21/10/2025
Hi ချစ်တို့ရေ !
ကိုယ့်ရဲ့ Skin type ကဘာလဲဆိုတာမသိသေးပဲ
Skin care တွေလျှောက်ဝယ်နေတုန်းလား ?
ဒီနေ့မှာတော့ ကိုယ့်အသားရေက ဘယ် Skin type ထဲမှာပါလဲဆိုတာမသိသေးတဲ့ချစ်ကလေးတွေတွက် Skin type လေးအကြောင်းနည်းနည်းပြောပြမယ်နော်
ပုံမှန်အားဖြင့် Skin type ကို လေးမျိုးခွဲထားပါတယ်။
1. Normal skin
2. Dry skin
3. Oily skin &
4. Combination skin ဆိုပြီး လေးမျိုး ရှိပါတယ်။
ဒါပေမယ့် အဲ့ထဲကနေမှ
Sensitive Skin & Acnes prone skin ဆိုပြီး နောက်ထပ် ၂မျိုးထပ်ခွဲ ထားပါတယ်။
ကိုယ့်ရဲ့👉 skin type က ဘယ်အမျိုးစားထဲပါလဲဆိုတာသိဖို့အတွက်အရင်ဆုံး
*မိတ်ကပ်တွေကိုဖျက်ပါ။
*မျက်နှာသစ်ဆပ်ပြာနဲ့ ဆေးကြောသန့်စင်ပါ။
*မျက်နှာကို တစ်သျှူးနဲ့ သုတ်ပါ။
*ပြီးရင် မျက်နှာကို ဘာမှမလိမ်းပဲ ၁နာရီလောက် ထားထားပေးပါ။
၁နာရီ ကြာပြီးသွားတဲ့အခါမှာ 👇👇
ကိုယ့်ရဲ့ မျက်နှာပြင်တစ်ခုလုံးက အရမ်းခြောက်ပြီး အသားအရေတင်းတာမျိုးလည်း မရှိဘူး ၊ အဆီပြန်နေတာမျိုးလည်း မရှိဘူးဆိုရင် ဒါဟာ
Normal Skin ပါ။
မျက်နှာမှာနီ လာပြီး အသားပတ်သလို အဖတ်လေးတွေဖြစ်လာတာမျိုး ပြီးတော့ မျက်နှာအသားအရေက တင်းတင်းကြီးဖြစ်ပြီး အသားခြောက်လာတာမျိုးဆိုရင်
Dry Skin ပါ။
ဒါမှမဟုတ်..
မျက်နှာက အဆီတွေထွက်လာပြီး အဆီတွေနဲ့ပြောင်လာမယ် အထူးသဖြင့် TZone တဝိုက်ပိုပြီး အဆီထွက်မယ်ဆိုရင်
- Oily skin ပါ။
TZone(နဖူး၊နှာခေါင်း၊ မေးစေ့တဝိုက်) အဆီပြန်ပြီး ကျန်တဲ့နေရာတွေက ပုံမှန်ပဲဆိုရင်
- Combination skin ပါ။
မျက်နှာနီလာပြီး ယားယံမယ်။ စပ်ဖျဥ်းဖျဥ်းဖြစ်သလိုခံစားရမယ်။ တစ်ခါတစ်ရံမှာ ယောင်ယမ်းသလိုဖြစ်နေမယ်ဆိုရင်တော့
- Sensitive Skin ပါ။
- Acne Prone Skin ကတော့ မကြာခဏဆိုသလို ဝက်ခြံထွက်တာမျိုး ဝက်ခြံဖြစ်ရင် မျက်နှာတစ်ခုလုံး ဖြစ်လာတာမျိုးပါ။
ကဲ ကောင်မလေးတို့ရေ.......ကိုယ့်အသားရေက ဘယ် Skin type လေးလဲဆိုတာလည်းသိပြီ ထင်တယ်နော်
မနေ့ကထက်ဒီနေ့ပိုလှချင်တယ်ဆိုရင်တော့ .......
Dr. HIFU ဆီအပြေးလေးသာလှမ်းခဲ့လိုက်တော့နော်
Dr. HIFU
-------
(၄၉လမ်း)၊ မဟာဗန္ဓုလလမ်းဒေါင့်၊
ဗိုလ်မြတ်ထွန်းအိမ်ရာ အလယ်ဘလောက် ၊
ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။
09-751402086