MOODS Myanmar

MOODS Myanmar MOODS condoms when used correctly are effective means of protecting users and their partners of prevent pregnancy and sexually transmitted infections.

𝐇𝐚𝐩𝐩𝐲 𝐃𝐢𝐰𝐚𝐥𝐢 𝐟𝐫𝐨𝐦 Alvor🌟May the Festival of Lights bring good health, happiness, and prosperity to all homes. ✨🪔🪔🪔      ...
20/10/2025

𝐇𝐚𝐩𝐩𝐲 𝐃𝐢𝐰𝐚𝐥𝐢 𝐟𝐫𝐨𝐦 Alvor🌟

May the Festival of Lights bring good health, happiness, and prosperity to all homes. ✨🪔🪔🪔

Happy Thadingyut everyone!🪔🪔🪔
06/10/2025

Happy Thadingyut everyone!🪔🪔🪔

ယနေ့ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) တွင် မိဘပြည်သူအပေါင်း ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံကာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေ၊ချစ်ခင်ရသော မိဘ၊ ဆွေမျိုး၊ ဆရာသမားများနှင့် မိတ်ဆွေများနဲ့အတူ ပျော်ရွှင်ကြည်နူးဖွယ်အမှတ်တရနေ့ရက်များကို အတူဖြတ်သန်းပိုင်ဆိုင်နိုင်ကြပါစေလို့ ကျွန်မတို့ 𝗔𝗟𝗩𝗢𝗥 𝗛𝗲𝗮𝗹𝘁𝗵𝗰𝗮𝗿𝗲 မိသားစု မှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်…..🙏🙏🙏🪔🪔🪔


Career Opportunities in  ALVOR!Team အသစ်အတွက်ပါ။အောက်က position တွေလျှောက်လို့ရပါတယ်နော်~MSR - Yangon (6 post),Mandalay ...
15/08/2025

Career Opportunities in ALVOR!

Team အသစ်အတွက်ပါ။
အောက်က position တွေလျှောက်လို့ရပါတယ်နော်
~MSR - Yangon (6 post),Mandalay (5 post),Magwe (1 post), Taungyi (1 post) , Pathein -(1 post) , Taungoo -(1 post),Nay Pyi Taw -(2 post)
~Product Manager - 1 post
~ABM - Yangon (1 post) , Mandalay (2 post)
~SR - Yangon (2 post)

Email or Viber မှာ CV ပို့လို့ရပါတယ်

Interested candidates may send CV to bd@alvorcare.com or Viber 09952845242

Latex Condom ဆိုတာဘာလဲ?Latex condom တွေကို သဘာဝရော်ဘာ (natural rubber latex) ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး➡️ မပေါက်ပြဲပဲတာရှ...
23/06/2025

Latex Condom ဆိုတာဘာလဲ?
Latex condom တွေကို သဘာဝရော်ဘာ (natural rubber latex) ကနေ ထုတ်လုပ်ထားတာဖြစ်ပြီး
➡️ မပေါက်ပြဲပဲတာရှည်ခံနိုင်မှု (Durability)
➡️ ဆွဲဆန့်နိုင်မှု (Elasticity)
➡️ ကာကွယ်မှုမြင့်မားမှု (Effectiveness) တို့ကြောင့် အသုံးများကြပါတယ်။

✅ Latex Condom ရဲ့ အားသာချက်တွေက
ယုံကြည်စိတ်ချရတဲ့ကာကွယ်မှု – နည်းလမ်းမှန်ကန်စွာ အသုံးပြုမယ်ဆို မလိုလားတဲ့ ကိုယ်ဝန်အပြင် လိင်မှတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေ (STD) နဲ့ HIV တို့ကို ထိရောက်စွာကာကွယ်နိုင်ပါတယ်။
အလွယ်တကူ ဝယ်ယူလို့ရ – ဆေးဆိုင်၊ စတိုးဆိုင်၊ convenience store တွေနဲ့ အွန်လိုင်းကနေပါရနိုင်ပြီး အနံ့အရသာ၊ အရွယ်အစားနဲ့ ပုံစံ အမျိုးမျိုးရှိပါတယ်။
စျေးနှုန်းချိုသာ – Latex condom တွေက အခြား condom တွေထပ် စျေးနှုန်းပိုမိုသက်သာပြီး လူတိုင်းအတွက် အလွယ်တကူ ဝယ်ယူနိုင်စေပါတယ်။

⚠️ Latex Condom သုံးတဲ့အခါ သတိထားရမယ့် အချက်တွေကတော့
❗ Latex Allergy – အချို့လူတွေမှာ latex နဲ့ ဓာတ်မတည့်မှုကြောင့် နာကျင်မှု၊ ယားယံမှုနှင့် ေရာင်ရမ်းမှုစတဲ့ ဓာတ်မတည့်မှုများ ဖြစ်နိုင်ပါတယ်။
⚠️ အဆီပါဝင်မှုနှုန်းများတဲ့ ချောဆီ Lubricant နဲ့ တွဲမသုံးရပါဘူး – Petroleum Jelly, Baby Oil, Coconut Oil တွေဟာ Latex ကို ပျက်ဆီးစေနိုင်တာမလို့ တွဲမသုံးရပါဘူး။
Water based Lubricant မျိုးကိုသာ အသုံးပြုပေးရပါမယ်။

✌🏻 MOODS Condom များဟာ Latex Condom အမျိုးစားဖြစ်တာကြောင့် လုံခြုံစိတ်ချရတဲ့ ကာကွယ်မှုကို ပေးနိုင်တဲ့အပြင် စျေးနှုန်းသက်သာပြီး အမျိုးစားအစုံ ရွေးချယ်လို့ရနိုင်ပါတယ်။

#ကွန်ဒုံး

အဖုထစ်လေးတွေရဲ့ ထူးခြားတဲ့ ထုဆစ်မှု 🤨🔘 ထူးခြားတဲ့ အဖုလေးတွေက ပိုမိုပြင်းထန်တဲ့ အထိအတွေ့ကို ပေးစွမ်းပြီး ပျော်ရွှင်မှုကို...
14/06/2025

အဖုထစ်လေးတွေရဲ့ ထူးခြားတဲ့ ထုဆစ်မှု 🤨

🔘 ထူးခြားတဲ့ အဖုလေးတွေက ပိုမိုပြင်းထန်တဲ့ အထိအတွေ့ကို ပေးစွမ်းပြီး ပျော်ရွှင်မှုကို အသစ်တဖန် ထုဆစ်ပေးပါလိမ့်မယ်။
🔘 အရည်အသွေးမြင့် MOODS Dotted နဲ့ မမေ့နိုင်တဲ့ ခံစားမှုကို ရယူပါ။

Moods Dotted နဲ့ ထုဆစ်ထားတဲ့ ထူးခြားတဲ့ခံစားမှုကို ခံစားကြည့်လိုက်ပါ 💥




MOODS နဲ့ လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်မှု ✨လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခုပါ။ ဒါပေမဲ့ ပျော်ရွှင်မှုနဲ့အ...
11/06/2025

MOODS နဲ့ လုံခြုံစိတ်ချရတဲ့ ပျော်ရွှင်မှု ✨

လိင်ဆက်ဆံခြင်းဟာ လူ့ဘဝရဲ့ သဘာဝ အစိတ်အပိုင်းတစ်ခုပါ။
ဒါပေမဲ့ ပျော်ရွှင်မှုနဲ့အတူ လုံခြုံမှုကလည်း အရေးကြီးပါတယ်။⚠️

လိင်ကျန်းမာရေးကို ဂရုစိုက်ခြင်းဟာ ကိုယ့်ကိုကိုယ်သာမက ကိုယ့်ရဲ့ချစ်သူကိုပါ တန်ဖိုးထားလေးစားရာရောက်ပါတယ်။ 💞

☝🏻 ကျွန်တော်တို့ရဲ့ MOODS ကွန်ဒုံးတွေက အရည်သွေးမြင့်မားပြီး လုံခြုံစိတ်ချရတဲ့အပြင် အမျိုးစားစုံလင်တာကြောင့်မလို့ သင့်ကို အမျိုးမျိုးသောပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်ပါတယ်။

✅ ပျော်ရွှင်မှုနဲ့ လုံခြုံမှု တစ်ပြိုင်နက်တည်း ရယူလိုသူတွေအတွက် အကောင်းဆုံးသော ရွေးချယ်မှု MOODS….

Your Time…Your Place…Your MOODS…

☝🏻 သဘောတူညီမှုရဲ့ အခြေခံအချက်အလက်တွေကို "FRIES" ဆိုတဲ့ အချက်လေးနဲ့ ရှင်းပြထားတာကို မျှဝေပေးချင်ပါတယ်။ F - လွတ်လပ်စွာပေးအ...
04/06/2025

☝🏻 သဘောတူညီမှုရဲ့ အခြေခံအချက်အလက်တွေကို "FRIES" ဆိုတဲ့ အချက်လေးနဲ့ ရှင်းပြထားတာကို မျှဝေပေးချင်ပါတယ်။

F - လွတ်လပ်စွာပေးအပ်ခြင်း (Freely given): လိင်ဆက်ဆံမှုမှာ ဖိအားပေးမှု၊ ခြိမ်းခြောက်မှု၊ လှည့်ဖြားမှုမျိုးမှမပါဘဲ ကိုယ့်ရဲ့ လွတ်လပ်တဲ့ ဆန္ဒအလျောက် သဘောတူညီမှုရှိရပါမယ်။

R - ပြန်လည်ရုပ်သိမ်းနိုင်ခြင်း (Reversible): သဘောတူညီချက်ကို ဘယ်အချိန်မှာမဆို ပြန်လည် ရုပ်သိမ်းနိုင်ပါတယ်။ ရုပ်သိမ်းပိုင်ခွင့်လည်းရှိပါတယ်။ No means No!

I - အသိပေးခြင်း (Informed): မိမိ သဘောတူညီလက်ခံမည့်အချက်ကို ရှင်းရှင်းလင်းလင်း အသိပေးထားရမှာဖြစ်ပြီး တစ်ဖက်မှာလည်း အသိပေးထားတဲ့အတိုင်း လက်ခံလိုက်နာ ပေးရမှာဖြစ်ပါတယ်။

E - စိတ်အားထက်သန်စွာပါဝင်ခြင်း (Enthusiastic): "Yes!" ဟု စိတ်အားထက်သန်စွာနဲ့ သဘောတူလက်ခံတဲ့ အဖြေမဟုတ်ပါက "No" လို့သာ မှတ်ယူရမှာပါ။

S - သီးခြားဖြစ်ခြင်း (Specific): တစ်ကြိမ် (သို့) တစ်ခုအတွက်သာ ပေးထားတဲ့ သဘောတူညီချက်ဟာ နောက်တစ်ကြိမ်နှင့် အခြား လိင်ပိုင်းဆိုင်ရာ လုပ်ဆောင်မှုတွေအတွက် အလိုအလျောက်သဘောတူညီမှု ရှိတာမဟုတ်ပါ။ အနမ်းပေးဖို့ သဘောတူညီတာဟာ လိင်ဆက်ဆံဖို့ သဘောတူညီတာမျိုးမဟုတ်ပါဘူး။



#ကွန်ဒုံး

ကွန်ဒုံးရွေးတဲ့အခါမှာ ညိုကီတို့ ပထမဆုံး ဦးစားပေးရွေးချယ်တဲ့ အချက်က? 🤔 ☝🏻လုံခြုံစိတ်ချရမှုရှိဖို့  (Safety First)  ☝🏻ခံစာ...
31/05/2025

ကွန်ဒုံးရွေးတဲ့အခါမှာ ညိုကီတို့ ပထမဆုံး ဦးစားပေးရွေးချယ်တဲ့ အချက်က? 🤔

☝🏻လုံခြုံစိတ်ချရမှုရှိဖို့ (Safety First)
☝🏻ခံစားမှုအပြည့်အဝရရှိနိုင်ဖို့ (Ultimate Sensation)
☝🏻ဝတ်ရတာ သက်သောင့်သက်သာရှိဖိို့ (Comfort)
☝🏻ဈေးနှုန်းနဲ့ အရည်သွေး (Price and Quality)

တစ်ခြားအချက်တွေရှိရင် ကျန်တဲ့ညိုကီတွေသိအောင် ကွန်မန့်လေးမှာ ဝေမျှခဲ့ပေးပါဦး 😉🤝



#ကွန်ဒုံး

23/05/2025

ကွန်ဒုံးနဲ့ပတ်သက်တဲ့ မှားယွင်းနေတဲ့ အယူအဆများနှင့် မှန်ကန်တဲ့ အချက်အလက်များ ❌✅

အမျိုးသားသုံးကွန်ဒုံးနဲ့ပတ်သက်ပြီး အယူဆအမှားတွေ နားလည်မှုလွဲမှားတာတွေ အများကြီးရှိတတ်ပါတယ်။ မလိုလားအပ်တဲ့ ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ထိရောက်စွာ ကာကွယ်နိုင်ဖို့အတွက် တကယ့်အမှန်တရားတွေကို သိရှိထားဖို့က အရေးကြီးပါတယ်။

အမှား ❌: ကွန်ဒုံးက ခံစားမှု (Pleasure or sensation) ကို လျော့နည်းစေတယ်။
အမှန် ✅: ကိုယ်ဝန်နဲ့ လိင်မှတစ်ဆင့် ကူးစက်ရောဂါရမှာတွေကို စိုးရိမ်ပူပန်မှု မရှိခြင်းဟာ လိင်ပိုင်းဆိုင်ရာ ခံစားမှုကို ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ မတူညီတဲ့ အမျိုးအစား၊ အရွယ်အစားတွေနဲ့ ခေတ်မှီတဲ့ ကွန်ဒုံးတွေကြောင့်မလို့ ခံစားမှုအသစ်တွေကိုပါ ရှာတွေ့စေနိုင်ပါတယ်။

အမှား ❌: ကွန်ဒုံးတွေက လွယ်ကူစွာ ပေါက်ပြဲတတ်တယ်။
အမှန် ✅: နည်းလမ်းမှန်ကန်စွာ စနစ်တကျ အသုံးပြုမယ်ဆိုရင် ကွန်ဒုံးက အလွယ်တကူ မပေါက်ပြဲပါဘူး။ လိင်ဆက်ဆံစဉ် ဖိအားတွေကို ခံနိုင်ရည်ရှိအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လေမဝင်အောင် မှန်ကန်စွာ စွပ်ဖို့နဲ့ သက်တမ်းလွန်မလွန်စစ်ဖို့၊ ချွန်ထက်တဲ့အရာတွေနဲ့ မထိတွေ့ဖို့ပဲ လိုပါတယ်။

အမှား ❌: ကွန်ဒုံးနှစ်ထပ်သုံးရင် နှစ်ဆပိုပြီး ကာကွယ်မှု ပေးနိုင်တယ်။
အမှန် ✅: ဒါဟာ လုံးဝမှားယွင်းတဲ့ အယူအဆဖြစ်ပြီး ကာကွယ်မှု ပိုလျော့နည်းစေနိုင်ပါတယ်။ နှစ်ခုထပ်သုံးရင် ပွတ်တိုက်မှုကြောင့် ပေါက်ပြဲကျွတ်ထွက်နိုင်ပါတယ်။
အရည်အသွေးကောင်းတဲ့ ကွန်ဒုံးတစ်ခုကို မှန်ကန်စွာ ရွေးချယ်သုံးတာ အကောင်းဆုံးပါ။

အမှား ❌: ကွန်ဒုံးတွေမှာ အမျိုးစားမရှိဘူး၊ ဘယ်ဟာဝယ်သုံးသုံးရတယ်၊ အတူတူပဲ။
အမှန် ✅: ကွန်ဒုံးတွေမှာ အရွယ်အစား၊ ပုံစံမျိုးစုံ၊ ပြုလုပ်ထားတဲ့ ပစ္စည်းမတူညီတာတွေ မျိုးစုံရှိပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့ အရွယ်စားကို ရွေးချယ်ဝယ်ယူဖို့ကလည်း အရေးကြီးပါတယ်။
MOODS Condom မှာဆို Absolute Xtasy, Ribbed, Dotted, Allnight စတဲ့ အမျိုးစားတွေလည်း ရှိတာမလို့ ခံစားမှုမျိုးစုံကို ရွေးချယ်လို့ ရပါတယ်။

အမှား ❌:ကွန်ဒုံးက ကိုယ်ဝန်တားဖို့အတွက်ပဲ သုံးတာ။
အမှန် ✅: ကွန်ဒုံးဟာ ကိုယ်ဝန်တားဆီးနိုင်တဲ့အပြင် HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါအများစုကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော သန္ဓေတားနည်းလမ်း ဖြစ်ပါတယ်။

အမှား ❌: တားဆေးသုံးနေတာရှိရင် ကွန်ဒုံးထပ်သုံးဖို့မလိုဘူး။
အမှန် ✅: တားဆေးတွေဟာ ကိုယ်ဝန်ကိုပဲ တားဆီးပေးနိုင်တာပါ။ HIV အပါအဝင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့်မလို့ ကူးစက်ရောဂါတွေမှ ကာကွယ်ဖို့ဆို ကွန်ဒုံးအသုံးပြုပေးဖို့လိုပါတယ်၊၊

အမှား ❌: ကွန်ဒုံးသည် လိင်အင်္ဂါချင်း ထိတွေ့မှုရှိသော လိင်ဆက်ဆံမှုအတွက်သာ ဖြစ်သည်။
အမှန် ✅: ကွန်ဒုံးကို ထိုးသွင်းမှုပြုလုပ်တဲ့ ဆက်ဆံမှုတိုင်းအတွက် အသုံးပြုဖို့လိုအပ်ပါတယ်။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်းမှာလည်း ကူးစက်ရောဂါများကို ကာကွယ်ဖို့အတွက် ကွန်ဒုံးသုံးပေးရပါတယ်။

အပေါ်က အချက်တွေအပြင် တစ်ခြား ကွန်ဒုံးနှင့်ပတ်သက်သည့် အယူအဆမှားတွေရှိရင် အောက်က ကွန်မန့်လေးမှာ မျှဝေပေးသွားပါဦးနော်!!!




ကျန်းမာပြီး လေးစားမှုရှိတဲ့ ဆက်ဆံရေးရဲ့ အခြေခံ - သဘောတူညီမှု (Consent) နဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုမှု (Communicatio...
21/05/2025

ကျန်းမာပြီး လေးစားမှုရှိတဲ့ ဆက်ဆံရေးရဲ့ အခြေခံ -
သဘောတူညီမှု (Consent) နဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုမှု (Communication) 💬💖

ဆက်ဆံရေးတိုင်းမှာ အပြန်အလှန် လေးစားယုံကြည်မှု တည်ဆောက်ဖို့အတွက် သဘောတူညီမှု ရယူခြင်းနဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းဟာ အရေးပါတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

အထူးသဖြင့် လိင်မှုကိစ္စမှာ သဘောတူညီချက် (Consent) နဲ့ ပွင့်လင်းတဲ့ ဆက်သွယ်ပြောဆိုမှုဟာ အလွန်အရေးကြီးပါတယ်။ ကျန်းမာပျော်ရွှင်တဲ့ လိင်ဆက်ဆံမှုတစ်ခုကို တည်ဆောက်ဖို့အတွက် မိမိရဲ့ ဆန္ဒအပြင် တစ်ဖက်လူရဲ့ ဆန္ဒကို လေးစားဖို့နဲ့ညှိနှိုင်းဖို့လည်း လိုအပ်ပါတယ်။

✅ MOODS ကွန်ဒုံးအနေဖြင့် လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံမှုကိုသာ အားပေးပါတယ်။
✅ MOODS ကွန်ဒုံးက သင့်ရဲ့ လုံခြုံစိတ်ချရတဲ့ ရွေးချယ်မှုတွေကို ပံ့ပိုးပေးပြီး၊
✅ သဘောတူညီမှုနဲ့ တည်ဆောက်ထားတဲ့ ဆက်ဆံရေးအတွက် စိတ်အေးချမ်းသာမှု ပေးနိုင်ပါတယ်။

✨ သဘောတူညီမှုနဲ့ ပွင့်လင်းစွာ ဆွေးနွေးပြောဆိုခြင်းကို ဦးစားပေးခြင်းဖြင့် ကျန်းမာ၊ လုံခြုံပြီး ပျော်ရွှင်စရာကောင်းတဲ့ အချစ်ခရီးလမ်းကို MOODS ကွန်ဒုံးနဲ့အတူ ပုံဖော်လိုက်ပါ။ ✨



#ကွန်ဒုံး

အရည်သွေးမှာ စိတ်ချရတယ် 💯အမျိုးစားစုံလင်တယ် ✅ဆန်းသစ်တဲ့အထိတွေ့နဲ့  မတူညီတဲ့ ခံစားမှုမျိုး အတွက် Indian No.1 Condom - MOOD...
17/05/2025

အရည်သွေးမှာ စိတ်ချရတယ် 💯
အမျိုးစားစုံလင်တယ် ✅
ဆန်းသစ်တဲ့အထိတွေ့နဲ့ မတူညီတဲ့ ခံစားမှုမျိုး အတွက် Indian No.1 Condom - MOODS 💥



Address

Yangon

Website

Alerts

Be the first to know and let us send you an email when MOODS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram