PMC

PMC SCORE-INNO (PMC)

Modern Project Management (ခေတ်သစ်စီမံကိန်း စီမံခန့်ခွဲမှု)စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို စတင်ခဲ့တာ ၂၀၁၇ မှာ နှစ် (...
21/08/2023

Modern Project Management (ခေတ်သစ်စီမံကိန်း စီမံခန့်ခွဲမှု)
စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို စတင်ခဲ့တာ ၂၀၁၇ မှာ နှစ် (၆၀) ပြည့်ခဲ့ပြီဖြစ်ပါတယ်။ အင်ဂျင်နီယာများ l စီမံကိန်းစီမံခန့်ခွဲသူများ (Project Practitioners) အကြား အသိများကြတဲ့ Planning tool တစ်ခုဖြစ်သော CPM (Critical Path Method) ကို သိပ္ပံနည်းကျ ခေတ်သစ် စီမံကိန်း အချိန်ဇယား ရေးဆွဲခြင်း (Science to the process of time control) အဖြစ် တီထွင်ခဲ့တာ နှစ် ၆၀ ပြည့်တော့မယ်လို့လဲတစ်နည်းအားဖြင့်ပြောလို့ရပါတယ်။
Critical Path Method (CPM)ကို ၁၉၅၇ မှာစတင်သုံးစွဲခဲ့ပြီး မကြာမီ ၁၉၅၈ မှာ PERT (Program Evaluation & Review Technique) Scheduling tool ကို တီထွင် ခဲ့ပြန်ပါတယ်။ Scheduling အကြောင်းပြော ရင် Bar chart/ Gantt chart ချန်ထာလို့မရပါဘူး။ Bar chart ကို ၁၇၆၅ မှာ Joseph Priestley ကစတင်သုံးစွဲခဲ့တာ ယနေ့တိုင် အချို့ project တွေမှာ သုံးနေဆဲမို့ သက်တမ်း အရှည်ဆုံးသော scheduling tool လို့ သတ်မှတ်လို့ ရပါတယ်။ နောက်ပိုင်းမှာ William play fair က ၁၇၈၆ နဲ့ Henry Gantt တို့ ကြောင့် Gantt Chart လို့လည်းအသိများကြပါတယ်။
CPM tool မတိုင်မီ Bar chart/ Gantt chart တို့နည်းတူ Flow line scheduling, Line of balance technique နဲ့ Milestone technique တို့လို တို့ကိုလည်း scheduling ဆွဲရာမှာ သုံး ခဲ့ကြပါသေးတယ်။ ၁၉၆၀ အစောပိုင်း မှာ WBS- Work breakdown Structure ကို အမေရိကန် ကြည်းတပ်နဲ့ NASA တို့က စတင်သုံးခဲ့ကြပါတယ်။ WBS ဟာ Project management planning ရေးဆွဲရာမှာ essential tool ဖြစ်ပါတယ်။
၁၉၆၉ မှာတော့ Dr. Martin Barns (UK ) က time, cost and output ( the correct scope at the correct control) တို့ရဲ့ Project မှာ အရေးပါမှု ကို " tome & money in control" လို့ ခေါ်တွင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ " Iron triangle" ဒါမှမဟုတ် " triple constraints" အဖြစ် project practitioners များ သိကြတဲ့ project management concept ဖြစ်ပါတယ်။
Project management tools and technique ပိုင်းမှာ တဖြည်း ဖြည်း ဖွံ့ဖြိုးလာခဲ့ပေမဲ့ ဒီနေရာမှာ အပိုင်း ၃ပိုင်းခွဲခြားလေ့လာနိုင်ပါတယ်။
၁၉၆၀-၁၉၉၀ အစောပိုင်းကာလမှာ အဖွဲအစည်း များဟာ Project driven မဟတ်သေးပါဘူး။ အဲဒီကာလကို Hybrid (Traditional project management) နဲ့၁၉၉၀ -၂၀၀၉ ကာလကို Hybrid modern project management ရယ်လို့ခွဲခြားနို့ငပါတယ်။
အစောပိုင်းကာလမှာ Organization project development ဟာ non project driven ဖြစ်ပါတယ်။ ၁၉၉၀ နောက်ပိုင်း Globalization ကြောင့် technology change နဲ့ market place change တွေကြောင့် project management ကို organization တွေမှာ အသုံးပြုမှု များလာသလို TQM, Concurrent Engineering, empowerment, Re-Engineering, Life cycle change, risk ....etc process supporting များ တိုးတက်ဖွံု့ဖြိုး လာမှုကြောင့် စီမံကိန်း စီမံခန့်ခွဲမှု သည် မူလ သန္ဓေတည်ရာ Engineering, defense, and construction နယ်ပါယ်မှ ကျော်ဖြတ်၍ Information technology, business. health care, research, education, social and community development, and organizational development စသည့် ပြင်ပ နယ်ပါယ်များတွင်ပါ အသုံး ချလာမှုကြောင့် အခြားပြင်ပနယ်ပါယ်မှ Tools and techniques များ ( business tools, financial tools, quality control tools, decision making tools ...etc) ကြောင့် ပိုမိုကျယ်ပြန့်စွာ သုံးစွဲလာကြသည်ကိုတွေ့မြင်ကြရမည် ဖြစ်ပါသည်။
ရှေ့ပိုင်းက MPM အပိုင်း မှာ တင်ပြပြီး ခဲ့တဲ့အတိုင်း ၁၉၅၇ မှာ CPM (Critical path method )ကို စြပြီး တီထွင်သုးံစွ် ခဲ့ချိန်ကစပြီး ယနေ့ အချိန်ထိ ခေတ်သစ်စီမံကိန်း စီမံခန်ွခွဲမှု နယ်ပယ်မှာ tools and techniques ပေါင်း ရှစ်ဆယ်ကျော်ရှိပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစုနဲ့ စီမံကိန်းစီမံခန့်ခွဲ်မှု ရင့်ကျက်မှု (Project management maturity) အားနည်းနေသေးတဲ့နိုင်ငံ အများစု မှာ တော့ မဖွံ့ဖြိုးသေးတဲ့ ( Latent form)ပုံစံအဆင့်မှာ ရှိနေပါသေးတယ်။ Modern tools and techniques တွေကိုသုံးပြီး စီမံကိန်းများစီမံခန့်ခွဲမှုမှာ အားနည်းနေပါသေးတယ်။
စီမံကိန်းစီမံခန့်ခွဲမှု မှာ ပင်မကျောရိုး (core knowledge area) ဖြစ်တဲ့ scope management, time management, and cost management မှာ လက်ရှိ Modern form မှာ သုံးစွဲနေတဲ့ tools and techniques အချို့ကိုအောက်မှာ ဖော်ပြထားပါတယ်။ သင့်အနေနဲ့ လက်ရှိ project planning လုပ်နေတယ်ဆိုခဲ့ရင် ဘယ်လို tools and techniques တွေကို အသုံးပြုဘူးတယ်ဆိုတာကို ဆန်းစစ်လို့ရပါလိမ့်မယ်။
Tools and Techniques apply in Modern Project Management
Scope management
1. Scope statement
2. Work breakdown structure (WBS)
3. Mind maps
4. Statements of work
5. Requirement analyses
6. Scope management plans
7. Scope verification techniques
8. Scope change controls
Time management
1. Gantt charts
2. Project network diagrams
3. Critical path analyses
4. Crashing
5. Fast tracking
6. Scheduling performance measurements
Cost management
1. Net present value (NPV)
2. Return on investment (ROI)
3. Payback analyses
4. Earn value management (EVM)
5. Project portfolio management
6. Cost estimates
7. Cost management plans
8. Cost baseline
စီမံကိန်းစီမံခန့်ခွဲမှု ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုမှု Definition ပိုင်းကိုလေ့လာကြည့်မယ်ဆိုရင်-
Global text ဖြစ်တဲ့ PMI(Project Management Institute) ကပြောထားတာက
"Project management is the application of knowledge. skills, tools, and techniques to project activities to meet the project requirements." ဟု ဆိုထားပါတယ်။
ရှေ့ပိုင်းက MPM မှာ Scientific tools and techniques တွေကြောင့် project management ကို စီမံကိန်း စီမံခန့်ခွဲမှု ခေတ်သစ်ကို ဖြစ်စေခဲ့သလို Knowledge and Skills များ ကြောင့်လည်း ပိုမို ပြီး ထိရောက်မှု effectiveness ုဖြစ်စေခဲ့ပါတယ်။
Project management ဟာ Knowledge ခေတ်မှာ develop ဖြစ်လာတာရယ် Academician တွေရဲ့ research development ရယ်ကြောင့် အခုဆိုရင် management knowledge areas (10) ခုအထိ ဗဟုသုတရှိအောင် Project practitioner တစ်ယောက်အနေနဲ့ လေ့လာထားဖို့လိုပါမယ်။
Project practitioner တစ်ယောက် သိနားလည်ထားရမယ့် Management Knowledge areas (၁၀) ခုကတော PMI (PMBOK) အရ ပြောရရင်-
1. Project integration management
2. Scope management
3. Time management
4. Cost management
5. Quality management
6. HR management
7. Communication management
8. Procurement management
9. Risk management
10. Stakeholder management
တို့ဖြစ်ပါတယ်။
အဓိက ကတော့ management concepts တွေနဲ့ သက်ဆိုင်ရာ tools and techniques တွေကို ကျွမ်းကျွမ်ကျင်ကျင် အသုံးပြု တတ်ဖို့ ဖြစ်ပါတယ်။

■●▪Training of Trainer Program             (Batch 3) (Module 1)SCORE Global Certified Expert Trainer and Consultant ဖြစ်...
21/08/2022

■●▪Training of Trainer Program
(Batch 3) (Module 1)

SCORE Global Certified Expert Trainer and Consultant ဖြစ်တဲ့
Ne Win
Win Pyae Pyae
Myo Thuzar Kyaw တို့ ကိုယ်တိုင် ဦးစီးပူးပေါင်းသင်ကြားမယ့် SCORE Trainer and Consultant Training of Trainer Batch -3 ၏

Module -1
Workplace Cooperation, 5S, Measuring KPIs
ကို ထပ်မံဖွင့်လှစ်ပါမည်။
SCORE Global Certificate ကို ILO SCORE Global မှ တိုက်ရိုက်ချီးမြှင့်ပေးမှာဖြစ်ပါတယ်။

သင်ကြားရေးဝါသနာပါတယ်။ Consultant လဲဖြစ်ချင်တယ်။ Business Transformers တစ်ယောက်အဖြစ် ခိုင်မာကောင်းမွန်တဲ့ သင်ရိုးတွေ၊ သင်ကြားနည်းစနစ်တွေလေ့လာသင်ယူပြီး ပညာဖြန့်ဝေရတဲ့ အလုပ်ကိုနှစ်သက်သူများအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။

အခြားသင်တန်းတွေနဲ့မတူကွဲပြားတာကတော့
Certificate ဖြစ်ပေမယ့် သင်တန်းကြေးအလွန်သက်သာခြင်း။
#ပြည်တွင်းပြည်ပအ‌တွေ့အကြုံရှိဆရာများ၏ ကျွမ်းကျင်မှုများကိုတပေါင်းတည်းသင်ယူရရှိနိုင်ခြင်း။
#သင်ရိုးသာမကသင်တန်းနဲ့ဆက်စပ်သော Reference books များပါထောက်ပံ့ခြင်း။
#မိမိဘဝတက်လမ်းအတွက်ပါ Altitude changeပြီး မိမိပါတ်ဝန်းကိုပါ Continuous Improvement ဖြစ်အောင်ပံ့ပိုးပေးနိုင်ခြင်း။
Culture ကနေ Root cause ကိုရှာဖွေကာ Problem Solverအဖြစ်ကိုယ်တိုင်ရော
ပါတ်ဝန်းကျင်ကိုပါ ဆွဲခေါ်နိုင်ခြင်း။
Manufacturing Sector သာမက Service Sector ပါသင်ကြားခွင့်ရရှိနိုင်ခြင်း။

SCORE Trainer and Consultant
Training of Trainer -Batch(3)
Global Certificate
Module-1

လျှောက်ထားရမည့်ရက်: 17.8.22-2.9.22
လူတွေ့မေးမြန်းမည့်ရက်: September 1st week
Training Date: September 2nd week
Training fees: 600000MMK
Online Training Fees: 30% discount
SCORE Expert Trainers and Consultant: U Ne Win, Daw Win Pyae Pyae, Daw Myo Thuzar Kyaw

Contact number: 095191700, 09251040909
Email address: mnp.score@gmail.com

စိတ်ပါဝင်စားသူများအနေဖြင့် မိမိ ကျွမ်းကျင်မှုနှင့်သင်ကြားရေးဆိုင်ရာအတွေ့အကြုံများကိုဖော်ပြထားသော CVကို mnp.score@gmail.com သို့ပေးပို့လျှောက်ထားနိုင်ပါသည်။
သတ်မှတ်ချက်များနှင့်ကိုက်ညီသော သူများကို လူတွေ့မေးမြန်းရန် MNP မှပြန်လည်ဆက်သွယ်ပါမည်။

Grow and Create Better Jobs with MNP

ILO  Global SCORE Program SCORE Global Certified Training of Trainer Module 1 Batch (2) MNP အဖွဲ့မှ SMEs များ၏ ယှဉ်ပြိုင...
18/04/2022

ILO Global SCORE Program
SCORE Global Certified Training of Trainer Module 1 Batch (2)
MNP အဖွဲ့မှ SMEs များ၏ ယှဉ်ပြိုင်မှုကို ပံ့ပိုးရန် ဆန္ဒရှိသော trainer cm consultant များ မွေးထုတ်ပေးရန် Training of Trainer အစီအစဉ် ပြုလုပ်မည်ဖြစ်ပါသည်။

ယခုကဲ့သို့ သင်ကြားရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာကို စိတ်ဝင်စားသူများကို မြန်မာနှစ်သစ်ကူး အထူးဈေးနှုန်းနှင့် လိုက်လျောညီထွေ အစီအစဉ်ဖြင့် ကမ်းလှမ်းသွားမည်ဖြစ်သောကြောင့်
095191700, 09443013648 (or) mnp.score@gmail.com
သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူဉီးရေကန့်သတ်ထားပြီး သတ်မှတ်လူဉီးရေ ပြည့်ခါနီးနေပြီဖြစ်လို့ CV အမြန်ပေးပို့လျှောက်ထားနိုင်ပါသည်။

ဖောင်ပိတ်ရက် 21.4.2022
သင်တန်းဖွင့်မည့်ရက် 25.4.2022
သင်တန်းကာလ 6 days
အကြံပေးအကြိမ် 3 times
သင်တန်းကြေး အထူးသက်သာခွင့် အတွက် 2ယောက်သာ လက်ခံပါတော့မည်။
အသေးစိတ်အချက်အလက်များကိုသေချာသိရှိနိုင်ရန် 095191700, 09443013648 (or)mnp.score@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

●▪သင်တန်းဆရာဖြစ်သင်တန်း          သင်တန်းသားဖိတ်​ခေါ်ခြင်းGlobal Certified Training of Trainer Batch (2) MNP အဖွဲ့မှ SMEs...
08/04/2022

●▪သင်တန်းဆရာဖြစ်သင်တန်း
သင်တန်းသားဖိတ်​ခေါ်ခြင်း
Global Certified Training of Trainer Batch (2)

MNP အဖွဲ့မှ SMEs များ၏ ယှဉ်ပြိုင်မှုကို ပံ့ပိုးရန် ဆန္ဒရှိသော trainer cm consultant များ မွေးထုတ်ပေးရန် Training of Trainer အစီအစဉ် ပြုလုပ်မည်ဖြစ်ပါသည်။

သင်တန်း​အောင်မြင်ပြီးဆုံးပါက ILO (အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပါမည်။

ယခုကဲ့သို့ သင်ကြားရေးဆိုင်ရာ အသက်မွေးဝမ်းကျောင်းပညာကို စိတ်ဝင်စားသူများကို မြန်မာနှစ်သစ်ကူး အထူးဈေးနှုန်းနှင့် လိုက်လျောညီထွေ အစီအစဉ်ဖြင့် ကမ်းလှမ်းသွားမည်ဖြစ်သောကြောင့်

■ 095191700
■ 09443013648 (or)
mnp.score@gmail.com
သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။

လူဉီးရေကန့်သတ်ထားပြီး သတ်မှတ်လူဉီးရေ ပြည့်ခါနီးနေပြီဖြစ်လို့ CV အမြန်ပေးပို့လျှောက်ထားနိုင်ပါသည်

● Consulting လုပ်ငန်းဆိုတာကုန်ထုတ်လုပ်ငန်းများအတွက် Trainer cm Consultant လုပ်ငန်း စိတ်ဝင်စားသူများ သိထားနိုင်ဖို့ အကြံ...
18/03/2022

● Consulting လုပ်ငန်းဆိုတာ

ကုန်ထုတ်လုပ်ငန်းများအတွက် Trainer cm Consultant လုပ်ငန်း စိတ်ဝင်စားသူများ သိထားနိုင်ဖို့ အကြံ​ပေးလုပ်ငန်း (Consultanting Service) ရဲ့ လုပ်ငန်း​​ဆောင်တာတွေကို ရှင်းပြလိုပါတယ်။

Consulting လုပ်ငန်း ရဲ့ လုပ်ငန်း​ဆောင်တာမှာ အပိုင်းသုံးပိုင်းပါဝင်ပါတယ်။

▪ အကြံ​ပေးခြင်း ( Consulting)
▪ သင်တန်း​ပေးခြင်း (Training)
▪ သု​တေသနလုပ်ငန်း ( Data Research)

လုပ်ငန်းရှင် တစ်​ယောက်က၊ သူ​ကိုယ်တိုင်ဖြေရှင်းဖို့ အခက်အခဲ တစ်စုံတစ်ရာရှိလို့ အကြံ​ပေးဖို့ ကိုယ့်ကိုဖိတ်​ခေါ်လာပြီ ဆိုရင်၊ ကိုယ်က သူ့လုပ်ငန်းကို သူ့ထက်ပိုသိလိမ့်မယ် ထင်ထားရင်မှားတာပါဘဲ။ နှစ်​ပေါင်းများစွာလုပ်လာတဲ့ သူ့ရဲ့လုပ်ငန်းအ​ကြောင်းကို၊ သူကပိုသိတာပါ။
သူမသိတာက လက်ရှိ သူရင်ဆိုင်​နေရတဲ့ ပြသာနာရဲ့ အ​ကြောင်းရင်း (root cause) နဲ့ ဘယ်လို​ဖြေရှင်းရမလဲ ( how to solve the problem?) ကိုသာမသိလို့ ​ခေါ်ရတာပါ။

ဒီအခါမှာ ပြသနာနဲ့ ဆက်စပ်​နေတဲ့ ဘယ်လို data ​တွေကိုတောင်းမယ်၊ ဘယ်အချိန်ကာလ​လောက်အထိက data ​တွေ ​တောင်းမယ်၊ ဆုံးဖြတ်ပြီး​တောင်းယူပါ။ စာရင်းဇယား မှတ်မှတ်သားသား မရှိတဲ့ လုပ်ငန်းဆိုရင်​တော့၊ ကိုယ်ကဘဲ data ​ကောက်ဖို့ (data collection) အတွက် သင်တန်း​ပေးပြီး ​ကောက်ခိုင်းရပါမယ်။ လုံ​လောက်တဲ့ Data ရရင် problem solving tools ​တွေသုံးပြီး၊ data analysis, data interpretation ​တွေအရ root cause ကို ရှာရပါမယ်။ ပြသနာရဲ့ အ​ကြောင်းရင်းကို သိရင်အကြံပြုနိုင်ပါပြီ။

ဒီတစ်ခါ ကြုံရဦးမှာ ​ပေးတဲ့အကြံကို အ​ကောင်အထည်​ဖော်ဖို့၊ knowledge and ability မလုံ​လောက်တာပါ။ အဲဒီ​တော့ သင်တန်း​ပေးရပါတယ်။ သင်တန်း​ပေးပြီးရင် action plan ​ရေးဆွဲပြီး ​ဆောင်ရွက်တတ်ဖို့ on- site consultancy လုပ်ရပါတယ်။

ဒါ​ကြောင့် Consulting အလုပ်ဟာ အကြံ​ပေးတဲ့အပိုင်း၊ သင်တန်း​ပေးတဲ့အပိုင်း၊ သု​တေသနအပိုင်း ( Data research) အပိုင်း၊ ​ပေါင်း သုံးပိုင်း ပါတယ်​ပြောတာပါ။

▪Data က consulting လုပ်ငန်းရဲ့ အသက်ပါ။

ဒါကြောင့်လဲ တစ်ခါက Energy Consulting သင်တန်း​ပေးတဲ့ ဒိန်းမတ်နိုင်ငံသား အကြံ​ပေး၊ တစ်​ယောက်က ​ပြောဘူးပါတယ်။
အကြံ​ပေး အလုပ်ဟာ၊ ဘယ်အချိန်ရှိပြီလဲ ​မေးလာရင်၊ သူ့နာရီကိုကြည့်ပြီး ​မေးလာသူကို၊ ပြန်​ဖြေရတာဘဲလို့ ​ပြောတာပါ။ Data က အကြံ​တောင်းသူထံက ​ကောက်ယူရတာပါ။

ဖွင့်လှစ်မယ့် သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်က၊ ကုန်ထုတ်လုပ်ငန်း ​တွေရဲ့ စီးပွား​ရေး စွမ်း​ဆောင်ရည် တက်လာဖို့ ( business efficiency improvement) ​ကောင်းမွန်တဲ့ ကုန်ထုတ်လုပ်နည်း စံနစ် ​တွေ ပြန်လည်မျှ​ဝေ​ပေးဖို့၊ လိုအပ်ချက်ဖြစ်​နေတဲ့၊ trainer cm consultant သင်တန်းဖြစ်ပါတယ်။

Trainer Cum Consultant လုပ်ငန်းကို အသက်​မွေးဝမ်း​ကြောင်းအဖြစ်​ရွေးချယ်လိုသူများအတွက်၊ ​​အောက်ကလင့်မှာ ဆက်သွယ်​လျှောက်ထားနိုင်ပါတယ်။

●■●■□■■■□■●■●■●■□■●

●▪" Training of Trainer" Program

▪ SCORE (Sustaining Competitive And Responsible Enterprise) ဆရာဖြစ်သင်တန်းကို (၃၁.၃. ၂၀၂ ၂) ​နေ့တွင်စတင်ဖွင့်လှစ်ပါမည်။

ဤ သင်တန်းသည် ကုန်ထုတ်လုပ်ငန်းခွင်များတွင် ထုတ်ကုန်အရည်အ​သွေး မြှင့်တင်ခြင်း နှင့်၊ ကုန်ထုတ်စွမ်းအား တိုးတက်​စေခြင်းဖြင့် ထုတ်လုပ်စရိတ် ​လျော့ကျ​စေကာ၊ လုပ်ငန်း၏ ယှဥ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် သင်တန်းဆရာ/ အကြံ​ပေးများအဖြစ် ​မွေးထုတ်​ပေးသည့် သင်တန်းအမျိုးအစားဖြစ်ပါသည်။

▪သင်တန်းတွင် ​အောက်​ဖော်ပြပါ ဘာသာရပ်များ (modules) ကို ပို့ချ​ပေးမည်။

Module (1). Workplace Cooperation
(မယူမ​နေရ ဘာသာရပ်)
Module (2). Quality Management
Module (3). Productivity Improvement
Module (4). Human Resource Management
Module (5). Workplace Safety & Health
Module (6). Food Safety Management

( Module 1 အပါအဝင် နှစ်သက်ရာ module ကို ​ရွေးချယ်တက်​ရောက်နိုင်ပါသည်။)

▪Module တစ်ခုပြီးတိုင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (ILO) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ရရှိမည် ဖြစ်သည်။

▪သင်တန်း​ကြေး - 560,000 Kyats/ module

▪ ​နောက်ဆုံးလျှောက်ထားရမည့်ရက် : ၂၆.၃. ၂၀၂ ၂

▪ အ​သေးစိတ်သိရှိလိုသည်များကို၊

- 09 5191700 နှင့် 09 251040909

သို့ ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

လူကြီးမင်းတို့လုပ်ငန်းအတွက် အကူအညီဖြစ်စေနိုင်မယ့် ILO-IYFBမှ Certificate ပေးအပ်မည့် Improve Your Food Processing Busines...
15/03/2022

လူကြီးမင်းတို့လုပ်ငန်းအတွက် အကူအညီဖြစ်စေနိုင်မယ့် ILO-IYFBမှ Certificate ပေးအပ်မည့် Improve Your Food Processing Business- IYFB ဆရာဖြစ်သင်တန်းနှင့် မိတ်ဆက်ပေးပါရစေရှင်။

Trainer အဖြစ်အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ချင်သူများ၊ သင့်လုပ်ငန်းဖောက်သည်များကို အသိအတတ်ပညာဖြန့်ဝေပေးခြင်သူများ နှင့် မိမိစားသောက်ကုန်လုပ်ငန်းအတွက် လုပ်ငန်းတွင်း သင်တန်းဆရာ ထားရှိလိုသော လုပ်ငန်းများ/ ဝန်ထမ်းများကို သင်ကြားရေး တာဝန်ယူနေရသူများအတွက်
IYFB Training of Trainer သင်တန်းအပတ်စဉ်-၃

#သင်တန်းတွင်လေ့လာနိုင်မည့်အဓိက ဘာသာရပ်များ

၁။ စားသောက်ကုန်ဖွံ့ဖြိုးတိုးတက်မှု (Food Product Development)

၂။ အစားအစာအရည်အသွေး (Food Quality)

၃။ အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး (Food Safety)

၄။စားသောက်ကုန်ပြင်ဆင်ထုတ်လုပ်ခြင်း (Food Processing)

သင်တန်းဝင်ခွင့်ဖြည့်ရန်

https://forms.gle/BoQfkTcU9nCmp5ag9

ဖောင်တွင်လိုအပ်သောအချက်အလက်များကို ပြည့်စုံစွာဖြည့်ပေးရန်လိုအပ်ပါသည်။

#သင်တန်းတက်ရောက်ရန်လိုအပ်ချက်

သင်ကြားရေးဆိုင်ရာအတွေ့အကြုံရှိရပါမယ်။

သင်တန်းဆရာအဖြစ်လုပ်ကိုင်လိုသူဖြစ်ရပါမယ်။

သင်တန်းကို ၇၀%ပြည့်မီအောင်တက်ရောက်နိုင်ရပါမယ်။

Zoom meeting အသုံးပြုနိုင်ရပါမယ်။

သင်တန်းတက်ရောက်ပြီးပါက Knowledge Test ဖြေဆိုရပါမယ်။

SME -၂ ခုအပါအဝင် အနည်းဆုံး သင်တန်းသား-၅ ဉီးကို ဘာသာစုံ ၁ ကြိမ်သင်တန်းပြန်လည်ပေးပြီးမှသာ ILO အသိအမှတ်ပြု IYFB Trainer လက်မှတ်ရရှိမှာဖြစ်ပါတယ်။ Certificate ကို ILO IYFB မှတိုက်ရိုက်ပေးအပ်ချီးမြှင့်မှာဖြစ်ပါတယ်။

သင်တန်းမစခင် ILO မှ Interview မှာဖြစ်ပြီး အောင်မြင်မှသာ သင်တန်းကြေးပေးသွင်းရမှာဖြစ်ပါတယ်။

သင်တန်းဆရာအတွက်လိုအပ်သော သင်ကြားရေးဆိုင်ရာ နည်းပညာ အထောက်အပံ့များကို IYFB Program မှ ပြည့်စုံစွာပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။

သင်တန်းစတင်ဖွင့်မည့်ရက်။ ။ ၁၇ -၃-၂၀၂၂

သင်တန်းတက်ရောက်ရမည့်ရက်များ။ ။ ကြာသပတေး၊ သောကြာ၊ စနေ ( ၁ပတ်-၃ရက်၊ ၄ပတ်တက်ရောက်ရပါမယ်။)

သင်တန်းချိန်။ ။ ညနေ ၆နာရီမှ ၉နာရီထိ

သင်တန်းကြေး။ ။ ၄၀၀,၀၀၀သိန်းကျပ်

အွန်လိုင်းသင်တန်းကြေး။ ။ ၅၀% Discount=> ၂၀၀,၀၀၀သိန်းကျပ်

ဒေါ်ဝင်းပြည့်ပြည့်အောင်

MBA,MPM, M.Sc.(Biotechnology)

IYFB Master Trainer နှင့် IYFB Master Trainer များမှသင်ကြားပေးသွားမည်ဖြစ်ပါသည်။

သင်တန်းကြေးပေးသွင်းပုံများ
Wave Money=> 09443013648
KBZ Pay => 09443013648
CB Pay => 09443013648
AYA Pay =>09443013648
• Mobile Banking
AYA 20020646459
KBZ 09130199927213701

●▪" Training of Trainer" Program▪ SCORE (Sustaining Competitive And Responsible Enterprise) ဆရာဖြစ်သင်တန်းကို (၃၁.၃. ၂၀၂...
14/03/2022

●▪" Training of Trainer" Program

▪ SCORE (Sustaining Competitive And Responsible Enterprise) ဆရာဖြစ်သင်တန်းကို (၃၁.၃. ၂၀၂ ၂) ​နေ့တွင်စတင်ဖွင့်လှစ်ပါမည်။

ဤ သင်တန်းသည် ကုန်ထုတ်လုပ်ငန်းခွင်များတွင် ထုတ်ကုန်အရည်အ​သွေး မြှင့်တင်ခြင်း နှင့်၊ ကုန်ထုတ်စွမ်းအား တိုးတက်​စေခြင်းဖြင့် ထုတ်လုပ်စရိတ် ​လျော့ကျ​စေကာ၊ လုပ်ငန်း၏ ယှဥ်ပြိုင်နိုင်စွမ်းမြှင့်တင်ရန်အတွက် သင်တန်းဆရာ/ အကြံ​ပေးများအဖြစ် ​မွေးထုတ်​ပေးသည့် သင်တန်းအမျိုးအစားဖြစ်ပါသည်။

▪သင်တန်းတွင် ​အောက်​ဖော်ပြပါ ဘာသာရပ်များ (modules) ကို ပို့ချ​ပေးမည်။

Module (1). Workplace Cooperation
(မယူမ​နေရ ဘာသာရပ်)
Module (2). Quality Management
Module (3). Productivity Improvement
Module (4). Human Resource Management
Module (5). Workplace Safety & Health
Module (6). Food Safety Management

( Module 1 အပါအဝင် နှစ်သက်ရာ module ကို ​ရွေးချယ်တက်​ရောက်နိုင်ပါသည်။)

▪Module တစ်ခုပြီးတိုင်း အပြည်ပြည်ဆိုင်ရာ အလုပ် သမား အဖွဲ့ချုပ် (ILO) အသိအမှတ်ပြု သင်တန်းဆင်းလက်မှတ်ရရှိမည် ဖြစ်သည်။

▪သင်တန်း​ကြေး - 560,000 Kyats/ module

▪ သင်တန်း​လျှောက်လွှာပိတ်ရက် : ၂၆.၃. ၂၀၂ ၂

●□■●□■●□■●□■●□■●□■●

▪ သင်တန်းနှင့်ပတ်သက်သည့်၊ အချက်အလက်များကို ​အောက်ပါ link များတွင် ရရှိနိုင်ပါသည်။

▪ °Training of Trainer° သင်တန်းမှာ ဘယ်လိုဘာသာရပ်တွေ သင်ယူ​လေ့လာပြီး ဘာ​တွေကို ပြန်လည်ပို့ချ​ပေးရမှာပါလဲ? View in the link below 》》》
https://www.facebook.com/groups/597112984167066/permalink/1094909804387379/

▪ Shaped professional တစ်​ယောက်အဖြစ် ​လေ့ကျင့်​လေ့ကျင့်ပျိုး​ထောင်​ပေးမဲ့သင်တန်း》》
https://www.facebook.com/groups/597112984167066/permalink/1094914354386924/

▪ cm Consultant တစ်​ယောက်အဖြစ်အသက်ဝမ်း​ကျောင်းဖို့ အခွင့်အလမ်းရရှိ​စေမဲ့သင်တန်း
https://www.facebook.com/groups/597112984167066/permalink/1094916917720001/

▪ made consulting》》လုပ်ငန်းရှင်ရင်ဆိုင်​နေရတဲ့ စိမ်​ခေါ်မှုအ​ပေါ် ဆုံးဖြတ်ချက်ချနိုင်ဖို့ အကြံ​ပေးခြင်းမျိုး အ​တွေ့အကြုံ​ကောင်းများရရှိ​စေမဲ့သင်တန်း》》
https://www.facebook.com/groups/597112984167066/permalink/1094917701053256/

▪ #ကုန်ထုတ်လုပ်ငန်း/ကုန်ထုတ်စက်ံရုံ တစ်ခု (onsite consultancy အတွက်) လိုအပ်ပါတယ်။ 》》https://www.facebook.com/groups/597112984167066/permalink/1100261947185498/

●□■●□■●□■●□■●□■●□■●

▪ အ​သေးစိတ်သိရှိလိုသည်များကို၊

- 09 5191700 နှင့် 09 251040909

သို့ ဆက်သွယ်​မေးမြန်းနိုင်ပါသည်။

● ▪ ယှဥ်ပြိုင်နိုင်စွမ်း ရှိပါစေ။           (  Competitive)▪လုပ်ငန်း​တွေ ယှဥ်ပြိုင်နိုင်စွမ်းရှိ​အောင်၊  အ​ခြေခံယှဥ်ပြို...
13/03/2022

● ▪ ယှဥ်ပြိုင်နိုင်စွမ်း ရှိပါစေ။
( Competitive)

▪လုပ်ငန်း​တွေ ယှဥ်ပြိုင်နိုင်စွမ်းရှိ​အောင်၊ အ​ခြေခံယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ (Competitive Advantage) ​ဆိုတာဘာ​တွေလဲ? 》》https://m.facebook.com/story.php?story_fbid=2685276018282592&id=100004006616777

ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် စီးပွားရေးလုပ်ငန်းနယ်ပါယ်တွင် စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ၊ ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ (competitive advantages) ရှိရန်လိုအပ်ပါသည်။
▪Business Efficiency ​ကောင်းဖို့ရန်မှာ ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များကို ​ဖော်​ဆောင်နိုင်စွမ်းရှိဖို့လိုသည်။

▪ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များစွာရှိသည့်အနက်၊ အခြေခံကျသည့် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များမှာ

▪Quality (both product and service)

▪Cost competitiveness

▪Time/Speed

▪ Innovation

▪ Sustainability . . . တို့ဖြစ်ကြပါသည်။

မတူညီသော ထုတ်ကုန်လုပ်ငန်း ကွဲပြားမှုအလိုက် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များရှိကြပါသေးသည်။ (ဥပမာ》》အချို့ ကုန်ထုတ်လုပ်ငန်းများသည့် အစားအသောက်ဘေးအနရာယ်ကင်းရှင်းစွာထုတ်လုပ်မှု ကို၄င်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်းခွင် ဘေးအနရာယ်ကင်းရှင်းအောင်စီမံနိုင်မှု ၊ ​ဆောက်လုပ်​ရေး လုပ်ငန်းများသည် စီမံကိန်းစီမံခန့်ခွဲမှု အ​လေ့အထများကျင့်သုံးမှု စသည်တို့အား လုပ်ငန်း၏ ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်အဖြစ် ဖန်တီးရပ်တည်ကြသည်မျိုးဖြစ်သည်။

▪ မြန်မာ ကုန်ထုတ်လုပ်ငန်းများနှင့် ယှဥ်ပြိုင်နိုင်စွမ်းအား
လုပ်ငန်းအများစုသည် နှစ်ကာလကြာဖြတ်သန်းလာရသည့် ထုတ်ကုန်အခြေပြု ကုန်ထုတ်လုပ်မှု ( product oriented) ပုံစံ စံနစ်အောက်တွင်၊ ယှဥ်ပြိုင်နိုင်စွမ်းဖန်တီးနိုင်မှု ကျဆင်းခဲ့ရသည်။ ကုန်ထုတ်လုပ်ငန်းများ မဖွံ့ဖြိုးခြင်း၊ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှု မရှိခြင်းတို့ကြောင့်၊ ထုတ်လုပ်စားရိတ် ကြီးမြင့်ပြီး အရည်အသွေးအားနည်းသည့် ထုတ်ကုန်များကိုသာ ထုတ်လုပ်နိုင်ခဲ့သည်။

▪ထုတ်ကုန်အခြေပြုကုန်ထုတ်လုပ်မှုတွင်၊ ဈေးနှုံးကို ထုတ်လုပ်သူက၊ ထုတ်လုပ်စားရိတ်အပေါ် အမြတ်တင်ပြီးသတ်မှတ်သည်။ ထုတ်ကုန်အရည်အသွေးသည် သတ်မှတ်စံချိန်စံညွှန်းအရသာဖြစ်သည်။ ထုတ်လုပ်နိုင်စွမ်းသည်၊ သတ်မှတ်ထားသည့်အချိန် (time) အတွင်း ထုတ်လုပ်ရန်လျာထားသည့် အရေအတွက် ( targeted plan) အရသာထုတ်လုပ်ကြသည်။

▪စားသုံးသူ အခြေပြု (Consumer oriented)ထုတ်လုပ် မှုတွင်၊ ထုတ်ကုန်အရည်အသွေးသည်၊စားသုံးသူ၏ စိတ်ကျေနပ်မှု ( satisfaction) ဖြစ်သည်။ ထုတ်ကုန် ဈေးနှုံးသည်စားသုံးသူက ပေးနိုင်သည့်/သတ်မှတ်သည့် value အပေါ်မှ၊ စားသုံးသူ တောင်းဆိုသည့် အရည်အသွေးကို မထိခိုက်စေဘဲ၊ ထုတ်လုပ်မှုကုန်ကျစားရိတ် ကို လျော့ချထုတ်လုပ်သည်။ ထုတ်လုပ်နိုင်စွမ်းသည်စားသုံးသူ တောင်းဆိုသမျှ (customer demand) အရထုတ်လုပ်ပေးသည်။

Plan driven အစား Business driven ဖြစ်လာသည်နှင့်အညီ time သည် speed ဟု ပြောင်းလဲသုံးစွဲလာကြသည်။
Customer demand မြင့်မားလာချိန်တွင်၊ စိတ်ကျေနပ်မှု ပိုင်းဖြည့်ဆည်းရမှုများအတွက် သမားရိုးကျ ထုတ်လုပ်မှုနှင့်မရတော့။ ဆန်းသစ်မှု တီထွင်ကြံဆမှု (innovation) လိုအပ်လာသည်။
▪Product innovation, Process innovation, System innovation, Market innovation . . . စသည်ဖြင့် ဖန်တီးမှုများကြံဆလာရသည်။
ကုန်ထုတ်လုပ်မှုနည်းစံနစ်၊ efficiency & energy efficient machines/ equipment များဆန်းသစ်လာရသည်။

▪ Business Efficiency ​ကောင်းဖို့ ယှဥ်ပြိုင်နိုင်စွမ်း အားသာချက် (Competitive Advantages) များကို ​ဖော်​ဆောင်အသုံးချနိုင်စွမ်း ရှိဖို့လိုအပ်လာပြီဖြစ်သည်။

Wynn
Competitive
Advantage

●▪စိတ်တံခါးတွေကို ဖွင့်ထားပါ”         (Open your mind eyes)-------------------------ဖွံ့ဖြိုးတိုးတက်လာခြင်း အားလုံး၏ အစသ...
10/03/2022

●▪စိတ်တံခါးတွေကို ဖွင့်ထားပါ”
(Open your mind eyes)
-------------------------

ဖွံ့ဖြိုးတိုးတက်လာခြင်း အားလုံး၏ အစသည် အသစ်သစ်သော အရာများကို ပြောင်းလဲလေ့လာ သင်ယူလုပ်ကိုင်ရာမှ စတင်ရ၏။

လူတစ်ဦးချင်းစီတွင်သော်၎င်း၊ မိသားစု တစ်စု၊ လူ့အဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံများတွင်သော်၎င်း၊ တိုးတက်ဖွံ့ဖြိုးမှု့ကို လိုချင်ကြသည့်အခါ နည်းလမ်းဟောင်း၊ အတွေးအခေါ်ဟောင်း၊ လုပ်နည်းကိုင်နည်း အဟောင်းများကို စွန့်လွှတ်၍ ပိုမိုအလုပ်ဖြစ်မည့် အသစ်ပေါင်းများစွာ ကိုရှာဖွေကြရသည်။

အပြောင်းအလဲများနှင့်လိုက်လျှောညီထွေလိုက်ပါရှင်သန်နိုင်ဖို့၊ အပြောင်းအလဲများတွင် အခွင့်အလမ်းများ ရယူဖမ်းဆုပ်နိုင်ဖို့သည် မိမိ၏ စိတ်တံခါးကို အမြဲတမ်းဖွင့်ထားမှ ရနိုင်မည်ဖြစ်ပါ၏။

အချို့က နယ်ပယ်တစ်ခုတွင်နေသားကျသွားကြ၏။ အချို့က ပညာရပ်တစ်ခုထဲတွင် ဘဝကိုမြှုပ်နှံလိုက်ကြ၏။ အချို့က လုပ်ငန်းတစ်မျိုးတွင်သာ အာရုံစိုက်ထားတတ်ကြပြန်၏။

အကယ်စင်စစ် စိတ်မျက်လုံးများကို ဖွင့်၍ ပြင်ပ ကမၻာကိုလေ့လာကြည့်ပါက မိမိ၏ အနီးပတ်ဝန်းကျင်မှာပင် အခွင့်အလမ်းသစ်များ၊ အတွေးအခေါ် ပညာရပ်အသစ်များ၊ ဘဝကို တစ်ဆစ်ချိုးပြောင်းလဲပေးမည့် အခြေအနေကောင်းများ ဝန်းရံနေတာကို သတိထားမြင်တွေ့နိုင်မည်ဖြစ်ပါသည်။

ခေတ်သည် continuous learning နှင့်ပင် သိပ်မလုံလောက်ချင်တော့။

Learn-Unlearn-Relearn ဟူသည့် သင်ယူ-မေ့ပစ်- အသစ်အသစ်များထပ်မံသင်ယူ ဆိုသော အခြေအနေဘက်ကို ရောက်လာနေပြီဖြစ်ပါသည်။

လွန်ခဲ့သော 5 နှစ်လောက်က မိမိသင်ယူသိရှိထားသည်များသည် ယနေ့တွင် တစ်ဝက်မျှအသုံးဝင်သေးလျှင်ပင် အင်မတန်ကံကောင်းပြီဟု မှတ်ယူနိုင်၏။

အပြောင်းအလဲမြန်သော ခေတ်သစ်ကမ္ဘာတွင် စိတ်တံခါးကို ပိတ်ထားမိပါက သေချာပေါက် နောက်ကျကျန်ရစ်ရမည်ဖြစ်ပါသည်။

အသစ်အသစ်သော ပညာရပ်များ၊ အတွေးအခေါ်များကို မယုံချင်လျှင်နေ၊ လက်ခံစဉ်းစားနိုင်စွမ်းရှိဖို့၊ အသစ်အသစ်သော အခွင့်အလမ်းများစွာကို အမိအရဖမ်းဆုပ်ကာ ဘဝတစ်ဆစ်ချိုးပြောင်းယူပြစ်နိုင်ဖို့ စိတ်တံခါးကိုဖွင့်ထားနိုင်ရေးသည် အင်မတန် အရေးကြီးသော အရည်အချင်းတစ်ရပ်ဖြစ်ပါသည်။

Credit: Yar Zar

●▪ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ          (competitive advantages)▪ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် စီးပွားရေးလုပ်ငန်းန...
10/03/2022

●▪ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ
(competitive advantages)

▪ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် စီးပွားရေးလုပ်ငန်းနယ်ပါယ်တွင် စီးပွားရေးလုပ်ငန်းတစ်ခု ရေရှည်ရပ်တည်နိုင်ရန်မှာ၊ ယှဥ်ပြိုင်နိုင်စွမ်း အားသာချက်များ (competitive advantages) ရှိရန်လိုအပ်ပါသည်။

ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များစွာရှိသည့်အနက်၊ အခြေခံကျသည့် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များမှာ

• Quality (both product and service)
• Cost competitiveness
• Time/Speed
• Innovation
• Sustainability . . . တို့ဖြစ်ကြပါသည်။

မတူညီသော ထုတ်ကုန်လုပ်ငန်း ကွဲပြားမှုအလိုက် ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်များရှိကြပါသေးသည်။ (ဥပမာ》》အချို့ ကုန်ထုတ်လုပ်ငန်းများသည့် အစားအသောက်ဘေးအန်တရာယ်ကင်းရှင်းစွာထုတ်လုပ်မှု ကို၄င်း၊ အချို့လုပ်ငန်းများသည် လုပ်ငန်းခွင် ဘေးအနရာယ်ကင်းရှင်းအောင်စီမံနိုင်မှု၊ ​ဆောက်လုပ်​ရေးလုပ်ငန်းများတွင် စီမံကိန်းစီမံခန့်ခွဲမှု အ​လေ့အထများ​ဖော်​ဆောင်နိုင်မှု စသည့် လုပ်ငန်း၏ ယှဥ်ပြိုင်နိုင်စွမ်းအားသာချက်အဖြစ် ဖန်တီး ယှဥ်ပြိုင်ရပ်တည်ကြသည်မျိုးဖြစ်သည်။

Win

Advantage
04.02.2022

■● တစ်ခုခုလုပ်တော့မယ်ဆိုရင် အားလုံး အသင့်ဖြစ်တဲ့        အထိ .. ပြီးပြည့်စုံတဲ့ အထိ မစောင့်ပါနဲ့။                    (Don...
08/03/2022

■● တစ်ခုခုလုပ်တော့မယ်ဆိုရင် အားလုံး အသင့်ဖြစ်တဲ့
အထိ .. ပြီးပြည့်စုံတဲ့ အထိ မစောင့်ပါနဲ့။
(Don"t wait for the perfecy moment.
Take the moment and make it perfect.)

တစ်ခုခုလုပ်တော့မယ်ဆိုရင် အားလုံး အသင့်ဖြစ်တဲ့ အထိ .. ပြီးပြည့်စုံတဲ့ အထိ မစောင့်ပါနဲ့ လို့ ပညာရှင်တွေက ပြောကြပါတယ်။ အဲဒီလိုပြောရတဲ့ အဓိက အကြောင်းရင်းကတော့ "အချိန်" ရဲ့ တန်ဖိုးကို နားလည်စေချင်လို့ပါ။ အချိန်ဟာ ဘယ်သူ့ကိုမှ မစောင့်ပါဘူး။ အချိန်ကို အကျိုးရှိစွာသုံးရင်း ရှေ့ကို ဆက်နိုင်ဖို့ အတွက် "မစောင့်နဲ့" လို့ ပြောတာပါ။

ဒါဟာ ကိုယ့်အတွက် ကိုယ်ကြိုးစားတဲ့ သူတွေအတွက် အကြီးမားဆုံး တွန်းအား ပါပဲ။ ဟိုဟာ မရှိသေးလို့ ဒါမရှိသေးလို့ ဆိုတဲ့ ဆင်ခြေတွေ ပေးပြီး အချိန်ဆွဲနေမယ့်အစား တစ်ခုခုကို ချက်ချင်း ထလုပ်လိုက်တာက အကျိုးရှိစေပါလိမ့်မယ်။ လုပ်ရင်းနဲ့မှားသွားရင်လဲ ပြန်ပြင်လို့ ရနိုင်ပါတယ်။

ကိုယ်က တစ်စုံတစ်ခုကို တီထွင်ကြံဆပြီး လုပ်ကိုင်တော့မယ်ဆိုရင် သိပ်အကြာကြီး စဉ်းစားမနေပဲ ချက်ချင်း ဆုံးဖြတ် ချက်ချင်းလုပ်ကိုင်လိုက်တာကောင်းပါတယ်။ အဲဒီကနေ ရလဒ် တစ်ခုခု ထွက်လာပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင် ကြုံတွေ့လိုက်ရတဲ့ အတွေ့အကြုံပေါ်မှာ အခြေခံပြီး ပိုကောင်းအောင် လုပ်နိုင်ပါတယ်။

ကိုယ်ကိုယ်တိုင် မဟုတ်တဲ့ တခြား တစ်စုံတစ်ယောက်ကို ပညာရပ်တစ်ခုခုသင်ပေးရတော့မယ် ဆိုရင်တော့ ကိုယ်တတ်သလောက်ပဲ သင်ပေးမယ် ဆိုလို့ အဆင်မပြေနိုင်ပါဘူး။ ဒါကိုတော့ သေသေချာချာ စဉ်းစားဖို့ လိုပါမယ်။

ကိုယ်ကိုယ်တိုင် ဆရာအဖြစ်ကျင်လည်ချင်တဲ့ နယ်ပယ်အကြောင်းကို နှံ့နှံ့စပ်စပ် ထဲထဲဝင်ဝင် သိအောင်ဖြည့်ဆည်းပြီးမှသာ သူများကို သင်ပေးတာက ပိုကောင်းပါလိမ့်မယ်။ မဖြစ်ဘူးလို့တော့မဆိုလိုပါဘူး။ ကိုယ့်မှာ အတန်အသင့်ပြည့်စုံတဲ့ အသိ အတတ် ရှိမှသာ သူများကို လက်ဆင့်ကမ်းသင်ပေးတဲ့ အခါ ကျကျနန သင်ပေးနိုင်ပါလိမ့်မယ်။

ဒီနေ့ပညာခေတ်မှာ ဆရာတပည့် ဆိုပြီး လက်ထပ်သင်ပေးတာထက် လမ်းကြောင်းပြပေးနိုင်ရင်ကို လျှောက်တတ်နေကြပါပြီ။ လမ်းပြမယ့် သူကသာ နည်းမှန်လမ်းမှန်ကို ပြပေးဖို့ ပဲ လိုပါတယ်။ နှံ့စပ်သိမြင်ရုံ အပြင် အသိအမှတ်ပြုခံရတယ်ဆိုရင်တော့ အတိုင်းထက် အလွန်ပါပဲ..။ အမှန်တကယ် သိရှိနားလည် ဖို့သာ လိုတာပါ။

ဒါကြောင့် ကိုယ့်အတွက် ကိုယ်လုပ်မယ် ဆိုရင် ပြီးပြည့်စုံအောင် အသင့်ဖြစ်အောင် မစောင့်ပါနဲ့.. ချက်ချင်း စ လုပ်ပါ။
သူများကို သင်ပေးမှာ ဆိုရင်တော့ အတန်အသင့် ပြည့်စုံအောင် ဖြည့်ဆည်းပြီးမှ သင်ပေးပါ ။

Credit: ကောင်းလွန်း (၂၄.၀၂.၂၀၂၂)

New Product Development Consulting@ GY FOOD (29.9.3021)GY FOOD Group မှာစက်တင်ဘာလအတွင်း 1) Food Product Design & Develop...
30/09/2021

New Product Development Consulting
@ GY FOOD (29.9.3021)

GY FOOD Group မှာစက်တင်ဘာလအတွင်း
1) Food Product Design & Development
2) Food Quality
3) Food Safety & Hygiene Design
4) Food Process Design & Management
Module (၄) ခု သင်တန်းပို့ချ​ပေးခဲ့ရာမှာ (၂၅.၉.၂၀၂၁) ​နေ့က သင်တန်းများပို့ချမှု ပြီးစီးခဲ့ပါတယ်။

အခုအခါမှာ GY FOOD က ထုတ်လုပ်ချင်တဲ့ စား​သောက်ကုန်အမျိုးအစားတစ်ခုကို ​ဈေးကွက်တင်ထုတ်လုပ်နိုင်ဖို့၊ Company က ဖွဲ့​ပေးထားတဲ့ project team ကို product design ထုတ်ဖို့နဲ့ ​ရှေ့​ပြေးစမ်းသပ်နမူနာပုံစံ ( prototypes development) ဖွံ့ဖြိုး​ရေးအတွက်၊ အကြံ​ပေး လုပ်ငန်း စတင်ပါတယ်။

Project team members ​တွေက၊
- Merchandising executive
- Customer relation management executive
- M&E Executive တို့ပါဝင်ပါတယ်။
ဦးစွာ prototypes process equipment များ အတွက် Process identification သတ်မှတ်ခြင်း၊Prototypes process equipment ​တွေကို သတ်မှတ်​ရွေးချယ်ခြင်း၊ Equipment sizing ​သတ်မှတ်ခြင်း၊ Bill of Quantity (BQ) ထုတ်နိုင်ရန်များအတွက် အကြံပြု​ဆွေး​နွေးခြင်းများလုပ်ပါတယ်။
CRM executive ထံမှ survey data အရ၊ target customer identification, customers' choice သတ်မှတ်ခြင်း၊ unmet need specifying, Mercandising executive ထံမှ data များအရ competitor analysis နှင့် product positioning အတွက် အချက်အလက်စီစစ်ခြင်းများ ပြုလုပ်ပြီး၊ development လုပ်​စေပါတယ်။

New product development (business case) မို့ ​ကနဦး front end project management stage framework guideline ချ​ပေးပြီး project team ကို data oriented development လုပ်​စေတာပါ။
GYဝန်ထမ်းများအားလုံး ကာကွယ်​ဆေး ၂ ကြိမ်ထိုးပြီးကြီမို့၊ New normal ပုံစံသစ်နဲ့ ယုံကြည်မှု အပြည့်ဖြင့်ဆက်လှမ်းကြရုံပါဘဲ။

အ​ဝေးဆုံးခရီးရဲ့ အစ ပထမ​ခြေလှမ်းတလှမ်းပါဘဲ။
၃၀.၉. ၂၀၂၁

" Be Unique, Be Better!"  (ထူးကဲပါ​စေ၊ ပို​ကောင်း​စေ)မြန်မာ SME လုပ်ငန်းအများစု (၆၅% ခန့်) ဟာ စား​သောက်ကုန်အ​ခြေပြုကုန်ထ...
27/09/2021

" Be Unique, Be Better!"
(ထူးကဲပါ​စေ၊ ပို​ကောင်း​စေ)
မြန်မာ SME လုပ်ငန်းအများစု (၆၅% ခန့်) ဟာ စား​သောက်ကုန်အ​ခြေပြုကုန်ထုတ်လုပ်ငန်းများဖြစ်ကြပါတယ်။ လုပ်ငန်းရှင်အများစုဟာလဲ၊ လုပ်ငန်းအခက်အခဲများအကြားမှ၊လုပ်ငန်း​အောင်မြင်​အောင်၊ဆောင်ရွက်နိုင်စွမ်းရှိကြသူများ ဖြစ်ကြပါတယ်။
ပြိုင်ဆိုင်မှု ကြီးမားလာတဲ့၊ ပြည်တွင်းပြည်ပ စား​သောက်ကုန်ထုတ်လုပ်မှုလုပ်ငန်း​ဈေးကွက်နယ်ပယ်မှာ၊ စံနစ်တကျ ကြိုတင်ပြင်ဆင်နိုင်မှု အားနည်းခဲ့ကြတဲ့လုပ်ငန်းများအတွက်က​တော့ စိမ်​ခေါ်မှုများနဲ့၊ ရင်ဆိုင်ကြုံ​တွေ့​နေကြရပါတယ်။
အများစု စိန်​ခေါ်​ခံနေရတဲ့ အကြာင်းအရာ​တွေကို၊ အကြမ်းအားဖြင့် ​ဖော်ပြရလျှင်၊
* မိမိ၏ ထုတ်ကုန်သည် အများသူငါ ပြိုင်ဘက် ကုန်ထုတ် လုပ်ငန်းရှင်များ၏ ထုတ်ကုန်များနှင့် ကွဲပြားမှု မရှိခြင်း၊ Customer ၏ လိုအပ်ချက်ကို တိတိကျကျ မသိခြင်း၊ ဦးတည်ပစ်မှတ်ထားထုတ်လုပ်ရမည့် (targeted customer) သတ်သတ်မှတ်မှတ်မရှိကြခြင်း၊ ထုတ်ပိုးကုန် အားနည်းချက်​ကြောင့် အစားအစာ အရည်အ​သွေး ထိခိုက်ခြင်း၊ထုတ်ပိုးကုန် ဒီဇိုင်းနှင့်တံဆိပ်များမှာ ​ရောင်းအားမြှင့်တင်ရာတွင် အ​ထောက်အကူပြုမှုမရှိခြင်း၊
* အစားအစာအရည်အ​သွေး တသမတ်တည်းဖြစ်​စေရန်၊ တည်ငြိမ်မှုရှိရန်၊ မထိန်းသိမ်းနိုင်ခြင်း၊ အရည်အ​သွေး ​ပြောင်းလဲမှု မရှိဖို့ (ensure stable quality) ဘယ်လိုစံသတ်မှတ်​ဆောင်ရွက်ကြရမည်ကို နားလည်မှုအားနည်းခြင်း၊ စား​သောက်ကုန် အရည်အ​သွေး စီမံခန့်ခွဲရာတွင် အားနည်းမှုရှိခြင်း။
* Food safety နှင့်ပါတ်သက်၍ ဗဟုသုတ အ​တွေ့အကြုံ အားနည်းကြခြင်း၊ Food safety အားနည်းရင် အစားအ​သောက်ရဲ့ အရည်အ​သွေး (Food quality) ထိခိုက်သည်ကို
သတိမမူ ဖြစ်ကြခြင်း၊ ကုန်ထုတ်လုပ်ငန်း အ​ဆောက်အဦနှင့် ကုန်ထုတ်ကိရိယာ (building & equipment) များကို food safety ရှူ​ထောင့်အရ၊ပြင်ဆင်ကာကွယ်ကြရမည်များကို အ​ကောင်အထည်​ဖော်ရန်အားနည်းချက်များရှိကြခြင်း၊
Food safety ရေးဆွဲ စီမံခန့်ခွဲနိုင်မှုအားနည်းခြင်း။
* စားသောက်ကုန်ပြုပြင်ထုတ်လုပ်ရာတွင် ထုတ်လုပ်မှုစွမ်း​ဆောင်ရည် (production performance) တိုင်းတာရာမှာ လိုအပ်ချက်များရှိ​နေခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းစဥ် (production process) ပြင်ဆင်ရာမှာ လုပ်ငန်းစံချိန်စံညွှန်း(specification) ​များ ဖန်တီးသတ်မှတ်ကြရာမှာ အားနည်း​နေ​သေးခြင်း၊ ထုတ်လုပ်မှု လုပ်ငန်းစဥ် (production process) တစ်​လျှောက်၊ အ​လေအလွင့် (wastes) များရှိ​နေကြခြင်း​ကြောင့်ထုတ်လုပ်စားရိတ်ကြီးမြင့်ကြခြင်း၊ လုပ်ငန်းခွင်ပူး​ပေါင်း​ဆောင်ရွက်တဲ့ အ​လေ့အထ များအားနည်း​နေကြခြင်း၊ ကျွမ်းကျင်လုပ်သား​ လိုအပ်ချက်ရှိကို ရင်ဆိုင်​နေကြရခြင်း။
အထက်ပါစိမ်​ခေါ်မှုများကို အနှစ်ချုပ်​ပြောရလျင်၊
▪Food Product Development
▪Food Quality
▪Food Safety
▪Food Processing အပိုင်းများတွင်ဖြစ်သည်ဆိုရမည်။။
ဤအပိုင်း​များတွင်၊ ပြုပြင်​ပြောင်းလဲဖြည့်စွက်ရန်လိုအပ်ချက်များရှိ​နေသ​ရွေ့ စိမ်​ခေါ်မှုများရှိ​နေဦးမည်ဟုဆိုရ​ပေမည်။
● လက်ရှိလုပ်ငန်း စတင်ကာစလုပ်ငန်းရှင်များ (new entrants) နဲ့ လုပ်ငန်းလုပ်ဖို့ စဥ်းစားပြင်ဆင်​နေသူ​များ (potential entrepreneurs) အ​နေနဲ့ အထက်ပါ စိမ်​ခေါ်မှု​တွေကိုကြိုတင်ထည့်သွင်းစဥ်းစားပြင်ဆင်ကြခြင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်ကြမည်ဖြစ်သည်။
● လုပ်ငန်းလည်ပတ်​ဆောင်ရွက်​နေသူ​လုပ်ငန်းရှင်တွေ
အ​​နေနဲ့ လက်ရှိလုပ်ငန်းအ​နေအထားအရ ဘယ်လိုအပိုင်း​တွေမှာ၊ တိုးတက်​အောင်လုပ်​ဆောင်ဖို့လိုအပ်​ချက်တွေရှိ​နေဦးမလဲ ဆိုတာ​တွေကို သိရှိထားမှသာ လိုအပ်တဲ့၊ ပြုပြင်​ပြောင်းလဲမြှင့်တင်မှု​တွေလုပ်​ဆောင်ဖို့၊ ထည့်သွင်းစဥ်းစားစရာ၊ ကြိုတင်ပြင်ဆင်ရမှာတွေကို သိနိုင်လုပ်နိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းတူခြင်းအတူတူ၊ ထုတ်ကုန်တူညီသည့်တိုင်​အောင်၊ မိမိထုတ်ကုန်ကို မတူကွဲပြားထုတ်လုပ်နိုင်ခြင်း၊ ပို​ကောင်း​အောင်ထုတ်လုပ်နိုင်ကြခြင်း ( Be Unique, Be Better)
ဖြင့် စိမ်​ခေါ်မှုများကို ​ကျော်လွှားနိုင်ကြပါ​စေ။

" I am a project practitioner"" အမှတ်တရ​နေ့ တစ်​နေ့"  ၁၉၇၉ ​အောက်တိုဘာ (၄)ရက်ဘဝမှာ ပထမဆုံးအလုပ်စဝင်တဲ့​နေ့ပါ။​စက်တင်ဘာ​န...
04/10/2020

" I am a project practitioner"

" အမှတ်တရ​နေ့ တစ်​နေ့"
၁၉၇၉ ​အောက်တိုဘာ (၄)ရက်

ဘဝမှာ ပထမဆုံးအလုပ်စဝင်တဲ့​နေ့ပါ။
​စက်တင်ဘာ​နောက်ဆုံးနှစ်စာ​မေးပွဲအပြီး နှစ်ပါတ်အကြာမှာ၊
အလုပ်ထဲစ​ရောက်သွားပါတယ်။ စက်မှု (၂) ဝန်ကြီးဌာနရဲ့၊ (TSC ) ​ရေနီ Pulp and paper mill project မှာ၊ plant piping section စဝင်ဖြစ်တာပါ။ အလုပ်စဝင်​တော့ အသက် (၂၀) ရှိပါပြီ။

အလုပ်စဝင်တဲ့​နေ့မှာ အတူတာဝန်ကျတဲ့ ကိုစိုင်းသန်းကြွယ် (A.E) က Chip preparation နဲ့ Recousticizing plant တစ်ပါတ်လိုက်ပြရင်း ' ​မောင်ရင်​ရောက်လာတာ ကိုယ်အရမ်းအားရှိသွားတယ်​' ပြောပါတယ်။ Site ရုံးပြန်​ရောက်​တော့ fabrication shop ထဲ အလုပ်လုပ်​နေကြတဲ့ fitter/ welder အချို့ရယ်၊ site/ store စာ​ရေးတို့ နဲ့ မိတ်ဆက်​ပေးပါတယ်။
ခဏနားပြီး​၊ ဝန်ထမ်းအင်အားစာရင်း fabrication shop facilities/ equipments အ​ကြောင်း​ပြောပါတယ်။ ပြီး​တော့ plant layout, equipment layout ​drawing တွေထုတ်​ပေးပြီး plant piping လုပ်ငန်းစတာမကြာ​သေး​ကြောင်း ​ပြောပါတယ်။

​နေ့လည်စာစားပြီး ပြန်လာ​တော့ elevation drawing နဲ့ spool drawing များထပ်ထုတ်​ပေးပါတယ်။ pulp and paper mill process ​ဟာ piping work များတာတစ်​ကြောင်း၊ အ​​လေ့အကျင့်မရှိ​သေးတာတစ်​ကြောင်း​ကြောင့် elevation drawing ​တွေ​လေ့လာရချိန်မှာ​တော့၊ ပိုပြီးအာရုံစိုက်လာရပါတယ်။ JIS (Japan Industrial Standard) ကိုစပြီးရင်းနှီးရတာမို့၊ drawing symbol ​တွေကို နားလည်​အောင်လဲ အချိန်​​ပေးရပါတယ်။ ​ကျောင်းမှာတုန်းက Drawing ဘာသာရပ်က သုံးနှစ်လုံးဆွဲလာရတာမို့ (၃) ရက်​လောက်အတွင်းမှာ၊ ဒီအခက်အခဲ​တွေ​ပြေလည်သွားပါတယ်။ ​နေတာက​တော့ AE/SAE များအ​ဆောင်​ရှိပါတယ်။

​ညနေ အ​ဆောင်ပြန်​ရောက်ချိန်မှာ ကိုသန်းကြွယ်က အားရင်​လေ့လာရ​အောင်ဆိုပြီး Drawing full set တစုံ ထပ်​ပေးပါတယ်။ ​အလုပ်ဝင်စ တက်ကြွနေချိန်ဆို​တော့ ညဥ့်နက်သည်အထိ ​​လေ့လာဖြစ်ပါတယ်။ ဒီလိုနဲ့ ဘဝမှာ အလုပ်ခွင်ရဲ့ ပထမ​​နေ့ကိုဖြတ်သန်းခဲ့ရတာပါ။

ဒီ​နေ့အစပျိုးမှုက​နေ၊ ​နောက်ပိုင်းမှာ Refinery project, Research pilot project, Gas turbine plant, Ethanol plant project, Kenaf pilp mill project, Saw mill construction, heavy construction project, Environmental Project, Business process projects, Energy Efficiency project ​တွေလုပ်ဖြစ်သည်အထိ အ​တွေ့အကြုံအစ ဘဲဆိုရမှာပါ။

လုပ်ငန်းခွင်ဘဝ စီမံကိန်း (project)တစ်ခုနဲ့စခဲ့တာပါ။
အခုအထိလည်း၊ စီမံကိန်း စီမံခန့်ခွဲမှုအ​လေ့အကျင့် ( project management practice) နဲ့လုပ်​နေဆဲပါ။

​(အလုပ်လုပ်ခွင့်ရသည်ကို၊ ​ဘဝအကျိုး​ပေး​ကောင်းတစ်ရပ်အဖြစ်​လောကကြီးကို​အမြဲကျေးဇူးတင်မိ​နေပါတယ်။)

ကျွန်တော် Project Practitioner ပါ။

၄.၁၀. ၂၀
(လုပ်ငန်းခွင်ဝင် ၄၁ နှစ်ပြည့်အမှတ်တရ)

Address

Yangon
0095

Telephone

+959977100811

Website

Alerts

Be the first to know and let us send you an email when PMC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram