ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း

  • Home
  • Myanmar
  • Yangon
  • ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း

ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း ထက်မြက်ထူးချွန် လူရည်မွန်များ၊ မွေးထုတ်ပေးရာ ဟိန်းမဟာ

မူလတန်းမိဘများသို့ အကြံပေးချက်++++++++++++++++++++++++++၁။ ကလေးအိပ်ရေး၀ပါစေကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့...
18/03/2026

မူလတန်းမိဘများသို့ အကြံပေးချက်
++++++++++++++++++++++++++

၁။ ကလေးအိပ်ရေး၀ပါစေ

ကလေးများ တီဗွီကြည့်တာပဲဖြစ်ဖြစ်၊ အဆော့မက်လို့ ပဲဖြစ်ဖြစ်၊ ကျူရှင်များလို့ ပဲဖြစ်ဖြစ်၊ အိပ်ရေးမပျက်စေသင့်ပါ။ ကလေးတိုင်း တစ်နေ့ ( ၁၀ ) နာရီအိပ်သင့်ပါတယ်။ ကလေးအိပ်ရေး၀မှသာလျင် အားအင်ဖြစ်ထွန်းမှာဖြစ်ပြီး ကိုယ်ရောစိတ်ပါ ပုံမှန်ဖွံ့ဖြိုးနိုင်မယ်ဖြစ်ပါတယ်။

၂။ မနက်စာ ဝအောင်စားပါ။ အဟာရ ရှိအောင်စားပါ။

အခုခေတ်ကလေးတော်တော် များများဟာ မနက်စာကို လောလောစားပြီး ကျောင်းတက်လေ့ရှိပါတယ်။ အချို့ ကလေးများ ကျောင်းသွားတဲ့ ကားပေါ် မှာထမင်းကျွေးတာကို တွေ့ဖူးပါတယ်။ ညက်ညက်ဝါးစားဖို့ မပြောနဲ့၊ ကောင်းကောင်းစားနိုင်ဖို့တောင် အချိန်လုရသလိုဖြစ်နေပါတယ်။ ကလေးများ ၀တစ်လှည့်၊ ငတ်တစ်လှည့် ဖြစ်နေတတ်ပြီး ကျန်းမာရေး အလွန်ထိခိုက်လွယ်ပါတယ်။ မနက်စာဟာ လူတိုင်းအတွက် တစ်နေ့တာ အဓိကအင်အားဖြစ်တာကြောင့် မနက်စာကို ဝအောင်ကျွေးပါ။ ကောင်းအောင်ကျွေးပါ။

၃။ ရေ လုံလုံလောက်လောက် သောက်ခိုင်းပါ။

မူလတန်းအရွယ်ကလေးများဟာ အလွန်အဆော့မက်တတ်ပါတယ်။ ဟိုပြေးဒီပြေးနဲ့ အလွန်လုပ်ရှားပါတယ်။ ကလေးကို ရေအလုံအလောက်သောက်ဖို့ အားပေးသင့်ပါတယ်။

၄။ ခဲဖျက် အလွန်သုံးတဲ့ အကျင့်ကို တစ်ဖြည်းဖြည်း ဖျောက်ပေးပါ။

တစ်ခုခု ရေးမှားရင် ခဲဖျက်ဖျက်တယ်။ ခဲဖျက်သုံးတာ ဘာမှအပြစ်မဟုတ်ပါဘူး။ ဒါပေမဲ့ အသုံးလွန်သွားရင် တစ်ခုခု အားနည်းနေပါပြီ။ အနည်းဆုံးတော့ သူရေးနေတဲ့ စာမှာ သူစိတ်မပါဘူးဆိုတာ ပြသနေပါပြီ။ ခဲဖျက်ကို အကြိမ်ရေ အသုံးနည်းစေခြင်းဟာ ပိုမိုစိတ်၀င်စားအောင် လေ့ကျင့်ပေးခြင်းဖြစ်ပါတယ်။

၅။ ကလေးကိုယ့်၀န်ကို နိုင်အောင် လေ့ကျင့်ပေးခြင်း

ကလေးကျောင်းတက်ပြီဆိုရင် အချို့ ကိစ္စရပ်တွေမှာ ကိုယ့်၀န်ကို ထမ်းရပါတော့မယ်။ ဥပမာ အပေါ့ အလေးသွားတာမျိုး၊ ကိုယ့်စာအုပ်ခဲတန်ကို လွယ်အိပ်ထဲသိမ်းဆည်းတာမျိုး၊ ချမ်းတဲ့အခါမှာ အနွေးထည်၀တ်ပြီး ပူတဲ့အခါမှာ ပြန်ချွတ်တတ်တာမျုိုး၊ ကိုယ့်အ၀တ်အစား၊ ရေးဗူး၊ ထ္မင်းကျိုင့်၊ ထီး စသည်တို့ကို ကျောင်းမှာ မမေ့ကျန်ခဲ့တာမျိုး မိဘများစတင်လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။

၆။ အ၀တ်အစားမှာ အပြိုင်အဆိုင်ကင်းပါစေ

တကယ်လို့ ကျောင်း၀တ်စုံရှိရင် ကျောင်း၀တ်စုံပဲ ၀ယ်၀တ်ပါ။ ပိတ်စမကောင်းဘူးဆိုပြီး အပြင်ဆိုင်မှာ အထူးချုပ်သွားချုပ်တာမျိုး၊ ကျောင်းက ဖိနပ်မစီးပဲ ၊ အရောင်တူ Brand ၀ယ်စီးခိုင်းတာမျုိုး၊ မပြုလုပ်သင့်ပါ။ အပြိုင်အဆိုင်၀င်သွားရင် ကလေးအတွက် ဘာမှမကောင်းပါ။

၇။ ကလေးရဲ့ ဖေါ် ပြတတ်မူကို အလေးထားပါ။
အကြောင်းအရာ တစ်ခုကို သူ့အရွယ်နဲ့သူ ဖြောင့်အောင် ပြောပြတတ်ရဲ့လား၊ အခက်အခဲတစ်ခု တွေ့လာရင် မိဘကို ရှင်းအောင်ပြောပြတတ်ရဲ့လား၊ ပြောရဲဆိုရတာမျိုး ဖြစ်ရဲ့လား၊ စသည်တို့ကို မိဘများဂရုစိုက်ပေးဖို့လိုပါတယ်။ ဖုန်းတို့၊ ဂိမ်းတို့၊ အိုင်ဘက်တို့ အရမ်းဆော့တဲ့ ကလေးများဟာ ဖေါ်ပြတတ်မူမှာ အားနည်းရုံမက စဉ်းစားဥာဏ်ပါ နောင့်နှေးစေတတ်ပါတယ်။

၈။ အိမ်သာမှန်မှန်တက်တာလည်း အရေးကြီးတယ်ဆိုတာ ကလေးကိုပြောပေးပါ။

ကလေးတော်တော်များများဟာ ဆော့လို့ ပျော်လို့ ကောင်းတဲ့ အချိန်မှာ အိမ်သာတက်ဖို့ မေ့နေတတ်ပါတယ်။ အချို့ ကလေးများဟာ တက်ဖူးနေကျ အိမ်သာမဟုတ်ရင် ဘယ်လောက်ပဲ အလျင်စလိုဖြစ်ဖြစ်၊ အောင့်ထားတတ်ပါတယ်။ ကျန်းမာရေးအတွက်လည်းမကောင်း၊ စိတ်ဓါတ်ရေးရာ အတွက်လည်း မကောင်းတတ်တာမို့ ကလေးကို နားလည်အောင် ဖြောင်းဖြ ပေးသင့်ပါတယ်။

၉ ။ ကလေးရဲ့ အမြင်အာရုံကို ကာကွယ်ပေးပါ။

စာကျက်နေတဲ့ အချိန်မျိုးမှာ အလင်းရောင် အပြည့်အ၀ ရပါစေ။ စာကျက်တဲ့အခါ ဖြစ်ဖြစ်၊ စာရေးတဲ့ အခါဖြစ်ဖြစ်၊ ထိုင်နည်းမှန်ကန်ပါစေ။ ထိုင်နည်းမမှန်ကန်ရင်လည်း မျက်စိထိခိုက်တတ်ပါတယ်။ တီဗွီကားတွေ အကြာကြီးကြည့်တာ၊ အင်တာနက်ကို အကြာကြီးသုံးတာ၊ လက်ကိုင်ဖုန်း၊ အိုင်ဘက် ဆော့တာတွေ အားလုံး မျက်စိအလွန်ထိခိုက်လွယ်ပါတယ်။

၁၀။ တီဗွီ အစီအစဉ်ကို ရွေးချယ်ကြည့်ခိုင်းပါ။
မိဘများအနေနဲ့ မိမိကလေးများရဲ့ စိတ်၀င်စားမူ ပေါ် မူတည်ပြီး ကာတွန်းကား၊ တောရိုင်းတိရစ္ဆာန်ကားများ၊ Discovery လိုကားများ၊ အကျုိုးရှိမယ်ထင်တဲ့ကားများ အားလုံးကို အကန့်အသတ်နဲ့ ကလေးကို ပြပေးလို့ ရပါတယ်။

၁၁။ ကလေးများ အိမ်စာကို ကူညီပေးပါ။

မူလတန်းကလေးများ၊ အထူးသဖြင့် ပထမတန်းကလေးများဟာ မိမိဖာသာ စာမလုပ်တတ်သေးပါ။ မိဘများအထိုက်အလျှောက်ကူညီနိုင်ရင် ပိုအကျိုးဖြစ်ထွန်းပါတယ်။ မိဘများကူညီတယ်ဆိုတာ မျက်စိတောက်ထောက်ကြည့်တာမျုိုး မဟုတ်ပါ။ ကျူရှင်ဆရာမ အများကြီးခေါ် ပေးခိုင်းတာမျိုးလည်း မဆိုလိုပါ။ သူတို့ ကိုယ်စား မိဘက ၀င်လုပ်ပေးတာမျိုးကို ပိုမို ရှောင်ရှားသင့်ပါတယ်။ ကလေးအခြေအနေပေါ် မူတည်ပြီး လမ်းညွန်သင့်တာလမ်းညွန်၊ သင်ကြားပေးသင့်တာကို သင်ကြား၊ သူတို့ သူငယ်ချင်းတွေထံ ဖုန်းဆက်မေးမြန်းသင့်တာတွေကို မေးမြန်းစေတာမျိုးကို ဆိုလိုပါတယ်။
ဖြစ်နိုင်ရင်တော့ ကလေးကို ဘယ်လိုစဉ်းစားသင့်သလဲ၊ အဖြေရအောင် ဘယ်လိုချဉ်းကပ်သင့်သလဲ စသည်ဖြင့် တစ်ဆင့်ချင်း လမ်းပြသွားနိုင်ရင် ပိုမိုထိရောက်တတ်ပါတယ်။

၁၂။ လုံခြုံ မူအသိ ကြွယ်ဝစေခြင်း

လုံခြုံ မူအသိဆိုတာ ကလေးတွေအတွက် အလွန်အရေးကြီးပါတယ်။ အသက်ငယ်လေ၊ စိုးရိမ်ရလေ ဖြစ်ပါတယ်။ တံခါးအ၀င်အထွက်၊ လှေခါး အတက်အဆင်း၊ စူးစမ်းလိုစိတ်နဲ့ ဝါယာ ဆော့ကက့် ပေါက်နဲ့ အထိအတွေ့၊ ကားလမ်း အဖြတ်အကူး၊ လူစိမ်းနဲ့ ထိတွေ့တဲ့အခါ၊ အမြင့်တက်ခြင်း၊ ရေကစားခြင်း၊ မီးကစားခြင်း စသည့်စသည့် တို့မှာ အထူးဂရုစိုက် သင်ကြားပေးဖို့ လိုပါတယ်။

၁၃။ ဆက်ဆံရေး ချောမွေ့ အောင် ပျိုးထောင်ပေးခြင်း

ဆက်ဆံရေးကောင်းမွန်အောင် ငယ်စဉ်ကတဲက စတင်ပျိုးထောင်ပေးလို့ ရပါတယ်။
အရေးကြီးဆုံးကတော့ လူကိုလေးစားတတ်အောင်အရင်သင်ပေးရပါတယ်။ လေးစားခြင်းဟာ ဆက်ဆံရေးရဲ့ အခြေခံအုပ်မြစ်ဖြစ်ပါတယ်။
သူများပြောစကားကို စိတ်၀င်တစား နားထောင်တတ်အောင် ပျိုးထောင်ပေးထားရပါမယ်။
ကိုယ့်ပြောချင်နေတဲ့အကြောင်းအရာ၊ ကိုယ်စဉ်းစားနေတဲ့ အကြောင်းအရာ တွေကို ရှင်းရှင်းလင်းလင်း ဖေါ်ပြတတ်ဖို့၊ ပြောရဲဆိုရဲအောင် အရင်သတ္တိမွေးပေးရပါတယ်။
ဂတိတည်ရမယ်။ ရိုးသားမယ်။ စဉ်းစားတဲ့အတိုင်း ပွင့်ပွင့်လင်းလင်းပြောမယ်။ ဒီအဆင့်အထိဆိုရင် လူချစ်လူခင်ပေါဖို့ မဝေးတော့ပါဘူး။

၁၄။ ကလေးစိတ်ကျန်းမာရေးကို ဂရုစိုက်ပေးပါ။

ကလေးလုံလောက်တဲ့ တက်ကြွမူ ရှိရဲ့လား၊ အကောင်းမြင်တဲ့ အကျင့်ရှိသလား၊ အရွယ်နဲ့ မလိုက်ပဲ ဒေါသအရမ်းကြီးနေသလား၊ အမြဲတမ်းပဲ တစ်ခုခု စိုးရိမ်နေတတ်သလား၊ ကလေး ဖိအားအရမ်းများနေသလား၊ စသည်ဖြင့် ကလေးများရဲ့ အပြုအမူကို မိဘများက ဂရုတစိုက် လေ့လာသင့်ပါတယ်။ တကယ်လို့ တစ်ခုခု မူမမှန်ဘူးဆိုရင် စိတ်ဆရာ၀န်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ မိဘများတစ်ခု လုံး၀လက်ခံထားရမှာက စိတ်ဆရာ၀န်ပြသခြင်းဆိုတာ စိတ္တဇ ရောဂါမဟုတ်ပါ။ နိုင်ငံခြားမှာ လုပ်ရိုးလုပ်စဉ် ဖြစ်ပါတယ်။

Ref: WeChat
;

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင်ကျောင်းအပ်ရန်အတွက် waiting list များကို လက်ခံနေပါပြီ👧🧒👦ကလ...
17/03/2026

၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက်
ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင်
ကျောင်းအပ်ရန်အတွက် waiting list များကို လက်ခံနေပါပြီ

👧🧒👦ကလေးတစ်ဦးချင်းစီကို ဂရုစိုက် သင်ကြားပေးပြီး
📚အခြေခံပညာခိုင်မာစေရန် အထူးအလေးထားပါသည်။

☘️စိတ်ပိုင်းဆိုင်ရာ၊စည်းကမ်းပိုင်း၊သင်ကြားရေးပိုင်းများကိုမျှတစွာဖွံ့ဖြိုးတိုးတက်စေပြီးဘက်စုံထူးချွန်ထက်မြက်သော သားငယ်သမီးငယ်လေးများဖြစ်စေရန် အလေးထားပါသည်။

လူဦးရေ ကန့်သတ်ထားပါသဖြင့် အမြန်ဆုံး လာရောက်စာရင်းပေးသွင်းဖို့အတွက် ဖိတ်ခေါ်အပ်ပါသည်။

🏠 အမှတ် (၃၀၅)၊ဇေယျာသီရီလမ်း၊၂၂ရပ်ကွက်၊ရွှေပေါက်ကံမြို့၊မြောက်ဥက္ကလာပမြို့နယ်
📲09420306696 ,09444489887,09423747301

"ကျွန်တော်တို့ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်းက ကလေးငယ်များ အာကာသပြတိုက်သို့ လေ့လာရေးခရီးသွားခဲ့ကြပါတယ်။ အာကာသအကြောင်းသင...
12/03/2026

"ကျွန်တော်တို့ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်းက ကလေးငယ်များ အာကာသပြတိုက်သို့ လေ့လာရေးခရီးသွားခဲ့ကြပါတယ်။ အာကာသအကြောင်းသင်ယူပြီး အနာဂတ်အကြောင်းကို အတွေးအခေါ်အသစ်တွေ ရရှိခဲ့ကြပါတယ် 🌌🚀"
Part 2

"ကျွန်ုပ်တို့ကိုယ်ပိုင်မူလတန်းကျောင်းမှ ကလေးငယ်များ မြန်မာ့အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်သို့ လေ့လာရေးခရီးသွားခဲ့ပါသ...
12/03/2026

"ကျွန်ုပ်တို့ကိုယ်ပိုင်မူလတန်းကျောင်းမှ ကလေးငယ်များ မြန်မာ့အမျိုးသားပြတိုက်နှင့် အာကာသပြတိုက်သို့ လေ့လာရေးခရီးသွားခဲ့ပါသည်။ ဒီခရီးစဉ်က စိတ်လှုပ်ရှားဖွယ်ရာ သင်ယူမှုများနှင့် အတွေ့အကြုံအသစ်များဖြင့် ကလေးများ၏ နောက်တစ်ဆင့်ပညာရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုမည်ဟု ယုံကြည်ပါတယ်။ 📚✨"
Part 1

🌌🎨 အာကာသပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားသော ကျွန်ုပ်တို့၏ ဂုဏ်ယူဖွယ် သမီးငယ်လေးများ 🎨🌌ဟိန်းမဟာကိုယ်ပိုင်ကျောင်းမ...
01/03/2026

🌌🎨 အာကာသပန်းချီပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားသော ကျွန်ုပ်တို့၏ ဂုဏ်ယူဖွယ် သမီးငယ်လေးများ 🎨🌌
ဟိန်းမဟာကိုယ်ပိုင်ကျောင်းမှ သမီးငယ်လေးများသည်
အာကာသပန်းချီပြိုင်ပွဲသို့ ယနေ့တွင် ယုံကြည်မှုအပြည့်၊ စိတ်အားထက်သန်မှုအပြည့်ဖြင့် သွားရောက်ယှဉ်ပြိုင်ခဲ့ပါသည်။
ကလေးငယ်များ၏ စိတ်ကူးစိတ်သန်း၊ ဖန်တီးနိုင်စွမ်းနှင့် သင်ယူလိုစိတ်များကို မြှင့်တင်ပေးနိုင်ရန် ကျောင်းအနေဖြင့် အမြဲအားပေးထောက်ပံ့လျက်ရှိပါသည်။
ပြိုင်ပွဲရလဒ်မည်သို့ပင်ဖြစ်စေ၊
ပါဝင်ယှဉ်ပြိုင်ရဲသော စိတ်ဓာတ်ကပင် အောင်မြင်မှုတစ်ခုဖြစ်ပါသည်။
သမီးငယ်လေးများအားလုံးအတွက် ဂုဏ်ယူပါသည် ❤️
အောင်မြင်မှုများစွာ ရရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

#အာကာသပန်းချီ #အာကာသပန်းချီပြိုင်ပွဲ

🌟 Singapore Maths Summer Course 2026 🌟📈 သားသားမီးမီးတို့ရဲ့ Mathematical Thinking ကို တိုးတက်စေမယ့် Singapore Maths သင်တ...
20/02/2026

🌟 Singapore Maths Summer Course 2026 🌟
📈 သားသားမီးမီးတို့ရဲ့ Mathematical Thinking ကို တိုးတက်စေမယ့် Singapore Maths သင်တန်း လေးကို join လို့ရပါပြီရှင်။

✨ အဓိကသင်ကြားမှုများ
🔹 Concept-based Learning (အယူအဆအခြေခံ)
🔹 Problem Solving & Logical Thinking
🔹 Exam Preparation (များတဲ့ Classwork + Practice)

📅 3.3.2026အတန်းစပါမည်။
📍 အမှတ်(၃၀၅)၊ဇေယျာသီရီလမ်း၊(၂၂)ရပ်ကွက်၊ရွှေပေါက်ကံမြို့၊မြောက်ဥက္ကလာပမြို့နယ်
📞 -09420306696, 09444489887,09423747301

✨ Boost Confidence & Skills
👉 Sign Up Today!

🎨 နွေရာသီ ပန်းချီသင်တန်း ဖွင့်လှစ်မည် 🎨 နွေရာသီအားလပ်ချိန်ကို အကျိုးရှိစေဖို့သားသားမီးမီးများအတွက် ပန်းချီသင်တန်း ဖွင့်လ...
20/02/2026

🎨 နွေရာသီ ပန်းချီသင်တန်း ဖွင့်လှစ်မည် 🎨

နွေရာသီအားလပ်ချိန်ကို အကျိုးရှိစေဖို့
သားသားမီးမီးများအတွက် ပန်းချီသင်တန်း ဖွင့်လှစ်ပါမည်ရှင်။🧑‍🎨👩‍🎨👨‍🎨🫟🫟🖌️🖌️

နွေရာသီအားလပ်ရက်မှာ ကလေးများ၏
ဖန်တီးနိုင်စွမ်းနှင့် စိတ်ကူးယဉ်စွမ်းရည်များ တိုးတက်စေရန်
ပန်းချီအခြေခံမှ စတင်သင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။

📚 သင်ကြားမည့်အကြောင်းအရာများ
• Color Theory အခြေခံ
• Drawing & Sketching
• Watercolor Painting
• Creative Art Activities

🎨ပန်းချီပညာကို သင်ကြားရခြင်းဖြင့်

✔ စိတ်ဖိစီးမှု လျော့ပါးစေသည်
✔ အာရုံစူးစိုက်မှု တိုးတက်စေသည်
✔ ဖန်တီးနိုင်စွမ်း မြှင့်တင်ပေးသည်
✔ ယုံကြည်မှု တိုးတက်စေသည်

📍 -အမှတ်(၃၀၅)၊ဇေယျာသီရီလမ်း၊(၂၂)ရပ်ကွက်၊ရွှေပေါက်ကံ

🗓️-3.3.2026 အတန်းစတင်ဖွင့်လှစ်ပါမည်

📲📞-094444489887 , 09420306696 , 09423747301

✨ Limited Seats Available!

ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်း၏ ၂၀၂၅-၂၀၂၆ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
09/02/2026

ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်း၏
၂၀၂၅-၂၀၂၆ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနား မှတ်တမ်းဓာတ်ပုံများ

ကြိုတင်စာရင်းပေးသွင်းနိုင်ပါရန်ထက်မြတ်ထူးချွန် လူရည်မွန်များ မွေးထုတ်ပေးရာ “ဟိန်းမဟာ”👩‍🏫 ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင...
01/02/2026

ကြိုတင်စာရင်းပေးသွင်းနိုင်ပါရန်

ထက်မြတ်ထူးချွန် လူရည်မွန်များ မွေးထုတ်ပေးရာ
“ဟိန်းမဟာ”

👩‍🏫 ဟိန်းမဟာ ကိုယ်ပိုင်မူလတန်းကျောင်းတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အတွက် ကြိုတင်စာရင်းပေးသွင်းနိုင်ပါပြီ❤️❤️

အမှတ်-၃၀၅ ၊ ဇေယျာသီရိလမ်း၊ ၂၂ ရပ်ကွက်၊
ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်။
Ph - 09420306696, 09444489887, 09423747301

 #ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း✨ပညာရေးစုံညီပွဲတော် နှင့် ဆုနှင်းသဘင်✨3.1.2026 , Skystar Hotel Yangon အမှတ်-၃၀၅ ၊ ဇေယျ...
26/01/2026

#ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း
✨ပညာရေးစုံညီပွဲတော် နှင့် ဆုနှင်းသဘင်✨
3.1.2026 , Skystar Hotel Yangon

အမှတ်-၃၀၅ ၊ ဇေယျာသီရိလမ်း၊ ၂၂ ရပ်ကွက်၊
ရွှေပေါက်ကံမြို့သစ်၊ မြောက်ဥက္ကလာပမြို့နယ်။
Ph - 09420306696, 09444489887, 09423747301

၂၀၂၅-၂၀၂၆ ပညာရေးစုံညီပွဲတော် မကျင်းပမီ ဟိန်းမဟာ မိသားစုဝင်များ၏ နေ့မနား ညမနားကြိုးစားအားထုတ်မှုများ
05/01/2026

၂၀၂၅-၂၀၂၆ ပညာရေးစုံညီပွဲတော် မကျင်းပမီ ဟိန်းမဟာ မိသားစုဝင်များ၏ နေ့မနား ညမနားကြိုးစားအားထုတ်မှုများ

နှစ်သစ်မှာ မိသားစုဝင်အားလုံးကျန်းမာချမ်းသာပြီး စိတ်ချမ်းသာမှု အပြည့်အဝ ရရှိပါစေ။နှစ်ဟောင်းက အခက်အခဲတွေ အားလုံးကို နောက်ထ...
01/01/2026

နှစ်သစ်မှာ မိသားစုဝင်အားလုံး
ကျန်းမာချမ်းသာပြီး စိတ်ချမ်းသာမှု အပြည့်အဝ ရရှိပါစေ။နှစ်ဟောင်းက အခက်အခဲတွေ အားလုံးကို နောက်ထားခဲ့ပြီး
နှစ်သစ်မှာ ပျော်ရွှင်မှု၊ ကျန်းမာရေးကောင်းမွန်ခြင်း၊
အောင်မြင်မှုများနဲ့ ပြည့်စုံတဲ့ နှစ်တစ်နှစ် ဖြစ်ပါစေ။
စိတ်ကူးအိမ်မက်တွေ အကောင်အထည်ဖော်နိုင်ပြီး
နေ့ရက်တိုင်းမှာ မင်္ဂလာရှိပါစေလို့ ဆုတောင်းပါတယ် 🙏

Address

ဇေယျာသီရိလမ်း ( ရန်ကုန်လမ်းအနီး )
Yangon

Website

Alerts

Be the first to know and let us send you an email when ဟိန်းမဟာကိုယ်ပိုင်မူလတန်းကျောင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share