Dawna Medic

Dawna Medic P2-9902
ဒေါနတပ်ရင်း ဆေးတပ်ဖွဲ့
(1)

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်ဒေါနတပ်ရင်းဆေး၀ါးသယ်ယူစရိတ်အတွက်အလှူငွေ (၅၀၀၀၀)ကျပ်အား ပါဝင်လ...
24/11/2025

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်
ဒေါနတပ်ရင်းဆေး၀ါးသယ်ယူစရိတ်အတွက်
အလှူငွေ (၅၀၀၀၀)ကျပ်အား
ပါဝင်လှူဒါန်းပေးပါသော မရှု့မညီးအား
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှဒေါနတပ်ရင်းတပ်ခွဲ ၁ ရှေ့တန်းထွက်မည့်ရဲဘော်တစ်ဦးချင်းအား Bandage,  Elastic Bandage,  TQ များပေးအပ...
18/11/2025

ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ
ဒေါနတပ်ရင်းတပ်ခွဲ ၁ ရှေ့တန်းထွက်မည့်ရဲဘော်တစ်ဦးချင်းအား Bandage, Elastic Bandage, TQ များပေးအပ်ခြင်း ။

Dawna Medic

Dawna Column  - Fundraising Team
18/11/2025

Dawna Column - Fundraising Team

" ဂြိုလ်ကုပ်ရှိရာ ဂြိုလ်ထောင်မလာ "

တဲ့ ၊ လူဆိုတာ တူရာစုတယ်ဆိုတဲ့ သဘောကိုရည်ညွှန်းရာ စကားပုံလေးပါပဲ...။

နေ့ကိုညစား လကိုနှစ်တွေဝါးလာတာ ကြာတော့

လိုအပ်ချက်တွေကပိုပြီးများလာတယ် ၊ ဘယ်လို

စိတ်ဓာတ်မျိုးလဲတော့ မသိဘူး ကျနော်တို့ဟာအ

လှူခံရမှာကိုရှက်တယ်...။

အာဏာသိမ်းပြီးစ တောခိုချိန်တည်းက ဘယ်နေ

ရာကိုရောက်ရောက် ကျနော်တို့ဟာ တပုံတည်း

တပေါက်တည်း အဖေမတူအမေကွဲမွေးထုတ်ခဲ့

တဲ့ ဆန်မရှိအစားကြီးအုပ်စုပေါ့..။

လွန်ခဲ့တဲ့နှစ်တွေက ကံအလှည့်အပြောင်းတခုမှာ

ကျနော်မြေပြင်က ကင်းကွာခဲ့တယ်....ဒါပေမယ့်

ကျနော့်ညီတွေလို့ယူဆထားတဲ့ လူငယ်အစုအဖွဲ့

တခုအတွက် ကျနော်နိုင်တာထက်ပိုရုန်းတယ်...။

ကျနော့်လုပ်နိုင်စွမ်းက ဘယ်လောက်ရှိမှာတဲ့လဲ

ဒီတော့ ဆင်ပါးစပ်နှမ်းပက်ရုံမျှပါပဲ ၊ တနေ့ တိုက်

ပွဲသံတွေကြားထဲက ကိုစိုင်းဖုန်းခေါ်လာခဲ့တယ်..။

" အကို MOD က သူတို့နည်းနည်းကြပ်နေလို့လစဥ်

ပေးနေကြရိက္ခာဖိုးကို သုံးလတခါမှပေါင်းပေးမယ်

တဲ့ ကျနော်တို့ငတ်တော့မယ်..."

အဲ့ဒီနေ့ကစလို့ အလှူခံတယ်ဆိုတဲ့စကားလုံးကို

ရဲရဲမသုံးပဲ ကျနော်တို့ကျောမွဲတွေပြည်သူ့ဆီက

အကူအညီစပြီး တောင်းခံခဲ့ပါတယ်...။

2023 ၊ 2024 နှစ်အစလောက်အထိ ကျနော့် wall

ပေါ်က ငွေစာရင်းရှင်းတမ်းတွေကို တချို့လူတွေ

သိကြပါလိမ့်မယ် ၊ အဲ့ဒီလိုနဲ့ တပ်ခွဲအနေနဲ့လောက်

ငှလာတဲ့အခါမှာ ပုံမှန်ကူပေးနေသူတွေရဲ့အားဖြင့်

ကျနော်တို့ လစဥ်ရန်ပုံငွေရှာတာကို ရပ်နားခဲ့ကြပါ

တယ်...။

ကံဆိုးကောင်တွေ သွားလေရာ မိုးကြိုးမုန်တိုင်း

နောက်ကပါတယ်လို့ ပြောရမလားပဲ ၊ စစ်ရေးလို

အပ်ချက်ကြောင့် 2023မှာ ရေးဘက်ကို ပြောင်း

ရွေ့ခဲ့ရတယ် ၊ မကြာပါဘူး သစ္စာမဲ့မှုတချို့တလေ

ကြောင့် တည်နေရာအတိအကျနဲ့ လေယာဥ်ဗုံးကြဲ

ခံခဲ့ရတယ်..။

အထိုင်မကျသေးခင်မှာ လန ၊ ခယ ကလွဲပြီးကျန်

တာ ဘာတခုမှမရခဲ့ပဲ ရဲဘော်တွေအားလုံးဟာထပ်

မံပြောင်းရွေ့ခဲ့ရပြန်ပါလေရော ၊ အဲ့ဒီလိုနဲ့ တိုက်ပွဲ

တွေကြားထဲမှာ ခြေသလုံးအိမ်တိုင်ဖြစ်နေတဲ့ ဒေါ

နစစ်ကြောင်းဟာ 2025 နှစ်စမှာပဲ စစ်ရေးလိုအပ်

ချက်အရ အထူးတိုင်းစစ်ဌာနရဲ့ လက်အောက်ခံ

တပ်ရင်းအဖြစ် ထပ်မံပြောင်းရွေ့ခဲ့ရပြန်တယ်...။

" အကိုရေ...ရဲဘော်တွေမှာ ယူနီဖောင်း ၊ကျည်ကာ

အပြည့်အစုံမရှိကြဘူး ကျနော်တို့ ကျည်ကာကမ်

ပိန်းလေး ကြိုးစားကြည့်ရအောင်.."

ဆိုပြီးပထမဆုံးအကြိမ်ကမ်ပိန်းလေး စမိကြတယ်

ပေါ့ ၊ ဒုက္ခဟာအဖော်အပေါင်းနဲ့ လာတယ်ဆိုတဲ့ စ

ကားဟာ ဒေါနတပ်ရင်းအတွက်များ ရည်ရွယ်ခဲ့သ

လားမသိ ၊ ကမ်ပိန်းလေးလုပ်စ ရက်ပိုင်းအတွင်းမှာ

ပဲ မလိုလားအပ်တဲ့ ပြဿနာတချို့ကြောင့် ရပ်နား

လိုက်ရတယ်..။

ကမ်ပိန်းကိုတော့ ရပ်လိုက်လို့ရပေမယ့် ရပ်တန့်လို့

မရနိုင်တာက တနေ့တခြားရိရွဲလာတဲ့ ယူနီဖောင်း

တွေ ၊ တဂျစ်ဂျစ်မြည်လာတဲ့ ဆက်သွယ်ရေးစက်

တွေက အသံတွေ ၊ စားဖိုကချက်ကြီးရဲ့ ဆန်အိတ်

ခါသံတွေပါပဲ...။

ညတွေရဲ့အကြောင်းမှာလည်း ရဲဘော်တွေအား

လုံး နေကောင်းစေဖို့ ဆုတောင်းတွေ ပါတာပေါ့

မတောင်းလို့လည်းမရဘူးလေ ၊ အရေးပေါ် ဆေး

ဝါးဆေးလို့လည်း တပ်ရင်းဆေးခန်းမှာက ပါရာစီ

တမော့နဲ့ဟန်နီးပလပ်လောက်ပဲ ရှိတော့တယ်..။

ဒီတော့ အချိန်တခုရပ်တန့်အပြီးမှာ တပ်ရင်းရဲ့လို

အပ်ချက်တွေကို မဖြစ်မနေဖြည့်ဆည်းဖို့ ကျနော်

တို့ကမ်ပိန်းလေးတခုကို စတင်ရပါတော့တယ်..။

" Victory Spear - ဒေါနအင်အား "

ဆိုတဲ့ ကျပ်သိန်းနှစ်ထောင် ကမ်ပိန်းလေးပါ...။

ပြည်သူတွေကိုအားနာမိပါတယ်..ဒါပေမယ့်လည်း

ကျနော်တို့တွေဟာ တော်လှန်ကျောင်းတက်နေရတဲ့

နိုင်ငံတော်ကျောင်းသားတွေ ဖြစ်နေတဲ့အတွက် လို

အပ်သမျှ ကျောင်းလခ ၊ စာရွက်စာတန်းကြေးတွေ

ကို ပြည်သူဆိုတဲ့အိမ်က မိဘတွေဆီကို လက်ဖြန့်

အကူအညီတောင်းရုံကလွဲပြီး ဘာမှမတတ်နိုင်ခဲ့ပါ

ဘူး ...။

ကျောင်းပေါင်းစုံမှာတက်နေကြတဲ့အတွက် ကျောင်း

သားများတဲ့မိဘတွေရဲ့အဖြစ်ကိုလည်း စာနာမိပေ

မယ့်လည်း....သို့သော်လည်းပေါ့လေ...

အများကြီးမမျှော်လင့်ရဲပေမယ့် မဝံ့မရဲတော့ပြော

ပြမိခဲ့ပါတယ် ၊ ကမ်ပိန်းသတ်မှတ်ကာလ တလတိ

တိပြည့်သွားပေမယ့် မျှော်မှန်းရဲ့ငါးပုံတပုံ ( 20 %)

သာ ကျနော်တို့ထံ ပျံသန်းရောက်ရှိလာခဲ့ပါတယ်..။

ဒီအတွက် ရင်နာနာနဲ့ကြိုးစားလို့ရတာက နောက်

ထပ်တလ ထပ်တိုးရုံကလွဲပြီး အခြားမရှိခဲ့ပါဘူး

ကျနော့်စာလေးကို ဖတ်ပြီးစိတ်အနှောင့်အယှက်

ဖြစ်သွားကြရင်လည်း ခွင့်လွှတ်ပေးကြပါဗျာ...။

ဒါက ကျောမွဲတွေ မပြောရဲလို့ရေးတဲ့စာလေးပါ..။

#ဝေးလ်

ကမ်ပိန်း target မပြည့်မှီးသေးသောကြောင့် ပါ၀င်ကူညီအားဖြည့်ပေးကြပါဦးခင်ဗျ
16/11/2025

ကမ်ပိန်း target မပြည့်မှီးသေးသောကြောင့်
ပါ၀င်ကူညီအားဖြည့်ပေးကြပါဦးခင်ဗျ

ကမ်ပိန်းကာလ ၁ လ ထပ်တိုးကြောင်းကြေညာခြင်း

ကျွန်တော်တို့ ဒေါနတပ်ရင်းကနေ ပြုလုပ်နေတဲ့ Victory Spear - ဒေါနအင်အား Campaign လေးက ဒီနေ့ဆိုရင် ၁ လပြည့်သွားပါပြီ

Campaign Target 25% သာရရှိခဲ့ပြီး လိုအပ်ချက်များဖြည့်စည်းရန် လိုအပ်နေသေးတာမလို့ Campaign ကာလကို Nov 15 မှ Dec 15 ရက်နေ့ထိ ၁ လ ထပ်ထိုးလိုက်ကြောင်း ကြေငြာအပ်ပါသည်။

Campaign မှရရှိခဲ့သည့် 25 % ကို ရဲဘော်များအတွက် ကျည်ကာဦးထုပ်၊ ကျည်ကာပြားများ ဦးစား‌ပေးတပ်ဆင်ပေးမှာဖြစ်ပြီး ပစ္စည်းများရောက်ရှိပါက ထပ်မံ ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

စ-စ်ရေးလိုအပ်ချက်ကြောင့် တစ်နိုင်ငံလုံးရှိ အခြားတပ်ရင်းတပ်ဖွဲ့များမှလည်း Campaign များပြုလုပ်နေရခြင်းဖြစ်ပြီး မိမိတို့တပ်ရင်းသည်လဲ တာဝန်ကျရာဒေသ၌ ကျရာတာဝန်ကိုထမ်းဆောင်နေပြီး မိမိတို့ မျိုးဆက်သစ်လူငယ် ရဲဘော်များ အထိခိုက်အကျဆုံး အနည်းဆုံးဖြစ်စေဖို့ အကာကွယ်ပစ္စည်းများတပ်ဆင်ပေးရန်အတွက် မိဘပြည်သူတို့အား အကူညီတောင်းခံရခြင်းဖြစ်ပါတယ် 🙏🙏🙏

ကမ်ပိန်းမှာ ပါဝင်ကူညီကျမယ့် မိဘပြည်သူများအနေနဲလည်းကျွန်တော်တို့ 👇👇https://www.facebook.com/dawnafundraisingteam page
လင့်မှ တဆင့် သက်ဆိုင်ရာ OFP နိင်ငံတကာ FR များနဲ့ SCF platform မှာပါဝင်လို့ရပါတယ်။




#ဒေါနတပ်ရင်း
#နွေဦးစုဗူး

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးဝါးများ၀ယ်ယူရန်အလှူငွေ (၂၅၄၁၉၆)ကျပ်အ...
16/11/2025

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးဝါးများ၀ယ်ယူရန်
အလှူငွေ (၂၅၄၁၉၆)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့်သူငယ်ချင်းများအား
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

30/10/2025

Victory Spear ဒေါနအင်အား ကမ်ပိန်းအတွက် ပြုလုပ်တဲ့သံစဉ်များနဲ့ည အစီအစဉ်လေးရောက်လာပါပြီနော်။
အထူးတိုင်း စစ်ဌာန ဒေါန တပ်ရင်း အတွက် လိုအပ်သော
- ကျည်ကာပြား၊ ကျည်ကာဦးထုတ်နှင့် စစ်အသုံးဆောင်များ
- ဆက်သွယ်ရေးကွန်ယက်များအတွက် ဆက်သွယ်ရေးစက်များ
- အရံရိက္ခာတို့ ဖြည့်တင်းဖို့အတွက် ဖြစ်ပါတယ်

ပါဝင်ကူညီကျမယ့် မိဘပြည်သူများအနေနဲ့လည်း
နိုင်ငံတကာ FR link မှ တဆင့် ပါဝင် ကူညီ ပေးနိုင်ပါပြီ https://www.facebook.com/share/p/1DaFn16m4o/

Spring Crowd Funds (SCF Platform)မှာလည်းပါဝင်လို့ရပါတယ်ဗျ။

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးဝါးများ၀ယ်ယူရန်အလှူငွေ (၃၇၄၄၈၀)ကျပ်အ...
11/10/2025

စစ်အာဏာရှင်စနစ်တိုက်ထုတ်‌ရေးနှင့်‌ နွေဦး‌‌တော်လှန်‌ရေးအတွက်
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးဝါးများ၀ယ်ယူရန်
အလှူငွေ (၃၇၄၄၈၀)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့်သူငယ်ချင်းများအား
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ရဲဘော်များကျန်းမာ‌ရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန် ဆေးအလှူငွေ (၃၀,၀၀၀)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော ကညောမူ အား...
18/08/2025

ရဲဘော်များကျန်းမာ‌ရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန် ဆေးအလှူငွေ (၃၀,၀၀၀)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော
ကညောမူ အား
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ဩဂုတ်လအတွက် ထီထိုပြီးကြပြီလားခင်ဗျ🍀ကျွန်တော်တို့ရဲ့ ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှာလည်း ထောက်ပို့ထီများ ဝယ်ယူအားပေးရင်း ကံထူးရှ...
15/08/2025

ဩဂုတ်လအတွက် ထီထိုပြီးကြပြီလားခင်ဗျ🍀

ကျွန်တော်တို့ရဲ့ ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှာလည်း ထောက်ပို့ထီများ ဝယ်ယူအားပေးရင်း ကံထူးရှင်ဖြစ်ဖို့ ဖိတ်ခေါ်ပါရစေခင်ဗျ🍀🍀🍀

#ထောက်ပို့ထီ
#သိန်း၁၀၀၀
#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ရဲဘော်များကျန်းမာ‌ရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန် ဆေးအလှူငွေ (၅၀,၀၀၀)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော စအောင်ဖြို...
15/08/2025

ရဲဘော်များကျန်းမာ‌ရေးအတွက် လိုအပ်သော ဆေးဝါးများဝယ်ယူနိုင်ရန် ဆေးအလှူငွေ (၅၀,၀၀၀)ကျပ်အား ပါဝင်လှူဒါန်းပေးပါသော စအောင်ဖြိုးကျော်အား
ဒေါနတပ်ရင်းဆေးတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ရဲဘော်များအတွက် လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးအသုံးစရိတ်များကို လစဉ်မပြတ် လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့် သူငယ်ချင...
13/08/2025

ရဲဘော်များအတွက် လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးအသုံးစရိတ်များကို လစဉ်မပြတ်
လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့် သူငယ်ချင်းများအား ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးတပ်သားရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်ခင်ဗျ။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

ရဲဘော်များအတွက် လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးအသုံးစရိတ်များကို လစဉ်မပြတ် လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့် သူငယ်ချင...
15/07/2025

ရဲဘော်များအတွက် လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးအသုံးစရိတ်များကို လစဉ်မပြတ်
လှူဒါန်းပေးပါသော မနန်းသော်တာဦးနှင့် သူငယ်ချင်းများအား ဒေါနတပ်ရင်းဆေးတပ်ဖွဲ့ ဆေးတပ်သားရဲဘော်များမှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါတယ်။

#ဒေါနတပ်ရင်းဆေးတပ်ဖွဲ့

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dawna Medic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram