J & PT Online Shopping

J & PT Online Shopping မိတ်ဆွေတို့ရဲ့ ယုံကြည်အားထားရာ
J & PT Online Shopping ပါ...


ယနေ့ ( 04 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီ...
04/12/2025

ယနေ့ ( 04 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီကျော် မှသာ ဝန်ဆောင်မှု ပြန်လည် ရယူနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်...

လေးစားစွာဖြင့် ,

Admin

ယနေ့ ( 03 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီ...
03/12/2025

ယနေ့ ( 03 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီကျော် မှသာ ဝန်ဆောင်မှု ပြန်လည် ရယူနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်...

လေးစားစွာဖြင့် ,

Admin

ယနေ့ ( 02 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီ...
02/12/2025

ယနေ့ ( 02 Dec 25 ) တွင် Kpay ငွေအထွက် Limit ပြည့်သွားပါသဖြင့် ၊ Kpay ဖြင့် ငွေယူမည့် Customers များ အနေဖြင့် ၊ ည ၁၂ နာရီကျော် မှသာ ဝန်ဆောင်မှု ပြန်လည် ရယူနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်...

လေးစားစွာဖြင့် ,

Admin

J & PT Online Shopping မှ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု ကို အသုံးပြုမည့် ၊ Customers အသစ်များ အနေဖြင့် ၊ တနေ့လျှင် အများဆ...
02/12/2025

J & PT Online Shopping မှ ပြည်တွင်းငွေလွှဲ ဝန်ဆောင်မှု ကို အသုံးပြုမည့် ၊ Customers အသစ်များ အနေဖြင့် ၊ တနေ့လျှင် အများဆုံး ၃ သိန်းကျပ် အထိသာ ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေး မေတ္တာရပ်ခံအပ်ပါသည်...

လူကြီးမင်းတို့၏...- Wallet Pay ထဲ အကြောင်းအမျိုးမျိုး  ကြောင့် ငွေဖြည့်လို၍ ဖြစ်စေ...- Website တွင် ဈေးဝယ်ရန် Visa Card ...
22/11/2025

လူကြီးမင်းတို့၏...

- Wallet Pay ထဲ အကြောင်းအမျိုးမျိုး
ကြောင့် ငွေဖြည့်လို၍ ဖြစ်စေ...

- Website တွင် ဈေးဝယ်ရန် Visa Card ထဲ
‌ငွေဖြည့်လို၍ ဖြစ်စေ...

- Page Boost အတွက် Visa Card ထဲ
ငွေဖြည့်လို၍ ဖြစ်စေ...

အချိန်မကုန် ၊ လူမပင်ပမ်း ၊ စိတ်ရှုပ်စရာ မလိုပဲ ၊ လူကြီးမင်းတို့၏ လိုအပ်ချက်များ ကို လျှင်မြန်စွာ လုပ်ဆောင်နိုင်ရန် ၊ J & PT မှ ငွေလွှဲခြင်း ၊ ငွေဖြည့်ခြင်း ဝန်ဆောင်မှုများ ကို 24 နာရီ ၊ ပိတ်ရက်မရှိ ဝန်ဆောင်မှုပေးလျှက် ရှိပါသည်...

ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု ရယူနိုင်သော ဘဏ်များ နှင့် Wallet Pay များ...

AYA / AYA Pay / KBZ / Kpay / CB / CB Pay / YOMA / Wave Pay / A Bank / A+ / UAB / UAB Pay / MAB / OK$...

( ဖော်ပြပါ ဘဏ်များ နှင့် Wallet Pay များမှ လွဲ၍ အခြားသော ဘဏ်များ ၊ Wallet Pay များ ဝန်ဆောင်မှု မရရှိနိုင်ပါ... )

ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ အတွက်...

Viber - 09 880 888 379

Telegram -

မှ တဆင့် ဝန်ဆောင်မှုများ ရယူနိုင်ပါပြီ...

( 01 October 2023 ) မှ စ၍ ပြောင်းလဲ သတ်မှတ်ထားသော ပြည်တွင်း ငွေလွှဲခနှုန်းထားအသစ်...၅၀,၀၀၀ အောက် - 500၅၀,၀၀၀ မှ ၄ သိန်း ...
19/11/2025

( 01 October 2023 ) မှ စ၍ ပြောင်းလဲ သတ်မှတ်ထားသော ပြည်တွင်း ငွေလွှဲခနှုန်းထားအသစ်...

၅၀,၀၀၀ အောက် - 500

၅၀,၀၀၀ မှ ၄ သိန်း အောက် - 1 %

၄ သိန်း မှ သိန်း ၅၀ အောက် - 0.6 %

သိန်း ၅၀ နှင့် အထက် - 0.5 %

ပြည်တွင်း ငွေလွှဲဝန်ဆောင်မှု ရယူနိုင်သော ဘဏ်များ နှင့် Wallet Pay များ ...

# AYA / AYA Pay / KBZ / Kpay /
CB Pay / YOMA / Wave Pay / A
Bank / A+ / UAB / UAB Pay /
MAB / OK$ ...

( ဖော်ပြပါ ဘဏ်များ နှင့် Wallet Pay
များ မှ လွဲ၍ အခြားသော ဘဏ်များ ၊
Wallet Pay များ ဝန်ဆောင်မှု မရရှိနိုင်
ပါ... )

J & PT Online Shopping တွင် 💸 လွှဲ ဝန်ဆောင်မှု နှင့် Visa Card Topup ဝန်ဆောင်မှု ယူမယ့် Customers အသစ်များ သိရှိ နိုင်စေ...
11/11/2025

J & PT Online Shopping တွင် 💸 လွှဲ ဝန်ဆောင်မှု နှင့် Visa Card Topup ဝန်ဆောင်မှု ယူမယ့် Customers အသစ်များ သိရှိ နိုင်စေရန် !!!

👉 Pay များ အားလုံး နာမည် နှင့် Level စစ်ပြီး မှသာ ဝန်ဆောင်မှု ရယူနိုင်မည်ဖြစ်ပါသည်။

👉 Remark ရေးရန် လိုအပ်ပါက ၊ 💸 လွှဲသည့် အခါ ၊ ရေးစေလိုသည့် အတိုင်း Remark ရေးပေးရန်လိုအပ်ပါသည်။

👉 UAB Visa Card ထဲ ၊ 💸 ဖြည့် ပေးရမည် ဆိုပါက ၊ UAB Pay ထဲမှ Prepaid / Gift Cards ထဲရှိ Card No. ရှေ့ ၄ လုံး & နောက် ၄ လုံး ၊ Card Name & Exp Date ပါသော ၊ Screen Shot ပြပေးရန် လိုအပ်ပါသည်... ( Card ပိုင်ရှင် မှန် ၊ မမှန် သိရှိနိုင်စေရန် ဖြစ်ပါသည်... )

အထက်ပါ အချက်အလက်များအား သေချာစွာ ဖတ်ရှု၍ ၊ လက်ခံနိုင် မှသာ ဝန်ဆောင်မှု ယူပေးကြပါရန် ၊ ကြိုတင် အသိပေး မေတ္တာရပ်ခံအပ်ပါသည်....

လေးစားစွာဖြင့် ,

Admin

လေးစားရပါသော Customers များ ကို Admin Request တခုလုပ်ပါရ‌စေ...Admin တို့ အလုပ် က ဝန်ဆောင်မှု ယူတဲ့ Customers တွေ အနေ နဲ့...
29/10/2025

လေးစားရပါသော Customers များ ကို Admin Request တခုလုပ်ပါရ‌စေ...

Admin တို့ အလုပ် က ဝန်ဆောင်မှု ယူတဲ့ Customers တွေ အနေ နဲ့ ငွေကြိုလွှဲပေး ရတယ် ဆိုတာ Customers အားလုံး သိကြပါတယ်... အဲ့ထဲက မှ တချို့သော Regular Customers တွေရဲ့ အရမ်းအရေးကြီးလို့ပါ ၊ ကူညီပေးပါ ဆိုတဲ့ Request နဲ့ Admin တို့ က ငွေကြိုလွှဲပေးလိုက်တာမျိုးလဲ ရှိပါတယ်... အဲ့မှာ ပြဿနာ ဖြစ်တာပဲ...
အစ ထဲကလဲ Admin တို့ က ဘယ်သူ့ ကိုမှ ငွေကြိုမလွှဲပေးဘူး ပြောထားတယ် ၊ Customers ဘက် ကလဲ တခေါက် ပဲ ကူညီပေးပါ ပြောလာတယ် ၊ အဲ့မှာ တခေါက် ကနေ အမြဲ လိုလို ဖြစ်လာတယ် ( အဲ့ဒါ တစ်ချက် )...
Regular Customer ဖြစ်နေတာတောင် ၊ အကြောင်းအမျိုးမျိုးကြောင့် Admin ဘက် က ငွေလွှဲတာလေး ကြာနေခဲ့ရင်တောင် ၊ Admin က လိမ်မှာ စိုးလို့ လွှဲပြီးရင် Slip ပို့ပေးအုံးနော်တို့ ၊ Hello ၊ Hi လုပ်တာတို့ ၊ အဲ့လို Customer ကပဲ Admin ကို အကြောင်းအမျိုးမျိုးပြပြီး ၊ ငွေလေး ကြိုလွှဲပေးပါအုံးတို့ ၊ Admin က အဆင်မပြေဘူး လို့ ပြောရင် ငွေနည်းနည်းလေး ကို မယုံလို့လားတို့ ၊ ဒီလောက် အလုပ်လုပ်တာ ကြာနေပြီတို့ ပြောပြီး ၊ အတင်း ကူညီခိုင်းတယ်... ကူညီပြီးလို့ ပြန်မပေးလို့ တောင်းတော့ ၊ ဒေါကန်တယ်... ဒီလောက် ပိုက်ဆံ ကို လိမ်စရာလားတို့ ဘာညာ နဲ့ Admin ကို ပြန်ပြောတယ်... ဆိုတော့ Admin အဖြစ် က ဖက်ပေါ်ဆူးကျ လဲ ဖက်ပဲပေါက် ၊ ဆူးပေါ်ဖက် ကျလဲ ဖက်ပဲပေါက် ၊ အဲ့လို ဖြစ်နေတယ်... အဲ့လိုမှ မဟုတ်ရင်လဲ ၊ Charges ကို နောက်မှ ယူတို့... Admin တို့ ရတဲ့ Service Charges လေး က နည်းနည်းလေး ရတာပါ... အဲ့ဒါကို နောက် မှ ယူနော် ဆိုတော့... ပြောချင်တာ က Admin ကို ငွေကြိုလွှဲခိုင်း တဲ့ Customers တွေကို ၊ Admin လဲ ငွေလေးကြိုလွှဲ‌ပေးပါလား ၊ ငွေကုန်သွားလို့တို့ အကူအညီ ပြန်တောင်းမယ်‌လေ ၊ ပေးမယ် ထင်လား ???

နောက်တခု က Internet လိုင်း ကလေ Admin ဆီမှာ ကောင်းပေမယ့် ၊ Customers တွေ ဆီမှာ လိုင်းကျတာမျိုးတွေလဲ ရှိတတ်ပါတယ်... Phone Hang တာတို့ ၊ VPN ကြောင်သွားလို့ ဝင်မရတော့တာမျိုးလဲ ဖြစ်တတ်ပါတယ်... Admin က App ထဲ ဝင်လို့ မရလို့ ငွေလွှဲလို့ မရဘူး ဆိုတာကို ၊ သူများတွေ ဝင်လို့ ရတယ် ၊ Admin ပဲ မရတာ ၊ ငွေကြို မလွှဲပေးချင်လို့ ဆိုပြီး Blame ခံရတာ ကတော့ များသွားပြီ...

Admin ဒီ အလုပ် စလုပ် ထဲက ငွေကြိုလွှဲပေးမယ် ၊ ပိုက်ဆံချေးမယ် လဲ တခွန်း မှ မပြောခဲ့ သလို ၊ Customers တွေ ရဲ့ ငွေရေးကြေးရေး နည်းနည်း ၊ များများ အခက်အခဲ အမျိုးမျိုး ကိုလဲ ဖြေရှင်း ပေးဖို့ တာဝန်လဲ မရှိတဲ့ အတွက် ကိုယ့်ဘာသာ ပဲ ဖြေရှင်းကြပါ...

ငွေကြိုလွှဲပေးဖို့ အကူအညီတောင်း တဲ့ Customers တော်တော်များများ က Admin ငြင်းရင် သူတို့ကို မယုံဘူးတို့ ၊ ဘာညာ နဲ့ စိတ်ဆိုးကြတယ်... ကူညီလိုက်ပြီး ၊ မပေးလို့ ပြန်တောင်းတော့လဲ စိတ်ဆိုးတယ်...

ပြောချင်တာ ကလေ Admin အလုပ် ကလေ ရပ်ကွက် ထဲက ကုန်စုံဆိုင် အဆင့်လောက်ပဲ ရှိတာပါ... ကုန်ကြွေးချပြီး ရောင်းရတဲ့ ဆိုင်ကြီး ၊ ဒိုင် အဆင့်လဲ မဟုတ်ပါဘူး... Charges ဆိုရင်လဲ 500 ကနေ စပေး ရတာပဲ... Charges အကြွေးမှတ်ထား ဆိုတာကြီး ကလဲ မဖြစ်သင့်ပါဘူး... Admin က အားနာတတ်တာကြောင့်လဲ ပါသလို ၊ စကားတွေအများကြီး ပြောရတာလဲ မကြိုက်လို့ သိပ်မပြောတာပါ... လူ ဆိုတာ ကိုယ့်အကြောင်း ကို ကိုယ်ကိုယ်တိုင်ပဲ ပြောတာပါ... ဘယ် Customer က ဘယ်လို လူမျိုးလဲ ဆိုတာ Admin သိပါတယ်... သိပ်မပြောချင်လို့ပါ...

ဘယ်လောက် Regular Customer ဖြစ်ဖြစ် ၊ ဘယ်လို အခက်အခဲ ပဲ ရှိရှိ Admin တို့ လုံးဝ ငွေကြို မလွှဲပေးပါဘူး ၊ Charges တွေလဲ အကြွေးထားမပေးပါဘူး... အဆင်ပြေ မှပဲ ဝန်ဆောင်မှု ယူပေးပါ... ငွေကြိုမလွှဲလို့ တခြားမှာပဲ ဝန်ဆောင်မှု ယူမယ် ဆိုလဲ သွားပါ... အဆင်ပြေပါတယ်... ငွေကြို မလွှဲဘူးလို့ ငြင်းရင်လဲ စိတ်မဆိုး ပါနဲ့... ငွေ က အဝင် ၊ အထွက် လည်နေ မှ အလုပ်လုပ်လို့ အဆင်ပြေတာမလို့ပါ... Admin မှာလဲ တခြား အလုပ်တွေ ရှိလို့ ၊ ငွေပေး ငွေယူတွေ ရှိပါတယ်... ငွေလွှဲတာ လုပ်တာ မလို့ ၊ Bank / Pay တွေမှာ ငွေအမြဲရှိတယ် ၊ ငါတို့ လိုရင် ကြိုလွှဲခိုင်းလို့ ရတယ်လို့ မထင်ပါနဲ့... ငွေကြိုလွှဲခိုင်းတာ ရဲ့ နောက်ဆက်တွဲ က ယုံကြည်မှု ပျက်ပြား တာရယ် ၊ မိတ်ပျက်တာရယ်ပဲ ရှိတာမလို့ ၊ Admin တို့ မည်သူ့ကို မှ ငွေကြို မလွှဲပေးပါ... ငွေကြေး ကိစ္စ မည်သူ့ ကိုမှ မကူညီပါ... ၁ ကျပ် က အစ မကူညီပါဘူး... အဆင်မပြေရင် Admin တို့နဲ့ အလုပ်ဆက်မလုပ်ပါနဲ့... ကျေးဇူးပါ...

လေးစားစွာဖြင့် ,

Admin

https://www.facebook.com/share/p/1ENF9hgqsP/
27/10/2025

https://www.facebook.com/share/p/1ENF9hgqsP/

ဒီရက်ပိုင်းအတွင်း ကျားဖြန့်တွေ project အသစ်တစ်ခု
စမ်းသပ်နေတယ်လို့ သိထားတယ်။ အဲဒီ project က အောင်မြင်ဖို့
တော်တော်နီးစပ်နေပြီလို့လည်း သိထားတယ်။
ခု project က ဘယ်လိုလာမလည်းဆိုတော့ 18 + ပုံစံတွေရယ်
VPN ပုံစံတွေနဲ့ လာမယ်လို့ သိထားတယ်။ ယခင် E Banking
Wave Pay KBZ Pay ပုံစံတွေ၊ ဆုမဲ လက်ဆောင် ကံစမ်းမဲပေါက်တဲ့
ပုံစံတွေက တော်တော်များများက သိလာပြီး လုပ်ရကိုင်ရတာ
ထင်သလောက် မရတော့ အခု project အသစ်နဲ့ scram လုပ်ဖို့
ကြိုစားနေတယ်လို့ သိထားတယ်။
ဘယ်လိုပုံစံတွေ လာမလည်းဆိုရင် ဆန့်ကျင့်ဘက် s*x ကို Dummy
(အသုံးချခံပစ္စည်း) အဖြစ်ထားပြီး ယောက်ျားလေးဆို မိန်းကလေး
Dummy နဲ့၊ မိန်းကလေးဆို ယောက်ျားလေး Dummy နဲ့ ဗန်းပြပြီး
ဉပမာ 18 + movies/side စတာမျိုးတွေကို ကြည့်ဖို့ဆွယ်တာ
18 + character ေတွပါတဲ့ Game မျိုးတွေ ဆော့ဖို့ download link
ချ​ပေးတာ ဒါမျိုးတွေနဲ့ လာလိမ့်မယ်။
နောက်တစ်ခုက VPN..မြန်မာနိုင်ငံက မဖြစ်မနေ VPN သုံးရတဲ့အတွက်
VPN APK Link ကို download ဖို့ link ပေးတာမျိုးတွေ စတဲ့ပုံစံတွေနဲ့
လုပ်ဖို့ ကြိုးစားနေတယ်လို့ သိထားပါတယ်။
ဒီ Project မှာ သူတို့သုံးမယ့် နည်းပညာပိုင်းက အရင်ကဟာတွေထက်
မြင့်မားပြီး ပစ်မှတ်သားကောင်တွေက အဲဒီ link ကို ဝင်လိုက်တာနဲ့
အရင်လို့ မိမိတို့ရဲ့ ဖုန်းကို fully control လုပ်ဖို့ code တွေ နှစ်ဆင့်
သုံးဆင့်ရဖို့ ကြိုးပမ်းနေစရာမလိုဘဲ ပထမဆုံး link ကို
ဝင်ပြီးသွားတာနဲ့တင် ပစ်မှတ်ရဲ့ ဖုန်းတွေဟာ နောက်ထပ်
ဘာ code မှ ရအောင်လုပ်ဖို့မလိုဘဲ ပထမအဆင့်မှာတင်ဘဲ
အပြည့်အဝ ထိန်းချုပ်ခံရမှာဖြစ်ပါတယ်။
VPN တွေကိုလည်း ကိုယ် Download လုပ်နေကျ play store
Apk downloader တွေကနေဘဲ download လုပ်ဖို့
သတိပေးချင်ပါတယ်။ ကိုယ် down နေကျ VPN ဆိုရင်တောင်
ပုံစံတူပြီးကွဲလွဲမှု ရှိ/မရှိ ​သေချာစစ်ဖို့ သတိပေးချင်ပါတယ်။
ကျားဖြန့်တွေ အခု ​ကြိုးပမ်းနေတဲ့ project မှာ E banking တွေကိုတောင်
အရင်လို OTP တွေ ရယူဖို့မလိုဘဲ အပြည့်အဝ အသုံးချနိုင်အောင်
လုပ်နေတယ်လို့လည်း သိထားပါတယ်။ ဒီလို နည်းပညာမျိုးက
နည်းနည်းမြင့်တဲ့အတွက် မဖြစ်နိုင်ပါဘူးလို့ တွေးစရာရှိပေမယ့်
ကျားဖြန့်တွေဆိုတာ သာမာန် လူ့သဘောသဘာဝနဲ့ အတွေးကို
အသုံးချပြီး လုပ်နေကြတာဖြစ်တဲ့အတွက် ဒီလိုတွေးလိုက်ရင်
ကျွန်တော်တို့ ခံသွားရမယ်ဆိုတာ သတိထားဖို့ပြောချင်ပါတယ်။
ဒီအချက်အလက်တွေဟာ ၉၀ ရာခိုင်နှုန်းနီးပါး ခိုင်လုံတဲ့ သတင်း
​အချက်အလက် ရင်းမြစ်ဆီကနေ ရထားတာမလို့ အားလုံးကို
သတိထားဖို့ ထပ်ပြီး အသိပေးပါရစေ....
မှတ်ချက်။ ကျားဖြန့်တွေရဲ့ project အသစ်က အရမ်းအန္တရာယ်များတဲ့အတွက် လူများများ သိနိုင်သမျှ သိအောင် မျှဝေပေးကြဖို့ ဖြန့်ဝေပေး
ကြဖို့တောင်းဆိုပါတယ်.....
Credit '(Little Pieces)

Address

Yangon

Alerts

Be the first to know and let us send you an email when J & PT Online Shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram