01/01/2025
ကိုယ်ဝန်ဖျက်ဆေး ရဲ့ Side Effects ဘာတွေရှိလဲ❓
အရမ်းမေးကြတဲ့ မေးခွန်းလေးမို့ ဖြေပေးလိုက်ပါတယ်။
ကိုယ်ဝန်ဖျက်ဆေးကြောင့် သေချာပေါက် ခံစားရမယ့် ဖြစ်ရပ် ၂ ခုရှိပါတယ်
ပထမတစ်မျိုးဟာ ကိုယ်ဝန်ပျက်ပြီး သွေးဆင်းခါနီး သားအိမ်ကြွက်သားတွေရဲ့ ကျုံ့ခြင်း၊ ဆန့်ခြင်းဖြစ်စဉ်ကြောင့် ဆီးစပ်တဝိုက် နာကျင်ကိုက်ခဲတာပါ
(ဒါဟာပုံမှန် ရာသီလာစဉ် ကိုက်ခဲတာထက်တော့ အနည်းငယ်ပိုပါလိမ့်မယ်.. ကိုယ်ဝန်ပျက်တာမို့လို့ပါ)
ဒုတိယတမျိုးကတော့ ကိုယ်ဝန်စပျက်တဲ့နေ့ကနေစပြီး သွေးဆင်းတာကအနည်းဆုံး တပတ်ကနေ အများဆုံး ၂ ပတ်အထိဆက်ပြီးဆင်းနေမှာဖြစ်ပါတယ်။
(အမျိုးသမီး တယောက်နဲ့ တယောက်တုံ့ပြန်ပုံတွေ မတူတာကြောင့် ကိုယ်ဝန်ပျက်ပြီးနောက် သွေးဘယ်နှရက်ထိ ဆင်းမှာလဲဆိုတာ အတိအကျပြောပေးဖို့ အရမ်းခက်ပါတယ်)
သေချာပေါက် ဒီ ၂ မျိုးကို ခံစားရပါမယ်နော်
👉 တခြားလက္ခဏာတွေဆိုရင်တော့
- ခေါင်းမူးတာ
- အန်တာ
- နုံးတာ
- ခါးနာတာ
- အစားအသောက်ပျက်တာ
- မအီမသာဖြစ်တာ
ကိုယ်ဝန်စပျက်တဲ့နေ့ သွေးဆင်းနေစဉ် ကိုယ်အပူချိန်တက်တာ, ဝမ်းသွားတာ ဖြစ်တတ်ပါတယ်။
(ဒါတွေဟာစိုးရိမ်စရာ လက္ခဏာတွေ မဟုတ်ပါဘူး။ ကိုယ်ဝန်ကို ဆေးသုံးဖျက်နေစဉ် ကြုံရတတ်တဲ့ လက္ခဏာလေးတွေဖြစ်ပါတယ်။ လုံးဝစိတ်ပူရန်မလိုပါ)
(လူတိုင်းခံစားရမယ်လို့လဲ မဆိုလိုပါရှင်
ဖြစ်တတ်သော လက္ခဏာများသာ ဖြစ်ပါတယ်)
#ကိုယ်ဝန်ပျက်
#ကိုယ်ဝန်ဖျက်
#ကိုယ်ဝန်ပျက်ဆေး
#ကိုယ်ဝန်ဖျက်ဆေး
#ကိုယ်ဝန်ဖျက်ရန်ဆေး
#ကိုယ်ဝန်ဖျက်နည်း
#ကိုယ်ဝန်ပျက်နည်း
#ကိုယ်ဝန်ပျက်စေသောဆေး
#ကိုယ်ဝန်ပျက်ကျဆေး