Dr Magnet's EM Cases

Dr Magnet's EM Cases Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Magnet's EM Cases, Yangon.

07/03/2023

အမူးပြေပြီဆိုတော့ ထန်းပင်ပေါ် ပြန်မော့ ကြည့်လိုက်ဦးမယ်လေ...

https://fb.watch/j6ggV2xOk2/

17/04/2022

Credit to


DNAR(DNR) အကြောင်းတွေ ပြောကြတော့

ကိုယ်တွေ Emergency medicine အနေနဲ့ ကြုံရတဲ့

CPRIC (CPR- Induced Consciousness) လို့ခေါ်တဲ့
conscious cardiac arrest အကြောင်းလေး သတိရလာတယ်။

တနေ့ ကိုယ်တွေ dutyမှာ AMI လူနာတယောက်
pulseless VT တွေ runပီး cardiac arrest ရပါရော။
ထုံးစံ အတိုင်း ACLS လုပ်ကြတာပေါ့။
ထူးဆန်းတာက chest compression လုပ်နေတဲ့သူရဲ့လက်ကို arrest ရတဲ့လူနာရဲ့လက်က လာကိုင်တာပဲ။
chest compression သမားလည်း သူ့လက်ကို လူနာက လာကိုင်တော့
ဟာ လူနာလှုပ်လာပီ။
ROSC (Return of spontaneous circulation)ရပီလားပေါ့။
အဲ့တာနဲ့ compression ကို ရပ်ပီး pulse ကိုင်တော့ pulse က မရသေး။လူနာလက်ကလည်း ပြန်ပီး ကုတင်ဘေးကို ကျသွားရော။ အဲ့တာနဲ့ CPR ပြန်စပေါ့။အဲ့မှာ ထူးဆန်းတာက chest compression ပြန်စပီး သိပ်မကြာဘူး လူနာလက်တွေလှုပ်လာပီး compression လုပ်တဲ့လက်ကို လာကိုင်တာပဲ။ROSC ပြန်ရလားဆိုတော့ မရဘူး။အဲ့တာနဲ့CPR ပြန်စ လူနာက ကိုယ့်လက်ပြန်ကိုင်နဲ့တင် ချာလပတ်လည်နေရော။
ကိုယ်တွေလည်း အဲ့ကျမှ စကြုံဖူးတော့ ဘာကြီးလဲပေါ့ သရဲ ပဲ ခြောက်တာလား။
သရဲခြောက်ရအောင်လည်း မီးတွေထိန်လင်းပီး ဒီလောက်ရှုပ်ရှက်ခတ်နေတဲ့ resuscitation room ထဲ ခြောက်စရာလားပေါ့။
ပြသနာက Shockable rhythm ဆိုတော့ Defib ရိုက်မယ်ဆိုရင် သူ့လက်ကြီးက ကိုယ့်လက်လာကိုင်တာပဲ။ အဲ့တော့ ဘာလုပ်ရမှန်းမသိ ။နောက်တော့ ထုံးစံအတိုင်း arrest မဟုတ်တဲ့ patient တွေမှာ electrical cardioversion လုပ်ရင်သုံးတဲ့ midazolam ထိုးပီး defib ရိုက်ရတယ်။

အဲ့လိုလုပ်နေရင်း နောက်ကျတော့ patientက ROSC ရသွားရော။ ကိုယ်တွေလည်းအဲ့ကျမှ ဟင်းချနိုင်တယ်။

နောက်မှ စာတွေရှာဖတ် ဆရာတွေမေးကြည့်မှ
ဒီလို conditionကို
CPRIC (CPR Induced Consciousness) လို့ခေါ်မှန်း သိတော့တယ်။

အဲ့တော့ CPR IC ဆိုတာ ဘာလဲ
CPR IC ရဲ့ ထူးခြားချက်ကဘာလဲ
CPR IC ကို ဘယ်လို management လုပ်ကြမလဲ

CPR IC ဆိုတာ
one or more of spontaneous eye opening. jaw tone. speech or body movement in pulseless patients undergoing active CPR လို့ ဆိုတာပဲ။
အဲ့တော့ ပုံမှန်ဆို ဘာ movement ဘာ tone မှ မရှိရမဲ့ cardiac arrest patientမှာ CPR လုပ်နေတုံး မျက်လုံးကြီး ပြူးပြတာ စကားတွေ ထပြောတာ (အသံတချို့ထွက်တာနေမှာပေါ့) လက်တွေ ခြေတွေ လှုပ်လာတာပေါ့။
ကိုယ်တွေ တွေ့ဖူးတဲ့ CPRIC 4 cases လောက်မှာတော့ မျက်လုံးပြူးပြတာနဲ့ အသံထွက်တာတော့ မပါဘူးရယ်။ ခြေလှုပ်လက်လှုပ် ရုန်းကန်လှုပ်ရှားတာပဲ တွေ့တာ။

Cause ကို သေချာပြောဖို့ခက်ပေမဲ့
CPR IC ဆိုတာ
high quality CPR ဖြစ်တာရယ်
အဲ့ high quality CPR ကြောင့် cerebral perfusion တက်လာကြောင့်လို့ ယူဆကြတယ်ဆိုပဲ။

Younger male. initial rhythm of VF or pVT. shorter time interval between cardiac arrest and provision of emergency medical care. early high quality CPR with minimal interruption
တွေမှာ ပိုတွေ့ရတယ် ဆိုပဲ။

CPR IC ရဲ့ကောင်းတဲ့အချက်ကတော့
independently associated with ROSC and survival to hospital discharge ပါပဲ။

Management recommendation for CPR IC ကတော့
sedation and physical restraint လို့ပြောတယ်။ (still needs more research)

Sedation မှာ သုံးလို့ကောင်းတာတွေက
Midazolam.နဲ့ Ketamine လို့ပြောတယ်။
Ketamine ကတော့ BPမကျတော့ ပိုပီးသုံးလို့ကောင်းတယ်လို့ ဆိုတယ်။

physical restraint ကတော့ တမျိုးကြီးပဲပေါ့နော် CPR လုပ်တယ်လည်း ဆိုသေး လူနာကြီးကို ချုပ်ပီး CPR လုပ်နေတာဆိုတော့။
physical and psychological risk ရှိတာပေါ့လေ။

အဲ့တော့ CPR လုပ်ရင်း လူနာကမျက်လုံးကြီး ပြူးပြ အသံတွေထွက် လက်တွေ လာကိုင်ရင် ROSC ပြန်ရတာလည်း ဖြစ်နိုင်သလို CPR IC လည်း ဖြစ်နိုင်ကြောင်းလေးပြောပြတာပါ။
ဘာပဲ ဖြစ်ဖြစ် CPR IC ဆိုရင် ကိုယ်လုပ်နေတဲ့ CPR သည် effective and high quality လို့ ဂုဏ်ယူလိုက်ပါလို့။.....


ref link:

wwwwww.ncbi.nlm.nih.gov
Consciousness with cardiopulmonary resuscitation - PMC

Credit to     အခုတလော ကိုယ်တွေ duty တိုင်း အဲ့caseတွေ တွေ့တွေ့နေတော့ သူများနေ့တွေရော အဲ့caseတွလာလား သိချင်လာတယ်။ အဲ့ဒါနဲ...
09/01/2022

Credit to

အခုတလော ကိုယ်တွေ duty တိုင်း အဲ့caseတွေ တွေ့တွေ့နေတော့ သူများနေ့တွေရော အဲ့caseတွလာလား သိချင်လာတယ်။ အဲ့ဒါနဲ့ကိုယ်တွေ emergency departmentရဲ့ weeky audit dataတွေ ကြည့်မိတယ်။ အဲ့တော့မှ ကိုယ်တွေduty နေ့တင်မဟုတ် တခြားသူတွေနေ့တွေမှာလည်း ဒီcaseတွေလာနေတာ များနေတယ်။

ကိုယ်တွေ audit dataမှာ Toxicology & Toxinology emergency casesတွေပါတယ်။
အခုတလော အဲ့ဒီ Tox emg ခေါင်းစဉ်အောက်မှာ အဲ့caseတွေ အပတ်တိုင်းလို ပါလာတယ်။

ကိုယ်တွေ EM ကို MSc စတက်တဲ့ 2015 ကနေ အခု 2018 ထိမှာ သတိထားမိတာက ~~

2015 တုံးက YGH Emergency Departmentမှာ အဲ့case ဆိုတာ တော်တော်လေးရှားပါတယ်။2016 လည်းရှားပါသေးတယ်။ ဒါပေမဲ့ 2017 လောက်မှာ ခဏခဏတွေ့လာရပါတယ်။
အခု 2018 မှာတော်တော်လေး တွေ့လာရပါတယ်။ အခုတလော audit dataအရ တစ်ပတ်ကို တစ်ယောက်လောက်တွေ့လာရတယ်။
altered conscious level ( CNS Depression)ရယ်
respiratory depression ရယ်
ponpoint pupilရယ်။ ။ ။

မနေ့က ကိုယ်တွေ night duty မှာ အဲ့ဒီထဲက differential 2 ခုတွေ့တယ်။

တစ်caseက brainstem hemorrhage
နောက်တစ်caseက အခုအတွေ့များလာတဲ့ opioid overdose. . .

brainstem pathology တွေက prognosis အရမ်းဆိုးပေမဲ့ opioid ကတော့ diagnosis မြန်မြန်ရပြီး assisted ventilation ရယ် antidote ရယ် ပေးနိုင်ရင် ရှင်မှာ အသေအချာမို့ just remind ပါ။

YGH Emergency မှာတော့ တော်တော်များများလာနေတာမို့ BVM နဲ့ Naloxone လေးတွေ ဆောင်ထားဖို့ပါ။အဆင်ပြေရင်တော့ ETT ပါဆောင်ထားပေါ့။

Respiration အတွက် BVM နဲ့ Assist လုပ်။ Antidote အတွက်က
IV Naloxone ကို ကိုယ်တွေကတော့ withdrawal ကြောက်လို့ 0.1 mg နဲ့စ ။
every min မှာ 0.1 mg စီrepeat ထိုးသွားတယ်။
adequate breathing ရရင် initial dose ရဲ့ 2/3 ကို per hr နဲ့ infusion လိုက်တယ်။

Initial dose ရဲ့ target က just adequate breathing , not talking ပါ။

Save the Lives n Love EM.

Credit to  SVT~~~~ကိုယ်တွေ emergency department မှာ arrhythmia တွေ တွေ့တာများပါတယ်။အတွေ့ဆုံးကတော့ AF ပေါ့။နောက်တခုက နေ့တ...
19/12/2021

Credit to

SVT
~~~~

ကိုယ်တွေ emergency department မှာ arrhythmia တွေ တွေ့တာများပါတယ်။
အတွေ့ဆုံးကတော့ AF ပေါ့။

နောက်တခုက နေ့တိုင်း မတွေ့ပေမဲ့ ၁ပတ်မှာ 4 ယောက်လောက် တွေ့ရတတ်တာက SVT.

ပြန်စဥ်းစားကြည့်တော့ ကိုယ်တွေ HS ဘဝတွေ AS ဘဝတွေမှာ SVT တခါမှ မတွေ့ဖူးခဲ့ဘူး။ (Cardiac medical ward မှာ rotation မကျတာလည်း ပါတာပေါ့)
SVT နဲ့ပတ်သက်ရင် ကိုယ်တွေAS ဘဝ(2014)လောက်ထိAdenosine ဆိုတာကြီးကို မြန်မြန်ထိုး ဆိုတာရယ် 6 -12-12 ဆိုတာရယ်ပဲ သိတာ။ adenosine လည်း မမြင်ဖူးပါဘူး။ရှားပါးဆေးဖြစ်တာလည်းပါတာပေါ့။

Emergency Medicine PG တက်တော့မှ ဒင်းနဲ့ ခဏခဏတွေ့ရတော့တာပဲ။

SVT နဲ့ပတ်သက်ရင် diagnosisကို သိပ်မပြောလိုပေမဲ့
SVT Managementမှာ တချို့တွေ အဆင်မပြေတာ management ပေးရဲ့သားနဲ့ treatment fail ဖြစ်တာတွေရှိလို့ပါ။အဲ့တာကြောင့် SVT Managementနဲ့ပတ်သက်ပီး သတိထားစေချင်တာလေးတွေက

၁။ ဆေးတွေမပေးခင် vagal manoeuvre တွေလုပ်လို့ရတယ်ဆိုတာရယ်

၂။အဲ့ဒီ manoeuvre တွေရဲ့ pitfallsတွေရယ်

၃။adenosine အကြောင်းရယ်ပါ

vagal manoeuve တွေမှာ လုပ်လေ့ရှိတာက carotid sinus massage ပါ။
သူနဲ့ပတ်သက်ပီး ပြောရရင်
တချို့က carotid sinus massage ဆိုတာနဲ့ လည်ပင်းသွားဖိတာပါပဲ။ အဲ့လိုမဖိခင် ဒါတွေ သိထားဖို့လိုပါတယ်။

ဘယ်နားဖိမှာလဲ
*** lateral to the upper border of thyroid cartilage

ဘယ်လောက်ကြာအောင် ဖိမှာလဲ
*** 15 sec

ဘယ်လိုဖိမှာလဲ
*** Circular action massage

မဖိခင် ဘာတွေသတိထားဖို့လိုလဲ
*** One side only. Listen Carotid Bruit before massage ပါ။

ဒီ carotid sinus massage က အခုနောက်ပိုင်း သိပ်မလုပ်ကြတော့ပါဘူး risk of stroke နဲ့ TIA ကိုကြောက်လို့ပါ။

အဲ့တာအစား လုပ်လာကြတာက
Modified Valsalva Manoeuvre ပါ။most effective way ပါ။
ကိုယ်တွေ emergency department မှာလည်း အဲ့တာကို အဓိကထား လုပ်ပါတယ်။

ဘယ်လိုလုပ်လဲဆိုတော့ ,,,,

လူနာကို semi-recumbent ထိုင်ခိုင်းပီး 20 cc syringe ရဲ့ plunger ကို 15 sec မှုတ်ခိုင်းပါတယ်။ပီးတာနဲ့ patientကို ပက်လက်အိပ်ခိုင်းပီး လူနာခြေထောက်တွေကို 15 sec မြှောက်ပေးထားတာပါ။

တချို့လူနာတွေက အဲ့ဒီ manoevure လုပ်တာနဲ့ sinus rhythm ပြန်ပြောင်းပါတယ်။
(အခုမှ စပီး SVT ရတဲ့သူတွေ ပြန်ပြောင်းတာများပါတယ်။)

နောက်တခုက အဲ့ဒီ Vagal manoeuvre တွေလုပ်ရဲ့သားနဲ့ အဆင်မပြေဘူးဆိုရင်တော့ adenosine ပေးတာပါပဲ။

တချို့တွေ adenosine ထိုးရဲ့သားနဲ့ sinus ပြန်မပြောင်းလို့ဆိုပီး YGH ED ကိုလွှဲတာတွေရှိပါတယ်။
ကိုယ်တွေဆီရောက်တော့ Adenosine ထိုးတဲ့နေရာမှာ လွဲနေတာလေးတွေရှိတာကို တွေ့ရတတ်တယ်။

အဲ့တာကြောင့်Adenosine မပေးခင်သိရမှာတွေက

Adenosine က AV Blocking agent ပါ။
သူရဲ့ထူးခြားချက်က very short half life ပါ။ 10-15 sec ပဲရှိပါတယ်။
မြန်မြန်ထိုးဖို့လိုသလို နည်းလမ်းမှန်မှန် ထိုးဖို့လည်း လိုပါတယ်။
မထိုးခင် contraindication အနေနဲ့ asthma historyမေးဖို့လိုပါတယ်။ တခြား contraindicationတွေက 2nd or 3rd degree heart block တွေ severe hypotension ပါ။

adenosine ဘယ်လိုထိုးမလဲ။
*** မထိုးခင် cardiac monitor တင်ထားဖို့လိုပါတယ်။
လူနာကို မလန့်ဖို့ ရင်ဘတ်ထဲဟာသွားနိုင်ကြောင်း ကြိုရှင်းပြထားပါ။
ပီးရင် အရေးကြီးဆုံးက
adenosine ကို large vein ကထိုးဖို့ပါ။action က အရမ်းတိုလို့ heart နဲ့နီးတဲ့ cubital fossa မှာ cannula အစိမ်းထိုးပီး adenosine ကို မြန်မြန်ထိုးဖို့လိုပါတယ်။ပီးရင် နောက်ကနေ NS flush လုပ်ပေးပါ။ထိုးပီးတာနဲ့လက်ကို မြှောက်ထားပါ။
အဲ့တာမှသာ ကိုယ်လိုချင်တဲ့ adenosine ရဲ့ action ကိုရပါမယ်။

adenosine စထိုးတဲ့ doseက 6 mg ပါ။မရရင် 12 mg ထပ်ထိုးပါ။အဲ့တာမှ မရရင် နောက်ထပ် 12 mg ထပ်ထိုးပါ။
(6-12-12 )ဆိုပီး မှတ်ကြပါတယ်။
Australia guideline တချို့ကတော့ (6-12-18 ) ထိုးပါတယ်။

အဲ့တာမှ မရရင်တော့ Dx သေချာလားပြန်စဥ်းစားဖို့ရယ် verapamil inj ဆက်သွားဖို့ပါပဲ။



အောက်က ပုံမှာ OHEM 5th editမှာ SVTအကြောင်း ရေးထားတာလေးပါ။
OHEM 4th edit မှာနဲ့ ကွာပါတယ်။

Credit to Adrenaline in Adult Cardiac Arrest ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ပထမတော့ မရေးဘဲနေမလို့ပဲ။ ဒါပေမဲ့ ကိုယ့်...
13/12/2021

Credit to


Adrenaline in Adult Cardiac Arrest
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ပထမတော့ မရေးဘဲနေမလို့ပဲ။ ဒါပေမဲ့ ကိုယ့်junior တွေ စိတ်ထဲမှာ ကိုယ်တွေ emergency department တွေမှာ အမှားတွေလုပ်နေတယ် ထင်မှာစိုးလို့ရေးလိုက်တာပါ။
Adult cardiac arrest မှာ adrenaline ထိုးတဲ့အခါ ကျွန်တော်တို့ emergency medicine departmentတွေမှာ 1mg (1ml of 1:1000) no dilution ထိုးပါတယ်။နောက်ကနေပြီး IVI Fluid run ပါတယ်။ ROSC (Return of Spontaneous Circulation) တွေလည်းပြန်ရပါတယ်။ ROSC တင်မကပဲ နောက်ဆုံး D/C status အထိ အသက်ရှင်လျက်နဲ့ ဆေးရုံကဆင်းသွားတဲ့သူတွေလည်း အများကြီးပါ။
အဲ့ဒီမှာ တချို့ post တွေမှာ 1mg (1ml of 1:1000) အစား 1mg (10ml of 1:10000) ထိုးရမယ်လို့ ဆိုလာပါတယ်။dilution လုပ်ရမယ်ဆိုလာပါတယ်။
guideline တွေက 1:10000 လို့ဆိုတယ်ဆိုပြီး ရေးကြပါတယ်။
အဲတော့ စာတွေပြန်ရှာတော့ guideline တွေသွားတွေ့ပါတယ်။
AHA က 1mg ပဲရေးပါတယ်။ dilution ဘယ်လောက်ဆိုတာမပါပါဘူး။ ဒါပေမဲ့ UK resuscitation council ကထုတ်တဲ့စာအုပ်တွေမှာတော့ 1:10000 လို့ရေးတယ်။
နောက် US ဘက်ကလည်း တစ်ချို့ဆေးရုံတွေမှာ 1:1000 ပဲထိုးတယ်။ တစ်ချိုကလည်း 1:10000 ထိုးတယ်ပေါ့။
Australian Guidelines တွေကတော့ တူတူပဲလို့ဆိုပါတယ်။
Australian Resuscitaion council နဲ့ New Zealand Resuscitation council နှစ်ခုပေါင်းပြီး ထုတ်ထားတဲ့ ANZCOR Guideline 11.5 (medication in adult cardiac arrest ) မှာတော့ 1ml of 1:1000 or 10 ml of 1:10000 လို့ရေးထားပါတယ်။ {အောက်မှာlink ပေးထားပါတယ်}
အဲ့ဒါနဲ့ Australia က ကိုယ့်ဆရာမတစ်ယောက်ကို e mail ပို့ပြီးမေးတော့လည်း Australian guidelines တွေအရ သူတို့ဆေးရုံ emergency department မှာ 1mg (1ml of 1:1000)ပဲသုံးတာ 15 နှစ်ရှိပြီဆိုတာရယ်။နောက်က IV fluid လိုက်တဲ့အတွက် initial dilution ကအရေးမကြီးဘူးဆိုတာရယ်။emergency department ဖြစ်တဲ့အတွက် တခြား departmentတွေနဲ့မတူဘဲ large vein တွေမှာ cannula အကြီးထိုးဖို့ရယ်။early effective CPRနဲ့ early defib ကပိုအရေးကြီးတယ်ဆိုတာရယ်ကို ပြန်ဖြေပေးထားတယ်။
နောက်ဆုံး guideline နဲ့ပတ်သက်ရင် သတိရတာက ကိုယ်တွေလေးစားရတဲ့ ဆရာကြီးတစ်ယောက်ပြောတဲ့ guideline အကြောင်းပါ။ ဆရာကြီးက ဂိုက်လိုင်းဆိုတာ ဂိုဏ်းလိုက်တာ။ တဲ့။တသက်လုံးစွဲသွားတဲ့စကားပါ။
Guidelineဆိုတာ
တစ်နိုင်ငံနဲ့တစ်နိုင်ငံမတူသလို နိုင်ငံတူရင်တောင် တစ်နေရာနဲ့တစ်နေရာမတူနိုင်။ နေရာတူရင်တောင် တစ်ဆေးရုံနဲ့တစ်ဆေးရုံမတူနိုင်ဘူးလေ။ တစ်ဆေးရုံထဲဖြစ်ရင်တောင် ဌာနတစ်ခုချင်းဆီမှာ ရှိတဲ့ facility မတူတဲ့အတွက် ဌာနအလိုက်လည်း guideline ကွာနိုင်သေးတာပါပဲ။
အဲ့တော့ ကိုယ်ဘယ် ဂိုက်လိုင်း သုံးမလဲဆိုတာ ကိုယ်ဘယ်ဂိုဏ်းလိုက်မလဲဆိုတာ ကိုယ့်အတွေ့အကြုံ ကိုယ့်အခြေအနေအရပဲ စဉ်းစားရမယ်နဲ့တူပါတယ်။

အရေးကြီးဆုံးကတော့

` In evidence based medicine, the treatments with most evidence of benefit in cardiac arrest are early CPR and defibrillation. Adrenaline is important, but it has less evidence than good resuscitation practice in most adult cardiac arrest cases.´

ANZCOR Guideline 11.5 – Medications in Adult ... - the Australian Resuscitation Council

11/12/2021

credit to

hyperkalaemia . . . .

ကိုယ်တွေ emergency departmentတွေ မှာ နေ့တိုင်းတွေ့ရတဲ့ caseတွေထဲမှာ ဒင်းကလည်း နံပါတ် ၁ ထဲပါတယ်။

hyperkalaemia မလာတဲ့ နေ့မရှိသလောက်ပဲ။

6 mmol/L လောက်ကနေ 9mmol/L အကျော်ထိ တွေ့ရတတ်တယ်။

လာတဲ့ပုံကလည်း မျိုးစုံ။

ECG ကြည့်ပြီး Diagnose ရတာက တစ်မျိုး။
ECG changes မရှိလို့ K urgent မဖောက်လိုက်မိလို့ ကိုယ်တွေကို ပညာပေးသွားတာက တစ်ဖုံ။

hyper K နဲ့ပတ်သတ်လာရင် ငယ်ငယ်က သိသလို Tall and Tented T. small P. wide QRS . Sine wave လောက်နဲ့မရတော့။

ECG မှာ
3 'B' ဆိုရင်လည်း သတိထားလာရတယ်။
Bradycardia ရယ် block ရယ် Bizzare QRS ရယ်။

နောက်ပြီး Renal failure patient တွေ။ ဒင်းတို့က ECG မှာ ဘာChanges မှ မပေါ်ဘူး။ ပြီးမှ arrhythmia run တာ။ Cardiac arrestရပြီး correctable causeအတွက် ABG ဖောက်မှ HyperK တွေ့တာမျိုး။ ဒါကြောင့် Nephropathy Patientလိုမျိုးတွေ dyspnoea နဲ့လာတာရယ်။ Urine output ကျပြီဆိုရင် သတိသာထားပေတော့။ hyper K လွတ်သွားတတ်တယ်။urgent K ဖောက်ဖို့စဉ်းစားထားရတယ်။

အဲ့တာထက်ပိုဆိုးတာက Renal failure မှန်းမသိတဲ့patientတွေ။ COL Patientတွေ။ H & M နဲ့လာတယ်။ ပြီးတော့ Hepatorenal ဝင်နေတာ။ သွေးသွင်းရင် K ကတက်သေး။ ကိုယ်တွေ ခံရပေါင်းများလို့ သတိထားတတ်လာတယ်။

ပြီးတော့ Treatment . . .

ကိုယ်တွေ Emergency Medicine PG 1st yearတက်တဲ့ (2015) လောက်ကစပြီး hyper K အတွက် Calcium gluconate ထိုးတော့ 30 mlကို large vein ကထိုးကြတယ်။အဲ့အချိန်မှာ Calcium Gluconateကို 10 ml ပဲဘာလို့ မထိုးတာလဲဆိုတဲ့ မေးခွန်းကို ကိုယ်တွေ emergency departmentကို အမြဲမေးကြတယ်။
calcium chloride ဆိုရင်သာ 10 ml. gluconate ဆိုရင် သူ့ရဲ့ ၃ဆ 30 ml ထိုးရတယ်လို့ပြောခဲ့ကြ ဖြေခဲ့ကြတယ်။။

အခုထိတော်တော်များများက မေးနေတုံးမို့ ~~~
OHCM 10 th edition မှာ hyperK Treatmentအတွက် calcium gluconate 30 ml ဆိုတာ ပြောင်းရေးသွားပါပြီလို့။ ။ ။ (အောက်မှ 9th edit နဲ့ 10th edit ယှဉ်ပြထားပါတယ် ပြီးတော့ သူငယ်ချင်းတယောက်ရှာပေးထားတဲ့ UK resus council ရဲ့ Renal org. ထဲက flow chartလေးတစ်ခုလည်း shareလိုက်ပါတယ်။)

ဘာမှ မဟုတ်ဘူး ညက HS လေးတွေကို HyperK Treatment ပေးခိုင်းရင်း စာပြောပြလို့
Juniorတွေစိတ်ထဲ ကိုယ်တွေ EM က Treatment တွေက တမျိုးတွေပဲလို့ ထင်မှာစိုးလို့ . . . . . .

Safety ~~~~~~~တခါတလေ ကိုယ်တွေလူမျိုးက တခြားလူမျိုးတွေနဲ့ယှဥ်ရင် Safety နဲ့ပတ်သက်ရင် အင်မတန် အားနည်းသလားလို့။safety first...
09/12/2021

Safety
~~~~~~~

တခါတလေ ကိုယ်တွေလူမျိုးက တခြားလူမျိုးတွေနဲ့ယှဥ်ရင် Safety နဲ့ပတ်သက်ရင် အင်မတန် အားနည်းသလားလို့။

safety first ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာမှာလည်း လုပ်ငန်းခွင် ဦးထုပ်မဆောင်းတဲ့သူတွေ လုပ်ငန်းခွင် ကာကွယ်ရေး ဝတ်စုံမဝတ်တဲ့သူတွေ အများသား။

COVID ရောဂါတွေ မပြီးသေး ကူးစက်မှုတွေ ရှိနေသေးပေမဲ့ COVID ကာကွယ်ရေး အလေ့အထတွေ မလုပ်ကျတော့တဲ့သူတွေလည်း အများကြီးတွေ့နေရတာပဲ။

နောက်ပီး ပျော်ရွှင်စရာ အားတက်စရာတွေအတွက် သူများတွေ စိတ်တိုင်းကျစေဖို့ အတွက် ကိုယ့်ရဲ့ Safety first ဆိုတဲ့ principle ကို ရိုက်ချိုးလိုက်လို့ ထိခိုက်မှုတွေ အများကြီးဖြစ်သွားတဲ့ ဥပမာတွေလည်း အခုတလော အများကြီး တွေ့ရပြန်တယ်။

ဘယ်အလုပ်ကို မဆို လုပ်မယ်ဆိုရင် safety ကိုထိပ်ဆုံးထားစဥ်းစားပီး လုပ်ရမှာပါ။
ကျွန်တော်တို့ emergency မှာ safety နဲ့ ပတ်သက်ရင် ပြောလေ့ရှိတာက

3 'S' ပါ။

self safety
Scene safety
Survivor safety ပါ။

ထိပ်ဆုံးက self safety သည် ပထမ ဦးစားပေးပါ။
ကိုယ်တောင် မလုံခြုံဘဲ သူများကို လုံခြုံမှုပေးဖို့ မဖြစ်နိုင်ပါ။

လူနာအတွက် အရေးကြီးတဲ့ patient safety ကို စဥ်းစားရသလို
ကိုယ့်အတွက်အရေးကြီးတဲ့ self safety ကိုလည်း မမေ့သင့်ပါ။

လျှောက်ရမဲ့လမ်း အရှည်ကြီးမှာ self safety ကို မမေ့ဖို့ပါ,,,,,

PS ..အောက်ကပုံလေးက self safety နဲ့ပတ်သက်ပီး သဘောကျတာလေးပါ။ self safety မရှိရင် ဘာဆက်ဖြစ်မယ်ဆိုတာ ဆက်တွေးလို့ရတဲ့ ပုံလေးပေါ့။

Photo credit ပါ။

Dr Magnet's EM Cases

"Failure to preapre is prepare to failure""ပြင်ဆင်ရန် အားမထုတ်ခြင်းသည် ကျရှုံးရန် ပြင်ဆင်ခြင်းပင်ဖြစ်သည်။"အဲ့ဒီစကားက ကို...
27/09/2021

"Failure to preapre is prepare to failure"

"ပြင်ဆင်ရန် အားမထုတ်ခြင်းသည် ကျရှုံးရန် ပြင်ဆင်ခြင်းပင်ဖြစ်သည်။"

အဲ့ဒီစကားက ကိုယ်တွေ Emergency မှာ ခဏခဏ ပြောဖြစ်တဲ့စကား။ ဘယ်အရာမဆို ကြိုပြင်ထားမှ။အရေးပေါ်ဆိုတာ ဘယ်အချိန် ဘာဖြစ်မယ် ကြိုမသိနိုင်။အရေးပေါ်ဆိုတာ ဖြစ်လာတဲ့အချိန် အသင့်ဖြစ်နေဖို့လိုတယ်လေ။

အခုလို နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေ ကြေငြာထားတဲ့အချိန်မှာ အရေးပေါ်အခြေအနေမှာလိုအပ်တဲ့ ပစ္စည်းတွေ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြဖို့ ဝန်ကြီးဌာနတွေက social media တွေကနေ အကြီးအကျယ် အသိပေး သတိပေးကြတယ်။

တကယ်တန်းကျတော့ နယ်ဘက်တွေတော့မသိ ကိုယ်တွေ မြို့ကြီးပြကြီးမှာ မြင်သလောက်ကတော့ နိုင်ငံတဝန်း အရေးပေါ်အခြေအနေ ကြေငြာတဲ့နေ့က city martမှာ တန်းစီပီး စားစရာဝယ်တာလောက်ပဲ လုပ်ကြပီး အရေးပေါ်ပစ္စည်းတွေ ပြင်တဲ့သူဆိုတာနည်းပါတယ်။

အဲ့ထဲမှာ
အရေးပေါ်ဆေးအိတ်ပြင်တဲ့သူဆို ပိုတောင်နည်းတာပေါ့။
တချို့ ဆေးပညာအသိုင်းအဝိုင်းက ဆရာဝန်တွေ သူနာပြုတွေတောင် ထိခိုက်ဒဏ်ရာ အရေးပေါ်caseတွေအတွက် ပြင်မှမပြင်ကြတာ။
တချို့ကျတော့လည်း ပြင်တော့ပြင်ပါတယ်။အရေးပေါ်ထိခိုက်ဒဏ်ရာလူနာတွေအတွက် အရေးပေါ်ဆေးအိတ်ထဲ ဘာထည့်ရင်ကောင်းမလဲ စဥ်းစားရခက်နေတဲ့သူတွေ အများကြီး။

အရေးပေါ်ဆေးအိတ်ဆိုတာကလည်း ရှိသမျှပစ္စည်း အကုန်ထည့်သွားလို့ရတဲ့အရာလည်း မဟုတ်။ပစ္စည်းတော့စုံပါရဲ့ လူ၂ယောက်မနည်း မ နေရရင်လည်း မဟုတ်သေးဘူး။ကိုယ်လုပ်နိုင်တဲ့အရာကို ကိုယ့်ဆေးအိတ်ထဲ ကျစ်ကျစ်လစ်လစ် ထည့်ထားမှ အရေးပေါ်ကိစ္စမှာ ပြေးနိုင်သယ်နိုင် လုပ်နိုင်မှာလေ။

အဲ့တော့ ကိုယ်တွေ medical field ကသူတွေအတွက် အရေးပေါ်ဆေးအိတ်လေးပြင်ထားဖို့ တကယ်လို့ ကိုယ်တွေဘေးမှာတခုခုဖြစ်လာလို့ ဒါမှမဟုတ် ကိုယ့်ဆွေမျိုးတွေ တခုခုဖြစ်ခဲ့ရင် အဆင်သင့်ရှိနေဖို့ ထိခိုက်ဒဏ်ရာတွေအတွက် emergency trauma kit တစ်ခုထဲ ဘာတွေထည့်ထားရင် ကျစ်ကျစ်လစ်လစ်နဲ့ အဆင်ပြေပြေ လုပ်နိုင်မလဲကို စဥ်းစားပြီးပြောကြည့်တာပါ။

အချိန်ရတုံး prepare လုပ်ထားရင် တကယ်ဖြစ်လာတဲ့အခါ အဆင်သင့်ဖြစ်တာပေါ့။
failure to prepare is prepare to failure မဖြစ်တော့ဘူးပေါ့။

အများပြည်သူတွေအတွက် ပြင်ရမဲ့ဆေးအိတ်ကတော့ ပြောတဲ့သူတွေ ရှိပြီးသားမို့ ကိုယ်တွေ ဆေးလောကသားတွေအတွက်ပဲ ကျစ်ကျစ်လစ်လစ်နဲ့ emergency trauma kit လေးတခုမှာ ပါသင့်တာလေးတွေ ပြောကြည့်တာပေါ့။

ပထမဆုံးကတော့ အိတ်ပေါ့။
အိတ်ဆိုရင်ကိုယ်တွေကတော့ကျောပိုးအိတ်ကို အကြိုက်ဆုံးပဲ။အိတ်ကိုသယ်ပီး ပြေးတဲ့အချိန် လက်၂ဖက်လွတ်နေတာအကောင်းဆုံးပဲ။အဲ့လိုကျောပိုးအိတ်အဆင်မပြေလည်း လွယ်လို့ရတဲ့အိတ်ပေါ့။

အိတ်ရပီဆိုရင်တော့ အိတ်ထဲကိုကျစ်ကျစ်လစ်လစ်နဲ့ ပစ္စည်းတွေထည့်ကြတာပေါ့။

အကြမ်းမျဥ်း listကတော့

1.Surgical face mask
2.Apron
3.Exam glove
4.Surgical glove
5.ကပ်ကြေး
6.permanent marker
7.Torch light
8.သုံးမြောင့်ပတ်တီး (ကြက်ခြေနီ ပတ်တီး)
9.cotton
10.Sterile gauze
11.betadine
12.Methylated sprit
13.Tegaderm
14.Cannula ပန်းရောင် အစိမ်းရောင်
15.Normal saline
16.blood set (compactဖြစ်ဖို့ drip set ထပ်မထည့်တာပိုအဆင်ပြေပါတယ်။trauma ဖြစ်တဲ့အတွက်နောက်ပိုင်း သွေးလိုခဲ့ရင် blood set ဆိုတော့ တခါတည်းအဆင်ပြေတယ်။)
17. 5 cc syringe (3 ccလိုခဲ့ရင်လည်း 5ccပဲသုံးပေါ့)
18. 10 cc syringe
19.Paper tape.
20.Pore plaster
21.OP airway (နီ /ဝါ/စိမ်း)
22.torniquet
23.Injection antibiotic (ceftriaxone &metro လောက်ပေါ့)
24.Injection analgesia(opioid prefer ပါ။မရခဲ့ရင်တော့ ketorolac ပေါ့ )
25.injection azeptil (trauma မှာ အရေးကြီးပါတယ်။)
26.Injection ATT
27.Silverderm cream
28.Oral antibiotics
29.Oral diclofenac
30. 4" bandage (အသေးလိုချင်ရင် ကပ်ကြေးနဲ့ဖြတ်ပီး အကြီးလိုချင်ရင် ၂ထပ်သုံးပေါ့။)
31. 4" Elastic bandage
32. Surturing materials
(Suture 2/0 Silk/nylon
Needle holder
non tooth forcep
Scissor
Artery forcep
Lignocaine )

ပစ္စည်းတမျိုးကို ဘယ်နှစ်ခုထည့်မလဲကတော့ Individualize ပါပဲ။ ကိုယ်အဆင်ပြေနိုင်တဲ့ပမာဏ ကိုယ်သယ်နိုင်တဲ့ပမာဏ ကိုဟ့်အိတ်ဆန့်နိုင်တဲ့ ပမာဏကို စဥ်းစားပီးထည့်ပေါ့။

ဒီလောက်ဆိုရင် တကယ့်အရေးပေါ်အခြေအနေမှာ ကိုယ့်ဘေး ထိခိုက်ဒဏ်ရာရသူတွေရှိခဲ့ရင် medical person တယောက်အနေနဲ့ လိုအပ်တဲ့ life saving treament တွေပေးလိုက်နိုင်မှာပါ။ မလိုလားအပ်တဲ့ preventable trauma death တွေလျှော့ချနိုင်ပါလိမ့်မယ်။

P.S (အဲ့ဒီအပေါ်ကပြောတဲ့ ဆေးပစ္စည်းတဲ့တွေနဲ့ပဲ တကယ့် Field ထဲမှာ emergency life saving treatment ပေးပီး နီးစပ်ရာ ဆေးရုံ ဆေးခန်းပို့ပေးပီး ကယ်နိုင်ခဲ့တဲ့ အသက်တွေ ရှိပါတယ်။

specialist တွေကတော့ fieldထဲမှာ ကိုယ်လုပ်နိုင်တဲ့အဆင့်ပေါ်မူတည်ပီး ပိုထည့်ပေါ့လေ။)

ဘာပဲဖြစ်ဖြစ် ပြင်ဆင်ထားတဲ့အတွက်
failure to prepare is preapre to failure မဖြစ်တော့ဘူးပေါ့လေ။

Dr Magnet's EM Cases.

15/09/2021

ကိုယ်တွေက ၂၀၁၅ မတိုင်ခင် မြန်မာပြည်ရဲ့ အကြီးဆုံးဆေးရုံကြီးမှာ AS ဖြစ်တော့ အခုလို မိုးတွင်းကြီးမှာ ကိုယ်တွေ EMO အဖြစ် တာဝန်ကျတယ်။

အဲ့တုံးက Emergency Medical Officer(EMO) ဘဝ အမှတ်တရတခုက ,,,,

မိုးတွေ အရမ်းရွာတဲ့ Night Duty တခုမှာ ဒိုင်နာလိုင်းကားမှောက်လို့ Trauma case ၁၅ယောက်လောက် တပြိုင်တည်း ညကြီးမိုးချုပ်ရောက်လာဖူးတယ်။

အဲ့တုံးက လူနာတွေကိုခေါ်လာတာလည်း အခုလို ambulance တွေဘာတွေနဲ့ မဟုတ်ပါဘူး။တွေ့တဲ့ လူက တွေ့သလို သယ်လို့ရတဲ့ကားနဲ့ တင်လာတာ။

အဲ့တုံးက EMO ဆိုတဲ့ ကိုယ်တွေကလည်း လူအများထိခိုက်ဒဏ်ရာရရင် လုပ်ရတဲ့ MCI management ဆိုတာလည်း သိမှမသိတာ။ မသိဘူးဆိုတာထက် ကြားတောင်မကြားဖူးပါဘူး။မကြားဖူးဘူးဆို ဆေးကျောင်းတောက်လျောက် သင်မှ မသင်ရတာ။

အဲ့လိုနဲ့ သွေးအလိမ်းလိမ်းနဲ့ မိုးတွေ စိုရွှဲနေတဲ့ လူနာ ၁၅ယောက်ကို HS ၂ယောက် ဆရာမ ၂ယောက် အကူအညီနဲ့ စမ်းသပ်ကြည့်လိုက်တော့ ၃ယောက်လောက်က BD တွေ။ ကျန်တဲ့ထဲမှာလည်း သတိမရတဲ့သူတွေရော အော်ဟစ်နေတဲ့ သူတွေရော။တော်တော်များများက Severe Trauma Patient တွေ။အဲ့တာနဲ့ တချို့လူနာတွေကို လုပ်လို့ရတဲ့ cannulaထိုးတာ line ထည့်တာရယ် ပတ်တီးစည်းတာရယ်ကို ဆရာမတယောက်ရယ် HS လေး၂ယောက်ရယ်နဲ့လုပ် ပီးတော့ ကိုယ်တွေကတော့ မှုခင်းစာအုပ်တအုပ်ပိုက်ပီး တွေ့သမျှ ဒဏ်ရာတွေ လိုက်မှတ်နဲ့ တယောက်တည်း ဟိုပြေးဒီပြေးပဲ။ ပီးတာနဲ့ ရိုက်ရမဲ့ X Ray series တွေ imaging form မှာရေးပီး X ray သွားရိုက်ခိုင်း။

နောက် ၁နာရီလောက်ကြာတော့ X ray ရိုက်ပီးတဲ့ သူတွေပြန်လာပီ ။ အဲ့ဒိမှာ နောက်ထပ် ၃ယောက်လောက်က A&D တွေ ထပ်ဖြစ်သွားတယ်။

ကျန်တဲ့သူတွေကို Ortho show နဲ့ surgeon show ဆိုပီး X ray တထပ်ကြီးနဲ့ ortho နဲ့ surgical ဆီပို့။ ကိုဟ်တွေကတော့ မှုခင်းစာအုပ်ကြီးထဲ ဒဏ်ရာတွေ X ray opnion တွေရေးပေါ့။ပီးတော့ ထူးခြားဖြစ်စဥ် report တခုပါရေးပေါ့။

အဲ့ ခနနေတော့ surgical က ph ဆက်တယ် A&D တယောက် ပြန်လာမယ်တဲ့။ OKပေါ့။ မှုခင်းစာအုပ်ထဲ A&D ပြောင်းရေးပေါ့။

အဲ့လိုနဲ့ပဲ
ရဲတွေလာကြည့်တာရယ် သတင်းကြားလို့ လိုက်လာတဲ့ လူနာရှင်တွေနဲ့ မှုခင်းကိစ္စတွေ ပြော။ တချို့တွေလူနာတွေadmission တင် ၁ယောက်၂ယောက်လောက်ကိုတော့ ဆေးပေးပီး ပြန်လွှတ်နဲ့ ဘာမှန်းသေချာမသိဘဲ night duty တခုပီးသွားရော။

အခုနေပြန်စဥ်းစားတော့ အဲ့အချိန်က
လူအများထိခိုက်ဒဏ်ရာရရင် လုပ်ရမဲ့
Mass Casualty Incident (MCI) Management ရဲ့ principles တွေဖြစ်တဲ့ CSCATTT (ကိုယ်တွေကတော့ အလွယ် ဆီ စကပ် လို့ ခေါ်တယ်) ကို ကိုယ်တွေတခုမှ သေချာမလုပ်ဖြစ်လိုက်ဘူး ဆိုတာပါပဲ။

CSCATTT ဆိုတာက

C - Command & Control
S- Safety
C - Communication
A- Assess
T- Triage
T-Treatment
T- Transport ပါ။

ဘာရယ်မဟုတ်ပါဘူး
အခုလို နိုင်ငံတဝန်းလုံး အရေးပေါ်အခြေအနေသတ်မှတ်ထားတဲ့အချိန်မှာ MCI Management ရဲ့ key principles တွေက သုံးတတ်ရင် အကျိုးရှိမယ်လို့ ထင်တာပါပဲ။

နောက်ပီး MCI Management ဆိုတာကလည်း တဦးတယောက်တည်း တသင်းတဖွဲ့တည်း လုပ်လို့ရတဲ့အရာမဟုတ်သလို လူတွေအများကြီး အဖွဲ့အစည်းတွေအများကြီးနဲ့ ဆောင်ရွက်ရင်လည်း စနစ်တကျတည်ဆောက်ထားတဲ့ စနစ်မရှိရင် ပရမ်းပတာတွေဖြစ်ပြီး အောင်မြင်မှာ မဟုတ်ပြန်ဘူး။

အဲ့တော့ ဘာပဲဖြစ်ဖြစ် MCI Management ရဲ့ key principles တွေအကြောင်း ဒီPage လေးမှာ ဆက်ဆွေးနွေးကြည့်ကြတာပေါ့လေ။ ။ ။

13/09/2021

ဘာရယ်မဟုတ်ဘူး....

အခုတလော ကိုယ်တွေခေါင်းထဲ ပေါ်ပေါ်နေတဲ့ စကားတခွန်းကြောင့် ဒီPage လေးလုပ်ဖြစ်တာ။

""Endangered Species"" တဲ့

လွန်ခဲ့တဲ့ ၃နှစ်လောက်က ဒီလိုကာလလေးမှာ

Japanမှာ emergency physician လည်း ဖြစ်တဲ့အပြင် trauma surgeon လည်း ဖြစ်တဲ့ japanဆရာတယောက်က

သူတို့ Japan ပြည်မှာ trauma surgeon တွေက endangered species တွေတဲ့။

သူတို့က မျိုးတုံးပျောက်ကွယ်တော့မှာတဲ့။

ဘာလို့လဲဆိုတော့

သူတို့ Japan ပြည်မှာ ထိခိုက်ဒဏ်ရာရတဲ့သူတွေက အရမ်းရှားသွားလို့တဲ့။
သူတို့ဆီမှာ အရင်က trauma caseတွေများတယ်။
ဒါပေမဲ့ အဲ့ဒီ ထိခိုက်ဒဏ်ရာcase တွေကို နည်းဖို့အတွက် သူတို့ japan အစိုးရက prevention တွေအများကြီး လုပ်ခဲ့တယ်။

trauma prevention ရဲ့ အဓိက Key facts တွေဖြစ်တဲ့

3 "E"ကို သူတို့လုပ်ခဲ့တယ်။

Engineering

ဒါကတော့ japanလို နည်းပညာမြင့်တဲ့ နိုင်ငံအတွက် သူတို့နိုင်ငံမှာ မောင်းနှင်နေတဲ့ ယာဥ်တွေအားလုံးကို ထိခိုက်ဒဏ်ရာရမှုတွေ accidentတွေမဖြစ်အောင် safe ဖြစ်အောင် engineering နည်းပညာကို အကောင်းဆုံးလုပ်ခဲ့တယ်။

Education

သူတို့နိုင်ငံမှာ Injury prevention အတွက် road safety education တွေ တခြား injury နဲ့ပတ်သက်တဲ့ education တွေ alcohol နဲ့ပတ်သက်တဲ့ education တွေကို ငယ်ငယ်တည်းက သေချာရိုက်သွင်းပေးနိုင်ခဲ့တယ်။

Enforcement

နောက်ဆုံးတခုက Law Enforcement ။ သူတို့ဆီမှာ accident တွေမဖြစ်အောင် ယာဥ်စည်းကမ်း လမ်းစည်းကမ်းနဲ့ပတ်သက်ရင် ပြင်းပြင်းထန်ထန်ကို law နဲ့တားထားတယ်။
အဲ့ထဲကalcoholနဲ့ပတ်သက်တာဆိုရင် law 3ခါလောက်ထွက်ထားတယ်။
နောက်ဆုံးalcohol နဲ့ပတ်သက်တဲ့law ဆိုရင် အရက်သောက်ထားတဲ့လူမောင်းတဲ့ကားကို လိုက်စီးရင် ကိုယ်က အရက်မသောက်ထားလည်းပဲ အရက်သောက်ထားတဲ့သူမောင်းတဲ့ကားကို စီးတဲ့အတွက် အရေးယူခံရတယ်။

အဲ့တော့
injury prevention အရမ်းကောင်းတဲ့အတွက် trauma related case တွေနည်းသွားတယ်။
နောက်တခုက japan က စစ်ပွဲတွေမရှိ အကြမ်းဖက်မှုတွေ နည်းတဲ့နိုင်ငံ ဖြစ်တော့ trauma case တွေရှားလာတယ်။
trauma case တွေရှားလာတော့ သူတို့နိုင်ငံမှာ trauma surgeon တွေအလုပ်မရှိဖြစ်လာရင်း trauma surgeon တွေက case တွေ ကုရဖို့ သူများနိုင်ငံတွေသွားပီး လေ့လာရတဲ့အဖြစ်ရောက်ကုန်တယ်တဲ့။

အဲ့လိုနဲ့ သူတို့ Japan မှာ trauma surgeon တွေက endangered species တွေ ဖြစ်လာတယ်တဲ့။

အဲ့တုံးကတော့ အတွေးတမျိုးနဲ့ နားထောင်ခဲ့ပေမဲ့ လက်ရှိအခြေအနေအရ အဲ့အတွေး အကြောင်း မပြောလိုတော့ပါဘူး။

အခုတလော အဲ့ဒီ endangered species နဲ့ပတ်သက်တဲ့ အတွေးကတော့

ငါတို့သာ ဒီအာဏာရှင်အုပ်ချုပ်မှုအောက် ဆက်ကျင်လည်နေရမယ်ဆိုရင် အာဏာရှင်ခိုင်းသမျှ လက်ညှိုးထောင် ခေါင်းညှိမ့်လုပ်မဲ့ ပညာတတ်လူတန်းစား (ဆရာဦးခင်မောင်လွင်ပြောတဲ့ ပညာတတ် အောက်တန်းစား)တချို့ရဲ့ ခေါင်းဆောင်မှုအောက် အလုပ်လုပ်ရမယ်ဆိုရင် ဒီခေတ်ဆိုးစနစ်ဆိုးကြီးထဲ ဆက်လက် အသားကျနေထိုင်ရမယ်ဆိုရင်

ငါတို့ရဲ့ ဘယ် professional တွေ ဘယ် specialityတွေက မျိုးတုံးပျောက်ကွဟ်သွားတော့မလဲ ဆိုတာပါပဲ။ ။ ။

ဒီpage မှာ Emergency Medicine ရဲ့ စိတ်ဝင်စားစရာ case လေးတွေကို ဖတ်လို့ရပါမယ်။ ဆွေးနွေးလို့ရပါမယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr Magnet's EM Cases posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram