Ether Yoga

Ether Yoga Lighten up your soul

💙 Ether Yoga ရဲ့ online class ရက်လေးတွေ ပြောင်းလဲထားပါတယ် နော် 💙💙 ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ ယောဂ လေ့ကျင့်ခြင်း ဖြင့် စ...
28/10/2024

💙 Ether Yoga ရဲ့ online class ရက်လေးတွေ ပြောင်းလဲထားပါတယ် နော် 💙

💙 ကိုယ်ရော စိတ်ပါ ကျန်းမာဖို့ ယောဂ လေ့ကျင့်ခြင်း ဖြင့် စတင် ချင်တယ်ဆိုရင် Ether Yoga မှ ကြိုဆိုပါတယ် 💙

Ether Yoga ရဲ့ online class တွေ ပုံမှန်အတိုင်းရှိပါတယ်နော်၊Class ARegular Class (Beginner)~ 7pm-8pm (Evening)~ Every Mon...
11/08/2024

Ether Yoga ရဲ့ online class တွေ ပုံမှန်အတိုင်းရှိပါတယ်နော်၊

Class A
Regular Class (Beginner)
~ 7pm-8pm (Evening)
~ Every Monday, Tuesday & Thursday

ဒီအတန်းလေးက yoga ကိုအခြေခံကစပြီး စနစ်တကျလေ့ကျင့်ချင်သူ၊ ကျန်းမားရေးအတွက် ပုံမှန်လေး လေ့ကျင်ချင်သူ၊ ရုံးချိန်လွတ် လေ့ကျင့်ချင်သူတွေ အတွက်သင့်တော်ပါတယ်။ အခြေခံကစပြီး ဖြည်းဖြည်းချင်း ဆွဲခေါ်သွားတာမို့ မလိုက်နိုင်မှာမပူပါနဲ့နော်။

Class B
Rise your Energy Class
(All Levels)
~ 6am-7am (Morning)
~ Every Thursday, Friday & Saturday

ဒီအတန်းလေးကတော့ တနေ့တာကို energy အပြည့်ဝဆုံး စတင်ချင်သူတွေအတွက် Energy booster အတန်းပါ၊ Fit Flow အများဆုံးလေ့ကျင့်မှာမို့ ဝိတ်ကျချင်သူတွေ၊ နေ့စဉ် ဘဝ နေထိုင်မှုမှာ ပြည့်ဝ ကျေနပ်ခြင်းမရှိပဲ တခုခုလိုနေသလိုခံစားနေရသူတွေ၊ Strength & Flexibility ပိုကောင်းချင်သူတွေ အတွက် ရည်ရွယ်ပါတယ် 💙

စိတ်ဝင်စားတယ်ဆိုရင်
*CB (သို့)
Ph. no. 09740013114
Viber no. 09406070470
သို့ ဆက်သွယ် စုံစမ်း နိုင်ပါတယ်
Tr. Yin

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ……………………………………………………ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာသန္ဓေ တောထွက် ဓမ္မစက်မိန...
20/07/2024

ဝါဆိုလပြည့်နေ့ အကြောင်း သိကောင်းစရာ
……………………………………………………

ဝါဆိုလပြည့်နေ့ နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ

သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို တဲ့

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်မှာ ထူးခြားသော
ဝါဆိုလပြည့်နေ့

( ၁ ) ဘုရားလောင်းသိဒ္ဓတ္တမင်းသား
ပဋိသန္ဓေ နေသောနေ့

( ၂ ) ဘုရားလောင်း တောထွက်
တော်မူသောနေ့

( ၃ ) ဂေါတမမြတ်စွာဘုရား ဓမ္မစကြာ
စတင်ဟောတော်မူသောနေ့

( ၄ ) ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို
ပြတော်မူသောနေ့

( ၅ ) ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

( ၆ ) တရားရတနာ စတင်ပေါ်သောနေ့

( ၇ ) သံဃာရတနာ စတင်ပေါ်သောနေ့

( ၈ ) ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင်
ကူးပြောင်းခွင့်ကြုံသောနေ့

( ၉ ) ဧဟိဘိက္ခု ဟူသောစကားကို
စတင်ကြားရသောနေ့

ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်

~~~~~~~~~~~~~~~~~~~~~

ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂိ ၅ ဦးတို့
စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း
တရားကျင့်တော်မူခဲ့ရာ မဟာသက္ကရာဇ် ၁၀၃ ခု

ကဆုန်လပြည့်နေ့ သောကြာနေ့ တွင် သဗ္ဗညုတ
ဥာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ရောက်တော်
မူလေသည်။ ထိုအခါ သဟမ္ပတိဗြဟ္မာမင်း၏

လျှောက်ထားတောင်းပန် ချက်အရ အဘယ်သူ့ကို
တရားဦးဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။
ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဥာဏ် ဣနြ္ဒိယပ
ရောပရိယဥာဏ်တော်တို့ဖြင့် ဆင်ခြင်သည်။

ပထမဦးစွာစျာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့
ဆရာကိုမြင်၏ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီး
ဖြစ်သည် ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို
မြင်တော်မူလေသည် ဥဒကရသေ့လည်း ကွယ်
လွန်ခဲ့ပြီဖြစ်၏။

ထို့နောက် အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား
တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကိုမြင်တော်မူလေသည်

သို့သော်လည်း ထိုရသေ့များထံ ချက်ချင်းမကြွပေ
သုံးရက် သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက် ဗာရာဏသီအနီးရှိ မိဂဒါဝုန်တောသို့
ခရီးဆက်တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့
ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု
ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထိုကြောင့် ဘုရားလောင်း
အား စွန့်ခွာပြီးဗာရာဏသီ မိဂဒါဝုန်တောသို့
ရောက်ခဲ့ ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကိုပဉ္စဂ္ဂီတို့မြင်ကြ၏
ခရီးဦးမကြို ဝတ်မပြုလိုကြတော့ပေ သို့ရာတွင်
အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်းဝတ်ရုံလျက်
ပင်ဝင်လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ်
ကြည်ညိုဖွယ်ရှိ၏ သို့ဖြစ်ရာ ပဉ္စဂ္ဂီတို့သည် ခရီး
ဦးကြိုကြ၏ ရှိခိုးပူဇော်ကြ၏ နှုတ်ခွန်းဆက်ကြ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်
လမင်းကြီးမှာ ပြူလစ်စ အခါသမယဖြစ်၏
ဆည်းဆာညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းပေ၏။
မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏ ဆိတ်ငြိမ်မှုဖြင့်
ပြီးလျက်ရှိ၏ ထိုအခိုက်တွင် မြတ်စွာဘုရားရှင်သည်

ပဉ္စဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်
ထို့နောက် ရဟန်းတို့ ဟု ခေါ်ဝေါ်ကာနှုတ်ခွန်းဆက်
တော်မူုလိုက်၏။ ဤကား တရားဦးဟောရန်ဖိတ်ခေါ်
သံ အစတည်း။

ပဉ္စဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများဖြစ်ကြသည်
ထို့ပြင် သဒ္ဓါ ဆန္ဒ ဝီရိယ စိတ်ထားပြည့်စုံနေပြီး သူများ
ဖြစ်ကြလေရာ မြတ်စွာဘုရား၏ စကားအစသည် သူတို့၏
နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူ
ကြောင်းမိန့်ကြား၏ တရားနာယူကြရန်လည်း တစ်ဆက်
တည်းတိုက်တွန်း၏ သို့သော်မယုံကြည်နိုင်ကြသဖြင့်
သုံးကြိမ်သုံးခါ ငြင်းဆန်ကာနေကြ၏ မြတ်စွာဘုရားသည်
ထိုငြင်းဆန်မှုကို ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ တရားဦး ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကို
ဟောကြားတော်မူလေသည် ထိုတရားတော်၏
အဆုံးဝယ် အရှင်ကောဏ္ဍညသည် လူသားများ
အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌
တည်လေ၏ ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန် ဒေသနာကိုဟောပြတော်မူရာ
ဝါဆိုလပြည့်ကျော် ( ၁ ) ရက်နေ့၌ အရှင်ဝပ္ပ
( ၂ ) ရက်နေ့၌ အရှင်ဘဒ္ဒိယ ( ၃ ) ရက်နေ၌
အရှင်မဟာနာမ် ( ၄ ) ရက်နေ့၌ အရှင်အဿဇိ
တို့သည် အသီးသီး သောတာပန်တည်ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် ဧဟိဘိက္ခု ရဟန်း အဖြစ်ရောက်
ကြလေသည်။ ဝါဆိုလပြည့်ကျော် ( ၅ ) ရက်နေ့တွင်
မြတ်စွာဘုရားသည် အနတ္တလက္ခဏသုတ္တ ကို
ဟောကြားတော်မူခဲ့သည်။

ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်
ထိုနေ့ကို လည်း '' ရဟန္တာ '' ဟု ဗုဒ္ဓဘာသာဝင်တို့
သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကို တရားဦး '' ဓမ္မစကြာ '' ဟောကြား
သောနေ့ဖြစ်၍ '' ဓမ္မစကြာနေ '' ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌာတု

Ref:

မိုးရာသီမှာ yoga ကျင့်သင့်သည့် အဓိကအကြောင်းအရင်းများ1. **ကာယနှင့်စိတ်အကျိုးကျေးဇူး**:    Yoga သည် စိတ်ပင်ပန်းမှုကိုလျှော...
24/06/2024

မိုးရာသီမှာ yoga ကျင့်သင့်သည့် အဓိကအကြောင်းအရင်းများ

1. **ကာယနှင့်စိတ်အကျိုးကျေးဇူး**:
Yoga သည် စိတ်ပင်ပန်းမှုကိုလျှော့ချပေးပြီး စိတ်ကြည်လင်အေးချမ်းစေပါတယ်။ မိုးရာသီကာလမှာ စိတ်အပန်း‌‌ပြေရန်အတွက် ကောင်းမွန်သောနည်းလမ်းတစ်ခုဖြစ်ပါတယ်။

2. **ခန္ဓာကိုယ်အကျိုးကျေးဇူး**:
မိုးရာသီကာလတွင် ပူပြင်းသောအခြေအနေများကြောင့် ခန္ဓာကိုယ်ကို ပင်ပန်းစေပါသည်။ Yoga သည် အိမ်တွင်းတွင် ဆော့လို့ရပြီး ခန္ဓာကိုယ်ကို ကျန်းမာစေပါသည်။

3. **Immune System**:
Yoga သည် မိုးရာသီအတွင်း ရောဂါကာကွယ်နိုင်စွမ်းရှိသော Immune System ကို မြှင့်တင်ပေးနိုင်သည်။

4. **Joint Pain**:
မိုးရာသီမှာ အထူးသဖြင့် မိုးရေစက်များကြောင့် အဆစ်နာကျင်မှုများပေါ်လာနိုင်ပါသည်။ Yoga သည် ထိုအဆစ်နာကျင်မှုကို လျှော့ချပေးနိုင်သည်။

5. **Respiratory Health**:
မိုးရာသီမှာ respiratory issues (အသက်ရှူလမ်းကြောင်းပြဿနာများ) ပိုမိုကြုံတွေ့ရနိုင်ပါသည်။ Yoga သည် အသက်ရှူလမ်းကြောင်းကိုသန့်စင်ပေးပြီး အာရုံစိုက်လေ့ကျင့်မှုများဖြင့် အသက်ရှူကောင်းစေပါသည်။

မိုးရာသီမှာ yoga ကျင့်ခြင်းသည် ကျန်းမာရေးအတွက် အထောက်အကူပြုသော လေ့ကျင့်မှုများဖြစ်ပါသည်။

မိမိတို့နေအိမ်မှာပဲ သက်တောင့်သက်သာ Yoga ကျင့်ချင်သူများအတွက် Ether Yoga by yin မှာ Morning Class & Evening Class တွေဖွင့်လှစ်ပေးထားပါတယ်ရှင့်

🔷 Online classes တွေမှာ Morning class & Evening class ရှိပြီး ကြိုက်နှစ်သက်ရာ အတန်းကို ရွေးချယ် တက်နိုင်ပါတယ်။

🍀 Regular class A
⏰ Morning Class ~ 7:30am-8:30am
(Every Monday, Tuesday, Wednesday)
Starting Date; 1st July 2024
*12 times per month*

🍀 Regular Class B
⏰ Evening Class ~ 7pm-8pm
(Every Thursday,Friday, Saturday)
Starting Date; 11st July 2024
*12 times per month*

🔷 Private Class (online & offline)
တစ်ဦးချင်းသီးသန့် (သို့) သူငယ်ချင်းတွေနဲ့အတူ သီးသန့် သင်ချင်သူများအတွက်လဲ Private class ကို စီစဉ်ပေးပါတယ်

🔷 In person class ကို join ချင်တယ်ဆိုရင် New Goal Yoga Studio မှာစုံစမ်းနိုင်ပါတယ်။

Tr. Yin
09-740013114
Message _ m.me/etheryogabyyin

Lighten up your soul
20/06/2024

Lighten up your soul

" Best Yaga Poses For Beginners "
04/06/2024

" Best Yaga Poses For Beginners "

💐 နွေအကုန်မိုးအကူး ပူပြင်းတဲ့ရာသီဥတု ကနေ စိုစွတ်တဲ့ မိုးရာသီအကူးမှာ ကိုယ်ရောစိတ်ပါနေသားမကျဖြစ်တာ လေးလံထိုင်းမှိုင်းတာတွေ...
02/06/2024

💐 နွေအကုန်မိုးအကူး ပူပြင်းတဲ့ရာသီဥတု ကနေ စိုစွတ်တဲ့ မိုးရာသီအကူးမှာ ကိုယ်ရောစိတ်ပါနေသားမကျဖြစ်တာ လေးလံထိုင်းမှိုင်းတာတွေ ခံစားလာတတ်ပါတယ် ။
💐 အပြောင်းအလဲတိုင်းမှာ ကိုယ်ရောစိတ်ပါ သက်တောင့်သက်သာ Go with the Flow ဖြစ်နေစေဖို့ဆိုရင် yoga ကျင့်စဉ်တွေက အများကြီး အထောက်အပံ့ ပြုပါလိမ့်မယ်။
🧘‍♀️Yoga ကျင့်စဉ်တွေကို ကိုယ့်ရဲ့ နေ့စဉ်ဘဝထဲမှာ ထည့်သွင်းလေ့ကျင့်ဖြစ်မယ်ဆိုရင် ကိုယ်ရောစိတ်ပါ Strong & Flexibility ဖြစ်လာတာကိုခံစားမိလာပါလိမ့်မယ်။
🧘‍♀️Physically သန်မာလာမယ်၊ ကိုယ်ခံအားကောင်းလာမယ်၊ ကိုယ်တွင်းအဂ်ါတွေရဲ့ လုပ်ဆောင်မှုတွေ ညီညွတ်မျှတလာတဲ့အတွက် အသားအရည် ကြည်လင်လာမယ် စတဲ့အကျိုးကျေးဇူးတွေ အများကြီး ခံစားလာရမယ်၊
🧘‍♀️Mentally စိတ်တည်ငြိမ်ခြင်း၊ အာရုံစူးစိုက်မှု ပိုကောင်းခြင်း၊ အတွေး အမြင် တွေမှာ positive များလာခြင်း၊ မိမိကိုယ်ကို လက်ခံတတ်လာခြင်း လေးစားတတ်လာခြင်း၊ စတဲ့ အကျိုးကျေးဇူးတွေ ခံစားလာရပါမယ်။

💙 ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ daily activity အနေနဲ့ပဲဖြစ်ဖြစ်၊ နုပျိုလှပဖို့ အတွက်ပဲဖြစ်ဖြစ် ယောဂ ကို အခြေခံကစ လေ့ကျင့်ချင်တယ်ဆိုရင် online & in person class လေးတွေရှိပါတယ်။

🔷 Online classes တွေမှာ Morning class & Evening class ရှိပြီး ကြိုက်နှစ်သက်ရာ အတန်းကို ရွေးချယ် တက်နိုင်ပါတယ်။
🍀 Regular class A
⏰ Morning Class ~ 6:30am-7:30am
(Every Monday, Tuesday, Wednesday)
Starting Date; 10th June 2024
*12 times per month*

🍀 Regular Class B
⏰ Evening Class ~ 7pm-8pm
(Every Thursday,Friday, Saturday)
Starting Date; 13rd June 2024
*12 times per month *

🔷 Private Class (online & offline)
တစ်ဦးချင်းသီးသန့် (သို့) သူငယ်ချင်းတွေနဲ့အတူ သီးသန့် သင်ချင်သူများအတွက်လဲ Private class ကို စီစဉ်ပေးပါတယ်

🔷 In person class ကို join ချင်တယ်ဆိုရင် New Goal Yoga Studio မှာစုံစမ်းနိုင်ပါတယ်။

Tr. Yin
09-740013114
Message _ m.me/etheryogabyyin

Address

342, Htuparyone 21th St(W), 2/N Quarter, Tharketa Township
Yangon

Opening Hours

Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959740013114

Alerts

Be the first to know and let us send you an email when Ether Yoga posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Ether Yoga:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category