Aye Yeaik Thar Clinic - အေးရိပ်သာဆေးကုခန်း

  • Home
  • Myanmar
  • Yangon
  • Aye Yeaik Thar Clinic - အေးရိပ်သာဆေးကုခန်း

Aye Yeaik Thar Clinic - အေးရိပ်သာဆေးကုခန်း ~Warmly Welcome From Aye Yeailk Tar Clinic~ ကြည်မြင်တိုင် အုန်း?

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုး လို့ ရပါပြီ
02/07/2024

ရာသီတုပ်ကွေး ကာကွယ်ဆေးထိုး လို့ ရပါပြီ

12/04/2024

အေးရိပ်သာဆေးခန်း 18.4.2024 ရက်နေ့မှ ပြန်ဖွင့်ပါမည်

17/02/2024

ကြည့်မြင်တိုင်အေးရိပ်သာဆေးခန်းတွင် တာဝန်ကျရန်
အတွေ့ကြုံရှိသူနာပြု/သူနာပြုအကူများအလုပ်လျောက်ထားနိုင်သည်။
CV form chatboxမှာ ပို့ပေးထားပါ။

5.7.23 ဗုဒွဟူးနေ့ ဒေါက်တာအေးအေးမြင့် ဆေးခန်းထိုင်ပါမည်။booking တင်လို့ရပါပြီ။ဆေးခန်းဘိုကင်တင်ရန် 09265165585
05/07/2023

5.7.23 ဗုဒွဟူးနေ့ ဒေါက်တာအေးအေးမြင့် ဆေးခန်းထိုင်ပါမည်။booking တင်လို့ရပါပြီ။
ဆေးခန်းဘိုကင်တင်ရန် 09265165585

India မှာအသည်းရောဂါဆွေးနွေးပွဲတက်နေလို့ ဆရာမမွေးနေ့ရန်ကုန်မှာမရှိပါ။-‌Admin
02/07/2023

India မှာအသည်းရောဂါဆွေးနွေးပွဲတက်နေလို့
ဆရာမမွေးနေ့ရန်ကုန်မှာမရှိပါ။

-‌Admin

1.7.2023 ဆရာမဒေါက်တာအေးအေးမြင့်မွေးနေ့ဖြစ်လို့ Happy Birthday ပါ။ သက်ရှည်ကျန်းမာပျော်ရွှင်ပြီး ကုသိုလ်တရားတွေအစထပ်တိုးနိ...
30/06/2023

1.7.2023 ဆရာမဒေါက်တာအေးအေးမြင့်မွေးနေ့ဖြစ်လို့ Happy Birthday ပါ။
သက်ရှည်ကျန်းမာပျော်ရွှင်ပြီး ကုသိုလ်တရားတွေအစထပ်တိုးနိုင်ပါစေ။
ကောင်းသောမဂ်လာညချမ်းလေးပါ

-Admin

29/05/2023

ဆရာဝန်အစည်းအဝေးနှင့်သင်တန်းရှိလို့ Dubai ရောက်နေပါတယ်။ မနက်ဖြန် ရန်ကုန်ပြန်လာမယ်။
ကောင်းသောမဂ်လာညချမ်းပါ။

စာများreply မပြန်နိုင်ပါသဖြင့် ကျေးဇူးပြ၍
ဘိုကင်တင်ရန် ဖုန်း 09265165585

အထူးသတိပေးချက်အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလ...
25/04/2023

အထူးသတိပေးချက်

အခုနောက်ပိုင်း ည 10နာရီကစပြီး တိုက်ခန်းကျဉ်း အလုံပိတ်နေသူတွေ ပူလာပြီး ချွေးမထွက်၊ အသားတွေပူ။ ရေငတ်ပြီး နှလုံးခုန်မြန်။ ရေသောက်လည်း တံတွေးတွေ မထွက် အာခေါင်ခြောက်ကာ ကိုယ်လက်တွေ ထုံကျင် ခေါင်းတွေ ကိုက်ခဲမူးဝေတာတွေ အဖြစ်များလာတယ်လို့ ကြားရတယ်။
ညဘက်ပိုင်းမှာ နေမပူပေမဲ့ ပူအိုက်ပြီး အသားတွေ ပူလာ ၊ ချွေးမထွက်ပဲ ရေဆာ ရေငတ် မူးဝေ ခြေလက်ထုံကျင် နှလုံးခုန် မမှန်တာတွေဟာ အပူရှပ်တာဖြစ်လို့ သေချာ ဂရုစိုက် ကုသင့်ပါတယ်။ ဆရာဝန်တွေရဲ့ အကြံဥာဏ်ကို ယူသင့်ပါတယ်။ Heat Stroke ဟာ ချက်ချင်းဖြစ်ပြီး လူကို သေစေပါတယ်။ ကိုယ်လက်ကိုက်ခဲ နေမကောင်းဘူး ထင်ပြီး ချွေးလေးထွက်အောင် ပါရာစီတမောလေး သောက်မိရင် ရောဂါကို ပိုဆိုးစေပြီး သေတတ်ပါတယ်။ အခုလို ရာသီမှာ အိမ်တိုင်းမှာ ဓာတ်ဆားထုတ်တွေ ဆောင်ထားသင့်ပါတယ်။ ဆီးချို သွေးတိုးရှိသူတွေကတော့ သတိထား သောက်သင့်ပါတယ်။ ဆရာဝန်နဲ့ ပြဖို့ အဆင်မပြေခင်မှာ Heat Stroke ဖြစ်လာရင် ဓာတ်ဆားရေ များများ သောက်ပေးပြီး နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးသွားပြသင့်ပါတယ်။

Credit to # # #

အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ
လူအများစုက
နေပူထဲက ပြန်လာပြီး
ရုတ်တရက် ရေချိုးလိုက်တာတို့ ၊
မျက်နှာသစ်လိုက်တာတို့ကြောင့် လို့
ထင်နေကြတယ်။

ရုတ်တရက် သတိလစ်
အသက်ရှူရပ်သွားတယ်ပေါ့။

တကယ်တမ်းတော့ အဲ့ဒါဟာ
အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။

ပူရာကနေ ရုတ်တရက် အေးသွားတာကြောင့်
အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန်ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။
သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင်
ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။
အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။

တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့
ဒီလို မသက်သာပါဘူး။
ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။
အပူလျှပ်ခြင်း အစစ်ကတော့
ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။

နွေရာသီလို ပူတဲ့အခါ
ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ

ချွေးတွေအရမ်းထွက်ပါတယ်
ဆားတွေပါ ပါသွားပါတယ်။
ဆားတွေများများပါသွားလေလေ
ရေက မငတ်တော့လေလေ ပါပဲ။
ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။

အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။

ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး
ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။
ဒီတော့ ဆီးအရောင် ရင့်လာပါတယ်။

ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ
ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။

ဒီလိုနဲ့ ရေက မသောက်မိတော့
ချွေးတွေ အလွန်ထွက်ပြီး
ရေနဲ့ဆားတွေ ဆုံးရှုံးရတော့
လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။
အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။
ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။

ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့
ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့
ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။

သူ့ ကြည့်လိုက်ရင်
ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့
အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ်
ချွေးက နည်းနည်း မှ မရှိဘူး။
ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး
ဆေးရုံ မြန်မြန်ပြေးပါ။
( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်)

ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင်
ဘာလုပ်ရမှာလဲ ဆိုတော့

အပူကျအောင် လုပ်ရပါမယ်။
အဓိကမှတ်ထားရမှာပါက အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။
Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။

ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်
သီးစုံဓာတ်ဆား မတိုက်သင့်ပါ။
Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး
အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။

လူနာက သတိမကောင်းတော့ဘူးဆိုရင်တော့
ရေခဲသေတ္တာထဲ အအေးခံထားတဲ့
အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။

အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။
Air con ခန်းထဲခေါ်ရပါမယ်
Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။

ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။
ရေနွေးနွေးလေး ကို ရေအေးငါးခါလောင်းပြီးတိုင်း
တစ်ခါလောင်းပေးရပါမယ်။
သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။

တစ်ခု ထူးခြားတာက
အပူလျှပ်ခြင်း ဖြစ်သွားရင်တော့
ဆေးရုံမှာ ကုသပေမယ့်လည်း
၁၀၀မှာ ၂၀ယောက်လောက်က သေတာပါပဲတဲ့။

ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။
ကာကွယ်တာလည်း မခက်ဘူး
ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။
သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံ။
အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။
အရမ်းလည်း အပင်ပန်းမခံဖို့လိုပါသေးတယ်။

ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။

Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ

ကျောင်းသားဘဝတုန်းက Short Noteအတွက်
ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ

အရေးကြီးသည့်အချက်
ယခုလို နွေကာလ အပူကြီးချိန်တွင်
ဖျားတဲ့သူတွေကို စောင်မခြုံဖို့ အနွေးထည်အထူမဝတ်ဖို့ နဲ့ ရေဖတ်ခဏခဏတိုက်ပေးဖို့ (နဖူးအပြင် ပိုအရေးပါသည့် ဂုတ်၊ပေါင်ခြံ၊ဒူးခေါက်ကွေး၊ချိုင်းကြားတို့၌ တိုက်ရန်၊ လေသလပ်ဖို့ ယက်ခပ်ရန်) အထူးလိုအပ်ပါတယ်


#အပူလျှပ်ခြင်း

Credit ;

2023အတွက် ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးလို့ရပါပြီ။ စောစောထိုးခြင်းအားဖြင့် တုတ်ကွေးရောဂါများကိုစောစီးစွာကြိုတင်ကာကွယ်ကြပါ။ရ...
25/04/2023

2023အတွက် ရာသီတုတ်ကွေး ကာကွယ်ဆေးထိုးလို့ရပါပြီ။ စောစောထိုးခြင်းအားဖြင့် တုတ်ကွေးရောဂါများကိုစောစီးစွာကြိုတင်ကာကွယ်ကြပါ။

ရေများများသောက်ပါ။
အရည်များသော သစ်သီးများကိုပိုမိုစားသုံးကြပါ။
သန့်ရှင်းလတ်ဆပ်သောဟင်းသီးဟင်းရွက် နှင့် အာဟာရပြည့်ဝသော အစားအစာများကို ရွေးချယ်စားသုံးပါ။
အိပ်ရေးဝဝ အိပ်ပါ။
အပူချိန်မြင့်မားသော နေ့လည်ပိုင်းတွေ အတတ်နိုင်ဆုံးအိမ်ထဲတွင်နေထိုင်ပါ။

ဆေးခန်းကြိုတင်ဘိုကင်ယူရန်
အေးရိပ်သာဆေးခန်း ဖုန်း09265165585
အေမေတ္တာဆေးခန်း ဖုန်း-09792813001

ဒေါက်တာအေးအေးမြင့် ဒီညရန်ကုန်ပြန်ရောက်ပါပြီ။ မနက်ဖြန်ကစပြီး ပုံမှန်အချိန်အတိုင်းဆေးခန်းထိုင်မည့်ဖြစ်လို့ လူနာဘိုကင်တင်ချ...
10/12/2022

ဒေါက်တာအေးအေးမြင့် ဒီညရန်ကုန်ပြန်ရောက်ပါပြီ။ မနက်ဖြန်ကစပြီး ပုံမှန်အချိန်အတိုင်းဆေးခန်းထိုင်မည့်ဖြစ်လို့ လူနာဘိုကင်တင်ချင်ပါက အောက်ပါဖုန်းကိုဆက်သွယ်နိုင်ပါသည်။

အေးရိပ်သာဆေးခန်း ဖုန်း-09265165585
အေးမေတ္တာဆေးခန်း ဖုန်း-09792813001

အားလုံးဘဲ ကျန်းကျန်းမာမာ အသက်ရှည် လိုအင်ဆန္ဒနဲ့ဘဝ ပြည့်စုံနိုင်ကြပါစေ 🙏
ကောင်းသောမဂ်လာညချမ်းလေးပါ

ဒေါက်တာအေးအေးမြင့် 3.12.2022မှ 10.12.2022အထိ ဆရာဝန်အစည်းအဝေးခရီးသွားနေသည်။11.12.2022မှဆေးခန်းပြန်ထိုင်မည်။အေးရိပ်သာဆေးခန...
05/12/2022

ဒေါက်တာအေးအေးမြင့် 3.12.2022မှ 10.12.2022အထိ ဆရာဝန်အစည်းအဝေးခရီးသွားနေသည်။
11.12.2022မှဆေးခန်းပြန်ထိုင်မည်။

အေးရိပ်သာဆေးခန်း ဖုန်း-09265165585
အေမေတ္တာဆေးခန်း ဖုန်း-09792813001

Address

No. 56 OngPin Street, Kyimyindai Township
Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Telephone

+959265165585

Website

Alerts

Be the first to know and let us send you an email when Aye Yeaik Thar Clinic - အေးရိပ်သာဆေးကုခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aye Yeaik Thar Clinic - အေးရိပ်သာဆေးကုခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category