10/12/2025
ဆီးချိုရောဂါဟာ နာတာရှည် ကျောက်ကပ်ပျက်စီးစေတဲ့ရောဂါဖြစ်ပြီး silent killer ထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ် 🫢🦠
ဆီးချိုရောဂါ အတွက် ဘာတွေ စစ်ဆေးသင့်သလဲ ? ❗️❓🤔
ပုံမှန် လက်ထိပ်ဖောက်💉ပြီး သွေးတွင်းအချိုဓာတ် တိုင်းတာခြင်းဖြင့် သိရှိနိုင်ပါတယ် 🌡️
📌Fasting Blood Sugar (FBS)
ည၁၀နာရီနောက်ပိုင်း ဘာမှမစားရပါ 🚫ရေသောက်လို့ရပါတယ် မနက်၇နာရီတွင် စစ်ရပါမယ် 🙌
👉Normal FBS - 80-130mg%
၃ရက်/၅ရက်/၁ပတ် တစ်ခါစစ်ဆေးသင့်ပါတယ်ရှင့် 👌
📌2Hour Post Pranial (2HPP)
အစာစားပြီး ၂ နာရီ အကြာမှာ စစ်ရပါမယ်
👉Normal 2HPP- 140-180 mg%
📌Random Blood Sugar (RBS)
ကြိုက်တဲ့အချိန်စစ် နိုင်ပါတယ်
👉Normal RBS 200mg% အောက် ရှိရပါမယ်
ဆီချိုရောဂါဟာ အစားအသောက်နဲ့ အင်မတန်သက်ဆိုင်တာဖြစ်လို့
အရွက်🥦၊အသား🍖၊ငါး၊ပဲ🫘 တို့ကို အဓိကထား စားသုံးသင့်ပြီး
ဆန်၊ဂျုံ 🍚🍞အစရှိတဲ့ carbohydrate ပါဝင်မှုများတဲ့အစားအသောက်တွေကို လျှော့စားသင့်ပါတယ်ရှင့်🤗
အချိုလွန်ကဲသောအစားစာများ🍭၊ သကြား ၊ဖျော်ရည် 🧃၊သစ်သီး တို့ကို တတ်နိုင်သလောက်ရှောင်ကြဉ်သင့်ပါတယ်ရှင့်🚫
📌နောက်ဆုံးတစ်ချက်အနေနဲ့တော့ ဆီးချိုရှိသူတွေမှာ ဆီးချိုဆေးသောက်သုံးရာမှာ ဆရာဝန်ညွှန်ကြားတဲ့အချိန်အတိုင်း တိတိကျကျသောက်သုံးဖို့အရေးကြီးပါတယ် 🤍
ဆီးချိုရောဂါကို ကြိုတင်သတိထားကာကွယ်နိုင်စေရန် ရည်ရွယ်ပြီး ဒီနေ့ ကျန်းမာရေးဗဟုသုတအနေနဲ့ ဆီးချိုရောဂါအကြောင်း ဆွေးနွေးပေးလိုက်ရပါတယ် ရှင့် 💚
̀ 𝐓𝐫𝐚𝐯𝐞𝐥𝐥𝐢𝐧𝐠 𝐅𝐨𝐫 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬:𝐖𝐡𝐞𝐫𝐞 𝐄𝐯𝐞𝐫𝐲 𝐒𝐭𝐞𝐩 𝐈𝐬 𝐆𝐮𝐢𝐝𝐞𝐝 𝐖𝐢𝐭𝐡 𝐂𝐚𝐫𝐞 ́
ကျွန်မတို့ 📌𝐔𝐇𝐒 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 သော်လည်းကောင်း၊
📞𝟎𝟗 𝟒𝟐𝟔 𝟐𝟔𝟑 𝟕𝟑𝟕 ကို လည်းကောင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်
𝐌𝐚𝐢𝐥: info.uhsmm@gmail.com
📍လိပ်စာ-အမှတ် 15C , အင်းလျားမြိုင်လမ်း,ရွှေတောင်ကြား,ဗဟန်းမြို့နယ်,ရန်ကုန်မြို့