ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း - S.E.C

  • Home
  • Myanmar
  • Yangon
  • ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း - S.E.C

ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း - S.E.C HIVကြောင့် အတိဒုက္ခရောက်နေသူများကို တတ်အားသရွေ့ကူညီကယ်​တင်​ရန်​ ဤအသင်းကို တည်ထောင်ပါသည်။

Happy birthday ပါ Ko Htoo Myat Aung 🎁🎂🎈🎈Ko Htoo Myat Aung က ၎င်း၏ မွေးနေ့ကုသိုလ်အဖြစ်  ဆည်းဆာရောင်ခြည်ဂေဟာတွင် ခိုလှုံနေ...
26/12/2024

Happy birthday ပါ Ko Htoo Myat Aung 🎁🎂🎈🎈

Ko Htoo Myat Aung က ၎င်း၏ မွေးနေ့ကုသိုလ်အဖြစ် ဆည်းဆာရောင်ခြည်ဂေဟာတွင် ခိုလှုံနေကြသော မိဘမဲ့ကလေးများနှင့် HIVပိုးကူးစက်ခံထားရသည့်လူနာများအား ယနေ့(၂၆/၁၂/၂၀၂၄)ရက်နေ့တွင် နေ့လည်စာ ကျွေးမွေးပေးရန် အလှူငွေ ၃၅၀၀ဝိ/-(ကျပ်သုံးသောင်းငါး‌ထောင်တိတိ)ကို Kpay Account သို့ ပေးပို့လှူဒါန်းခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် အမှုဆောင်အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါတယ်။

အလှူရှင် Ko Htoo Myat Aung သည် ယနေ့ကျ‌ရောက်သော မွေးနေ့ရက်မြတ်ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းရပါစေ၊ အသက်ရာကျော်တိုင်အောင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

SEC.0384/2024

24/12/2024
ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်ခင်မာမာ🙏🙏🙏ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင...
21/12/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်ခင်မာမာ🙏🙏🙏
ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကျန်ရစ်သူ မိသားစုက ကွယ်လွန်သူ ဒေါခင်မာမာ အား ရည်စူး၍ (၂၁/၁၂/၂၀၂၄)ရက်နေ့တွင် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် ခုခံအားကျဆင်းရောဂါခံစားနေရသော ဝေဒနာရှင်များအတွက် ငါးခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် အဝတ်အထည်များကို လာရောက်ပို့ဆောင်လှူဒါန်းခဲ့ပါသဖြင့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ပါတယ်။

ကျန်ရစ်သူမိသားစု၏ ယခုပြုလုပ်သော ကောင်းမှုကုသိုလ်ကို အန်တီ ဒေါ်ခင်မာမာအား အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘဝကနေ မြင်တွေ့ကြားသိကာ သာဓုခေါ်ဆိုနိုင်ပြီးသကာလ ယခုထက် ပိုမိုအေးချမ်းမြင့်မြတ်သော ဘုံဘဝသို့ ကူးပြောင်းစံစားနိုင်ပါစေလို့ ဆည်းဆာရောင်ခြည်မိသားစုများက ဆုတောင်းမေတ္တာပေးပို့အပ်ပါတယ်။

SEC 0383/2024

Happy birthday ပါ မသီရိအောင် 🎂🎂🎂🎈🎈မွေးနေ့မှာ ပျော်ရွှင်ပါစေမသီရိအောင်၏ ယနေ့(၁၆/၁၂/၂၀၂၄)ရက်နေ့တွင် ကျရောက်သော မွေးနေ့အထိမ...
16/12/2024

Happy birthday ပါ မသီရိအောင် 🎂🎂🎂🎈🎈
မွေးနေ့မှာ ပျော်ရွှင်ပါစေ

မသီရိအောင်၏ ယနေ့(၁၆/၁၂/၂၀၂၄)ရက်နေ့တွင် ကျရောက်သော မွေးနေ့အထိမ်းအမှတ်အဖြစ် ဆည်းဆာရောင်ခြည်ဂေဟာတွင် ခိုလှုံနေကြသော မိဘမဲ့ကလေးများနှင့် HIVပိုးကူးစက်ခံထားရသည့်လူနာများအား နေ့လည်စာ ကျွေးမွေးပေးရန် အလှူငွေ ၃၅၀၀ဝိ/-(ကျပ်သုံးသောင်းငါးထောင်တိတိ)ကို ဦးဝေဖြိုးအောင်မှတဆင့် Kpay Account သို့ လွှဲပို့လှူဒါန်းခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် အမှုဆောင်အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါတယ်။

မွေးနေ့ရှင် မသီရိအောင်အနေဖြင့် ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်မှသည် အသက်ရာကျော်တိုင်အောင် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာရှိပါစေ၊ ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

SEC.0382/2024

စားနပ်ရိက္ခာ အလှူအတွက် ကျေးဇူးတင်ပါတယ်🙏🙏🙏White Jam Family (Sangaung, Yangon) က ယနေ့တွင် ဆည်းဆာရောင်ခြည် ဂေဟာတွင် တည်းခို...
14/12/2024

စားနပ်ရိက္ခာ အလှူအတွက် ကျေးဇူးတင်ပါတယ်🙏🙏🙏White Jam Family (Sangaung, Yangon) က ယနေ့တွင် ဆည်းဆာရောင်ခြည် ဂေဟာတွင် တည်းခိုနေထိုင်ကြသော ဝေဒနာရှင်များ၏ စားနပ်ရိက္ခာအတွက် စားသုံးဆီ၊ ခေါက်ဆွဲခြောက်၊ အာလူး၊ ကြက်သွန်၊ ကော်ဖီမစ်၊ ကြက်ဥ စသည့် ရိက္ခာအစိုအခြောက်များအား လာရောက်လှူဒါန်းခဲ့ပါသဖြင့် အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အလှူရှင် မိသားစုသည် ယခုအလှူကို လှူဒါန်းသည့် အချိန်မှစ၍ ကျန်းမာချမ်းသာ ဘေးဘယာများ ကင်းဝေး၍ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ကြပါစေ။ အလုပ်အကိုင်များ အဆင်ပြေ ချောမွေ့ကြပါစေ။ မိသားစုများအားလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြ၍ ပျော်ရွှင်ချမ်းမြေ့သော ဘဝများကို ပိုင်ဆိုင်ပြီး စီးပွားဥစ္စာများ ဒီရေတိုးသလို တိုးတက်ကြီးပွားပါစေကြောင်း ဆည်းဆာအဖွဲ့သားများမှ လှိုက်လှိုက်လှဲလှဲ တောင်းဆုပြုလိုက်ရပါတယ်။

SEC.0381/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်ခင်မာမာ🙏🙏🙏ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင...
13/12/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်ခင်မာမာ🙏🙏🙏
ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေ

ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်နေ ကျန်ရစ်သူ မိသားစုက ကွယ်လွန်သူ ဒေါခင်မာမာ အား ရည်စူး၍ (၁၃/၁၂/၂၀၂၄)ရက်နေ့တွင် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် ခုခံအားကျဆင်းရောဂါခံစားနေရသော ဝေဒနာရှင်များစားသုံးရန်အတွက် ဆန်(၂)အိတ်နှင့် စားဆီ(၁)ပုံးကို လာရောက်ပို့ဆောင်လှူဒါန်းခဲ့ပါသဖြင့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ပါတယ်။

ကျန်ရစ်သူမိသားစု၏ ယခုပြုလုပ်သော ကောင်းမှုကုသိုလ်ကို အန်တီ ဒေါ်ခင်မာမာအား အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘဝကနေ မြင်တွေ့ကြားသိကာ သာဓုခေါ်ဆိုနိုင်ပြီးသကာလ ယခုထက် ပိုမိုအေးချမ်းမြင့်မြတ်သော ဘုံဘဝသို့ ကူးပြောင်းစံစားနိုင်ပါစေလို့ ဆည်းဆာရောင်ခြည်မိသားစုများက ဆုတောင်းမေတ္တာပေးပို့အပ်ပါတယ်။

SEC 0380/2024

Happy birthday ပါ သားလေး Ricky🎂🎈🎈🎈မွေးနေ့မှာ ပျော်ရွှင်ပါစေရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၅...
13/12/2024

Happy birthday ပါ သားလေး Ricky
🎂🎈🎈🎈
မွေးနေ့မှာ ပျော်ရွှင်ပါစေ

ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ (၁၅)ရပ်ကွက်၊ ဟံသာဝတီ(၁)လမ်း၊ အိမ်အမှတ်(၁၁၀၉)‌နေ သားလေး Ricky ၏ ယနေ့ကျရောက်သော အသက်(၃)နှစ်ပြည့် မွေးနေ့မင်္ဂလာရက်မြတ်မှာ ဆည်းဆာရောင်ခြည်ဂေဟာတွင် ခိုလှုံနေထိုင်ကြသူ မိဘမဲ့ကလေးများနှင့် ဝေဒနာရှင်များအား နေ့လည်စာ ကျွေးမွေးပေးရန် အလှူငွေ ၃၅၀၀ဝိ/- (ကျပ်သုံးသောင်းငါးထောင်တိတိ)ကို လာရောက်ပေးပို့ လှူဒါန်းပေးခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည်အမှုဆောင်အဖွဲ့မှ ကျေးဇူးအထူးတင်ရှိပါတယ်။

မွေးနေ့ရှင်သားလေး Ricky သည် ယနေ့ကျရောက်သော(၃)နှစ်ပြည့် မွေးနေ့မှသည် နောင် အနှစ်(၁၀၀)တိုင်အောင် အသက်ရှည်၊ ကျန်းမာပါစေ။ ဖေဖေ၊ မေမေတို့၏ အားထားရာ သားကောင်းရတနာတစ်ယောက်အဖြစ် ထာဝစဉ် ရပ်တည်နိုင်ပြီး ဘဝခရီးလမ်းတလျာက် အောင်မြင်မှုပေါင်းများစွာကို ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

SEC.0378/2024

ကျေးဇူးတင်ပါတယ် Myanmar PJMs🙏🙏🙏BTS အဖွဲ့ဝင် Park Jimin အတွက် Myanmar PJMs များ၏ အမှတ်တရအလှူအဖြစ် ဆည်းဆာရောင်ခြည်ဂေဟာရှိ ...
13/12/2024

ကျေးဇူးတင်ပါတယ် Myanmar PJMs🙏🙏🙏

BTS အဖွဲ့ဝင် Park Jimin အတွက်
Myanmar PJMs များ၏ အမှတ်တရအလှူအဖြစ် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် HIV ဝေဒနာရှင်များအား ယနေ့ (၁၃/၁၂/၂၀၂၄)အတွက် နံနက်ခင်းအစာပြေကျွေးမွေးပေးရန် အလှူငွေ ၃၀၀၀ဝိ/-(ကျပ်သုံးသောင်းတိတိ)ကို Kpay Account သို့ ပေးပို့လှူဒါန်းခဲ့ပါသဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်။

Myanmar PJMs က
"Jiminie လေး
နေ့ရက်တိုင်းပျော်ရွှင်အေးချမ်းပါစေ
တာဝန်ထမ်းဆောင်ပြီးတဲ့အခါ ပြန်ဆုံတွေ့ကြမယ်နော်....
သက်ဆုံးတိုင် Jimin နှင့်အတူ ရှိနေပါ့မယ် "လို့လည်း
အမှတ်တရ အမှာစကား‌လေးပါးထားပါသေးတယ်ခင်ဗျာ။

Forever with Jimin
With Jimin Till the End

SEC.0379/2024

ကျေးဇူးတင်ပါတယ် မအေးမြင့်နှင့်သူငယ်ချင်းများ🙏🙏🙏ရန်ုကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ ငမောက်ဈေးနေ မအေးမြင့်နှင့်...
10/12/2024

ကျေးဇူးတင်ပါတယ် မအေးမြင့်နှင့်သူငယ်ချင်းများ🙏🙏🙏

ရန်ုကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ (၉)ရပ်ကွက်၊ ငမောက်ဈေးနေ မအေးမြင့်နှင့်သူငယ်ချင်းများက ဆည်းဆာရောင်ခြည်တွင် လာရောက်ခိုလှုံနေကြသူများအား တနေ့တာ ထမင်းဟင်းချက်ပြုတ်ကျွေးမွေးပေးရန် အလှူငွေ ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းတိတိ)အပြင် ငါးပိရေကျို၊ မုန့်နှင့် အဝတ်အထည်မျိုးစုံကိုယနေ့(၁၀/၁၂/၂၀၂၄)ရက်နေ့တွင် လာရောက်ပေးလှူခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း ကကျေးဇူးအထူးတင်ရှိပါတယ်။

အလှူရှင်မိသားစု စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာဖြင့် အသက်ရာကျော်ရှည်ပြီး ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ

SEC.0377/2024

 #ရွှေလက်တွဲလို့မြဲပါစေမောင်မျိုးမင်းလတ်❤️မအေးမြတ်သန္တာရန်ုကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ည/၁၁ရပ်ကွက်၊ မိုးဟိန်းလမ်း၊ အိ...
08/12/2024

#ရွှေလက်တွဲလို့မြဲပါစေ

မောင်မျိုးမင်းလတ်❤️မအေးမြတ်သန္တာ

ရန်ုကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ည/၁၁ရပ်ကွက်၊ မိုးဟိန်းလမ်း၊ အိမ်အမှတ်(၁၅၅)နေ မောင်မျိုးမင်းလတ်နှင့်မအေးမြတ်သန္တာတို့ဇနီးမောင်နှံက မင်္ဂလာဦး အလှူအဖြစ် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် HIVလူနာများ စားသောက်ရန်အတွက် ကြက်ဆီထမင်း ဗူး(၄၀)အား ယနေ့ ၈.၁၂..၂၀၂၄(တနင်္ဂနွေနေ့)တွင် လာရောက်ပေးလှူခဲ့ပါသဖြင့် ကျေးဇူးအထူးတင်ရှိပါတယ်။

အလှူရှင်ဇနီးမောင်နှံအနေဖြင့် တဦးအပေါ်တဦး ချစ်ခင်မြတ်နိုးစွာဖြင့် သက်ဆုံးတိုင် ရိုးမြေကျ ပေါင်းဖက်ရပါစေ။ ရောဂါဘယကင်းဝေးပြီး စီးပွားဥစ္စာ ဒီရေအလား တိုးတက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်

SEC.0376/2024

လစဉ်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုတေဇာလင်း🙏🙏🙏ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်နေ ဦးနိန်းဟာလင်း + ဒေါ်ခင်စန်းယဉ်၊...
07/12/2024

လစဉ်လှူဒါန်းပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် ကိုတေဇာလင်း🙏🙏🙏

ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့နယ်နေ ဦးနိန်းဟာလင်း + ဒေါ်ခင်စန်းယဉ်၊ သား ကိုဇေယျာလင်း၊ ကိုတေဇာလင်း + မယဉ်သူကျော် မိသားစုတို့က ဆည်းဆာရောင်ခြည်ဂေဟာတွင် လာရောက်ခိုလှုံနေကြသော HIVပိုးကူးစက်ခံထားရသည့် မိဘမဲ့ကလေးများနှင့် လူကြီးလူနာများအတွက် လိုအပ်ရာတွင်သုံးစွဲရန် အထွေထွေရံပုံငွေအဖြစ် လစဉ်လှူဒါန်းလာခဲ့ရာ ယခု #ဒီဇင်ဘာလ အတွက် အလှူငွေ ၅၀၀၀ဝိ/-(ကျပ်ငါးသောင်းတိတိ)ကို ယနေ့(၇/၁၂/၂၀၂၄)ရက်နေ့တွင် Kpay Account သို့လွှဲပို့လှူဒါန်းခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် မိသားစုများက ကျေးဇူးအထူးတင်ရှိပါတယ်။

လစဉ်လှူဒါန်းပေးသည့် အလှူရှင်ကိုတေဇာလင်းနှင့်တကွ တစ်မိသားစုလုံး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ စိတ်သွားတိုင်း ကိုယ်ပါပြီး လိုရာဆန္ဒများ ပြည့်ဝကြပါစေ၊ ရန်သူမျိုးငါးပါးဘေးက ကင်းဝေးကြပါစေလို့ ဆည်းဆာရောင်ခြည်မိသားစုများက ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

SEC 0375/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်သောင်းဌေး 🙏🙏🙏ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေလွန်ခဲ့သော (၁)နှစ်(၈)လက ကွယ်...
06/12/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ အန်တီ ဒေါ်သောင်းဌေး 🙏🙏🙏
ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေ

လွန်ခဲ့သော (၁)နှစ်(၈)လက ကွယ်လွန်သွားခဲ့သော မိအန်တီ ဒေါ်သောင်းဌေးအား လွမ်းဆွတ်သတိရစွာဖြင့် ဦးလှမော်မိသားစုက ယနေ့ (၆/၁၂/၂၀၂၄)ရက်နေ့တွင် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် ခုခံအားကျဆင်းရောဂါခံစားနေရသော ဝေဒနာရှင်များအား ညနေစာ ထမင်းနှင့် ဟင်းချက်ပြုတ်ကျွေးမွေးပေးရန် အလှူငွေ ၃၅၀၀၀/- (ကျပ်သုံးသောင်းငါး‌ထောင်တိတိ)ကို Wave Pay Account သို့ လွှဲပို့လှူဒါန်းခဲ့ပါသဖြင့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ပါတယ်။

ကျန်ရစ်သူမိသားစု၏ ယခုပြုလုပ်သော ကောင်းမှုကုသိုလ်ကို အန်တီ ဒေါ်သောင်းဌေးအား အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘဝကနေ မြင်တွေ့ကြားသိကာ သာဓုခေါ်ဆိုနိုင်ပြီးသကာလ ယခုထက် ပိုမိုအေးချမ်းမြင့်မြတ်သော ဘုံဘဝသို့ ကူးပြောင်းစံစားနိုင်ပါစေလို့ ဆည်းဆာရောင်ခြည်မိသားစုများက ဆုတောင်းမေတ္တာပေးပို့အပ်ပါတယ်။

SEC 0374/2024

ကျေးဇူးတင်ပါတယ် ဆရာမကြီးနှင့်အဖွဲ့ 🙏🙏🙏ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအု...
05/12/2024

ကျေးဇူးတင်ပါတယ် ဆရာမကြီးနှင့်အဖွဲ့ 🙏🙏🙏

ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းတင်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ယနေ့ ၅.၁၂.၂၀၂၄ရက်နေ့ တွင် ဆည်းဆာရောင်ခြည် ဂေဟာတွင် တည်းခိုနေထိုင်ကြသော ဝေဒနာရှင်များအတွက် စာနပ်ရိုက္ခာအဖြစ် ဆန် တစ်အိတ်၊ ကုလားပဲ၊ ကြာဆံနှင့် စားသုံးဆီအပြင်နှင့်တကွ စာရေးကိရိယာများအပြင် ဂေဟာအထွေထွေရံပုံငွေအတွက် ငွေကျပ် ၄၈၅၀၀၀/- (ကျပ်လေးသိန်းရှစ်သောင်းငါးထောင်တိတိ)ကို ပေးလှူခဲ့ပါတယ်။ ထို့အပြင် ဂေဟာရှိ ဝေဒနာရှင်(၃၁)ဦးအားလည်း သုံးလိုရာ သုံးနိုင်ရန်အတွက် တစ်ဦးလျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် အလှူငွေ ကျပ် ၁၅၅၀၀၀/(ကျပ်တစ်သိန်းငါးသောင်းငါးထောင်တိတိ)အား တစ်ဦးချင်းစီထံ ပေးဝေလှူဒါန်းခဲ့ပါသဖြင့် အလှူရှင်ဆရာမကြီး ဒေါ်သိန်းတင်နှင့်အဖွဲ့အား ဆည်းဆာရောင်ခြည် မိသားစုများက အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အလှူရှင် မိသားစုများအားလုံး လှူပြီးခဏမှာပင် အပူမီးသောက ဗျာပါဒတွေကင်းစင်၍ ကျန်းမာ၍ အသက်ရှည်စွာဖြင့် ဒိထက်ဒီထက်မက လှူဒါန်းနိူင်ပြီး စီးပွားဥစ္စာများလည်း ဒီရေတိုးသကဲ့သို့ အဆပေါင်းများစွာ တိုးတက်၍ ဆတက်ထမ်းပိုးတိုး၍ ချမ်းသာပါစေကြောင်း အကြိမ်ကြိမ်အထပ်ထပ် တောင်းဆုပြုလိုက်ရပါတယ်။

SEC 0373/2024

Happy birthday ပါ ကိုမင်းကိုကို 🎂 🎂 🎈 🎈 မွေးနေ့မှာ ပျော်ရွှင်ပါစေယ‌နေ့  Dec 5 တွင် ကျရောက်သည့် ကိုမင်းကိုကို၏ (၃၉)နှစ်ပြ...
05/12/2024

Happy birthday ပါ ကိုမင်းကိုကို 🎂 🎂 🎈 🎈
မွေးနေ့မှာ ပျော်ရွှင်ပါစေ

ယ‌နေ့ Dec 5 တွင် ကျရောက်သည့် ကိုမင်းကိုကို၏ (၃၉)နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ဆည်းဆာရောင်ခြည်တွင်ခိုလှုံနေကြသော မိဘမဲ့ကလေးများနှင့် HIVပိုးကူးစက်ခံထားရသည့်လူနာများအား နေ့လည်စာ
စာကျွေးမွေးပေးရန်အတွက် အလှူငွေ ၃၅၀၀ဝိ အပြင် ဂေဟာရှိ ကျောင်းနေအရွယ်ကလေးများအတွက် စာရေးကိရိယာဝယ်ယူရန် အလှူငွေ ၁၅၀၀၀ိကို လှူဒါန်းခဲ့ရာ စုစုပေါင်းအလှူငွေ ၅၀၀၀ဝိ(ကျပ်ငါးသောင်းတိတိ)ကို ဂေဟာသို့ လာရောက်လှူဒါန်းခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် အမှုဆောင်အဖွဲ့က ကျေးဇူးအထူးတင်ရပါတယ်။
မွေးနေ့ရှင် ကိုမင်းကိုကို အနေဖြင့် ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းရပါစေ၊ အသက်ရာကျော်ရှည်ပြီး သာယာပျော်ရွှင်စရာကောင်းသော မိသားစုဘဝကို ထာဝစဉ် ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

SEC.372/2024

ကျေးဇူးတင်ပါတယ် ဦးမောင်ကြီးနှင့် ဆရာမဒေါ်ဝင်းသိန်း 🙏🙏🙏ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျေ...
05/12/2024

ကျေးဇူးတင်ပါတယ် ဦးမောင်ကြီးနှင့် ဆရာမဒေါ်ဝင်းသိန်း 🙏🙏🙏

ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ်၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ ဆရာမဒေါ်ဝင်းသိန်းနှင် ခင်ပွန်း ဦးမောင်ကြီးမိသားစုက ယနေ့ ၅.၁၂.၂၀၂၄ရက်နေ့ တွင် ဆည်းဆာရောင်ခြည် ဂေဟာတွင် တည်းခိုနေထိုင်ကြသော ဝေဒနာရှင်များအား ဆေးဝါးကုသပေးရာတွင် သုံးစွဲနိုင်ရန်အတွက် ဆေးပဒေသာပင်အဖြစ် ငွေကျပ် ၅၀၀၀/- (ကျပ်ငါး‌သောင်းတိတိ)ကို ဂေဟာသို လာရောက်ပေးလှူခဲ့ပါသဖြင့်ဆည်းဆာရောင်ခြည် မိသားစုများက အထူးပင်ကျေးဇူးတင်ရှိပါတယ်။

အလှူရှင် ဦးမောင်ကြီးမိသားစုသည် ကျန်းမာ၊ အသက်ရှည်ပြီး ‌(၉၆)ပါးသောရောဂါဝေဒနာများခံစားရခြင်းမှကင်းဝေးပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

SEC 0371/2024

Happy birthday ပါ မရိုးနွယ် 🎂🎁🎂🎁မွေးနေ့မှာ‌ ပျော်ရွှင်ပါစေရန်ကုန်မြို့၊ ဒေါပုံမြို့နယ်နေ မရိုးနွယ် က  ယနေ့ ၄-၁၂-၂၀၂၄ရက်န...
04/12/2024

Happy birthday ပါ မရိုးနွယ် 🎂🎁🎂🎁

မွေးနေ့မှာ‌ ပျော်ရွှင်ပါစေ

ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်နေ မရိုးနွယ် က ယနေ့ ၄-၁၂-၂၀၂၄ရက်နေ့ မှာ ကျရောက်တဲ့ သူမ၏မွေးနေ့အထိမ်းအမှတ်အဖြစ် ဆည်းဆာရောင်ခြည်တွင်လာရောက်ခိုလှုံနေကြသော HIVပိုးကူးစက်ခံ မိဘမဲ့ကလေးငယ်များအတွက် လိုအပ်ရာသုံးစွဲရန် အထွေထွေရံပုံငွေအဖြစ် အလှူငွေ ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းတိတိ)ကို Kpay Account သိုလွှဲပို့လှူဒါန်းခဲ့ပါသဖြင့် အမှုဆောင်အဖွဲ့က အထူးပဲ ကျေးဇူးတင်ပါတယ်။

မွေးနေ့ရှင် မရိုးနွယ်သည် ယနေ့ကျရောက်သော မွေးနေ့ရက်မြတ်ကို ပျော်ရွှင်အေးချမ်းစွာ ဖြတ်သန်းရပါစေ။ ယနေ့မွေးနေ့မှစ၍ သက်ဆုံးတိုင် ကျန်းမာပျော်ရွှင်နိုင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ

SEC.0370/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ မေမေ ဒေါ်အုံးနွဲ့🙏🙏🙏ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေ ကျန်ရစ်သူ မိသားစုက လွန်ခဲ့သော ...
04/12/2024

ရောက်ရာအရပ်က သာဓုခေါ်ပါ မေမေ ဒေါ်အုံးနွဲ့🙏🙏🙏
ကောင်းရာသုဂတိမှာ စံမြန်းပျော်ရွှင်နေနိုင်ပါစေ

ကျန်ရစ်သူ မိသားစုက လွန်ခဲ့သော (၁၄)နှစ်က ကွယ်လွန်သွားခဲ့သော မိခင်ကြီး ဒေါ်အုံးနွဲ့အား လွမ်းဆွတ်သတိရစွာဖြင့် (၄/၁၂/၂၀၂၄)ရက်နေ့တွင် ဆည်းဆာရောင်ခြည်ဂေဟာရှိ မိဘမဲ့ကလေးများနှင့် ခုခံအားကျဆင်းရောဂါခံစားနေရသော ဝေဒနာရှင်များအား တနေ့တာထမင်းနှင့် ဟင်း ချက်ပြုတ်‌ကျွေးမွေးပေးရန် အလှူငွေ ၁၀၀၀၀ဝိ/- (ကျပ်တစ်သိန်းတိတိ)ကို ဦးဝေဖြိုးအောင်မှတဆင့် Kpay Account သို့ လွှဲပို့လှူဒါန်းခဲ့ပါသဖြင့် အလှူရှင်မိသားစုအား ကျေးဇူးအထူးတင်ပါတယ်။

ကျန်ရစ်သူမိသားစု၏ ယခုပြုလုပ်သော ကောင်းမှုကုသိုလ်ကို မိခင်ကြီး ဒေါ်အုံးနွဲ့အား အမျှပေးဝေပါတယ်။ ရောက်ရာဘုံဘဝကနေ မြင်တွေ့ကြားသိကာ သာဓုခေါ်ဆိုနိုင်ပြီးသကာလ ယခုထက် ပိုမိုအေးချမ်းမြင့်မြတ်သော ဘုံဘဝသို့ ကူးပြောင်းစံစားနိုင်ပါစေလို့ ဆည်းဆာရောင်ခြည်မိသားစုများက ဆုတောင်းမေတ္တာပေးပို့အပ်ပါတယ်။

SEC 0369/2024

ကျေးဇူးအထူးတင်ပါတယ်  မလွင်နီခိုင်🙏🙏🙏ထိုင်းနိုင်ငံနေ မလွင်နီခိုင်က ဆည်းဆာရောင်ခြည်ဂေဟာတွင် လာရောက်ခိုလှုံနေကြ သော HIVပိုး...
02/12/2024

ကျေးဇူးအထူးတင်ပါတယ် မလွင်နီခိုင်🙏🙏🙏

ထိုင်းနိုင်ငံနေ မလွင်နီခိုင်က ဆည်းဆာရောင်ခြည်ဂေဟာတွင် လာရောက်ခိုလှုံနေကြ သော HIVပိုးကူးစက်ခံထားရသည့် မိဘမဲ့ကလေးများ အတွက် လိုအပ်ရာတွင်သုံးစွဲရန် လစဉ်လှူဒါန်းလာခဲ့ရာ ယခု #ဒီဇင်ဘာလအတွက် အလှူငွေ ၅၀၀၀ဝိ/-(ကျပ်ငါးသောင်းတိတိ)ကို Wave Pay Account သို့ ယနေ့လွှဲပို့လှူဒါန်းခဲ့ပါသဖြင့် ဆည်းဆာရောင်ခြည် မိသားစုများက ကျေးဇူးအထူးတင် ရှိပါတယ်။

မလွင်နီခိုင်၏ စေတနာထက်သန်စွာ လစဉ်လှူဒါန်းပေးမှုအတွက် ကြည်နူးဝမ်းမြောက်မိပါကြောင်း ဖေါ်ပြအပ်ပါတယ်။

မလွင်နီခိုင်သည် အသက်ရှည်၊ ကျန်းမာပြီး နှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ၊ စိတ်သွားတိုင်း ကိုယ်ပါ လိုရာဆန္ဒ ပြည့်ဝကြပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်ခင်ဗျာ။

SEC 0368/2024

Address

အမှတ်(၁၆၅)၊ စွယ်တော်(၃)လမ်း၊ (၁၉/၄၈)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ်
Yangon
-

Opening Hours

Monday 07:00 - 20:00
Tuesday 07:00 - 20:00
Wednesday 07:00 - 20:00
Thursday 07:00 - 20:00
Friday 07:00 - 20:00
Saturday 07:00 - 20:00
Sunday 07:00 - 20:00

Telephone

+959250523832

Website

Alerts

Be the first to know and let us send you an email when ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း - S.E.C posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to ဆည်းဆာရောင်ခြည် လူမှုကူညီရေးအသင်း - S.E.C:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram