Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

  • Home
  • Myanmar
  • Yangon
  • Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု

Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု Experienced doctors service home care & vaccination.We can guarantee your trust will never be broken.

💉 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး 💉အခုတလော ဆေးခန်းမှာ အမေးများနေတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ...
12/01/2026

💉 သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး 💉

အခုတလော ဆေးခန်းမှာ အမေးများနေတဲ့ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်းလေး ပြောပြပေးချင်ပါတယ် ။

🌷 ဘယ်အရွယ်မှာစထိုးလို့ရတာလဲ ?

❤️ အသက် ၉ နှစ်အရွယ်မှ စပြီးထိုးလို့ရပါတယ်။
❤️ Sexual exposure မရှိခင်ထိုးလျှင် ပိုပြီး အကျိုးအာနိသင်ရှိပါတယ်။
❤️ sexual exposure ရှိဖူးရင်တော့ pap smear လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာရှိ/မရှိ စစ်ဆေးပြီးမှသာ ထိုးလို့ရမှာဖြစ်ပါတယ်။

🌷 ဘယ်နှကြိမ်ထိုးရမှာလဲ ?

❤️ အသက် ၁၅ နှစ်အောက်ဆို ၆ လ စီခြားပြီး ၂ ကြိမ်ထိုးရပါမယ်။
❤️ အသက် ၁၅ နှစ်အထက်ဆို ၃ ကြိမ် ၁-၂-၆ လစီခြားပြီး ထိုးရပါမယ်။

🌷 ဆေးအမျိုးအစား ဘယ်နှမျိုးရှိတာလဲ ?

❤️ Cervarix vaccine
- HPV type 16 & 18 ကို ကာကွယ်ပေးတဲ့ vaccine ဖြစ်ပြီး အရင်ကသုံးခဲ့တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

❤️ Gadasil 4
- HPV type 6,11,16,18 ဆိုတဲ့ type 4 မျိုးကို ကာကွယ်ပေးတဲ့ vaccine ဖြစ်ပြီး လက်ရှိိမှာလဲ သုံးနေတဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

❤️ Gadasil 9
- HPV type 6,11,16,18,31,33,45,52,58 ဆိုတဲ့ type 9 မျိုးအထိ ကာကွယ်ပေးတဲ့ လက်ရှိအကောင်းဆုံး ကာကွယ်ဆေးဖြစ်ပါတယ်။ သူက လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ virus အချို့ကိုပါ ကာကွယ်ပေးပါတယ်။

🌷 တစ်ခါထိုးပြီး ဘယ်လောက်ခံလဲ ?

❤️ တချို့ ကာကွယ်ဆေးတွေလို booster dose ထိုးဖို့တော့မလိုအပ်ပါဘူး။ Full course မှန်မှန်ထိုးထားတယ်ဆို တသက်တာအတွက်လုံလောက်ပါတယ်။

🌷 နောက်ဆုံးတခုက အမျိုးသားတွေရော ထိုးလို့ရပါသလား ?

❤️ ထိုးလို့ရပါတယ်။ အမျိုးသားတွေအတွက်ကျ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ virus type တွေကနေ ကာကွယ်ပေးပါတယ်။

ကာကွယ်ဆေးထိုးချင်တယ်ဆို page messenger မှ တစ်ဆင့်ဖြစ်စေ ဆေးခန်း ph no တွေကတစ်ဆင့်ဖြစ်စေ booking ယူနိုင်ပါတယ်ရှင်။

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

🎉 HAPPY NEW YEAR 2026 🎉🌷 2026 နှစ်သစ်မှာ စိတ်အသစ် လူအသစ်နဲ့ လုပ်ငန်းအသစ်တွေ စတင်နိုင်ကြပါစေ 🌷🌷 စိတ်ချမ်းသာ ကိုယ်ကျန်းမာက...
01/01/2026

🎉 HAPPY NEW YEAR 2026 🎉

🌷 2026 နှစ်သစ်မှာ စိတ်အသစ် လူအသစ်နဲ့ လုပ်ငန်းအသစ်တွေ စတင်နိုင်ကြပါစေ 🌷
🌷 စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ 🌷
🌷 ရည်မှန်းချက်တွေ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ကြပါစေ လို့ Doctor Home Care မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🌷

လစဉ် တနင်္ဂနွေနေ့တိုင်း နိုင်သလောက်အလှူလေး လုပ်ရင်း တလပြီးတလကုန်ဆုံးပြီး ၂၀၂၆ ကိုရောက်ပါတော့မယ် 🥳ညဖက် ဆေးခန်းပိတ်ပြီးရင်...
31/12/2025

လစဉ် တနင်္ဂနွေနေ့တိုင်း နိုင်သလောက်အလှူလေး လုပ်ရင်း တလပြီးတလကုန်ဆုံးပြီး ၂၀၂၆ ကိုရောက်ပါတော့မယ် 🥳
ညဖက် ဆေးခန်းပိတ်ပြီးရင် ကားနဲ့ပတ်ပြီး စည်ပင်ဝန်ထမ်း၊ ချို့တဲ့တဲ့လူတွေ၊ food panda / Grab rider လေးတွေကို ကြုံသလို ခေါက်ဆွဲကြော် ကြာဇံကြော်လေးတွေ လှူခဲ့ဝေခဲ့ပါတယ်။ ပြုသမျှကောင်းမှုကုသိုလ်တွေထဲ လူနာတွေရဲ့အလှူလည်းပါတာမို့ အားလုံးကုသိုယ် ထပ်တူရကြပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်ရှင် 🙏
၂၀၂၆ မှာလဲ ဒီထက် လှူနိုင် ကုသိုလ်ပြုနိုင်အောင် ကြိုးစားပါမယ်ရှင့် 🙏

အလှူခံပုဂ္ဂိုလ်ပုံတွေကတော့ ၁၀ခါ ၁ ခါ မရိုက်ဖြစ်ပါဘူးမျက်နှာလဲ မပါပါဘူး မုဒိတာပွါးရအောင် ၂ ပုံလောက်ပဲရိုက်ဖြစ်တာပါ 🙏

အားလုံးလဲ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အန္တရာယ်ကင်းကြပါစေ 🙏

🎶 Jingle bells, Jingle bells, Jingle all the way  🎶🎄🎉🎊 Merry Christmas to you all 🎄🎉🎊Be healthy, happy & filled with ble...
25/12/2025

🎶 Jingle bells, Jingle bells, Jingle all the way 🎶
🎄🎉🎊 Merry Christmas to you all 🎄🎉🎊
Be healthy, happy & filled with blessings in Christmas ❤️
Greeting from Doctor Home Care 🍁🍄🍁

Hello Sweet December 🎄🎄🎄ဘာလိုလိုနဲ့ 2025 ရဲ့ နောက်ဆုံးလ ပထမရက်လေးကိုရောက်ရှိလာပါပြီ 🍁တစ်နှစ်တာ ကံကောင်းခြင်း ဆိုးခြင်းတွ...
01/12/2025

Hello Sweet December 🎄🎄🎄

ဘာလိုလိုနဲ့ 2025 ရဲ့ နောက်ဆုံးလ ပထမရက်လေးကိုရောက်ရှိလာပါပြီ 🍁
တစ်နှစ်တာ ကံကောင်းခြင်း ဆိုးခြင်းတွေနဲ့ ပင်ပန်းခဲ့သမျှ နောက်ဆုံးလလေးမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းနိုင်ကြပါစေလို့ Doctor Home Care မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🎄🎄🎄
အေးချမ်းသာယာသော sweet december မနက်ခင်းလေး ဖြစ်ပါစေရှင် ☃️❄️🎊

ဆေးခန်းနေ့လည်စာ ထမင်းဝိုင်းလေး 😍ဘူးလေးနဲ့ ထည့်ထားတဲ့ ခဝဲသီးနဲ့ ငါးကျည်းကြော်က ဆေးခန်းဘေးက ခေါက်မုန့်ရောင်းတဲ့လူနာ လာပေးတ...
08/11/2025

ဆေးခန်းနေ့လည်စာ ထမင်းဝိုင်းလေး 😍

ဘူးလေးနဲ့ ထည့်ထားတဲ့ ခဝဲသီးနဲ့ ငါးကျည်းကြော်က ဆေးခန်းဘေးက ခေါက်မုန့်ရောင်းတဲ့လူနာ လာပေးတာ
ငါးခြောက်ဖုတ်ကလဲ လူနာအန်တီတစ်ယောက်က ပေးထားတာပဲ
ပုဇွန်က အိမ်ကပို့လိုက်တာ
ချက်ထားတာဆိုလို့ ပန်းပွင့်ကြော်လေးပဲ 😁

ဘေးက ဂျင်းသုတ်နဲ့ ကျားမုန့်တိုက်က အငန်မုန့်ကလည်း ဘေးအိမ်ရဲ့ မအူပင်ပြန်လက်ဆောင်လေး 😁

ဆေးခန်းလေးပြောင်းရမယ်ဆိုရင် ဝမ်းနည်းဆုံးက မိသားစုဆန်တဲ့ပတ်ဝန်းကျင်လေးနဲ့ ခွဲရမှာကိုပဲ 😭 အရမ်းနွေးထွေးကူညီပေးကြတဲ့ ပတ်ဝန်းကျင်လေး ခုခေတ်ထဲရှားသွားပါပြီ 😍

ဘာရယ်မဟုတ် စာမရေးချင်လို့ လာကြွားတာပါရှင် 😁

🌷 ဒီနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင် 🌷
04/11/2025

🌷 ဒီနေ့ကျရောက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေရှင် 🌷

ဂနို ခေါ်  ဆီးပူညောင်းကျရောဂါ (Gonorrhea)🦉မင်္ဂလာပါ ဒီတခါ ပြောပြချင်တဲ့ ရောဂါကတော့ ဂနိုလို့ လူသိများတဲ့ ဆီးပူ ညောင်းကျရေ...
31/10/2025

ဂနို ခေါ် ဆီးပူညောင်းကျရောဂါ (Gonorrhea)

🦉မင်္ဂလာပါ ဒီတခါ ပြောပြချင်တဲ့ ရောဂါကတော့ ဂနိုလို့ လူသိများတဲ့ ဆီးပူ ညောင်းကျရောဂါ အကြောင်းပဲ ဖြစ်ပါတယ်

🌿ဘာကြောင့် ဖြစ်လဲ🌿
🌿Neisseria gonorrhoeae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတမျိုးကြောင့် ဖြစ်ပါတယ်

🦋ရောဂါဘယ်လို ကူးစက်လဲ🦋
🌱လိင်ဆက်ဆံခြင်းကနေ တဆင့် ထိတွေ့သော ချွေး သရေ အစရှိသော ခန္တာကိုယ်နဲ့ထိတွေ့သော အရည်များမှ တဆင့် ကူးစက်နိုင်ပါတယ်

☘️ဘယ်လို လက္ခဏာတွေပြမလဲ☘️
☘️အမျိုးသားများမှာ ဆီးသွားရန်ခက်ခဲခြင်း၊အောင့်ခြင်း၊ ဆီးသွားလျှင် ပြည်များပါလာခြင်း၊ ကပ်ပယ်အိတ် ရောင်ရမ်းခြင်းများ ဖြစ်တတ်ပါတယ်
☘️အမျိုးသမီးများမှာလည်း ဆီးသွားလျှင်အောင့်ခြင်း၊မိန်းမကိုယ်မှ အဖြူဆင်းခြင်း ၊ရာသီပုံမှန်မလာခြင်း စည့်လက္ခဏာများ ခံစားရတတ်ပါသည်
☘️တခါတရံရောဂါ ပိုဆိုးလာသည်အခါ ဖျားနာကိုက်ခဲခြင်း၊အဆစ်အမြစ်များနာခြင်း၊မျက်စိရောင့်ရမ်းခြင်း၊လည်ချောင်းနာခြင်း တို့လည်း ဖြစ်တတ်ပါတယ်

🍃ဘယ်လိုကုသရမလဲ🍃
🍃ဆီးသွားရခက်ခဲခြင်း၊ဖျားနာကိုက်ခဲခြင်းတို့အတွက် အကိုက်အခဲပျောက်ဆေး(NSAID)
🍃ပိုးသတ်ဆေးများဖြစ်သည့်( IM Ceftriazone or Oral Cefixime And Oral Azithromycin or Gentamicin) စသည်တို့ဖြစ်ကုသရပါမည်
🍃ဘီပိုး၊စီပိုး၊HIVနဲ့ ကာလသားရောဂါပိုးများရှိမရှိ စစ်ဆေးရပါမယ်
🍃လိင်မှတဆင့် ကူးစက်သည့် ရောဂါဖြစ်သည့်အတွက် ကိုယ့်လက်တွဲဖော်တွင် ရောဂါလက္ခဏာရှိမရှိ စစ်ဆေးပီး ရှိခဲ့ပါက ဆက်၍ ကုသပေးရပါမယ်

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါ
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

ဆရာ့အတွက် SPACE media က လူနာအမရဲ့ သီတင်းကျွတ်အမှတ်တရ လက်ဆောင်လေးပါ ❤️ကျေးဇူးပါ အမတို့မိသားစုလဲ ကျန်းမာပျော်ရွှင်ပါစေရှင်...
07/10/2025

ဆရာ့အတွက် SPACE media က လူနာအမရဲ့ သီတင်းကျွတ်အမှတ်တရ လက်ဆောင်လေးပါ ❤️
ကျေးဇူးပါ အမတို့မိသားစုလဲ ကျန်းမာပျော်ရွှင်ပါစေရှင် 🎉🎊❤️

✨⭐️ သီတင်းကျွတ်လပြည့်နေ့ ရက်အခါသမယမှာ ပြည်သူအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ Doctor Home Care မိသားစုမှ ဆုတောင်းပေးလိုက...
06/10/2025

✨⭐️ သီတင်းကျွတ်လပြည့်နေ့ ရက်အခါသမယမှာ ပြည်သူအားလုံး ကျန်းမာပျော်ရွှင်ပါစေလို့ Doctor Home Care မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် ✨⭐️

သာယာချမ်းမြေ့သော ရက်လေးတစ်ရက် ဖြစ်ပါစေရှင် 🤍🤍🤍

🍄 ကျားဖြန့်ဆေးခန်း အကြောင်းလေး 🍄ဂိမ်းကျားဖြန့်တွေ ခေတ်စားလာတော့ ကျားဖြန့်ဆေးခန်းတွေလဲ ရန်ကုန်မှာ မှိုလိုပေါက်လာပါတယ်။ဒီတ...
26/09/2025

🍄 ကျားဖြန့်ဆေးခန်း အကြောင်းလေး 🍄

ဂိမ်းကျားဖြန့်တွေ ခေတ်စားလာတော့ ကျားဖြန့်ဆေးခန်းတွေလဲ ရန်ကုန်မှာ မှိုလိုပေါက်လာပါတယ်။
ဒီတစ်ယောက်နဲ့ဆို လူနာ ၄ ယောက်မြောက်ရှိပါပြီ။ သူတို့ target ထားတဲ့လူတွေကတော့ အရှက်အကြောက်ကြီးပြီး မိမိရောဂါပြသနာတွေ လူသိမခံချင်တဲ့လူနာတွေပဲ ဖြစ်ပါတယ်။ ဥပမာ၊ ဆီးပူညောင်းကြဂနိုဖြစ်သူများ၊ အမျိုးသားလိင်ကိစ္စ အားနည်းသူများ စတဲ့ ရောဂါလက္ခဏာရှိသူများ ဖြစ်ပါတယ်။

သူတို့လုပ်လေ့ရှိတာကတော့ မိမိရောဂါအကြောင်းပြောလိုက်လျှင် သွေးစစ် ဆီးစစ်ခိုင်းပြီး အဖြေမှာ ပိုးများစွာပေါက်နေကြောင်း ဂနိုပိုးလဲတွေ့တယ် ဆီးပိုးလဲ အများကြီးတွေ့ပါတယ်ဆိုပြီး လူနာကို ပိုးသတ်ဆေးသွင်းရမယ် လိပ်တံထိပ်အရေပြားဖြတ်ရမယ် မေးသိုင်းကြိုးဖြတ်ရမယ် စသည်ဖြင့် လုပ်ခိုင်းပါမယ်။

ပြီးရင်လည်း Ultrasound ရိုက်ရမယ်ဆိုပြီး လိင်အင်္ဂါပုံတွေ ဓာတ်ပုံရိုက်ပြီး စာအုပ်မှာကပ်ပေးပါတယ်။ Ultrasound တကယ်မရိုက်ပဲ အဖြေမှာလဲ ဆီးကြိတ်ကြီးတယ် ဆီးပိုးဝင်တယ်ဆိုပြီး အဖြေမှားတွေထုတ်ပေးပါတယ်။

ဆေးခန်းလာတဲ့ လူနာလေးကတော့ သူတို့ပြောတဲ့ ပိုးသတ်ဆေးသွင်း၊ ခွဲစိတ်မှုတွေလုပ်လိုက်တာ ၃ ကြိမ် ပြရုံနဲ့ သိန်း ၄၀ ကုန်သွားပါတယ်။ နောက်ပိုင်း အနာဆေးသွားထည့်တာ တစ်ကြီမ်ကို ၄ သိန်းကျော်ကုန်လို့ မတတ်နိုင်တော့လို့ ဆေးခန်းရောက်လာရတာပါ။ လူနာအမေခမျာ ရွှေဆွဲကြိုးတစ်ကုံးရောင်းလိုက်ရပါတယ်တဲ့။ 😥

ဆေးခန်းမှာ ရောဂါပိုးတွေအကုန်ပြန်စစ်တော့ အကုန် negative ထွက်ပါတယ်။ လူနာက ရိုးရိုးဆီးပိုးဝင်တာပဲ ဖြစ်တာပါ။

အဲဒါကြောင့် ရောဂါလက္ခဏာခံစားရပြီဆိုလျှင် မရှက်မကြောက်ပဲနဲ့ ဆေးခန်းစစ်စစ်တွေဆီပဲ သွားပြကြပါလို့ ပြောရင်းနဲ့ပဲ အတွေ့အကြုံလေး sharing လုပ်ပါရစေ 🤗

⚠️စာများအား copy ယူပြီးပြန်တင်ခွင့်မပြုပါဘူးရှင့်
လွတ်လပ်စွာ share လို့ရပါတယ် 🤗

Contact US for vaccination or home care service
09982770192
09778423588




#ဆရာဝန်အိမ်ပင့်

12/09/2025

10:30 pm မှ အိမ်ပြန်ရောက်တဲ့နေ့လေး 🥵
ဆေးခန်းပိတ်ချိန်ပြီး လူနာ ၂ ယောက်က ချိန်းထားပြီးဖြစ်လို့ သွားကြည့်
အကုန်ပြီးမှ နောက်လူနာအမက အရမ်းဗိုက်အောင့်နေလို့ လာပေးပါဆိုလို့ လှိုင်သို့ခရီးထပ်ဆက်
ဆေးထိုးပေးပြီး အမ သက်သာသွားတော့လဲ ပီတိဖြစ်ရပါတယ် 🤗

တစ်နေ့လုံး home visit total 7 ယောက် 🤗

#အမှတ်တရ

Address

Yangon

Opening Hours

Monday 06:00 - 23:00
Tuesday 06:00 - 23:00
Wednesday 06:00 - 23:00
Thursday 06:00 - 23:00
Friday 06:00 - 23:00
Saturday 06:00 - 23:00
Sunday 06:00 - 23:00

Website

Alerts

Be the first to know and let us send you an email when Doctor Home Care Service - အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share