Well-Being Counselling and Psychological Services

Well-Being Counselling and Psychological Services Comprised of devoted professionals that can provide comprehensive counseling and psychological services to all levels of community in Myanmar

09/02/2024

လူကြီးမင်းများရှင်

Well-Being Counselling & Psychological Servicesကို ပိတ်သိမ်းလိုက်ပြီကြောင်း ဝမ်းနည်းစွာ ကြေငြာပါသည်။ စတင်တည်ထောင်သော ၂၀၁၉ ခုနှစ် ၊ ဇန်နဝါရီလ မှ ယခု ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအထိ ၅နှစ်တာကာလ အတွင်း Well-Being ၏ ခရီးစဉ်တွင် ပါဝင်ခဲ့ကြသူများအားလုံးကို Well-Beingမှ အလေးအနက် ကျေးဇူးတင်ရှိပါသည်။
ပူးတွဲတည်ထောင်သူနှစ်ဦးဖြစ်သည့် ဒေါက်တာစိုးလွင်နှင့် မသန္တာတို့ သည် ယခု ဖေဖော်ဝါရီလမှ စ၍ လုပ်ငန်းများကို သီးခြားစီဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အနာဂတ်ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် စုံစမ်းမေးမြန်းမှုများအတွက် အောက်ပါcontact များထံ ဆက်သွယ်နိုင်ပါသည်။
Dr Soe Lwin
page - https://www.facebook.com/profile.php?id=61556529473188¬if_id=1707410213218068¬if_t=follower_invite&ref=notif
Email Address - drsoelwin.consultant@gmail.com

Ma Thandar
Healing Garden page -
https://www.facebook.com/profile.php?id=61554276522376
Email Address - info@healinggardenmm.com
- thandar@healinggardenmm.com

Comprised of devoted professionals that can provide comprehensive counseling and psychological services to all levels of community in Myanmar

ချစ်ကြပါ၊ ခင်ကြပါ၊ ဒါပေမယ့် ဘောင်ဒရီ မကျော်ကြေးနော် လူတွေအချင်းချင်း ဆက်ဆံတဲ့အခါမှာလည်း စည်းတွေ ဘောင်တွေ ရှိပါတယ်။ Engli...
12/02/2023

ချစ်ကြပါ၊ ခင်ကြပါ၊ ဒါပေမယ့် ဘောင်ဒရီ မကျော်ကြေးနော်

လူတွေအချင်းချင်း ဆက်ဆံတဲ့အခါမှာလည်း စည်းတွေ ဘောင်တွေ ရှိပါတယ်။ Englishလိုတော့ Boundary ပေါ့။ လုပ်ငန်းခွင်တွေမှာဆို ပိုသိသာပါတယ်။ ဘယ်လို ပြုမူစေချင်လဲ၊ ဘာတွေတော့ လုပ်လို့ရတယ်။ ဘာတော့ မရဘူး ဆိုပြီး ရှိတာပေါ့။
ဟာ ဟုတ်လို့လား? အဲဒါတွေက မြင်မှ မမြင်ရတာ ဆိုရင် ဟုတ်ပါတယ်။ ချစ်သူစုံတွဲတွေ၊ မိသားစုဝင်တွေ နဲ့ သူငယ်ချင်းမိတ်ဆွေတွေကြားမှာတောင် ဘောင်ဒရီလေးတွေ သတ်မှတ်ဖို့ လိုပါတယ်။

ဒီလို ဘောင်ဒရီတွေရှိသင့်လား။ ရှိရင်ရော အကျိုးရှိပါ့မလား မေးစရာ ရှိပါတယ်။

ကောင်းမွန်တဲ့ ဘောင်ဒရီတွေ သတ်မှတ်ထားတာက ကိုယ့်အတွက် အချိန်တွေ၊ စွမ်းအင်တွေ ပိုကျန်စေပါတယ်။ တခြားသူတွေအတွက်ချည်းပဲ ကုန်နေရတာ မဟုတ်တော့ဘူးပေါ့။ သူငယ်ချင်းတစ်ယောက်က နေ့မှန်းမသိ ညသန်းခေါင်မသိ ဖုန်းတွေ ဆက်၊ အရေးမကြီးလဲ ဆက်၊ လိုက်ကူညီနေရရင်၊ ကိုယ့်ကာယစိတ္တသုခ(Well-Being) ကို ထိခိုက်နိုင်တယ်လေ။ နောက်ထပ် အကျိုးတစ်ခုက ကိုယ့်ကိုယ်ကို ပိုလေးစားနိုင်လာတယ်။ ကိုယ့်အကြောင်းလဲ ပိုသိလာတယ်။ ကိုယ်က ဘာတော့ လုပ်ပေးနိုင်တယ်,ဘာတွေတော့ မလုပ်ပေးနိုင်တော့ဘူး။ ကိုယ့်မှာ တခြားဘာတွေက အရေးကြီးနေသေးလဲ ဆိုတာလဲ သိလာနိုင်တယ်။ နောက်ဆုံးတစ်ခု ထပ်ပြောရရင် ဒီလို ဘောင်ဒရီတွေ သတ်မှတ်လိုက်တာက နောက်နောင် မလိုလားအပ်တဲ့ စိတ်ဖိစီးမှုတွေ ပဋိပက္ခတွေကို လျှော့ချနိုင်ပါတယ်။

ချစ်သူစုံတွဲတွေကြားက ဘောင်ဒရီတွေ

ဒါကတော့ သတ်မှတ်ရတာ ခက်ပါတယ်။ သူကိုယ့်ကို နားလည်မှုတွေလွဲပြီး စိတ်ပျက်တာတို့၊ ဒေါသထွက်တာတို့ ဖြစ်မှာ စိုးရိမ်ရင် ပိုဆိုးပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ RS တွေ ဖြစ်ဖို့က ကောင်းမွန်တဲ့ ဘောင်ဒရီလေးတွေ သတ်မှတ်ဖို့ကို ပညာရှင်တွေက အကြံပြုထားပါတယ်။ ဥပမာ-ဘာတွေနဲ့ ပတ်သက်ပြီး လုပ်နိုင်လဲဆိုရင်
- ဘယ်တော့၊ ဘယ်လို ချစ်တင်းနှောကြမလဲ၊ လိင်ဆက်ဆံကြမလဲ
- ဘယ်သူက ဘယ်လောက် ကုန်ကျခံမယ်။ ငွေကြေးနဲ့ ပတ်သက်ရင် ဘယ်လို အတူ ဆုံးဖြတ်ကြမယ်
- ကလေးမွေးမယ် မမွေးဘူး
- ကိုယ်တွေရဲ့ RS က Open လား Closed RS လား။ ဆိုလိုတာက တခြားသူတွေကို ပါဝင်ခွင့် ပြုမယ်မပြုဘူး
- တစ်ယောက်သဘောဆန္ဒမပါဘဲ ဘာတွေ လုပ်လို့ရတယ်၊ ဘာတော့ မလုပ်ရဘူး။
- စကားများပြီ ရန်ဖြစ်ပြီဆိုရင် ဘယ်လိုတော့ ပြုမူနိုင်လဲ၊ မပြုမူနိုင်ဘူး
- ကိုယ့်ဘဝရဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လို အတူချမှတ်မလဲ။ ဥပမာ- မြို့တစ်ခုကို ပြောင်းနေဖို့၊ အလုပ်ပြောင်းဖို့ စတာတွေပေါ့။

သူငယ်ချင်းတွေကြားက ဘောင်ဒရီတွေ

တစ်ချို့က သူငယ်ချင်းတွေဆိုတာ မိသားစု၊ ချစ်သူစုံတွဲတွေလောက် မလေးနက်ဘူး ထင်ကြပါတယ်။ ဒါပေမယ့် အချို့လူတွေအတွက် ဒါက အလေးနက်ဆုံးဖြစ်နေတတ်ပါတယ်။ သားရီးရေ..သယ်ရင်းရေ.. ဆိုတာနဲ့ ပြေးလုပ်ပေးနေကြသူတွေ အများကြီးပါ။ ဒါကြောင့်လဲ သူငယ်ချင်းတွေ ကြားမှလဲ ဘောင်ဒရီလေးတွေ သတ်မှတ်ဖို့ လိုပါတယ်။ ဥပမာ- သူငယ်ချင်းအချင်းချင်း အချိန်ဘယ်လောက်ပေးကြမယ်၊ ဘယ်လို အပြန်အလှန် လေးလေးစားစား ဆက်ဆံရမယ်၊ သူတို့နဲ့ ဘာတော့ မျှဝေမယ်၊ ငြင်းဖို့ လိုရင်လည်း ငြင်းရမယ်။ ဒါက သူနဲ့သူငယ်ချင်းဖြစ်တာ ဘယ်လောက်အဆင့်ရှိလဲ ပေါ်တော့ မူတည်တာပေါ့။ ည ၂ နာရီလောက်ကို အချစ်ဆုံးသူငယ်ချင်းက ဖုန်းဆက် အကူညီတောင်းရင် လိုက်လုပ်ပေးနိုင်ပေမယ့် အခုမှ စသိတဲ့ မိတ်ဆွေတစ်ယောက် အချိန်မတော် ဖုန်းတွေဆက်နေရင် ဒါက ဘောင်ဒရီကျော်သလို ဖြစ်တာပေါ့။

မိသားစုဝင်တွေကြားက ဘောင်ဒရီတွေ

မိသားစုဝင်တွေနဲ့ ဘောင်ဒရီတွေ သတ်မှတ်ရတာ မလွယ်ကူလှပါဘူး။ သူတို့က ကိုယ့်ဘဝရဲ့ အရေးပါသူတွေဆိုတော့ သူတို့အဆင်ပြေဖို့ ကျေနပ်ဖို့ကိုပဲ အားခဲလုပ်တတ်ကြတာကိုး။ ဒါပေမယ့် ကိုယ့်ရဲ့ လိုအပ်ချက်တွေကိုတော့ မျက်နှာ မမူတာမျိုး မဖြစ်သင့်ပါဘူး။ ကိုယ့်လိုအပ်ချက်တွေ ဖော်ပြတာ ဘောင်ဒရီတွေ သတ်မှတ်တဲ့အခါမှာ ရေတိုမှာတော့ အဆင်မပြေဖြစ်နိုင်ပေမယ့် ရေရှည်မှာ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ဖြစ်လာစေမှာပါ။ ဥပမာ-ကိုယ့်မှာ လိုနေတဲ့ Privacy၊ ပုဂ္ဂိုလ်ရေးအရ သီးသန့် နေရာ၊အချိန်တွေ၊ ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရွေးချယ်မှုတွေ စတာတွေနဲ့ ပတ်သက်ပြီးတော့ပါ။

ပြောရတာ လွယ်ပေမယ့် တကယ်လုပ်ရင် ခက်ခဲနိုင်ပါတယ်။ ဒါဆိုဘယ်လို လုပ်လို့ရလဲ

ကိုယ့်လိုအပ်ချက်ကို ပြောတဲ့အခါမှာ တဖက်လူကို အပြစ်တင်တာမျိုး၊ မဟုတ်ဘဲ ကိုယ့်ဖက်က ဘာဖြစ်တယ်၊ ဘယ်လို ခံစားနေရတယ်၊ ဘာတော့ လုပ်ပေးနိုင်တယ်၊ ဘာတော့ မလုပ်ပေးနိုင်တော့ဘူးဆိုပြီး I-statement သုံးပါ။ ဥပမာ-မင်းက ဘယ်တော့မှ ကျေးဇူးမသိဘူး, ဘာညာ ပြောမယ့်အစား ငါတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီလို ခံစားနေရတယ်၊ အဲလောက် လိုက်လုပ်ပေးရတာ ငါ့အတွက် ဝန်ဖြစ်စေတယ်၊ ဒီတော့ ငါဒီလောက်ပဲ လုပ်ပေးနိုင်တော့မယ်။

ငြင်းဆိုပါ။ ဟုတ်ပါတယ် Say-No။ ကိုယ့်ကို လိုက်လျောဖို့၊ Yes ပြောဖို့ ဖိအားတွေ ရှိနေနိုင်ပေမယ့် ကြိုးစားပြီး ငြင်းဆိုကြည့်ပါ။ နောက်မှ စိတ်ပင်ပန်းရတာ၊ မျက်နှာပျက်ရတာထက်စာရင် ကြိုငြင်းထားတာက တန်ပါတယ်။

ကိုယ့်ဘောင်ဒရီတွေသတ်မှတ်လိုက်ပြီဆိုရင် အဲဒါကို ကိုယ့်လူတွေနဲ့ ပြောဆိုဖို့ ဒဲ့ဒိုးပြောဖို့ လိုပါတယ်။ သူတို့ သိမှလည်း ဒါက အကျိုးရှိမှာဆိုတော့လေ။ သူတို့ မလေးစားဘဲ ဘောင်ဒရီတွေ ကျော်ရင်တော့ ဘာဖြစ်မယ်ဆိုတာပါ ပြောနိုင်ပါတယ်။ ဒါက သူတို့ကို အပြစ်ပေးတာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို လေးစားတာပါ။

တကယ်လို့ Well-Being စာဖတ် ပရိသတ်ကြီးလည်း ဘောင်ဒရီတွေ ချမှတ်ရတာ ခက်ခဲနေရင် ကျွမ်းကျင်တဲ့ Therapists ကုထုံးပညာရှင်တွေနဲ့ ဆွေးနွေးနိုင်ပါတယ်။ ချစ်ကြပါ, ခင်ကြပါ.. ဒါပေမယ့် ဘောင်ဒရီတွေတော့ မကျော်ကြေးလို့ ထပ်မှာပါရစေ...

ဤဆောင်းပါးကို Therapist.com မှ ဆောင်းပါးကို ကိုးကားပြန်ဆိုထားပါသည်။
https://therapist.com/relationships/setting-healthy-boundaries-in-relationships/
Photo Source
https://www.dreamstime.com/illustration/boundary.html

Address

Office (1)/Mingalar Taung Nyunt Tsp Office (2)/Tarmwe Tsp
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Well-Being Counselling and Psychological Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Well-Being Counselling and Psychological Services:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram