Swe Swe

Swe Swe Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Swe Swe, Medical and health, Mayangone, Yangon.

မနက်အိပ်ရာကနိုးတော့အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့အသက်၂၆နှစ်အရွယ်ကောင်မလေးအိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေအာရုံက...
19/09/2025

မနက်အိပ်ရာကနိုးတော့
အကြားအာရုံများကို ဆုံးရှုံးလိုက်ရတဲ့
အသက်၂၆နှစ်အရွယ်ကောင်မလေး

အိပ်ချိန်ဂရုမစိုက် အိပ်ရေးပျက်တာကနေ
အာရုံကြောပျက်သွားတာလို့ဆရာဝန်များဆို😰

#မိမိကိုယ်ကိုချစ်ပါဂရုစိုက်ပါ

ကိုယ်တိုင်လဲ အခုတလော sleep deprivation ကြောင့် short-term memory loss

သိသိသာသာ ဖြစ်လာလို့ လိုက်ရှာဖတ်ရင်းနဲ့
အားလုံးလဲ သိထားရအောင်
ပြန်လည်မျှဝေတာ

Sleep Deprivation ( အိပ်ရေးမဝခြင်း )
~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ post ကိုတော့ညဘက်တော်တော်နဲ့
မအိပ်နိုင်တဲ့သူတွေ
ဖတ်သင့်ပါတယ် ။

Sleep Deprivation အိပ်ရေးမဝတာကကျန်းမာရေးအတွက်လုံးဝမကောင်းပါဘူး ။ ဒါကိုတော့လူတိုင်းသိတယ် ၊

ဒါပေမယ့်အိပ်လားဆို
တော့မအိပ်ကြပါဘူး ။

အလွန်ဆုံး၁၂ကျော်မှအိပ်ကြတာ
များတယ် ။

အထူးသဖြင့် teenager တွေဆို ၁၂ တောင်မဟုတ်ဘူး ၃ ၄ ၅ နာရီလောက်မှ
စအိပ်ကြတယ် ။

အဲ့တော့နေ့နဲ့ညတွေမှားကုန်ရော ။
တချို့ဒီလိုတွေးတယ် "

ညမအိပ်ဘဲမနက်မှအိပ်လဲအိပ်တာပဲ ၊
အိပ်ချိန်ရတာပဲ ၊ နေ့နဲ့ညဘဲလွဲတာ

ဘာအလုပ်မှမလုပ်ရတာ ဘာမှမဖြစ်ပါဘူး " စသဖြင့်ပေါ့။

No ပါ
ညမအိပ်ဘဲမနက်မှအိပ်တာလဲ အိပ်ရေးမဝတာကိုဖြစ်စေပါတယ် ။

လူတွေသိကြတဲ့ အိပ်ရေးမဝတာကြောင့်အဖြစ်များတာတွေက ခေါင်းကိုက်တာ ၊ ခေါင်းမူးတာ ၊ ခေါင်းမကြည်တာ အဲ့ဒါတွေလောက်ပဲသိကြတာပါ ။

တကယ့် side effect ကခေါင်းအစခြေအဆုံးဖြစ်တာပါ ။
ကိုယ်ကတကယ်လို့ အိပ်တဲ့အချိန်မပြောင်းဘဲဒီလိုပဲဆက်သွားနေရင်တော့
Side effect ကတော့
တခုပြီးတခုဖြစ်နေမှာပါ ။

ဘာတွေဖြစ်လာနိုင်လဲ

Symptoms စပြရင်ယေဘုယျအားဖြင့်
ခေါင်းအပိုင်းက
စပြကြတာများတယ် ။

Memory Issues မှာဆိုရင်
ညဘက်ဆိုကိုယ့် ဦးနှောက်က
သူ့ထဲအသစ်ထပ်ထည့်ရမယ့်

Information တွေ memory အသစ်တွေကိုမှတ်မိအောင် space တွေလုပ်လေ့ရှိတယ် ။

အဲ့အချိန်တွေမှာမအိပ်တာများရင် ရေတိုရေရှည် memory တွေဆုံးရှံးလာမယ် ။

နောက်ပိုင်းမမှတ်မိတာတွေ
မေ့လွယ်တာတွေဖြစ်လာနိုင်တယ် ။

အာရုံစူးစိုက်မှုနဲ့thinkingပိုင်းတွေမှာ
အားနည်းလာမယ် ။

Emotions အပိုင်းမှာဆိုရင် Mood ကလုံးဝမကောင်းဘူး
ထစ်ကနဲရှိစိတ်ကတို ၊ စိတ်ထဲဘယ်အရာမှအချိုးမပြေဘူး

မြင်မြင်သမျှကန့်လန့်ကြီးဖြစ်ပြီးစိတ်ကိုထိန်းမရဘူး ။ စိတ်နုတဲ့သူတွေဆိုရင် Anxiety, Depression တွေပါဆက်ဖြစ်လာနိုင်တယ် ။

Sleep Deprivation က Weight Gain ကိုလဲဖြစ်စေသတဲ့နော် ။

ဒီ weight gain ကေတာ့
ဆိုးကျိုးကရတဲ့ weight လို့ပဲပြောပါရစေ ။ ကိုယ်အလေးချိန်ပေါင်တွေတက်လာနိုင်ပါတယ် ။

အခုအချိန်က Covid 19 pandemic
အချိန်ဖြစ်တဲ့အတွက် Stay Home လုပ်ရင်း ဖုန်းသုံးပါများလေ မအိပ်ချင်ကြလေနဲ့

Sleep Deprivation
++++++++++++++
အဖြစ်များလာကြတာပါ ။ အိပ်ရေးမဝရင်
ကိုယ်ခံအားကိုလဲကျဆင်းစေတဲ့
အတွက်ရောဂါပိုးတွေ
အလွယ်တကူဝင်နိုင်တယ် ။

Deprivation ကြောင့်ဖြစ်နိုင်ချေရှိတဲ့
ရောဂါတွေက

နှလုံးရောဂါ ၊ ကင်ဆာ ၊ သွေးတိုး ၊
ဆီးချိုစတဲ့ရောဂါ
တွေဖြစ်နိုင်တယ် ။

S*x Hormones တွေပွားနှုန်းကိုလဲ
လျော့စေပါတယ် ။

Sleep Deprivation ဖြစ်တာ
ကြာလာရင်ရုပ်ပိုင်းဆိုင်ရာ
ကိုပါထိခိုက်လာနိုင်တယ် ။

ဥပမာ - ခြေထောက်မှာ poor balance ဖြစ်လာရင် ရုတ်တရက်လဲကျသွားတာတို့၊ လက်မှာ balance မညီရင်

ဘာမှမကိုင်နိုင်တော့ဘဲအား
မရှိတော့မျိုးတွေဖြစ်နိုင်တယ် ။
အိပ်ရေးမဝရင်

အသိသာဆုံးကမျက်လုံး မျက်နှာ
ဖြစ်တဲ့အတွက် skin suffer
တွေပါဖြစ်တတ်ပါတယ် ။

အဆိုးဆုံး Sides Effect ကတော့သေတဲ့ အထိဖြစ်နိုင်တာပါ

ဒါတွေကတော့ခေါင်းအစခြေအဆုံး
ဖြစ်တတ်တဲ့ Sides Effect တွေပါ ။

၁၂ နာရီအလွန်ဆုံးထားပြီးအိပ်ကြ
ပါ ။ ကိုယ့်သူငယ်ချင်းတွေထဲမှာ နေ့နဲ့ ညမှားနေရင် သတိပေးပေးပါ ။
Ashin Kall Than La ရည် မှန်း အောင်

Address

Mayangone
Yangon
11041

Website

Alerts

Be the first to know and let us send you an email when Swe Swe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram