Right and Bright International Co.Ltd

Right and Bright International Co.Ltd Our Vision- Right approach for Bright Health Care.

“World Stroke Day” 🧠အောက်တိုဘာလ ၂၉ ရက်နေ့ တွင် ကျရောက်သော “ကမ္ဘာ့လေဖြတ်ရောဂါနေ့” (World Stroke Day) မှာ လေဖြတ်ခြင်း နှင့...
29/10/2025

“World Stroke Day” 🧠
အောက်တိုဘာလ ၂၉ ရက်နေ့ တွင် ကျရောက်သော “ကမ္ဘာ့လေဖြတ်ရောဂါနေ့” (World Stroke Day) မှာ လေဖြတ်ခြင်း နှင့် ပက်သက်သော ရောဂါ အမျိုးမျိုးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးများကို ကျေးဇူးတင်ရင်း ဂုဏ်ပြုအပ်ပါတယ်။
Right & Bright International Company Limited မိသားစုမှ လူကြီးမင်းများ အားလုံး ကျန်းမာသော နေ့ရက်တိုင်းကို ပိုင်ဆိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
“လေဖြတ်ရောဂါကို ကာကွယ်တားဆီးနိုင်ပါတယ်။ လက္ခဏာတွေကိုသိပြီး အမြန်တုန့်ပြန်ပါ။ မိနစ်တိုင်း အရေးကြီးပါတယ်။”
လေဖြတ်ရောဂါ လက္ခဏာများ
• မျက်နှာတစ်ဖက်ကျခြင်း
• လက်/ခြေတစ်ဖက်အားနည်းခြင်း
• စကားပြောခက်ခဲခြင်း
• မျက်စိအမြင်ပြောင်းလဲခြင်း
• လမ်းလျှောက်ရခက်ခြင်း
• ဦးခေါင်းအရမ်းကိုက်ခြင်း

ကြိုတင်ကာကွယ်နည်းများ
• သွေးပေါင်၊ သွေးချို ထိန်းပါ။
• ဆေးလိပ်မသောက်သုံးပါနှင့်။
• အရက်လျော့သောက်ပါ။
• ကျန်းမာသောအစားအသောက်စားပါ။
• နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။
🕐 “Every Minute Counts – မိနစ်တိုင်း အရေးကြီးပါသည်”
အတူတကွ လေဖြတ်ရောဂါကိုအနိုင်ယူကြပါစို့။

🦴World Osteoporosis Day 2025🌍ဒီနေ့ အောက်တိုဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အရိုးပွ ရောဂါနေ့ကို ကြိုဆိုဂုဏ်ပြုရင်း အရ...
20/10/2025

🦴World Osteoporosis Day 2025🌍
ဒီနေ့ အောက်တိုဘာလ (၂၀) ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့အရိုးပွ ရောဂါနေ့ကို ကြိုဆိုဂုဏ်ပြုရင်း အရိုးကျန်းမာရေးနှင့် ပတ်သတ်သော ရောဂါအမျိုးမျိုးကို ကုသပေးနေတဲ့ဆရာဝန်ကြီး များကို ကျေးဇူးတင်ရင်း ဂုဏ်ပြုအပ်ပါသည်။

အရိုးပွရောဂါသည် အသံတိတ်ရောဂါတခုဖြစ်ပြီး အသက် ၅၀ ကျော်လာလျှင် အရိုးပွ အရိုးပါးလာတတ်ပြီး အရိုးကိိုးခြင်းအထိပါ ဖြစ်ပွါးတတ်သည်။

ဤရောဂါသည် အသက်အရွယ်ကြီးလာသည်နှင့်အမျှ အရိုးများကို နူးညံ့သွားစေပြီး ပုံမှန်အားဖြင့် လက္ခဏာပြလေ့မရှိဘဲ အရိုးကျိုးခြင်းကိုခံစားရမှသာ အရိုးပွရောဂါဖြစ်နေကြောင်း သိရှိရတတ်ပါသည်။

အရိုးပွရောဂါကို ရှောင်လွှဲလို့မရပေမဲ့ မဖြစ်ပွါးအောင် အရိုးကျန်းမာရေးကို စောင့်ရှောက်ရန် နည်းလမ်းများစွာရှိပါသည်။
✅ကယ်လစီယမ်၊ ဗီတာမင် D နှင့် ပရိုတင်း ပမာဏ လုံလောက်စွာစားပါ။ အာဟာရပြည့်ဝစွာ စားသောက်ပါ။
✅အရိုးအားကောင်းစေရန် လေ့ကျင့်ခန်းများပုံမှန်ပြုလုပ်ပါ။
✅ဆေးလိပ်သောက်ခြင်းနှင့် အရက်သုံးစွဲမှု့ လျော့ချပါ။ ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်ပါ။
✅အချိန်မှန် အရိုးသိပ်သည်းမှု စစ်ဆေးခြင်းပြုလုပ်ပါ။

လူကြီးမင်းများအားလုံး စိတ်ချမ်းသာ က်ိုယ်ကျန်းမာပြီး အရိုးအဆစ် ကျန်းမာစွာနှင့် စိတ်သွားတိုင်းကိုယ်ပါသော အနာဂတ်တခု ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Right And Bright International Company Limited မိသားစုမှ ဆုမွန်ကောက်းတောင်းပေးလိုက်ရပါတယ်။




“Wishing all who celebrate a joyful and blessed Diwali! May this Festival of Lights bring peace, prosperity, and happine...
20/10/2025

“Wishing all who celebrate a joyful and blessed Diwali! May this Festival of Lights bring peace, prosperity, and happiness to your home and heart. 🪔✨"

အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော “World Mental Health Day” (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) မှာ စိတ်ကျန်းမာရေးနှင့် ပက်သက်...
10/10/2025

အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျရောက်သော “World Mental Health Day” (ကမ္ဘာ့စိတ်ကျန်းမာရေးနေ့) မှာ စိတ်ကျန်းမာရေးနှင့် ပက်သက်သော ရောဂါ အမျိုးမျိုးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးများကို ကျေးဇူးတင်ရင်း ဂုဏ်ပြုအပ်ပါတယ်။
Right & Bright International Company Limited မိသားစုမှ လူကြီးမင်းများ အားလုံး စိတ်ကျန်းမာ ကိုယ်ချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
"Access to Services: Mental Health in Catastrophes and Emergencies"
“စိတ်ကျန်းမာရေးကောင်းမွန်မှသာ ဘဝတန်ဖိုးရှိသည်”
________________________________________

ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် စိတ်ကျန်းမာရေးနှင့် ပတ်သက်ပြီး သိထားသင့် သော အကြောင်းရာများကို မျှ‌ေ၀ပေးပါရစေ...
စိတ်ကျန်းမာရေးမကောင်းမွန်ရင် မိမိဘဝမှာ မကောင်းတဲ့ သက်ရောက်မှုများဖြစ်လာနိုင်ပြီး နေ့စဥ်လူမှုဘ၀နေထိုင်မှုမှာ အခက်အခဲတွေရှိလာနိုင်ပါတယ်။ ဒါကြောင့် စိတ်ရောဂါများ၊ မူမမှန်မှုများ ခံစားနေရရင် ဆေးကုသမှုများ ခံယူသင့်ပါတယ်။

စိတ်ရောဂါဖြစ်စေသော အကြောင်းများမှာ...
• စစ်ပွဲ၊ ဘေးအန္တရာယ်၊ သဘာဝဘေးခံရခြင်း
• မိသားစုဝင် သေဆုံးခြင်း
• အလုပ်အကိုင်မရှိခြင်း၊ စီးပွားရေးနှောင့်နှေးခြင်း
• မိသားစုအကြမ်းဖက်မှု၊ လူမှုဖိအားများခြင်း
• ဆေးသုံးစွဲမှု၊ အရက်သုံးစွဲမှုများခြင်း
• အကြမ်းဖက်ခံရခြင်း၊ အချစ်မခံရခြင်း
• ဦးနှောက်ထဲတွင် မူမှန်ဖြစ်ခြင်း
• ခေါင်းထိခိုက်မိခြင်း တို့ဖြစ်သည်။

စိတ်ရောဂါ၏ ရောဂါလက္ခဏာများမှာ...
· ဝမ်းနည်းခြင်း၊စိတ်ဓါတ်ကျခြင်း
· ထုံပေခြင်း၊ မည်သည့်အရာကိုမျှ အလေးမထားတော့ခြင်း
· မောပန်းနေခြင်း၊ အားအင်မရှိခြင်း၊ အိပ်လွန်းခြင်း၊ အိပ်စက်ရန်ခဲယဉ်းခြင်း
· ဒေါသထွက်လွယ်ခြင်း၊ စိတ်ဓါတ်ကြမ်းတမ်းလာခြင်း
· ခိုကိုးရာမဲ့ဖြစ်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်း
· စိတ်ရှုပ်ထွေးခြင်း၊ မေ့လွယ်ခြင်း၊ ဒေါသဖြစ်ခြင်း၊
· ထင်ယောင်ထင်မှားဖြစ်ကာ အသံများကြားခြင်း၊ ရုပ်များမြင်နေခြင်း
· အာရုံမစူးစိုက်နိုင်ခြင်း၊ အာရုံများရှုပ်ထွေးခြင်း
· အစိုးရိမ်လွန်ခြင်း၊ ကြောက်လွန်းခြင်း၊ မိမိကိုယ်ကို အပြစ်တင်ခြင်း
· စိတ်အတက် အကျမြန်ခြင်း
· အပေါင်းအသင်းများ၊ အဖွဲ့ အစည်းများ မှသွေဖယ်လာခြင်း
· နေ့စဉ်ကြုံတွေကနေရသည့်ပြသနာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းမရှိခြင်း
· မိမိကြုံတွေကနေရသော အခြေအနေများနှင့် လူများကို နားလည်မှုမရှိခြင်း
· မိမိကိုယ်ကို သေကြောင်းကြံစည်ခြင်း

စိတ်ကျန်းမာရေးကောင်းစေဖို့အတွက်မွေးမြူသင့်တဲ့အလေ့အထလေးတွေက.....
 နေ့စဉ် အိပ်ချိန် ၈ နာရီထားရှိပေးပါ
 အာဟာရပြည့်ဝအောင်စားပေးပါ
 ကိုယ်လက်လှုပ်ရှားမှုလုပ်ပေးပါ
 သူငယ်ချင်းတွေနဲ့ ပုံမှန်အဆက်အသွယ်လုပ်ပါ
 ဝါသနာပါရာတစ်ခုခုကို အချိန်ပေးပါ
 အတွေးတွေကို အနားပေးတတ်ပါစေ
 ရယ်မောပါ
 ဆေးလိပ်နဲ့အရက်ဖြတ်ပါ

“စိတ်ကျန်းမာရေးကို ဦးစားပေးခြင်းသည် သင့်အတွက်၊ မိသားစုအတွက်၊ လူ့အသိုင်းအဝိုင်းအတွက် သက်တမ်းရှည်စွာ အကျိုးရှိစေပါသည်။”



October လအတွင်း မွေးနေ့ကျရောက်သောRight & Bright Int'l Co.Ltd မှလုပ်ဖော်ကိုင်ဖက်များ🎁🥳🎂🎂🎁🎁💝😇🍰🍰🍨🎊🎊🎊🎈🎉 Wishing everyone hav...
01/10/2025

October လအတွင်း မွေးနေ့ကျရောက်သော
Right & Bright Int'l Co.Ltd မှလုပ်ဖော်ကိုင်ဖက်များ🎁🥳🎂🎂🎁🎁💝😇🍰🍰🍨🎊🎊🎊🎈🎉

Wishing everyone have a great birthday month filled with the best health, happiness and success. All the best 🎂🎂🎁🥳🎂🎂🎁🎁💝😇🍰🍰🍨

1. Cho Cho Thin
(Medical Representative
2 - October

2. Theint Theint Aung
(National Sale Manager -
YGN) 5 - October

3. Aung Naing Win
(Senior Driver - YGN)
7 - October

4. Su Htet Wai Zaw
(Sale Accountant - YGN)
8 - October

5. U Thein Aung
(Office Staff - YGN)
10 - October

6. May Myat Noe
(Sale Representative -
YGN) 11 - October

7. Khaing Zin Soe
(Medical Representative -
Pyay)14 - October

8. Myo Thandar Phyo
(Medical Representative -
MTL) 14 - October

9. Thant Zaw Oo
(Inventory Controller -
YGN) 17 - October

10. Ei Ei Khaing
(Medical Representative
- NPT) 18 - October

11. Zayar Linn
(Sale Representative -
Myeik) 22 - October

12. Yune Mi Mi Linn
( Medical Representative
- YGN) 22 - October
13. Zin Nay Naing
(office staff - YGN)
23 - October

14. Myo Thant
( Area Sale Manager -
YGN) 25 - October

15. Wynn Wynn Htike
(Product Specialist -
MDY) 27 - October

16. Thin Yamone Phoo
(Medical Representative
YGN) 30 - October
မွေးနေ့ကျရောက်သူအားလုံး
လာမည့်နှစ်သစ်မှာပိုမိုအောင်မြင်ပျော်ရွှင်ရပီး
စိတ်ချမ်းသာ၍ကိုယ်ကျန်းမာသော သူများအဖြစ်
အသက် ၁၂၀ တိုင်ရှည်ကြပါစေလို့
Right and Bright Co.Ltd မှဆုမွန်ကောင်းတောင်းလိုက်ပါသည်။

စက်တင်ဘာလ ၂၉ ရက်နေ့ တွင် ကျရောက်သော “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” (World Heart Day) မှာ နှလုံးနှင့် ပက်သက်သော ရောဂါ အမျိုး...
29/09/2025

စက်တင်ဘာလ ၂၉ ရက်နေ့ တွင် ကျရောက်သော “ကမ္ဘာ့နှလုံးကျန်းမာရေးနေ့” (World Heart Day) မှာ နှလုံးနှင့် ပက်သက်သော ရောဂါ အမျိုးမျိုးကို ကုသပေးနေတဲ့ ဆရာဝန်ကြီးများကို ကျေးဇူးတင်ရင်း ဂုဏ်ပြုအပ်ပါတယ်။
လူကြီးမင်းများ အားလုံး ရောဂါဘယမှကင်းဝေးပြီး ကျန်းမာကြပါစေကြောင်း Right & Bright International Company Limited မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။
ဒီနှစ် World Heart Day ရဲ့ဆောင်ပုဒ်လေးဖြစ်တဲ့ "Don’t Miss a Beat" ဆိုသည့်အတိုင်း နှလုံးခုန်ချက်တိုင်းကို အရေးကြီးစွာတန်ဖိုးထားပြီး နေ့စဉ်ဘဝကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်ပါစေ။
❤️ နှလုံးကျန်းမာရေး အကြောင်း သိကောင်းစရာ လေးတွေကိုလည်းမျှ‌ေ၀ပေးပါရစေ....
(၁) နှလုံးရောဂါ၏အရေးကြီးမှု
• ကမ္ဘာတဝှမ်းမှာ သေဆုံးမှု အများဆုံး ဖြစ်စေသော အကြောင်းရင်း တစ်ခု ဖြစ်ပါတယ်။
• သွေးတိုး၊ ဆီးချို၊ သွေးအဆီများသူတွင် ဂရုစိုက်ရန် အလွန်အရေးကြီးပါတယ်။
• မိသားစုမှာ နှလုံးရောဂါမျိုးရိုးရှိသူများ အန္တရာယ်ပိုရှိပါတယ်။

(၂) အန္တရာယ် ရှိစေသော အလေ့အကျင့်များ
• ဆေးလိပ်သောက်ခြင်း / အရက်သောက်ခြင်း
• အဆီများ၊ အချိုများ စားသုံးခြင်း
• နေ့စဉ် လေ့ကျင့်ခန်း မလုပ်ခြင်း
• စိတ်ဖိစီးမှုများခြင်း၊ အိပ်မပျော်ခြင်း

(၃) သတိထားရမည့် လက္ခဏာများ
• ရင်ဘတ် အောင့်ခြင်း
• အသက်ရှူမဝခြင်း၊ လျင်လျင်မြန်မြန် ပင်ပန်းခြင်း
• ခြေထောက်ဖောင်းခြင်း

(၄) ကာကွယ်ရန် နည်းလမ်းများ
✅ နေ့တိုင်း အနည်းဆုံး ၃၀ မိနစ် လေ့ကျင့်ခန်း လုပ်ပါ။
✅ အသီးအနှံ၊ ဟင်းသီးဟင်းရွက်များ စားပြီး ဆီနည်းတဲ့ အစားအသောက်ကိုသာ ရွေးချယ်ပါ။
✅ ဆေးလိပ်မသောက်ပါနှင့်၊ အရက်ကို အလွန်အကျွံမသောက်ပါနဲ့။
✅ စိတ်ဖိစီးမှု လျော့ချပြီး အိပ်ရေး၀၀အိပ်စက်ပါ။
✅ သွေးတိုး၊ သွေးချို၊ သွေးအဆီ စမ်းသပ်သည့် စမ်းသပ်ချက်များကို ပုံမှန်ပြုလုပ်ပါ။

“နှလုံးခုန်တိုင်းကို အရေးကြီးစွာ တန်ဖိုးထားပါ”

’t_Miss_a_Beat
'l_Co_ltd

"Happy World Pharmacist Day to our dear pharmacists"   &Bright_Int'l_Coltd
25/09/2025

"Happy World Pharmacist Day to our dear pharmacists"


&Bright_Int'l_Coltd

“ မိုးအေးလို့ အရိုးအဆစ်ကိုက်ခဲနေပြီလား Nimulid Transgel ကိုဆောင်ထား "☔️ မိုးရာသီ မှာ စိုထိုင်းစ နဲ့ အပူချိန်ပြောင်းလဲမှု...
19/09/2025

“ မိုးအေးလို့ အရိုးအဆစ်ကိုက်ခဲနေပြီလား Nimulid Transgel ကိုဆောင်ထား "

☔️ မိုးရာသီ မှာ စိုထိုင်းစ နဲ့ အပူချိန်ပြောင်းလဲမှုတွေကြောင့် အဆစ်အမြစ်များရှိ တစ်ရှူးများကျယ်လာပြီး ဖိအားများလာသောကြောင့် အရိုးအဆစ်များ နာကျင်ကိုက်ခဲတတ်ပါတယ်။

☔️ မိုးရာသီရောက်တိုင်း အဆစ်အမြစ်ကိုက်တတ်တဲ့ သူများအတွက် Nimulid Transgel လေးကို သတိရလိုက်ပါ

☔️ Nimulid Transgel မှာ

👍ကိုက်ခဲမှုတွေကို လျင်မြန်စွာပျောက်ကင်းစေနိုင်တဲ့ Nimesulide
👍စိမ့်၀င်အားလွယ်ကူကောင်းမွန်ပြီး နောက်ဆုံးပေါ်နည်းပညာဖြစ်တဲ့ Micro Carrier Transdermal Technology နဲ့ရေဓာတ်ကိုအခြေခံထုတ်လုပ်ထားလို့ စေးကပ်မှုမရှိဘဲ အရေပြားကနေ ဆေးအာနိသင် အမြန်စိမ့်ဝင်နိုင်ပါတယ်။


Relief
&Bright_International_Company_Limited
#နာကျင်မှုတွေအကုန်လစ်_နီမြူးလစ်

🍋 နာတာရှည် ဝမ်းချုပ်ခြင်း (Chronic Constipation) ဆိုတာမပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ နာတာရှည် ဝမ်းချုပ်ခြင်းနဲ့ တွဲနေတတ်သ...
11/09/2025

🍋 နာတာရှည် ဝမ်းချုပ်ခြင်း (Chronic Constipation) ဆိုတာမပေါ့ဆသင့်တဲ့ အခြေအနေတစ်ခုပါ။ နာတာရှည် ဝမ်းချုပ်ခြင်းနဲ့ တွဲနေတတ်သော နောက်ဆက်တွဲရောဂါတွေကတော့ ...

💢လိပ်ခေါင်းရောဂါ (Hemorrhoids or Piles)
💢စအိုကွဲနာ (A**l Fissures)
💢အူလမ်းကြောင်း ဝမ်းပုံ ပိတ်ဆို့ခြင်း (F***l Impaction)
💢အစာဟောင်းအိမ်ကျွံခြင်း သို့မဟုတ် အူကျွံခြင်း (Re**al Prolapse)
💢ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ
💢အူလမ်းကြောင်းရောင်ရမ်းခြင်း (Diverticular Disease and Diverticulitis)
💢အူမကြီးကင်ဆာ ဖြစ်နိုင်ခြေမြင့်မားခြင်း အစရှိသည်တို့ဖြစ်ပါတယ်။
🍋ဒါတွေကြောင့် Chronic constipation (နာတာရှည်ဝမ်းချုပ်ခြင်း) မဖြစ်စေရန် Livoluk Fibre ကို ယနေ့ပဲစတင်သောက်သုံးလိုက်ပါနော်...
✅Livoluk Fibre ကို
🍋နာတာရှည်ဝမ်းချုပ်တတ်တဲ့သူတွေ၊
🍋ဝမ်းသွားရခက်ခဲခြင်း နှင့် တခြားကျန်းမာရေးပြဿနာတွေကြောင့် ဝမ်းချုပ်တတ်သူတွေ ၊
🍋အမျှင်ဓာတ်ချို့တဲ့သောကြောင့် ဝမ်းချုပ်တတ်သူတွေ
🍋လိပ်ခေါင်းရောဂါကြောင့် ဝမ်းချုပ်သူတွေနဲ့
🍋အကြောင်းရင်းအမျုးမျိူးကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေ သောက်သုံးနိုင်ပါတယ်။
🍋Livoluk Fibre ကို ပုံမှန်အားဖြင့် နေ့စဉ် ၁ ကြိမ် မှ ၂ ကြိမ် ထိသောက်သုံးနိုင်ပါတယ်။

✅သောက်သုံးရန် အညွှန်းလေးကတော့ ရေတစ်ဖန်ခွက်ထဲမှာ Livoluk Fibre ဆေးမှုန့် သုံးဇွန်းထည့်ဖျော် ပြီး တစ်နေ့ (၂)ကြိမ် သောက်သုံးနိုင် ပါတယ်။ရေများများသောက်ဖို့လဲ မမေ့နဲ့နော်



&Bright_International_Company_Limited

“မိုးရာသီနှင့််ချောင်းခြောက်ဆိုးခြင်း"🍊 မိုးရာသီသည် အအေးမိလွယ်ပြီး ရာသီတုပ်ကွေး၊ ချောင်းခြောက်ဆိုးခြင်း၊ နှာစေး နှာပိတ်ခ...
03/09/2025

“မိုးရာသီနှင့််ချောင်းခြောက်ဆိုးခြင်း"

🍊 မိုးရာသီသည် အအေးမိလွယ်ပြီး ရာသီတုပ်ကွေး၊ ချောင်းခြောက်ဆိုးခြင်း၊ နှာစေး နှာပိတ်ခြင်း စသည့် အသက်ရှုလမ်းကြောင်း နှင့်ဆိုင်သောရောဂါများ ပေါ်ပေါက်လာလေ့ရှိသည့်ရာသီဖြစ်ပါသည်။

🍊 မိုးရွာချိန်တွင် လေထဲရှိ ပိုးမွှားများနှင့် ဖုန်မှုန့်များက အသက်ရှုလမ်းကြောင်းကိုအလွယ်တကူထိခိုက်စေနိုင်ပြီး ချောင်းခြောက်ဆိုးခြင်း ဖြစ်ပေါ်တတ်ပါသည်။

🍊 ချောင်းခြောက်ဆိုးခြင်းသည် ပုံမှန်အအေးမိခြင်းကြောင့် အသက်ရှုလမ်းကြောင်းရောင်ရမ်းခြင်း သို့မဟုတ် ဗိုင်းရပ်စ်ကူးစက်ခြင်း စသည့်အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါသည်။

🍊 တချို့သော လူများအတွက် ချောင်းခြောက်ဆိုးခြင်းသည် ပန်းနာရင်ကျပ် နှင့် နာတာရှည်လေပြွန်ကျဥ်းရောဂါများဖြစ်သည် အထိ ဆိုးဝါးလာနိုင်သောအခြေအနေလည်းဖြစ်လာနိုင်ပါသည်။

🍊 မိုးရာသီအတွင်း ချောင်းခြောက်ဆိုးခြင်းနှင့် ပိုးမွှားများကို ကာကွယ်နိုင်ရန် ရေ‌‌‌နွေးပူပူသောက်ခြင်း၊ လူထူထူတွင် mask တပ်ခြင်း ခန္ဓာကိုယ်အားပြည့်ခြင်း စသည်တို့သည် ချောင်းခြောက်ဆိုးခြင်းကင်းဝေးရန် အကူအညီဖြစ်စေပါသည်။

🍊သို့သော် မိုးရာသီတွင် ဗိုင်းရပ်စ်ပိုးတွေကြောင့် အိပ်မရအောင် ဆိုးနေတဲ့ ချောင်း နဲ့ နှာစေးနှာပိတ်ခြင်းများအတွက် 𝙏𝙤𝙛𝙛 𝙈𝘿 ဆေးလေးရှိပါတယ်

Toff MD မှာဆိုရင်
🍊ချောင်းခြောက်ဆိုးခြင်း ( Dry cough ) ကို ပျောက်ကင်းစေသည့် Dextromethophan

🍊နှာစေးခြင်းကို သက်သာစေသည့် Chlorpheniramine Maleate

🍊 နှာခေါင်းပိတ်ခြင်းကို သက်သာစေသည့် Phenylephrine

တို့ ပါဝင်တာကြောင့် 𝙏𝙤𝙛𝙛 𝙈𝘿 ဆေးတမျိုးသောက်ရုံနဲ့ ချောင်းဆိုး၊ နှာစေး၊ နှာပိတ်ခြင်းများကို အမြန်ဆုံး သက်သာစေနိုင်ပါတယ်

🍊ထို့အပြင် လျှာပေါ် တင်ထားလိုက်ရုံဖြင့် အလွယ်တကူပျော်ဝင်နိုင်ပြီး လိမ္မော် 🍊အရသာရှိလို့ ဆေးတိုက်ရခက်တဲ့ သားသားမီးမီးတွေအတွက် အဆင်ပြေပါတယ်

🍊အသက် (၆) နှစ်ကလေးများမှစပြီး လူကြီးလူငယ်မရွေး သောက်သုံးနိုင်ပါတယ်



September လအတွင်း မွေးနေ့ကျရောက်သောRight & Bright Int'l Co.Ltd မှလုပ်ဖော်ကိုင်ဖက်များ🎁🥳🎂🎂🎁🎁💝😇🍰🍰🍨🎊🎊🎊🎈🎉 Wishing everyone h...
01/09/2025

September လအတွင်း မွေးနေ့ကျရောက်သော
Right & Bright Int'l Co.Ltd မှလုပ်ဖော်ကိုင်ဖက်များ🎁🥳🎂🎂🎁🎁💝😇🍰🍰🍨🎊🎊🎊🎈🎉

Wishing everyone have a great birthday month filled with the best health, happiness and success. All the best 🎂🎂🎁🥳🎂🎂🎁🎁💝😇🍰🍰🍨
1. Ma Thandar Kyaw
(Management Information Sysyem Manager - YGN)
8 - September

2. Ma May Thet Htun
(Senior Accountant - YGN)
11 - September

3. Ma Khin Nan Swe
(Area Sale Manager - MDY)
12 - September

4. Ma Zar Zar Soe
(Area Sale Manager - YGN)
13 - September

5. Ma Hnin Moh Moh Thaung
(Medical Representative - Taunggyi) 13 - September

6. Ma Soe Yu Maw
(Medical Representative - Taunggyi) 19 - September

7. Ma Moh Moh Nandar Zin
( Medical Representative - Dawei) 19 - September

8. Ma Khin Marlar Myint
( Supply Chain Manager - YGN) 23 - September
မွေးနေ့ကျရောက်သူအားလုံး
လာမည့်နှစ်သစ်မှာပိုမိုအောင်မြင်ပျော်ရွှင်ရပီး
စိတ်ချမ်းသာ၍ကိုယ်ကျန်းမာသော သူများအဖြစ်
အသက် ၁၂၀ တိုင်ရှည်ကြပါစေလို့
Right and Bright Co.Ltd မှဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Address

202 , Yuzana Tower
Yangon
11201

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Telephone

+95973079367

Alerts

Be the first to know and let us send you an email when Right and Bright International Co.Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Right and Bright International Co.Ltd:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram