Honey Kid Syrup

Honey Kid Syrup Honey Kid ကလေးအားဆေးရည်

ချစ်ခင်ရပါတဲ့ ဖေဖေ၊ မေမေနဲ့ ရင်သွေးရတနာများ စီးပွားမိတ်ဖက်များရှင်။ မင်္ဂလာရှိသော နှစ်သစ်အချိန်အခါ ဖြစ်ပါစေလို့ Honey Ki...
31/12/2025

ချစ်ခင်ရပါတဲ့ ဖေဖေ၊ မေမေနဲ့ ရင်သွေးရတနာများ စီးပွားမိတ်ဖက်များရှင်။ မင်္ဂလာရှိသော နှစ်သစ်အချိန်အခါ ဖြစ်ပါစေလို့ Honey Kid မိသားစုက ဆုမွန်ကောင်းတောင်းပေးပါရစေ။

နှစ်သစ်မှစ၍ ကလေးငယ်လေးတွေရဲ့ ကျန်းမာရေးကို အစဉ်အမြဲ ဆက်လက် ကာကွယ်ပေးသွားမှာပါ။ ရွှင်လန်းပြီး ကျန်းမာဖွံ့ဖြိုးတဲ့ ကလေးငယ်လေးတွေနဲ့အတူ ပျော်ရွှင်ဖွယ်ရာ မိသားစုဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ထပ်လောင်း ဆုတောင်းပေးပါရစေရှင်။

#2026

30/12/2025

၂၀၂၆ မှာ သားသားမီးမီးတို့အတွက် မေမေတို့ အလိုချင်ဆုံးက ဘာတွေဖြစ်မလဲ?

နှစ်သစ်မှာ ကလေးကို အရပ်ရှည်စေချင်တာလား? မဖျားမနာစေချင်တာလား? စာတော်စေချင်တာလား?
ဒါတွေအားလုံးအတွက် အခြေခံအကျဆုံးက "ပြည့်ဝတဲ့ အာဟာရ" ပါပဲ။ ပြည့်ဝတဲ့အာဟာရနဲ့ ကျန်းမာတဲ့ နေ့စဉ်ဘဝရရှိနိုင်ဖို့အတွက် ဗီတာမင်နဲ့ သတ္ထုဓါတ် ၂၂ မျိုးပါဝင်တဲ့ Honey Kid က အသင့်တော်ဆုံး ရွေးချယ်မှုပဲပေါ့။

နှစ်သစ်မှာ Honey Kid နဲ့အတူ သားသားမီးမီးတို့ရဲ့ ကျန်းမာတဲ့ခရီးလမ်းကို စတင်လိုက်ပါနော်။

"၂၀၂၆ မှာလည်း Honey Kid နဲ့ပဲ"


2025 တစ်နှစ်တာကာလုံး ကလေးတွေကို သေချာစနစ်တကျပြုစုပျိုးထောင်ခဲ့ကြတဲ့၊ အုပ်ထိန်းသူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မပျက်မကွက...
29/12/2025

2025 တစ်နှစ်တာကာလုံး ကလေးတွေကို သေချာစနစ်တကျပြုစုပျိုးထောင်ခဲ့ကြတဲ့၊ အုပ်ထိန်းသူတစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေကို မပျက်မကွက်လုပ်ဆောင်ပေးခဲ့တဲ့ ဖေဖေ၊ မေမေနဲ့ အုပ်ထိန်းသူအားလုံးကို Honey Kid မှ ဂုဏ်ပြုကြောင်း ပြောကြားပါရစေ။

ကလေးနေမကောင်းဖြစ်တိုင်း အိပ်ရေးပျက်ခံပြီး စောင့်ကြည့်ခဲ့ရတဲ့ မေမေတွေရဲ့ ခံစားချက်တွေကို လျှော့ကျသွားစေဖို့၊ ကလေးငယ်တွေကျန်းမာသွားစေဖို့ Honey Kid ကလည်း မေမေတွေရဲ့ assistant အဖြစ် ဆက်လက်ရှိနေပေးသွားဦးမှာပါ။

2026 မှာလည်း ပျော်ရွှင်ရတဲ့ မိသားစုရပ်ဝန်းတစ်ခုကို Honey Kid နဲ့အတူ တည်ဆောက်လိုက်ကြရအောင်။

Calcium တစ်ခုတည်းနဲ့တင် အရပ်ရှည်နိုင်လား?အရပ်ရှည်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ Calcium အပြင် အခြား...
28/12/2025

Calcium တစ်ခုတည်းနဲ့တင် အရပ်ရှည်နိုင်လား?

အရပ်ရှည်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကလေးတွေရဲ့ ခန္ဓာကိုယ်မှာ Calcium အပြင် အခြားဓာတ်သတ္တုတွေလည်း မျှတနေဖို့လိုအပ်ပါတယ်။

Calcium အပြင်
✅ပရိုတင်းဓာတ်
✅ဗီတာမင် ဒီ
✅ဇင့်
✅မဂ္ဂနီဆီယမ်
✅သံဓာတ်
စတာတွေလည်း လိုအပ်ပါတယ်။

ဒါ့ကြောင့် သားသားမီးမီးလေးတွေ အရပ်ရှည်ဖွံ့ဖြိုးဖို့အတွက် အခြားလိုအပ်တဲ့ ဓာတ်သတ္တုတွေကိုလည်း အစားအစာ၊ ဖြည့်စွက်အားဆေး စတာတွေနဲ့ ဖြည့်စွက်ပေးသင့်ပါတယ်။

သင့်ကလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူဖြစ်စေဖို့ Honey Kid ကို တိုက်ကျွေးပေးဖို့လည်း မမေ့ပါနဲ့ဦးနော်။

ပန်းခရမ်းရောင်လေးတွေ တွေ့အောင်ရှာ 🌸ပုံထဲမှာ Echinacea (Cone Flower) ဆိုတဲ့ ပန်းခရမ်းရောင်ပန်းလေးတွေ ပျောက်နေပါတယ်။ ကလေးတ...
27/12/2025

ပန်းခရမ်းရောင်လေးတွေ တွေ့အောင်ရှာ 🌸

ပုံထဲမှာ Echinacea (Cone Flower) ဆိုတဲ့ ပန်းခရမ်းရောင်ပန်းလေးတွေ ပျောက်နေပါတယ်။ ကလေးတွေရဲ့ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ကြံ့ခိုင်မှုကို အထောက်အကူဖြစ်စေတဲ့ Honey Kid ဖြစ်စေဖို့ ပန်းလေးတွေ ဘယ်နှခုရှိမလဲ? ရှာကြည့်လိုက်ရအောင်။

ကလေးတွေကို အားဆေးတစ်ခါတိုက်တိုင်း တစ်ခါပွဲဖြစ်နေရတာလည်း ငြီးငွေ့နေပါပြီ။ဆေးကခါးလို့၊ အနံ့က ဆေးနံ့ကြီးမို့လို့နဲ့ ငိုယိုဂ...
26/12/2025

ကလေးတွေကို အားဆေးတစ်ခါတိုက်တိုင်း တစ်ခါပွဲဖြစ်နေရတာလည်း ငြီးငွေ့နေပါပြီ။

ဆေးကခါးလို့၊ အနံ့က ဆေးနံ့ကြီးမို့လို့နဲ့ ငိုယိုဂျီကျနေတတ်လို့ မေမေတို့ စိတ်ညစ်ရတယ်မဟုတ်လား။

Honey Kid နဲ့သာဆို ဒီပြသနာတွေ မရှိတော့ဘူးဆိုတာ သေချာပါတယ်။ အရသာချိုချို၊ အနံ့မွှေးမွှေးနဲ့မို့ နေ့တိုင်းသောက်ချင်လို့တောင် တောင်းဆိုနေတာကိုသာ စောင့်နေပေတော့။

အနံ့အရသာကောင်းမွန်ရုံတင်မဟုတ်ဘဲ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓါတ် ၂၂ မျိုးတောင် ပါဝင်တာမို့ ဒီထက်ပြည့်စုံတာ ရှိကိုမရှိတော့ဘူး။

“Honey Kid နဲ့ဆို မေမေတို့ ပွဲဖြစ်စရာမလိုတော့ဘူး"



အရုပ်တွေ၊ မုန့်တွေဆိုတာက မကြာခဏပေးနိုင်တဲ့ မေမေ့ရဲ့ love language လို့ဆိုနိုင်ပေမဲ့ ကျန်းမာခြင်း ဆိုတဲ့ လက်ဆောင်ကတော့ မေ...
24/12/2025

အရုပ်တွေ၊ မုန့်တွေဆိုတာက မကြာခဏပေးနိုင်တဲ့ မေမေ့ရဲ့ love language လို့ဆိုနိုင်ပေမဲ့ ကျန်းမာခြင်း ဆိုတဲ့ လက်ဆောင်ကတော့ မေမေ့ရဲ့ အဖိုးအတန်ဆုံးနဲ့ အလှပဆုံးချစ်ခြင်းတရားပါပဲနော်။

သားသားမီးမီးတို့ရဲ့ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် ၂၂ မျိုးပါဝင်တဲ့ Honey Kid က ဒီနှစ်အတွက် မေမေတို့ပေးနိုင်တဲ့ အကောင်းဆုံးလက်ဆောင်တစ်ခုပဲပေါ့။

“Honey Kid … ဆန်တာပေးတဲ့လက်ဆောင်ထက်တောင် ပိုတန်ဖိုးကြီးတဲ့ ကျန်းမာရေးလက်ဆောင်”



ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကလေးတွေနဲ့ ခရီးထွက်ဖို့ အစီအစဉ်ဆွဲပြီးပြီလား? ခရီးစဉ်တစ်လျှောက်လုံး ကလေးတွေ ကျန်းမာပြီး အားပြည့...
23/12/2025

ဒီဇင်ဘာကျောင်းပိတ်ရက်မှာ ကလေးတွေနဲ့ ခရီးထွက်ဖို့ အစီအစဉ်ဆွဲပြီးပြီလား?

ခရီးစဉ်တစ်လျှောက်လုံး ကလေးတွေ ကျန်းမာပြီး အားပြည့် နေဖို့အတွက် ခရီးဆောင်အိတ်ထဲမှာ ကလေးသောက်နေကျ Honey Kid ပါမပါ စစ်ဖို့ မမေ့နဲ့နော်။

ခရီးစဉ်မှာ Honey Kid ပါနေတယ်ဆိုရင်
ရေပြောင်း၊ မြေပြောင်းမှာ တုပ်ကွေး၊ အအေးမိ ကာကွယ်ဖို့ ကိုယ်ခံအားကို မြှင့်တင်ပေးမယ်။

အရသာရှိလို့ ကလေးတွေလည်း မငြိုငြင်ဘူး။
နေ့စဉ်လိုအပ်တဲ့ ဗီတာမင်တွေကိုလည်း ဖြည့်စွက်ပြီးသားဖြစ်မယ်။

ခရီးတစ်ခုထွက်လိုက်လို့ ကလေးတစ်ယောက် မကျန်းမာဘူးဆိုတာမျိုး Honey Kid သာ ပုံမှန်ပါနေရင် စိတ်ပူစရာကို မလိုဘူးနော်။

“Honey Kid! ခရီးစဉ်တိုင်းရဲ့ မရှိမဖြစ် အဖော်ကောင်း!”


ဆောင်းရာသီ ရောက်လာပြီဆိုရင် ကလေးငယ်တွေ အအေးမိ၊ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖို့ မိဘတိုင်းအတွက် ပူပန်စရာပါပဲ။ဒီလိုအချိန်မ...
22/12/2025

ဆောင်းရာသီ ရောက်လာပြီဆိုရင် ကလေးငယ်တွေ အအေးမိ၊ တုပ်ကွေး မဖြစ်အောင် ဂရုစိုက်ဖို့ မိဘတိုင်းအတွက် ပူပန်စရာပါပဲ။

ဒီလိုအချိန်မှာ သင့်ကလေးအတွက် Honey Kid က အကောင်းဆုံး ဒိုင်းကာလေးတစ်ခု ဖြစ်ပါလိမ့်မယ်။
ဘာကြောင့်လဲဆိုတော့ …

Honey Kid မှာပါဝင်တဲ့ အဓိက လျှို့ဝှက်ချက်ကတော့ Echinacea (ဆေးပြောင်းပန်း) ပဲဖြစ်ပါတယ်။

Echinacea (ပန်းခရမ်းရောင်ပန်းပွင့်လေး) ဆိုတာကတော့ ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ တုပ်ကွေးနဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်ပြီး ကိုယ်ခံအားကို အားကောင်းစေတဲ့ သဘာဝအပင် တစ်မျိုးဖြစ်ပါတယ်။

ဒီ Echinacea ရဲ့ အစွမ်းနဲ့အတူ Vitamin C ကို ပေါင်းစပ်ပေးထားတာကြောင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားစနစ်ဟာ ဆောင်းရာသီမှာ ပိုမိုအားကောင်းလာစေမှာပါ။

Honey Kid ကို ပုံမှန်တိုက်ကျွေးခြင်းဖြင့်... ကိုယ့်ကလေးကို ပန်းခရမ်းရောင် ဒိုင်းကာလေး ဝတ်ဆင်ပေးလိုက်ပါ 🛡️

“ဆောင်းတွင်းမှာ ကျန်းမာပျော်ရွှင်စေဖို့ Honey Kid ကို ပုံမှန်တိုက်ကြစို့”


13/12/2025

ကလေးတွေအတွက် အသင့်တော်ဆုံးအားဆေးဆိုတာ အရသာချိုပြီး အားဖြစ်စေတဲ့ Honey Kid ပါ 💛

Honey Kid မှာဆိုရင် ကလေးတစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေကို တစ်မျိုးတည်းမှာ အစုံလင်ဆုံးရရှိစေဖို့အတွက် ဗီတာမင်နဲ့ သတ္တုဓါတ် (၂၂) မျိုးပါဝင်ပြီး Sugar Free Formula နဲ့ ထုတ်လုပ်ပေးထားပါတယ် 🤗

အရသာချိုချိုလေးနဲ့ဆိုတော့ ဆေးတိုက်ရခက်နေတဲ့ ဘေဘီလေးတွေအတွက်လည်း အဆင်‌ပြေဆုံး ဖြစ်စေမှာပါနော် 🐝💛

"အစကောင်းမှ အနှောင်းသေချာ Honey Kid နဲ့ အစပြုပါ"


သင့်ကလေးငယ်တွေရဲ့…🌟ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေဖို့၊🌟အစာစားချင်စိတ် တိုးစေဖို့၊🌟ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့မရှိမ...
11/12/2025

သင့်ကလေးငယ်တွေရဲ့…
🌟ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေဖို့၊
🌟အစာစားချင်စိတ် တိုးစေဖို့၊
🌟ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးဖို့
မရှိမဖြစ်လိုအပ်တဲ့ Honey Kid ကလေးအားဆေးရည် ကို အလွယ်တကူ ဝယ်ယူရရှိနိုင်ပါပြီ။

Honey Kid ကလေးအားဆေးရည်ကို
🏬ကိုဟန်တင်+မတင်တင်အောင် ဆေးဆိုင်
🏬ရွှေအိုးဆေးဆိုင်နဲ့
🏬အမြို့မြို့အနယ်နယ်မှာရှိတဲ့ ဆေးဆိုင်တွေမှာ မေးမြန်းဝယ်ယူနိုင်ပါတယ်။

သင့်ကလေးငယ် ကျန်းမာဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုပဲ အနီးဆုံးဆေးဆိုင်မှာ Honey Kid ကို ရှာလိုက်ပါနော်။

#ရွှေအိုး #ကိုဟန်တင်+မတင်တင်အောင်

🌦️ ရာသီအကူးအပြောင်းမှာ ကလေးတွေကိုယ်ခံအားကောင်းဖို့ ဘာတွေပြင်ဆင်ကြမလဲ 🌦️ရာသီအပြောင်းအလဲကို တားဆီးလို့မရပေမဲ့ သားသားမီးမီး...
09/12/2025

🌦️ ရာသီအကူးအပြောင်းမှာ ကလေးတွေကိုယ်ခံအားကောင်းဖို့ ဘာတွေပြင်ဆင်ကြမလဲ 🌦️

ရာသီအပြောင်းအလဲကို တားဆီးလို့မရပေမဲ့ သားသားမီးမီးတို့ရဲ့ ကိုယ်ခံစွမ်းအားကိုတော့ အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ပေးထားလို့ ရပါတယ်။

ဒါဆို မေမေဖေဖေတို့ဘက်က ဘာတွေပြင်ဆင်ပေးလို့ရမလဲ ❓

🍎 အာဟာရပြည့်ဝတဲ့ အစားအစာ
ဗီတာမင် C ကြွယ်ဝတဲ့ အသီးအနှံတွေ (လိမ္မော်သီး၊ သံပုရာသီး)၊ ဇင့်ဓါတ်ပြည့်ဝတဲ့ အသားငါးနဲ့ ဟင်းသီးဟင်းရွက်စိမ်းတွေကို မျှတအောင် ကျွေးပါ။

😴 လုံလောက်တဲ့ အိပ်စက်အနားယူမှု
ကလေးတွေရဲ့ ကိုယ်ခံအားစနစ်က သူတို့အိပ်စက်နေချိန်မှာ ပြန်လည်တည်ဆောက်ပါတယ်။ ဒါကြောင့် အိပ်ချိန်မှန်မှန်နဲ့ ပြည့်ပြည့်ဝဝ အိပ်စက်ခိုင်းဖို့ အရေးကြီးပါတယ်။

💧 ရေဓာတ်ပြည့်ဝနေစေခြင်း
ရေများများသောက်ခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကိုယ်ခံအားကို အားကောင်းစေပါတယ်။

🧼 တစ်ကိုယ်ရေသန့်ရှင်းရေး
အပြင်ကပြန်လာတိုင်း၊ အစာမစားခင်တိုင်း လက်ကို စင်ကြယ်စွာ ဆေးကြောတဲ့အကျင့်ကို လုပ်ပေးပါ။

ဒီအချက်တွေအားလုံးကို ဂရုစိုက်နေတဲ့ကြားက သားသားမီးမီးတို့ရဲ့ ကိုယ်ခံအားကို အကောင်းဆုံးပံ့ပိုးပေးဖို့ နောက်ထပ်နည်းလမ်းကောင်းတစ်ခု ရှိပါသေးတယ်။

✨ အဲ့ဒါကတော့ Honey Kid အားဆေးရည်ပါပဲ ✨
Honey Kid မှာဆိုရင် ရာသီအကူးအပြောင်းမှာ အဓိကလိုအပ်တဲ့ ကိုယ်ခံအားမြှင့်တင်ပေးတဲ့
ဆေးပြောင်းပန်းအဆီအနှစ်နဲ့ ဗီတာမင် C ပါဝင်လို့ ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို အလွယ်တကူမဝင်ရောက်နိုင်အောင် သဘာဝအတိုင်း ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ဒီရာသီအကူးအပြောင်းကို သားသားမီးမီးတို့ ကျန်းကျန်းမာမာနဲ့ ဖြတ်သန်းနိုင်ဖို့ Honey Kid နဲ့အတူ ကြိုတင်ပြင်ဆင်လိုက်ကြရအောင်နော် 🐝💛

"အစကောင်းမှ အနှောင်းသေချာ 𝐇𝐨𝐧𝐞𝐲 𝐊𝐢𝐝 နဲ့ အစပြုပါ"


Address

V59J+856, ယမနေ(၉)လမ်း
Yangon

Website

Alerts

Be the first to know and let us send you an email when Honey Kid Syrup posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram