Tarot By May Myat Phyu Sin

Tarot By May Myat Phyu Sin Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tarot By May Myat Phyu Sin, Astrologist & Psychic, Yangon.
(1)

🔮 Tarot Reader & Fortune Teller 🔮
🌟တား​ရော့ပညာဖြင့် ကံကြမ္မာ ဖတ်ကြား​ပေးခြင်း🌟
⏰ ​ဟောခန်းဖွင့်ချိန် - မနက် ၁၀ နာရီ မှ ည​နေ ၅ နာရီ ☎️Booking Hotline: 09974797947
🍀 ​​ဟောခန်းလိပ်စာ - အမှတ် (၈)၊ ရတနာပုံ ၄ လမ်း၊ သာ​ကေတ ၉ ရပ်ကွက် ၊ သာ​ကေတမြို့နယ်🍀

စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ သောကြာသမီးလေး အဓိဌာန်အောင်မြင်ခြင်းအတွက် အမေဘောဂဝတီမယ်တော်ကြီးအတွက် ကျောက်စိမ်းဆွဲကြိုး၊ က...
29/03/2026

စင်္ကာပူနိုင်ငံမှာ နေထိုင်တဲ့ သောကြာသမီးလေး အဓိဌာန်အောင်မြင်ခြင်းအတွက် အမေဘောဂဝတီမယ်တော်ကြီးအတွက် ကျောက်စိမ်းဆွဲကြိုး
၊ ကျောက်စိမ်း လော့ကတ် ၊ ပုဝါ ၊ အဓိဌာန်အောင်ပွဲ
၊ နဂါးစာနဲ့ ဆရာမကြိုက်တာလှူဒါန်းနိုင်ရန် “၁၁ သိန်း” တိတိ လှူဒါန်းပေးသွားပါတယ်

ဆရာမနဲ့အတူ ယုံယုံကြည်ကြည်နဲ့ အဓိဌာန်ခဲ့တဲ့အတိုင်း အောင်မြင်ခဲ့လို့ သမီးလေးအတွက်လည်း အတိုင်းမသိဝမ်းသာကြည်နူးမိပါတယ်။ ယခုထက်ပိုပြီးလည်း အလုပ်အကိုင်နဲ့ စီးပွါးရေးတွေ အောင်မြင်တိုးတက်ပါစေလို့ ဆရာမက ဆုတောင်းပေးလိုက်ပါတယ်သမီးရေ 🫶

#အဓိဌာန် #အောင်ပွဲ #ဘောဂဝတီ

🗓️(၁၁.၃.၂၀၂၆) မှ (၁၇.၃.၂၀၂၆) ထိ တက္ကသိုလ်စာမေးပွဲဖြေဆိုကြမယ့် ကလေးများအတွက် ပညာရေ: ကံကြမ္မာနှင့် လုပ်ဆောင်ရမည့် ယတြာများ...
10/03/2026

🗓️(၁၁.၃.၂၀၂၆) မှ (၁၇.၃.၂၀၂၆) ထိ တက္ကသိုလ်စာမေးပွဲဖြေဆိုကြမယ့် ကလေးများအတွက် ပညာရေ: ကံကြမ္မာနှင့် လုပ်ဆောင်ရမည့် ယတြာများ 🍀

🍀(၁၁.၃.၂၀၂၆ )− စာမေးပွဲကံကောင်းမွန်နေပြီး သူငယ်ချင်းများ၏ အကူအညီဖြင့် အခက်အခဲမရှိ ဖြေဆိုနိုင်ပါမည်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားရှင်အား သောက်တော်ရေ (၂) ခွက်ကပ်လှူ၍ စာမေးပွဲအောင် ဂါထာ (၂) ခေါက်ရွတ်ဖတ်ပူဇော်ပါ။

✨ကျောင်းသူ/သားများအနေဖြင့် စာမေးပွဲခန်းထဲရောက်လျှင် ဘောပင်ကို လက်ထဲကိုင်ပြီး
“ငါအောင်မြင်မည် “ဟု ( ၂) ကြိမ်ပြောပါ။

🍀(၁၂.၃.၂၀၂၆ )− စာမေးပွဲဖြေဆိုတဲ့နေ့မှာ စိတ်ရှုပ်စရာလေးတွေကြုံရနိုင်ပြီး မထင်မှတ်ထားတဲ့ မေးခွန်းလေးတွေ ကြုံရတတ်လို့ စိတ်ကိုတည်တည်ငြိမ်ငြိမ်ထားပြီး ဖြေဆိုရပါမည်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားရှင်အား သားသတ်လွတ်ဆွမ်းကပ်လှူ၍ စာမေးပွဲအောင် ဂါထာကို (၁၂) ခေါက်ရွတ်ဖတ်ပူဇော်ပါ။

“ စာမေးပွဲအောင် ဂါထာ”

ဒေဝါနံ နန္ဒနော ဒေဝေါ၊ ဒေဝ ဒေဝေန နန္ဒိနော။
ဝေဒ ဒိနေန ဝေဒေန၊ ဝေဒိ ဝေဒေန ဝေဒိနော။

✨ကျောင်းသား/သူများအနေဖြင့် စာမေးပွဲခန်းထဲ ရောက်လျှင် ဘောပင်ကိုကိုင်၍ လောကဝိဒူဟု (၁၂) ခေါက်ရွတ်ဖတ်ပါ။

🍀(၁၃.၃.၂၀၂၆)− ဒီနေ့အတွက် စိတ်ပူနေရပေမယ့် မိမိရဲ့ ကြိုးစားအားထုတ်မှု့တွေကြောင့် စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ပါလိမ့်မယ်။ မေးခွန်းကို သေချာဖတ်ပြီး ပုစ္ဆာတွေ အဖြေညှိုတဲ့အခါ (၂) ကြိမ် ၊ (၂) ခါ ပြန်စစ်ဖို့ အကြံပေးချင်ပါတယ်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားရှင်အား ပန်းအဝါရောင် (၁၄) ပွင့် ၊ နွားနို့ ကပ်လှူ၍ စာမေးပွဲအောင်ဂါထာ (၄) ခေါက်ရွတ်ဖတ်ပူဇော်ပါ။

✨ကျောင်းသား/ကျောင်းသူများအနေဖြင့် စာမေးပွဲခန်းထဲရောက်လျှင် အဖြေလွှာစာရွက်ကို ကိုင်၍ ဗုဒ္ဓ သရဏံ ဂစ္ဆာမိ (၁၄) ခေါက် ရွတ်ဖတ်ပါ။

🍀(၁၄.၃.၂၀၂၆) − ဒီနေ့မှာတော့ ကိုယ်တိုင်ရော၊ သူငယ်ချင်းတွေအားလုံးရော ကံကောင်းမှုတွေ အောင်မြင်မှု့တွေ ရရှိမယ့်နေ့လေး ဖြစ်ပါတယ်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားရှင်အား အရောင်အသွေးစုံလင်သော ပန်း(၁၀) ပွင့် ကပ်လှူပါ။ စာမေးပွဲအောင်ဂါထာ (၁၀ ) ကြိမ် ရွတ်ဖတ်ပါ။

✨ကျောင်းသား/ ကျောင်းသူများအနေဖြင့် စာမေးပွဲအခန်းထဲရောက်သောအခါ အဖြေလွှာစာရွက်ကို ကိုင်၍ မိမိ၏ မိဘနှစ်ပါးအား စိတ်မှ သေချာမှန်း၍ ကန်တော့ပါ။

🍀(၁၆.၃.၂၀၂၆)− ဒီနေ့မှာတော့ မေးခွန်းမြင်လိုက်တာနဲ့ အရမ်းစိုးရိမ်သွားရတတ်ပြီး အခက်အခဲတွေ ရှိတတ်ပါတယ်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားအား သပြေညွှန် (၁၀) ညွန့် ကပ်လှူ၍ စာမေးပွဲအောင်ဂါထာ (၁၁) ခေါက် ရွတ်ဖတ်ပူဇော်ပါ။

✨ကျောင်းသား/သူများအနေဖြင့် စာမေးပွဲခန်းထဲရောက်သောအခါ ဉာဏ်ပညာပွင့်လင်း၍ စာမေးပွဲအောင်မြင်ပါစေဟု (၁၀) ကြိမ်ရွတ်ပါ။

🍀(၁၇.၃.၂၀၂၆) − ဒီနေ့မှာတော့ စာမေးပွဲမှာ အပုဒ်မှားဖြေတာ ၊ မေးခွန်းနဲ့အဖြေနဲ့ မကိုက်ညီတာလေးတွေဖြစ်တတ်လို့ အာရုံစိုက်ပြီး သေချာပြန်စစ်ဖို့ လိုအပ်ပါတယ်။

♦️Tarot လမ်းညွှန်ချက် ။ ။ မြတ်စွာဘုရားအား အချိုရည် (၃) ခွက် ၊ ပန်းအဖြူရောင် (၈) ပွင့် ကပ်လှူ၍ စာမေးပွဲအောင် ဂါထာ (၈) ကြိမ် ရွတ်ဖတ်ပါ။

✨ကျောင်းသား/သူများအနေဖြင့် စာမေးပွဲအခန်းထဲရောက်သောအခါ ဘောပင်ကို လက်ထဲကိုင်ပြီး မိမိ၏ ကိုယ်စောင့်နတ်နှင့်အစောင့်အရှောက်များကို မေတ္တာပို့ပါ။

သားတို့ သမီးတို့အားလုံး ကြိုးစားထားသမျှ အောင်မြင်မှု့ ဖြစ်ကြပါစေလို့ ဆရာမမေမြတ်ဖြူစင်က ဆုတောင်းပေးလိုက်ပါတယ် 💕

✨  𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 7 March 2026 ✨🌿🧚 ဒီ post လေးကို မြင်တဲ့အချိန်ကစပြီး🙏 သင်၏ စိတ်နှလုံး ငြိမ်းချမ်းပါစေ🧚🙏 စိတ်နဲ့...
07/03/2026

✨ 𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 7 March 2026 ✨

🌿🧚 ဒီ post လေးကို မြင်တဲ့အချိန်ကစပြီး

🙏 သင်၏ စိတ်နှလုံး ငြိမ်းချမ်းပါစေ🧚
🙏 စိတ်နဲ့ခန္ဓာ ကျန်းမာပါစေ🧚
🙏 စိတ်ပူပန်မှုများ လျော့နည်းသွားပါစေ🧚
🙏 မကောင်းသော စွမ်းအင်များ ထွက်ခွာသွားပါစေ🧚
🙏 ကျန်းမာခြင်း၊ အေးချမ်းခြင်းနှင့် အားအင်အသစ်များ ရရှိပါစေ🧚

ဒီနေ့မှစပြီးကျန်းမာရေးကံကောင်းစေဖို့အတွက်

✨💛မိမိနေအိမ်ဘုရားကျောင်းဆောင်မှာထီးအဖြူရောင် ၃ လက်၊အချို‌ရည် ၃ ခွက်ကပ်လှူပါ ✨💛

✨💛ဇီဝိတဒါနကုသိုလ်လေးတွေမိမိနိုင်သလောက်ပြုပေးပါ ✨💛

💛✨အစိမ်းရောင်ရှိတဲ့အသုံးအဆောင်လေးတွေအသုံးပြုပေးပါ💛✨

💖May your hearts be filled with joy, your days with peace, and your lives with endless blessings. 💖




✨  𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 5 March 2026 ✨💥🎁ချမ်းသာကြွယ်ဝမှု၊ တည်ငြိမ်မှုနှင့် ကံကောင်းခြင်း တွေသင့်အတွက် ယူ‌လာပါပြီ။💥🎁   ...
05/03/2026

✨ 𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 5 March 2026 ✨

💥🎁ချမ်းသာကြွယ်ဝမှု၊ တည်ငြိမ်မှုနှင့် ကံကောင်းခြင်း တွေသင့်အတွက် ယူ‌လာပါပြီ။💥🎁

ဒီ​နေ့​လေးမှာ‌ ငွေ‌‌ကံ​ကောင်း​စေဖို့အတွက်​

✨💛 ဘုရားကျောင်းဆောင်မှာ အဝါရောင် ပန်း ၃ ပွင့် ၊ အမွှေးတိုင် ၃ တိုင် ကပ်လှူပူဇော်ပါ။ ✨💛

✨💛 ၃၀၀ ၊ ၃၀၀၀ စတဲ့ ငွေကြေးအလှူလေးတွေ ပြုပေးပါ။✨💛

💖May your hearts be filled with joy, your days with peace, and your lives with endless blessings. 💖

🏵ထီကံကောင်းစေသော ဂဏန်းများ 5/3🏵


✨💥ဒီ post လေးကို မြင်လိုက်တဲ့သူတွေထဲမှာ ဒီရက်ပိုင်းငါးလေးတွေအိမ်မက်မက်‌‌နေတယ်ဆိုရင် ဒီပုံလေးကိုကံကောင်းစေဖို့ ဆောင်ထားနိ...
04/03/2026

✨💥ဒီ post လေးကို မြင်လိုက်တဲ့သူတွေထဲမှာ ဒီရက်ပိုင်းငါးလေးတွေအိမ်မက်မက်‌‌နေတယ်ဆိုရင် ဒီပုံလေးကိုကံကောင်းစေဖို့ ဆောင်ထားနိုင်ပါတယ်💥

🐬🐬 ✨၅ ဂဏန်း ထီကံစမ်းမဲ့သူတွေအနေနဲ့ကံကောင်းမှုလေးတွေ ကြုံရပါလိမ့်မယ်🐬🐬✨


✨  𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 4 March 2026 ✨           ဒီ​နေ့​လေးမှာ‌ ငွေ‌‌ကံ​ကောင်း​စေဖို့အတွက်​✨💛 မယ်သီလရှင် ၃ ပါးကို ဆွမ်...
04/03/2026

✨ 𝕋𝕒𝕣𝕠𝕥 𝔻𝕒𝕚𝕝𝕪 𝔾𝕦𝕚𝕕𝕒𝕟𝕔𝕖 – 4 March 2026 ✨

ဒီ​နေ့​လေးမှာ‌ ငွေ‌‌ကံ​ကောင်း​စေဖို့အတွက်​

✨💛 မယ်သီလရှင် ၃ ပါးကို ဆွမ်းဆန်စိမ်း လှူဒါန်းပါ။✨💛

✨💛 ၅၀၀ ၊ ၅၀၀၀ စတဲ့ ငွေကြေးအလှူလေးတွေ ပြုပေးပါ။✨💛

✨ငါးလွှတ်တဲ့ကုသိုလ်ပြုပေးပါ။✨

💖May your hearts be filled with joy, your days with peace, and your lives with endless blessings. 💖

🏵ထီကံကောင်းစေသော ဂဏန်းများ 5/2🏵


22/02/2026

မကောင်းတဲ့ အောက်လမ်းအတိုက်အခိုက်တွေဖယ်ရှားနည်းလေးကို ဆရာမမေမြတ်ဖြူစင်က ပြောပြထားပေးပါတယ်။

19/02/2026

မဟာရတနာဒီပံအလင်းတိုင် ပူဇော်နည်းလေးကို မသိသေးသူတွေအတွက် ဆရာမ မေမြတ်ဖြူစင်က ပြောပြပေးထားပါတယ်ရှင်

18/02/2026

ဒီ video ကို ကြည့်မိတဲ့သူတွေထဲမှာ “အချစ်ရေးနဲ့ ပက်သက်ပြီး ဝေခွဲမရဖြစ်နေကြသူ” တွေပါနေမယ်ဆိုရင်တော့ အချစ်ရေး tarot reading လေးကို အဆုံးထိနားထောင်ကြည့်ပေးသွားပါ #အချစ်ရေး

(၁၅) ရက်နေ့ ညနေပိုင်း မုန့်ဟင်းခါး စတုဒီသာအလှူလေးမှာ ကြွရောက်လာကြတဲ့ ဆရာဟိန်းလတ်နှင့်တကွ ချစ်ခင်ရတဲ့ မိတ်ဆွေများ ၊ (၇) ရ...
17/02/2026

(၁၅) ရက်နေ့ ညနေပိုင်း မုန့်ဟင်းခါး စတုဒီသာအလှူလေးမှာ ကြွရောက်လာကြတဲ့ ဆရာဟိန်းလတ်နှင့်တကွ ချစ်ခင်ရတဲ့ မိတ်ဆွေများ ၊ (၇) ရက်သားသမီးများ အားလုံးတို့ကို အထူးကျေးဇူးတင်ရှိပါတယ်ရှင် ✨

အခုထက်ပိုမိုလှူနိုင်တန်းနိုင်အောင်လည်း အမြဲကြိုးစားနေပါတယ် 🙏🙏🙏

ချစ်ခင်စွာဖြင့်
ဆရာမ မေမြတ်ဖြူစင် 🌸

15/02/2026

Chinese New Year ကာလကို ရောက်တော့မှာဖြစ်လို့ 2026 အတွက် Chinese Zodiac Sign ဟောကိန်း နဲ့ သဘောသဘာဝတွေ အကြောင်းကိုပြောပြပေးထားပါတယ်။

𝟏𝟓 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 နေ့လေးမှာ ဆရာမရဲ့ တားရော့ဟောခန်းမှာ (၇) ရက်သားသမီးတွေအားလုံးအတွက် မုန့်ဟင်းခါးအချိန် (၅၀) စတုဒီသာအလှူလေးပြုလ...
14/02/2026

𝟏𝟓 𝐅𝐞𝐛𝐫𝐮𝐚𝐫𝐲 နေ့လေးမှာ ဆရာမရဲ့ တားရော့ဟောခန်းမှာ (၇) ရက်သားသမီးတွေအားလုံးအတွက် မုန့်ဟင်းခါးအချိန် (၅၀) စတုဒီသာအလှူလေးပြုလုပ်မှာဖြစ်လို့ ရပ်ဝေး ၊ ရပ်နီးမှ မိတ်ဆွေတွေအားလုံးကို ကြွရောက် သုံးဆောင်ကြဖို့ ဖိတ်ခေါ်ပါတယ်ရှင့်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Tarot By May Myat Phyu Sin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram