Soe Lin Tun Professional Hypnotist - MPHA

Soe Lin Tun Professional Hypnotist - MPHA Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Soe Lin Tun Professional Hypnotist - MPHA, Yangon.

Founder & President of Myanmar Professional Hypnotists Alliance (MPHA)

Certified Hypnotherapy & NLP Trainer, Certified Master Hypnotherapist & Time Line Therapist, Master Coach (American Board of Hypnotherapy & NLP, The Time Line Therapy Association,)

👨‍🎓-Advanced Hypnosis သင်တန်းဆိုတာဘာလဲ?👨‍🎓-ဘာတွေရလာမှာလဲ?Advanced Hypnosis သင်တန်းက Hypnosis ကို အခြေခံကြားဖူးနားဝ ရှိပြ...
25/03/2026

👨‍🎓-Advanced Hypnosis သင်တန်းဆိုတာဘာလဲ?
👨‍🎓-ဘာတွေရလာမှာလဲ?

Advanced Hypnosis သင်တန်းက Hypnosis ကို အခြေခံကြားဖူးနားဝ ရှိပြီးထားသူများနှင့် အခြေခံ Hypnosis သင်တန်းတက်ရောက်ပြီးထားသူများအား စနစ်တကျ စာတွေ့လက်တွေ့သင်ကြးပေးပြီး လက်တွေ့အခြားလူတစ်ဦးအား ညှို့တက်လာအောင် သင်ပေးတဲ့ သင်တန်းဖြစ်ပါတယ်။

👨‍🏫ဒီသင်တန်းထဲမှာ ဒါတွေသင်မှာဖြစ်ပါတယ်

-စိတ်ညှို့နည်းများနှင့် နောက်ကွယ်ကလူတွေမသိသေးတဲ့အချက်များ
-မသိစိတ်ကိုရောက်အောင် ဆက်သွယ်ပြောဆိုပုံများ
-စိတ်ညှို့စမ်းသပ်ပုံများ
-အိပ်မွေ့ကျမှု အဆင့်ဆင့်နှင့် စိတ်ညှို့မည့်သူများအနေဖြင့် ဆောင်ရန်ရှောင်ရန်နှင့် လုပ်ရမည့်အချက်များ
-ကိုယ့်ဘက်ပါအောင် စကားပြောနည်းများ
-Timeline Therapy ကုထုံးများ စသည်တို့ကို အသေးစိတ်သင်မှာဖြစ်ပါတယ်။

👨‍🎓ဒီသင်တန်းပြီးတာနဲ့ သင်ဟာ
-Hypnosis ကိုပိုပြီးနက်နက်နဲနဲ သိရှိလာမယ်
-လူနှင့် မသိစိတိသဘောသဘာဝတွေကို နက်နက်နဲနဲ သိရှိနားလည်လာလိမ့်မယ်
-မိမိကိုယ်ကို Hypnosis ပညာရပ်ဖြင့် လိုအပ်သလို ပြုပြင်လာနိုင်လိမ့်မယ်
-အခြားသူများအား Hypnotize ပြုလုပ်လာနိုင်ပါလိမ့်မယ်
-Timeline Therapy နဲ့ လူတွေရဲ့ဘဝတွေကို ကူညီပေးလာနိုင်မှာ ဖြစ်ပါတယ်။

🎯သင်တန်းထဲတွင်း Hypnosis နှင့်ပက်သက်ပြီး လိုအပ်တဲ့
-သင်ရိုး
-Scripts များ
-လက်တွေ့သရုပ်ပြထားသော Videosများ
-မှီငြမ်းစာအုပ်များနှင့်
-ထပ်မံလေ့လာသင့်သော စာအုပ်များကို
ရရှိမှာဖြစ်တဲ့အတွက် စာတွေ့လက်တွေ့ စနစ်တကျ တက်ကျွမ်းလာကာ မိမိနှင့်အများကို ကူညီဖို့အတွက် အဆင်သင့်ဖြစ်လာပါလိမ့်မယ်။

🧑‍💻ဘယ်သူတွေတက်သင့်သလဲ?

-မိမိဘဝကို မသိစိတ်အကူအညီဖြင့် တည်ဆောက်လိုသူများ
-Online ကနေ လေ့လာလိုသူများ (Recording ပြန်ပေးပါမည်)
-အများသူငှါအား Online ကနေ ကူညီပေးခြင်းဖြင့် Career တစ်ခုကို တည်ဆောက်လိုသူများ
-စိတ်ပိုင်းဆိုင်ရာများကို စနစ်တကျ သိရှိလိုသူများ/ ပြုပြင်လိုသူများ
-လူအများကို ဦးစီးဦးဆောင်လုပ်နေသူများ
-လူအများကို ပြုပြင်ပြောင်းလဲပေးလိုသူများ တက်ရောက်သင့်ပါတယ်။

🎯သင်တန်းဖွင့်မည့်ရက် - ၂၀.၄.၂၀၂၆ (တနင်္လာနေ့) (အပတ်စဉ် Monday, Wednesday & Friday)
⏰သင်တန်းအချိန် - မြန်မာစံတော်ချိန် ည ၇:၃၀မှ ၁၀:၃၀ အထိ
⏱️သင်တန်းချိန်စုစုပေါင်း - ၂၄ နာရီ သင်ရိုး
💵သင်တန်းကြေး - ၂၅၀,၀၀၀ ကျပ်အသား
✅ပထမဆုံး (၅)ဦးအတွက် - ၁၅,၀၀၀၀ ကျပ်
Bonus အနေဖြင့် Inner Influence (16- Hours Recording Class) ကို အခမဲ့ လက်ဆောင်ပေးပါမည်။

သင်ကြားမျှဝေမည့်ပုဂ္ဂိုလ်
Soe Lin Tun
Professional Hypnotist
Hypnotherapy Trainer (ABH)
NLP Trainer (ABNLP)
Master Hypnotherapist (ABH)
Master Timeline Therapist (TLTA)
Master Coach (ABNLP)
Professional Business Coach (PBCA)

လာမယ့် စနေနေ့ ညမှာ ပြုလုပ်ပါမည်။ ThinkingLab Myanmar ကနေစီစဉ်တာဖြစ်လို့ အသက်အရွယ်အပိုင်းအခြားရှိသလို စာရင်းသွင်းလိုပါက မ...
25/03/2026

လာမယ့် စနေနေ့ ညမှာ ပြုလုပ်ပါမည်။ ThinkingLab Myanmar ကနေစီစဉ်တာဖြစ်လို့ အသက်အရွယ်အပိုင်းအခြားရှိသလို စာရင်းသွင်းလိုပါက မူရင်းPageမှာ စာရင်းသွင်းနိုင်ပါသည်။

လူငယ်တွေနဲ့တွေ့လိုပါသည် …

"ကိုယ့်စိတ်ကို ကိုယ်တိုင် ပြန်လည်ထိန်းကျောင်းတတ်ဖို့ — Modern Hypnosis" 🧠✨
"စိတ်ဖိစီးတာတွေ၊ အာရုံမစိုက်နိုင်တာတွေနဲ့ စိတ်ပင်ပန်းနေတဲ့အခါ ကိုယ့်စိတ်ကို ကိုယ်တိုင် ဘယ်လိုပြန်ပြီး Control လုပ်ရမလဲ?"
ဒီမေးခွန်းအတွက် အဖြေကို လာမယ့် မတ်လ ၂၈ ရက်နေ့မှာ ဆရာ စိုးလင်းထွန်း က မျှဝေပေးသွားမှာပါ။ ဆရာက Myanmar Professional Hypnotists Association (MPHA) ရဲ့ တည်ထောင်သူနဲ့ ဥက္ကဌ ဖြစ်သလို၊ နိုင်ငံတကာအသိအမှတ်ပြု ABH Hypnotherapy Trainer နဲ့ NLP Trainer တစ်ယောက်လည်း ဖြစ်ပါတယ်။
ဒီ Session မှာ ဆရာက ဘာတွေအဓိကပြောပြမှာလဲဆိုတော့ -
Hypnosis ရဲ့ အမှန်တရား: လူအများ အထင်မှားနေတဲ့ "စိတ်ညှို့ပညာ" အကြောင်းကို သိပ္ပံနည်းကျ မှန်ကန်စွာ နားလည်အောင် ရှင်းပြပေးမှာပါ။
Self Hypnosis: တစ်ပါးသူရဲ့ ကူညီမှုမလိုဘဲ မိမိရဲ့စိတ်ကို မိမိကိုယ်တိုင် ပြန်လည်ပြုပြင်ပြီး အကောင်းမြင်စိတ်နဲ့ အာရုံစူးစိုက်မှုကောင်းအောင် ဘယ်လိုလေ့ကျင့်ရမလဲဆိုတာ သင်ပေးမှာပါ။
ကိုယ့်ကိုယ်ကိုယ် ပြုပြင်နည်း: စိတ်ဖိစီးမှုတွေကို လျှော့ချပြီး ဘဝမှာ ပိုမိုတက်ကြွတဲ့ လူငယ်တစ်ယောက်ဖြစ်လာဖို့ လက်တွေ့ကျတဲ့ နည်းလမ်းကောင်းတွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
မှော်ဆန်တဲ့အရာမျိုးမဟုတ်ဘဲ ကိုယ့်ရဲ့ ဦးနှောက်နဲ့ စိတ်အလုပ်လုပ်ပုံကို နားလည်ပြီး ကိုယ့်ကိုယ်ကိုယ် အကောင်းဆုံး Version ဖြစ်အောင် ပြုပြင်ချင်တဲ့ လူငယ်တွေအတွက်တော့ ဒီ Session က မတက်မဖြစ်ပါပဲ။
🗓️ Date: Saturday, March 28, 2026
⌚ Time: 07:00 PM
💰 Fees: 100% Scholarship (ပညာဒါန)
တက်ရောက်ရန် (Telegram Link): https://t.me/+lNbPhg4KgUJmZjM1
အသက်ကန့်သက်ချက်အနေနဲ့ကတော့ အသက် ၃၀ အောက်ဖြစ်ရမယ်။ အသက် ၁၅ နှစ်နှင့်အထက်ဖြစ်ရပါမယ်။

လေးစားစွာဖြင့်,
ThinkingLab Myanmar

✈️ နိုင်ငံရပ်ခြားမှာ "ရှင်သန်ဖို့" ဆိုတာ ပတ်စ်ပို့တစ်ခု၊ လေယာဉ်လက်မှတ်တစ်စောင် ရှိရုံနဲ့ မလုံလောက်ပါဘူး။ပြည်ပကို ထွက်လာက...
15/03/2026

✈️ နိုင်ငံရပ်ခြားမှာ "ရှင်သန်ဖို့" ဆိုတာ ပတ်စ်ပို့တစ်ခု၊ လေယာဉ်လက်မှတ်တစ်စောင် ရှိရုံနဲ့ မလုံလောက်ပါဘူး။

ပြည်ပကို ထွက်လာကြတဲ့ မြန်မာလူငယ်တွေ တော်တော်များများဟာ အိမ်ရဲ့ အရိပ်အောက်ကနေ ရုတ်တရက် "လူကြီးဘဝ (Adulthood)" ကို အကာအကွယ်မဲ့ ကူးပြောင်းလိုက်ရသလိုပါပဲ။ အိမ်လွမ်းတဲ့စိတ်၊ အထီးကျန်တဲ့စိတ်တွေ ကြားထဲမှာ ရုန်းကန်ရတဲ့အပြင် လောကဓံနဲ့ တကယ်တမ်း လက်တွေ့ကြုံလာရတဲ့အခါ ထင်ထားသလို ပန်းခင်းသောလမ်း ဖြစ်မနေတတ်ပါဘူး။

ဒါကြောင့် ပြည်ပကို ထွက်လာတော့မယ့်၊ လက်ရှိ ရောက်နေတဲ့ ညီအစ်ကို မောင်နှမတွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်အောင် ကိုယ်တွေ့အဖြစ်အပျက်တွေကို အခြေခံပြီး လက်တွေ့အကျဆုံး နည်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အခြေခံ လူမှုဘဝကျွမ်းကျင်မှု (Life Skills) နဲ့ ကိုယ့်တာဝန်ကိုယ်ယူခြင်း
အိမ်မှာတုန်းကတော့ ထမင်းစားပြီး ပန်းကန်လေး ပစ်ထားခဲ့လို့ရပေမယ့် ဒီမှာက ကိုယ့်ပန်းကန် ကိုယ်ဆေးရပါမယ်။ ထမင်းဟင်းချက်တာ၊ ကိုယ့်အဝတ် ကိုယ်လျှော်တာ၊ ရေသယ်/ရေဖြည့်တာ၊ အခန်းသန့်ရှင်းရေးလုပ်တာကအစ အကုန် ကိုယ်တိုင် နိုင်နင်းနေမှ ရပါမယ်။ "ငါကတော့ ဒါတွေ မလုပ်တတ်ဘူး၊ မလုပ်ဖူးဘူး" ဆိုတဲ့ ဆင်ခြေက ဒီမှာ သုံးလို့မရပါဘူး။
ကိုယ့်အမှိုက် ကိုယ်ရှင်းတတ်တာ၊ ကိုယ့်တာဝန်ကိုယ်ယူ (Take Accountability) တတ်တဲ့ အကျင့်ဟာ နိုင်ငံရပ်ခြားမှာ အောင်မြင်ဖို့နဲ့ အများတကာ(သို့မဟုတ်) အခန်းဖော်တွေနဲ့ ပေါင်းသင်းနေထိုင်တတ်ဖို့ ပထမဆုံးနဲ့ အရေးကြီးဆုံး ခြေလှမ်းပါပဲ။

၂။ ဝင်ငွေမရှာနိုင်ခင် တောင့်ခံခြင်းနဲ့ စိတ်မလေလွင့်ခြင်း
ရောက်ရောက်ချင်း ကိုယ်လိုချင်တဲ့ အလုပ်ရဖို့ဆိုတာ အင်မတန် ရှားပါတယ်။ ဒီလို အချိန်မှာ အရေးကြီးဆုံးက "အသုံးစရိတ် လျှော့ချခြင်း (Frugality)" ပါပဲ။ ဝင်ငွေမရှိသေးဘဲ အထာကျကျ နေချင်တာ၊ မလိုအပ်ဘဲ အပြင်ထွက်လည်တာ၊ အပေါင်းအသင်းတွေနဲ့ သောက်စားတာတွေကို တင်းတင်းကျပ်ကျပ် ရှောင်ပါ။
ဒီအချိန်မှာ စိတ်လေပြီး အချိန်ဖြုန်းနေမယ့်အစား ကိုယ့်ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ "အလုပ်ရဖို့၊ ဝင်ငွေလမ်းကြောင်းရှာဖို့" ကိုပဲ ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ပါ။ အလုပ်ရှာတဲ့ Group တွေဝင်ကြည့်မယ်၊ Skill အသစ်တွေ လေ့လာမယ်၊ အင်တာဗျူးအတွက် ပြင်ဆင်မယ် စသဖြင့် ဇွဲမလျှော့ဘဲ နေ့စဉ် ကြိုးစားနေဖို့ လိုပါတယ်။

၃။ လမ်းမှားမရောက်ဖို့နဲ့ သိက္ခာရှိရှိ ရပ်တည်ဖို့
အလုပ်ရှာရခက်လာတဲ့အခါ၊ ပိုက်ဆံပြတ်လာတဲ့အခါ စိတ်ဓာတ်ကျပြီး အလွယ်လမ်း လိုက်ချင်စိတ်တွေ ဝင်လာတတ်ပါတယ်။ ဒါဟာ အန္တရာယ်အများဆုံး အချိန်ပါပဲ။
လောင်းကစားလုပ်တာ၊ မဟုတ်မမှန်တဲ့ နည်းလမ်းတွေနဲ့ ငွေရှာတာ၊ မကောင်းတဲ့ အသိုင်းအဝိုင်းထဲ ရောက်သွားတာမျိုးတွေဟာ ခဏတာ အဆင်ပြေသလို ထင်ရပေမယ့် ကိုယ့်ရဲ့ အနာဂတ် တစ်သက်လုံးကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ... ကိုယ့်သိက္ခာ၊ ကိုယ့်တန်ဖိုးကို မချဘဲ မှန်ကန်တဲ့ လမ်းကြောင်းကနေပဲ တည်တည်ကြည်ကြည် ကြိုးစားပါ။ ငွေရှာဖို့ထက် လူရာဝင်ဖို့က ပိုအရေးကြီးပါတယ်။

နောက်တစ်ခုက မိဘ၊ မိတ်ဆွေအပေါင်းအသင်းနဲ့ အားလုံးရဲ့ အဝေးမှာ ဖြစ်နေတဲ့အတွက် ကိုယ်ဟာ စိတ်ကွယ်ရာ အရပ်မှာ ရောက်နေသလိုဖြစ်ပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ ကိုယ်ရဲ့ စံချိန်စံညွှန်း၊ ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေကို လူရှေ့သူရှေ့မှာကဲ့သို့ ဆက်လက်ထိန်းသိမ်းထားဖို့လိုအပ်ပါတယ်။

မလုပ်သင့်၊ မစမ်းသင့်၊ မမှားသင့်တဲ့အမှားတွေကို ကိုယ်ကိုယ်တိုင် ထိန်းသိမ်းသင့်ပါတယ်။ အားလုံးရဲ့ အဝေးမှာ မိမိကိုယ်ကို မှန်ရှေ့မှာ မိမိကိုယ်ကိုမိမိကြည့်ပြီး မိမိအမှားကို သေချာလုပ်သင့်မလုပ်သင့် စဉ်းစားတွေးခေါ်ဆုံးဖြတ်တတ်ဖို့ လိုအပ်ပါတယ်။

ဝင်ငွေ၊ အလုပ် မရတာ လပေါင်းများစွာကြာလာတဲ့အခါ၊ လက်ထဲပိုက်ဆံမရှိတော့တဲ့အခါ၊ ကြိုးစားတာတွေ အရာမထင်တဲ့အခါ စိတ်ကျတာ၊ စိတ်ပျက်တာ၊ အိမ်လွမ်းတာ၊ Cultural Shockဖြစ်တာ၊ Self Esteem & Confidence ကျတာ … အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာတွေ ရင်ဆိုင်ကြုံတွေ့ရနိုင်ပါတယ်။ ဒါတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်ကျော်ဖြတ်ဖို့ လိုပါတယ်။

နိုင်ငံရပ်ခြားမှာ နေရတာဟာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပင်ပန်းပါတယ်။ ဒါပေမယ့် ဒီစိန်ခေါ်မှုတွေကပဲ သင့်ကို ပိုပြီး ကြံ့ခိုင်တဲ့၊ ရင့်ကျက်တဲ့၊ ဘယ်နေရာရောက်ရောက် အသက်ရှင်သန်နိုင်တဲ့ လူတစ်ယောက်အဖြစ် ပုံသွင်းပေးသွားမှာပါ။ အခက်အခဲတွေကို ရင်ဆိုင်ရင်း ကိုယ့်ကိုယ်ကိုယ် အဆင့်မြှင့်တင်ကြပါလို့ ခွန်အားပေး တိုက်တွန်းချင်ပါတယ်။

သင်ရော နိုင်ငံခြားရောက်ခါစမှာ ဘယ်လို အခက်အခဲတွေကို အများဆုံး ကျော်ဖြတ်ခဲ့ရသလဲ? နောက်လူတွေကို ဘာတွေ သတိပေးချင်လဲ? Comment မှာ အတွေ့အကြုံလေးတွေကို ဖြည့်စွက် မျှဝေပေးသွားကြပါဦး ခင်ဗျာ။ 👇

Soe Lin Tun
Professional Hypnotist

အောင်မြင်ချင်တယ်လို့ ပါးစပ်ကပြောပြီး လက်တွေ့မှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီး (Self-Sabotage) လုပ်မိနေတာလဲ?"ဒီနှစ်...
14/03/2026

အောင်မြင်ချင်တယ်လို့ ပါးစပ်ကပြောပြီး လက်တွေ့မှာ ဘာလို့ ကိုယ့်ကိုယ်ကိုယ် ပြန်ဖျက်ဆီး (Self-Sabotage) လုပ်မိနေတာလဲ?

"ဒီနှစ်တော့ စီးပွားရေးလုပ်မယ်"
"ဒီလကစပြီး ဝိတ်ချမယ်"

ရည်မှန်းချက်တွေထားပြီးခါမှ လက်တွေ့မှာ အကြောင်းအမျိုးမျိုးပြပြီး အချိန်ဆွဲနေမိတာမျိုး၊ အခွင့်အရေးကောင်းတွေ ရောက်လာရင်တောင် နောက်ဆုတ်သွားတာမျိုး မိတ်ဆွေ ကြုံဖူးပါသလား။
ဒါဟာ ပျင်းလို့မဟုတ်ပါဘူး။ သင့်ရဲ့ မသိစိတ် (Unconscious Mind) ထဲက "တန်ဖိုးထားမှု အဆင့်ဆင့် (Values Hierarchy)" ကြောင့် ဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်မှန်သမျှကို သူ့ရဲ့ မသိစိတ်ထဲက တန်ဖိုးထားမှုတွေကပဲ နောက်ကွယ်ကနေ မောင်းနှင်နေပါတယ်။
ဥပမာ - မိတ်ဆွေက "ငွေချမ်းသာချင်တယ်" လို့ ရည်မှန်းထားပေမယ့်၊ မသိစိတ်ထဲမှာ "လုံခြုံမှု (Security)" ကို ပိုပြီး တန်ဖိုးထားနေမယ်ဆိုရင်...
စွန့်စားရမယ့်အလုပ်၊ အပြောင်းအလဲလုပ်ရမယ့် ကိစ္စတွေကို သင့်ဦးနှောက်က အလိုလို ရှောင်ဖယ်နေပါလိမ့်မယ်။ ဒါဟာ ကားမောင်းနေရင်း လီဗာနဲ့ ဘရိတ်ကို တစ်ပြိုင်နက် နင်းထားသလိုပါပဲ။

ဒီနေရာမှာ အရေးကြီးဆုံး မှတ်ထားရမယ့်အချက်ကတော့ -
သင့်ရဲ့ ရည်မှန်းချက် (Goal) နဲ့ အတွင်းစိတ်က တန်ဖိုးထားမှု (Values) ထပ်တူမကျသရွေ့ ဘယ်တော့မှ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။

ရှေ့မရောက်အောင် တားဆီးနေတဲ့ မသိစိတ်က အတားအဆီးတွေကို ဖယ်ရှားပြီး ပန်းတိုင်ဆီ အမြန်ဆုံးသွားချင်တယ်ဆိုရင်တော့ သင့်ရဲ့ Values တွေကို ရည်မှန်းချက်နဲ့ တစ်သားတည်းဖြစ်အောင် ပြန်လည်ညှိနှိုင်း (Align) လုပ်ဖို့ လိုအပ်ပါတယ်။

Soe Lin Tun
Professional Hypnotist

စိတ်နဲ့ပက်သက်လို့စတင်လေ့လာအသုံးချလိုတဲ့အခါ ဒီသင်တန်းကနေ စတက်ပါ …Chatbox တွင်စုံစမ်းနိုင်ပါတယ် …
13/03/2026

စိတ်နဲ့ပက်သက်လို့စတင်လေ့လာအသုံးချလိုတဲ့အခါ ဒီသင်တန်းကနေ စတက်ပါ …

Chatbox တွင်စုံစမ်းနိုင်ပါတယ် …

“စီးပွားရေးကြပ်တည်းတယ်၊ ကုန်ဈေးနှုန်းတွေ တက်တယ်" ဆိုပြီး အပြင်လောကကိုပဲ အပြစ်တင်နေမိပြီလား❓ဒါဆိုရင် သင်ဟာ မသိမသာနဲ့ (၂) ...
13/03/2026

“စီးပွားရေးကြပ်တည်းတယ်၊ ကုန်ဈေးနှုန်းတွေ တက်တယ်" ဆိုပြီး အပြင်လောကကိုပဲ အပြစ်တင်နေမိပြီလား❓

ဒါဆိုရင် သင်ဟာ မသိမသာနဲ့ (၂) ကြိမ်တိတိ နစ်နာနေပါပြီ။

ငွေကြေးနဲ့ ပတ်သက်လာရင် ကျွန်တော်တို့ အများစုဟာ ပြင်ပအခြေအနေတွေကိုပဲ အာရုံစိုက်တတ်ကြပါတယ်။ နိုင်ငံရေးမကောင်းလို့၊ စီးပွားရေးကျပ်တည်းလို့၊ ကုန်ဈေးနှုန်းတွေကြီးလို့... စသဖြင့်ပေါ့။ မှန်ပါတယ်။ ဒီအရာတွေက တကယ်ဖြစ်ပျက်နေတဲ့ စိန်ခေါ်မှုတွေပါ။ ဒါပေမယ့် ဒီပြဿနာတွေကိုပဲ ထိုင်ကြည့်ပြီး စိတ်ညစ်နေတဲ့အခါ သင်ဟာ ပြောင်းလဲလို့မရတဲ့ အရာတစ်ခုကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးနေတာနဲ့ အတူတူပါပဲ။

ဒီလို ပြင်ပက စိန်ခေါ်မှုတွေကိုပဲ အာရုံစိုက်လွန်းတဲ့အခါ သင်ဟာ အောက်ပါအတိုင်း (၂) ကြိမ်တိတိ နစ်နာသွားရပါတယ်-
❌ ပထမတစ်ကြိမ် နစ်နာခြင်း (အခြေအနေကြောင့် ထိခိုက်ရခြင်း): ပြင်ပက အခက်အခဲတွေ၊ ငွေကြေးကျပ်တည်းမှုတွေကြောင့် လက်တွေ့မှာ စိတ်အိုက်ရ၊ ပင်ပန်းရ၊ အိတ်ကပ်ထဲက ငွေတွေ ပိုထွက်သွားရပါတယ်။ ဒါက အပြင်လောကရဲ့ ရိုက်ခတ်မှုကြောင့် လူတိုင်းကြုံရတဲ့ ပထမအဆင့် နစ်နာမှုပါ။
❌ ဒုတိယတစ်ကြိမ် နစ်နာခြင်း (အခွင့်အလမ်းတွေ လက်လွတ်ရခြင်း): ဒါကတော့ အဆိုးဆုံးပါပဲ။ သင့်ရဲ့ ဦးနှောက်နဲ့ အာရုံကြောတွေက "မဖြစ်နိုင်တော့ဘူး၊ ခက်ခဲတယ်" ဆိုတဲ့ အဆိုးမြင်စိတ်ကို အပြည့်အဝ လက်ခံလိုက်တဲ့အခါ... သင့်ရှေ့မှာ ရောက်နေတဲ့ အခွင့်အလမ်းသစ်တွေ၊ သင်လုပ်နိုင်စွမ်းရှိတဲ့ အရာတွေကို လုံးဝ မမြင်နိုင်တော့ပါဘူး။

အခြားသူတွေက အကျပ်အတည်းကြားထဲကနေ လိုအပ်ချက်ကိုမြင်ပြီး ထွက်ပေါက်ရှာ ငွေရှာနေချိန်မှာ၊ သင်ကတော့ ပြဿနာကိုပဲ ထိုင်ကြည့်ရင်း ညည်းညူနေမိတတ်ပါတယ်။ ရလဒ်ကတော့ သင့်ရဲ့ အချိန်တွေ၊ ကိုယ်တိုင်ဖန်တီးနိုင်တဲ့ အခွင့်အလမ်းတွေနဲ့ သင့်ရဲ့ လုပ်နိုင်စွမ်း (Potential) တွေပါ ဒုတိယအကြိမ် ထပ်မံ ဆုံးရှုံးသွားရခြင်းပဲ ဖြစ်ပါတယ်။

စိတ်ထား (Mindset) ဟာ ဘာကြောင့် အရေးကြီးတာလဲ❓
ငွေကြေးဆိုတာ ရုပ်ဝတ္ထုတစ်ခုဆိုပေမယ့်၊ အဲဒီငွေကြေးကို ဆွဲဆောင်နိုင်ဖို့၊ စီမံနိုင်ဖို့ဆိုတာ သင့်ရဲ့ "Money Mindset (ငွေကြေးဆိုင်ရာ စိတ်ထား)" ပေါ်မှာ ၁၀၀ ရာခိုင်နှုန်း မူတည်နေပါတယ်။

မုန်တိုင်းလာတဲ့အခါ လေကိုသွားပြီး ရပ်တန့်ခိုင်းလို့ မရပါဘူး။ ဒါပေမယ့် လေလုံတဲ့ အိမ်တစ်လုံးဖြစ်အောင်တော့ ကိုယ်တိုင် တည်ဆောက်လို့ ရပါတယ်။ အပြင်လောကကြီး ဘယ်လောက်ပဲ ခက်ခဲနေပါစေ... "ငါ ဘာလုပ်နိုင်မလဲ၊ ဒီအခြေအနေမှာ ဘယ်လို အခွင့်အလမ်းသစ်တွေ ရှိနေမလဲ" လို့ တွေးခေါ်နိုင်တဲ့ မှန်ကန်တဲ့ Mindset ကို ပြောင်းလဲတပ်ဆင်လိုက်တဲ့အခါ သင့်ရဲ့ ငွေကြေးကံကြမ္မာဟာလည်း အလိုလို ပြောင်းလဲလာပါလိမ့်မယ်။

အခုချိန်မှာ သင်ကော ပြင်ပက ပြဿနာတွေကို အာရုံစိုက်ပြီး စိတ်ညစ်နေတဲ့သူလား... ဒါမှမဟုတ် ကိုယ်လုပ်နိုင်တဲ့ အရာတွေကို အာရုံစိုက်ပြီး အခွင့်အလမ်း ရှာနေတဲ့သူလား?

သင့်ရဲ့ လက်ရှိ ငွေကြေးအမြင်နဲ့ ပတ်သက်ပြီး Comment မှာ ဝင်ရောက်ဆွေးနွေးသွားလို့ ရပါတယ် ခင်ဗျာ။ 👇
💙💛🤍

Soe Lin Tun
Professional Hypnotist

"ငါ ဘာလို့ ဒီလောက် ဒေါသထွက်လွယ်နေတာလဲ...""ငါ ဘာလို့ အမြဲတမ်း ဝမ်းနည်းအားငယ်နေရတာလဲ..."ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ...
10/03/2026

"ငါ ဘာလို့ ဒီလောက် ဒေါသထွက်လွယ်နေတာလဲ..."
"ငါ ဘာလို့ အမြဲတမ်း ဝမ်းနည်းအားငယ်နေရတာလဲ..."
ဒီလိုမေးခွန်းတွေ ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိတဲ့ အချိန်တွေ ရှိပါသလား ❓

တစ်ခါတလေမှာ ကျွန်တော်တို့ဟာ အကြောင်းရင်း ရေရေရာရာမရှိဘဲ ဒေါသတွေ ထွက်နေတတ်တယ်။ ကြောက်ရွံ့နေတတ်တယ်။ သိမ်ငယ်နေတတ်တယ်။ တကယ်တော့ ဒါတွေဟာ လက်ရှိဖြစ်ရပ်တွေကြောင့်ချည်း သက်သက်မဟုတ်ဘဲ၊ ကျွန်တော်တို့ရဲ့ အတိတ်က ဖြတ်သန်းခဲ့ရတဲ့ ပြင်းထန်သော စိတ်ဒဏ်ရာတွေ၊ နာကျင်မှုတွေက မသိစိတ်ထဲမှာ အနည်ထိုင် ကျန်ရစ်နေခဲ့လို့ပါ။

ဒါဟာ ကျောပိုးအိတ် အကြီးကြီးထဲမှာ အတိတ်က နာကျင်မှု ခဲတုံးကြီးတွေကို ထည့်ပြီး သယ်ပိုးထားသလိုပါပဲ။ လေးလံလွန်းတဲ့အတွက် ကိုယ့်ဘဝ ရှေ့ဆက်ဖို့ ခြေလှမ်းလှမ်းတဲ့အခါတိုင်း လေးကန်ပြီး ပင်ပန်းနေတတ်ပါတယ်။

ဒီလို အတိတ်က နာကျင်မှု ဝန်ထုပ်ဝန်ပိုးတွေကို အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး ဖယ်ချပစ်နိုင်ဖို့ "Timeline Therapy" ဆိုတဲ့ နည်းလမ်းလေးက အကောင်းဆုံး ကူညီပေးနိုင်ပါတယ်။

Timeline Therapy ဆိုတာ နားလည်ရခက်တဲ့ ပညာရပ်ကြီးတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝမှာ လူတိုင်း လေ့လာအသုံးချသင့်တဲ့ "စိတ်ပိုင်းဆိုင်ရာ သန့်ရှင်းရေး လုပ်ငန်းစဉ်" လေးတစ်ခု ဖြစ်ပါတယ်။

သူက ဘယ်လို အကျိုးကျေးဇူးတွေ ပေးနိုင်လဲဆိုရင်...
✅အတိတ်ရဲ့ အချုပ်အနှောင်မှ လွတ်ကင်းခြင်း
နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ အဆိုးမြင် စိတ်ခံစားချက်တွေ (ဒေါသ၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ နာကျင်မှု၊ အပြစ်ရှိသလို ခံစားရမှု) တွေကို အမြစ်ကနေ ရှင်းလင်းပေးပါတယ်။

✅မိမိကိုယ်ကို ယုံကြည်မှု အပြည့်အဝရရှိခြင်း
“ငါကတော့ မလုပ်နိုင်ပါဘူး၊ ငါက အရည်အချင်းမှ မရှိတာ" ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည်ကန့်သတ်ထားတဲ့ လွဲမှားသော ယုံကြည်ချက်တွေကို ချိုးဖျက်ပေးပါတယ်။

✅အနာဂတ်ကို ပုံဖော်နိုင်ခြင်း
အတိတ်ကို နာကျင်စရာအဖြစ် မမြင်တော့ဘဲ ရင့်ကျက်မှု သင်ခန်းစာတစ်ခုအဖြစ်သာ ယူပြီး၊ ကိုယ်တကယ် လိုချင်တဲ့ အနာဂတ်ကို လွတ်လွတ်လပ်လပ်နဲ့ တက်ကြွစွာ ဖန်တီးတည်ဆောက်နိုင်အောင် ကူညီပေးပါတယ်။

ကားတစ်စီးတောင် နေ့တိုင်းမောင်းရင်း ဖုန်တွေ ပေကျံလာတဲ့အခါ ရေဆေးဖို့ လိုအပ်သလိုပဲ၊ ကျွန်တော်တို့ရဲ့ စိတ်ကိုလည်း အတိတ်က အညစ်အကြေးတွေ၊ ဒဏ်ရာတွေ ကင်းစင်အောင် အချိန်ပေးပြီး ဆေးကြောပေးဖို့ လိုအပ်ပါတယ်။
အတိတ်က အကျဉ်းသားအဖြစ်ကနေ လွတ်မြောက်ပြီး၊ စိတ်ပေါ့ပါးလွတ်လပ်စွာနဲ့ ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင် ပြန်လည်ပုံဖော်ချင်တယ်ဆိုရင်တော့ Timeline Therapy ဟာ သင့်အတွက် မရှိမဖြစ် လက်နက်ကောင်းတစ်ခု ဖြစ်လာမှာ သေချာပါတယ်။

သင့်အနေနဲ့ရော အတိတ်က ဘယ်လို ခံစားချက်မျိုးတွေကို အခုချိန်ထိ သယ်ပိုးထားမိနေဆဲလဲ ဆိုတာကို Comment မှာ ရင်ဖွင့်ဆွေးနွေးသွားလို့ ရပါတယ် ခင်ဗျာ။ 👇

Soe Lin Tun
Professional Hypnotist

08/03/2026

Mind Mastery Batch -3 အပ်ထားတဲ့ပုဂ္ဂိုလ်များ ကျေးဇူးပြု၍ Page Messenger ကနေ ပြန်လည်ဆက်သွယ်ပေးကြပါခင်ဗျာ …

08/03/2026

🔥 သင့်ဦးနှောက်က သင့်ကို နေ့တိုင်း လှည့်စားနေတယ်ဆိုတာ သင်သိပါသလား❓

ကလေးချော်လဲရင် စာနာပြီးထူပေးရမယ့်အစား ဘာလို့ အလိုလို ဒေါသထွက်ပြီး ရိုက်မိတာလဲ။

သူများမှားရင် အပြစ်တင်တတ်ပြီး၊ ကိုယ်မှားရင်ကျတော့ ဘာလို့ အလိုလို ဆင်ခြေပေးမိတာလဲ။

ဒါတွေဟာ ကျွန်တော်တို့က လူဆိုးတွေ ဖြစ်နေလို့ မဟုတ်ပါဘူး။ နေ့စဉ် ဝင်ရောက်လာတဲ့ သတင်းအချက်အလက်တွေကို မြန်မြန်ဆန်ဆန် တုံ့ပြန်နိုင်ဖို့အတွက် ဦးနှောက်က အလုပ်လုပ်ရလွယ်အောင် ဖန်တီးထားတဲ့ "စိတ်ပိုင်းဆိုင်ရာ ဖြတ်လမ်းနည်းများ" ကြောင့် ဖြစ်ပါတယ်။ စိတ်ပညာမှာတော့ ဒါကို Cognitive Bias (သိမြင်မှုဆိုင်ရာ ဘက်လိုက်ခြင်း) လို့ ခေါ်ပါတယ်။

American Psychological Association (APA) နဲ့ စိတ်ပညာရှင်တွေ လေ့လာတွေ့ရှိထားတဲ့ Cognitive Bias ပေါင်း ၁၈၀ ကျော်ရှိပါတယ်။ အဲ့ဒီအထဲကမှ ကျွန်တော်တို့ နေ့စဉ်ဘဝမှာ အမြဲကြုံတွေ့နေရတဲ့ စိတ်ရဲ့ အဓိက လှည့်ကွက် (၄) မျိုးကို မျှဝေပေးချင်ပါတယ်။

၁။ ယုံကြည်ချက်ကို ကာကွယ်ခြင်း (Confirmation Bias)
လူတွေဟာ ကိုယ်ယုံကြည်ထားတာကို ထောက်ခံတဲ့ အချက်အလက်တွေကိုပဲ အလွယ်တကူ လက်ခံတတ်ကြပါတယ်။ ဥပမာ - ကိုယ်မကြိုက်တဲ့သူ၊ အမြင်မကြည်တဲ့သူဆိုရင် သူဘာကောင်းတာလုပ်လုပ် အပြစ်ပဲမြင်နေတာမျိုးပါ။ ကိုယ့်အမြင်နဲ့ ဆန့်ကျင်ဘက် အချက်အလက်တွေကို ဦးနှောက်က အလိုလို မျက်ကွယ်ပြုပစ်လိုက်ပါတယ်။

၂။ သူများဆို အပြစ်တင်၊ ကိုယ်ဆို ဆင်ခြေပေးခြင်း (Fundamental Attribution Error)
သူများ အလုပ်နောက်ကျရင် "သူက ပျင်းတာ၊ စည်းကမ်းမရှိတာ" လို့ သူ့ရဲ့ စရိုက်ကို ကောက်ချက်ချတတ်ပြီး၊ ကိုယ်တိုင် နောက်ကျတဲ့အခါကျတော့ "ကားပိတ်နေလို့၊ မိုးရွာနေလို့ပါ" ဆိုပြီး ပြင်ပအခြေအနေတွေကို အလိုလို အကြောင်းပြတတ်တဲ့ သဘာဝပါ။

၃။ မှတ်ဉာဏ်တွေရဲ့ လှည့်စားမှု (Misinformation Effect)
ကျွန်တော်တို့ရဲ့ မှတ်ဉာဏ်တွေဟာ ကင်မရာတစ်လုံးလို အတိအကျ မှတ်တမ်းတင်ထားတာ မဟုတ်ပါဘူး။ အဖြစ်အပျက်တစ်ခု ပြီးသွားတဲ့အခါ ဘေးကလူတွေရဲ့ ပြောစကား၊ သတင်းအမှားတွေ ဝင်လာတဲ့အခါ ကိုယ်တိုင်တောင် မသိလိုက်ဘဲ မူလမှတ်ဉာဏ် အစစ်အမှန်တွေဟာ ပုံပျက်သွားတတ်ပါတယ်။ (ဒါဟာ အတိတ်ကို ပြန်လည်အမှတ်ရစေတဲ့ ကုထုံးတွေမှာ အထူးသတိထားရတဲ့ အချက်ပါပဲ)။

၄။ အလွယ်လိုက် ဆုံးဖြတ်ခြင်း (Availability Heuristic)
ဆုံးဖြတ်ချက်တစ်ခုချတဲ့အခါ အချက်အလက် အပြည့်အစုံကို သေချာမရှာတော့ဘဲ ခေါင်းထဲ ချက်ချင်းပေါ်လာတဲ့အရာ၊ လတ်တလော မြင်ဖူးကြားဖူးထားတဲ့အရာတွေကိုပဲ အခြေခံပြီး အလွယ်တကူ ဆုံးဖြတ်လိုက်တာမျိုး ဖြစ်ပါတယ်။

💡 အနှစ်ချုပ်ရရင်...
ဒီ Bias တွေကို နားလည်ထားခြင်းအားဖြင့် ကိုယ့်ရဲ့ တွေးခေါ်ဆုံးဖြတ်မှုတွေကို ပိုမိုမှန်ကန်လာစေသလို၊ တခြားသူတွေအပေါ်မှာလည်း ပိုပြီး ကိုယ်ချင်းစာ နားလည်ပေးနိုင် (Empathy) လာမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ မသိစိတ် (Subconscious Mind) ထဲက အလိုအလျောက် ပရိုဂရမ်တွေကို ပြင်ဆင်ချင်တယ်ဆိုရင် ဒီလို ကိုယ့်စိတ်ရဲ့ လည်ပတ်ပုံတွေကို အရင်ဆုံး သတိပြုမိဖို့ (Awareness) လိုအပ်ပါတယ်။

မိတ်ဆွေတို့ရော နေ့စဉ်ဘဝမှာ ဒီအချက် (၄) ချက်ထဲက ဘယ်အချက်တွေနဲ့ အများဆုံး ကြုံတွေ့နေရသလဲဆိုတာ Comment မှာ ဆွေးနွေးသွားကြပါဦး ခင်ဗျာ။ 👇

Soe Lin Tun
Professional Hypnotist

လိင်တူချစ်ခြင်း (Homosexuality) ဟာ ရောဂါတစ်ခုလား၊ အပြစ်တစ်ခုလား၊ ဒါမှမဟုတ် သဘာဝတရားလား? 🧬🧠ဘာသာရေးအချို့နဲ့ လူ့အဖွဲ့အစည်း...
07/03/2026

လိင်တူချစ်ခြင်း (Homosexuality) ဟာ ရောဂါတစ်ခုလား၊ အပြစ်တစ်ခုလား၊ ဒါမှမဟုတ် သဘာဝတရားလား? 🧬🧠

ဘာသာရေးအချို့နဲ့ လူ့အဖွဲ့အစည်း တော်တော်များများမှာ လိင်တူချစ်သူ (LGBTQ+) တွေကို ရှုတ်ချတားမြစ်လေ့ရှိကြပါတယ်။ "ဒါဟာ သဘာဝနဲ့ ဆန့်ကျင်တယ်" လို့လည်း စွပ်စွဲလေ့ရှိကြပါတယ်။ ဒါပေမယ့်... စိတ်ပညာ၊ အာရုံကြောသိပ္ပံ (Neuroscience) နဲ့ ခေတ်သစ် ဆေးပညာတွေကရော ဒီကိစ္စကို ဘယ်လို အဖြေပေးထားပါသလဲ?
ဒီနေ့တော့ဒီအကြောင်းအရာကို အခြေခံပြီး စိတ်ပညာ၊ အာရုံကြောသိပ္ပံနဲ့ စိတ်ခွဲပညာ ရှုထောင့်တွေကနေ ကမ္ဘာ့အဆင့်မီ သုတေသန အထောက်အထား (Citations) အတိအကျနဲ့ သိပ္ပံနည်းကျ ရှင်းပြပေးချင်ပါတယ်။

🔬 ၁။ စိတ်ပညာနှင့် စိတ်ရောဂါကုသမှုဆိုင်ရာ အထောက်အထား (Psychology & Psychiatry)
အတိတ်က လိင်တူချစ်ခြင်းကို ရောဂါတစ်ခုလို့ ထင်မှတ်မှားခဲ့ကြပေမယ့် ခေတ်သစ် သိပ္ပံပညာက ဒါကို အပြည့်အဝ ပယ်ဖျက်ခဲ့ပြီးပါပြီ။

❇️အမေရိကန် စိတ်ရောဂါကုအသင်း (APA) - ၁၉၇၃ ခုနှစ်မှာ APA ဟာ DSM (Diagnostic and Statistical Manual of Mental Disorders) စိတ်ရောဂါရှာဖွေရေး လက်စွဲစာအုပ်ထဲကနေ "လိင်တူဆွဲဆောင်မှု" ကို ရောဂါစာရင်းမှ တရားဝင် ပယ်ဖျက်ခဲ့ပါတယ်။

❇️ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) - ၁၉၉၀ ပြည့်နှစ်၊ မေလ (၁၇) ရက်နေ့မှာ WHO က ICD-10 (နိုင်ငံတကာ ရောဂါများ ခွဲခြားသတ်မှတ်ခြင်း) စာရင်းကနေ အပြီးတိုင် ဖယ်ရှားခဲ့ပါတယ်။ (ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ May 17 ကို အပြည်ပြည်ဆိုင်ရာ ဟိုမိုဖိုးဘီးယား ဆန့်ကျင်ရေးနေ့ - IDAHOBIT အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်)။

❇️သိပ္ပံပညာ၏ ကောက်ချက် - လိင်စိတ်တိမ်းညွတ်မှု (Sexual Orientation) ဟာ ရောဂါမဟုတ်ဘဲ လူသားတွေရဲ့ သဘာဝအလျောက် ကွဲပြားမှု (Natural Variation) တစ်ခုသာ ဖြစ်ပါတယ်။

🧠 ၂။ အာရုံကြောသိပ္ပံနှင့် ဇီဝဗေဒရှုထောင့် (Neuroscience & Biology)

"သူတို့က တမင် ရွေးချယ်ပြီး ဖြစ်နေကြတာပါ" ဆိုတဲ့ စွပ်စွဲချက်ဟာ သိပ္ပံနည်းကျ လုံးဝ မှားယွင်းပါတယ်။ လိင်စိတ်တိမ်းညွတ်မှုဟာ ဇီဝကမ္မနဲ့ ဦးနှောက်ဖွဲ့စည်းပုံအရ မွေးရာပါ ဖြစ်တည်မှုပါ။

❇️ဦးနှောက်ဖွဲ့စည်းပုံ (Neuroanatomy) - ၁၉၉၁ ခုနှစ်မှာ အာရုံကြောသိပ္ပံပညာရှင် Simon LeVay ၏ သုတေသန (A Difference in Hypothalamic Structure Between Heterosexual and Homosexual Men) အရ လူ့ဦးနှောက်ရှိ ဟိုက်ပိုသလမတ်စ် (Hypothalamus) အစိတ်အပိုင်းဖြစ်တဲ့ INAH3 ရဲ့ အရွယ်အစားဟာ လိင်စိတ်တိမ်းညွတ်မှုအပေါ် မူတည်ပြီး ကွဲပြားနေကြောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။

❇️ ဟော်မုန်းနှင့် မျိုးရိုးဗီဇ - မိခင်ဝမ်းဗိုက်တွင်း သန္ဓေသားဘဝမှာ ကြုံတွေ့ရတဲ့ ဟော်မုန်း အတက်အကျများ (Prenatal Androgen Exposure) က လိင်စိတ်တိမ်းညွတ်မှုကို အဆုံးအဖြတ်ပေးကြောင်း ဇီဝဗေဒပညာရှင်တွေက အတည်ပြုထားပါတယ်။

❇️သဘာဝလောက (Nature) - သိပ္ပံပညာရှင် Bruce Bagemihl ၏ "Biological Exuberance (1999)" သုတေသနမှတ်တမ်းများအရ လူတွေမှာသာမက တိရစ္ဆာန်မျိုးစိတ်ပေါင်း (၁,၅၀၀) ကျော်မှာ လိင်တူဆက်ဆံခြင်း သဘာဝရှိနေကြောင်း အတည်ပြုထားပါတယ်။ ဒါကြောင့် "သဘာဝနဲ့ ဆန့်ကျင်တယ်" ဆိုတာ လုံးဝ အခြေအမြစ်မရှိပါဘူး။

🛋️ ၃။ စိတ်ခွဲပညာရှုထောင့် (Psychoanalytical Perspective)
စိတ်ခွဲပညာဖခင်ကြီး ဆစ်ဂမန် ဖရွိုက် (Sigmund Freud) ကတောင် ခေတ်ရှေ့ပြေးတဲ့ အမြင်ရှိခဲ့ပါတယ်။

❇️Freud ၏ သမိုင်းဝင်စာ (၁၉၃၅) - အမေရိကန် မိခင်တစ်ဦးထံ Freud ပြန်စာရေးခဲ့ရာမှာ "Homosexuality ဟာ ရှက်စရာမဟုတ်ပါဘူး။ ဒုစရိုက်မဟုတ်သလို၊ ရောဂါတစ်ခုအဖြစ် သတ်မှတ်လို့မရပါဘူး။ ၎င်းဟာ လိင်မှုဆိုင်ရာ ဖွံ့ဖြိုးမှုရဲ့ ကွဲပြားတဲ့ ပုံစံတစ်ရပ် (Variation of sexual function) သာ ဖြစ်တယ်" လို့ အတိအလင်း မှတ်တမ်းတင်ခဲ့ပါတယ်။

📜 ဘာသာရေးနှင့် သိပ္ပံပညာ ကွဲလွဲရခြင်း အကြောင်းရင်း
လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ပေါ်ပေါက်ခဲ့တဲ့ ဘာသာတရားတွေနဲ့ ဥပဒေတွေဟာ ထိုခေတ်အခါက လူသားတွေ ရှင်သန်ရေးအတွက် "မျိုးပွားခြင်း (Procreation)" နဲ့ လူဦးရေတိုးပွားရေးကိုသာ အဓိကထားခဲ့ကြပါတယ်။ ဒါကြောင့် မျိုးပွားခြင်းမဖြစ်စေတဲ့ လိင်တူဆက်ဆံခြင်းကို တားမြစ်ခဲ့ကြတာပါ။ ၎င်းဟာ ထိုခေတ်ကာလရဲ့ လူမှုရေးလိုအပ်ချက် (Societal norm) သာဖြစ်ပြီး၊ ယနေ့ခေတ် မျက်မှောက် သိပ္ပံပညာရဲ့ အမှန်တရား (Scientific Truth) နဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေပါပြီ။

⚠️ အနှစ်ချုပ် သုံးသပ်ချက်
သိပ္ပံပညာ၊ ဆေးပညာနဲ့ စိတ်ပညာအရ လိင်တူချစ်သူများကို ရှုတ်ချခြင်း၊ ခွဲခြားဆက်ဆံခြင်းဟာ "လုံးဝ (လုံးဝ) မှားယွင်းပါတယ်"။

စိတ်ပညာမှာ Minority Stress Theory (လူနည်းစုဖြစ်ခြင်းကြောင့် ခံစားရသော ဖိစီးမှု သီအိုရီ) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်နဲ့ ယုံကြည်မှုတချို့ရဲ့ ဖိနှိပ်ခွဲခြားမှုတွေကြောင့်သာ LGBTQ+ တွေဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု (Trauma) တွေရပြီး၊ စိတ်ကျရောဂါ (Depression) နဲ့ မိမိကိုယ်ကို အဆုံးစီရင်မှုနှုန်း (Su***de rates) တွေ မြင့်တက်နေရတာ ဖြစ်ပါတယ်။

မေတ္တာတရားနဲ့ လူသားချင်း စာနာထောက်ထားမှုကို အခြေခံပြီး သိပ္ပံနည်းကျ အမှန်တရားတွေကို လက်ခံဖို့ အချိန်တန်ပါပြီ။

Soe Lin Tun
Professional Hypnotist

06/03/2026

တချို့ခံစားချက်တွေက
လက်လွတ်လိုက်သင့်တာကို သိစိတ်ကသိနေပေမယ့်
ရင်ထဲက မလုပ်ရက်တာမျိုးတွေရှိပါတယ်…

ခံစားချက်ဆိုတာ
လူနဲ့စက်ရုပ်ကို ကွဲပြားစေတဲ့အရာဖြစ်လို့
လူနဲ့ပက်သက်တဲ့ခံစားချက်တွေ ခံစားနေရတာကိုက အဓိပ္ပါယ်ရှိတယ်…

ခံစားချက်တွေကြောင့်
အများနဲ့ကိုယ့်ကိုဒုက္ခမရောက်မချင်း၊ အစွန်းမရောက်မချင်း ဒါဟာသာမာန်ပဲလို့ အကြမ်းဖျဉ်းအားဖြင့် ဆိုလို့ရတယ်…

Soe Lin Tun
Professional Hypnotist

🤔 "သင် တကယ်ပဲ အဆင်ပြေရဲ့လား?" — ၁ မိနစ် စိတ်ကျန်းမာရေး စစ်ဆေးချက်လူတစ်ယောက်ရဲ့ အမူအကျင့်တွေက "ပုံမှန် မဟုတ်ဘူး" သို့မဟုတ...
06/03/2026

🤔 "သင် တကယ်ပဲ အဆင်ပြေရဲ့လား?" — ၁ မိနစ် စိတ်ကျန်းမာရေး စစ်ဆေးချက်

လူတစ်ယောက်ရဲ့ အမူအကျင့်တွေက "ပုံမှန် မဟုတ်ဘူး" သို့မဟုတ် "စိတ်ကျန်းမာရေး ဆိုင်ရာ အကူအညီ လိုအပ်နေပြီ" လို့ သတ်မှတ်ဖို့၊ သူတို့ရဲ့ နေ့စဉ်ဘဝမှာ အောက်ပါ (၇) ချက်နဲ့ ကင်းလွတ်နေဖို့ လိုအပ်ပါတယ်။ (David Rosenhan & Martin Seligman, 1989)

ဒီအချက်တွေဟာ သင့်နေ့စဉ်ဘဝမှာ ရေရှည်ဖြစ်နေပြီး အနှောင့်အယှက် ပေးနေပြီလား... ဆန်းစစ်ကြည့်လိုက်ရအောင် 👇

1️⃣ စိတ်ဆင်းရဲနေသလား? (Suffering)
abstract အဓိပ္ပာယ်တွေထက်၊ မိမိရဲ့ ခံစားချက် သို့မဟုတ် အမူအကျင့်တွေကြောင့် မိမိကိုယ်တိုင် တကယ် နာကျင်နေရခြင်း၊ စိတ်ဆင်းရဲနေရခြင်း။

2️⃣ ဘဝမှာ အဆင်မပြေဖြစ်နေလား? (Maladaptiveness)
အလုပ်မှာ သို့မဟုတ် ဆက်ဆံရေးမှာ ထိရောက်စွာ လုပ်ကိုင်ဖို့ စတဲ့ ဘဝရဲ့ အဓိက ရည်မှန်းချက်တွေကို မအောင်မြင်အောင် တားဆီးနေတဲ့ အမူအကျင့်များ ရှိနေခြင်း။

3️⃣ အများနဲ့ ကွဲပြားနေသလား? (Vivid/unconventional Behavior)
မိမိရဲ့ ပြုမူနေထိုင်ပုံတွေဟာ အများစုသော လူတွေနဲ့ သိသိသာသာ ကွဲပြားနေပြီး၊ အများက လက်ခံထားတဲ့ ရိုးရာဓလေ့တွေနဲ့ လွဲချော်နေခြင်း။

4️⃣ ထိန်းချုပ်မှု ကင်းမဲ့နေသလား? (Unpredictability/Loss of Control)
သင့်အမူအကျင့်တွေက အချိန်နဲ့အမျှ အလွန်အမင်း ပြောင်းလဲနေပြီး၊ အခြေအနေနဲ့ မဆီလျော်ဘဲ မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ခြင်း။

5️⃣ ယုတ္တိမရှိဘဲ နားလည်ရခက်နေသလား? (Irrationality/Incomprehensibility)
"ဘာကြောင့် ဒီလို ပြုမူရတာလဲ" ဆိုတာကို ဘေးလူတွေက ဝေဖန်ပိုင်းခြားလို့ မရဘဲ၊ ယုတ္တိမရှိ နားလည်ရ ခက်ခဲနေခြင်း။

6️⃣ ဘေးလူကို စိတ်အနှောင့်အယှက် ဖြစ်စေသလား? (Observer Discomfort)
သင့်ရဲ့ အမူအကျင့်တွေကြောင့် သင့်ကို ကြည့်နေတဲ့ သို့မဟုတ် သင့်ပတ်ဝန်းကျင်က လူတွေကို စိတ်မသက်မသာ ဖြစ်စေခြင်း၊ စိတ်အနှောင့်အယှက် ဖြစ်စေခြင်း။

7️⃣ စံနှုန်းတွေကို ဖောက်ဖျက်နေသလား? (Violation of Moral/Ideal Standards)
လူ့အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ သို့မဟုတ် လက်ခံထားတဲ့ ကိုယ်ကျင့်တရား စံနှုန်းတွေ၊ လူမှုရေး စံနှုန်းတွေကို တိုက်ရိုက် ဖောက်ဖျက် ပြုမူခြင်း။

💡 အရေးကြီးသော မှတ်ချက်
ဒီအချက်တွေထဲက တစ်ချက်၊ နှစ်ချက် ရှိရုံနဲ့ "မူမမှန်ဘူး" လို့ တိုက်ရိုက် ဆုံးဖြတ်လို့ မရပါဘူး။ သို့သော်၊ ဒီအချက်တွေ ထဲက အများအပြား ရှိနေပြီး၊ သင့်နေ့စဉ်ဘဝနဲ့ စိတ်ချမ်းသာမှုကို ရေရှည် ထိခိုက်နေပြီ ဆိုရင်တော့ ...

🚫 မိမိကိုယ်ကိုယ် ဆရာဝန်မလုပ်ပါနဲ့။
ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ဆရာဝန် သို့မဟုတ် စိတ်ပညာရှင် များနဲ့ တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါရစေ။

💬 သင့်ပတ်ဝန်းကျင်မှာရော ဒီလိုအချက်တွေ ကြုံတွေ့နေရတဲ့ လူတွေ ရှိပါသလား? သင့်အမြင်ကို Commentမှာ မျှဝေခဲ့ပါဦး။

Soe Lin Tun
Professional Hypnotist
#ဗဟုသုတ #စိတ်ကျန်းမာရေး #မိမိကိုယ်ကိုယ်ဆန်းစစ်ချက်

Address

Yangon
10150

Alerts

Be the first to know and let us send you an email when Soe Lin Tun Professional Hypnotist - MPHA posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Soe Lin Tun Professional Hypnotist - MPHA:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Learn how to apply hypnosis in your life!

Hypnosis ပညာရပ်ဟာ လူ့ဘ၀တစ်လျှောက်လုံးမှာ မိမိအတွက်သာမက အများအတွက်လည်း အသုံးပြုလို့ ရပါတယ်။ Life & Business မှာ အသုံးချနိုင်တဲ့ အစွမ်းထက်တဲ့ ပညာရပ်တစ်ခုပါ။

“A good servant, a bad master” ဖြစ်လို့ စနည်တကျ သင်ယူလေ့လာသင့်သလို၊ ကျင့်ဝတ်ရှိရှိလဲ အသုံးချဖို့ လိုပါတယ်။