25/03/2026
ချစ်ခင်လေးစားရပါသော ခရီးသည်များရှင်
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI အနေဖြင့် မကြာသေးမီအချိန်ကာလအတွင်း ကန့်သတ်ထားသော နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ယူခွင့်များကို ၂၆ရက်နေ့၊ မတ်လ ၂၀၂၆ မှစ၍ ယခင်မူလအတိုင်းပြန်လည်သယ်ဆောင်ခွင့်ပေးသွားမည်ဖြစ်ပါသည်။
MAI မှ ပြေးဆွဲနေသည့်နိုင်ငံတကာခရီးစဉ်များအတွက် ခရီးဆောင်အိတ်သယ်ဆောင်ခွင့်များမှာ အောက်ပါအတိုင်း
• Economy Class အတွက် 30KG အထိ
• Business Class အတွက် 40KG အထိ ပြန်လည်သယ်ဆောင်နိုင်ပြီဖြစ်ပါသည်။
• 𝐒𝐤𝐲 𝐒𝐦𝐢𝐥𝐞 (𝐑𝐮𝐛𝐲 & 𝐃𝐢𝐚𝐦𝐨𝐧𝐝) အဖွဲ့ဝင်များအနေဖြင့်လဲ အပိုခရီးဆောင်အိတ်သယ်ယူခွင့်များကို မူလအကျိုးခံစားခွင့်များအတိုင်း ပြန်လည်၍ပေးအပ်သွားမည်ဖြစ်ပါသည်။
ထို့အပြင် MAI မှ operational အခြေအနေများကြောင့် ယခင်ကရပ်နားခဲ့ရသော ပြည်တွင်းခရီးစဉ်များအားလုံးကိုလည်း မူလပုံမှန်အတိုင်း ပြန်လည်ပြေးသန်းပျံဆွဲပေးသွားမည်ဖြစ်ပါသည်ရှင်။
၂၀၂၆၊ မတ်လ ၂၂ရက် မှ ၂၅ရက်အတွင်း အသစ်ပြောင်းလဲသတ်မှတ်လိုက်သောခရီးဆောင်အိတ်သယ်ယူခွင့် ယာယီကန့်သတ်ချက်များကြောင့် ဆုံးရှုံးနစ်နာခဲ့ရသည့်ခရီးသည်များကို MAI မှ ခရီးဆောင်အိတ်သယ်ဆောင်ခွင့်အလေးချိန် 10KG နှင့်
တန်ဖိုးညီမျှသည့် Travel Voucher တစ်စောင်ကိုလည်း ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။
ထို Travel Voucher ကို ၂၀၂၆ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့အထိသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားသူအားလွှဲပြောင်းခြင်း သို့မဟုတ် refund ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍ ရနိုင်မည်မဟုတ်ပါရှင်။ Travel Voucher ရယူရန်အောက်ဖော်ပြပါ Google Link အားဖြည့်ပေးရန်လိုအပ်ပါသည်။ Link ကို comment မှာရှာပေးပါရန်။
ယခုအခြေအနေများကြောင့် ဖြစ်ပေါ်ခဲ့သော အဆင်မပြေမှုများအတွက် MAI မှ ခရီးသည်များအား အနူးညွှတ်တောင်းပန်ပါကြောင်း နှင့် မည်သည့်အခြေအနေမျိုးတွင်မဆို ခရီးသည်များ အဆင်ပြေပြေချောမွေ့စွာ ခရီးသွားနိုင်ရေးအတွက် MAI မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။