Shwe Min Medical Laboratory & Clinic

Shwe Min Medical Laboratory & Clinic To give all walks of life, the facility of medical check-up at primacy healthcare clinics.

🎗️ 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 🎗️🎗️ယနေ့ဖေဖော်ဝါရီ (၄) ရက်နေ့ကဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ကင်ဆာရောဂါနေ့ 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 ပဲဖြစ်...
04/02/2026

🎗️ 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 🎗️

🎗️ယနေ့ဖေဖော်ဝါရီ (၄) ရက်နေ့ကဆိုရင် တစ်ကမ္ဘာလုံးဆိုင်ရာ ကမ္ဘာ့ကင်ဆာရောဂါနေ့ 𝐖𝐨𝐫𝐥𝐝 𝐂𝐚𝐧𝐜𝐞𝐫 𝐃𝐚𝐲 ပဲဖြစ်ပါတယ်

🩸ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ် (Cells) လေးတွေဟာ ပုံမှန်ဆိုရင် စနစ်တကျ ပွားများပြီး အိုဟောင်းသွားရင် သေဆုံးသွားရပါတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ဒီဆဲလ်တွေရဲ့ DNA ထဲမှာ ချို့ယွင်းချက်ဖြစ်ပြီး ထိန်းချုပ်မရအောင် ပွားများလာတဲ့အခါမှာတော့ ကင်ဆာအကျိတ် (Tumor) တွေ ဖြစ်လာတာပါ

💁‍♂️ကင်ဆာရောဂါ ဖြစ်ရတဲ့အကြောင်းရင်းတွေကတော့ ပတ်ဝန်းကျင်ရှိ ဆေးလိပ်ငွေ့၊ ဓာတ်ရောင်ခြည်နှင့် အန္တရာယ်ရှိသော ဓာတုပစ္စည်းများနှင့် ထိတွေ့ခြင်း၊ အရက်သောက်ခြင်း၊ ကျန်းမာရေးနှင့် မညီညွတ်သော အစားအစာများ စားခြင်းနှင့် မိသားစုထဲမှာ ကင်ဆာဖြစ်ဖူးသူရှိခြင်း တို့ကြောင့်ပဲဖြစ်ပါတယ်

ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့-

🔶ဆေးလိပ်သောက်သူများနှင့် မီးခိုးငွေ့ထိတွေ့သူများတွင် အဖြစ်များတဲ့အဆုတ်ကင်ဆာ၊

🔶အမျိုးသမီးများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်တဲ့ ရင်သားကင်ဆာ

🔶အရက်ကြောင့် အဖြစ်များတဲ့ အသည်းကင်ဆာ

🔶စားသောက်မှုပုံစံနှင့် အဝလွန်ခြင်းကြောင့် ဖြစ်တတ်တဲ့ အူမကြီးကင်ဆာ

🔶HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားတတ်တဲ့ သားအိမ်ခေါင်းကင်ဆာ တို့ပဲဖြစ်ပါတယ်

ကင်ဆာရောဂါဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမဲ့ အသက် (၅၀) ကျော် လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေက အားနည်းလာတာကြောင့် ဖြစ်နိုင်ခြေ ပိုများလာပါတယ်

ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ လူနေမှုပုံစံပြောင်းလဲမှုတွေကြောင့် လူငယ်ပိုင်း (အသက် ၂၀၊ ၃၀ ဝန်းကျင်) တွေမှာပါ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာတာကို တွေ့ရှိရပါတယ် 📉

ဒါဆို ကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ?

👉 ဆေးလိပ်နှင့် အရက်ရှောင်ပါ၊အသီးအနှံများများစားပါ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ၊ ကာကွယ်ဆေးထိုးပါ၊ ဆေးစစ်ချက်များကိုစောစောစီးစီး စစ်ဆေးပါ၊ လိုအပ်တဲ့ကုသမှုအတွက် ကျွမ်းကျင်ဆရာဝန်ကြီးများဆီမှာ ဆွေးနွေးပြီး ကုသမှုခံယူပါ

ကင်ဆာကို ၁၀၀% မတားဆီးနိုင်ပေမယ့် ရောဂါကို အစောပိုင်းမှာ သိရှိရင် ပျောက်ကင်းအောင် ကုသနိုင်ခြေ အရမ်းများပါတယ်။ ဒါ့အပြင် သွေးစစ်ရုံနဲ့ ကင်ဆာဖြစ်နိုင်ခြေကို စစ်ဆေးနိုင်တယ့်အပြင် Ultrasound & Diagnostic Tests များဖြင့်လည်း အကျိတ်အဖုများ ရှိ၊ မရှိ စစ်ဆေးကုသနိုင်ပါတယ် 🩺

ဒါကြောင့် မိမိရဲ့ခန္ဓာကိုယ်မှာ ပုံမှန်မဟုတ်တဲ့ အကျိတ်အဖုတွေ စမ်းမိတာ၊ အနာမကျက်တာနဲ့ ထူးခြားတဲ့ ပြောင်းလဲမှု တစ်ခုခုကို သတိပြုမိတယ်ဆိုရင် မပေါ့ဆပါနဲ့။ ကင်ဆာရောဂါဟာ စောစောသိ၊ စောစောကုသနိုင်လေ ပျောက်ကင်းဖို့ အခွင့်အလမ်း ပိုများလေဖြစ်တာကြောင့် နီးစပ်ရာ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 တွေမှာ ဆရာဝန်ကြီးများနှင့် အမြန်ဆုံး ပြသဆွေးနွေးပြီး လိုအပ်တဲ့ စစ်ဆေးမှုများ ခံယူသင့်ကြောင်း မျှဝေပေးလိုက်ပါတယ် 🤗

References:

1.https://www.worldcancerday.org/
2.https://www.who.int/news-room/fact-sheets/detail/cancer

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ✨ ရွှေမင်း အဆင့်မြင်...
02/02/2026

🩺 အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ

✨ ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်ပထမအပတ်၏ စနေနေ့တိုင်း၊ အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

📌 ဖေဖော်ဝါရီလအတွက် အခမဲ့ကုသပေးမည့်ရက်(၇.၂.၂၀၂၆ )၊ မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအထိ

☎️ ကြိုတင်စာရင်းပေးသွင်းရန် -
အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

💁‍♂️ နှစ်စဉ် 𝐉𝐚𝐧𝐮𝐚𝐫𝐲 လကိုတော့ 𝐖𝐨𝐫𝐥𝐝 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡 လို့ သတ်မှတ်ထားပြီး သိုင်းရွိုက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိ...
26/01/2026

💁‍♂️ နှစ်စဉ် 𝐉𝐚𝐧𝐮𝐚𝐫𝐲 လကိုတော့ 𝐖𝐨𝐫𝐥𝐝 𝐓𝐡𝐲𝐫𝐨𝐢𝐝 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡 လို့ သတ်မှတ်ထားပြီး သိုင်းရွိုက်ကျန်းမာရေးနဲ့ ပတ်သက်ပြီး အသိပညာပေး လှုပ်ရှားမှုများကို လုပ်ဆောင်ကြပါတယ်။ ဒါကြောင့် ရွှေမင်းကလည်း ဒီနေ့မှာ သိုင်းရွိုက်ဆိုတာ ဘယ်လိုရောဂါမျိုးလဲ၊ ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေနဲ့ ကာကွယ်နိုင်မယ့် နည်းလမ်းတွေအကြောင်းကို မျှဝေပေးချင်ပါတယ်

သိုင်းရွိုက် (Thyroid) ဝေဒနာဟာ ယနေ့ခေတ်မှာ လူလတ်ပိုင်းနဲ့ အမျိုးသမီးတွေကြား သိသိသာသာ အဖြစ်များလာတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ အဓိကအဖြစ်များတယ်ဆိုပေမဲ့ အမျိုးသားတွေမှာလည်း ဖြစ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ စနစ်တကျကုသရင်တော့ ပျောက်ကင်းနိုင်တဲ့ရောဂါမျိုးဖြစ်ပါတယ် 🩸

သိုင်းရွိုက်ဆိုတာကတော့ လည်ပင်းအရှေ့ဘက်မှာရှိတဲ့ လိပ်ပြာပုံသဏ္ဌာန် ဂလင်းလေးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) တွေကို ထိန်းညှိပေးတဲ့ ဟော်မုန်းတွေကို ထုတ်လုပ်ပေးပါတယ်။ သိုင်းရွိုက်ဂလင်းမှာ ပုံမှန်မဟုတ်ဘဲ ဟော်မုန်းအထွက်လွန်ခြင်း၊ အထွက်နည်းခြင်းနဲ့ အကျိတ်ဖြစ်ခြင်းတို့ကို သိုင်းရွိုက်ရောဂါလို့ ခေါ်တာဖြစ်ပါတယ် ❗️

ဖြစ်ပွားရတဲ့ အကြောင်းရင်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်…

📌 Gender: အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုမိုဖြစ်ပွားလေ့ရှိပါတယ်

📌 Autoimmune Disease: ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က သိုင်းရွိုက်ဂလင်းကို မှားယွင်းတိုက်ခိုက်မိတဲ့ အခြေအနေတွေကြောင့် ဖြစ်တတ်ပါတယ်

📌 Family History: မိသားစုမျိုးရိုးထဲမှာ သိုင်းရွိုက်ဝေဒနာ ခံစားဖူးသူရှိရင်လည်း ဖြစ်နိုင်ခြေ ပိုများပါတယ်

ရောဂါလက္ခဏာတွေအနေနဲ့

သိုင်းရွိုက်ရောဂါဟာ အမျိုးအစားပေါ်မူတည်ပြီး လက္ခဏာကွဲပြားနိုင်ပါတယ်

👉အကြောင်းရင်းမရှိဘဲ ကိုယ်အလေးချိန် အလွန်အမင်းကျခြင်း သို့မဟုတ် တက်လာခြင်း၊

👉ရင်တုန်ခြင်း၊ လက်တုန်ခြင်းနှင့် ဂဏာမငြိမ်ဖြစ်ခြင်း၊

👉အမြဲတမ်း နုံးချည့်နေခြင်းနှင့် အအေးဒဏ်/အပူဒဏ်ကို မခံနိုင်ခြင်း၊

👉လည်ပင်းတွင် သိသာသော အလုံးအကျိတ်များ စမ်းမိခြင်း၊

👉ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်းနှင့် ဝမ်းချုပ်ခြင်း တို့ဖြစ်ပါတယ်

‼️ သိုင်းရွိုက်ရောဂါကို အချိန်မီမကုသနိုင်ရင် နှလုံးထိခိုက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မှတ်ဉာဏ်ချို့ယွင်းခြင်း၊ သားသမီးရရှိရန် ခက်ခဲခြင်း၊ အရိုးပွခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ လည်ပင်ကြီးလာခြင်း၊ အသက်ရှုရခက်ခဲခြင်း၊ အစာမျိုရခက်ခဲခြင်း စတဲ့ ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်

ဒါကြောင့် သိုင်းရွိုက်ရောဂါကို သွေးစစ်ဆေးပြီး ဟော်မုန်းပမာဏကို ကြည့်ပြီး ဆေးဝါးဖြင့် ကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်းနှင့် လိုအပ်ပါက ခွဲစိတ်ကုသခြင်းတို့ဖြင့် ထိထိရောက်ရောက် ကုသနိုင်ပါတယ် 🩺

အဓိကကတော့ အခြားရောဂါတွေလိုပဲ စောစောသိပြီး စောစောကုသနိုင်လေ နောက်ဆက်တွဲဆိုးကျိုးတွေကို ကြိုတင်ကာကွယ်နိုင်လေ ဖြစ်တာမို့ ကိုယ့်မှာ သိုင်းရွိုက်နဲ့ပတ်သက်တဲ့ လက္ခဏာတစ်ခုခု ခံစားနေရတယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဆွေးနွေး စစ်ဆေးသင့်ပါတယ်

မပေါ့ဆသင့်တဲ့ Thyroid ရောဂါကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ သွေးစစ်ဆေးမှုတွေကို 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 မှာ စစ်ဆေးပြီး ကျွမ်းကျင်ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးနိုင်ကြောင်းလည်း အသိပေးမျှဝေလိုက်ပါတယ်

☎️ Booking ယူပြီးစစ်‌ဆေးရန်-
09-79 5555 443 ၊ 09-740 994450

📌 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (စမ်းချောင်း) နှင့် (လှိုင်) မြို့နယ်တွင် အောက်ပါရာထူးမ...
21/01/2026

📌 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (စမ်းချောင်း) နှင့် (လှိုင်) မြို့နယ်တွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းခေါ်ယူနေပါသည်

💼 𝐒𝐮𝐩𝐞𝐫𝐯𝐢𝐬𝐨𝐫 - 𝟏 𝐏𝐨𝐬𝐭 (လှိုင်)

✅ Supervisor အတွေ့အကြုံ အနည်းဆုံး (၂)နှစ်ရှိသူဖြစ်ရပါမည်။
✅ ဘွဲ့တစ်ခုခုရရှိထားသူဖြစ်ပြီး Administration / Management ဘွဲ့ (သို့) Diploma တစ်ခုခုပြသနိုင်သူဖြစ်ရပါမည်။
✅ Computer Basic (Word & Excel) နှင့် Internet (Email & Facebook) ကျွမ်းကျင်စွာအသုံးပြုနိုင်ရပါမည်။
✅ ဝန်ထမ်းများရဲ့ Daily tasks များကို Assistant ခွဲပေးနိုင်ပြီး Performance တိုင်းကို Monitor လုပ်ပေးနိုင်ရပါမည်။
✅ ဆေးခန်း သို့မဟုတ် ဆေးရုံတွင် Supervisor ရာထူးဖြင့်လုပ်ကိုင်ဖူးသူဦးစားပေးပါမည်။
✅ ဆက်ဆံရေးကောင်းမွန်ပြေပြစ်ပြီး ကောင်းမွန်သော စာရိတ္တနှင့် သင်ယူလိုစိတ်ရှိရပါမည်။
✅ အသင်းအဖွဲ့နှင့်လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
✅ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တက်ရပါမည်။
✅ ကျွမ်းကျင်မှုအပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။

💻 𝐂𝐥𝐢𝐧𝐢𝐜 𝐑𝐞𝐜𝐞𝐩𝐭𝐢𝐨𝐧𝐢𝐬𝐭 - 𝟐 𝐏𝐨𝐬𝐭𝐬 (လှိုင်၊ စမ်းချောင်း)

✅ ဘွဲ့တစ်ခုခုရရှိပြီး Computer ကျွမ်းကျင်စွာသုံးတတ်ရမည်။ (Office Apps, E-mail)
✅ Receptionist အတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရမည်။
✅ အသက် ၂၀ - ၂၇ အတွင်းဖြစ်ရမည်။
✅ လုပ်ငန်းအတွေ့အကြုံရှိပြီး နေ့စဉ်စာရင်းများ သေချာစနစ်တကျ လုပ်ကိုင်နိုင်သူဖြစ်ရမည်။
✅ ရုပ်ရည်ချောမောပြေပြစ်ပြီး ဖုန်းကောင်းမွန်စွာဖြေကြားနိုင်သူဖြစ်ရမည်။
✅ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်ရမည်။

လစာညှိနှိုင်း + အချိန်ပိုကြေး + ရက်မှန်ကြေး + ၃ လပြည့်လျှင် လစာတိုးပေးခြင်းနှင့် အခြားခံစားခွင့်များ ရရှိပါမည်။

💢 လျောက်ထားလိုသူများသည် လိုအပ်သည့် စာရွက်စားတမ်းများဖြင့် -
📌 အမှတ် (၁၂/က)၊ မယ်ဇီကုန်းလမ်း (သံလမ်း)၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊

CV Form များကို Viber ဖုန်းနံပါတ် 09 740 994 461 သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

🥑 ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ် (𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐅𝐚𝐭𝐬) များ ကြွယ်ဝစွာ ပါဝင်ရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြ...
20/01/2026

🥑 ထောပတ်သီးဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အဆီဓာတ် (𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐅𝐚𝐭𝐬) များ ကြွယ်ဝစွာ ပါဝင်ရုံတင်မကဘဲ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်ပေါင်းများစွာ စုစည်းနေတဲ့ '𝐒𝐮𝐩𝐞𝐫𝐟𝐨𝐨𝐝' အသီးတစ်မျိုး ဖြစ်ပါတယ်။

ဒါကြောင့် ထောပတ်သီးကို ဖျော်ရည်အဖြစ်ဖြစ်စေ၊ အသီးအတိုင်းဖြစ်စေ ပုံမှန်စားသုံးပေးမယ်ဆိုရင်

🥑အဆီဓာတ်် (𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐅𝐚𝐭𝐬) ပါဝင်လို့ နှလုံးကျန်းမာရေးကို ကောင်းမွန်စေပြီး သွေးတွင်းကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း

🥑 𝐅𝐨𝐥𝐚𝐭𝐞 (𝐁𝟗) ကြွယ်ဝစွာပါဝင်လို့ ဦးနှောက်ဆဲလ်များကို အားကောင်းစေပြီး မှတ်ဉာဏ်စွမ်းရည်ကို မြှင့်တင်ပေးနိုင်ခြင်း

🥑 အမျှင်ဓာတ် (𝐅𝐢𝐛𝐞𝐫) များစွာပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ခြင်း

🥑 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐄 နှင့် 𝐀𝐧𝐭𝐢𝐨𝐱𝐢𝐝𝐚𝐧𝐭 များပါဝင်လို့ ဆောင်းရာသီမှာ အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး နုပျိုစိုပြေစေခြင်း

🥑 𝐋𝐮𝐭𝐞𝐢𝐧 ဓာတ်ပါဝင်လို့ ဖုန်းနဲ့ ကွန်ပျူတာ အကြည့်များသူများအတွက် အမြင်အာရုံကို အထောက်အကူပြုပြီး မျက်စိကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်ခြင်းစတဲ့ အကျိုးကျေးဇူးတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ထောပတ်သီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အမြောက်အမြား ပါဝင်တာကြောင့် သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အသီးတစ်လုံးရဲ့ထက်ဝက် (သို့) တစ်လုံးခန့် ပုံမှန်စားသုံးပေးသင့်သလို၊ ဖျော်ရည်အဖြစ်လည်း သောက်သုံးပေးနိုင်ပါတယ်။

ဘယ်အရာမဆို "တန်ဆေး လွန်ဘေး" ဆိုတာ ရှိတာမို့ ထောပတ်သီးဟာ ကယ်လိုရီပါဝင်မှု မြင့်မားတာကြောင့် အလွန်အကျွံ စားသုံးရင်တော့ ကိုယ်အလေးချိန် တိုးလာနိုင်ပါတယ်။ ဒါ့အပြင် ဆီးချိုသမားများအနေနဲ့ ထောပတ်သီးကို ဖျော်ရည်အဖြစ် သောက်သုံးတဲ့အခါ သကြား၊ နို့ဆီတို့နဲ့ အလွန်အကျွံ ရောစပ်တာထပ် အသီးရဲ့သဘာဝအရသာအတိုင်း စားသုံးတာက ပိုမိုသင့်တော်တယ်လို့ လေ့လာတွေ့ရှိပါကြောင်း 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 က မျှဝေလိုက်ပါတယ် ✅

References:
1.https://nutritionsource.hsph.harvard.edu/avocados/
2.https://www.webmd.com/diet/ss/slideshow-avocados-health-benefits

❄️ အခုလို အေးမြတဲ့ ဆောင်းရာသီမှာ သွေးကြောတွေ ပိုကျုံ့လွယ်ပြီး သွေးပေါင်ချိန်တက်လွယ်တာကြောင့် လေဖြတ်၊ လေဖြန်းခြင်းဟာ အခြာ...
16/01/2026

❄️ အခုလို အေးမြတဲ့ ဆောင်းရာသီမှာ သွေးကြောတွေ ပိုကျုံ့လွယ်ပြီး သွေးပေါင်ချိန်တက်လွယ်တာကြောင့် လေဖြတ်၊ လေဖြန်းခြင်းဟာ အခြားအချိန်တွေထက် ပိုပြီးအဖြစ်များကြပါတယ်။ ဒါကြောင့် ရွှေမင်းကလည်း လေဖြတ်၊လေဖြန်းခြင်းရောဂါအကြောင်းကို ဗဟုသုတရဖွယ်မျှဝေပေးသွားမှာဖြစ်ပါတယ်။

🧬 လေဖြန်းခြင်းက လေဖြတ်ခြင်းရဲ့ရောဂါလက္ခဏာအစဖြစ်ပြီး ပုံမှန်အားဖြင့် အာရုံကြောထဲ ခဏတာသွေးရောက်ရှိမှု ပြတ်လပ်သွားတဲ့ ရောဂါ ပုံစံမျိုးဖြစ်ပါတယ်။ အထူးသဖြင့် လေဖြန်းပြီး (၄၈)နာရီအတွင်းမှာ လေဖြတ်မှုနှုန်း ပိုများပါတယ်

🩸လေဖြတ်ခြင်းကတော့ ဦးနှောက်ဆဲလ်လေးတွေ ပျက်စီးသွားတာ၊ လုံးဝ အလုပ်မလုပ်နိုင်တော့တာမျိုးဖြစ်ပါတယ်။ဒီရောဂါဟာ ရုတ်တရက် အချိန်မရွေးဖြစ်ပွားတတ်ပြီး နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးများပါ ခံစားရနိုင်တဲ့အတွက် ရှေ့ပြေးလက္ခဏာတွေကို ကြိုတင်သိရှိထားဖို့နဲ့ စနစ်တကျကာကွယ်ဖို့က ပိုအရေးကြီးပါတယ်

💁‍♂️ ခံစားရနိုင်တဲ့ ရှေ့ပြေးလက္ခဏာတွေကတော့

- ကိုယ်တစ်ခြမ်း ထုံကျဉ်ခြင်း၊ အားလျော့ခြင်း
- စကား မပြောနိုင်ခြင်း၊ နားမလည်ခြင်း
- မူးဝေခြင်း၊ ဟန်ချက် မထိန်းနိုင်ခြင်း
- နှစ်ထပ်မြင်ခြင်း၊ မျက်လုံး တစ်ဖက်တည်း (သို့) နှစ်ဖက်လုံး မမြင်ရတောခြင်း
စတဲ့ လက္ခဏာတွေ ပြတတ်ပါတယ်။

📍ဆီးချို၊ သွေးတိုး၊ ကိုလက်စထရောများခြင်း၊အထိုင်များတဲ့ လူနေမှုပုံစံနဲ့ စိတ်ဖိစီးမှုတွေကြောင့် လေဖြတ်ခြင်းဟာ အသက် (၅၅) နှစ်နှင့်အထက် လူကြီးပိုင်းတွေမှာ အဖြစ်များရုံတင်မကဘဲ အခုနောက်ပိုင်းမှာတော့ အသက် (၂၀) မှ (၅၀) ကြား လူငယ်နှင့် လူလတ်ပိုင်းတွေမှာပါ သိသိသာသာ အဖြစ်များလာကြပါတယ်။

ဒါ့အပြင် လေ့လာတွေ့ရှိမှုတွေအရ အမျိုးသားများက အမျိုးသမီးများထက် ငယ်ရွယ်တဲ့ အသက်အရွယ်မှာတင် လေဖြတ်နိုင်ခြေ ပိုများတတ်ပါတယ်။ မိသားစုမျိုးရိုးထဲမှာ လေဖြတ်ခဲ့သူရှိခြင်းကလည်း လေဖြတ်နိုင်ခြေကို ပိုမိုမြင့်တက်စေပါတယ်။

ဒါဆို လေဖြတ်၊ လေဖြန်းခြင်းကို ဘယ်လိုနည်းစနစ်တကျကာကွယ်ရမလဲ 🤷🏻‍♀️

✅ သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ပါ

✅ အငန်၊ အချိုနှင့် ဆီကြော်စာများ လျှော့စားပြီး အာဟာရရှိတာကို ရွေးချယ်ပါ

✅ သွေးလည်ပတ်မှုကောင်းစေရန် တစ်နေ့ မိနစ် (၃၀) ခန့် ပုံမှန်လမ်းလျှောက်ပါ

✅ သွေးကြောကို ပျက်စီးစေသော ဆေးလိပ်နှင့် အရက်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ

✅ ဆီးချို၊ နှလုံးနှင့် သွေးတွင်းအဆီဓာတ်များကို သိရှိနိုင်ရန်အတွက် ပုံမှန်စစ်ဆေးမှု ပြုလုပ်ပါ

ရောဂါဆိုတာမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးကုသမှုဖြစ်တာကြောင့် လူကြီးမင်းတို့ရဲ့ နှလုံးကျန်းမာရေးနဲ့ ဆီးချို၊ အဆီဓာတ် အခြေအနေတွေကို သိရှိနိုင်ဖို့ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐢𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 မှာ ပုံမှန်လာရောက်စစ်ဆေးပြီး ကျန်းမာစွာ နေထိုင်လိုက်ပါ

☎️ Booking ယူပြီးစစ်‌ဆေးရန်-
09-79 5555 443 ၊ 09-740 994450

ဆေးရုံ၊ဆေးခန်းသွားပြီး ဓာတ်မှန်နဲ့ Ultrasound ရိုက်ဖို့ အခက်အခဲရှိသူများအနေနဲ့ ရွှေမင်းနဲ့ဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ ...
11/01/2026

ဆေးရုံ၊ဆေးခန်းသွားပြီး ဓာတ်မှန်နဲ့ Ultrasound ရိုက်ဖို့ အခက်အခဲရှိသူများအနေနဲ့ ရွှေမင်းနဲ့ဆိုရင် အိမ်မှာပဲ လွယ်လွယ်ကူကူ ရိုက်နိုင်ပါပြီ 👨🏻‍⚕️

အတက်အဆင်းခက်တဲ့ ဖိုးဖိုးဖွားဖွားတွေ၊ နာတာရှည်လှဲလျောင်းလူနာတွေနဲ့ သွားလာရခက်ခဲတဲ့ လူနာတွေအတွက် ရွှေမင်းရဲ့အိမ်အရောက် (Home Service) ကျန်းမာရေးဝန်ဆောင်မှုက အကောင်းဆုံးအဖြေဖြစ်မှာပါ 📣

🩺 ဆေးရုံမှာရှိတဲ့ စက်ကြီးတွေအတိုင်း နောက်ဆုံးပေါ် နည်းပညာသုံး 𝐃𝐢𝐠𝐢𝐭𝐚𝐥 𝐗-𝐑𝐚𝐲 စက်ဖြင့် အိမ်အရောက် လာရောက်ရိုက်ကူးပေးတဲ့အပြင်...

🩺 ဓာတ်မှန်အထူးပြုဆရာဝန်ကြီးကိုယ်တိုင် 𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝 စက်ကြီးများဖြင့် ဝမ်းဗိုက်၊ ရင်သား(အလုံးအကျိတ်)၊ ကိုယ်ဝန်ဆောင် (Anomaly Scan)၊ Doppler နှင့် TVS တို့ကို စနစ်တကျ စစ်ဆေးပေးပါတယ်

🗒️ ရရှိလာတဲ့ ကျန်းမာရေးရလဒ်အတွက် ဆရာဝန်ကြီးများကိုယ်တိုင်အဖြေထုတ်ပေးပြီး အဖြေလွှာကို အိမ်တိုင်ရာရောက် ပြန်လည်ပို့ဆောင်ပေးပါတယ်

🔬 ဒါ့အပြင် ရောဂါရှာဖွေရုံတင်မကဘဲ ဆရာဝန်များမှကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG ဆွဲခြင်းနှင့် အိမ်အရောက် Medical Check Up Package များ၊ နာတာရှည်လူနာများအတွက် အထူးပြုစုစောင့်ရှောက်ခြင်း (Nursing Care) ဝန်ဆောင်မှုများကိုလည်း Home Service နဲ့အတူ အိမ်မှာတင် ကုသမှုရယူနိုင်ပါတယ်

ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းများမှာ အိမ်အရောက်ကျန်းမာရေးဝန်ဆောင်မှုများကို ရယူမယ်ဆိုရင်တော့ အောက်ပါ ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်။

➡️ လှိုင် Clinic - 09 79 5555 443, 09 88 5555 443
➡️ စမ်းချောင်း Clinic - 09 25555 2124, 09 740 9944 70
➡️ သင်္ဃန်းကျွန်း Clinic - 09 25555 2126, 09 740 9944 60

🎗️သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ စောစောစီးစီးသိရှိထားရင် ပျ...
10/01/2026

🎗️သားအိမ်ခေါင်းကင်ဆာရောဂါဟာ ကမ္ဘာတစ်ဝှမ်းရှိ အမျိုးသမီးတွေမှာအဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမဲ့ စောစောစီးစီးသိရှိထားရင် ပျောက်ကင်းအောင်ကုသနိုင်တဲ့ ကင်ဆာရောဂါမျိုးလည်း ဖြစ်ပါတယ်။

နှစ်စဉ် 𝐉𝐚𝐧𝐮𝐚𝐫𝐲 လကိုတော့ 𝐖𝐨𝐫𝐥𝐝 𝐂𝐞𝐫𝐯𝐢𝐜𝐚𝐥 𝐂𝐚𝐧𝐜𝐞𝐫 𝐀𝐰𝐚𝐫𝐞𝐧𝐞𝐬𝐬 𝐌𝐨𝐧𝐭𝐡 လို့ သတ်မှတ်ထားပြီး သားအိမ်ခေါင်းကင်ဆာ အသိပညာပေး လှုပ်ရှားမှုများကို လုပ်‌ဆောင်ကြပါတယ်။ ဒါကြောင့် ရွှေမင်းကလည်း သားအိမ်ခေါင်းကင်ဆာအကြောင်းကိုဗဟုသုတရဖွယ် မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

👉 သားအိမ်ခေါင်းကင်ဆာဖြစ်ရခြင်းရဲ့ အဓိကတရားခံဟာ 𝐇𝐏𝐕 (𝐇𝐮𝐦𝐚𝐧 𝐏𝐚𝐩𝐢𝐥𝐥𝐨𝐦𝐚𝐯𝐢𝐫𝐮𝐬) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပါတယ်။ ဒီပိုးဟာ လိင်ဆက်ဆံခြင်းကနေတစ်ဆင့် ကူးစက်တတ်ပြီး ခန္ဓာကိုယ်ထဲမှာ နှစ်ရှည်လများ ရှိနေရာကနေ သားအိမ်ခေါင်းဆဲလ်တွေကို ပုံမှန်မဟုတ်ဘဲ ပြောင်းလဲစေပြီး ကင်ဆာအဖြစ်သို့ ရောက်ရှိသွားတာပါ။ ရောဂါအစပိုင်းမှာ လက္ခဏာမပြတတ်တာကြောင့် ပိုပြီး သတိထားဖို့ လိုအပ်ပါတယ်။ ရောဂါအနည်းငယ် ရင့်လာတဲ့အခါ ဖြစ်လာနိုင်တဲ့အခြေအနေတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

📍ခံစားရတတ်သောရောဂါ လက္ခဏာများ (𝐒𝐲𝐦𝐩𝐭𝐨𝐦𝐬)

🔺လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း
🔺ရာသီလာချိန်မဟုတ်ဘဲ ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း
🔺သွေးဆုံးပြီးမှ ပြန်လည်သွေးဆင်းခြင်း
🔺မိန်းမကိုယ်မှ အနံ့နံသော အရည်များဆင်းခြင်း
🔺ဆီးခုံ သို့မဟုတ် ခါးအောက်ပိုင်း အမြဲနာကျင်နေခြင်း

အသက် (၃၀) နှစ်မှ အသက် (၆၀) အတွင်း အမျိုးသမီးတွေမှာ အဖြစ်များလေ့ရှိပြီး မိသားစုဝင်ထဲက (မိဘ၊ မောင်နှမ၊ သားသမီး) တစ်ဦးဦးမှာ သားအိမ်ခေါင်းကင်ဆာ ဖြစ်ဖူးရင်လည်း ဖြစ်နိုင်ချေရာခိုင်နှုန်းအနည်းငယ်ရှိပါတယ် 💢

✅ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဖို့အတွက် အသက် (၉) နှစ်မှ (၄၅) နှစ်အတွင်း အမျိုးသမီးများ HPV ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ရောဂါဖြစ်နိုင်ခြေကို အများဆုံး လျှော့ချနိုင်ပါတယ်။ အိမ်ထောင်ရှိသူ သို့မဟုတ် လိင်ဆက်ဆံဖူးသူ အမျိုးသမီးများအနေနဲ့ Pap Smear (သို့) HPV DNA Test တို့ကို ပုံမှန်စစ်ဆေးခြင်းဖြင့် ကင်ဆာမဖြစ်ခင် အဆင့်မှာတင် ကြိုတင်သိရှိနိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ခြင်းကလည်း ကာကွယ်ရာ ရောက်ပါတယ်။

ဒါကြောင့် ပုံမှန်မဟုတ်တဲ့ လက္ခဏာနဲ့ ပြောင်းလဲမှုတစ်ခုခုကို သတိပြုမိတယ်ဆိုရင် နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ ဆရာဝန်နဲ့ အမြန်ဆုံး ပြသဆွေးနွေး စစ်ဆေးသင့်ပါတယ်။

🩺 သားအိမ်ခေါင်းကင်ဆာရောဂါကို စောစောစီးစီး ကာကွယ်နိုင်ဖို့အတွက် 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 မှာဆိုရင်…

🔬အမျိုးသမီးကိုယ်တွင်းပိုင်းကို 𝗨𝗹𝘁𝗿𝗮𝘀𝗼𝘂𝗻𝗱 (𝗧𝗩𝗦) ဖြင့် ဓာတ်မှန်ရိုက်စစ်ဆေးခြင်း၊

🔬𝗣𝗮𝗽 𝘀𝗺𝗲𝗮𝗿 𝗧𝗲𝘀𝘁 (သားအိမ်ခေါင်းမှဆဲလ်များကိုထုတ်ယူပြီး သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်ချေ ရှိ/မရှိစစ်ဆေးခြင်း)

🔬𝗟𝗶𝗾𝘂𝗶𝗱-𝗕𝗮𝘀𝗲𝗱 𝗖𝘆𝘁𝗼𝗹𝗼𝗴𝘆 ( 𝗟𝗕𝗖) 𝗧𝗲𝘀𝘁 (သားအိမ်ခေါင်းထဲရှိဆဲလ်များကို သိမ်းဆည်းကာစစ်ဆေးခြင်း)

🔬𝗛𝗣𝗩 𝗗𝗡𝗔 𝗧𝗲𝘀𝘁(သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေနိုင်သော HPV ပိုးရှိ/မရှိ DNA ဖြင့်စစ်ဆေးခြင်း) နှင့်

🔬လိုအပ်သော သွေးစစ်ဆေးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်းတို့ကို ပြုလုပ်နိုင်ပြီး ကျွမ်းကျင်တဲ့ သားဖွားမီးယပ် ဆရာဝန်များနှင့်တိုင်ပင်ပြသဆွေးနွေးလို့ရပါတယ်ဆိုတဲ့အကြောင်း အသိပေးမျှဝေလိုက်ပါတယ်

"သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်လို့ရပါတယ်။ မကြောက်ပါနဲ့၊ ပုံမှန်စစ်ဆေးဖို့ပဲ လိုအပ်ပါတယ်" ‼️

☎️ Booking ယူပြီးစစ်‌ဆေးရန်-
09-79 5555 443 ၊ 09-740 994450

📣 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းများတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ်များ ခေါ်ယူနေပ...
07/01/2026

📣 ရွှေမင်းအဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်းများတွင် အောက်ပါရာထူးများအတွက် ဝန်ထမ်းအသစ်များ ခေါ်ယူနေပါသည်။

𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐎𝐟𝐟𝐢𝐜𝐞𝐫
---------------
သင်္ဃန်းကျွန်းမြို့နယ် -𝟏 𝐏𝐨𝐬𝐭
စမ်းချောင်းမြို့နယ် - 𝟏 𝐏𝐨𝐬𝐭

💠 ဆမလက်မှတ်ရရှိပြီး Medical Officer အတွေ့အကြုံ (၂) နှစ်ရှိသူဖြစ်ရပါမည်။
💠 ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်ရပါမည်။
💠 မိမိအသင်းအဖွဲ့၏ Skill ကိုမြှင့်တင်နိုင်သူဖြစ်ရပါမည်။
💠 Home Visit သွားနိုင်ရပါမည်။
💠 အတွေ့အကြုံပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။

✅ Home visit fees and other referral fees
✅ ရွေမင်းဆေးခန်းများတွင်ဆေးကုသခြင်း 30 % Discount ခံစားခွင့်
✅ Duty Hour - 210 hr/month (1 - 2 day off per week)
✅ Probation Period - 3 months

📁 𝐎𝐟𝐟𝐢𝐜𝐞 𝐒𝐭𝐚𝐟𝐟 - 𝟏 𝐏𝐨𝐬𝐭 (လှိုင်မြို့နယ်)

◾️ ဘွဲ့တစ်ခုခုရရှိထားပြီး Computer ကျွမ်းကျင်စွာသုံးတတ်သူဖြစ်ရပါမည်။ (Office Apps, E-Mail)
◾️ အသက် ၂၀ မှ ၂၇ နှစ်အတွင်း ရှိသူဖြစ်ရမည်။
◾️ လုပ်ငန်းအတွေ့အကြုံရှိပြီး စာရင်းအင်းများ သေချာစနစ်တကျ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။
◾️ ရုပ်ရည်ချောမောပြေပြစ်ပြီး Office အတွေ့အကြုံရှိရပါမည်။
◾️ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်ရပါမည်။

🩺 𝐍𝐮𝐫𝐬𝐞 𝐀𝐢𝐝 - 𝟐 𝐏𝐨𝐬𝐭𝐬 (သင်္ဃန်းကျွန်းမြို့နယ်)

◾️ Nurse Aid Certificate ကိုင်ဆောင်ထားသူဖြစ်ရပါမည်။
◾️ သွေးဖောက်ကျွမ်းကျင်သူဖြစ်ပြီး ဓာတ်ခွဲခန်းသဘောတရားများကို နားလည်သူဖြစ်ရပါမည်။
◾️ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၂) နှစ်ရှိရပါမည်။
◾️ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပြီး အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်သူဖြစ်ရပါမည်။
◾️ Home Service သွားနိုင်သူဖြစ်ရပါမည်။
◾️ အသက် (၂၅) နှစ်ဝန်းကျင်ရှိသူ ဖြစ်ရပါမည်။

📍 အခြားခံစားခွင့်များနှင့်အတူ ကျွမ်းကျင်မှုပေါ်မူတည်၍ လစာညှိနှိုင်းပေးပါမည်။

📍 အထူးအခွင့်အရေးအနေဖြင့် နယ်မှလာရောက်လုပ်ကိုင်လိုသူများအတွက် နေစရာစီစဉ်ပေးပါမည်။

𝐋𝐚𝐛 𝐑𝐮𝐧𝐧𝐞𝐫 (𝟑 𝐏𝐨𝐬𝐭𝐬)
------------
💠 အသက် ၁၉ နှစ် မှ ၂၅ နှစ်အတွင်းဖြစ်ရမည်။
💠 စက်ဘီးစီးတတ်ရမည်။
💠 ကျန်းမာရေးကောင်းမွန်ရပါမည်။

✅ လစာညှိနှိုင်း + အချိန်ပိုကြေး + ရက်မှန်ကြေး
✅ ၃ လပြည့်လျှင် လစာတိုးပေးခြင်းနှင့် အခြားခံစားခွင့်များ ရရှိပါမည်။

📍 အထူးအခွင့်အရေးအနေဖြင့် နယ်မှလာရောက်လုပ်ကိုင်လိုသူများအတွက် နေစရာစီစဉ်ပေးပါမည်။

💢 လျောက်ထားလိုသူများသည် လိုအပ်သည့် စာရွက်စားတမ်းများဖြင့် -
📌 အမှတ် (၁၂/က)၊ မယ်ဇီကုန်းလမ်း (သံလမ်း)၊ (၇)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်သော်လည်းကောင်း၊ CV Form များကို Viber ဖုန်းနံပါတ် 09 740 994 461 သို့ ပေးပို့၍သော်လည်းကောင်း လျှောက်ထားနိုင်ပါသည်။

💫 “၂၀၂၆ နှစ်သစ်အခါ”မှာ မိတ်ဆွေတွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာပြီး ပျော်ရွှင်တဲ့ နေ့ရက်သစ်တွေကို ပိုင်ဆိုင်ပါစေလို့ 𝐒𝐡𝐰...
01/01/2026

💫 “၂၀၂၆ နှစ်သစ်အခါ”မှာ မိတ်ဆွေတွေအားလုံး စိတ်ရောကိုယ်ပါ ကျန်းမာပြီး ပျော်ရွှင်တဲ့ နေ့ရက်သစ်တွေကို ပိုင်ဆိုင်ပါစေလို့ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 မေတ္တာဆုမွန်ကောင်း တောင်းပေးအပ်ပါတယ် 🙏

🧑🏻‍⚕️ အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။💊 ရွှေမင်း အဆင့...
31/12/2025

🧑🏻‍⚕️ အထွေထွေရောဂါကုဆရာဝန်နှင့် အခမဲ့တိုင်ပင်ပြသနိုင်မယ့် အခွင့်အရေးအတွက် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ။

💊 ရွှေမင်း အဆင့်မြင့်ရောဂါရှာဖွေရေးဓာတ်ခွဲခန်းနှင့် အထူးကုဆေးခန်း (သင်္ဃန်းကျွန်း) တွင် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်ပေးရန်အတွက် လစဉ်ပထမအပတ်၏ စနေနေ့တိုင်း၊ အထွေထွေရောဂါကုဆရာဝန်ဖြင့် အခမဲ့တိုင်ပင်ဆွေးနွေးပြသနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

(လူဦးရေကန့်သတ်ထားပါသဖြင့် ကြိုတင်စာရင်းပေးသွင်းရန် မေတ္တာရပ်ခံအပ်ပါသည်)

📌 ဇန်နဝါရီလအတွက် အခမဲ့ကုသပေးမည့်ရက်
(၃.၁.၂၀၂၆ )၊ မနက် (၈) နာရီမှ နေ့လယ် (၁၂) နာရီအထိ။

☎️ ကြိုတင်စာရင်းပေးသွင်းရန် -
အမှတ် (၄၅၄၊ ၄၅၅)၊ သံသုမာလမ်း(စံပြ ၅ လမ်းထိပ်)၊ စံပြရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်
ဖုန်း - ၀၉ ၂၅၅၅၅ ၂၁၂၆၊ ၀၉ ၇၄၀၉၉၄၄၆၀

31/12/2025

ဆောင်းတွင်းမှာ နှာခေါင်းပိတ်ပြီး နေမကောင်းဖြစ်တာမျိုး မရှိရအောင် ဒီနည်းလမ်းကောင်းလေးတွေကို လက်တွေ့လုပ်ကြည့်ဖို့ 𝐒𝐡𝐰𝐞 𝐌𝐢𝐧 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐋𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫𝐲 & 𝐂𝐥𝐢𝐧𝐢𝐜 က မျှဝေပြောပြလိုက်ပါတယ် ✔️

Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 20:00
Wednesday 08:00 - 18:00
Thursday 08:00 - 20:00
Friday 08:00 - 18:00
Saturday 08:00 - 20:00
Sunday 08:00 - 18:00

Telephone

+959795555443

Website

Alerts

Be the first to know and let us send you an email when Shwe Min Medical Laboratory & Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Shwe Min Medical Laboratory & Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram