Thainakarin Hospital - Myanmar

Thainakarin Hospital - Myanmar The Hospital You Can Trust🩺
သင့်ကျန်းမာရေးအတွက် စိတ်ချယုံကြည်ရသော နွေးထွေးစွာဝန်ဆောင်မှုပေးနေသည့် မြန်မာပြည်ရုံးခွဲ

💮 ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်း အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာရဲ့ အဆင့်များကို မျှဝေလိုက်ပါတယ်။“ရင်သားကင်ဆာကို...
03/12/2025

💮 ဒီနေ့မှာတော့ ကမ္ဘာတစ်ဝှမ်း အဖြစ်များဆုံး ကင်ဆာတစ်ခုဖြစ်တဲ့ ရင်သားကင်ဆာရဲ့ အဆင့်များကို မျှဝေလိုက်ပါတယ်။

“ရင်သားကင်ဆာကို ယေဘုယျအားဖြင့် အဆင့် ၅ဆင့်” ခွဲခြားထားပါတယ်။

▪ Stage 0 (or) Ductal carcinoma insitu (DCIS)- ကင်ဆာအကျိတ်က ရင်သားတစ်သျှူးရဲ့အောက်ခြေအလွှာအထိရောက်နေပေမယ့် အပြင်ဖက်ကို ပျံ့နေခြင်း မရှိသေးဘူး
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ ၉၉ % နီးပါးရှိပါတယ်။

▪ Stage 1 -ကင်ဆာက ရင်သားအောက်ခြေ တစ်သျှူးကိုဖောက်သွားပါပြီ၊ ချိုင်းမှာရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို တော့ မရောက်သေးပါဘူး၊၊ အကျိတ်အရွယ်အစားက ၂ စင်တီမီတာ ထမကြီးပါဘူး။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၉၈ % နီးပါးရှိပါတယ်။

▪ Stage 2- အကျိတ်က ၂ စင်တီမီတာ ထက်မကြီးပေမယ့် ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို ပျံ့နေခြင်း (သို့)
- အကျိတ်က ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကို မပျံ့သေးပေမယ့် ၂ စင်တီမီတာနဲ့ ၅ စင်တီမီတာ ကြား အရွယ်အစား ဖြစ်နေပါပြီ။ နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၉၈ % နီးပါးရှိပါတယ်။

▪ Stage 3- အကျိတ်က ၅ စင်တီမီတာ ထက်ကြီးပြီး ချိုင်းမှာ ရှိတဲ့ ပြန်ရည်ကျိတ်တွေဆီကိုပျံ့နေပါပြီ။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၈၄ % နီးပါးရှိပါတယ်။

▪ Stage 4- ရင်သားကင်ဆာနောက်ဆုံးအဆင့်ဖြစ်ပြီး အကျိတ်က အဆုတ်/ အရိုး/ အသည်း နဲ့ ဦးနှောက်တွေကို ပျံ့နှံ့နေပါပြီ။
နောက် ငါးနှစ် အသက်ရှင်နိုင်ချေ- ၂၄ % နီးပါးရှိပါတယ်။

ရင်သားကင်ဆာဆိုတာ အမျိုးသမီးတွေမှာရော အမျိုးသားတွေမှာပါ ဖြစ်နိုင်တဲ့အပြင် “အသက်ငယ်တဲ့သူတွေမှာ”လဲ ဖြစ်နိုင်ပါတယ်။

ရင်သားကင်ဆာအစောပိုင်းလက္ခဏာတွေက သိသာမှုသိပ်မရှိတဲ့အတွက် ပုံမှန်ကျန်းမာရေး စစ်ဆေးမှုတွေပြုလုပ်မှ စောစီးစွာ ကုသမှုယူနိုင်ပြီးအသက်အန္တရာယ်မှလဲ လွတ်ကင်းနိုင်မှာဖြစ်ပါတယ်။

ရင်သားကင်ဆာစစ်ဆေးကုသမှုနဲ့ ပတ်သတ်သည်များ အသေးစိတ်သိရှိလိုပါက 09 407 8888 65/09 407 8888 64 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ် ။




“မိဘတိုင်းသတိထားစရာ..ကလေးအတက်ရောဂါ” 👶အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေကနေ ပုံမှန်မဟုတ် လျှပ်စီးကြောင်းတွေ ထွက်ပေါ် လာတဲ့ ရ...
02/12/2025

“မိဘတိုင်းသတိထားစရာ..ကလေးအတက်ရောဂါ” 👶

အတက်ရောဂါဆိုတာ ဦးနှောက်ဆဲလ်တွေကနေ ပုံမှန်မဟုတ် လျှပ်စီးကြောင်းတွေ ထွက်ပေါ် လာတဲ့ ရောဂါတစ်ခုပါ။

ဘယ်လိုအကြောင်းရင်းတွေကြောင့် ဖြစ်တတ်လဲ??

✓ မျိုးရိုးဗီဇ
✓ မွေးရာပါ ဦးနှောက်ဖွဲ့စည်းမှုပုံမမှန်ခြင်း
✓ မွေးချိန်ကြာမြင့်ပြီး ဦးနှောက်သို့ အောက်စီဂျင် ပြတ်တောက်ခြင်း
✓ ဦး‌နှောက် အမှေးပါးရောင်ခြင်း
✓ ဦးနှောက်အကျိတ်ရှိခြင်း

ကလေးတွေမှာ တွေ့ရတဲ့ အတက်ရောဂါရဲ့ လက္ခဏာတွေက -
• ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခြေထောက်/လက်တစ်ချောင်းပဲ တက်ခြင်းမျိုး ဖြစ်နိုင်သလို
• ရုတ်တရက်သတိလစ်သွားခြင်း
• တနေရာထဲကို စိုက်ကြည့်နေခြင်း
• လျှာထွက်ခြင်း/ လျှာကိုက်ခြင်း
• အသက်ရှုခဏရပ်ခြင်း မျိုးလဲ တွေ့ရနိုင်ပါတယ်။

⁎ အတက်ရောဂါလို့ သတ်မှတ်ဖို့ ရောဂါလက္ခဏာတွေကို ပဲကြည့်ပါတယ်။ ဦး‌နှောက်အာရုံကြောဆရာဝန်တွေက လိုအပ်လျှင် electroencephalogram (EEG) နဲ့ ဦးနှောက်ကို MRI or CT scan ရိုက်ဖို့ ညွှန်ကြားလေ့ရှိပါတယ်။

⁎ အတက်ကျဆေးများကတော့ အတက်ရောဂါအတွက် အဓိကကုထုံးဖြစ်ပါတယ်။ ဘယ်လိုအတက်ရောဂါမှာ ဘယ်လို‌ဆေးမျိုးပေးလဲ ဆိုတာတော့ ကွဲပြားမှုရှိပါတယ်။

⁎ အတက်ရောဂါကို သေချာမကုသလျှင် ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ သင်ကြားမှုအပိုင်းကို ထိခိုက်နိုင်တဲ့အတွက် ကလေးဦးနှောက်နဲ့ အာရုံကြောဆရာများနဲ့ ပုံမှန်ပြသပြီး ကုသမှုခံယူဖို့ အရေးကြီးပါတယ်။


“ဆီးသွားလျှင် သွေးပါခြင်း” ကပုံမှန်ပဲလား ? အန္တရာယ်များလား ?🩸သွေးပါတယ်ဆိုတာက ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်ဆီးအိ...
27/11/2025

“ဆီးသွားလျှင် သွေးပါခြင်း” ကပုံမှန်ပဲလား ? အန္တရာယ်များလား ?

🩸သွေးပါတယ်ဆိုတာက ဆီးအိမ်ကင်ဆာကြောင့်လည်း ဖြစ်နိုင်ပါတယ်

ဆီးအိမ်ကင်ဆာဆိုတာ ဆီးအိမ်နံရံမှာရှိတဲ့ဆဲလ်တွေ ပုံမမှန်ပွားများလာပြီး ကင်ဆာအသွင်ပြောင်းသွားခြင်း ဖြစ်ပါတယ်။ ကုသမှု မလုပ်ရင် ဆီးအိမ်အတွင်းဖက်နဲ့ အခြားသော ဆီးလမ်းကြောင်း အင်္ဂါအစိတ်အပိုင်းတွေကိုပါ ပျံ့နှံ့သွားနိုင်ပါတယ်။

ဘာကြောင့်ဖြစ်စေနိုင်လဲ?

🟢 ဆေးလိပ်သောက်ခြင်း
🟢 မိသားစုမျိုးရိုးထဲတွင် ဆီးအိမ်ကင်ဆာရှိခြင်း
🟢 ရာဘာ၊ပလပ်စတစ်နဲ့ အဝတ်အထည်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းများနဲ့ ထိတွေ့ခြင်း
🟢 ပိုးဝင်ပြီး နာတာရှည် ဆီးအိမ်ယောင်ယမ်းခြင်း
🟢 ယခင်က ဆီးအိမ်အနီးနားတစ်ဝိုက်ကို ဓာတ်‌ရောင်ခြည်ပေး ကုသထားခြင်း

ဘယ်လိုလက္ခဏာတွေ ပြနိုင်လဲ?

🟥 ဆီးသွားရင် နာကျင်မှုမရှိပဲ သွေးပါခြင်း
🟥 မကြာခဏ ဆီးသွားခြင်း၊ ဆီးသွားရခက်ခြင်း၊ ဆီးပူခြင်း
🟥 ဆီးစပ် (သို့) ခါးအနောက်ပိုင်းတွင် နာကျင်ခြင်း
🟥 ကိုယ်ခန္ဓာအလေးချိန် ကျဆင်းလာခြင်း

ဒါကြောင့် ဆီးထဲမှာသွေးပါရင် မပေါ့ဆသင့်ပါဘူး။ ဆီးနဲ့ ကျောက်ကပ်အထူးကုဆရာဝန်နဲ့ ပြသပြီး

✓ ဆီးစစ်ခြင်း
✓ အာထရာဆောင်းရိုက်ခြင်း၊ (အကျိတ်တည်နေရာနဲ့ အရွယ်အစားအတွက်) ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
✓ ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း တို့ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။

အခုလိုမျိုး ဆီးအိမ်ကင်ဆာနဲ့ ပတ်သက်ပြီး စစ်ဆေးခြင်း၊ နောက်ဆုံးပေါ် ကုသခြင်းများကို ဘန်ကောက်မြို့ ထိုင်းနက္ကရင်ဆေးရုံကြီးမှာ ကျွမ်းကျင်ဆရာဝန်ကြီးများနဲ့ ပြသပြီး ကုသလို့ရပါပြီရှင် ။





26/11/2025

အမျိုးသမီးတစ်ယောက်မှာ သားအိမ်ဆိုတာ ပေါ့ဆလို့မရတဲ့ အရေးကြီးအစိတ်အပိုင်းတစ်ခုပါပဲ ..

သားအိမ်နဲ့ပတ်သတ်တဲ့ စစ်ဆေးကုသမှုများကို အသေးစိတ်ဆွေးနွေးလိုပါက 09 407888865/09 407888864 ကို ဆက်သွယ်နိုင်သလို

အမှတ် 36/38 ၊ အလံပြဘုရားလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့ကိုလည်း ကိုယ်တိုင်လာရောက် ဆွေးနွေးနိုင်ပါတယ်ရှင် ။

𝑻𝒉𝒂𝒊𝒏𝒂𝒌𝒂𝒓𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝑴𝒚𝒂𝒏𝒎𝒂𝒓
𝑻𝒉𝒆 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒀𝒐𝒖 𝑪𝒂𝒏 𝑻𝒓𝒖𝒔𝒕 !


#သားအိမ်ကင်ဆာ

25/11/2025

ထိုင်းနက္ကရင်ဆေးရုံကြီးမှာ ကင်ဆာနဲ့ ပတ်သတ်ရင် One Stop Service ရနိုင်ပါတယ်ရှင် ..

ရင်သားကင်ဆာနဲ့ ပတ်သတ်လို့ စစ်ဆေးကုသမှုအကြောင်းသိရှိလိုပါက 09 407 8888 65/64 ကို ဆက်သွယ်နိုင်ပါတယ်

ဒီနေ့မှာတော့ နာတာရှည်ကျောက်ကပ်ရောဂါရဲ့ အဆင့်တွေအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်ရှင် .. 𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞 ...
24/11/2025

ဒီနေ့မှာတော့ နာတာရှည်ကျောက်ကပ်ရောဂါရဲ့ အဆင့်တွေအကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်ရှင် ..

𝐂𝐡𝐫𝐨𝐧𝐢𝐜 𝐊𝐢𝐝𝐧𝐞𝐲 𝐃𝐢𝐬𝐞𝐚𝐬𝐞 လို့ခေါ်တဲ့ နာတာရှည်ကျောက်ကပ်ရောဂါကို 𝐄𝐬𝐭𝐢𝐦𝐚𝐭𝐞𝐝 𝐠𝐥𝐨𝐦𝐞𝐫𝐮𝐥𝐚𝐫 𝐟𝐢𝐥𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐫𝐚𝐭𝐞 (𝐞𝐆𝐅𝐑) ပေါ်မူတည်ပြီး အဆင့်ငါးဆင့်ခွဲထားပါတယ်။

👉 𝐄𝐬𝐭𝐢𝐦𝐚𝐭𝐞𝐝 𝐠𝐥𝐨𝐦𝐞𝐫𝐮𝐥𝐚𝐫 𝐟𝐢𝐥𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐫𝐚𝐭𝐞 (𝐞𝐆𝐅𝐑) ဆိုတာ ကျောက်ကပ်ကနေ အဆိပ်အတောက်တွေ၊ရေတွေကို ဘယ်လောက် စွန့်ထုတ်ပေးနေလဲ ဆိုတာညွှန်ပြတဲ့ အညွှန်းပြကိန်းဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ကျောက်ကပ်လုပ်ဆောင်အားကို ရည်ညွှန်းပြီး 𝐞𝐆𝐅𝐑 ကျလာတာနဲ့ အမျှ ကျောက်ကပ်လုပ်ဆောင်အားကျလာတာကို ပြပါတယ်။

အဆင့် ၁- 𝐞𝐆𝐅𝐑 ≥ 𝟗𝟎
အဆင့် ၂- 𝐞𝐆𝐅𝐑 = 𝟔𝟎-𝟖𝟗
အဆင့် ၃- 𝐞𝐆𝐅𝐑 = 𝟑𝟎- 𝟓𝟗
အဆင့် ၄- 𝐞𝐆𝐅𝐑 = 𝟏𝟓-𝟐𝟗
အဆင့် ၅- 𝐞𝐆𝐅𝐑 < 𝟏𝟓

နာတာရှည်ကျောက်ကပ်ရောဂါဖြစ်လာတဲ့အခါ ဆီးထဲမှာ ပရိုတိန်းတွေ သွေးတွေပါလာခြင်း၊ သွေးတွင်း ဓာတ်ဆားဓာတ်များ ပုံမမှန်ခြင်းများ၊ ခန္ဓာကိုယ်ဖောယောင်လာခြင်းတို့ ဖြစ်လာပါတယ်။

နာတာရှည်ကျောက်ကပ်ရောဂါရဲ့ အဆုံးသတ်က ကျောက်ကပ်ပျက်စီးခြင်းဖြစ်ပြီး ကျောက်ကပ်ဆေးခြင်း (သို့) ကျောက်ကပ်အစားထိုးခြင်းဖြင့်သာ ကုသနိုင်ပါတယ်။

ဒါကြောင့် ကျောက်ကပ်ကျန်းမာရေးကို ဂရုစိုက်ပြီး နာတာရှည်ကျောက်ကပ်ရောဂါမဖြစ်ခင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။




20/11/2025

Facility အပြည့်အဝရှိတဲ့ ထိုင်းနက္ကရင်မှာ ရင်သားကင်ဆာစစ်ဆေးကြမယ် ..

ရင်သားကင်ဆာရှိမရှိ စမ်းသပ်စစ်ဆေးမှုအကြောင်း အသေးစိတ်သိရှိလိုပါက - 𝟎𝟗𝟒𝟎𝟕 𝟖𝟖𝟖 𝟖𝟔𝟓, 𝟎𝟗𝟒𝟎𝟕 𝟖𝟖𝟖 𝟖𝟔𝟒 ကိုဆက်သွယ်နိုင်ပါတယ်။

𝑻𝒉𝒂𝒊𝒏𝒂𝒌𝒂𝒓𝒊𝒏 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝑴𝒚𝒂𝒏𝒎𝒂𝒓
𝑻𝒉𝒆 𝑯𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒀𝒐𝒖 𝑪𝒂𝒏 𝑻𝒓𝒖𝒔𝒕 !



#ရင်သားကင်ဆာစစ်ဆေးမှု ゚

ဒီနေ့မှာတော့ ကြောက်စရာကောင်းပြီး အသိနောက်ကျတတ်တဲ့ ပန်ခရိယကင်ဆာနဲ့ ပတ်သတ်ပြီး သတိပြုမိစေဖို့ မျှဝေလိုက်ပါတယ်။💜 အသက်ကြီးသူ...
20/11/2025

ဒီနေ့မှာတော့ ကြောက်စရာကောင်းပြီး အသိနောက်ကျတတ်တဲ့ ပန်ခရိယကင်ဆာနဲ့ ပတ်သတ်ပြီး သတိပြုမိစေဖို့ မျှဝေလိုက်ပါတယ်။

💜 အသက်ကြီးသူများ (အထူးသဖြင့် အသက် ၆၀ နဲ့အထက်)
💜 မိသားစုမျိုးရိုးထဲမှာ ပန်ခရိယကင်ဆာဖြစ်ဖူးသူများ
💜 နာတာရှည် ပန်ခရိယရောင်ရောဂါရှိသူများ
💜 ဆေးလိပ် သောက်သူများ
💜 အရက်အလွန်ကျွံသောက်သူများ
💜 အဝလွန်သူများ
💜 ဆီးချိုရောဂါစဖြစ်လာသူများ အနေနဲ့ ပန်ခရိယကင်ဆာဖြစ်နိုင်ချေ ပိုများတာကို တွေ့ရပါတယ်။

ပန်ခရိယကင်ဆာရဲ့ လက္ခဏာတွေက အစောပိုင်းမှာမသိသာတတ်တဲ့အတွက် နောက်ကျမှ ရောဂါကိုရှာတွေ့တတ်ပါတယ်။

ဒါကြောင့် ဖြစ်နိုင်ချေရှိတဲ့သူတွေအနေနဲ့ မပေါ့ဆပဲ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်ရှင်။





နှာခေါင်း ခဏတိုင်းပိတ်နေလို့ အအေးမိတယ်ပဲ ထင်တဲ့သူတွေရှိလား? တခါတလေ မထင်မှတ်ထားတဲ့ လက္ခဏာတွေကနေ ကင်ဆာထိ ဖြစ်နိုင်တယ်နော် ...
19/11/2025

နှာခေါင်း ခဏတိုင်းပိတ်နေလို့ အအေးမိတယ်ပဲ ထင်တဲ့သူတွေရှိလား?

တခါတလေ မထင်မှတ်ထားတဲ့ လက္ခဏာတွေကနေ ကင်ဆာထိ ဖြစ်နိုင်တယ်နော် ။

𝐏𝐚𝐫𝐚𝐧𝐚𝐬𝐚𝐥 𝐒𝐢𝐧𝐮𝐬 𝐓𝐮𝐦𝐨𝐫 ဆိုတာ နှာခေါင်း အနောက်ဖက်နဲ့ ဘေးဖက်မှာရှိတဲ့လေအိတ်လေးတွေမှာ ပုံမှန်မဟုတ်တဲ့ ဆဲလ်များပွားများပြီး အကျိတ်ဖြစ်ခြင်းပါ။

• ကင်ဆာအကျိတ်ဖြစ်နိုင်သလို ရိုးရိုးအကျိတ်လဲ ဖြစ်နိုင်ပါတယ်။

လက္ခဏာတွေကတော့ -

▻ နှာမွန်ခြင်း
▻ မကြာခဏ နှာခေါင်းသွေးလျှံခြင်း
▻ အနံ့ ပျောက်ဆုံးလာခြင်း
▻ မျက်နှာတစ်ဝိုက်- နှာခေါင်း၊ မျက်လုံး၊ နှဖူးနဲ့ မေးရိုးတစ်လျှောက် နာကျင်ခြင်း
▻ ခေါင်းကိုက်ခြင်း
▻ လည်ချောင်းထဲမှာ အချွဲများ ပြန်စီးကျခြင်း
▻ နှာခေါင်းအတွင်းမှာ အလုံးမြင်ရခြင်း

ဒီလက္ခဏာတွေက ထိပ်ခပ်နာရောဂါလက္ခဏာတွေနဲ့ ဆင်တူနေတဲ့အတွက် နောက်ကျမှ ရောဂါအဖြေရှာတွေ့တာမျိုး ဖြစ်နိုင်ပါတယ်

ဒါကြောင့် ဒီလို လက္ခဏာတွေ တွေ့နေရပြီဆိုရင် မ‌ပေ့ါဆပဲ နား၊ နှာခေါင်း၊ လည်ချောင်း အထူးကုဆရာဝန်နဲ့ စောစောစီးစီး ပြသစစ်ဆေးဖို့ လိုအပ်ပါတယ်။

ရှားပါးတဲ့ ကင်ဆာရောဂါတွေထဲမှာ ပါပေမယ့် နောက်ကျမှ သိရင် အခြေအနေဆိုးတာမို့လို့ ဂရုပြုသင့်ပါတယ်ရှင်။

ကျန်းမာရေးနဲ့ပတ်သတ်သော စစ်ဆေးကုသမှုများကို အသေးစိတ်သိရှိလိုပါက 09 407888865 , 09 407888864 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။





“အဆစ်ရောင်ရောဂါ”ဆိုတာ အသက်အရွယ်မရွေး ခံစားရနိုင်ပြီး အသက်ရွယ်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ် ..နာတာရှည်အဆစ်ရောင်ရောဂါက...
18/11/2025

“အဆစ်ရောင်ရောဂါ”ဆိုတာ အသက်အရွယ်မရွေး ခံစားရနိုင်ပြီး အသက်ရွယ်ကြီးတဲ့သူတွေမှာ ပိုအဖြစ်များပါတယ် ..

နာတာရှည်အဆစ်ရောင်ရောဂါကြောင့် ဘာဆေးသောက်သောက် အဆစ်ရောင်တာမသက်သာဘူးဆိုရင်

ဘန်ကောက်မြို့မှာရှိတဲ့ ကျွန်မတို့ “ထိုင်းနက္ကရင်ဆေးရုံကြီး” မှာ 𝐏𝐑𝐏 𝐈𝐧𝐣𝐞𝐜𝐭𝐢𝐨𝐧 လို့ခေါ်တဲ့ “သွေးရည်ကြည်ကုထုံး” နဲ့ သက်သာပျောက်ကင်း စေနိုင်ပါပြီရှင် ..

သွေးရည်ကြည်ကုထုံး (𝐩𝐥𝐚𝐭𝐞𝐥𝐞𝐭 𝐫𝐢𝐜𝐡 𝐩𝐥𝐚𝐬𝐦𝐚 𝐭𝐡𝐞𝐫𝐚𝐩𝐲) ဆိုတာ လူနာရဲ့ သွေးကိုပဲ ထုတ်ယူပြီး 𝐩𝐥𝐚𝐭𝐞𝐥𝐞𝐭 ဆဲလ်များရရှိအောင် စက်နဲ့လှည့်ရပါတယ်။ ရရှိလာတဲ့ 𝐩𝐥𝐚𝐭𝐞𝐥𝐞𝐭 များပါတဲ့ သွေးရည်ကြည်ကို လူနာရဲ့ နာကျင်နေတဲ့ အဆစ်နေရာကို ပြန်ထိုးပြီး ကုသသော နည်းလမ်းဖြစ်ပါတယ်။

𝐏𝐑𝐏 ထဲတွင် အ‌ရောင်လျော့စေသော ပရိုတိန်းများ၊ တစ်သျှူးများ ပါဝင်သောကြောင့်-
အ‌ရောင်လျော့ကျစေခြင်း
အရွတ်ပြန်လည် တည်ဆောက်စေခြင်း
အဆစ် လှုပ်ရှားမှုကောင်းစေခြင်း တို့ဖြစ်ပါတယ်။

အားသာချက်များမှာ-
ခွဲစိတ်စရာမလိုပဲ ပြုလုပ်နိုင်ခြင်း
မိမိကိုယ်မှရသော သွေးကိုသာ အသုံးပြုခြင်းဖြစ်သဖြင့် ဓာတ်မတည့်မှု မရှိခြင်း
လိုအပ်လျှင် ထပ်ထိုးလို့ရခြင်း တို့ ဖြစ်ပါတယ်။

အသေးစိတ်တိုင်ပင်ဆွေးနွေးလိုသမျှကို 𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 ကနေ ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။

𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫.
𝑻𝒉𝒆 𝒉𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒚𝒐𝒖 𝒄𝒂𝒏 𝒕𝒓𝒖𝒔𝒕!

အသေးစိတ် ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးမည်ဆိုပါက
အမှတ်(၃၆/၃၈) အလံပြဘုရားလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ။
09407 888 865, 09407 888 864



#သွေးရည်ကြည်ကုထုံး

အမျိုးသမီးလေးတို့ရေ .. 🌸လှပပြီးကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မမြင်နိုင်တဲ့ ရောဂါတွေကိုကြိုတင်စစ်ဆေး ကာကွယ်ကြပါစို့နော်...
15/11/2025

အမျိုးသမီးလေးတို့ရေ .. 🌸

လှပပြီးကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်ဖို့ မမြင်နိုင်တဲ့ ရောဂါတွေကိုကြိုတင်စစ်ဆေး ကာကွယ်ကြပါစို့နော် ။ 💕

အမျိုးသမီးများကို ခြိမ်းခြောက်လျက်ရှိသော ကင်ဆာများထဲမှာ ရင်သားကင်ဆာ ၊ သားအိမ်ခေါင်းကင်ဆာ ၊ သားအိမ်ကင်ဆာနှင့် မျိုးဥအိမ်ကင်ဆာတွေ အဓိက ပါဝင်ပါတယ် ။

ထိုင်းနက္ကရင်ဆေးရုံကြီးမှာတော့ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါတွေကို တစ်နေရာတည်းမှာ စစ်ဆေးနိုင်ဖို့ အထူး Package ရှိနေပါပြီ‌နော် .. ..

အသေးစိတ်ဆွေးနွေးလိုတဲ့ အကြောင်းအရာအများကိုလည်း ထိုင်းနက္ကရင် မြန်မာပြည်ရုံးခွဲမှ ဆရာဝန်နဲ့ တိုက်ရိုက်ဆွေးနွေးနိုင်ပါတယ်ရှင် ..

𝐓𝐡𝐚𝐢𝐧𝐚𝐤𝐚𝐫𝐢𝐧 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫.
𝑻𝒉𝒆 𝒉𝒐𝒔𝒑𝒊𝒕𝒂𝒍 𝒚𝒐𝒖 𝒄𝒂𝒏 𝒕𝒓𝒖𝒔𝒕!

အသေးစိတ်ကို ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ဆွေးနွေးမည်ဆိုပါက
📌အမှတ်(၃၆/၃၈) အလံပြဘုရားလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့ ။

📞 09407 888 865, 09407 888 864


မိသားစုမျိုးရိုးထဲက တစ်ယောက်ယောက်မှာ "ကင်ဆာရောဂါ" ဖြစ်ဖူးတယ်ဆိုရင် ကိုယ်တိုင်မှာလည်း ဖြစ်နိုင်ခြေရှိနေပါတယ်။ 🧬 ကင်ဆာမျို...
13/11/2025

မိသားစုမျိုးရိုးထဲက တစ်ယောက်ယောက်မှာ
"ကင်ဆာရောဂါ" ဖြစ်ဖူးတယ်ဆိုရင် ကိုယ်တိုင်မှာလည်း ဖြစ်နိုင်ခြေရှိနေပါတယ်။

🧬 ကင်ဆာမျိုးရိုးရှိလို့ဖြစ်စေ၊ ယနေ့ခေတ် စားသောက်နေထိုင်မှုတွေကြောင့်ဖြစ်စေ ကျန်းမာရေး ကို စိတ်ချရစေဖို့ “ထိုင်းနက္ကရင်ဆေးရုံ” မှာ မျိုးရိုးဗီဇစစ်ဆေးခြင်း (𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭) ဖြင့် ကင်ဆာဖြစ်နိုင်ချေ ရှိမရှိ ကြိုတင်သိရှိနိုင်ပါတယ် ..

ကြိုတင်စစ်ဆေးပြီး စောလျင်စွာ ကုသကာကွယ်မှသာ ရှေ့ရေး အနာဂတ် အစီအစဥ်တွေ မနှောင့်နှေး သေချာစေမှာပါ။

🔬ကင်ဆာမျိုးရိုးဗီဇစစ်ဆေးခြင်းရဲ့ ကောင်းကျိုးကတော့ ..
✓ ကင်ဆာဖြစ်နိုင်ချေကို ကြိုတင်သိရှိနိုင်ခြင်း
✓ ကြိုတင်သိရှိခြင်းဖြင့် ကင်ဆာမဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ခြင်း
✓ ကုသမှုပိုင်းမှာလဲ မျိုးရိုးဗီဇ အဖြေအရ ထိရောက်စွာ ကုသမှုပေးနိုင်ခြင်း

🔬 ဘယ်လိုလူမျိုးတွေစစ်သင့်လဲ ?
- အသက် ၄၀ နှစ်အထက်ရှိသူများ
- ကင်ဆာရောဂါ မျိုးရိုးရှိသူများ
- ဆေးလိပ်၊အရက်သောက်သုံးမှုများသောသူများ ပဲ ဖြစ်ပါတယ် ..

ဒါကြောင့် ကင်ဆာဆိုတာ ဖြစ်မှကုတာထက် ကြိုတင်စစ်ဆေးခြင်းဖြင့် မဖြစ်အောင် ကာကွယ်လိုက်ပါ ..

𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭 အတွက် အသေးစိတ်သိရှိလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍ဖြစ်စေ ၊ 𝐏𝐚𝐠𝐞 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 က ဖြစ်စေ ဆက်သွယ်နိုင်ပါတယ် ..

📞 𝟎𝟗𝟒𝟎𝟕 𝟖𝟖𝟖 𝟖𝟔𝟓, 𝟎𝟗𝟒𝟎𝟕 𝟖𝟖𝟖 𝟖𝟔𝟒


Address

No 36/38, Alanpya Pagoda Street, Mingalar Taung Nyunt Township
Yangon

Alerts

Be the first to know and let us send you an email when Thainakarin Hospital - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Thainakarin Hospital - Myanmar:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram