Healing path with Kath

Healing path with Kath Guiding through Tarot 🗺️
Healing through Energy 🌌Awakening through Intuition🪷
(1)

အဝေးကြီးကို အချိန်အကြာကြီးလျှောက်လာရင်းနဲ့ ...... ကမ်းမမြင်၊လမ်းမမြင်သလိုများခံစားလာရရင် ဖြတ်သန်းခဲ့တဲ့ Journey ကို ပြန်...
16/04/2026

အဝေးကြီးကို အချိန်အကြာကြီးလျှောက်လာရင်းနဲ့ ...... ကမ်းမမြင်၊လမ်းမမြင်သလိုများခံစားလာရရင် ဖြတ်သန်းခဲ့တဲ့ Journey ကို ပြန်ကြည့်ပေးပါ။

ကျော်ဖြတ်ခဲ့တဲ့မှတ်တိုင်တွေ၊ ကိုယ့်ရဲ့လုပ်နိုင်စွမ်း၊ ခံနိုင်ရည်အားကို ပြန်ချီးကျူးပေးပါ။
ဒီအခြေနေထိလျှောက်လှမ်းနိုင်မှုအတွက် ဂုဏ်ယူပေးပါ။
အဲ့ဒီကနေ ရှေ့ဆက်ဖို့ အင်အားတွေဖြစ်လာမှာပါ။

ဘာလုပ်ရမလဲမသိပဲ Connection lost ဖြစ်နေသူများရှိပါသလား???ဟိုဟိုဒီဒီကတ်မှာပြတာလေးတွေဖတ်ပေးပါမယ်ရှင့်။ ရွေးလို့ရပါပြီ🙏🏻
16/04/2026

ဘာလုပ်ရမလဲမသိပဲ Connection lost ဖြစ်နေသူများရှိပါသလား???
ဟိုဟိုဒီဒီကတ်မှာပြတာလေးတွေဖတ်ပေးပါမယ်ရှင့်။ ရွေးလို့ရပါပြီ🙏🏻

နှစ်သစ်မှာ ကုသိုလ်ကံမြှင့်ပါ
16/04/2026

နှစ်သစ်မှာ ကုသိုလ်ကံမြှင့်ပါ

နှစ်သစ်မှာ ကုသိုလ်ကံမြှင့်ပါ

၁။နှစ်ဆန်းတစ်ရက်နေ့မှာ ရိုးရှင်းထိမိစွာ ခေါင်းဆေးခေါင်းလျှော်ပြုပါ။

ခေါင်းဆေးမင်္ဂလာကိစ္စကို ဆောင်ရွက်နိုင်ရန်..

*ရိုးရိုးလေးပဲ တရော်ကင်ပွန်းနဲ့ခေါင်းလျှော်ပါ။ခေါင်းဆေးခြင်းပါပဲ။ရေမိုးချိုးပါ။အဝတ်သန့်သန့်ဝတ်ပါ။နေအိမ်ဘုရားဆောင်မှာသောက်တော်ရေ ၃ ခွက်ကပ်လှူပါ။
အလင်း ၁ တိုင် အမွှေး ၁ တိုင် ပူဇော်ပါ။
သြကာသကန်တော့ချိုးနဲ့ကန်တော့ပါ။သရဏဂုံတည်ပြီးငါးပါးသီလ ခံယူဆောက်တည်ပါ။

ဒိဝါတပတိဂါထာကို အလွတ်ရရင် သက်စေ့ပူဇော်ပါ။ဒိဝါတပတိဂါထာကို အလွတ်မရရင် သမ္ဗုဒ္ဓေဂါထာတော်ကို သက်စေ့ပူဇော်ပါ။

လုံလောက်ပါပြီ။လောကီပညာအထောက်အပံ့နဲ့ ကုသိုလ်စွမ်းအား​ပေါင်းစည်းကာ မုချ ကောင်းကျိုးထူးပါလိမ့်မယ်။

*ယခုနှစ် နှစ်ဆန်းတစ်ရက်၊သောကြာနေ့မှာ ခုနစ်ရက်သားသမီးတွေ မွေးနံအလိုက် ခေါင်းဆေးမင်္ဂလာစတင်ပြုလုပ်ရန်အချိန်တွေကတော့..

တနင်္ဂနွေသားသမီးများ-နံနက် ၇ နာရီ ၄၅ မိနစ်။
တနင်္လာသားသမီးများ- နေ့ခင်း ၁၂ နာရီ။
အင်္ဂါသားသမီးများ-နံနက် ၆ နာရီ ၁၀ မိနစ်။
ဗုဒ္ဓဟူးသားသမီးများ-နံနက် ၁၀ နာရီ ၄၅ မိနစ်။
ရာဟုသားသမီးများလည်း-နံနက် ၁၀ နာရီ ၄၅ မိနစ်ပါပဲ။တူပါတယ်။
ကြာသပတေးသားသမီးများ-ညနေ ၃ နာရီ။
သောကြာသားသမီးများ-နံနက် ၉ နာရီ ၁၀မိနစ်။
စနေသားသမီးများ-နေ့ခင်း ၁ နာရီ ၄၅ မိနစ်။

အဲဒီအချိန်မှာ စတင်ပြီး တရော်ကင်ပွန်းနဲ့ခေါင်းလျှော်၊ရေမိုးချိုးပြီး ဘုရားဝတ်ပြုရန်ပါပဲ။

အရိုးရှင်းဆုံးနဲ့ ထိထိရောက်ရောက်ကောင်းကျိုးထူးမဲ့စနစ်ကို ဝေမျှပေးတာပါ။

အမှန်က ဘယ်အချိန်လျှော်လျှော်ရပါတယ်။ကိုယ့်မွေးနံအလိုက် ကောင်းကျိုးပိုထူးမဲ့အချိန်ကောင်းကို ရွေးပေးခြင်းပါ။အဆင်ပြေသလိုလျှော်ပါ။လျှော်ဖြစ်ဖို့၊ ပူဇော်ဖြစ်ဖို့သာလိုရင်းလို့မှတ်ပါ။

၂။နှစ်ဆန်းတစ်ရက်မှာ ထိထိရောက်ရောက်ကုသိုလ်ပြုရန်..

နှစ်ဆန်း တစ်ရက်မှ ရက်ပေါင်း ၁၀ ရက်အတွင်း ​အလျင်းသင့်သလို ဆောင်ရွက်နိုင်ပါတယ်။

*မုန့်လုံးရေပေါ် ကုသိုလ်ကို အထူး ပြုစေချင်ပါတယ်။မုန့်လုံးရေပေါ်နဲ့ ဆွမ်းတော်ကပ်လှူပါ။အရေအတွက်မလိုပါ။မုန့်လုံးရေပေါ် မလုပ်ဖြစ်ရင် ပေါင်မုန့်နဲ့ ရွှေရင်အေးကို လည်း ကုသိုလ်ပြုနိုင်ပါတယ်။

တချို့ရက်မှာ ပေါင်မုန့်ကို ပျားရည်ဆမ်းပြီး ဆွမ်းတော်ကပ်လှူပါ။

ဆွမ်းကပ်၊ဆွမ်းလောင်း၊ဆွမ်းတော်ကပ်ရာမှာ ဝက်သားဟင်းပါအောင်ကပ်လှူသင့်ပါတယ်။ဝက်သားဟင်း မသုံးသူတွေက မုန့်ကိုသာအဓိကလှူပါ။

*နှစ်ဆန်း တစ်ရက်မှ ရက်ပေါင်း ၁၀ ရ​က်အတွင်း မေမြို့ပန်း၊ရွက်လှပန်း၊သပြေပန်း၊ဂန္ဓမာပန်း ရရာ ပူဇော်သင့်ပါတယ်။အဆင်ပြေသလို ပူဇော်ပါ။

၃။စီးပွားရေးအတွက် အထူးပူဇော်စေချင်တဲ့ ဂါထာ​တော်ကတော့ ဒီဝါတပတိဂါထာပါပဲ။နှစ်ဆန်း တစ်ရက်ကစပြီး ရေရှည်အဓိဋ္ဌာန်ဝင်နိုင်အောင် ကြိုးစားသင့်ပါတယ်။

လုပ်နိုင်တာကိုသာလုပ်ပါ။
လုပ်နိုင်သလောက်သာလုပ်ပါ။

ရိုးရိုးရှင်းရှင်းနဲ့ ထိမိတဲ့ ခေါင်းဆေးမင်္ဂလာနဲ့ နှစ်သစ်ကုသိုလ်ရေးတွေပါ။ကျွန်​တော်လည်း အဲဒီလိုပဲ ဆောင်ရွက်မှာပါ။စိတ်ချလက်ချဆောင်ရွက်နိုင်ပါတယ်။ဆောင်ရွက်နိုင်သလောက် မုချကောင်းကျိုးထူးပါလိမ့်မယ်။

နှစ်သစ်မှာ ..
ဘေးကင်းရန်ကင်း ..
အနာရောဂါအသွယ်သွယ်ကင်းဝေးကြပါစေ။

နှစ်သစ်မှာ ..
နေကောင်းကျန်းမာ အစစအဆင်ပြေပါစေ။

အသေ၀နာ စ ဗာလာနံ။

အားလုံးသတ္တဝါ ချမ်းသာပါစေ။
သက်နှင်းဆွေ၊ပုပ္ပါး၊

ဒီနေ့အတွက်✨ နှစ်သစ်အတွက်✨ ကံပွင့်ဖို့အတွက်✨
16/04/2026

ဒီနေ့အတွက်✨ နှစ်သစ်အတွက်✨ ကံပွင့်ဖို့အတွက်✨

🧽🧹 Decluttering 🧤🧴
အရေးကြီးတာတွေ ဘာမှစလုပ်ခင် အရေးအကြီးဆုံးဖြစ်တဲ့ အိမ်ရှင်းတာလေးနဲ့ အရင်စလိုက်ရအောင်ပါ။

" ရှင်းလင်း" ဆိုတဲ့အတိုင်းရှင်းလိုက်လို့ လင်းသွားမှာပါ။ ဘာတွေကိုရှင်းမှာလည်းဆိုတော့ အိမ်တွင်း၊ အိမ်ပြင်မှာ ရှိနေတာကြာပြီးဖြစ်တဲ့ စုပုံနေတဲ့၊ နေရာအပြောင်းအရွှေ့မဖြစ်တာကြာ‌နေတာတွေကို ရှင်းကြမှာ၊ရွှေ့ပြောင်းကြမှာပါ။

အဲ့လိုရှင်းလိုက်ခြင်းအားဖြင့် အမြင်အားဖြင့်လင်းသွားပါတယ်။ Energy အားဖြင့် ပွင့်သွားပါတယ်။ ပိတ်ဆိုနေတဲ့ လာဘ်တွေဟာလည်း ပြန်ပြီးဝင်လာပါလိမ့်မယ်။

ဒီတော့ မီးဖိုချောင်၊ဧည့်ခန်း၊အိပ်ခန်းနေရာတွေက‌နေစပြီး ရှင်းကြရအောင်။
မျက်စိရှေ့မှာရှုပ်ပွနေတာတွေကိုနေရာပြန်ချကြမယ်။
ဘုရားရုပ်ပွားဝောာ် နဲ့ ကျောင်းဆောင် ကိုလည်း အမွှေးနံသာရည်လေးနဲ့ ပူဇော်ပြီးရောင်တော်ဖွင့်ပေးပါ။

မီးဖိုချောင်ထဲက ဘူးခွံတွေ၊ Plastic အိတ်တွေ တွေကိုပြန်သုံးလို့ရတာတွေသုံးကြမယ်။
အသုံးမလိုတာတွေကိုတော့ 'ဝဲ' ကြမယ်လေ။

အဝတ်ဘီဒိုထဲမှာလည်း မဝတ်ဖြစ်တာကြာနေတဲ့ အကျီ၊ဘောင်းဘီတွေကိုလည်း ပြန်စစ်ပေးပါ။
၃လ၊ ၆လ ၁နှစ်အတွင်း မဝတ်ဖြစ်တာတွေသိပ်များနေလား? တခြားလိုအပ်နေတဲ့သူတွေ Sharing လုပ်လို့ ရနိုင်မလား?
အဆင်ပြေရင် လက်ဆင့်ကမ်းပေးပါ။

ရေချိုးခန်းဆေးရင်း၊ ကြမ်းတိုက်ရင်း နဲ့ ဘူးခွံဟောင်းတွေ၊ မသုံးဖြစ်တာ ကြာနေတဲ့ ကုန်ခါနီးတွေ ကိုလည်း အရင်လက်စသတ်ပါ။မသုံးဖြစ်တော့ရင် သံယောဇဉ်ဖြတ်ပြီး ပစ်လိုက်ပါ။

ဖိနပ်အဟောင်းတွေ၊ ထီးအဟောင်းတွေကို လည်းပေးတန်ပေး၊ ပစ်တန်ပစ်လုပ်ပေးပါ။

ရေခဲသေတ္တာကိုလည်း သတိထားကြည့်ပေးပါ။ မစားဖြစ်တာတွေ၊စားလက်စတန်းလန်းတွေကိုရှင်းထုတ်၊နေရာချပေးပါ။

ကိုယ့်ရဲ့အိမ်အနေအထားနဲ့လိုက်ပြီး ဖုန်စုပ်၊ကြမ်းတိုက်သန့်ရှင်းရေးလေးလုပ်ပေးပါ။
လေဝင်လေထွက်ကောင်းအောင် တံခါးလေးတွေဖွင့်ထားပေးပါ။

အားလုံးပြီးရင်တော့ အမွှေးတိုင်း၊ အမွှေးရနံ့ လေး ဖြန်းပါ။ YouTube ကနေ Negative Energy Removing Song လေးဖွင့်ထားပေးပါ။ ပြီးတော့ ရှင်းသွားတဲ့၊ပေါ့သွားတဲ့ Energy လေးကို ခံစားပေးပါ။
✅ မနှစ်ကရေးထားတဲ့ပိုစ့်အဟောင်းလေးပါ။
28/6/23

15.4.2026/ Collective Reading ဒီတလော ကိုယ့်ကိုယ်ကိုမေးမိနေတဲ့မေးခွန်းတွေရှိနေပါတယ်။ငါသွားနေတဲ့လမ်း‌ကြောင်း ကောမှန်နေရဲ့လ...
15/04/2026

15.4.2026/ Collective Reading

ဒီတလော ကိုယ့်ကိုယ်ကိုမေးမိနေတဲ့မေးခွန်းတွေရှိနေပါတယ်။
ငါသွားနေတဲ့လမ်း‌ကြောင်း ကောမှန်နေရဲ့လား? ဒါကယုံကြည်စရာကောင်းရဲ့လား? ၊သံသယစိတ်တွေ ရှိနေတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

ဒီကာကမှာအရင်ကခံယူချက်၊ လက်ခံထားတာတွေလည်းပြောင်းလည်းနေပါတယ်။ အဟောင်းတွေနဲ့လည်း အဆင်ပြေမနေတော့ပါဘူး။

အဖြေကတော့ ကိုယ့်ရဲ့အတွင်းစိတ်ထဲကိုပြန်သွားပါ။ ကိုယ့်ရဲ့ Inner power ကို ပြန်မြှင့်တင်ပါ။
ယုံကြည်မှုတွေကို အလုပ်တွေနဲ့တွဲပြီးပြန်တည်ဆောက်ပါ။
အဲ့ဒါဆိုရင်လမ်းကြောင်းကလည်းပိုပြီးရှင်းလင်းလာပါလိမ့်မယ်။

မနက်ဖြန်အတွက်ပါ🙏🏻
13/04/2026

မနက်ဖြန်အတွက်ပါ🙏🏻

🙏 သင်္ကြန် အကျနေ့ 🙏 ၁၄.၄.၂၀၂၆ င်္အဂါနေ့

🍀နေအိမ်ရှိ
မြတ်စွာဘုရားရှင်အား
ဆွမ်းဦးပေါင်း(ထမင်းချက်ပြီး အိုးထဲက အလယ်တည့်တည့်က ခပ်ယူရတဲ့ဆွမ်း)အပေါ်မှာ
ငှက်ပျောသီး(ငွေပေါ်သီး) ၃ လုံးကို လှီးစိပ်၍
သကြားများများဖြူးသော
ငွေပျော်ဆွမ်းတစ်ပန်းကန် ကပ်လှူပါ။

🍀မိမိအိမ်ရှိ ဧည့်ခန်း နှင့် အိပ်ယာများ ကိုသန့်ရှင်းရေးလုပ်ပါ။
ဧည့်ခန်းမှာ ရှုပ်နေတာတွေရှင်းပါ။
အိပ်ယာအောက်မှာ ထိုးထည့်ထားတတ်တဲ့အမှိုက်များရှိရင်လျှင် အကုန်ပြစ်ပါ။
အိပ်ယာခင်းလဲလို့ရ လဲပါ။
သန့်ပြန့်အောင် ပြင်ဆင်ပါ။

🍀 ပြီးလျှင် ဧည့်ခန်းနှင့်အိပ်ယာကို နံ့သာ(သို့) ရေမွှေးများ ဆွတ်ဖျန်းပါ။

“ဤအိမ်၊ဤဂေဟာအား ကောင်းခြင်းမင်္ဂလာများအဖက်ဖက်နေ ကောင်းမွန်စွာရရှိ၍ မိသားစုဝင်များ ကျန်းမာ၊ချမ်းသာ၊အေးချမ်းရပါစေ” လို့ဆုတောင်းမေတ္တာပို့သပါ။

🍀အိမ်တွင်မီးသီးကျွမ်းတာရှိရင် လဲပါ။
မှန်ကွဲတာရှိရင် ဖာထေးမသုံးပါနဲ့။
မှန်တွေ ကြည်အောင်၊ သန့်အောင် ထားပါ။

🍀တနင်္ဂနွေ/တနင်္လာ/အင်္ဂါ/ဗုဒ္ဓဟူး/ရာဟု/ကြာသာပတေး/သောကြာ/စနေဂြိုဟ်မင်း ကြီး ရှစ်ပါးအစထား၍ နတ်ကောင်းနတ်များ၊ ၃၁ဘုံသားအားလုံးကို မေတ္တာပို့၊ အမျှဝေပေးပါ
🍀မေတ္တာ ခံယူပါရှင်

ချစ်သောပဌာန်းဆက်များအားလုံး
မြန်မာသင်္ကြန်မှသည်
စိတ်ချမ်းသာပါစေ💦
ကိုယ်ကျန်းမာပါစေ💦
ဘေးကင်း၊ရန်ရှင်းပါစေ💦
စီးပွါးများတိုးတက်ပါစေ💦
ဆန္ဒဆုကောင်းများပြည့်ဝကြပါစေ💦

#ဆရာမမေဘုန်းထက်

Reader ရဲ့ သင်္ကြန်အစီစဉ်လေးပါ။မိတ်ဆွေတို့ကော ဘာတွေပလန်ထားပါသလဲ?
12/04/2026

Reader ရဲ့ သင်္ကြန်အစီစဉ်လေးပါ။
မိတ်ဆွေတို့ကော ဘာတွေပလန်ထားပါသလဲ?

12.4.2026/ Daily Reading 📩 ဒီနေ့အတွက်ဆောင်ရန်....ကိုယ့်မှာရှိတဲ့ သတင်းအချက်အလတ်၊လုပ်နိုင်စွမ်းအား၊ဉာဏ်ပညာတွေနဲ့ ချိန်ညှိ...
12/04/2026

12.4.2026/ Daily Reading
📩 ဒီနေ့အတွက်ဆောင်ရန်....
ကိုယ့်မှာရှိတဲ့ သတင်းအချက်အလတ်၊လုပ်နိုင်စွမ်းအား၊ဉာဏ်ပညာတွေနဲ့ ချိန်ညှိလုပ်ဆောင်ပါ။

🧹ရှောင်ရန်အတွက်ကတော့....
လူတွေ၊ စိတ်တွေကို ရည်ရွယ်ချက်ရှိရှိ ပညာရှိနည်းနဲ့ နှိပ်စက်တာမျိုး၊ ပညာ‌ပါဝါပြချင်တဲ့ စိတ်လေးကို သတိထားပါ။ ကောင်းတဲ့ဘက်ကို ပြောင်းလည်းယူပါ။

🍀 Lucky color : အဝါရောင်၊ အပြာရောင်

Self-Care tips: ကြွေလွယ်သောအစာကိုစားပါ။ အေးမြသောသောက်စရာ အဟာရကိုမှီဝဲပါ။ မှန်ကန်သောသဘောထားကို ချိုသာစွာပြောပေးပါ။

✨ Solar plexus chakra နဲ့ Throat chakra Balancing အတွက်
လေးလုပ်ဆောင် ပေးပါ။

ဒီနေ့သုံးထားတဲ့ Major 22 ကတ်လေးကို စိတ်ဝင်စားရင် Order တင်လို့ရပါတယ် ➡️ The Soul-Made Corner: Art, Craft & Cards

11/04/2026

ဒါကတော့ Self-Healing tool series ရဲ့ နောက်ဆုံး ၁၀ပုဒ်မြောက် Video ‌ဖြစ်ပါတယ်။ နံပါတ် ၁ကနေ ၁၀ထိ ကြည်ရှု့အားပေးကြတဲ့ မိတ်ဆွေများကို ကျေးဇူးတင်ပါတယ်☺️🙏🏻

10.4.2026/Daily Reading ဒီနေ့မှာတော့ ပူးပေါင်းဆောင်ရွက်သောကိစ္စများ အဆင်ပြေအောင်မြင်နိုင်ပါတယ်။ပေါင်းသင်းဆက်ဆံရေး အခြေနေ...
10/04/2026

10.4.2026/Daily Reading
ဒီနေ့မှာတော့ ပူးပေါင်းဆောင်ရွက်သောကိစ္စများ အဆင်ပြေအောင်မြင်နိုင်ပါတယ်။
ပေါင်းသင်းဆက်ဆံရေး အခြေနေများ တိုးတက်မှု၊ ရင်းနှီးမှု ပိုပြီးရရှိနိုင်ပါတယ်။
လူစုံပေးပါ။ စားသောက်ပြောဆိုကြသော အချိန်ကာလလေးများ ဖန်တီးပေးပါ။ ဒီကာလမှာအားဖြစ်စေမှာပါ။

8.4.2026/Daily Reading ဒီနေ့မှာတော့ လတ်တလောခံစားနေရတဲ့ ခံစားချက်တွေ၊ အတွေးဟောင်းတွေ၊ ရင်ထဲက စကားသံတွေကို အပြစ်မတင်ပဲ နား...
08/04/2026

8.4.2026/Daily Reading
ဒီနေ့မှာတော့ လတ်တလောခံစားနေရတဲ့ ခံစားချက်တွေ၊ အတွေးဟောင်းတွေ၊ ရင်ထဲက စကားသံတွေကို အပြစ်မတင်ပဲ နားထောင်ပေးလိုက်ပါ။
အော် 'ဒါလေးတွေ ဒီလိုဖြစ်နေပါလား'သိပေးလိုက်ပါ။ ကိုယ်ဝင်မပါပဲ ဖြစ်ခွင့်ပြုလိုက်ပါ။

'ဒါတွေကို ဒီလိုတွေးရကောင်းလား' ၊ 'ပေါ်လာရင်ကောင်းလား' ဒေါသတွေ၊သောကတွေ အများမခံပါနဲ့။

ဖြစ်ပြီးပျက်ပြီးတဲ့အရာတွေ (အတိတ်ကအခြေနေတွေ) တဖန်ပြန်အရိပ်ထင်လာရုံပါ။

ခံစားချက်တွေကို ရာသီဥတုလို သဘောထားကြည့်ပါ။
နေပူမယ်၊ မိုးရွာမယ်၊ တိမ်ထူမယ်။ လေပြင်းမယ် စတဲ့ အခြေနေတွေဟာ အမြဲရှိနေ၊ ဖြစ်နေတာမျိုး မဟုတ်ပါဘူး။
ဒါတွေဟာ ပြောင်းလည်းတတ်တဲ့ဖြစ်စဉ်တွေ ဆိုတာကို သတိရပေးပါ။

7.4.2026/ Daily Reading ဒီနေ့မှာတော့ မမျှော်လင့်ပဲ ကြုံတွေ့လာရတဲ့အခက်အခဲတွေကို "ပိုကောင်းဖို့ဖြစ်လာတာ" ဆိုတဲ့နေရာကနေ ကြည...
07/04/2026

7.4.2026/ Daily Reading
ဒီနေ့မှာတော့ မမျှော်လင့်ပဲ ကြုံတွေ့လာရတဲ့အခက်အခဲတွေကို "ပိုကောင်းဖို့ဖြစ်လာတာ" ဆိုတဲ့နေရာကနေ ကြည့်ပေးပါ။
အရင်နဲ့ မတူတဲ့အမြင်နဲ့ဆုံးဖြတ်ချက်ချပေးပါ။

Address

Yangon

Opening Hours

Monday 11:00 - 21:00
Tuesday 11:00 - 21:00
Wednesday 11:00 - 21:00
Thursday 11:00 - 21:00
Friday 11:00 - 21:00
Saturday 11:00 - 21:00
Sunday 11:00 - 21:00

Website

Alerts

Be the first to know and let us send you an email when Healing path with Kath posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share