ "ငါနဲ့မသင့်‌‌ေတာ်ဘူးလို့ "တွေးမိတဲ့ဖက်ရှင်‌ေတွများလာကြပါတယ်။ ဒါပေမဲ့ တကယ်တော့ ကိုယ့်အသားအရည်၊ ခန္ဓာကိုယ်ပုံစံနဲ့ ကိုယ့်စတိုင်အတိုင်း မှန်မှန်ကန်ကန် ရွေးတတ်မယ်ဆိုရင် ဘယ်အသက်အရွယ်မဆို ဖက်ရှင်ကျနေစေမှာပါ။

🔹 Fabric အမျိုးအစား
ချည်ထည်နဲ့ စပန့် က နံပတ်တစ်အသင့်တော်ဆုံးပါပဲ – ဝတ်ရတာပေါ့ပါးပြီး မြင်ရသူအတွက်ပါ အမြင်အေးစေပါတယ်။
ပူအိုက်တဲ့ရာသီအတွက်တော့ အထူးလက်ဆောင်လေးပေါ့ 😍 လတ်တလောမှာတော့ မိုးရာသီဆိုပေမဲ့ ချည်ထည်အမျိုးအစားတွေက စမတ်ကျနေတုန်းပါပဲ။

🔹 အရောင်ရွေးချယ်မှု
Earth-tone အရောင်များ (အဖြူ၊အသား၊ အုတ်ကျိုး၊ခဲနု၊ ငွေရောင်၊ ပုလဲရောင်၊ ရွှေရောင်၊ခရမ်း) တွေဟာ တည်ငြိမ်တဲ့အလှကို ပြသ‌ေပးနိုင်ပါတယ်။

🔹 စတိုင်ရွေးချယ်မှု
စိတ်လိုလက်ရပြုံးနေတာကတောင် ဖက်ရှင်တစ်ခုပါပဲ။ ကိုယ့်စတိုင်ကို ယုံကြည်မှုရှိရှိနဲ့ပြသနိုင်မယ်ဆိုရင် ဘယ်လိုကြည့်ကြည့်ထူးခြားတဲ့ ပျိုမေတစ်ယောက်ဖြစ်နေမှာ‌ေသချာပါတယ်။

🔹 Accessories များ
အနည်းငယ်ပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ necklace, earrings, handbag တို့ကို တွဲဖက်ဝတ်ဆင်မယ်ဆိုရင် ဖက်ရှင်ဘက်မှာ level up ဖြစ်စေပါတယ်။

📝 ဖက်ရှင်ဆိုတာ တန်ဖိုးကြီးတဲ့အမှတ်တံဆိပ်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကို ချစ်တတ်မှုနဲ့ ယုံကြည်မှုကပဲ အမှန်တကယ်စတိုင်ကျလှပသူ ဖြစ်စေနိုင်ပါတယ်။

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုပါပဲ
ဒါ့ကြောင့် ၃၀ ကျော်လည်းအမြဲစမတ်ကျနေဖို့ဆိုရင် ဝတ်ရတာပေါ့ပါးပြီး သက်တောင့်သက်သာဖြစ်စေတဲ့ ချည်ထည် စပန့်ထည်များကိုဦးစားပေးရွေးချယ်ပြီး ဖက်ရှင်လှအောင်ဝတ်ဆင်ကြစေလိုကြောင်း မျှဝေပေးလိုက်ပါတယ်နော် 🎉

သိသင့်တဲ့ဖက်ရှင်အကြောင်းတွေကို မကြာခဏမျှဝေသွားမှာမို့လို့
👉 Pageကို Follow ထားဖို့ မမေ့နဲ့နော် 💕

#ဖက်ရှင်အကြံပြု

Glow ချင်တဲ့ပျိုမေတို့အတွက်...အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ...
16/02/2025

Glow ချင်တဲ့ပျိုမေတို့အတွက်...
အသားဖြူစင်လှပဖို့၊ နုပျိုကျန်းမာတဲ့ အသားအရေပိုင်ရှင်တွေ ဖြစ်ဖို့ လိုက်နာသင့်တဲ့အချက်လေးတွေ၊ ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြပေးမယ်နော်။😍

၁။ ရေများများသောက်ပါ။ လူတစ်ယောက်ဟာ နေ့စဉ် ရေ ဖန်ခွက် ၈ခွက်ခန့် အနည်းဆုံး သောက်ပေးဖို့ လိုအပ်ပါတယ်။ အားကစားလိုက်စားသူတွေ၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တဲ့အခါ ခန္ဓာကိုယ်က ရေဓာတ် ပိုဆုံးရှုံးနိုင်တဲ့အတွက် ပိုပြီး သောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ အပြင်ထွက်တိုင်း နေလောင်ကာခရင်မ် (Sunscreen) လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်ဟာ အသားအရေကို ကြမ်းတမ်းစေပြီး နဂိုမူလအသားအရောင်ကို မှိန်စေပြီး မွဲခြောက်စေတဲ့ တရားခံတွေထဲက တစ်ခုပဲ။ ဒါကြောင့် အပြင်သွားတော့မယ်ဆိုရင် နေရောင်နဲ့ ထိတွေ့နေမယ့် မျက်နှာ၊ လည်ပင်း၊ လက်တွေမှာ နေလောင်ကာခရင်မ်ကို လိမ်းပေးဖို့ မမေ့ပါနဲ့။

၃။ ရေချိုးပြီးတိုင်း အစိုဓာတ်ထိန်းခရင်မ်ကို သတိရပါ။ ကျန်းမာပြီး စိုပြေကြည်လင်တဲ့ အသားအရေမျိုး ပိုင်ဆိုင်ရဖို့အတွက် အစိုဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရေချိုးပြီး ခြောက်အောင် သုတ်ပြီးတဲ့အခါ မျက်နှာကို အဓိကထားပြီး အစိုဓာတ်ထိန်းခရင်မ်လိမ်းပေးပါ။ ကိုယ်ခန္ဓာကိုလည်း lotion လိမ်းပေးပါ။

၄။ နေပူထဲ သွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ်ဆောင်းသွားပါ။ အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ဆင်ပါ။ အသားအရေကို အေးမြစေပြီး လေဝင်လေထွက်ကောင်းစေဖို့ ချည်သားအဝတ်အထည်တွေကို ဝတ်ဆင်ပါ။ လိုအပ်ရင် နေကာမျက်မှန် တပ်ထားပါ။

၅။ ဟင်းသီးဟင်းရွက် များများစားပါ။ ကျွန်တော်တို့ လူ့ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။ ဒါ့အပြင် အသားအရေကို သဘာဝအတိုင်း ဖြူစင်ဝင်းပစေတယ်။ အရေးအကြောင်းတွေ ကင်းစေပြီး တင်းရင်းစေတယ်။ ဒါကြောင့် ကျန်းမာပြီး လှပလိုသူတွေအတွက် နေ့စဉ် မဖြစ်မနေ စားပေးသင့်တဲ့ အစာအာဟာရထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း ပါဝင်ရပါမယ်။

၆။ အသီးအနှံတွေကိုလည်း အမြဲ စားသုံးပေးပါ။ အသားအရေကို ရေဓာတ်ဖြည့်တင်းပေးနိုင်တဲ့အပြင် ဖြူစင်ဝင်းပလာစေတဲ့ ဗီတာမင် စီ ဓာတ်တွေ အများအပြားပါဝင်တဲ့ သစ်သီးဝလံတွေကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

၇။ ကိုယ်နဲ့ လိုက်ဖက်မယ့် အလှကုန်ပစ္စည်းတွေ သေချာရွေးဝယ်ပါ။ ကိုယ်က အဆီပြန်တတ်တဲ့သူလား၊ အသားအရေခြောက်တတ်လား၊ ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်လားဆိုတာ သေချာသိထားမှ ကိုယ်နဲ့ လိုက်ဖက်ညီတဲ့ အလှကုန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေ သေချာဝယ်ယူလို့ ရမှာပါ။
လိုက်ဖက်ညီတဲ့အလှကုန်ပစ္စည်းတွေကို မှန်ကန်တဲ့နည်းစနစ်နဲ့အသုံးပြုနိုင်ရင်အကောင်းဆုံးပါပဲ..

ကဲ ဒီအချက်လေးတွေအတိုင်း လိုက်နာကြည့်ပြီးတော့ Glow skin ကို ပိုင်ဆိုင်နိုင်ကြပါစေအချစ်တို့ရေ...😍

ပျိုမေတို့လှပစေမယ့် ထမင်းရည်....ထမင်းရည်မှာ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုသလို အလှအပရေးရာအတွက်လည...
15/02/2025

ပျိုမေတို့လှပစေမယ့် ထမင်းရည်....

ထမင်းရည်မှာ အာဟာရဓာတ်တွေ ကြွယ်ဝတဲ့အတွက် ကျန်းမာရေးကို အထောက်အကူပြုသလို အလှအပရေးရာအတွက်လည်း အကျိုးရှိပါတယ်။

1. ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။

ရှေးနှစ်ပေါင်းများစွာကတည်းက ထမင်းရည်ကို ခေါင်းလျှော်ရည်၊ ပျော့ဆေးအနေနဲ့ အသုံးပြုလာခဲ့ကြပါတယ်။ ထမင်းရည်ထဲမှာပါဝင်တဲ့ ကစီဓာတ်တစ်မျိုးက ဆံသားရဲ့ ကျုံ့ဆန့်နိုင်အားကို ကောင်းမွန်စေပြီး ဆံသား ပျက်စီးခြင်းကြောင့်ဖြစ်တဲ့ အဖျားနှစ်ခွဖြစ်ခြင်းတွေကို လျော့နည်းစေပါတယ်။ ထမင်းရည်နဲ့ ဆံပင်ပေါင်းပါက နက်မှောင်သန်စွမ်းပြီး ရှည်လျားတဲ့ဆံပင်ကို ပေးစွမ်းနိုင်ပါတယ်။

2. ဆံပင်အရင်းကို သန်မာစေပါတယ်။

ဆံပင်ကျွတ်ခြင်းပြဿနာကို တော်တော်များများ ကြုံတွေ့နေကြရပြီး ဆံပင်ကျွတ် သက်သာစေတယ်ဆိုတဲ့ ခေါင်းလျှော်ရည်တွေ၊ ဆံပင်ပျော့ဆေးတွေကို ဝယ်ယူသုံးစွဲနေကြရပါတယ်။ ဆံပင်ကျွတ်ခြင်းအတွက် နည်းလမ်းကောင်းတစ်ခုကတော့ ထမင်းရည်ပါပဲ။ ထမင်းရည်မှာပါဝင်တဲ့ အမိုင်နိုအက်ဆစ်က ဆံပင်အရင်းတွေကို သန်မာစေပြီး ဆံသားကို ကောင်းမွန်စေပါတယ်။



3. မျက်နှာအသားအရေကို ကောင်းမွန်စေပါတယ်။

ထမင်းရည်က သဘာဝတိုနာဖြစ်ပြီး ချောမွေ့တောက်ပြောင်ပြီး ကျန်းမာအသားအရေကို ပေးစွမ်းနိုင်ပါတယ်။ ထမင်းရည်ကို ဂွမ်းလုံးလေးနဲ့ တို့ပြီး မျက်နှာကို လိမ်းပေးခြင်းအားဖြင့် ချေွးပေါက်ကျဉ်းစေကာ သွေးလှည့်ပတ်မှုကိုလည်း ကောင်းမွန်စေပါတယ်။



4. ချွေးပေါက် ကျဉ်းစေပါတယ်။

မျက်နှာကို ထမင်းရည်လိမ်းပြီး ညင်သာစွာ နှိပ်နယ်ပေးခြင်းအားဖြင့် အသားအရေကို နူးညံ့တင်းရင်းစေနိုင်ပါတယ်။



5. အရွယ်တင်စေပါတယ်။

အိုမင်းရင့်ရော်ခြင်းက အချို့သောသူတွေအတွက် အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ပတ်ဝန်းကျင်ကြောင့်နဲ့ အသက်အရွယ် ကြီးလာခြင်းကြောင့် တဖြည်းဖြည်းနဲ့ အသားအရေတွေက တောက်ပခြင်း ကင်းမဲ့လာပါတယ်။ ဒီလို အိုမင်းရင့်ရော်ခြင်းကို တွန်းလှန်နိုင်ဖို့အတွက် ကောင်းမွန်တဲ့အစားအစာတွေ အားဖြည့်ဆေးတွေကို စားနေ၊ သောက်နေကြရပါတယ်။ ထမင်းရည်က အသားအရေကို ချောမွေ့စေရုံသာမက အရွယ်တင် နုပျိုစေပါတယ်။ အိုမင်းရင့်ရော်ခြင်းကြောင့် ဖြစ်လာတဲ့ အစက်အပြောက်တွေနဲ့ အရေးအကြောင်းတွေကို လျော့နည်းစေပါတယ်။



6. အရေပြား ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

အရေပြားမှာ အနာဖြစ်လျှင် (သို့) ထိခိုက်ဒဏ်ရာရလျှင် ထမင်းရည် သုတ်လိမ်းပေးခြင်းဖြင့် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ အပူလောင်ခြင်းကြောင့် ရောင်ရမ်းခြင်းတွေကိုလည်း သက်သာစေပါတယ်။



7. နှင်းခူအတွက် ဆေးလည်း ဖြစ်ပါတယ်။

နှင်းခူဆိုတာ အရေပြားမှာ နီကြမ်းလာပြီး ကွဲလာကာ ယားယံစေတဲ့ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ထမင်းရည်က နှင်းခူရောဂါကို ကုသပေးနိုင်ပါတယ်။



8. အသားအရေကို ပြုပြင်ထိန်းသိမ်းပေးတဲ့ သဘာဝဆေးတစ်မျိုး ဖြစ်ပါတယ်။

အပေါ်မှာပြောထားတဲ့အတိုင်းပဲ ထမင်းရည်က သဘာဝကပေးတဲ့ အသားအရေ ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အလှအပရေးရာအတွက် ပိုက်ဆံအများကြီး အကုန်မခံနိုင်ဘူးဆိုရင် ထမင်းရည်က အကောင်းဆုံးပါ။ နောက်ထပ် ကောင်းကျိုးတစ်ခုက ထမင်းရည်ကို သံလွင်ဆီနဲ့ရောပြီး scrub အဖြစ် အသုံးပြုပါက အရေပြားကို အာဟာရပြည့်ဝစေပြီး အမဲစက်တွေကို ပျောက်ကင်းစေပါတယ်။

crd

Dr. Mya Myo Myo Swe

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း  ဆရာမကြီး ဒ...
14/02/2025

ဖြည့်စွက်စာတွေဝယ်မသောက်နိုင်လျှင်
သော်လည်းကောင်း/ကျောက်ကပ်ထိမှာစိုး၍
ဆေးအများကြီးမသောက်ချင်လျှင်သော်လည်းကောင်း
ဆရာမကြီး ဒေါက်တာ ဒေါ်ခင်နွယ်ဝင်းက
(To A Better Health)
သဘာဝနည်းလေးတွေကို ဒီလို ပြောပြထားပါတယ်။

၁. Vitamin D အတွက် မနက်ခင်း နေရောင်ခြည်
ခံပေးပါ။ နေပူထဲမှာ နာရီဝက်လောက်နေပါ။
အိမ်အပြင်ထွက်ရမှာဖြစ်ပါတယ်။
အိမ်ထဲမှာနေပြီး လှမ်းမရပါ။
အိမ်ပြင်မှာUltra violet B ray
ရနိုင်လို့ ဖြစ်ပါတယ်။
Vitamin D ရဖို့ B ray လိုပါတယ်။
အိမ်ထဲမှာ ပြတင်းပေါက်ကနေတဆင့် ရသော
နေရောင်ခြည်မှာ A ray သာ ဖြစ်ပါတယ်။
B ray က ပြတင်းပေါက်ကို မဖောက်နိုင်ပါ။
A ray က Vitamin D မလုပ်နိုင်ပါ။

၂. အပြင်ထွက်ရင်း တလက်စတည်း မြေကြီးဓာတ်ကိုပါယူလိုက်ပါ။ မြေကြီးမှာ electron ဓာတ်တွေ
အများကြီးရှိတာကတစ်ကြောင်း၊ သူတို့တွေ
က ဝါယောဓာတ်တွေ ဖြစ်တာမို့ ရွေ့လျားနိုင်
ပါတယ်။
များတဲ့နေရာကနေ နည်းတဲ့နေရာကို
ရွေ့လျားတတ်တာကြောင့် မြေကြီးကနေ
ခန္ဓာကိုယ်ထဲကိုဝင်နိုင်ပါတယ်။
စိုနေတဲ့မြက်ခင်းဆိုရင် အင်မတန်
သင့်တော်ပါတယ်။
အစိုဓာတ်ရှိရင် စီးဝင်ခြင်းဟာ ပိုပြီး
ထိရောက်ပါတယ်။
ဖိနပ် မစီးရပါ။ ဒီ electron ဓာတ်ဟာ
ခန္ဓာကိုယ်ယောင်ကိုင်းခြင်းကို သက်သာစေနိုင်
ပါတယ်။
သဘာဝ antioxidants တွေ ဖြစ်ပြီး
သွေးကိုလည်းကျဲစေတတ်တာကြောင့်
လေဖြတ်ထားသူများ၊
နှလုံးသွေးကြောပိတ်သူများ အတွက်
အလွန်သင့်တော်ပါတယ်။

၃. D3 နဲ့ အတူသောက်ခိုင်းတဲ့ Vitamin K2 ကို
သဘာဝနည်းနဲ့ အရယူကြရအောင်။
- ရှမ်းတို့ဖူး (Natto)(Plant based MK7)
- ကလီစာဟင်း (Animal based MK4 )
- ကြက်ဥအနှစ် (Animal Based MK4)

၄. Probiotics အလှမ်း မမှီနိုင်ရင်
- ချဉ်ဖတ် စားပါ။
- ဒိန်ချဉ် စားပါ။
- ဗမာအချဉ်ရော၊ ရှမ်းချဉ်ရော အလွန်
ကောင်းပါတယ်။

၅. နနွင်းကို ( အုန်းဆီ/သံလွင်ဆီ ) နဲ့ သောက်ပါ။

၆. အသီးအနှံနှင့်အစိမ်းရောင်အရွက်များများစား
ပါ။

၇. အရိုးပြုတ်ရည် သောက်ပါ။
( ကြက်ရိုး၊ အမဲရိုး၊ ဆိတ်ရိုး..)

၈. ရှားစောင်းလက်ပတ် စားပါ။
အူလမ်းကြောင်းပြုပြင်ရေးအတွက်
ကောင်းပါတယ်။

၉. အုန်းရည် သောက်ပါ။
သတ္တုဓာတ်မျိုးစုံရမှာဖြစ်ပါတယ်။

၁၀. နွယ်ချိုက အူကျန်းမာရေးအတွက်
ကောင်းပါတယ်။

၁၁. ဆားခါးရေ စိမ်ပါ။ Magnesium
အလှမ်းမမှီသူများအတွက်ပါ။

၁၂. သစ်ကြားသီး စားပါ။
Plant based Omega3 ရပါတယ်။

၁၃. တတ်နိုင်ရင် တစ်ခါတရံ
အဆီများသော ငါး စားပါ။

၁၄. အချဉ်ဓာတ် VitaminC ရစေရန် ငရုတ်ပွသီး၊
သံပုရာသီး၊ ရှောက်သီး၊ ဆီးဖြူသီး၊ လိမ္မော်
သီး၊ ကျွဲကောသီး၊ မာလကာသီး၊ ကီဝီသီး၊
ဘယ်ရီသီးအမျိုးမျိုး၊ပန်းဂေါ်ဖီစိမ်း၊
ကင်ပွန်း ချဉ်ချဉ်ပေါင်ရွက် အစရှိသည်
တို့ကို စားသုံအာလူးနဲ့ကန်စွန်းဥတို့မှာလည်း ဓာတ်တွေပါဝင်ပါတယ် )

၁၅. Zinc ဇင့်ဓာတ်ရရှိစေရန် ပင်လယ်စာနဲ့
အနီရောင်အသားများ၊ ကြက်ဥ၊ နို့နှင့်နို့ထွက်
ပစ္စည်းများ၊ အုတ်ဂျုံ၊ ပဲအမျိုးမျိုး၊ မှို၊
ကညွတ်၊ကိုက်လန်၊ ရုံးပတီသီး၊ ပန်းပွင့်စိမ်း၊
ဟင်းနုနယ်၊ ပြောင်းဖူးစသောဟင်းသီး
အရွက်များနှင့်ကွာစေ့၊ ဖရုံစေ့ ကဲ့သို့သော
အစေ့အဆန်များ စားသုံးပါ။

၁၆. Anti-viral အနေဖြင့် ဂျင်း၊ ကြက်သွန်နီ၊
ကြက်သွန်ဖြူ၊ နနွင်း၊သစ်ကြံပိုးများစားသုံး
ပေး၍ ရေနွေးကြမ်း green teaသောက်ပါ။
ရေများများသောက်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ နေ့စဉ်
အနည်းဆုံး ၁၅မိနစ် ပုံမှန် ပြုလုပ်ပါ။

to original

Address

Yangon

Telephone

+959424486693

Website

Alerts

Be the first to know and let us send you an email when Ask her posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ask her:

Share