Chin The Nyi Naung - ခြင်္သေ့ညီနောင်

  • Home
  • Myanmar
  • Yangon
  • Chin The Nyi Naung - ခြင်္သေ့ညီနောင်

Chin The Nyi Naung - ခြင်္သေ့ညီနောင် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Chin The Nyi Naung - ခြင်္သေ့ညီနောင်, Pharmaceutical Company, No. (2), Kan Thar Yar Street, Mayangone, Yangon.

လက်ချောင်းလေးတွေ ကွေးပြီးနောက်မှာ ပြန်ဆန့်မရဘဲ ထစ်နေတာ၊ အားစိုက်ပြီးမှ ထောက်ခနဲမြည်ပြီး ချက်ချင်းဖြောင့်သွားတာမျိုး ဖြစ်...
23/04/2026

လက်ချောင်းလေးတွေ ကွေးပြီးနောက်မှာ ပြန်ဆန့်မရဘဲ ထစ်နေတာ၊ အားစိုက်ပြီးမှ ထောက်ခနဲမြည်ပြီး ချက်ချင်းဖြောင့်သွားတာမျိုး ဖြစ်ဖူးပါသလား?
ဒါဟာ Trigger Finger (လက်ချောင်း အကြောညပ်ခြင်း) ရဲ့ လက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

🔍 ဘယ်လိုလက္ခဏာတွေ ပြတတ်လဲ?
-လက်ချောင်းကို ကွေးလိုက်၊ ဆန့်လိုက်လုပ်ရင် တစ်ခုခုနဲ့ငြိနေသလို ထစ်နေခြင်း

-မနက်အိပ်ရာနိုးချိန်မှာ လက်ချောင်းတွေ တောင့်တင်းနေခြင်း

-လက်ဖဝါးနဲ့ လက်ချောင်းဆုံတဲ့နေရာမှာ နာကျင်ခြင်း (သို့) အဖုလေးလို စမ်းမိခြင်း

-ပြင်းထန်ရင် လက်ချောင်းက ကွေးနေရာမှ ပြန်ဆန့်မရခြင်း ဖြစ်သွားတတ်ပါတယ်။


⚠️ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ?

-လက်ကို အသုံးများတဲ့သူများ (ဥပမာ - စာရိုက်ခြင်း၊ ဂိမ်းကစားခြင်း၊ တူရိယာတီးခြင်း)

-အိမ်ထောင်ရှင်မများ၊ စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် စက်ပစ္စည်းကိုင်တွယ်ရသူများ

-ဆီးချို၊ အဆစ်အမြစ်ရောင်ရောဂါအခံရှိသူများ

✅ ဘယ်လိုသက်သာအောင် လုပ်မလဲ?
-အနားပေးပါ။ လက်ကိုတောက်လျှောက်အသုံးမပြုဘဲ ခေတ္တအနားပေးပါ။

-လေ့ကျင့်ခန်းလုပ်ပါ။ လက်ချောင်းလေးတွေကို ညင်သာစွာ ဆန့်ထုတ်ပေးတဲ့ Stretch လေ့ကျင့်ခန်းလေးတွေ လုပ်ပေးပါ။

-အပူ/အအေးကပ်ပါ။ ရောင်ရမ်းနေပါက ရေခဲကပ်ပေးခြင်း (သို့) ရေနွေးနွေးလေးနဲ့ စိမ်ပေးခြင်းက သက်သာစေပါတယ်။

-လက်ချောင်းတွေ တောင့်တင်းနာကျင်လာရင် ခြင်္သေ့ညီနောင် ဆေးပရုတ်ဆီကို အသုံးပြုပြီးလည်း နှိပ်ပေးနိုင်ပါတယ်။ သဘာဝဆေးမြစ်တွေနဲ့ထုတ်လုပ်ထားပြိး အပူရှိန်၊ အနံ့လည်းမပြင်းတာမို့ ဘယ်အချိန်၊ နေရာမဆို ဝေဒနာတွေမြန်မြန်သက်သာသွားမှာပဲဖြစ်ပါတယ်။

တကယ်လို့ လက်ချောင်းက လုံးဝဆန့်မရတော့တာမျိုး၊ အရမ်းနာကျင်လာတာမျိုး ဖြစ်လာရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
#ခြင်္သေ့ညီနောင် #ဆေးပရုတ်ဆီ

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့အခါသမယ 🙏နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီး စိတ်သစ...
17/04/2026

မင်္ဂလာရှိသော နှစ်ဆန်းတစ်ရက်နေ့အခါသမယ 🙏

နှစ်ဟောင်းက အညစ်အကြေးတွေ အားလုံးကို သင်္ကြန်ရေအေးအေးနဲ့ ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်နဲ့ အေးချမ်းသာယာတဲ့ နှစ်သစ်ကို ကူးပြောင်းနိုင်ကြပါစေကြောင်း ခြင်္သေ့ညီနောင်မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။💦

#ခြင်္သေ့ညီနောင်
#နှစ်ဆန်းတစ်ရက်နေ့

မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့‌လေး ဖြစ်ပါစေ…🙏အတာတန်ခူး နှစ်သစ်ကူးအချိန်အခါသမယမှာခုနစ်ရက်သားသမီးအပေါင်း သင်္ကြန်ရေကဲ့သို့...
13/04/2026

မင်္ဂလာရှိသော သင်္ကြန်အကြိုနေ့‌လေး ဖြစ်ပါစေ…🙏

အတာတန်ခူး နှစ်သစ်ကူးအချိန်အခါသမယမှာ
ခုနစ်ရက်သားသမီးအပေါင်း သင်္ကြန်ရေကဲ့သို့ စိတ်နှလုံးအေးချမ်းကြပါစေကြောင်း ခြင်္သေ့ညီနောင်မိသားစုမှ သင်္ကြန်ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။✨

#ခြင်္သေ့ညီနောင်
#သင်္ကြန်အကြိုနေ့
#အတာသင်္ကြန်

10/04/2026

💁‍♀️နေ့စဥ်ဘဝမှာ ခါးနာ၊ ဒူးနာ၊ အဆစ်အမြစ်ရောင်ရမ်းမှုတွေကြောင့် စိတ်ညစ်နေရပြီလား?

ခြင်္သေ့ညီနောင်ရဲ့ သောက်ဆေး၊လိမ်းဆေး အတွဲအစပ်လေးက ဝေဒနာတွေကို အမြန်ဆုံး သက်သာသွားစေမှာပါ💯

ဒါဆို နာကျင်မှုကင်းဝေးပြီး လန်းဆန်းတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို ခြင်္သေ့ညီနောင်ကို အိမ်မှာ ဆောင်ထားလိုက်နော် ✨

#ခြင်္သေ့ညီနောင် #ခြ‌‌င်္သေ့ညီနောင်လေးဖက်နာသောက်ဆေးလိမ်းဆေး #ဆေးပရုတ်ဆီ

အလုပ်ကနေ ပြန်ရောက်ရင် တစ်ကိုယ်လုံး ရို/က်ခံထားရသလို ခံစားဖူးလား။  • မနက်စောစောထပြီး အလုပ်မီအောင်ပြေးရ ၊ တနေကုန်လဲ လှုပ်လ...
08/04/2026

အလုပ်ကနေ ပြန်ရောက်ရင် တစ်ကိုယ်လုံး ရို/က်ခံထားရသလို ခံစားဖူးလား။

• မနက်စောစောထပြီး အလုပ်မီအောင်ပြေးရ ၊ တနေကုန်လဲ လှုပ်လှုပ်ရှားရှား အလုပ်တွေ လုပ်ကိုင်နေရ
• ညနေ ရုံးတောင်မဆင်းရသေးဘူး.. တကိုယ်လုံး မောပန်းလေးလံနေပြီ
• အိမ်ရောက်တာနဲ့ အိပ်ရာထဲ ပစ်လှဲချင်လောက်အောင် ကိုက်ခဲနာကျင်မှုတွေ ခံစားနေရတဲ့ အရွယ်ရောက်ပြီဆို

✅ ခြင်္သေ့ညီနောင် အကြောအားတိုးဆေး ဆောင်ထားသင့်ပါပြီ။

အကြောအားနည်းမှု၊​ အဆစ်ကိုက်ခဲမှု၊ ကိုယ်လက်မအီမသာဖြစ်ခြင်းတွေ ဆွဲယူပစ်သလို ပျောက်ကင်းစေတဲ့ ဆေးစွမ်းကောင်းတစ်လက် ဖြစ်ပါတယ်။

ဆေးအညွှန်း
✔️ တစ်နေ့ (၃) ကြိမ် ၊
✔️ တစ်ကြိမ်သောက် ဆေးပြား (၅) ပြား ၊
✔️ ရက်ပေါင်း (၅၀) တိတိ အစာမစားခင် သောက်သုံးပေးပါ။

နှစ်ပေါင်းများစွာ သုံးစွဲသူတို့ရဲ့ ယုံကြည်မှု အခိုင်အမာနဲ့အတူရပ်တည်လာတဲ့ တိုင်းရင်းဆေးဖြစ်လို့ နီးစပ်ရာ ဆေးဆိုင်တွေမှာ “ခြင်္သေ့ညီနောင် အကြောအားတိုးဆေး” ကိုဝယ်ယူအားပေးနိုင်ပါပြီ။

#ခြင်္သေ့ညီနောင် #အကြောအားတိုးဆေး #တိုင်းရင်းဆေး

စိတ်ဖိစီးတာက လေးဖက်နာသမားတွေအတွက် မီးလောင်ရာလေပင့်စေတဲ့အရာပါပဲ။ ❗️ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ Cyto...
30/03/2026

စိတ်ဖိစီးတာက လေးဖက်နာသမားတွေအတွက် မီးလောင်ရာလေပင့်စေတဲ့အရာပါပဲ။

❗️ ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်ကနေ Cytokines ဆိုတဲ့ ရောင်ရမ်းမှုကို ခံစားရစေမဲ့ ဓာတ်ပစ္စည်း ကို ပိုထုတ်ပေးပါတယ်။

❗️ ဒုတိယအချက်က စိတ်ပင်ပန်းနေချိန်မှာ ဦးနှောက်ထဲက နာကျင်မှုခံနိုင်ရည်စနစ်ကျဆင်းသွားလို့ ပိုပြီးကိုက်ခဲနာကျင်ရတယ်လို့ ခံစားရနိုင်ပါတယ်။

❗️ နောက်ဆုံးအချက်ကတော့ stress ပိပြီး ညဘက်အိပ်မပျော်တာကနေ ခန္ဓာကိုယ်ရဲ့ Repair mechanism တွေသေချာအလုပ်မလုပ်နိုင်တော့လို့ မနက်ဆို အဆစ်တွေတောင့်တင်းတာတွေဖြစ်နိုင်ပါတယ်။

ဒီတော့ stress လဲလျှော့ချပြီး တစ်ဆက်တည်း လေးဖက်နာကြောင့် အဆစ်အမြစ်ရောင်ရမ်းခြင်း၊ ထုံကျင်ကိုက်ခဲခြင်း၊ အကြောဆွဲ/ အကြောကပ်ခြင်း၊ ဒူးနာခါးနာ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ သွေးကြောရောင်ခြင်း၊ ဂေါက်ရောဂါနဲ့ အမျိုသမီးတို့မှာဖြစ်တတ်တဲ့ မီးယပ်ချမ်းရောဂါ တွေကို အမြန်ဆုံး သက်သာဖို့အတွက် “ခြင်္သေ့ညီနောင် လေးဖက်နာသောက်ဆေး” နဲ့ “ခြင်္သေ့ညီနောင် လေးဖက်နာလိမ်းဆေး” တို့ကို နီးစပ်ရာဆေးဆိုင်မှာ ဝယ်ယူ မှီဝဲနိုင်ပါပြီ။ ✅

သောက်ဆေး ဆေးအညွှန်း
✔️ တစ်နေ့ (၁) ကြိမ် ၊
✔️ တစ်ကြိမ်သောက် ဆေးပြား (၆) ပြား ကနေ (၈) ပြားအထိ ၊
✔️ တစ်နေ့ (၂) ကြိမ်မှ (၃) ကြိမ်အထိ သောက်သုံးပေးပါ။

လိိမ်းဆေး ဆေးအညွှန်း
✔️ ဆေးရည်အား ဂွမ်းစဖြင့် အသုံးပြုပြီး လိမ်းပေးပါ။
✔️ (၁၀) မိနစ် မှ မိနစ် (၃၀) အထိ ညင်သာစွာ ဖိနှိပ်လိမ်းပေးပါ။

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေး #လေးဖက်နာလိမ်းဆေး #တိုင်းရင်းဆေး

ကလေးငယ်တွေ မအိပ်နိုင်အောင် ဂျီကျပြီးငိုတာက ဝမ်းဗိုက်ပြဿနာကြောင့် ဖြစ်နိုင်တာမို့ မပေါ့သင့်ဘူးနော် မေမေဖေဖေတို့ရေ…✅ ဝမ်းဗ...
24/03/2026

ကလေးငယ်တွေ မအိပ်နိုင်အောင် ဂျီကျပြီးငိုတာက ဝမ်းဗိုက်ပြဿနာကြောင့် ဖြစ်နိုင်တာမို့ မပေါ့သင့်ဘူးနော် မေမေဖေဖေတို့ရေ…

✅ ဝမ်းဗိုက်ပြဿနာ ဖြစ်ရတဲ့ အကြောင်းအရင်း

ကလေးတွေရဲ့ Digestive System ဟာ အပြည့်အဝ မဖွံ့ဖြိုးသေးတဲ့အတွက် အစာမကြေတာ၊ လေပွတာတွေ အဖြစ်လွယ်ပါတယ်။ ရာသီဥတု အကူးအပြောင်းမှာ အအေးမိတာ ဒါမှမဟုတ် မသန့်ရှင်းတဲ့ အစားအသောက်၊ ရေတွေကြောင့် ဝမ်းဗိုက်ထဲမှာ ဓာတ်ငွေ့တွေများပြီး ဗိုက်အောင့်တတ်ကြပါတယ်။

✅ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့

ကိုယ်အပူကြီးခြင်း၊ လန့်တတ်ခြင်း၊ အအေးမိ၊ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ အော့အန်၊ ပျို့တက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းဖောခြင်း၊ ဝမ်းပျက်၊ ဝမ်းသွားခြင်း၊ သလိပ်ပုပ်များခြင်း၊ ညမအိပ်နိုင်ခြင်း တို့ဖြစ်တတ်ပါတယ်။

💜 ဒီလို ဝေဒနာပေါင်းစုံကို တစ်မျိုးတည်းနဲ့ သက်သာစေဖို့ "ခြင်္သေ့ညီနောင် ကလေးအထူးသက်စောင့်ဆေး" ရှိနေပါပြီ။ မြန်မာ့ ဆေးကောင်းဖော်စပ်နည်း၊ ခေတ်မီစနစ်တို့ ပေါင်းစပ်ထားလို့ ရင်သွေးငယ်တွေအတွက် ဆေးစွမ်းကောင်းတစ်လက်ပါပဲ။

အထူးသက်စောင့်ဆေးအညွှန်း
အသက် (၁) နှစ် မှ (၂) နှစ်အတွင်း (၁) ဇွန်း လျှင် (၆) နာရီခြား
အသက် (၂) နှစ် မှ (၅) နှစ်အတွင်း (၂) ဇွန်း လျှင် (၆) နာရီခြား
(၆) နှစ် မှ (၁၂) နှစ်အတွင်း (၄) ဇွန်း လျှင် (၆) နာရီခြားပြီး
အသင့်ပါလာသော ဆေးခပ်ဇွန်းဖြင့် တိုက်ကျွေးနိုင်ပါသည်။

#ခြင်္သေ့ညီနောင် #ကလေးအထူးသက်စောင့်ဆေး

10/03/2026

💁🏻‍♀️နေ့စဉ်ဘဝမှာ ဟိုနား ဒီနားက နာကျင်ကိုက်ခဲတဲ့ဒဏ်ကို ခံနေရပါသလား ?

နာကျင်ကိုက်ခဲဝေဒနာမျိုးစုံအတွက်ဆို ခြင်္သေ့ညီနောင်ကိုသာ သတိရလိုက်ပါနော်✨

#ခြင်္သေ့ညီနောင် #ခြ‌‌င်္သေ့ညီနောင် လေးဖက်နာသောက်ဆေးလိမ်းဆေး #ဆေးပရုတ်ဆီ

✨လာရောက်အားပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။🗓️ မနက်ဖြန် (၉)ရက်နေ့အထိ မြောက်ဥက္ကလာ စိန်ဂေဟာမှာ Promot...
08/03/2026

✨လာရောက်အားပေးသူ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးအထူးတင်ရှိပါတယ်။

🗓️ မနက်ဖြန် (၉)ရက်နေ့အထိ မြောက်ဥက္ကလာ စိန်ဂေဟာမှာ Promotion များစွာနဲ့အတူ ရှိနေမှာမို့ လာရောက် အားပေးကြပါဦးလို့ ဖိတ်ခေါ်လိုက်ပါတယ်နော်။

ယခု post လေးကို like&share လုပ်ပြီး လျှော့ဈေးလေးတွေထပ်ယူလိုက်ကြရအောင်.... မတ်လ (၇) ရက်၊ (၈) ရက်နဲ့ (၉) ရက်နေ့တွေမှာ ရွှေ...
07/03/2026

ယခု post လေးကို like&share လုပ်ပြီး လျှော့ဈေးလေးတွေထပ်ယူလိုက်ကြရအောင်....

မတ်လ (၇) ရက်၊ (၈) ရက်နဲ့ (၉) ရက်နေ့တွေမှာ ရွှေသမင်နဲ့ခြင်္သေ့ညီနောင်က မြောက်ဥက္ကလာစိန်ဂေဟာမှာ Sale Booth လေးတွေနဲ့စောင့်မျှော်နေမှာဖြစ်ပြီး promotion တွေအနေနဲ့

🦌ရွှေသမင် (သောက်ဆေး၊လိမ်းဆေး၊အထူးအုံဆေး၊ဆေးခေါင်းအုံး၊ဆေးခါးပတ်) များကို ၅% လျှော့ဈေး ပေးသွားမှာဖြစ်ပြီး

🦁ခြင်္သေ့ညီနောင်ရဲ့ Products အသစ်ဖြစ်တဲ့ လေးဖက်နာသောက်ဆေး၊လိမ်းဆေးများကို ၁၀% တိတိ လျှော့ဈေးလေးတွေနဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် ယခု post လေးကို like&share လုပ်ပြီး လာဝယ်မဲ့ ချစ်ရသော customer များအတွက် share ထားတဲ့ post လေးကိုပြရုံနဲ့ ဒီထက်ပိုတဲ့လျှော့ဈေးများနဲ့ ရောင်းချပေးသွားမှာဖြစ်လို့ ပိတ်ရက်လေးမှာ မြောက်ဥက္ကလာစိန်ဂေဟာတွင် ဈေးဝယ်ထွက်ရင်း မိသားစုအတွက်လိုအပ်တဲ့ဆေးဝါးများကို လျှော့ဈေးနဲ့တန်တန်လေး ဝယ်ယူအားပေးသွားကြပါအုံးနော် ......

#ဦးရဲမြင့်ရွှေသမင် #ရွှေသမင် #ခြင်္သေ့ညီနောင် #စိန်ဂေဟာ #ကျီးပေါင်း #လေးဖက်နာ

🧑‍🌾 မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမားများအားလုံး စီးပွားရေးတွေ တိုးတက်အောင်မြင်ပါစေ။ ကျန...
02/03/2026

🧑‍🌾 မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့မှာ တောင်သူလယ်သမားများအားလုံး စီးပွားရေးတွေ တိုးတက်အောင်မြင်ပါစေ။

ကျန်းမာပျော်ရွှင်ဖွယ်ရာ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း တောင်းဆုပြုလိုက်ပါတယ်...🤎

#ခြင်္သေ့ညီနောင်
#တောင်သူလယ်သမားနေ့
'Day

💭 လေးဖက်နာရောဂါကို အင်္ဂလိပ်လို ဘာလို့ခေါ်သလဲ?၁။ Rheumatoid Arthritis၂။ Hypertension၃။ Osteoarthritisအဖြေမှန်တဲ့သူ (၅)ဦး...
25/02/2026

💭 လေးဖက်နာရောဂါကို အင်္ဂလိပ်လို ဘာလို့ခေါ်သလဲ?

၁။ Rheumatoid Arthritis
၂။ Hypertension
၃။ Osteoarthritis

အဖြေမှန်တဲ့သူ (၅)ဦးကို “ခြင်္သေ့ညီနောင်” ဆေး Set (၁)ခုစီ မဲဖောက်ပေးအပ်သွားမှာနော်။

အဲ့တော့ ဆေးစွမ်းထက်တဲ့ “ခြင်္သေ့ညီနောင်”ဆေးဝါးတွေ လက်ဆောင်ယူဖို့ အဖြေလေးရွေးပြီး ကောမန့်မှာ ပြောပြပေးခဲ့ကြပါဦး…💙

#ခြင်္သေ့ညီနောင် #လေးဖက်နာသောက်ဆေးလိမ်းဆေး #အကြောအားတိုးဆေး #ကလေးအထူးသက်စောင့်ဆေး #ဆေးပရုတ်ဆီ
#လေးဖက်နာသောက်ဆေး #လေးဖက်နာလိမ်းဆေး

Address

No. (2), Kan Thar Yar Street, Mayangone
Yangon
11062

Telephone

+959781596530

Website

Alerts

Be the first to know and let us send you an email when Chin The Nyi Naung - ခြင်္သေ့ညီနောင် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share