03/11/2025
ကျွန်မ၏ သံသရာကဆွေမျိုးများသို့ အသိပေးပန်ကြားလွှာ
🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇🎇
2024 June လကစလို့ အရင်ကခြေလှမ်းတွေကို ရပ်တန့်ပြီး ခြေလှမ်းသစ်တစ်ခုစဖြစ်ခဲ့ပါတယ်။ ပညာရေးလောက(၂၂)နှစ်ကျင်လည်ခဲ့ရာက မနောစွမ်းအားနှင့် စိတ်ညှို့အိပ်မွေ့ချကုထုံးပညာရှင်အဖြစ် ဘဝကိုအသစ်ကပြန်စဖြစ်ခဲ့တယ်။
🫴ဘာကြောင့်လမ်းသစ်တစ်ခုကို သက်လတ်ပိုင်းအရွယ်ရောက်နေသူ ကျွန်မကစတင်ခဲ့တာလဲ❓
အဖြေက အတိတ်ကဖြည့်ဆည်းခဲ့တဲ့ပါရမီအရ စိတ်ညှို့အိပ်မွေ့ချကုထုံးပညာရှင်အဖြစ် ရဲရဲရင့်ရင့်ပြတ်ပြတ်သားသား ခြေလှမ်းသစ်တစ်ခုအနေနှင့်စဖြစ်ပါတယ်။
သံသရာကကျွန်မရဲ့ဆွေမျိုးတွေရဲ့ ဘဝကို Hypnosis ပညာရပ်နှင့် အကျိုးပြုပေးဖို့ရည်ရွယ်ခဲ့တာပါ။
၂၀၂၄ စက်တင်ဘာလ (၁) ရက်နေ့မှာ လိုတရနှင်းဆီ ဆိုတဲ့အမည်ကိုစတင်အသုံးပြုဖြစ်ပါတယ်။
" လိုတရ "
🍀🍀🍀
ဆိုတဲ့အဓိပ္ပါယ်က ဘဝအတွက် လိုအပ်တဲ့အရာတွေ၊ လိုချင်တဲ့အရာတွေအားလုံး အချိန်မှန်နေရာမှန်အလိုလိုရောက်ရှိလာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။
ဒီအမည်အရ ကျွန်မကိုယ်တိုင်ရော ကျွန်မရဲ့သံသရာကဆွေမျိုးတွေကိုပါ လိုအပ်ချိန်မှာတောင့်တလိုက်တာနှင့် အရာရာပြည့်စုံလာစေဖို့ ရည်ရွယ်ပါတယ်။
လိုတရ ဆိုတာ လောကီရေးအရရော လောကုတ္တရာရေး အရပါ အချိန်မှန်လိုအပ်တာလိုချင်တာပြည့်စုံစေဖို့လို့အဓိပ္ပါယ်ယူပါတယ်။
၂၀၂၅ June လလောက်ကစလို့ ကျွန်မရဲ့ Soul က လက်ရှိသွားနေတဲ့ Trend (Kundalini မနောစွမ်းအားဖြင့် စိတ်ညှို့အိပ်မွေ့ချကုထုံးပေးခြင်း) ကိုရပ်တန့်လိုစိတ်ပေါ်လာပါတယ်။ အဲဒိအစားကျွန်မငယ်စဉ်ကတည်းက လိုချင်ခဲ့တဲ့ ကောင်းဆိုးနှစ်တန်လောကဓံမည်မျှကြုံသော်လည်း မတုန်လှုပ်တော့တဲ့ စိတ်ကိုရချင်လာပါတယ်။
ကံကောင်းစွာနှင့် အဓိဌာန်ခရီးတွေအဆင့်ဆင့်မှ တရားစခန်းဝင်ခြင်းသို့ အဆင့်ဆင့်ကူးပြောင်းဖြစ်တာက ၂၀၂၅ မေလ၊ဇူလိုင်လ၊အောက်တိုဘာလ မှာဖြစ်ပါတယ်။
ဒီအချိန်မှာ ကျွန်မရဲ့ Soul ကရောလက်ရှိ အခြေအနေနှင့်အချိန်အခါကပါ ကျွန်မအလိုအပ်ဆုံးနှင့် အလိုချင်ဆုံးက လောကုတ္တရာတရားပါပဲ။
ဒါကြောင့် လက်ရှိလက်ခံထားတဲ့ စိတ်ညှို့အိပ်မွေ့ချနည်းနှင့် Kundalini ချိတ်ဆက်ခြင်း Package လေးတွေကို ပြီးဆုံးသည်အထိ အောင်မြင်စွာဆောင်ရွက်ပေးပါမယ်။ နောက်ထပ် Client အသစ်ထပ်မံလက်ခံဆောင်ရွက်ပေးဖြစ်မှာမဟုတ်တော့ပါဘူးရှင့်။
ဒါ့အပြင် သာမန်စိတ်ညှို့အိပ်မွေ့ချကုထုံးပေးခြင်း၊
စိတ်ညှို့အိပ်မွေ့ချနည်းဖြင့် အောက်လမ်းပယောဂအတိုက်အခိုက်ရှင်းခြင်းနှင့် အကာအကွယ်ထည့်သွင်းပေးခြင်း၊
သိုက်ဆက်အနွယ်ကိစ္စအဝဝ ညှိနှိုင်းပေးခြင်းများကို November လကုန်မှစ၍ ဆောင်ရွက်ပေးမည်မဟုတ်တော့ကြောင်း အသိပေးပါရစေရှင့်။
စိတ်ညှို့အိပ်မွေ့ချနည်းဆက်လက်ပြန့်ပွားရန်နှင့် ကျွန်မ၏အတွေ့အကြုံမှရရှိသော အကျိုးကျေးဇူးများကို မိတ်ဆွေများအတွက် အခြားနည်းလမ်းများဖြင့် လက်ဆင့်ကမ်းရန်အတွက် စီမံဆောင်ရွက်ပေးပါအုန်းမည်။
#လိုတရနှင်းဆီ