Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း

  • Home
  • Myanmar
  • Yangon
  • Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း

Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း, Medical and health, Yangon.

Telegram Link- https://t.me/DoctorforM
ဆေးခန်းPh - 09- 977944796
09-757261900
09-691025400

Google Map - အာယုသုခ ဆေးခန်း
https://maps.app.goo.gl/5MD5ebwVPdycsgRh9?g_st=atm

"အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်နွေရာသီတွင် အပူလျှပ်ခြင်း၊ ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်းကြောင့် လေဖြတ်ခြင်...
10/04/2026

"အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်
နွေရာသီတွင် အပူလျှပ်ခြင်း၊
ခန္ဓာကိုယ် အပူချိန်မြင့်တက်ခြင်းကြောင့်
လေဖြတ်ခြင်း၊ အသက်ဆုံးရှုံးသွားရခြင်း အကြောင်း သိကောင်းစရာ..........."

(Heat Cramps, Heat Exhaustion and
Heat Stroke..........)

ကျတော်တို့ ခန္ဓာကိုယ် အရေပြားဟာ
ပတ်၀န်းကျင် အပူချိန် ၊ အအေးချိန် ကို ခန္ဓာကိုယ်တွင်းမှ အဆင်ပြေအောင် အလိုအ‌လျှောက် ထိန်းညှိပေးပါသည်။

နွေရာသီ အလွန်ပူပြင်းသည့် အချိန်တွင် ခန္ဓာကိုယ်အပူခ်ျန် 104°F (or) 40 °C ထက် မြင့်လာပီဆိုရင် အပူချိန်မြင့်တက်ခြင်းကြောင့်
လေဖြတ်နိူင်ဖို့ ရာခိုင်နှုန်း ပိုများလာပီး
ထိုမှတဆင့် ဦးနှောက်၊ နှလုံး နှင့် ကျောက်ကပ်
စသည့် အရေးကြီးOrgans တွေ ပျက်ဆီးကာ အသက်သေဆုံးသည်ထိ ဖြစ်စေနိူင်ပါသည်။

ခန္ဓာကိုယ် အပူချိန်မြင့်တက်လာလျှင် အစတွင်

-မျက်လုံးများရဲလာခြင်း၊ ချွေးအရမ်းထွက်ခြင်းမှ
-ကြွက်သားများ နာကျဉ်ခြင်း၊ နှုံးလာခြင်း၊
ခြေလက်များအေးလာခြင်း၊ ပျို့အန်ခြင်း ၊
မူးဝေခြင်း တို့ စတင်ခံစားကြရပါသည်။

ထိုစဉ်သတိမပြုပဲ စောစီးစွာ ကုသမှု မခံယူလျှင် ကိုယ်အပူချိန် အရမ်းတက်လာပီး

-ကယောင်ကတန်းဖြစ်လာခြင်း၊ တက်ခြင်း၊
ချွေးလုံး၀မထွက်တော့ခြင်း၊ သတိလစ်ခြင်း ၊ လေဖြတ်ခြင်းနှင့် အသက်ရုတ်တရက် ဆုံးရှုံးသွားခြင်း စသည်တို့ ဖြစ်နိူင်ပါသည်။

" ကုသခြင်း................"

-ဓါတ်ဆားရည် လုံလောက်အောင်သောက်ပါ။
-နီးစပ်ရာဆေးခန်းကို စောစီးစွာပြပါ။
-ကိုယ်အပူချိန်ရုတ်တရက်မြင့်လာရင် တက်ုယ်လုံးရေပတ်တိုက်ပါ။ ရေစိုအ၀တ်နှင့် ပတ်ပေးပါ။ ရေချိုးပါ။ ပန်ကာ အောက်၊ အရိပ်အောက်နေပါ။
-အန်လျှင် ခနဘာမှမကျွေးပါနှင့်။
-သတိလစ်လျှင် တက်သွားလျှင် ဘေးစောင်းထားပီး နီးစပ်ရာဆေးခန်းကို ချက်ချင်းသွားပါ။

" ကာကွယ်ခြင်း................."

-ပွသည့်အ၀တ်များ၀တ်ပါ။
-နေပူထဲအလုပ်လုပ်ရရင် ဦးထုပ်စောင်းပါ။
နေလောင်ခံခရင်မ် လိမ်းပါ။
-နေ့လည်‌နေပူထဲတွင် ပြင်းထန်သော အလုပ်
မလုပ်ပါနှင့်။
-အရက်၊ ဘီယာ ရှောင်ပါ။

"Heat Stroke ရဖို့ ရာခိုင်နှုန်းများကြသူများ.........."

-အသက်ကြီးသူများ၊ ငယ်လွန်းသူများ
-ကိုယ်၀န်ဆောင်အမျိုးသမီးများ
-သွေးတိုး၊ ဆီးချို ဝေဒနာသည်များ
-အရက်၊ဘီယာ မူးယစ်ဆေး သုံးစွဲသူများ
-အရင်က Heat Stroke ရဖူးထားသူများ
-ပြင်းထန်ရောဂါဝေဒနာခံစားနေရသူများ
-နေပူထဲ၊ လေ၀င်လေထွက် မကောင်းသည့်နေရာတွင် အလုပ်လုပ်နေရသူများ .............။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုကောင်းမွန်ပါသည်။

ခံစားရသည့် ကျန်းမာရေးဝေဒနာနှင့် ဆေးခန်းလိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေ အကြမ်းဖျင်းကို Cbတွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

Dr.Man 💪
Telegram Link - https://t.me/DoctorforM
TikTok acc- .Man727
#နွေရာသီ
#အပူချိန် #အမျိုးသားကျန်းမာရေးဆေးခန်း
#နွေရာသီအပူ #ထိပ်အရေပြားဖြတ်ခြင်း
#အပူလျှပ်ခြင်း #သုတ်ပိုးအားနည်း
#နေ့လည်အပူချိန် #လိင်အဂ်ါကြွက်နို့
#အပူချိန်မြင့်မားခြင်း #ကာလာသားရောဂါ
#လေဖြတ်ခြင်း #လိင်တံအရေပြားရှည်ခြင်း
#သုတ်ပိုးအားနည်းခြင်း #ဆီးပူညောင်းကျ
#လိင်ကျန်းမာရေး #ဂနို





"အမျိုးသားတို့ ကျန်းမာရေးနှင့်မျိုးမအောင်နိူင်ခြင်း ရောဂါဝေဒနာအကြောင်း သိကောင်းစရာ( Male Infertility ) ....................
06/04/2026

"အမျိုးသားတို့ ကျန်းမာရေးနှင့်
မျိုးမအောင်နိူင်ခြင်း ရောဂါဝေဒနာ
အကြောင်း သိကောင်းစရာ
( Male Infertility ) ................."

အမျိုးသား၊ အမျိုးသမီး တို့တွင် မိမိတို့ ရင်သွေးယူရာတွင် အမျိုးသမီးများနှင့်အတူ အမျိုးသားများလဲ ထပ်တူအရေးကြီးပါသည်။

အမျိုးသမီးများသည် တစ်လလျှင် တစ်ကြိမ်
မမျိုးဥ ကြွေချိန်ရောက်သည့်အချိန်၌ အမျိုးသားရဲ့ ကျန်းမာပီးအားကောင်းသည့် သုတ်ကောင်နှင့်တွေ့မှသာ ပီးပြည့်စုံသည့် သ‌န္ဓေသားလောင်းလေး ဖစ်တည်လာပီး ထိုမှတဖန် လိုအပ်သည့် အစိတ်အပိုင်းများလဲ ဆက်လက်ကြီးထွားလာမည် ဖြစ်သည်။

အမျိုးသား မျိုးမပွားနိူင်ခြင်းဆိုသည်မှာ

-လိုအပ်သည့် သုတ်ပိုးပမာဏမရှိခြင်း၊
-သုတ်ပိုးကောင်အများစုသည် ပုံပန်းသွင်ပြင်မပြည့်စုံခြင်း နှင့်
-ရွေ့လျားမှုသိပ်မရှိခြင်း စသည့် အချက်တို့ဖြင့် ယေဘူယျသတ်မှတ်ကြသည်။

"အမျိုးသား မျိုးမအောင်ခြင်းကို ဖြစ်စေသည့် အချက်များ..........."

-ဝှေးစေ့ရှိ သွေးပြန်ကြောများရောင်ရမ်းခြင်း
-အရက်၊ ဆေးလိပ်၊ မှုးယစ်ဆေးများ ကြောင့်ဖြစ်ခြင်း
-ဓါတ်ရောင်ခြည် ၊ ခဲ ၊ ဓါတုပစ္စည်းများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ရခြင်း

-ဟော်မုန်းဆိုင်ရာ ရောဂါများကြောင့်ဖြစ်ခြင်း
-ကူးစက်ရောဂါပိုးများကြောင့် ဖြစ်ခြင်း
-သုတ်လွှတ်လမ်းကြောင်း ပုံမှန်မဟုတ်ခြင်း

-ပုံမှန်မဟုတ်သည့်ကိုယ်ခံအားစနှစ်
ကြောင့်ဖြစ်ခြင်း
-မျိုးပွားအဂ်ါများတွင် အဖု၊ အကြိတ်များကြောင့်ဖြစ်ခြင်း..........။

"ရောဂါ လက္ခဏာများ.............."

-လိင်စိတ်ဆန္ဒ ကျဆင်းလာခြင်း
-သုတ်လွှတ်ရာတွင် ပြဿနာဖြစ်ခြင်း
-လိင်တံ၊ ဝှေးစေ့တို့တွင် အဖု၊ အကြိတ်များ
ဖြစ်ခြင်း

-ရင်သားများကြီးထွားလာခြင်း
-ပုံမှန်ထက် အ‌မွှေး၊ အမျှင်များ နည်းပါးလာခြင်း။

Dr.Man 💪

Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#အမျိုးသားကျန်းမာရေး
#လိင်ကျန်းမာရေး
#သုတ်ပိုး #သုတ်ပိုးအားနည်း
#သုတ်ပိုးအားနည်းခြင်း
#အမျိုးသား #အမျိုးသားကျန်းမာရေး
#အမျိုးသားကျန်းမာရေးဆေးခန်း
#လိင်တံအရေပြားရှည်ခြင်း
#ထိပ်အရေပြားဖြတ်ခြင်း
#ကြီးဆေး #ကာလာသားရောဂါ
#ဆီးပူညောင်းကျ #ဂနို
#ကြွက်နို့ #လိင်ကျန်းမာရေး
#လိင်အဂ်ါကြွက်နို့
#ကျန်းမာရေးဗဟုသုတ
#အမျိုးသားကျန်းမာရေးဆေးခန်း

"အမျိုးသားတို့ ကျန်းမာရေးနှင့်သုတ်ပိုး အားနည်းခြင်း ဝေဒနာ( Oligospermia ) အကြောင်း သိကောင်းစရာ............"သုတ်ပိုးသည် အ...
01/04/2026

"အမျိုးသားတို့ ကျန်းမာရေးနှင့်
သုတ်ပိုး အားနည်းခြင်း ဝေဒနာ
( Oligospermia ) အကြောင်း
သိကောင်းစရာ............"

သုတ်ပိုးသည် အမျိုးသား တို့ မျိုးပွားစနှစ်တွင် အရေးပါသည့် အရာတစ်ခုဖြစ်သည်။

ပုံမှန်အမျိုးသား တစ်ဦးတွင် သုတ်ရည် 1 မီလီလီတာ တွင် သုတ်ပိုး 15 သန်း မှ သန်း 200 ကျော်အထိ ပါ၀င်ပါသည်။

ထို့အပြင် ထိုသုတ်ပိုးကောင်လေးများရဲ့
လှုပ်ရှားနိူင်ခြင်း ၊ ပုံပန်းသွင်ပြင်၊ စသည် တို့ကို ကြည့်ပီး သုတ်ပိုးအားကောင်းခြင်း၊ အားနဲခြင်း
တို့ကို အကြမ်းဖျင်းသိရှိနိူင်သည်။

သုတ်ပိုးအားနည်းခြင်း ဆိုသည်မှာ သုတ်ရည်
1 မီလီလီတာတွင် 15 သန်း ထက် နည်းခြင်းဖြစ်သည်။

သုတ်ပိုးအားနဲခြင်းကြောင့် မမျိုးဥကြွေချိန်တွင်
မမျိုးဥဆီ ရောက်ရန် အားနဲခြင်းကို ဖြစ်စေပီး
ကလေးယူရာတွင်လဲ ခက်ခဲစေနိူင်ပါသည်။

"ရောဂါလက္ခဏာများ........."

-လိင်စိတ်အားနဲလာခြင်း
-အမျိုးသားအဂ်ါ အားနဲလာခြင်း
-လိင်တံ ၊ ဝှေးစေ့တို့ နာကျင်ရောင်ရမ်းလာခြင်း
-ပေါင်ခြံတွင် အဖု၊ အကျိတ်များ ပေါ်လာခြင်း
-ခန္ဓာကိုယ်တွင် ပုံမှန်ထက် အမွှေး၊ အမျှင်များ
နည်းပါးလာခြင်း............။

"သုတ်ပိုးအားနည်းခြင်းကို ဖြစ်စေသည့်
အချက်များ................"

-အရက်၊ ဆေးလိပ်၊ မှုးယစ်ဆေး သုံးခြင်း
-အချိန်ကြာမြင့်စွာ အောက်ခံအပူ၊ ပတ်၀န်းကျင် အပူတွင်ထိုင်၍ လုပ်ရခြင်း
-ဓါတ်မြေဩဇာများ၊ ဘက်ထရီအိုးနှင့် ခဲဓါတ်များ၊ ဓါတ်ရောင်ခြည် တို့နှင့် အချိန်ကြာမြင့်စွာ
ထိတွေ့ရခြင်း

-အချို့ဆေးများ အချိန်ကြာမြင့်စွာသောက်ခြင်း
-အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှု များခြင်း
-ကိုယ်အလေးချိန်၀ခြင်း

-သုတ်ပိုးထုတ်သွေးကြောများ ရောင်ရမ်းခြင်း
-ရောဂါပိုး၀င်ခြင်း
-သုတ်ရည်ထွက်လမ်းကြောင်း မမှန်ခြင်း

-မျိုးပွားအဂ်ါများ ထိခိုက်မိထားခြင်း
-မျိုးပွားခြင်းဆိုင်ရာ ရောဂါများ ရှိခြင်း
-ဝှေးစေ့ မဆင်းသည့် ရောဂါ ရှိခဲ့ဖူးခြင်း
-ကင်ဆာရောဂါဆေးများနှင့် ဓါတ်ရောင်ခြည်
ကုထုံး ခံယူခဲ့ရခြင်း
-ဟော်မုန်းဆိုင်ရာ ရောဂါများ ရှိခြင်း...........။

Dr.Man 💪

Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#သုတ်ပိုး #သုတ်ပိုးအားနည်း
#သုတ်ပိုးအားနည်းခြင်း #အမျိုးသားဆေးခန်း
#အမျိုးသား #အမျိုးသားကျန်းမာရေး
#အမျိုးသားကျန်းမာရေးဆေးခန်း
#လိင်တံအရေပြားရှည်ခြင်း
#ထိပ်အရေပြားဖြတ်ခြင်း
#ကြီးဆေး #ကာလာသားရောဂါ
#ဆီးပူညောင်းကျ #ဂနို
#ကြွက်နို့ #လိင်ကျန်းမာရေး
#လိင်အဂ်ါကြွက်နို့
#ကျန်းမာရေးဗဟုသုတ

" အမျိုးသားများနှင့် ဝှေးစေ့ကင်ဆာ ရောဂါ အကြောင်း သိကောင်းစရာ ( Testicular Cancer ).................." ဝှေးစေ့ ( Te**es )...
24/03/2026

" အမျိုးသားများနှင့်
ဝှေးစေ့ကင်ဆာ ရောဂါ
အကြောင်း သိကောင်းစရာ
( Testicular Cancer ).................."

ဝှေးစေ့ ( Te**es ) သည် အမျိုးသားတို့ မျိုးပွား
အဂ်ါ အစိတ်အပိုင်းတွင် အဓိက အဂ်ါ ဖြစ်ပီး
အမျိုးသားဟော်မုန်း နှင့် သုတ်ပိုးများ ထုတ်လွှတ်ခြင်း စသည့် အရေးကြီးလုပ်ငန်းများ လုပ်ဆောင်ပေးပါသည်။

ဝှေးစေ့ သည် လိင်တံအောက်ဘက်တွင် နှစ်ခုရှိပီး
အပေါ်ယံတွင် ကယ်ပယ်အိတ်နှင့် ဖုံးအုပ်ပေးထားပါသည်။

ဝှေးစေ့ကင်ဆာသည် အဖြစ်နဲသည့် ကင်ဆာအမျိုးအစား ဖြစ်သော်လဲ အသက် 15 နှစ်နှင့် 45 နှစ်ကြား ဖြစ်လျှင် ပိုမို ပြင်းထန်တတ်ပါသည်။

ဝှေးစေ့ကင်ဆာ တွင် Seminoma နှင့်
Non-Seminoma ဟူ၍ အမျိုးအစား နှစ်မျိုး
ရှိသည်။

" ရောဂါ လက္ခဏာများ .............."

-ဝှေးစေ့တွင် ပုံမှန်မဟုတ်သည့် အကြိတ်၊
အဖုများ စမ်းမိခြင်း
-ရောဂါဖြစ်သည့် ဝှေးစေ့ ပိုမို ကြီးလာခြင်း
-ကယ်ပယ်အိတ် ပိုမို တွဲလာခြင်း၊
လေးလံလာခြင်း

-ဝှေးစေ့ သို့မဟုတ် ကယ်ပယ်အိတ် နာကျင်ကိုက်ခဲလာခြင်း ၊ ထိတွေ့မှု မခံစားရတော့ခြင်း
-ဆီးခုံ၊ ပေါင်ခြံ တို့တွင် အကြိတ်များ ပေါ်လာခြင်း၊ နာကျင်ကိုက်ခဲခြင်း
-တင်ပဆုံများ နာကျင်ကိုက်ခဲလာခြင်း

-ရင်သားများ တင်း၍ နာကျင်ကိုက်ခဲလာခြင်း
-ကယ်ပယ်အိတ်တွင် အရည်များစုလာခြင်း......။

"ဝှေးစေ့ကင်ဆာ ပိုမိုဖြစ်စေနိူင်သည့် အချက်များ"

-မွေးရာပါဝှေးစေ့ အောက်သို့ ဆင်းမလာသည့်အတွက် ခွဲစိတ်ကုသမှု ခံယူရခြင်း
-ရောဂါတခုခုကြောင့် ဝှေးစေ့သိမ်နေခြင်း၊
ချိနဲ့နေခြင်း

-ပုံမှန်မဟုတ်သည့်ဝှေးစေ့ ကြီးထွားဖွံ့ဖြိုးလာသည့် အခြေအနေရှိခြင်း
-ဝှေးစေ့ကင်ဆာ မျိုးရိုးရှိခြင်း
-အချိန်များများ ‌ကယ်ပယ်အိတ်အပူဒဏ် ကို ခံစားရခြင်း.........။

"ကာကွယ်ခြင်း........."

-ကယ်ပယ်အိတ်တွင် အကြိတ်များ၊ ပေါင်ခြံတွင် အကြိတ်များပေါ်၍ နာကျင်ကိုက်ခဲခြင်း ရှိသည်ဖြစ်စေ ၊ မရှိသည် ဖြစ်စေ 2ပတ် ထက် ကျော်၍ သတိထားမိလျှင် နီးစပ်ရာ ဆရာ၀န်နှင့်
အချိန်မှီ တိုင်ပင်ကုသပါ။

-ကယ်ပယ်အိတ်ကို ကြာရှည်စွာ အပူဒဏ် ခံရခြင်းမှ ရှောင်ကြည်ပါ။

-ဝှေးစေ့သည် နှစ်ဘက်ရှိသည့်အတွက် ရောဂါကို စောစီးစွာကုသလျှင် ကျန်သည့်တစ်ဘက်က အမျိုးသားကျန်းမာရေးနှင့် မျိုးပွားခြင်းကို ဆက်လက်လုပ်ဆောင်နိူင်ပါသည်။

Dr.Man 💪

Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ဝှေးစေ့ကင်ဆာ
#ထိပ်အရေပြားဖြတ်ခြင်း
#အမျိုးသားဆေးခန်း
#အမျိုးသားကျန်းမာရေး #လိင်ကျန်းမာရေး
#အမျိုးသားကျန်းမာရေးဆေးခန်း #လိင်အဂ်ါအဖု
#အရည်ပြားရှည်ခြင်း #ဆီးပူညောင်ကျရောဂါ
#ဂနို #ထိပ်အရေပြား #ကူးစက်ရောဂါ
#ကြီးဆေး #ကြွက်နို့ #ကာလသားရောဂါ
#လိင်အဂ်ါကြွက်နို့ #ရေယုန်


" အမျိုးသားတို့ ကျန်းမာရေးနှင့်ဝှေးစေ့ နာကျင်ရောင်ရမ်းခြင်း ရောဂါအကြောင်း သိကောင်းစရာ ............"( Orchitis )အမျိုးသား...
18/03/2026

" အမျိုးသားတို့ ကျန်းမာရေးနှင့်
ဝှေးစေ့ နာကျင်ရောင်ရမ်းခြင်း ရောဂါ
အကြောင်း သိကောင်းစရာ ............"
( Orchitis )

အမျိုးသားတို့တွင် ဝှေးစေ့သည် သုတ်ရည်များ သိုလှောင်သိမ်းဆည်းထားခြင်း၊ အမျိုးသားဟော်မုန်း Testosterone ထုတ်လွှတ်ပေးခြင်းကို လုပ်ဆောင်ပေး‌သည့် အ‌ရေးကြီး မျိုးပွားအဂ်ါ အစိတ်အပိုင်းဖြစ်ပါသည်။

ဝှေးစေ့ နာကျင်ရောင်ရမ်းခြင်းကို အမျိုးသားတိုင်း လိုလို ခံစားဖူးသည့် ဝေဒနာဖြစ်ပီး
အရမ်းမဆိုးပဲ အလိုလိုသက်သာ သွားကြပါသည်။

သို့ရာတွင် ဝှေးစေ့ နာကျင်ရောင်ရမ်းခြင်းသည်
ရက်ပိုင်း အတွင်း မသက်သာပဲ ပိုမိုဆိုးရွာလာလျှင်


-ဝှေးစေ့ထဲပြည်တည်ခြင်း
-ဝှေးစေ့ ပုပ်သွားခြင်း
-ဝှေးစေ့ ပိုမိုသေးသွားခြင်း
-သုတ်ပို့ပြွန် ရောင်ရမ်းလာခြင်း
-မျိုးမအောင်နိူင်ခြင်း .................။

စသည့် နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်စေနိူင်ပါသည်။

" ရောဂါ လက္ခဏာများ................."

-အထိမခံနိူင်အောင် နာကျင်ရောင်ရမ်းလာခြင်း
-အဖျားတက်လာခြင်း
-ပေါင်ခြံကျိတ်များ ကြီးလားခြင်း
-အဖျားတက်လာခြင်း

-ဆီးသွားရင် နာကျင်ခြင်း
-အတူတူနေလျှင် နာကျင်ခြင်း
-သုတ်လွှတ်ရင် နာကျင်ခြင်း၊ သွေးပါခြင်း
-ပေါင်ခြံများ၊ ဆီးစပ်များ နာကျင်ခြင်း...........။

" ရောဂါ ဖြစ်စေသည့် အကြောင်းအရင်းများ......."

-လိင်မှတဆင့် ကူးစက်ရောဂါပိုးများကူးခြင်း
-ဆီးပိုး၀င်ခြင်း
-ပါးချိတ်ရောင်ခြင်းကြောင့် ဖြစ်ခြင်း
-အသက်အရွယ် ကြီးလားခြင်း


-အချိန်ကြာမြင့်စွာ အတူတူနေခြင်း
-လိင်ဆက်ဆံဖော် များခြင်း
-လိင်ဆက်ဆံလျှင် Condom မသုံးခြင်း
-ထိခိုက်ဒဏ်ရာရခြင်း .........။

" ရောဂါ ပိုမိုဖြစ်စေနိူင်သည့် သူများ..............."

-လိင်ဆက်ဆံဖော်များသည့်သူများ
-အတူတူ‌နေလျှင် Condom မသုံးသည့်သူများ
-ပါးချိတ်ရောင်ရောဂါကာကွယ်ဆေး မထိုးထားသည့်သူများ
-အချိန်ကြာမြင့်စွာဆီးပိုက် ‌ထည့်ထားသည့်သူများ
-ဆီးလမ်းကြောင်းခွဲစိတ်ဖူးသူများ.........။

"ကာကွယ်နိူင်သည့် နည်းလမ်းများ..........."

-MMR vaccine ထိုးခြင်း
-တလင်တမယားစနစ် ကျင့်သုံးခြင်း
-လိင်ဆက်ဆံလျှင် condom သုံးခြင်း.........။

Dr.Man 💪

page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#အမျိုးသားကျန်းမာရေးဆေးခန်း
#အမျိုးသားဆေးခန်း
#ကြီးဆေး #လိင်အဂ်ါကြွက်နို့ #ငါးမျက်စိ
#ဝှေးစေ့နာကျင်ခြင်း #ဘောအောင့်
#အရည်ပြားရှည်ခြင်း #လိင်အဂ်ါအနာ
#လိင်အဂ်ါအဖု #လိင်တံအရေပြားရှည်ခြင်း
#လိင်ကြွက်နို့ #ကြွက်နိ့ #ပြည်ယိုခြင်း
#ဆီးပိုး #ဆီးပူညောင်းကျ #ဂနို #ကာလသား
#ကာလသားရောဂါ #ရေယုန် #ကြီးဆေး
#ကျန်းမာရေးဗဟုသုတ

" အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်လိင်အဂ်ါ ရေယုန် ရောဂါ အကြောင်းသိကောင်းစရာ.............. " (Ge***al Herpes )ရ...
13/03/2026

" အမျိုးသား၊ အမျိုးသမီး တို့ ကျန်းမာရေးနှင့်
လိင်အဂ်ါ ရေယုန် ရောဂါ အကြောင်း
သိကောင်းစရာ.............. "
(Ge***al Herpes )

ရေယုန်ရောဂါသည် ရေယုန်Virusပိုး ( Herpes Simplex Virus ) ကြောင့် အဓိက ဖြစ်ပီး
HSV 1 နှင့် HSV 2 စသည့် အမျိူးအစား နှစ်မျိုး ရှိသည်။

HSV-1 သည် ပါးစပ်၊ ခန္ဓာကိုယ် တို့တွင် အဓိကဖြစ်စေပီး
HSV-2 သည် လိင်အဂ်ါတဝိုက်တွင် အများဆုံး ဖြစ်စေပါသည်။

" ကူးစက်ပုံ ..........."

HSV -1 သည်
-ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း
-လိင်အဂ်ါများကို ထိတွေ့ခြင်းမှကူးစက်ခြင်း
-အရေပြားချင်း ထိတွေ့မိခြင်း
-အသုံးအဆောင် ပစ္စည်းများမှ တဆင့် ကူးစက်ခြင်း ။

HSV- 2 သည်

-လိင်ဆက်ဆံခြင်းမှ အဓိကကူးစက်ပါသည်။

ရေယုန်ရောဂါသည် ရောဂါပိုး စတင်ထိတွေ့သည့်နေ့မှစ 14ရက် အတွင်း ဖြစ်ပေါ်နိူင်ပီး
အစတွင် အရေကြည်ဖုသေးသေးလေးမှ စပေါက်ကာ သေချာကုသမှု မခံယူလျှင် ထိုနေရာတဝိုက်မှစ တပြင်လုံး ပွားလာသည့် ဝေဒနာကို ဖြစ်စေပါသည်။

ထို့အပြင် သေချာမကုသလျှင်

-လိင်မှတစ်ဆင့် ကူးစေနိူင်သည့် ရောဂါများ ကူးစက်နိူင်ခြင်း
-ကိုယ်၀န်ဆောင်မိခင်များတွင် မိခင်မှ ကလေး ကူးစက်ခံရပီး ကလေးတွင် ကြီးထွားဖွံ့ဖြိုးမှု
ပြသနာ၊ ညဏ်ရည်ဖွံ့ဖြိုးမှု ပြဿနာ များ ဖြစ်ပေါ်နိူင်ခြင်း

-ဆီးလမ်းကြောင်း ရောဂါဖြစ်ခြင်း
-သားအိမ်၊ သားအိမ်ခေါင်း ရောဂါများ
ဖြစ်ခြင်း
-အစာအိမ်နှင့် အူလမ်းကြောင်း ဝေဒနာ ဖြစ်ခြင်း
-မျက်လုံးသို့ ကူးစက်လျှင် အမြင်အာရုံ
ချို့တဲ့နိူင်ခြင်း
-ဦးနှောက်ရောင်ခြင်း
-ပါးရွဲ့ခြင်း
-သွေးဆိပ်တက်ခြင်း...........


စသည့် နောက်ဆက်တွဲဆိုးကျိုးများ ခံစားစေနိူင်ပါသည်။

" ရောဂါလက္ခဏာများ ............"

-ကိုယ်ပူခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း
-နာကျင်ခြင်း၊ ယားယံခြင်း
-ပါးစပ်၊ စအို ၊ လိင်အဂ်ါတဝိုက်တွင် အရေကြည်ဖုများ ပေါက်လာခြင်း
-လိင်အဂ်ါမှ အရည်များ ထွက်ခြင်း
-ဆီးသွားလျှင် နာကျင်ခြင်း
-ပြန်ရည်ကျိတ်များ နာကျင်ရောင်ရမ်ခြင်း........။

" ရောဂါပိုမိုဖြစ်စေနိူင်သည့်သူများ........."

-လိင်ဆက်ဆံဖော်များခြင်း
-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
-လိင်တူဆက်ဆံခြင်း
-မိမိ လိင်ဆက်ဆံဖော်မှာ ရေယုန်ရောဂါရှိပီး
ကုသမှု မခံယူထားခြင်း
-ကိုယ်ခံအားကျဆင်းစေသည့် ရောဂါများရှိခြင်း
-ကိုယ်ခံအားကျစေသည့် ဆေးများ စွဲသောက်နေရခြင်း

"ကာကွယ်ခြင်း ........."

-တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်း
-လိင်ဆက်ဆံလျှင် ကွန်ဒုံးအသုံးပြုခြင်း
-အပျော်အပါး လိုက်စားခြင်းမှ ရှောင်ကြဉ်ခြင်း
- မိမိအဖော်တွင် ရေယုန်ရောဂါဖြစ်ပွားနေစဉ် လိင်ဆက်ဆံခြင်းမှ ရှောင်ကြဉ်ခြင်း..........။

Dr.Man 💪

page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ရေယုန် #လိင်အဂ်ါရေယုန် #ကူးစက်ရောဂါ
#လိင်အဂ်ါအနာ #လိင်တံအရေပြားရှည်ခြင်း
#အရည်ပြားရှည်ခြင်း #အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား #အမျိုးသားဆေးခန်း
#လိင်တံပြည်ယိုခြင်း #လိင်ကြွက်နို့ #ကြွက်နိ့
#ထိပ်အရေပြား #ဆီးဝေဒနာ #လိင်အဂ်ါ
#ကာလသားရောဂါ #ဆီးပူညောင်းကျ #ဆီးပိုး
#ဂနို #ကြီးဆေး #အမျိုးသမီးကျန်းမာရေး


" ငါးမျက်စိရောဂါ ( Molluscum Contagiosum )အကြောင်း သိကောင်းစရာ.........." ငါးမျက်စိ ရောဂါသည် Poxvirus ရောဂါပိုး ကြောင့် ...
08/03/2026

" ငါးမျက်စိရောဂါ ( Molluscum Contagiosum )
အကြောင်း သိကောင်းစရာ.........."

ငါးမျက်စိ ရောဂါသည် Poxvirus ရောဂါပိုး ကြောင့် ဖြစ်သည့် ကူးစက်ရောဂါ တစ်မျိုး ဖြစ်ပီး လူကြီး၊ လူငယ်မရွေး ဖြစ်ပွားနိူင်ပီး စိုစွတ်သည့် နေရာများ၌ နေထိုင်သည့်သူများတွင် ပိုအဖြစ်များပါသည်။

ငါးမျက်စိရောဂါသည် ခန္ဓာကိုယ် နေရာ အနှံ့တွင် ပေါက်နိူင်ပီး အရေပြားတွင် ငါးမျက်စိကဲ့သို့ အဖုသေးသေးနှင့် တစ်လုံးချင်း ပေါက်နိူင်သလို
အဖုပေါင်းများစွာလဲ ပေါက်နိူင်ပါသည်။

"ကူးစက်ပုံ.............."

-ရောဂါပိုး ရှ်သူနှင့် ထိတွေ့မိခြင်း
-ရောဂါပိုး ရှ်သူရဲ့ အသုံးအဆောင် ပစ္စည်းများမှ တဆင့် ကူးခြင်း
-အများသုံး ရေကူးကန်၊ အိမ်သာများမှ တဆင့် ကူးခြင်း
-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း

"အဖြစ်များသည့်သူများ.............."

-ကိုယ်ခံအားကျဆင်းသည့်ရောဂါရှိသူများ
-လိင်ဆက်ဆံဖော် များသည့်သူများ
-ကိုယ်ခံအားကျသည့်ဆေးများ စွဲသောက်နေရသူများ
-ရေလုပ်ငန်း၊ အသားငါးအအေးခန်းတို့တွင် အချိန်များများ လုပ်ကိုင်ရသည့်သူများ ..........။

Dr.Man 💪

page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ငါးမျက်စိ #ကြွက်နို့ #လိင်ကြွက်နို့
#အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသား
#အမျိုးသားဆေးခန်း #လိင်တံပြည်ယိုခြင်း
#အမျိုးသားကျန်းမာရေး #အမျိုးသမီးကျန်းမာရေး
#မှိူစွဲခြင်း #လိင်တံအရေပြားရှည်ခြင်း #လိင်အဂ်ါအနာ #ကြွက်နိ့ #လိင်အဂ်ါမှိုစွဲခြင်း
#အရည်ပြားရှည်ခြင်း #ကြီးဆေး
#ဂနို #ဆီးပူညောင်းကျ #ကာလသား
#ကာလသားရောဂါ #ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ

" အမျိုးသားများနှင့် ဆီးကျိတ်ကင်ဆာ ရောဂါအကြောင်း သိကောင်းစရာ................."( Prostate Cancer )ဆီးကျိတ်ကင်ဆာသည် အမျိုး...
05/03/2026

" အမျိုးသားများနှင့်
ဆီးကျိတ်ကင်ဆာ ရောဂါအကြောင်း
သိကောင်းစရာ................."
( Prostate Cancer )

ဆီးကျိတ်ကင်ဆာသည် အမျိုးသားများတွင် အဖြစ်အများဆုံး ကင်ဆာဖြစ်ပီး ကင်ဆာအားလုံးရဲ့ 24% အထိ အဖြစ်များပါသည်။

ဆီးကျိတ်ကင်ဆာသည် မည်သည့်အသက်အရွယ်မဆို ဖြစ်နိူင်သော်လဲ အသက်45နှစ်ခန့်မှ စတင်၍ ပိုမိုဖြစ်စေနိူင်ပီး အသက်70 ၀န်းကျင်တွင် အများဆုံး ဖြစ်စေနိူင်ပါသည်။

ဆီးကျိတ်သည် သုတ်ပိုးအရည်အဖြစ် အဓိကထုတ်ပေးပီး ဆီးလမ်းကြောင်းနှင့် မျိုးပွားမှုအတွက် အဓိကလုပ်ဆောင်ပေးနေသည့် အဂ်ါဖြစ်ပါသည်။

ဆီးကျိတ်ကင်ဆာသည် ပြန့်ပွားမှု နှေးကွေးသော ကင်ဆာအမျိုးအစားဖြစ်ပီး စောစီးစွာသိရှိပီး ကုသမှုခံယူပါက ကုသမှုအောင်မြင်နိူင်ရန် အထောက်အကူဖြစ်စေပါသည်။

"ရောဂါလက္ခဏာများ.................."

-ညဘက်တွင် မကြာခဏ ဆီးခနခနသွားခြင်း
-ထိုင်နေစဉ် နာကျင်ခြင်း
-ဆီးသွားလျှင် နာကျင်ခြင်း၊ သွေးပါခြင်း
-ဆီးသွားရန် ခက်ခဲခြင်း၊ ဆီးကျန်ခြင်း
-သုတ်ရည်ထဲတွင် သွေးပါခြင်း

-တင်ပဆုံ၊ ပေါင်ခြံ၊ ပေါင်အရိုးများ နာကျဉ်ခြင်း
-ပေါင်ခြံ၊ ဝှေးစေ့ တို့တွင် အကြိတ်များပေါ်လာခြင်း
-ကိုယ်အလေးချိန် ကျလာခြင်း၊ ပင်ပန်းနွမ်းနွယ် လွယ်လာခြင်း
-လိင်တံတောင်မတ်မှု ချို့ယွင်းလာခြင်း.........။

"ပိုမိုဖြစ်စေနိူင်သည့် အကြောင်းအရင်းများ............."

-ဆီးကျိတ်ကင်ဆာ မိသားစုမျိုးရိုးရှိခြင်း
-အသက်အရွယ်ကြီးလာခြင်း
-ဓါတုပစ္စည်းများနှင့် အမြဲထိတွေ့နေရသူများ
-အ၀လွန်သည့်သူများ
-လူမည်းလူမျိုးများသည် ပိုမိုဖြစ်စေနိူင်ပါသည်။

မိသားစုမျိုးရိုးရှိသော အမျိုးသားများနှင် 45နှစ် အထက် အမျိုးသားများသည် တနှစ်တခါ ဆီးကျိတ်ကင်ဆာဓါတ် ( PSA ) စစ်ဆေးပေးခြင်းဖြင့်
ရောဂါကို စေားစီးစွာသိရှိနိူင်ပီး နောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိူင်ပါသည်........။

Dr.Man 💪
page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#ဆီးကျိတ် #ဆီးကျိတ်ကင်ဆာ
#အမျိုးသား #အမျိုးသားဆေးခန်း
#အမျိုးသားကျန်းမာရေး #အမျိုးသားကျန်းမာရေးဆေးခန်း #အရည်ပြားရှည်ခြင်း #လိင်တံအရေပြားရှည်ခြင်း #ထိပ်အရေပြားဖြတ်ခြင်း #လိင်တံအရေပြား #လိင်အဂ်ါအနာ #လိင်တံပြည်ယိုခြင်း #ဆီးပိုး၀င်ခြင်း #ကြွက်နိ့ #လိင်အဂ်ါကြွက်နို့
#ဂနို #ဆီးပူညောင်းကျ #ကာလသား
#ကာလသားရောဂါ #မှိူစွဲခြင်း
#လိင်အဂ်ါမှိုစွဲခြင်း #မှိုပိုး #ကြီးဆေး
#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

"အတူတူနေလျှင် မပီးခြင်းသုတ်လွှတ်ကြာခြင်း ( Delayed Ej*******on ) အကြောင်းသိကောင်းစရာ............"သုတ်လွှတ်ကြာခြင်း ဆိုသည...
02/03/2026

"အတူတူနေလျှင် မပီးခြင်း
သုတ်လွှတ်ကြာခြင်း
( Delayed Ej*******on ) အကြောင်း
သိကောင်းစရာ............"

သုတ်လွှတ်ကြာခြင်း ဆိုသည်မှာ အတူတူနေ ကြာချိန် 45 minutes အထက် မပီးခြင်းကို အမြဲဖြစ်နေခြင်းကို ဆိုလိုခြင်းဖြစ်ပါသည်။

သုတ်မလွှတ်ဖို့ စိတ်နှင့်ထိန်းတာ၊ ဆေးဝါးအကူအညီကြောင့် မဟုတ်ပဲ ဒီတိုင်းဖြစ်နေခြင်း ဖြစ်သည်။

သုတ်လွှတ်ကြာသည့် ဖြစ်စဉ်သည် အတူတူနေသည့် နှစ်ယောက် အမြဲခနခန ကြုံနေတတ်ကြပါသည်။

မိမိတို့တွင်
- စိတ်ပင်ပန်းသည့်အချိန်
- စိတ်ဖိစီးမှုများသည့်အချိန်
- ကိုယ်ခန္ဓာပင်ပန်းနေသည့်အချိန် တို့တွင်
ခနခန ဖြစ်တတ်ကြပါသည်။

သုတ်လွှတ်ကြာခြင်း ( အတူတူနေလျှင် မပီးခြင်း ) သည် တခါတရံ အဆင်ပြေတယ်လို့ ထင်ရပေမဲ့
အမြဲဖြစ်နေလျှင်

- အတူတူနေ အဖော်နဲ့ ပြဿနာဖြစ်လာခြင်း
- အတူတူနေဖို့ စိတ်မပါလာတော့ခြင်း
- အတူ‌တူနေဖို့ စိတ်ဖိစီးလာခြင်း
- စိတ်ပိုင်းဆိုင်ရာ သံသယများ ၀င်လာခြင်း
- ကိုယ်၀န် မရနိူင်ခြင်း..........။

စသည့် ပြဿနာတွေ ကြုံလာနိူင်ပါသည်။

" သုတ်လွှတ်ကြာခြင်းကို ဖြစ်စေသည့်အချက်များ............"

-ကိုယ်၀န်ရသွားမှာ ကြောက်ခြင်း
-စိုးရိမ်စိတ်၊ စိတ်ဖိစီးမှု များနေခြင်း
-မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း
-အာသာ ခနခန ဖြေခြင်း
-အာသာ‌ ဖြေခြင်းကိုပဲ စွဲလန်းနေခြင်း

-လိင်အဂ်ါ ပုံမှန်မဟုတ်ခြင်း
-ခါးအောက်ပိုင်းထိခိုက်မိထားခြင်း
-အာရုံကြော ရောဂါများကြောင့် ဖြစ်ခြင်း
-ဆီးချိုရောဂါ၊ လေဖြန်းထားခြင်းကြောင့်ဖြစ်ခြင်း
-မျိုးပွား အဂ်ါများ ပိုး၀င်ထားခြင်း

-ပြောင်းပြန်သုတ်လွှတ်သည့်ရောဂါ ရှိခြင်း
-ဟော်မုန်း ရောဂါများကြောင့် ဖြစ်ခြင်း
-အ၀လွန်ခြင်း၊ မှုးယစ်ဆေးဝါးများ စွဲသောက်ခြင်း
-စွဲသောက်နေသည့် ဆေးဝါးအချို့ကြောင့်
ဖြစ်ခြင်း..............။

Dr.Man 💪

page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#သုတ်လွှတ်ကြာခြင်း #သုတ်လွှတ်မြန်ခြင်း
#လိင်တံအရေပြားရှည်ခြင်း
#လိင်တံမှိုစွဲခြင်း #ထိပ်အရေပြားဖြတ်ခြင်း
#လိင်အဂ်ါကြွက်နို့ #သုတ်လွတ်မြန်
#ဆီးပူညောင်းကျ #ကာလသားရောဂါ #ဂနို
#လိင်အဂ်ါရေယုန် #အမျိုးသားဆေးခန်း
#အမျိုးသားကျန်းမာရေးဆေးခန်း
#သွေးရည်ကြည်ကုထုံး #ကျန်းမာရေး
#ကျန်းမာရေးဗဟုသုတ

" အမျိုးသားများ နှင်ပန်းသေပန်းညိုးခြင်း " ရောဂါအကြောင်း သိကောင်းစရာ( Male Impotency ) ............"အမျိုးသားတို့ စွမ်းဆေ...
25/02/2026

" အမျိုးသားများ နှင်
ပန်းသေပန်းညိုးခြင်း " ရောဂါ
အကြောင်း သိကောင်းစရာ
( Male Impotency ) ............"

အမျိုးသားတို့ စွမ်းဆောင်ရည် ကောင်းမွန်ခြင်းသည် မိမိအိမ်ထောင်ဘက်ကိုသာမက အဓိကက မိမိစိတ်ကိုပါ ယုံကြည်မှု ( Confidence level ) တစ်ခုမှာ ရှိစေပါသည်။

အမျိုးသားတို့ စိတ်ပါသော်လဲ မိမိတို့ လိင်အဂ်ါ ပန်းသေပန်းည်ုး ဝေဒနာ ခံစားရသည့်အခါ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေဖြစ်သည့်အပြင် ကြာလာလျှင် Depression တခုကိုပါ ခံစားလာစေတတ်ပါသည်။

လိင်အဂ်ါ ပန်းသေပန်းညိုး ဝေဒနာကို အမျိုးသားတို့ အသက် 40မှ စတင်သတိထား ခံစားလာရတတ်ပီး အသက်ငယ်စဉ် ဝေဒနာခံစားရလျှင် သေချာတိုင်ပင်ဆွေးနွေး ကုသရပါမည်။

" ပန်းသေပန်းညိုးရောဂါကို ဖြစ်စေနိူင်သည့်
အချက်များ.............. "

1. ဆေးလိပ်၊ အရက်နှင့် မူးယစ်ဆေး စွဲလန်းစွာ
သောက်သုံးခြင်း
2. အ၀လွန်ခြင်း၊ ကိုယ်လက် လှုပ်ရှားမှု နဲခြင်း
3. အလုပ်၊ မိသားစု တို့တွင် စိတ်ဖိစီးမှု များခြင်း
4. သွေးတိုး၊ ဆီးချို နှင့် ဟော်မုန်းရောဂါများ ရှိခြင်း

5. နှလုံး နှင့် သွေးကြောဆိုင်ရာ ရောဂါများရှိခြင်း
6. ဦးနှောက်နှင့် အာရုံကြော ရောဂါများ ရှိခြင်း
7. ခါးနှင့် တင်ပဆုံ ထိခိုက်မိထားခြင်း
8. အချို့သော ဆေးဝါးများ စွဲသောက်နေရခြင်း ‌ကြောင့် ဖြစ်ခြင်း ...................။

အမျိုးသား ကိစ္စ အဆင်ပြပီး မိမိကိုယ်ကို ယုံကြည်မှုတခု တည်ဆောက်ထားခြင်းသည် စီးပွားရေး၊
လှုမှုရေး၊ အိမ်ထောင်ရေးနှင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်ကိုပါ ကောင်းမွန်စေသဖြင့်

-နေ့စဉ် လေ့ကျင့်ခန်း လုပ်ပါ။
-Body Weight ထိန်းပါ။
-ဆေးလိပ်၊ အရက် ၊ မှုးယစ်ဆေး ရှောင်ပါ။
-မိမိတို့ ခန္ဓာကိုယ်တွင် ရောဂါဖြစ်လျှင် စောစီးစွာ ကုသမှု ခံယူပါ။

Dr.Man 💪
page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။
#လိင်တံအရေပြားရှည်ခြင်း #ပန်းသေပန်းညိုး
#ထိပ်အရေပြားဖြတ်ခြင်း #အမျိုးသားဆေးခန်း #လိင်တံမှိုစွဲခြင်း #သုတ်လွတ်မြန်ခြင်း #သုတ်လွတ်မြန် #ဂနို #ကာလသားရောဂါ #ဆီးပူညောင်းကျ #လိင်ကျန်းမာရေး #သွေးရည်ကြည်ကုထုံး
#လိင်အဂ်ါကြွက်နို့ #အမျိုးသားကျန်းမာရေးဆေးခန်း #အမျိုးသားကျန်းမာရေး #ကြီးဆေး
#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

" အမျိုးသား အဂ်ါ ဆီးလမ်းကြောင်းထိပ်အပေါက် နေရာမှားခြင်းအကြောင်း သိကောင်းစရာ ( Hypospadias ) ................."ဆီးထွက်သည့...
20/02/2026

" အမျိုးသား အဂ်ါ ဆီးလမ်းကြောင်း
ထိပ်အပေါက် နေရာမှားခြင်း
အကြောင်း သိကောင်းစရာ
( Hypospadias ) ................."

ဆီးထွက်သည့်အပေါက် နေရာမှားခြင်းသည်
အဖြစ်များသည့် မွေးရာပါ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခု ဖြစ်ပီး မွေးကင်းစယောင်္ကျားလေး အယောက် 300 ခန့်တွင် တစ်ယောက် ဖြစ်နိူင်ပါသည်။

မိဘများနှင့် ဆရာ၀န်များက ယောင်္ကျားလေးမွေးစအချိန်တွင် သေချာသတိထား စစ်ဆေးနိူင်ပီး အချို့အခြေအနေများသည် ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်ပါသည်။

ယောင်္ကျားလေးဆီးထွက်သည့် ထိပ်အပေါက်သည် ပုံမှန် လိင်တံထိပ်တွင် မရှိပဲ

- လိင်တံထိပ်အောက်နားတွင် ရှိခြင်း ( Glanular Type )
- လိင်တံ အောက်အလယ် တွင် ရှိခြင်း
( Midshaft Type )
-လိင်တံ အောက်အရင်းနှင့် ဝှေးစေ့
ဆုံသည့်နေရာတွင် ရှိခြင်း
( Penoscrotal Type )
-ဝှေးစေ့ ပေါ် သို့မဟုတ် ဝှေးစေ့အောက် တွင် ရှိခြင်း
( Scrotal / Perineal Type )

" ဖြစ်စေနိူင်သည့် အကြောင်းအရင်းများ.............."

-မျိုးရိုးကြောင့် ဖြစ်ခြင်း
-မိခင်က အသက် 40နှင့် အထက်ကျော်ခြင်း
-မိခင်က ‌ဆေးလိပ်သောက်ခြင်း ၊ အရက်သောက်ခြင်း၊ ဓါတုပစ္စည်း များနှင့် ထိတွေ့မိခြင်း
-မွေးရာပါ ဝှေးစေ့ ပုံမှန်နေရာသို့ မဆင်းသည့် မွေးကင်းစယောကျာ်းလေးများ

" ကာကွယ်ခြင်း.............."

-ကိုယ်၀န်မရှိခင် Folic acid ကြိုသောက်ခြင်း
-ဆေးလိပ်၊ အရက် ၊ ဓါတုပစ္စည်းများ ထိတွေ့မှုမှ ရှောင်ခြင်း
-ကိုယ်၀န်ရှိလျှင် စောစီးစွာ ကျန်းမာရေး စောင့်ရှောက်မှု ယူခြင်း.......။

Dr.Man 💪
page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#အရည်ပြားရှည်ခြင်း #ထိပ်အရေပြား
#ထိပ်အရေပြားဖြတ်ခြင်း #အမျိုးသားဆေးခန်း #အမျိုးသားကျန်းမာရေးဆေးခန်း #လိင်အဂ်ါအနာ #လိင်တံပြည်ယိုခြင်း #လိင်အဂ်ါကြွက်နို့ #ကြွက်နိ့ #ကြီးဆေးထိုးခြင်း #ဆီးပိုး #ဆီးကျဉ်
#ဆီးပူညောင်းကျ #ဂနို #ကျန်းမာရေး
#အမျိုးသားကျန်းမာရေး #ကျန်းမာ‌ရေးဗဟုသုတ

#မှိုပိုး

" အမျိုးသားအဂ်ါ တိုနာ ရောဂါ( တိုနာ ရောဂါ Koro or Culture Bound Syndrome ) အကြောင်း သိကောင်းစရာ .............. "လိင်တံသည်...
16/02/2026

" အမျိုးသားအဂ်ါ တိုနာ ရောဂါ
( တိုနာ ရောဂါ Koro or Culture Bound Syndrome ) အကြောင်း သိကောင်းစရာ .............. "

လိင်တံသည် ဆီးခုံရိုး (P***s) ကနေ အရွတ် ( Suspensory Ligament) နှင့် ဆက်ထားတာဖြစ်ပီး
တို၀င်သွားဖို့ နေရာလွတ် မရှိပါဘူး။

ရှေးယခင်က တိုနာရောဂါ ကို အမျိုးသားကြောက်မက်ဖွယ်ရောဂါ ဟု ပြောစမှတ်ရှိကြပီး
(၃) ခါ တို၀င်သွားလျှင် အသက်သေဆုံးတတ်သည် ဟူ၍လဲ ယူဆခဲ့ကြပါသည်။

အများအားဖြင့် တိုနာရောဂါသည် အမှန်အတကယ်ရောဂါဝေဒနာ ဖြစ်ခြင်း မဟုတ်ပဲ စိုးရိမ်မှု လွန်ကဲခြင်း၊ ကြောက်လှန့်ခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ ခံစားချက်များကြောင့် လိင်တံအတွင်း သွေးစီးဆင်းမှု
အားနဲလာကာ ပိုတို၀င် သေးသွားတတ်ပါသည်။

ဒါအပြင် ရာသီဥတုအေးတဲ့အချိန် နှင့် ရေနှင့် ထိတွေ့တဲ့အချိန်တွင်လဲ ပုံမှန်သဘာ၀ဖြစ်စဉ် ကျုံ့သွားပါသည်။

အထူးသဖြင့် ကြောက်စိတ်လွန်ကဲသည့် သူများ၊ နှလုံးရောဂါ အခံရှိသူများသည် ပိုကြောက်လေ ပိုသေးလေ ဖြစ်စေပီး ကြောက်စိတ်ကြောင့်
အမာဖောက်တာ၊ အသက်ရှုမမှန်တာ ၊ နှင့် သတိလစ်တာတို့လဲ ဖြစ်သွားစေတတ်ပါသည်။

သို့သော် လိင်တံကြီးဆေးထိုးထားသည့်သူများသည် ကြီးဆေးများက ဆီးခုံနှင့် ကယ်ပယ်အိတ်ထဲတွင် ပြန့်နှံ့လာပီး ခဲလာသည့်အခါ လိင်တံရှိအရွတ်နှင့် ဆီးခုံ၊ ကယ်ပယ်အိတ်၊ တင်ပဆုံရှိ အဆီ ၊ ကြွက်သားများကို ဖိထားသလိုဖြစ်ပီး အတွင်းလိင်တံကိုလဲ စွဲထားသလို ဖြစ်သဖြင့် လိင်တံသည် ကျုံ့သွားခြင်း၊ တို၀င်သွားခြင်းတို့ ဖြစ်စေနိူင်ပါသည်။

ထို့အပြင် လိင်တံတွင် ပုံမှန်မဟုတ်သည့် အလုံး၊
အကြိတ်များ ဖြစ်လာလျှင်လဲ လိင်တံသည် ကျုံ့သွားခြင်း၊ တို၀င်သွားခြင်း တို့ ဖြစ်စေနိူင်ပါသည်။

ထို့ကြောင့် အမျိုးသားများအနေဖြင့် မိမိတို့ တိုနာရောဂါ ခံစားရတယ်လို့ ထင်မိလျှင်

-အရမ်းကြောက်တဲ့‌စိတ်ခံစားချက် မဖြစ်ပါနှင့်။

-ကြောက်စိတ်ကြောင့် ပိုဆိုးစေနိူင်ပါသည်။

-နီးစပ်ရာဆရာ၀န်နှင့် တိုင်ပင်ဆွေးနွေးပါ။

Dr.Man 💪
page - Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း
Telegram Link- https://t.me/DoctorforM
TikTok acc- .Man727

မိမိခံစားရသည့် ရောဂါဝေဒနာနှင့် ကျတော်
ထိုင်သည့် ဆေးခန်းများ၊ လိပ်စာ၊ နေ့ရက်များ၊ အချိန်နှင့် ကုန်ကျငွေအကြမ်းဖျင်းကို Cb တွင် တိုင်ပင်ဆွေးနွေးနိူင်ပါသည်။

#တိုနာ #တိုနာရောဂါ
#အမျိုးသားဆေးခန်း #အမျိုးသား #အမျိုးသားကျန်းမာရေး #အမျိုးသားကျန်းမာရေးဆေးခန်း #အရည်ပြားရှည်ခြင်း #ထိပ်အရေပြားဖြတ်ခြင်း #လိင်အဂ်ါအနာ #လိင်တံပြည်ယိုခြင်း #ကြွက်နိ့ #ထိပ်အရေပြား #လိင်အဂ်ါကြွက်နို့ #ကာလသား #ကာလသားရောဂါ #ဂနို #ဆီးပူညောင်းကျ #ဆီးပိုး #ကြီးဆေး #ကြီးဆေးထိုးခြင်း #အမျိုးသမီးကျန်းမာရေး #အမျိုးသားဆေးခန်း

#ကျန်းမာရေး #ကျန်းမာရေးဗဟုသုတ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Dr.Man အမျိုးသားကျန်းမာရေးဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share