這裡是菩提禪修緬甸仰光金菩提禪堂專頁,傳遞禪堂最新活動動態。歡迎體?
Address
1st Floor, Excel Home Mart Building, 520 Kabar Aye Pagoda Road, Shwe Gon Daing,
Yangon
11201
Telephone
Website
Alerts
Be the first to know and let us send you an email when 菩提禅修 缅甸金菩提禪堂 ဂျင်ဗောဓိတရား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Practice
Send a message to 菩提禅修 缅甸金菩提禪堂 ဂျင်ဗောဓိတရား:
Category
菩提禅修 缅甸金菩提禪堂 ဂျင်ဗောဓိတရားကျင့်ကြံမှု BODHI MEDITATION MYANMAR
ဂျင်ဗောဓိတရားကျင့်ကြံအားထုတ်မှုသည်၁၉၉၁ခုနှစ်တွင်တရားပြဆရာတော်ဂျင်ဗောဓိမှဖွဲ့စည်းတည်ထောင်ခဲ့သည်။ဆရာတော်သည်လုံ့လဝိရိယစိုက်ကာအမြိုက်ဆေးပေးဘုရားရှင်၏ဂရုဏာမေတ္တာတရားကိုကြီးမြတ်သောဆန္ဒဖြင့်လက်တွေ့အကောင်အထည်ဖေါ်ဆောင်ရွက်ပြီးပြန့်ပွားခဲ့သည်။အမြိုက်ဆေးပေးဗုဒ္ဓမြတ်စွာဘုရားရှင်၏တရားနည်းလမ်းလည်းဖြစ်သည်။ဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့သော ဘဝပိုင်ဆိုင်နိုင်ရန် ၊ ဘေးရန်ကင်းကွာအသက်ရှည်စေပြီးကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေသောတရားနည်းလမ်းပင်ဖြစ်သည်။နှစ်ပေါင်း၂ဝကျော်ခဲ့ပြီးဂျင်ဗောဓိတရားပြဆရာတော်သည်ဝေနေယျသတ္တဝါအပေါင်းတို့အားလွတ်မြောက်ရန်ကယ်တင်ခြင်းဝါဒကိုစွဲကိုင်ထားသည်။လူသားအပေါင်းတို့ကိုဆင်းရဲဒုက္ခမှကင်းဝေး၍ချမ်းသာသုခကိုရရှိစေရန်ကူညီခြင်းဖြင့်စိတ်ဓာတ်အားမာန်အပြည့်ရှိနေသည်။ကြိုးပမ်းအားထုတ်ကာကျန်းမာရေးဂုဏ်ရောင်အလင်းနှင့်မဟာဂရုဏာရှိသောချစ်ခြင်းမေတ္တာဖြင့်ဖြန့်ဝေပေးကမ်းနေပါသည်။
ဂျင်ဗောဓိတရားကျင့်ကြံအားထုတ်မှုသည် ယောက်ျား မိန်းမ၊ အသက်အရွယ်၊ ယဉ်ကျေးမှု၊လူမျိုး၊ဘာသာရေးများ ကန့်သတ်ပိုင်းခြားခြင်းမရှိပါ။ဂရုဏာတရား ဖြင့်အရင်းခံထားပြီးတရားကျင့်ကြံအားထုတ်မှုမှစ၍ ဘဂွါစွမ်းအင်၊ကြည်လင်သန့် ရှင်းမှုတရားပွားများအားထုတ်ခြင်း၊မဟာဉာဏ်အလင်းတရားပွားများအားထုတ် ခြင်း နည်းလမ်းများ စသဖြင့်သင်ကြားပို့ချပေးနေပါသည်။တရားအားထုတ်မှုနည်း စနစ်သည် သင်ယူတတ်မြောက်ရန်လွယ်ကူပြီးအကျိုးသက်ရောက်မှုသိသာထင် ရှားပြီး လူ့ခန္ဓာကိုယ်ကိုစွမ်းအင်တိုးမြင့်စေသည်။ ဉာဏ်ပညာအလင်းဖွင့်ပေးခြင်း ဖြင့် မတူညီသည့်ခန္ဓာကိုယ်ကျန်းမာရေး အခြေအနေရှိသည့်သင်တန်းသူ၊သင် တန်းသားများ လေ့လာရန် သင့်တော်ပါသည်။ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်း မှုကိုရရှိစေပါသည်။တရားပြဆရာတော်ဂျင်ဗောဓိ၏ ဦးဆောင်မှုအောက်တွင်ဗော ဓိတရားကျင့်ကြံအားထုတ်မှုစင်တာသည် ကမ္ဘာပေါ်ရှိနိုင်ငံပေါင်း၃ဝကျော်တို့တွင် ပြန့်နှံ့ကာ၂၀၁၆ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း မြန်မာပြည်ရန်ကုန်မြို့၌မျိုးစေ့အမြစ် တွယ်လာသည်။ ယခုအချိန်ထိ ကမ္ဘာအနှံ့လူဦးရေသန်းပေါင်းမြောက်များစွာ ကောင်းကျိုးခံစားရလာပါသည်။ရိုးသားဖြူစင်သော စေတနာဖြင့်မိမိတို့အားဗောဓိ တရားကျင့်ကြံအားထုတ်မှု၏ဆွဲဆောင်မှုကိုအတူတကွလက်တွေ့လေ့လာခံစား ရန်ဖိတ်ခေါ်ကြိုဆိုအပ်ပါသည်။
လိပ်စာ ။ ။ ပထမထပ် Excel Home Mart Building ,၅၂၀ ကမ္ဘာအေးဘုရားလမ်းမပေါ်၊ ရွှေဂုံတိုင် ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း ။ ။ 019555017; 019553500;019555810.