24/10/2025
လူတိုင်းသိထားသင့်တဲ့ HPV Vaccine ရဲ့ အရေးပါပုံက ဘာတွေလဲ?
🦠🦠🦠 HPV (Human Papillomavirus) ဟာ လိင်ဆက်ဆံရာမှ တစ်ဆင့်ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးပါ။ HPV vaccine ဆိုတာ အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ ကို ကာကွယ်ပေးတဲ့ ဆေးလို့ အများစုက သိကြပေမယ့် တကယ်တော့ ဒီ HPV (Human Papillomavirus) ဗိုင်းရပ်စ်ဟာ အမျိုးသမီးတွေတင်မကဘဲ အမျိုးသားတွေမှာပါ ရောဂါတွေဖြစ်စေပါတယ်။
🦠🦠Human papilloma virus မျိုးစိတ်ကွဲများစွာရှိသော်လည်း ရောဂါအဓိကဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးတွေက type 6,11,16,18 တွေပါ ... Human papilloma virus ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့
အမျိုးသမီးများမှာ
- သားအိမ်ခေါင်းကင်ဆာ၊
- မိန်းမကိုယ်ကင်ဆာ၊
- မိန်းမအင်္ဂါအဝကင်ဆာ၊
- စအိုကင်ဆာ၊
- လိင်အင်္ဂါ ကြွက်နို့
အမျိုးသားများမှာဆိုရင်တော့
- လည်ချောင်းကင်ဆာ၊
- လိင်တံကင်ဆာ၊
- စအိုကင်ဆာ၊
- လိင်အင်္ဂါကြွက်နို့စတဲ့ ရောဂါတွေဖြစ်စေနိုင်ပါတယ်။
✅ဒါကြောင့် HPV Vaccine ဟာ လူကြီး၊ လူငယ်၊ ကျား၊ မ မရွေး ထိုးနှံသင့်ပါတယ်။
HPV ကာကွယ်ဆေးရဲ့ ထိရောက်မှုဟာ HPV ပိုးနဲ့ မထိတွေ့ခင် အချိန်မှာ ထိုးနှံပါက အကောင်းဆုံးရလဒ်ကို ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် အသက် ၉ နှစ်မှ ၁၄ နှစ်ကြား ရှိတဲ့ ယောက်ျားလေး၊ မိန်းကလေးတိုင်း ထိုးနှံသင့်ပါတယ်။
အကယ်၍ ငယ်စဉ်မှာ ကာကွယ်ဆေး မထိုးခဲ့မိဘူးဆိုရင် အသက် ၄၅နှစ် အတွင်း (တစ်ခါမှ လိင်ဆက်ဆံမှု မပြုရသေးပါက) ကာကွယ်ဆေး ထိုးလို့ရပါသေးတယ်။ အိမ်ထောင်ပြုပြီးသူ (လိင်ဆက်ဆံမှုပြုပြီးသူ) အမျိုးသမီးတွေအနေနဲ့ သားအိမ်ခေါင်းအချွဲစစ်ဆေးတာ(Pap smear) အရင်ပြုလုပ်ပြီး သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်မတွေ့မှသာ ကာကွယ်ဆေးထိုးသင့်ပါတယ်။
HPV Vaccine ကို အသက် ၉နှစ် မှ ၁၄နှစ် အတွင်းဆို (၂) ကြိမ် (0 and 6 to 12 months) အသက် ၁၅နှစ် နှင့် အထက် ဆို (၃) ကြိမ် (0, 1 to 2 and 6 months) စသဖြင့် ထိုးနှံလို့ရပါတယ်။
✅HPV ကာကွယ်ဆေးကို အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ အချိန်မီ ထိုးနှံခြင်း ဟာ ကျန်းမာရေးအတွက် အကောင်းဆုံးသော ရင်းနှီးမြှုပ်နှံမှုပဲ ဖြစ်ပါတယ်။
✅ရွှေသစ်ဆေးခန်းမှာ Cold Chain ဖြင့် သေချာထိန်းသိမ်းထားကာ အရည်အသွေး၊အာနိသင်ကောင်းမွန်သော HPV Vaccine ကာကွယ်ဆေးကို ဆရာဝန်တွေနှင့် သေချာတိုင်ပင်ဆွေးနွေးပြီး ထိုးနှံနိုင်ပြီဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုပါတယ်။
ရွှေသစ်ဆေးခန်းမှာ HPV Vaccine ကာကွယ်ဆေးထိုးဖို့ Booking ရယူလိုပါက Page messenger မှတစ်ဆင့်ဖြစ်စေ၊ ဖုန်း ၀၉-၇၉၆၃၀၁၈၉၆ ကိုဖြစ်စေ၊ ဆေးခန်း Viber နံပါတ် ၀၉-၇၉၆၃၀၁၈၉၆ ကဖြစ်စေ ဆက်သွယ်နိုင်ပါတယ်။ ဆေးခန်းရဲ့ တည်နေရာ လိပ်စာလေးကတော့ ဇောတိကလမ်းနှင့် သုမနလမ်းထောင့်၊ ၁၆/၁ ရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့ ဖြစ်ပါတယ်။'
#ရွှေသစ်ဆေးခန်း
#ကာကွယ်ဆေးထိုးပါ