ပြည့်စုံသုခ အထူးကုဆေးခန်း

  • Home
  • Myanmar
  • Yangon
  • ပြည့်စုံသုခ အထူးကုဆေးခန်း

ပြည့်စုံသုခ အထူးကုဆေးခန်း လူကြီးမင်းတို့ ကျန်းမာရေးအတွက် ၂၄နာရီအချိန်ပြည့်ရှိနေသော ပြည့်စုံသုခ အထူးကုဆေးခန်း

သင့်နှလုံးသားထဲမှာ Drummer တစ်ယောက်ရှိလို့နေပါတယ် သူကတော့ သင့်ရဲ့ နူးညံ့လှတဲ့ နှလုံးသားလေးပါ သူကစည်းချက်မှန်မှန်တီးခတ်နေ...
21/11/2025

သင့်နှလုံးသားထဲမှာ Drummer တစ်ယောက်ရှိလို့နေပါတယ် သူကတော့ သင့်ရဲ့ နူးညံ့လှတဲ့ နှလုံးသားလေးပါ သူကစည်းချက်မှန်မှန်တီးခတ်နေသရွေ့ သင့်ကိုကျန်းမာပျော်ရွှင်နေစေမှာပါ။
ဒါပေမယ့် Tempoတွေ အရမ်းမြန်သွားတာ နှေးသွားတာမျိုးဆိုရင်တော့ စည်းချက်မမှန်ဖြစ်လာနိုင်ပါတယ် ဒါကိုပဲ ကျွမ်းကျင်သူတွေက"နှလုံးခုန်နှုန်းမမှန်ခြင်း"( Arrhythmia )
လို့ ခေါ်ပါတယ်။
သူကသိသာစွာလက္ခဏာမပြတတ်ပါဘူး။
မသိလိုက်ချိန်မှာပဲ နှလုံးထဲသွေးခဲလေးတွေဖြစ်လာပြီး ဦးနှောက်ကိုပိတ်တဲ့အခါ လေဖြတ်ခြင်း ဖြစ်လာနိုင်ပါတယ်။
ပုံမှန်ခံစားချက်မဟုတ်ဘဲ ရင်တုန်တတ်ပါတယ်။

ဘာတွေကြောင့်ဖြစ်နိုင်ပါလဲ❓❓
ကဖင်းနဲ့သကြားဓာတ်တွေပါတဲ့ ကော်ဖီ သို့မဟုတ် Energy Drinksများ စိတ်ပူ စိတ်လှုပ်ရှား၊ ဒေါသထွက်တာတွေ လုံလောက်စွာ အနားမယူတာ အရက်ဆေးလိပ်သောက်ခြင်းတွေကြောင့်ပဲဖစ်ပါတယ်။
နှလုံးခုန်အရမ်းမြန်လွန်းရင် ခန္ဓာကိုယ်က သွေးကောင်းကောင်းမရတော့ မူးဝေတာ၊ သတိလစ်တာ ဖြစ်နိုင်တယ်။
နှလုံးခုန်အရမ်းနှေးလွန်းရင် ဦးနှောက်ဆီ သွေးအလုံအလောက်မရောက်ဘဲ မူးလဲတာ၊ အသက်ရှူမဝတာ ဖြစ်နိုင်တယ်။
နှလုံးစည်းချက်ကမောက်ကမဖြစ်ရင် ချက်ချင်း အသက်အန္တရာယ်ရှိနိုင်သလို၊ နာတာရှည်ဖြစ်လာရင် "လေဖြတ်ခြင်း" ကို ဦးတည်နိုင်ပါတယ်။

🩺 သင်ဘာလုပ်သင့်ပါလဲ❓❓
သင်ဘာမှမလုပ်ဘဲ နားနေရင်းလည်း မကြာခဏ ရင်တုန်နေရင်၊ မူးဝေတာ၊ မောတာ၊ ရင်ဘတ်အောင့်တာ၊ ငါ့နှလုံးခုန်တာ ပုံမှန်မဟုတ်သလိုပဲလို့ ထပ်ခါထပ်ခါ ခံစားနေရရင်...ကျေးဇူးပြုပြီး မပေါ့ဆပါနဲ့။
ဆရာဝန်နဲ့ တိုင်ပင်ပါ။
ECG လို့ခေါ်တဲ့ နှလုံးရဲ့ "တီးလုံး" ကို ဖမ်းပေးတဲ့ စက်လေးနဲ့ စစ်ဆေးကြည့်ပြီး သင့်နှလုံးစည်းချက် ဘာကြောင့်မှားနေလဲဆိုတာ အဖြေရှာပေးပါလိမ့်မယ်။

#နှလုံးကျန်းမာရေး

်ဆေးပါ


#လေဖြတ်ခြင်း
#စည်းချက်မှန်မှန်နဲ့အသက်ရှင်ပါ
#နှလုံးခုန်နှုန်းမမှန်ခြင်း
#စိတ်ဖိစီးမှုနဲ့ကျန်းမာရေး
#သတိထားဖို့လိုတဲ့လက္ခဏာများ
#ကျန်းမာရေးသတိပေးချက်
#သင့်နှလုံးကိုဂရုစိုက်ပါ

🚨 သတိပေးချက်- လက်၊ ခြေ၊ ပါးစပ်ရောဂါ (Hand, Foot and Mouth Disease - HFMD) ကျောင်းများတွင် ပြန်လည်ဖြစ်ပွားနေခြင်း! 🚨​👶 ဘယ...
19/11/2025

🚨 သတိပေးချက်- လက်၊ ခြေ၊ ပါးစပ်ရောဂါ (Hand, Foot and Mouth Disease - HFMD) ကျောင်းများတွင် ပြန်လည်ဖြစ်ပွားနေခြင်း! 🚨
​👶 ဘယ်သူတွေ အဖြစ်များလဲ?
​အသက် ၁၀ နှစ်အောက် ကလေးငယ်များတွင် အများဆုံးဖြစ်ပွားလေ့ရှိပါသည်။
​ကျောင်းတက်နေသည့် ကလေးများတွင် အချင်းချင်း အထိအတွေ့များသောကြောင့် ပိုမိုကူးစက်လွယ်ပါသည်။
​🦠 ရောဂါလက္ခဏာများ (၅ ရက်မှ ၇ ရက်ခန့် ကြာမြင့်နိုင်သည်)
​HFMD သည် Coxsackie ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး ကူးစက်လွယ်ကာ လက္ခဏာများမှာ-
​🤒 ဖျားနာခြင်း: ငွေ့ငွေ့ဖျားခြင်း (သို့မဟုတ်) ဖျားချင်မှလည်း ဖျားခြင်း
​🤧 အစားအသောက်ပျက်ခြင်း၊ နှာရည်ယိုခြင်း
​🔴 အနီစက်နှင့် ရေကြည်ဖုများ ထွက်ပေါ်ခြင်း:
​ပါးစပ်တွင်း/ပါးစပ်တဝိုက်
​လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းများ (တံတောင်ဆစ်အထိ)
​ခြေဖဝါး၊ ခြေဖမိုး၊ ခြေချောင်းများ (ပေါင်လယ်ခန့်အထိ)
​တင်ပါးဝန်းကျင်
​😩 နာကျင်ယားယံခြင်း: ဖြစ်ပွားသည့်နေရာများတွင် အနည်းငယ် ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းတို့ ဖြစ်နိုင်ပါသည်။
​🛑 ကူးစက်ပုံနှင့် ကြိုတင်ကာကွယ်ရန်
​HFMD သည် အလွန်ကူးစက်လွယ်သော ရောဂါဖြစ်ပါသည်။
​ထိတွေ့ကိုင်တွယ်ခြင်း
​နှာရည်၊ တံတွေး၊ သို့မဟုတ် ရေကြည်ဖုအတွင်းမှ အရည်များနှင့် ထိတွေ့မိခြင်း
​ပိုးရှိသော မျက်နှာပြင်များကို ကိုင်တွယ်မိပြီး ပါးစပ်၊ မျက်လုံးသို့ ပြန်ထိမိခြင်း တို့မှ ကူးစက်နိုင်ပါသည်။
​ကာကွယ်ရန် အဓိကအချက်များ:
​🧼 လက်ကို စနစ်တကျ ဆေးပါ: ကလေးငယ်များအား လက်ဆေးခြင်းကို မကြာခဏ ပြုလုပ်ရန်နှင့် ညွှန်ကြားပေးပါ။ (အထူးသဖြင့် အစာမစားမီနှင့် အိမ်သာတက်ပြီးတိုင်း)
​❌ ကျောင်းမတက်စေပါနှင့်: ရောဂါလက္ခဏာ စတင်ပြသသည်နှင့် ကလေးအား အခြားကလေးများထံ ကူးစက်မှု မဖြစ်စေရန် အိမ်တွင်သာ သီးခြားထားကာ နားနေစေပါ။
​💧 ရေဓါတ်ဖြည့်ပါ: ရောဂါဖြစ်နေစဉ်အတွင်း ရေဓာတ်မခမ်းခြောက်စေရန် ရေများများ သောက်သုံးရန် လိုအပ်ပါသည်။
​💊 အဖျားသက်သာစေရန်: အဖျားရှိပါက ပါရာစီတမောအရည် (Paracetamol Syrup) ကို အသက်အရွယ်အလိုက် ဆေးညွှန်းအတိုင်း တိုက်ကျွေးနိုင်ပါသည်။
​⚠️ အထူးသတိပြုရန်: ပုံမှန်အားဖြင့် ၅ ရက်မှ ၇ ရက်အတွင်း ပြန်လည်ကောင်းမွန်သော်လည်း ကလေးငယ်တွင် ရေဓာတ်ပြင်းထန်စွာ ခမ်းခြောက်လာပါက၊ အဖျားမကျဘဲ ပြင်းထန်လာပါက ဆရာဝန်နှင့် ချက်ချင်း တိုင်ပင်ဆွေးနွေးသင့်ပါသည်။
​ကျန်းမာရေး ဗဟုသုတအနေဖြင့် မိဘများအားလုံး ဂရုစိုက်နိုင်ရန် မျှဝေလိုက်ပါတယ်။ 🙏

ညနေခင်း လမ်းလျှောက်ထွက်ခြင်းက စိတ်ရောကိုယ်ရောပါ ကျန်းမာစေတယ့်အပြင် ..⬇️⬇️⬇️✅ Mindfulness ကိုရစေပြီး အခုလက်ရှိပစ္စုပ္ပာန်...
15/11/2025

ညနေခင်း လမ်းလျှောက်ထွက်ခြင်းက စိတ်ရောကိုယ်ရောပါ ကျန်းမာစေတယ့်အပြင် ..⬇️⬇️⬇️

✅ Mindfulness ကိုရစေပြီး အခုလက်ရှိပစ္စုပ္ပာန်ကို အာရုံစိုက်စေပါတယ်
✅စိတ်ဖိစီးမှု (၄၀)ရာခိုင်နှုန်းကို သက်သာစေပါတယ်
✅Endorphins ဟော်မုန်းကိုထုတ်ပေးလို့
စိတ်သက်သာမှု ကိုရ‌စေပြီး စိတ်ညစ်မှုကို လျော့ကျ‌စေပါတယ်
✅သဘာဝနဲ့ဆက်သွယ်ပေးလို့ အချိုပေါ်သကာလောင်းသလို စိတ်ကြည်လင်တိုးတက်မှုနဲ့ အိုင်ဒီယာကောင်းတွေကိုပါရရှိစေပါတယ်
✅နှလုံးခုန်နှုန်းကိုမှန်ကန်စေပြီး သွေးလည်ပတ်မှုကိုကောင်းစေပါတယ်
✅နေ့ခင်းဘက်လမ်းလျှောက်ထားသူတွေအနေနဲ့ ညဘက်မှာပိုပြီး အိပ်ပျော်စေပါတယ် စသည့် အကျိုးကျေးဇူးကိုရရှိစေပါတယ်

နည်းစနစ်ကျကျနဲ့ ထိရောက်အောင် ဘယ်လိုလမ်းလျှောက်ကြမလဲ❓❓

🔷တစ်နေ့တာမိနစ်(၃၀)ခန့် ပုံမှန်လျှောက်ပါ
🔷လမ်းလျှောက်တဲ့အခါ မြေပြင်ကိုမကြည့်ဘဲ ရှေ့တည့်တည့်ကိုကြည့်လျှောက်ပါ
🔷လေကောင်းလေသန့်ရှိတဲ့နေရာမှာ လျှောက်ပါ
🔷လေကိုတဝရှူသွင်းပြီးပါးစပ်ကနေလေထုတ်ပါ
🔷သစ်ပင် ရေ မြေ လေသဘာဝရနံ့များကိုခံစားပါ
🔷သဘာဝကိုအာရုံစိုက်ပါ
🔷ဂီတသံစဉ်တစ်ခုခုနားထောင်ရင်း ‌လျှောက်ပါ
🔷အတွေးတွေကိုငြိမ်သက်အောင်လုပ်ပြီး လမ်းလျှောက်ခြင်းကိုသာအာရုံစိုက်ပါ

နေ့စဉ်ပုံမှန်လမ်းလျှောက်သွားမယ်ဆိုရင်တော့ Mentalပိုင်းမှာ သိသိသာသာတိုးတက်လာပြီး
စိတ်ငြိမ်းချမ်းမှု စိတ်ပျော်ရွှင်မှုနဲ့ ဦးနှောက်စွမ်းရည်ကိုတိုးစေပြီး နေ့စဉ်ဘဝတွေမှာ ကောင်းမွန်တဲ့ရလဒ်တွေကို ခံစားမိကြမှာ အသေအချာဘဲဖြစ်ပါတယ်...
#လမ်းလျှောက်ခြင်းအကျိုးကျေးဇူး #စိတ်ဖိစီးမှုသက်သာရန် #လေကောင်းလေသန့်ရှူရန် #ကျန်းမာရေး #စိတ်ကျန်းမာရေး #ညနေလမ်းလျှောက်ထွက်ရအောင်

‎ပြည့်စုံသုခဆေးခန်းတွင် လာရောက်ပြသသည့်အခါ အဆင်ပြေလွယ်ကူချောမွေ့စေရန် ဆေးခန်းထိုင်ပေးလျှက်ရှိသော အထူးကုဆရာဝန်ကြီးများအား ...
04/11/2025

‎ပြည့်စုံသုခဆေးခန်းတွင် လာရောက်ပြသသည့်အခါ အဆင်ပြေလွယ်ကူချောမွေ့စေရန် ဆေးခန်းထိုင်ပေးလျှက်ရှိသော အထူးကုဆရာဝန်ကြီးများအား ဖော်ပြပေးလိုက်ပါသည်။....................................................................
‎အသေးစိတ်သိရှိလိုပါက
‎ဖုန်း - ၀၉ ၄၄၆ ၉၉၉ ၁၁၄ ၊ ဝ၉ ၇၇၂၂၄၈ ၈၈၉
‎သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။
‎အမှတ်(၁၂/ခ)၊ မြင်တော်သာလမ်းမကြီးနှင့် အောင်ဇေယျလမ်းထောင့်၊(၄)မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။

 #ကျန်းမာစေဖို့ကိုယ်အလေးချိန်ထိန်းသိမ်းကြပါစို့
30/10/2025

#ကျန်းမာစေဖို့ကိုယ်အလေးချိန်ထိန်းသိမ်းကြပါစို့

01/04/2020

# Credit #
အများပြည်သူနှင့်ဆိုင်သော (ဆေးရုံ ဆေးခန်း မဟုတ်သော နေရာများတွင်) ပိုးသန့်စင်ဆေး အသုံးပြုခြင်း

(၁)
spray (misting) လူပေါ်ဖြန်းခြင်း
- Alcohol (isopropanol, ethanol, methylated spirit) မဖြန်းရပါ။
- Bleach (hypochlorite solution များ မဖြန်းရပါ။ (လူအရှင်ပေါ်ကို မဖြန်းရပါ။ ခွင့်လွှတ်)

acid (HOCl, ဆားငံရည်ကို လျှပ်စစ်ဖြတ်စေခြင်းဖြင့် ထုတ်လုပ်) လူပေါ်ဖြန်းရန် စမ်းသပ်ဆဲဟု သိရသော်လည်း ဗီယက်နမ် institute မှ mobile misting chamber ဖြင့် စတင် ဝန်ဆောင်မှုတော့ ပေးနေပါတယ်။

အဲဒီတော့ လူပေါ်ဖြန်းစရာဆေးရည် ကျနော်တို့မှာ မရှိသေးပါဘူး။
ရေဖြန်းပီး ဆပ်ပြာဖြန်း ရေပြန်ဖြန်း (ရေချိုးတာကို ပြောတာ) က ပိုပီး လက်တွေ့ကျ ထိရောက်ပါတယ်။

(၂)
#လက်ဆေးခြင်း
အားလုံး သိနေကြပါပြီ။
- 62-72% alcohol (ethanol or isopropanol)ပါသော hand sanitizer
- ရေ နှင့် ဆပ်ပြာ (FDA license ရှိတဲ့ ဆပ်ပြာ အားလုံး ထိရောက်ပါတယ်။)
၁၂၃ ဖဝါး ဖမိုး လက်ခေါက်ချိုး
၄၅ လက်ကြား လက်မ မကျန်ရ
၆ ကုတ်၍ခြစ်ပါ လက္ခဏာ
၇ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ။
(ပိုပြီး စိတ်ချချင်လို့ တံတောင်ဆစ်မှ အဆုံးသတ်လည်း ရတယ်။) ဒီ ၇ဆင့်တော့ စုံရမယ်။
ဒီ ၇ဆင့်နဲ့ ဆေးနေတဲ့ ကြာချိန် (contact time) ဆိုယင် alcohol/ဆပ်ပြာက COVID ပိုးသန့်စင်ဖို့ လုံလောက်ပါတယ်။

(၃)
#နေရာများနှင့်ပစ္စည်းများပိုးသန့်စင်ခြင်း

(က)
ဒီမှာ သတိထားရမယ့် အချက်တွေ ရှိပါတယ်။
၁။ သန့်စင်ခြင်း လုပ်တဲ့ မျက်နှာပြင်ပေါ်မှာ ပိုးသတ်ဆေးကို သတ်မှတ်တဲ့ contact time ကြာချိန်အတိုင်း စိုစွတ်နေစေရပါမယ်။ ပမာဏ လုံလောက်အောင် သုံးရပါမယ်။ (ဒါပေမယ့် ပိုးသတ်ဆေးပြင်း ဥပမာ 0.5% chlorine ကို အများအပြား သုံးယင် စီးကျရေက ပတ်ဝန်းကျင်မှာ လူကို ကောင်းကျိုးပြုနေတဲ့ effective microbes တွေကို ပျက်စီးစေတာ ecology ပျက်ပြီး အကျိုးမဲ့စေပါတယ်။)
၂။ မျက်နှာပြင်နဲ့ သင့်လျော်တဲ့ disinfectant ကို ရွေးချယ် အသုံးပြုပါ။
ဥပမာ - alcohol သည် မင်များ ဆေးများကို ပျက်စေသော်လည်း သတ္တုမျက်နှာပြင်တွင် သင့်လျော်သည်။ chlorine သည် သတ္တုမျက်နှာပြင်နှင့် အရေပြားကို စားလောင်တတ်သော်လည်း မင်များ မပျက်သည့် အပြင် ဈေးသက်သာသည်။)
၃။ လုပ်ဆောင်မည့် ပမာဏပေါ် မူတည်၍ လိုအပ်သော ဖိနပ်ရှည်၊ လက်အိတ်ရှည်၊ အင်္ကျီရှည်၊ နှာခေါင်းစည်း၊ ကာကွယ်ရေးမျက်မှန်၊ ဦးထုပ်၊ Apron တို့ကို ဝတ်ပါ။
၄။ လုပ်ဆောင်နေစဉ် ကလေးငယ်များ၊ အားနည်းနေသူများ၊ တိရိစ္ဆာန်များ မထိမိရန် ဂရုပြုပါ။
၅။ အနံ့ပြင်းများ သုံးလျှင် လေဝင်ထွက် ကောင်းအောင် လုပ်ထားပါ။
၆။ လုပ်ဆောင်ပြီးတိုင်း လက်ကို ရေ ဆပ်ပြာဖြင့် သေချာ ဆေးကြောပါ။
၇။ ပိုးသတ်ဆေးဗူးများကို အဖုံး သေချာစွာ ပိတ်ထားပါ။
၈။ ပိုးသတ်ဆေး ဗူး တံဆိပ်များကို ခွါမပစ်ပဲ ( စုတ်ပြဲယင် တိပ်နဲ့ကပ်) ထားပါ။
၉။ ကလေးများ မမီရာ၊ အစားအသောက်များနှင့် ဝေးရာ၊ အေး၍ ခြောက်သွေ့သောနေရာတွင် သိမ်းပါ။

(ခ)
Disinfectant များနှင် ၎င်းတို၏ COVID-19 ကို ပိုးသတ်ရန် ကြာချိန်
(Disinfectant ၏ ပြင်းအားနှင့် virus ပမာဏ ပေါ်မူတည်ပြီး ပြောင်းလဲနိုင်ပေမယ့် ယေဘူယျအားဖြင့်)
#ရေနှင့်ဆပ်ပြာ
၁။ Alcohol 62-72% (ethanol/isopropanol/methylated spirit) 0.5 မိနစ်
၂။ 0.1% hypochlorite solution 1-10 မိနစ်
၃။ phenolic compounds 5-10 မိနစ်
၄။ Quaternary ammonium compounds 0.5-10 မိနစ်
၅။ Sodium chlorite NaClO2 10 မိနစ်
၆။ Hydrogen peroxide 5 မိနစ်
၇။ Peroxyacetic acid 1 မိနစ်
၈။ Hydrochloric acid 10 မိနစ်
၉။ Citric acid 1-3 မိနစ်
၁၀။ Aldehydes (need prolong contact time, it is sterilants not disinfectants)
နောက်ထပ်က acid တွေပဲ တွေ့တော့တယ်။ လူသိမများလို့ မပြောတော့ဘူး။

(ဂ) Ambulance ပိုးသန့်စင်ခြင်း
-သန့်ရှင်းရေး ဝတ်စုံဝတ်
-နောက်တံခါးကို ဖွင့်ထားပါ။
-ကြမ်းပြင်များ အခင်းများ ကို 0.1% hypochlorite spray ဖြန်းပါ၊ ၁၀ မိနစ် ထားပါ။
-Detergent wipe ဆပ်ပြာရည် (ရေမြှုပ်/အဝတ်) ၁၀-၃၀မိနစ် တိုက်ပါ။ ပီးယင် ရေစွတ်အဝတ်ဖြင့်တိုက်ပါ။
-သတ္တု မျက်နှာပြင်များအား alcohol spray ဖြန်း တစ်မိနစ်ထား အဝတ်ဖြင့်သုတ်ပါ။
- Medical equipment များကို alcohol wipe ဖြင့် သုတ်ပါ။
-မှန်များကို မှန်တိုက်ဆေးဖြင့် တိုက်ပါ။
-အားလံုးခြောက်အောင် ခဏထားပါ။
-UV lamp ရှိလျှင် ၁၅ မိနစ် ဖွင့်ပါ။ တံခါးပိတ်ထားရမည်။

(ဃ) လမ်းများ၊
0.1% hypochlorite spray only on concrete lane
မြေသား မြေပြင်ပေါ် မဖြန်းစေလိုပါ။

(င) ကော်ရစ်ဒါများ၊ ခန်းမများ
0.1% hypochlorite spray and mopping after 10 minutes
နောက်တစ်နည်း- ဆပ်ပြာရည်ကြမ်းတိုက် ၁၀မိနစ်ထားပြီး အခြောက်တိုက်ပြီး Phenolic compounds (Aseptol, Dettol, Surgitol, Germitol, BP-Phenyl, ကာဘော်လစ်ဆီ တစ်ခုခု) ဖြင့် ကြမ်းတိုက် ၁၀-မိနစ်ထားပြီး အဝတ်ခြောက်ဖြင့် ကြမ်းတိုက်နိုင်သည်။)
အနံ့မခံနိုင်သူများနှင့် အဆုတ် နှလုံး အားနည်းတတ်သူများ ရှောင်နေပါစေ။ သူတို့က မီးဖိုချောင်မှာ အညှော်တော့ ဝင်လုပ်တတ်တဲ့ ထမင်းရှင်များ ဖြစ်တတ်ပါတယ်။ 😛

(စ) အိမ်ခန်းများ
(င)အတိုင်းပင်
တတ်နိုင်သူများ ပုံမှာပါတဲ့ disinfectant မျိုးတွေ သုံးလို့ကောင်းပါတယ်။

(ဆ) ရေချိုးခန်း အိမ်သာများ
Aseptol, Dettol, Surgitol, Germitol, BP-Phenyl, ကာဘော်လစ်ဆီ တစ်ခုခုဖြင့် တိုက် ၁၀-မိနစ်ထားပြီး ရေဆေးပါ။

(ဈ) ရုံးခန်း၊ ဧည့်ခန်း
ကြမ်းပြင် - 0.1% hypochlorite solution OR ဆပ်ပြာရည် OR phenol
စားပွဲ - spirit OR မှန်တိုက်ဆေး
ပြတင်း- မှန်တိုက်ဆေး

(ည)ထမင်းစားခန်း
ဆပ်ပြာရည် နှင့် ရေ

(ဋ) အဝတ်အစား၊ အိပ်ရာ နှင့် အထည်အမျိုးမျိုး
ဆပ်ပြာမှုန့် အများစုတွင် bleach 5-10 % ပါဝင်ပြီး ဖြစ်ပါသဖြင့် ၎င်းတွင် ဖော်ပြထားသော အချိုးအစား အတိုင်း (ညစ်ပေမှုပေါ် မူတည်၍ ပိုထည့်သင့်က ထည့်ပါ။ ဆီးဝမ်းသွေးသလိပ် ပေကျံမှုရှိပါက ၂ဆမက ထည့်သင့်သည်။) နာရီဝက် စိမ်ပြီး လျှော်နိုင်သည်။ bleach မပါဟု ထင်လျှင် ထပ်ထည့်ပြီး စိမ်ပါ။ bleach အရည် ဝယ်မရပါက ဈေးထဲမှ အစွန်းချွတ်ဆေး အထုတ်သေးများ ထည့်ဖျော်ပါ။ အတူတူပါပဲ။ Safety အတွက် လက်အိပ်ရှည်ဝတ်ပြီး လုပ်ဆောင်ပါ။

စဉ်းစားမိသလောက် ရေးလိုက်ပါတယ်။
CDC guideline, EPA guideline, MOHS guideline တို့ကို ဖတ်ပြီး လက်လှမ်းမီမယ့် ပစ္စည်းတွေနဲ့ အသုံးချနိုင်အောင် ရည်ရွယ်ပြီး ရေးထားပါတယ်။ လိုအပ်တာ ရှိယင် ဖြည့်စွက်ပေးကြပါနော်။

ပိုးမွှားတွေကို ရဲဝံ့စွာ ရင်ဆိုင် ကိုင်တွယ်နိုင်ကြပါစေ။

12/03/2020

Address

No -12/B ,Myin Taw Thar Street , (4)Ward, Thaketa Township. 09772248889 -09446999114
Yangon
11231

Telephone

+959772248889

Website

Alerts

Be the first to know and let us send you an email when ပြည့်စုံသုခ အထူးကုဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ပြည့်စုံသုခ အထူးကုဆေးခန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

A care that never quits

Our patients are at the heart of everything we do. We want to hear your story. Whether it was an exceptional doctor that saved your life, a nurse that went the extra mile for your comfort, a staff member who brought a smile to your face or some other special moment that paved the way for your recovery, health and happiness, we can't wait to hear about it. Your stories inspire us and help us to get better at what we do. We are grateful when we get to be a part of your success story.