Myanmar Haemophilia Patient Association

Myanmar Haemophilia Patient Association MHPA represents people with inherited bleeding disorders and their community

📣 Hemophilia (သွေးမတိတ်ရောဂါ) လူနာများ အနေနဲ့ ဒူးဆစ်ရောင်ပြီး ၊ဒူးဆစ် မှာသွေးခဏခဏ ထွက်နေရင် ဒူးခေါင်းမှာ Synovectomy လုပ...
13/01/2026

📣 Hemophilia (သွေးမတိတ်ရောဂါ) လူနာများ အနေနဲ့ ဒူးဆစ်ရောင်ပြီး ၊ဒူးဆစ် မှာသွေးခဏခဏ ထွက်နေရင် ဒူးခေါင်းမှာ Synovectomy လုပ်ပေးမယ့် အစီစဥ် ရှိပါတယ်။

📣ဒူးခေါင်း အရိုးအဆစ် ပုံမှန်ထက် ကြီးနေသူများ ဟယ်ပင် ကလေးဆေးရုံ သွေးရောဂါကု ဌာန မှာ ​အ​သေးစိတ်လာရောက်စုံစမ်း စာရင်းပေးသွင်းနိုင်ပါတယ်။
📣အစောဆုံး ၁လ အတွင်းလုပ်မှာ မို့လို့ မြန်မြန်လာရောက်စာရင်းပေးသွင်းကြပါ။

📣လူဦးရေအကန့်အသတ် ရှိပါတယ်။ Synovectomy လုပ်ဖို့အသင့်တော်ဆုံး ဖြစ်နိုင်မယ့် သူများကို ဦးစားပေးလုပ်ပေးမှာဖြစ်ပါတယ်။

🩸 Haemophilia လူနာတွေ အတွက် “Synovectomy” ဆိုတာ ဘာလဲ?

Hemophilia(သွေးမတိတ်ရောဂါ) ဆိုတာ
👉 ခန္ဓာကိုယ်မှာ သွေးခဲဓာတ်ချို့တဲ့နေလို့ သွေးထွက်ရင် လွယ်လွယ်မရပ်တဲ့ ရောဂါတစ်မျိုးပါ။

ဒီရောဂါရှိတဲ့ လူနာတွေမှာ
👉 လက်၊ ခြေ၊ ဒူးခေါင်း၊တံတောင်ဆစ် စတဲ့ အဆစ်တွေထဲ သွေးယိုတာ မကြာခဏ ဖြစ်တတ်ပါတယ်။

🔴 အဆစ်ထဲ သွေးယိုရင် ဘာတွေဖြစ်လာလဲ?

အဆစ်ထဲ သွေးယိုတာ
👉 တစ်ကြိမ်၊ နှစ်ကြိမ် ဖြစ်ရင်တော့ ပြန်ကောင်းနိုင်ပါတယ်

ဒါပေမယ့်
👉 မကြာခဏ ဖြစ်နေမယ်ဆိုရင်
✔️ အဆစ်အတွင်းရှိ အမြှေးပါးလွှာ (Synovium) က ထူလာတတ်ပါတယ်
✔️ အဲ့လို ထူလာတဲ့ အလွှာက ဒူးခေါင်းလှုပ်ရှားလိုက်တဲ့အခါ ဒူးအဆစ်ကို ပြန်ပြီး ထိခိုက်မိစေလို့ သွေးကို ပိုပြီးလွယ်လွယ် ​ပြန် ယိုစေတတ်ပါတယ်။

ဒီလိုနဲ့
🔁 သွေးယို → ဒူးဆစ်ရောင် → ပိုသွေးယို
ဆိုတဲ့ စက်ဝိုင်းတစ်ခု ဖြစ်လာပါတယ်။

🟡 ဒီပြဿနာကို ဘယ်လိုဖြေရှင်းလဲ?

ဒီလို အဆစ်ထဲ သွေးယိုတာကို လျော့ချဖို့
👉 Synovectomy လို့ခေါ်တဲ့ ကုသမှုကို လုပ်ကြပါတယ်။

🔵 Synovectomy ဆိုတာ ဘာလဲ?

Synovectomy ဆိုတာ
👉 အဆစ်ထဲမှာ သွေးယိုမှုကို ဖြစ်စေတဲ့
👉 ထူလာပြီး မကျန်းမာတော့တဲ့ အသားအလွှာကို ဖယ်ရှားခြင်း ဖြစ်ပါတယ်။

အသားအလွှာကို ဖယ်လိုက်တဲ့အခါ
👉 သွေးယိုမှု လျော့နည်းလာပါတယ်
👉 အဆစ်နာတာ သက်သာလာပါတယ်

🟢 Synovectomy လုပ်ရင် ဘာအကျိုးကျေးဇူးရှိလဲ?

လူနာအတွက်
✅ အဆစ်ထဲ သွေးယိုတာ မကြာတော့ပါဘူး
✅ နာကျင်မှု လျော့နည်းလာပါတယ်
✅ လက်၊ ခြေ လှုပ်ရှားရ လွယ်လာပါတယ်
✅ အဆစ်ပျက်စီးသွားတာကို ကာကွယ်နိုင်ပါတယ်

အနာဂတ်မှာ
👉 လမ်းလျှောက်ရခက်တာ
👉 မကွေးနိုင်မဆန့် နိုင်တော့တာ
တွေကို ကာကွယ်နိုင်ပါတယ်။

🟣 Synovectomy ကို ဘယ်အချိန်မှာ လုပ်သင့်လဲ?

✔️ အဆစ်တစ်ခုထဲမှာ သွေးယိုတာ မကြာခဏ ဖြစ်နေတယ်
✔️ Factor ဆေးထိုးနေရုံနဲ့ မထိန်းနိုင်တော့ဘူး
✔️ အဆစ်နာပြီး လှုပ်ရှားရခက်လာတယ်

⚠️ အဆစ် ပျက်စီးသွားပြီးမှ လုပ်ရင်
👉 ပြန်ကောင်းလာတာ ပိုခက်ပါတယ်

💙 နိဂုံးချုပ်

Haemophilia လူနာတွေအတွက်
👉 အဆစ်က အသက်ပါ
👉 အဆစ်ကို ကာကွယ်နိုင်ရင် ဘဝကို ကာကွယ်နိုင်ပါတယ်

Synovectomy ဆိုတာ
👉 ကြောက်စရာ မဟုတ်ပါဘူး
👉 သင့်အဆစ်ကို ကာကွယ်ဖို့ လုပ်တဲ့ နည်းလမ်းတစ်ခုပါ

Myanmar Haemophilia Patient's Association


ဦးနှောက်အတွင်း သွေးယိုစီးခြင်း           ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Intracranial bleeding သို့မဟုတ် Intracranial he...
30/12/2025

ဦးနှောက်အတွင်း သွေးယိုစီးခြင်း

ဦးနှောက်အတွင်း သွေးယိုစီးခြင်း (Intracranial bleeding သို့မဟုတ် Intracranial hemorrhage ဟုလည်း ခေါ်သည်) သည် သွေးမတိတ်ရောဂါ (Hemophilia) ဝေဒနာရှင်များတွင် သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းတစ်ခု ဖြစ်သည်။ သွေးမတိတ်ရောဂါရှိသူများတွင် ဖြစ်ပွားသော ဦးနှောက်သွေးယိုစီးမှုများ၏ ၂၀% ခန့်မှာ အသက်အန္တရာယ်ရှိနိုင်သော်လည်း၊ မကြာသေးမီနှစ်များအတွင်း ကုသမှုအသစ်များ ပေါ်ပေါက်လာခြင်းကြောင့် သေဆုံးနိုင်ခြေနှုန်းမှာ လျော့နည်းလာခဲ့သည်။

ဦးနှောက်သည် လုပ်ဆောင်ချက်များအတွက် စွမ်းအင်များစွာလိုအပ်သဖြင့် ၎င်းထံသို့ အာဟာရနှင့် အောက်ဆီဂျင်များ ပေးပို့ရန် သွေးကြောများစွာဖြင့် ပြည့်နှက်နေသည်။ အဆိုပါ သွေးကြောများ ပေါက်ထွက်၍ သွေးယိုစီးမှု ဖြစ်ပေါ်သောအခါ လူနာများတွင် အောက်ပါလက္ခဏာများ ခံစားရနိုင်သည် -

• ကြာရှည်စွာ ခေါင်းကိုက်ခြင်း
• မကြာခဏ အန်ခြင်း
• အိပ်ငိုက်ခြင်း သို့မဟုတ် အင်အားကုန်ခမ်းခြင်း
• အမြင်အာရုံ နှစ်ထပ်ဖြစ်ခြင်း
• ခန္ဓာကိုယ် အားနည်းခြင်း
• တက်ခြင်း သို့မဟုတ် အတက်ရောဂါ ခံစားရခြင်း

ဦးနှောက်အတွင်း သွေးယိုစီးခြင်းသည် (Mild Hemophilia) ထက် ပြင်းထန်သော သွေးမတိတ်ရောဂါ (Severe Hemophilia) ရှိသူများတွင် ပိုမိုအဖြစ်များ ပါသည်။ နောက်ထပ် အဓိကကျသော အန္တရာယ်ဖြစ်စေသည့် အချက်တစ်ခုမှာ အသက်အရွယ် ဖြစ်ပြီး၊ အထူးသဖြင့် အသက် ၂ နှစ်အောက် ကလေးငယ်များ နှင့် အသက် ၆၀ ကျော် အရွယ်ရောက်ပြီးသူများ တွင် ပိုမိုတွေ့ရှိရလေ့ရှိသည်။
သွေးမတိတ်ရောဂါရှိသော ကလေးငယ်များတွင် သဘာဝအတိုင်း မွေးဖွားခြင်း သို့မဟုတ် ခွဲစိတ်မွေးဖွားခြင်းတို့ထက် ညှပ်ဆွဲ (Forceps) သို့မဟုတ် လေစုပ်စက် (Vacuum) ကဲ့သို့သော အထောက်အကူပြု ကိရိယာများကို အသုံးပြု၍ မွေးဖွားခြင်း က ဦးနှောက်သွေးယိုစီးမှု ဖြစ်နိုင်ခြေကို ပိုမိုမြင့်မားစေသည်။ အရွယ်ရောက်ပြီးသူများတွင်မူ သွေးတိုးရောဂါ သည် ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်နိုင်ခြေကို မြင့်တက်စေနိုင်သည်။ သို့သော် အသက်အရွယ်မရွေး ဖြစ်နိုင်သောကြောင့် အထူးဂရုပြုရန်လိုအပ်ပေသည်။

Hemophilia News Today မှ ဘာသာပြန်သည်။

Original Post - https://bit.ly/4lKthwu

Hemophilia News Today မှဘာသာပြန်သည်။
Original Post -://bit.ly/4lKthwu

Excessive bleeding that continues for prolonged periods is the hallmark of hemophilia, but there are other signs and symptoms of the disease.

ယနေ့ ၂၀/၁၂/၂၀၂၅ တွင် မွေးနေ့ရှင် ဒေါ်ခိုင်မျိုးမင်းမှ  မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ မွေးနေ့အလှူအဖြစ် အလ...
20/12/2025

ယနေ့ ၂၀/၁၂/၂၀၂၅ တွင် မွေးနေ့ရှင် ဒေါ်ခိုင်မျိုးမင်းမှ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ မွေးနေ့အလှူအဖြစ် အလှူငွေ ငါးသောင်းကျပ် (၅၀၀၀၀) လှူဒါန်းပါသည်။

မွေးနေ့ရှင် ဒေါ်ခိုင်မျိုးမင်း ယနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ ဆုမွန်‌ကောင်းတောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လိုက်ပါတယ်။

ယခုလိုလှူဒါန်းပေးသည့်မွေးနေ့ရှင် ဒေါ်ခိုင်မျိုးမင်းကို မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။


“သီတင်းကျွတ် အခါသမယမှာ ကြည်နူးပျော်ရွှင်စရာ မိသားစု အချိန်အခါ လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ‌ကြောင်း  မြန်မာနိုင်ငံသွေး...
06/10/2025

“သီတင်းကျွတ် အခါသမယမှာ ကြည်နူးပျော်ရွှင်စရာ မိသားစု အချိန်အခါ လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေ‌ကြောင်း မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ ဆုတောင်း မေတ္တာ ပို့သလိုက်ရပါတယ် ...”



ယနေ့ သီတင်းကျွတ်လပြည့်နေ့ ၆/၁၀/၂၀၂၅ တွင် ဒေါ်ခိုင်မျိုးမင်း မိသားစုမှ  မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ အလှ...
06/10/2025

ယနေ့ သီတင်းကျွတ်လပြည့်နေ့ ၆/၁၀/၂၀၂၅ တွင် ဒေါ်ခိုင်မျိုးမင်း မိသားစုမှ မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်း သို့ အလှူငွေ သုံးသောင်းကျပ် (၃၀၀၀၀)တိတိ လှူဒါန်းပါသည်။

ဒေါ်ခိုင်မျိုးမင်း မိသားစု ယနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် ကိုယ်၏ကျန်းမာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ပြည့်စုံပါစေကြောင်း မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ ဆုမွန်‌ကောင်းတောင်း ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌လိုက်ပါတယ်။

ယခုလိုလှူဒါန်းပေးသည့်ဒေါ်ခိုင်မျိုးမင်း မိသားစုကို မြန်မာနိုင်ငံသွေးမတိတ်ရောဂါလူနာများအသင်းမှ အထူးပင် ကျေးဇူးတင်ရှိပါသည်။


28/04/2025

One Month After the Earthquake – Thank You, and Please Keep Helping Myanmar 🇲🇲On March 28, Myanmar was shaken by one of the most powerful earthquakes in ou...

World Hemophilia Day | April 17Theme: “Access for All: Women and Girls Bleed Too”Today we raise awareness for everyone l...
17/04/2025

World Hemophilia Day | April 17
Theme: “Access for All: Women and Girls Bleed Too”

Today we raise awareness for everyone living with hemophilia and other bleeding disorders. This year’s theme reminds us that support ,care and recognition must extend to everyone—including women and girls.



💦 မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း....💦 မြန်မာ့ ရိုးရာ အတာ နှစ်သစ် မှစ၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် မြန်မာန...
13/04/2025

💦 မြန်မာ့ရိုးရာ အတာသင်္ကြန် နှစ်သစ်ဆုတောင်း....

💦 မြန်မာ့ ရိုးရာ အတာ နှစ်သစ် မှစ၍ ကောင်းခြင်းမင်္ဂလာ အဖြာဖြာဖြင့် မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားများအားလုံး ကိုယ် စိတ် နှလုံး ကျန်းမာရွင်လန်းကြပါစေခင်ဗျာ....

နှစ်ဟောင်းက အဆိုးများ ကျန်ရစ်ခဲ့ပြီး နှစ်သစ်မှာ အခက်အခဲ အကြပ်အတည်းများ အားလုံးမှ လွင်းကင်းပြီး ရောဂါဘယ ကပ်ဆိုးများ ကင်းဝေး၍ ကောင်းကျိုး လိုအင်ဆန္ဒများအမြန်ဆုံးပြည့်ဝကြပါစေလို့
" Myanmar Hemophilia Patient Association (MHPA) " မှ နှစ်သစ်ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ... 💦

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးအန္တရာယ် နှင့် ပတ်သက်ပြီး သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြား...
10/04/2025

ယခုလက်ရှိတွင် ဖြစ်ပွားခဲ့သော ငလျင်သဘာ၀ဘေးအန္တရာယ် နှင့် ပတ်သက်ပြီး သွေးမတိတ်ရောဂါလူနာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် အခြားသောကျန်းမာရေးလိုအပ်ချက်များကို ကူညီဆောင်ရွက်နိုင်ရေးအတွက် MHPA-Emergency Task Force အဖွဲ့ ဆရာမ ဒေါက်တာခိုင်ရွှေစင်နွယ် နှင့် ​စလင်း ပရဟိတ အသင်းဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်၍ ငလျင်လှုပ်ခတ်မှုပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မြို့နယ်များရှိ အခက်ခဲများစွာကြုံတွေ့ခဲ့ရသော သွေးမတိတ်ရောဂါလူနာများထံသို့ အရေးပေါ် ထိခိုက်ဒဏ်ရာရရှိမှုများ နှင့် အခြား​သော ကျန်းမာရေး အခြေအနေလိုအပ်ချက်များအတွက် ဆောင်ရွက်ရမည့် အချက်များ ကို လမ်းညွှန်ပြီး Medicine & Medical Support များကို မြေပြင်အထိ သွား​ရောက်၍ ဆေးကုသ ဆောင်ရွက်ခဲ့ပါသည်။
သို့ရာတွင် အချို့သောဒေသများတွင် ရှိသော ​သွေးမတိတ်ရောဂါလူနာများ နှင့် မိဘ ဆွေမျိုးများအနေဖြင့်လည်း မိမိအနီးတွင်ရှိသောအဆက်အသွယ်ရရှိသောသွေးမတိတ်ရောဂါလူနာများအား ဘေးအန္တရာယ်ကင်းရှင်းကြောင်း (သို့မဟုတ်) ထိခိုက်ဒဏ်ရာ ရရှိထားပါက MHPA-Emergency Taskforce မှ သိရှိပြီး ကူညီဆောင်ရွက်နိုင်စေရန် မိမိအသိများအား ဆက်သွယ်ကာ Taskforce Hotline နံပါတ်အား ဆက်သွယ်ပြီး မိမိအခြေအနေအား အကြောင်းကြားရန် (သို့မဟုတ်) မိမိတို့တွင်ရှိသော ဖုန်းနံပါတ်များကို Taskforce အဖွဲ့အား ပေးပို့ ခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်စေလိုပါတယ်။
အရေးပေါ်ထိခိုက်ဒဏ်ရာရှိမှု နှင့် အရေးအပေါ်အခြေအနေများအတွက် Emergency Medical Support ကိုရရှိနိုင်ဖို့ MHPA-Emergency Task Force Hotline no ကိုဆက်သွယ်၍သော်လည်းကောင်း၊ Messengerနှင့် Viber မှသော်လည်းကောင်း ဆက်သွယ်နိုင်ပါသည်။
Hotline : 09 665 453 753
: 09 964 595 325
: 09 794 941 622


-Emergency Task Force

Address

No. 10, Pinlon Housing (1), Shukhinthar Road, 27 Ward, North Dagon Township
Yangon
11421

Telephone

+959444699808

Website

Alerts

Be the first to know and let us send you an email when Myanmar Haemophilia Patient Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Myanmar Haemophilia Patient Association:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram