22/01/2026
https://www.facebook.com/share/1BkBJn2v1o/?mibextid=wwXIfr
မျက်နှာပေါ်က အဖြူကွက်များ ( white patches on face)
မျက်နှာပေါ်မှာ ဒါမှမဟုတ် ခန္ဓာကိုယ်ပေါ်မှာ အဖြူကွက်လေးတွေ တွေ့လို့ စိုးရိမ်နေကြလား ... 🤔
စပါးညှင်း (Pityriasis Alba) က — အသက် (၃) နှစ် မှ (၁၆) နှစ်ကြား ကလေးနဲ့ဆယ်ကျော်သက်တွေမှာ အဓိကဖြစ်လေ့ရှိတဲ့ အန္တရာယ်ကင်းတဲ့ အရေပြားရောဂါ အခြေအနေတစ်ခုပါ။ ကူးစက်တတ်တဲ့ ရောဂါမျိုး မဟုတ်ဘဲ အချိန်ကြာလာတာနဲ့အမျှ အလိုအလျောက် သက်သာပျောက်ကင်းသွားတတ်လို့ ပုံမှန်အားဖြင့် ဆေးကုသမှု ခံယူဖို့ မလိုပါဘူး။ 😊
စပါးညှင်းက မျက်နှာမှာ အဖြစ်အများဆုံးဖြစ်ပြီး လက်မောင်း၊ ကျော၊ ရင်ဘတ်နဲ့ လည်ပင်းတို့မှာလည်း ဖြစ်တတ်ပါတယ်။ စပါးညှင်းအကွက်တွေရဲ့ ဖြစ်လေ့ရှိတဲ့ ပြောင်းလဲပုံ အဆင့်ဆင့်ကတော့
● အဖတ်အနည်းငယ်ပါတဲ့ ပန်းရောင်အကွက် (သို့) ဖောင်းကြွအဖုအနေဖြင့် စတင်ဖြစ်ပေါ်ပါတယ်
● အရေပြားပေါ်မှာ သေးငယ်တဲ့ အဖတ်တွေပါတဲ့ အရောင်ဖျော့အကွက်ဖြစ်လာပါတယ်
● ထို့နောက် အဖတ်မပါတဲ့ အရောင်ဖျော့တဲ့ အမှတ်အသားအဖြစ် ကျန်ခဲ့ပါတယ်
● နောက်ဆုံးမှာ အလိုအလျောက် ပျောက်ကင်းသက်သာသွားပါတယ်
အရေပြားပုံမှန်မဟုတ်တဲ့ အကွက်တွေဖြစ်တာ၊ ဒီအကွက်တွေကြောင့် အလွန်အမင်းယားယံတာ၊ ရောင်ရမ်းတာနဲ့ စိတ်မသက်မသာဖြစ်တာတွေကို ခံစားရရင် မိသားစုဆရာဝန်နဲ့ ပြသရပါမယ်။
“စပါးညှင်း” အကြောင်း အကျယ်တဝင့် ပိုမိုသိရှိနိုင်စေဖို့ 👉“𝐂𝐋𝐋 𝐇𝐄𝐀𝐋𝐓𝐇 ကျန်းမာသုတ” မှာ အခုပဲဝင်ရောက်ဖတ်ရှုလိုက်ပါ။
#စပါးညှင်း